← Chapters

သူမလည်း နှစ်ဘဝနေထိုင်ခဲ့သည်

Vol. 4 Ch. 103

သူမလည်း နှစ်ဘဝနေထိုင်ခဲ့သည်

Vol. 4 Ch. 103

ကျင်းဝမ်ရယ်နှင့် ဝမ်ဖေးတို့သည် သမီးဖြစ်သူအား အရာအားလုံးကို ထုတ်ဖော်ပြသပြီးနောက် ဖန်းဟွာမြို့တွင် ပျော်ရွှင်စွာ နေထိုင်ခဲ့ကြပါသည်။ နေ့ခင်းဘက်တွင် သူတို့သည် အလွန်ချစ်စရာကောင်းသော မြေးများနှင့် ကစားကြပြီး သမီးဖြစ်သူနှင့် ရံဖန်ရံခါ စကားပြောကြသည်။ သူတို့၏ မြေးများ တစ်ရေးတစ်မော အိပ်နေ သည့်အခါ သူတို့ လင်မယားနှစ်ယောက်သည် ဖန်းဟွာ မြို့ပတ်ပတ်လည်တွင် လမ်းလျှောက်ရင်း လေကောင်းလေသန့်နှင့် သာယာလှပသော သဘာဝရှုခင်းများကို ခံစားခဲ့ကြသည်။

ဆောင်းဦးရာသီတွင် ဖန်းဟွာမြို့၌ သာယာသောနေ့ဖြစ်သောအခါ နွေဦးကဲ့သို့ ပန်းမျိုးပေါင်းရာနှင့်ချီ ပွင့်လန်းနေသော်လည်း နွေကောင်းကင်ကဲ့သို့ အသက်ဝင်ခြင်းမရှိပါ။ သို့သော် လူတို့၏နှလုံးသားကို နွေးထွေးစေလောက်အောင်ဖြစ်စေပါသည်။

သူတို့နှစ်ဦးသည် နွေးထွေးစေရန် မြေခွေးသားမွေးကုတ်အင်္ကျီကို ၀တ်ဆင်ထားပြီး သန့်ရှင်းပြီး တိတ်ဆိတ်သောလမ်းများပေါ်တွင် လမ်းလျှောက်ကာ သူတို့သွားရာလမ်းတစ်လျှောက် အိမ်အချို့ကို ပေါ့ပေါ့ဆဆကြည့်ရှုနေကြသည်။

ပန်းခင်းထားသော မြို့လယ်ကိုရောက်သည့်အထိ လမ်းလျှောက်သွားခဲ့ကြသည်။ ပျင်းရိလာချိန်၌ ကျင်းဝမ်ရယ် သည် ဘိုးဘွားအိမ်ရှေ့တွင်ထိုင်ကာ မြို့တွင်းရှိ အခြားသက်ကြီးရွယ်အိုများနှင့် စစ်တုရင်ကစားနေသည်ကို မြင်တွေ့ရသည်။ ကျင်းဝမ်ဖေးသည် အပ်ချုပ်ခြင်း၊ စကားစမြည်ပြောခြင်း သို့မဟုတ် နေပူခံနေသည့် အိမ်ထောင်ရှင်အမျိုးသမီးများနှင့် စကားပြောရန် အရှေ့ဖက်ရှိ ရေကန်ဆီသို့ လမ်းလျှောက်သွားခဲ့သည်။

တော်ဝင်မြို့မှနေထိုင်သူများအနေဖြင့် ဝမ်ရယ် နှင့် ဝမ်ဖေး တို့သည် ပေါင်းသင်းဆက်ဆံရေးကောင်းမွန်သော အရည်အချင်းများရှိသည်။ ခြောက်ရက်ပင်မပြည့်သေးသော်လည်း ဖန်းဟွာမြို့တွင်ရှိသော သက်ကြီးရွယ်အိုအများစုကို သူတို့ သိပြီးသားဖြစ်ခဲ့သည်။

