အလွန်ဇာတ်ဆန်လွန်းသော
Vol. 4 Ch. 101
စုရွှေလျန်အိပ်ပျော်နေသည်မှာ နှစ်ရက်နှင့်တစ်ည ကြာမြင့်ခဲ့သည်။ လုံရှီရွှယ်နှင့် အိုးရန်ရွှမ်တို့သည် သူမ၏သွေးခုန်နှုန်းကို ပုံမှန်စစ်ဆေးရန် အလှည့်ကျစစ်ဆေးပြီး သူမ နေကောင်းကြောင်းကို အလေးပေးကာ မောပန်းလွန်းသဖြင့် နှစ်နှစ်ခြိုက်ခြိုက်အိပ်ရန် လိုအပ်သည်ဟုပြောသော်လည်း လင်းစစ်ယောင်မှာ ထိတ်လန့်နေဆဲဖြစ်သည်။ သူမ အိပ်ပြီး ဘယ်တော့မှပြန်မနိုးလာတော့မှာကို သူကြောက်နေမိသည်။ စစ်ရှန်းနှင့် စစ်ထိုက သူ့ကို ထမင်းစားခန်းသို့ ဆွဲခေါ်သွားသည့်အခါ တစ်နေ့လျှင် သုံးနပ်မှလွဲ၍ စုရွှေလျန်၏ အိပ်ရာထဲတွင် သူ့အချိန်အားလုံးကို ကုန်ဆုံးခဲ့ရသည်။
စုရွှေလျန် ဝေဒနာကိုစတင်ခံစားရပြီး နှစ်နာရီအကြာတွင် ကျင်းဝမ်ရယ် နှင့် သူ၏ ဝမ်ဖေးဖုန့်ချိုက်ယွင် တို့ရောက်ရှိလာခဲ့သည်။ သူတို့သည် ချင်းလန် မွေးခန်းမှခေါ်ဆောင်လာခဲ့သည့် အဖိုးတန်နဂါးဖီးနစ်အမွှာများကို ပထမဆုံး ကိုင်ဆောင်ထားသူများဖြစ်သည်။ အကြောင်းမှာ နဂါးဖီးနစ်အမွှာများ၏ ဖခင်သည် ၎င်းတို့အား စိတ်မ၀င်စားဘဲ အခန်းတွင်းရှိ သူ့ဇနီးကိုသာ အာရုံစိုက်ထားသောကြောင့် ဖြစ်သည်။ လျန်ရွှမ်ကျင်း (ဝမ်ရယ်) နှင့် သူ၏ဇနီး ဖုန့်ချိုက်ယွင်တို့သည် အပြုံးချင်းဖလှယ်လိုက်ကြသည်။ ဤသားမက်မျိုးကို ဘယ်လိုမှ မကျေနပ်ဘဲမနေနိုင်ကြပေ။ အလွန်ကောင်းမွန်သောအသွင်အပြင်နှင့် ရွှေလျန်ထက်ပင်ပိုကောင်းခဲ့သည်။ လူမှုအဆင့်အတန်းဘယ်လိုပဲရှိရှိ ဂရုစိုက်တတ်သော အိမ်ထောင်ဖက်ဆိုတာ အမျိုးသမီးတိုင်း လိုချင်တောင့်တသည့် အိမ်ထောင်ဖက်မျိုး မဟုတ်ဘူးလား။ ထို့ကြောင့် သူတို့၏စိတ်ထဲတွင် စွဲမြဲနေခဲ့သော စိုးရိမ်ပူပန်မှုများကို ဖယ်ရှားပစ်လိုက်သည်။ နောက်ဆုံးတွင် သူတို့၏ စိတ်နှလုံးများကို သက်သာရာရစေခဲ့သည်။
(သားလေးတစ်ယောက်နှင့် မိန်းကလေးတစ်ယောက် အမွှာဖြစ်သည်)
ကံကောင်းစွာဖြင့် အလုပ်မစမီ လျန်မော့မော့သည် မြို့မှ သူနာပြုများကို တွေ့ရှိခဲ့သည်။ စုရွှေလျန်သည် သူတို့၏ သခင်မလေးနှင့် သခင်ငယ်လေးကို ဖွားမြင်သောအခါ သူမသည် ၎င်းတို့ကို ခေါ်ဆောင်ရန် အစောင့်များကို မြို့သို့ စေလွှတ်ခဲ့သည်။ မဟုတ်ပါက ကုရယ် သည် ၎င်းတို့၏သခင်မလေးကို အာရုံစူးစိုက်ထားသဖြင့် မွေးကင်းစ နဂါး-ဖီးနစ်အမွှာများသည် မိခင်ဖြစ်သူ ပင်ပန်းပြီး အိပ်ပျော်နေသော်ကြောင့် နို့ငတ်နေလိမ့်မည်ဖြစ်သည် ။လျန်မော့မော့နှင့် ချွမ်းလန်တို့သည် အကြည့်ချင်းဖလှယ်လိုက်ကြသည်။ ကံကောင်းထောက်မစွာ သူတို့သည် သခင်မလေးအား လာရောက်အစေခံရန် ဝမ်ရယ်နှင့် ဝမ်ဖေး၏ အမိန့်ကို လိုက်နာခဲ့သည်။ ထိုသို့မှမဟုတ်လျှင် ဤအိမ်ကြီးသည် ဘယ်လောက်ထိ ရှုပ်ပွနေမည်ဆိုတာ တွေးကြည့်လို့ပင်မရပေ။
စုရွှေလျန် နိုးလာသောအခါ အပြင်ဘက်တွင် အလွန်မှောင်နေ၏။ ရန်ရှီ (၃-၅)နာရီပင် မရောက်သေးသောကြောင့် ဖြစ်နိုင်ပါသည်။ သူမ ခန္ဓာကိုယ်ကို ပျင်းရိစွာ ဆန့်ထုတ်လိုက်သည်။ နောက်ဆုံးတွင် မောပန်းနွမ်းနယ်မှု ပျောက်ကွယ်သွားပြီး သက်တောင့်သက်သာနှင့် လန်းဆန်းလာခဲ့သည်။
သူမ၏ ဆန့်တန်းထားသော လက်များက နွေးထွေးသော အရာဝတ္ထုတစ်ခုကို ထိမိသွားသည်။ သူမ အံ့သြသွားပြီး လှည့်ကြည့်လိုက်သည်။ လင်းစစ်ယောင်သည် သူမ၏ ကုတင်ဘေးတွင် အိပ်ပျော်နေသည်။ သူ့ကို ထိလိုက်မိသည်နှင့် သူနိုးလာခဲ့သည်။ ခေါင်းကို မော့ကြည့်လိုက်သောအခါ သူမ၏ပြုံးနေသော မျက်နှာလေးကို မြင်လိုက်ရသောကြောင့် လင်းစစ်ယောင်က သူမ၏ လက်သေးသေးလေးကို သူ့မျက်နှာပေါ် ဆွဲတင်လိုက်ပြီး "မင်း နိုးလာပြီလား။ ဘယ်လိုခံစားနေရလဲ"
“ကျွန်မ အဆင်ပြေပါတယ်။ ” စုရွှေလျန်သည် မုတ်ဆိတ်များစွာရှိသည့် သူ၏မေးစေ့ကို ညင်သာစွာ ပွတ်သပ်လိုက်ပြီး သွေးရောင်သန်းနေသော မျက်လုံးများကို ကြည့်လိုက်သည်။ သူမ နှလုံးသားထဲတွင် နာကျင်မှုကို ခံစားလိုက်ရသည်။ "ဘာလို့ အိပ်ခန်းထဲမှာ မအိပ်တာလဲ"
“ဘယ်မှာပဲအိပ်အိပ် အတူတူပါပဲ။ "သူမ၏ ဂရုပြုသောစကားများကို နှစ်သက်ခဲ့သည်။
စုရွှေလျန်အား ကုတင်ခေါင်းရင်းတွင် တည့်တည့်ထိုင်ရန် ဂရုတစိုက်ကူညီပေးခဲ့သည်။ "ဗိုက်ဆာနေလား စားစရာတစ်ခုခုသွားယူပေးမယ်။ ”
“နည်းနည်းတော့ ဗိုက်ဆာတယ် ကလေးတွေရော ဘယ်မှာလဲ" သူပြောတာကို နားထောင်ရင်း စုရွှေလျန်က ရုတ်တရက် ဗိုက်မှအော်မြည်သံကို ကြားလိုက်ရသည်။ သူမ မတတ်နိုင်ဘဲ ရှက်ရွံ့စွာ ဝန်ခံလိုက်သည်။ လှည့်ကြည့်လိုက်သောအခါ မွေးဖွားရန် ကြိုးစားအားထုတ်ထားရသည့် အမြွှာများကို မတွေ့လိုက်ရလို့ အံ့သြသွားခဲ့သည်။ တအံ့တသြဖြင့် သူမအခန်းထဲကို လှည့်ကြည့်လိုက်သောအခါ ဤအခန်းထဲတွင် ထားခဲ့သည့် ကုတင်သေးသေးလေးနှစ်လုံးမှာ မရှိတော့ချေ။