ငယ်သည်ဖြစ်စေ အသက်ကြီးသည်ဖြစ်စေ ဖန်းဟွာ မြို့၏ရွာသားများက ၎င်းတို့နှစ်ဦးမှာ နာမည်ကြီးသော ဝမ်ရယ်နှင့် မင်းသားကျင်း၏ ဝမ်ဖေး တို့ဖြစ်ပြီး သူတို့၏ သမီးဖြစ်သူကိုတွေ့ရန် လာခဲ့ကြခြင်းဖြစ်ကြောင်း သိခဲ့ကြသည်။ ပထမတွင် သူတို့သည် အနည်းငယ်ကြောက်ခဲ့သော်လည်း သူတို့နှင့် စကားပြောပြီးနောက်တွင် ရွာသားများ ၏ တုံ့ဆိုင်းမှုများ လျော့သွားခဲ့ကြသည်။ တဖြည်းဖြည်းဖြင့် တစ်မြို့လုံးက သူတို့ကို သာမန်မိဘများကဲ့သို့ ဆက်ဆံလာကြသည်။

လျန်မော့မော့က သူမကို သတင်းပို့သည့်အခါ စုရွှေလျန်က ရယ်မောခဲ့သည်။

………

ကံကောင်းထောက်မစွာ ဝမ်ရယ်နှင့် ဝမ်ဖေးသည် အိမ်အစေခံနှစ်ယောက်နှင့် သက်တော်စောင့်နှစ်ယောက်ကိုသာ ခေါ်ဆောင်လာခဲ့သည်။ မဟုတ်လျှင် သူတို့အတွက် နေစရာ နေရာရှိမှာမဟုတ်ချေ။

ဝမ်ရယ်နှင့် ဝမ်ဖေး ရောက်ရှိလာသောအခါ ရှောင်းဟန်နှင့် သူ့အစောင့်များသည် ဝါးဥယျာဉ်မှ တက်ကြွစွာ ရွှေ့ပြောင်းခဲ့ကြသောကြောင့် ၎င်းတို့လင်မယားသည် ထိုနေရာတွင်နေနိုင်ကာ အခြားအစေခံများနှင့်အတူ ပြောင်းရွှေ့နေထိုင်ခဲ့ကြသည်။ ထို့ကြောင့် စုရွှေလျန် အမွှာမွေးပြီးနောက် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားသောအခါ ကျင်းဝမ်ရယ်နှင့် သူ၏ဇနီးကို ဝါးဥယျာဥ်တွင်နေရန် ဖိတ်ကြားခဲ့သည်။ ချစ်လှစွာသော မြေးနှင့် မြေးမလေး မထွက်နိုင်သေးသဖြင့် အရှေ့တောင်ပံတွင် နေခဲ့ရသည်။

သူမ အကြာကြီး ငိုက်မျဉ်းပြီးနောက် စုရွှေလျန် နိုးလာသောအခါတွင် လင်းစစ်ယောင်သည် သူမအား ကလေးများနှင့် အတူနေရန် အရှေ့တောင်ပံအခန်းသို့ ခေါ်သွားခဲ့သည်။ သူတို့အိပ်ခန်းဖြစ်သောကြောင့် ရေချိုးခန်းတောင်မှ အဆင်ပြေစွာ တပ်ဆင်ထားခဲ့သည်။ မကြာခင် ဆောင်းရာသီရောက်တော့မည်ဖြစ်သော်လည်း အရှေ့တောင်ပံရှိ အခန်းသည် နေရောင်တိုက်ရိုက်ရှိပါသည်။ နေ့ခင်းဘက် အိပ်ယာပေါ်တွင် လဲလျောင်းပြီး နေရောင်အောက်တွင်လည်း သက်တောင့်သက်သာဖြင့်ရေချိုးနိုင်ပါသည်။