"ရွှေလျန်၊ မင်းရဲ့မိဘတွေ... ငါဆိုလိုတာက ကျင်းစံအိမ်က ဝမ်ရယ်နဲ့ ဝမ်ဖေး ရောက်လာတယ်။ သူတို့ ကလေးတွေကို ပြုစုစောင့်ရှောက်နေကြတယ်။ ” လင်းစစ်ယောင်သည် သူမ၏ မျက်လုံးများကို နက်နက်နဲနဲ ကြည့်လိုက်သည်။ သူမကို မသိခင်က သူသည် နူးညံ့သိမ်မွေ့ပြီး ချောမောလှပသော အမျိုးသမီးနှင့် လက်ထပ်ရမည်ဟု တစ်ခါမှ မတွေးခဲ့မိပေ။ ထို့ထက်ကား သူမသည် တော်ဝင်မြို့မှ မြင့်မြတ်သော သမီးတော်ဖြစ်နေသည်။
ကျင်းဝမ်ရယ်နှင့် ဝမ်ဖေးသည် မြင်းလှည်းပေါ်မှဆင်းကာ သူ့ကို သေချာအကဲဖြတ်သောအခါတွင် သူ၏သွေးစွန်းနေသောအတိတ်ကြောင့် မထင်မှတ်ဘဲ မငြိမ်မသက်ဖြစ်ပြီး စိုးရိမ်ပူပန်နေခဲ့သည်။ သူတို့သမီးကို ပြန်ယူသွားမှာကို ကြောက်နေမိပြီး လုပ်ကြံသတ်ဖြတ်ခဲ့ဖူးသည့် ဤသားမက်ကို လက်မခံမှာကို စိုးရိမ်နေမိသည်။
လူတွေက သူ့ကို ဘယ်လိုကြည့်ကြမလဲ သို့မဟုတ် ရွှေလျန် နောက်ကွယ်မှ ချမ်းသာသည့် မိသားစုရာထူးကို သူ ဂရုမစိုက်ခဲ့ပါ။။ အဘယ်ကြောင့်ဆိုသော် ၎င်းတို့သည် သူလိုချင်သည့်အရာ သို့မဟုတ် သူလိုချင်သောအရာမဟုတ်သောကြောင့်ဖြစ်သည်။ ဤမိန်းကလေးကိုသာ သူလိုချင်ခဲ့တာဖြစ်သည်။ သူမမိဘများက သူ့ကို လက်မခံခဲ့လျှင် ဤအိမ်ထောင်ရေးကို ခွဲခွာရန် တတ်နိုင်သမျှ နည်းလမ်းပေါင်းစုံကို ကျင့်သုံးခဲ့မည်ဆိုလျှင်... သူမနှင့်အတူ ကမ္ဘာဆုံးသည့်အထိ ထွက်ပြေးရလိမ့်မည်။ သို့သော် သူနှင့်သူမ၏မိဘများကြားရှိ သွေးရင်းသားရင်းနှောင်ကြိုးကို သူ မတားဆီးနိုင်ခဲ့ပေ။
ကံကောင်းထောက်မစွာ သူ့မမိဘယောက္ခမသည် သူထင်သည့်အတိုင်း မဖြစ်ခဲ့ပေ။ မြင်မြင်ချင်း ဝမ်းသာအားရ လက်ခံခဲ့ကြရုံသာမကဘဲ သူတို့ကဲ့သို့စီနီယာများ လုပ်သင့်သော ဆုံးဖြတ်ချက်များအားလုံးကို ကျေပွန်အောင် စွမ်းဆောင်နိုင်ကြသည်။ အိမ်အစေခံများအား ၀ါးဥယျာဥ်ရှိ ယာယီအိပ်ခန်းသို့ ကုတင်ငယ်နှစ်လုံးကို ရွှေ့ခိုင်းထားသောကြောင့် ကလေးများသည် သူတို့နှင့်အတူ တစ်ညအိပ်နိုင်ကြသည်။ ဟုတ်ပါသည်၊ ရာသီဥတုအေးသောကြောင့် မွေးကင်းစကလေးငယ်များကို လေနှင့်မထိတွေ့သင့်သောကြောင့် အရှေ့တောင်ပံတွင်ရှိသော အခန်းမှာပင်နေရန် စီစဉ်ပေးခဲ့သည်။ သူတို့၏ အဘိုးအဘွားများက နေ့ခင်းဘက်တွင် ပြုစုစောင့်ရှောက်ပေးခဲ့ကြသည်။ ထို့ကြောင့် သူသည် သူမဘေးတွင် စူးစိုက်စိုက်ကြည့်နေနိုင်ပြီး သူမနိုးလာစေရန် စောင့်ဆိုင်းနေနိုင်ခဲ့သည်။ "ကျွန်မမိဘတွေလား" စုရွှေလျန် အံ့သြသွားပြီး သူမ၏ လှပသောမျက်ခုံးများမှာ ပင့်တက်လာခဲ့သည်။ "ကျင်းအိမ်ရဲ့ ဝမ်ရယ် နဲ့ ဝမ်ဖေး"