ထို့ကြောင့် စုရွှေလျန်သည် သူမ၏ အဖိုးတန် ချစ်စရာကောင်းသော ကလေးများနှင့်အတူ သက်သာပျောက်ကင်းရန် အရှေ့တောင်ပံ အိပ်ခန်းထဲတွင် တစ်လကြာနေခဲ့သည်။

အမွှာများအတွက် အိပ်ခန်းအဖြစ် ပြန်လည်မွမ်းမံထားသော်လည်း တစ်ချိန်က မွေးဖွားခန်းဖြစ်ခဲ့သည့် အနောက်တောင်ပံ၏အိပ်ခန်းဖြစ်သည်။ အမြွှာများသည် ၎င်းတို့၏ တစ်လတာ အခမ်းအနားအပြီးတွင် သူနာပြုနှစ်ဦးနှင့်အတူ ပြောင်းရွှေ့နေထိုင်ကြသည်။ သူတို့သည် လင်းစစ်ယောင်၏သမီးနှင့်သားဖြစ်သော်လည်း စုရွှေလျန်၏အချိန်နှင့်အာရုံအားလုံးကို သိမ်းပိုက်ရန် ခွင့်မပြုခဲ့ပေ။ ဟမ့် ကလေးတွေကို ဘယ်လောက်ပဲချစ်ပါစေ သူ့မိန်းမကိုတော့ အပိုင်မသိမ်းသင့်ဘူးလေ။

"ချွမ်းလန် မင်း အနှီးပြောင်းပြီးရင် လုံအာကို ငါ့ဆီ ယူလာပေး" စုရွှေလျန်သည် သူမ၏နို့ရည်များစုပုံလာသည်ကို ခံစားလိုက်ရသည်နှင့် သူမထကာ သမီးလေး၏အနှီးကိုပြောင်းနေသော ချွမ်းလန် ကိုပြောလိုက်သည်။ သူမသည် ကလေးနှစ်ယောက်လုံးကို နို့တိုက်ချင်နေခဲ့သည်။ သို့ပေမယ့်လည်း သူမသည် နို့ထွက်နည်းသောကြောင့် အမြွှာနှစ်ယောက်စလုံးကို ကျွေးရန်မလုံလောက်တော့သောကြောင့် သူနာပြုနှစ်ယောက်ကို လိုအပ်နေပါသေးသည်။ ကံကောင်းထောက်မစွာဖြင့် လျန်မော့မော့ က သူတို့ကို တစ်နှစ်စာချုပ်ချုပ်ထားခဲ့ပါသည်။ တစ်နှစ်ကြာပြီးနောက်တွင် ရှောင်အာနှင့် လုံအာတို့ကို နို့ဖြတ်စေပြီး အစားအစာပျော့များ ကျွေးသင့်ပါသည်။

ချွမ်းလန်သည် အနှီးကိုလဲလှယ်ပြီးနောက် မငိုတော့သော လင်းလုံကို ချီထားလိုက်သည်။ စုရွှေလျန်သည် ခေါင်းရင်းကိုမှီ၍ ထထိုင်လိုက်သည်။ ကလေးကို နို့တိုက်ရန် လက်တစ်ဖက်မှ ကိုင်ထားပြီး ကျန်လက်တစ်ဖက်မှာခေါင်းမာပြီး တောက်ပြောင်နေသော မျက်နှာလေးကို ပွတ်သပ်နေခဲ့သည်။

မျိုးရိုးဗီဇမှာ တကယ်ကို အံ့သြစရာကောင်းပါသည်။ လင်းလုံ၏ အသွင်အပြင်သည် သူမဘက်သို့လိုက်ပြီး လင်းရှောင်သည် အားယောင်နှင့် ဆင်တူပါသည်။ သို့သော် သူတို့၏ စိတ်နေစိတ်ထားများသည် လုံးဝဆန့်ကျင်ဘက်ဖြစ်သည်။ လင်းရှောင်သည် တိတ်ဆိတ်နေပြီး ဆူညံသံကို မကြိုက်ခဲ့ပေ။ သူ့သေးခံစိုနေလျှင် အနည်းငယ်သာ အော်နေလိမ့်မည်။ လင်းလုံ ကတော့ လုံးဝကိုမတူပေ။ သက်သာရာမရသရွေ့ သူမ သန့်ရှင်းသွားသည်အထိ အော်ဟစ်ငိုကြွေးနေပေလိမ့်မည်။