သူမ အိပ်မက်ထဲမှာရှိနေသလား။ ဤသူမ၏လက်ရှိခန္ဓာကိုယ်သည် တရားမ၀င်သောသမီးဖြစ်သည်ဟု ပြောကြသည်မဟုတ်လော။ ပြီးနောက် သူမအမေ၏အောက်မေ့ဖွယ် ကျောက်တိုင်ကို မင်းသားအိမ်တော်၏ ဘိုးဘွားကန်တော့ခန်းတွင် ထားခဲ့ကာ ထွက်ပြေးသွားခဲ့သည်မဟုတ်လား။ သူမသည် ကျင်းစံအိမ်မှ မေ့ထားနိုင်သည့် တရားမ၀င်ကလေးတစ်ဦးမျှသာဖြစ်သည်။ သူမ၏ဖခင်ဖြစ်သူ ဝမ်ရယ်သည် သူမမွေးဖွားနေစဉ်အတွင်း ကိုယ်တိုင်လာရောက်ရန် သူမ မည်သို့ရရှိနိုင်မည်နည်း။
ဝမ်ဖေးသည် သူမအား ကောင်းစွာ ဆက်ဆံရန် အကြောင်းပြချက် အနည်းငယ်ပင် ရှိသေးသည်... ၎င်းသည် ကျင်းစံအိမ် ၏ ဂုဏ်သိက္ခာကို မြှင့်တင်ရန်ဆိုလျှင်တောင် နည်းနည်းများနေသေးတာ မဟုတ်ဘူးလား။ အစေခံကျွန်များကို ဤနေရာသို့ ပို့ရုံသာမက မင်းသားဟောင်းနှင့်လည်း ကိုယ်တိုင်ကိုယ်ကျ လိုက်ပါလာခဲ့သည်။ ခင်ပွန်းသည်က တခြားမိန်းမနှင့် ရထားသောကလေးကို ပြုစုစောင့်ရှောက်ရန် ဘယ်အမျိုးသမီးကမှ စေတနာရှိမှာမဟုတ်ပေ။ စုရွှေလျန်သည် သူမ၏ ပါးပြင်များကို ပွတ်သပ်ကာ ဤအိပ်မက်မှ နိုးထလာရန် ကြိုးစားခဲ့သည်။
လင်းစစ်ယောင် က ပြုံးပြီး သူမလက်ကို ဆွဲလိုက်သည်။ “အများကြီး မတွေးပါနဲ့။ တစ်ခုခုကို အရင်စားသင့်တယ်။ နောက်မှ သူတို့ မင်းကို တိုက်ရိုက်စကားပြောလိမ့်မယ်…” မနေ့က ညစာစားပြီးနောက်တွင် ဝမ်ရယ်က သူ့ကို စာကြည့်ခန်းထဲတွင် စကားပြောရန် ဖိတ်ကြားခဲ့သည်။ တစ်နာရီနီးပါးကြာအောင် စကားပြောခဲ့ပြီး ယခုတော့ ဇာတ်လမ်းတစ်ခုလုံးကို အကြမ်းဖျင်းနားလည်သွားခဲ့ပြီဖြစ်သည်။
စုရွှေလျန်၏အမည်ရင်းမှာ လျန်အန်းရှု ဖြစ်သည်။ သူမသည် ကျင်းဝမ်ရယ်၏အဓိကဇနီး ဝမ်ဖေး၏သွေးသားအရင်းသမီးဖြစ်သည်။ သူမမွေးဖွားစဉ်တွင် ကိုယ်လုပ်တော်၏ မနာလိုမှုကြောင့် သူမကို မင်းသားစံအိမ်မှ ခေါ်ထုတ်ပြီး ပျက်စီးနေပြီဖြစ်သော ရေတွင်းဟောင်းကြီးတစ်ခုထဲသို့ ပစ်ချခဲ့သည်။ ကံကောင်းစွာဖြင့် ဖုန့်ချိုက်ယွင်၏ဝမ်းကွဲ ဖန်ကျင်းသည် သူမကို ကယ်တင်နိုင်ခဲ့သည်။ သို့သော် ဖန်ကျင်းသည် လျန်အန်းရှုကို ကယ်တင်ခဲ့သော်လည်း ကျင်းဝမ်ရယ်အား သူမကို သူ၏ ကိုယ်လုပ်တော်အဖြစ် ယူရန်ပြောလိုက်သည်။ သို့သော် မင်းသားမှာ ငြင်းဆိုလိုက်သောကြောင့် သူမသည် လျန်အန်းရှုနှင့် သူမ၏အိမ်တော်မှ ထွက်ခွာသွားခဲ့သည်။ သူမသည် မင်းသားကျင်း၏အိမ်သို့ ပြန်မသွားခဲ့သလို ဖုန့်ချိုက်ယွင်အား သမီးတော်အကြောင်းကိုလည်း ပြောပြခြင်းမပြုခဲ့ပါ။ ထို့အပြင် အန်းရှု ကြီးပြင်းလာသောအခါတွင် သူမသည် သူမ (ဖန်ကျင်း) နှင့် ကျင်းဝမ်ရယ်တို့၏သမီးဖြစ်ကြောင်း ပုံပြင်တစ်ပုဒ်ရေးခဲ့သည်။ ပြီးနောက် မင်းသား၏အိမ်မှ သူတို့ကို လက်မခံသည့်အတွက် သူတို့ နှစ်ယောက်ကိုပြည်နှင်ဒဏ်ပေးခဲ့ကြောင်းပြောခဲ့သည်။
ဖန်ကျင်းသည် သူမ၏အသိအကျွမ်းမှ သံသယဖြစ်မည်ကို ကြောက်သောကြောင့် ဖန်ကျင်းသည် အန်းရှုအား သူမ၏မိဘများထံသို့ မခေါ်သွားခဲ့ပေ။ သူမသည် ဝေးလံခေါင်သီသောမြို့လေးတွင် ရည်ရွယ်ချက်ရှိရှိ တည်းခိုခဲ့သည်။ သူမသည် အင်ပါယာခရိုင်အတွင်း သူ့ကိုယ်သူ ခြေရာများအားလုံးကို ရှင်းရှင်းလင်းလင်း ရှင်းပစ်ခဲ့သည်။ ထို့ကြောင့် လျန်ရွှမ်ကျင်းသည် ၎င်း၏ ပျောက်ဆုံးနေသော သမီးလေးအား စုံစမ်းစစ်ဆေးရန် သူ့လူများကို စေလွှတ်လိုက်သောအခါ သူသည် ဖန်ကျင်း နှင့် လွဲချော်သွားခဲ့သည်။
အန်းရှု အသက် ဆယ့်သုံးနှစ်အရွယ်တွင် ဖန်ကျင်းသည် တိုက်ဖွိုက်အဖျားတက်ခဲ့သည်။ သူမသည် အချိန်အတော်ကြာ နာမကျန်းဖြစ်နေခြင်းကြောင့် မှန်ကန်သောကုသမှုများ မခံနိုင်ယူဘဲ သေဆုံးသွားခဲ့သည်။ သူမမသေခင်တွင် အန်းရှုအား မင်းသားကျင်းကိုရှာရန် တော်ဝင်မြို့ကိုသွားရန် အကြိမ်ကြိမ် တောင်းဆိုခဲ့သည်။ သူမသည် ဝမ်ရယ်၏သမီးအရင်းဖြစ်ကြောင်း ကလေးမလေးအား ပြောပြခဲ့သည်။ သို့သော်လည်း သူမသည် သူမ၏မိခင်အစစ်မဟုတ်ကြောင်း အန်းရှုအား မပြောခဲ့ပေ။ အန်းရှုက သူမကို မုန်းသွားမှာကို သူမကြောက်နေမိသည်။ ကျင်းဝမ်ရယ်ကို ပေးမည့် စာတစ်စောင်ကို သူမနှင့် ထားခဲ့သည်။ အန်းရှုသည် ကျင်းဝမ်ရယ်နှင့် ဝမ်ဖေးတို့၏သမီးအစစ်အမှန်ဖြစ်ကြောင်း သူမ၏စာတွင် ဖော်ပြထားခဲ့သည်။ သူမသည် ဆယ့်သုံးနှစ်တာကာလအတွင်း တွေ့ကြုံခဲ့ရသည့် အဖြစ်အပျက်များနှင့် သူမ၏ နက်နဲသော နောင်တရမှုများကိုလည်း ပြောပြခဲ့သည်။ သူမ၏ နာကြည်းမှုများဖြင့် မျက်စိမှိတ်မထားခဲ့ဘူးဆိုလျှင် သူ့တွင် ကိုယ်ပိုင်မိသားစု နှင့်သားသမီးများရှိနေမည်ဖြစ်သည်။ သူမသည် မုန်းတီးမှုတွင် လွန်စွာ နစ်မြောနေခဲ့သောကြောင့် သူမအား ပျော့ညံ့သွားစေခဲ့သည်။
ထို့ကြောင့် သူမ၏စာထဲတွင် သူမသည် ကျင်းဝမ်ရယ် နှင့် သူ၏ ဝမ်ဖေးအား ခွင့်လွှတ်ရန် သူမသည် နောက်ဆုံးတွင် ငြိမ်သက်စွာ အနားယူရန် တောင်းပန်ခဲ့သည်။ လျန်အန်းရှု သည် အမှန်တရားကို မသိခဲ့ချေ။ မင်းသားစံအိမ်သည် ၎င်းတို့အား ခိုလှုံရန် မလိုချင်သောကြောင့် သူ့အမေ စိတ်ဓာတ်ကျကာ ကွယ်လွန်သွားပြီဟု သူမထင်ခဲ့သည်။ ထို့ကြောင့် သူမသည် မင်းသား၏အိမ်တော်ကို အလွန်မုန်းတီးနေလေသည်။ သို့သော် သူ့အမေ၏ နောက်ဆုံးဆန္ဒကို လျစ်လျူမရှုနိုင်ပေ။ သူ့အမေကို သင်္ဂြိုဟ်ပြီးနောက် သူတို့အိမ်နှင့် အဖိုးတန်ပစ္စည်းမှန်သမျှကို ရောင်းစားပြီး မင်းသားကျင်း၏ အိမ်တော်ကိုရှာရန် အင်ပါယာမြို့ကို သွားခဲ့သည်။
သူမ၏ မကျေမနပ်မှုများကို ပြေပျောက်ရန်အတွက် သူမသည် မိခင်၏စာအား ကျင်းဝမ်ရယ်အား မပေးဘဲ အိမ်ကြီးအပြင်ဘက်တွင် သူမသည် လျှို့ဝှက်ကိစ္စတစ်ခုမှ မွေးဖွားလာသူ ဝမ်ရယ်၏တရားမ၀င်သမီးဖြစ်ကြောင်း တိုက်ရိုက်ကြေငြာခဲ့သည်။ သူမသည် သတိမထားမိဘဲ မည်သည့်နေရာမှ ထွက်လာသော သမီးအား အကြင်နာကင်းမဲ့စွာဆက်ဆံသောဖခင်ကို သူမ မြင်ချင်ခဲ့သည်။ အမှန်မှာ ကျင်းဝမ်ရယ်သည် သူမ၏ ရှင်းပြချက်ကို စုံစမ်းရန် လူများကို တာဝန်ပေးခဲ့သည်။ ပြီးနောက် အိမ်ကြီးထဲတွင် မောင်းမမိဿံမျိုးစုံမှ တခြားသခင်မလေး၏ လှောင်ပြောင်မှုကို ခံခဲ့ရသည်။
နောက်ပိုင်းတွင် သူမ ရင်ဆိုင်ရမည့် ပြင်းထန်သော အခြေအနေကို သတိပြုမိပြီးနောက် ရဲရင့်ပြီး မဆုတ်မနစ်သော လျန်အန်းရှုက သူမမိခင်၏ အောက်မေ့ဖွယ်ကျောက်တိုင်ကို ဘိုးဘွားကန်တော့ခန်းမသို့ ကြိုဆိုရန် ကျင်းဝမ်ရယ်အား စာတစ်စောင် ရေးခဲ့သည်။ သူမသည် သူမ၏စာအား သူ့အမေ ဖန်ကျင်း၏ နောက်ဆုံးစာနှင့်အတူ သူ့စာကျက်ခန်းရှိ စားပွဲခုံပေါ်တွင် တင်ထားခဲ့သည်။ ထို့နောက် သူမသည် အိမ်တော်ကြီးမှ ထွက်ပြေးသွားခဲ့သည်။ ထို့နောက်တွင် တရှီတောင်တွင် လုံးဝခြားနားသော ကိုယ်ရည်ကိုယ်သွေးနှင့် မှတ်ဉာဏ်ပျောက်ဆုံးသွားဟန်ဆောင်သော စုရွှေလျန်နှင့် လင်းစစ်ယောင်တို့မှာ အခွင့်အလမ်းနှင့် ဆုံဆည်းခွင့်ရခဲ့သည်...
ဝမ်ရယ်နှင့် ဝမ်ဖေးတို့သည် နောက်ဆုံးစာမှ အမှန်တကယ်ဖြစ်ပျက်ခဲ့သည်ကို သိရှိသွားသောအခါ စုရွှေလျန်သည် ၎င်းတို့ နှစ်ပေါင်းများစွာ ဆုံးရှုံးခဲ့သော သမီးဖြစ်ကြောင်း နောက်ဆုံးတွင် ၎င်းတို့က ယုံကြည်ခဲ့ကြသည်။ ဤသို့ဖြင့် စဉ်ဆက်မပြတ် အစီအမံများ ဖြစ်ခဲ့ပုံရပါသည်။
သူတို့မတွေ့ခင်တွင် အမှန်တရားကိုကြေငြာပြီး သူမကို အိမ်ပြန်လာရန် ကြိုဆိုခဲ့မည်ဆိုလျှင် သူမသည် သံသယဖြစ်မိပြီး သူတို့ကို ရှောင်သွားမှာကို ကြောက်ရွံ့ခဲ့ကြသည်။ ထို့ကြောင့် သူတို့သည် သူမ၏ အကြံအစည်များကို လိုက်နာခဲ့ကြသည်။ ပထမဦးစွာ ဖန်ကျင်း၏ အောက်မေ့ဖွယ်ကျောက်တိုင်ကို ဘိုးဘွားခန်းမတွင် ကြိုဆိုခဲ့ပြီး ယီနျန် (ကိုယ်လုပ်တော်) အဖြစ် သတ်မှတ်ခဲ့သည်။ ၎င်းသည် ဝမ်ဖေး၏သမီးကို ကယ်တင်ခဲ့သည့်အတွက် သူ့ကျေးဇူးကို ပြန်ဆပ်ရန်ဖြစ်ပြီး ထိုသတင်းကြားသည့်အခါ သူ့သမီး ပြန်လာဖို့ စည်းရုံးရန် မျှော်လင့်ခဲ့သည်။ ထို့နောက် ၎င်းတို့သည် ၎င်းတို့၏သမီးကို မင်းသားအိမ်တော်သို့ပြန်ခေါ်ဆောင်ရန် ကြီးမားသောဆုကြေးငွေဖြင့် ပျောက်ဆုံးသွားသော ပုဂ္ဂိုလ်ဆိုင်ရာ ကြေငြာချက်ကို တင်ခဲ့သည်။
ကံကောင်းထောက်မစွာ ၎င်းတို့၏အကြီးဆုံးသား လျန်အန်းဇိုင်၏ အချစ်ဆုံးသူငယ်ချင်း ရှန်းဝမ်ရယ်သည် ဇနီးဖြစ်သူနှင့်အတူ အဝေးကြီးသို့သွားရောက်လည်ပတ်စဉ် ဘုရားကျောင်းတစ်ခုသို့ သွားရောက်လည်ပတ်စဉ် ပျောက်ဆုံးနေသည့် မိန်းကလေးနှင့် အလွန်ဆင်တူသည့် အမျိုးသမီးတစ်ဦးကို တွေ့ခဲ့ရသည်။
လျန်ရွှမ်ကျင်းသည် ထိုဒေသအနီးတွင် ရှာဖွေရန် သူ့လူများကို ချက်ချင်းစေလွှတ်လိုက်သည်။ နောက်ဆုံးတွင် ဖန်းဟွာမြို့၌ စုရွှေလျန်ကို ရှာတွေ့ခဲ့ကြသည်။ ထို့နောက် သူသည် ယုံကြည်ရသော အကြီးအကဲအန်းနှင့် ရှီမော့မော့တို့အား ၎င်း၏ လက်အောက်ငယ်သား နှစ်ဦးအား စစ်ဆေးရန် စေလွှတ်ခဲ့သည်။ ဤသို့ဖြင့် သူမ အိမ်ထောင်ကျပြီး ကိုယ်ဝန်ရှိနေကြောင်း သူတို့ သိလိုက်ရသည်။ ပျော်ရွှင်မှုများအပြင် အလွန်စိုးရိမ်နေခဲ့ကြသည်။ မြို့တော်မှ မိုင်ထောင်ချီဝေးသော ဆိတ်ငြိမ်သည့် တောင်တန်းရွာလေးတွင် ကလေးကို ဘေးကင်းစွာ မွေးဖွားပေးနိုင်မှာလား။ ထို့ကြောင့် သူတို့သည် မော့မော့၊ အိမ်အကူများ၊ ကျွန်များ၊ တော်၀င်ကိုယ်ရံတော်များကိုပင် သူမထံ စေလွှတ်လိုက်သည်... စုရွှေလျန်သည် သူမဘေးတွင်ထိုင်နေသော လူကြီးနှစ်ယောက်၏စကားကို နားထောင်ပြီးနောက် အံ့သြသွားခဲ့သည်။ အချိန်အတော်ကြာအောင် သူမကိုယ်တိုင် ဆုပ်ကိုင်ထားခဲ့သည်… ဘုရားရေ သူမ ဘယ်လောက်တောင် ကံကောင်းခဲ့လဲ။
သူမယူထားသော မိန်းကလေး၏ခန္ဓာကိုယ်မှာ စုမိသားစုလိုမျိုး ချမ်းသာသည့် မိသားစုမှ မိန်းကလေးတစ်ယောက်ဟု ထင်ခဲ့သည်။ ထို့နောက်တွင် သူမသည် မင်းသားကျင်းစံအိမ်၏တရားမဝင်သမီးတော်ဖြစ်ကြောင်း သိလိုက်ရသည်။ သူ့အမေ ဆုံးပါးသွားငော်လည်း အနည်းဆုံးတော့ သူမ၏ အောက်မေ့ဖွယ်ကျောက်တိုင်လေးသည် မင်းသားလေးစံအိမ်ကြီး၏ ဘိုးဘွားခန်းမတွင် ရှိနေပြီဖြစ်သည်။ ထို့ကြောင့် သူမစိုးရိမ်မှုများကို ဖျောက်ဖျက်ပစ်လိုက်သည်။ သူမနှင့်အတူ ဆယ်နှစ်ကျော်နေထိုင်ခဲ့သော သူမ၏မိခင်သည် ဆုံးပါးသွားခဲ့ပြီး သူမ၏ဖခင်သည် သူမအား ဂရုမစိုက်ဘဲ သူမ၏အထောက်အထားကို လက်မခံခဲ့ပေ။ သူမအတွက် ၎င်းသည်ကောင်းသည့်အရာတစ်ခုဖြစ်သည်။ အနည်းဆုံး သူမသည် အပိုဖိအားများကို ခံနိုင်ရည်ရှိရန် မလိုအပ်ဘဲ ဖန်းဟွာ မြို့တွင် သူ့ဘဝတစ်သက်တာလုံး အားယောင် နှင့် နေထိုင်နိုင်ခဲ့သည်။ သို့သော် အလှည့်အပြောင်းများစွာ ကြုံပြီးနောက် သူမသည် ဝမ်ရယ်နှင့် ဝမ်ဖေးတို့၏ တစ်ဦးတည်းသော သွေးသားရင်းသမီး ဖြစ်လာခဲ့သည်ကို မည်သူမျှ မမျှော်လင့်ထားခဲ့ကြပေ။ သူမကဲ့သို့ အထီးကျန်ပြီး သာမန်စိတ်ဝိညာဉ်က ဘယ်လိုလက်ခံနိုင်မလဲ။
***