စုရွှေလျန်သည် သူမ၏နို့ကိုသောက်နေသော ကလေးမလေးအား ပြုံးပြလိုက်သည်။ လင်းရှောင် ဗိုက်ဆာသည့်အခါ လူများ၏ခေါင်းကို ကိုက်စေပါသည်။ လင်းလုံ ဗိုက်ဆာသည့်အခါ ခေါင်းကိုက်စေခြင်းထက်ပိုပြီး လူတိုင်း၏ နားစည်များကိုလည်း ဖောက်သွားလိမ့်မည်ဖြစ်သည်။

ထို့ကြောင့် သူတို့ကို အစာကျွေးချိန်ရောက်သောအခါ စုရွှေလျန်သည် လင်းလုံကို ဦးစွာ နို့တိုက်ရသည်။လင်းရှောင်သည် အစ်ကိုကြီးဖြစ်သည်။

ထို့အပြင် သူသည် အေးဆေးတည်ငြိမ်ပြီး အကျင့်စာရိတ္တကောင်းမွန်သော အစ်ကိုကြီးဖြစ်သည်။

လင်းရှောင်နှင့် လင်းလုံတို့သည် အားယောင်မှ တောင်းဆိုထားသော ကျင်းဝမ်ရယ်မှ အပ်နှင်းထားသော အမည်များဖြစ်သည်။ ၎င်းသည် သူ့ယောက္ခမများကို လေးစားကြောင်းပြသည်ဟုထင်ရသော်လည်း သူမကို ပြုစုစောင့်ရှောက်ရပြီး နှစ်သစ်ကူးပွဲအတွက် ပြင်ဆင်နေရသောကြောင့် နာမည်များစဉ်းစားရန် အလွန်အလုပ်များပြီး ပျင်းနေတယ်ဆိုတာ စုရွှေလျန် သိပါသည်။

ကောင်လေးသည် သူ့ဒြပ်ငါးပါးထဲတွင် ရေမရှိခဲ့ပါ။ ထို့ကြောင့် သူ့အမည်မှာ ရှောင် - ကောင်းကင်၊ လင်းရှောင် ဖြစ်သည်။ ဤသို့ဖြင့် သူသည် ကောင်းကင်ကို မော့ကြည့်ကာ ရည်မှန်းချက်ကြီးသူ ဖြစ်လိမ့်မည်။ ကျင်းဝမ်ရယ်၏အဆိုအရ မိန်းကလေးသည် အကျင့်စာရိတ္တကောင်းမွန်ပြီး ဉာဏ်ရည်ထက်မြက်သူအဖြစ် ကြီးပြင်းလာမည်ဖြစ်သည်။ ထက်မြက်သောနှလုံးသားဖြင့် သူမအား လင်းလုံ ဟုခေါ်တွင်ခဲ့သည်။

သို့ပေမယ့် ဘဝဆိုတာ မှန်းဆလို့မရပါနိုင်ပါ။ နာမည်များကို အလွယ်တကူ ဖန်တီးနိုင်သော်လည်း စိတ်နေစိတ်ထားမှာ ထိန်းချုပ်ရခက်ပါသည်။ နဂါးနှင့် ဖီးနစ်အမွှာများ ၊ အနာဂတ်တွင် ၎င်းတို့ မည်ကဲ့သို့ တရားမျှတသည်ကို နောက်ပိုင်းတွင် ဖော်ပြပါမည်။

….

"ဒီနေ့ဘယ်လိုခံစားရလဲ"

ယနေ့တွင် စုရွှေလျန်သည် ထကာ ခြေလှမ်းပေါင်းများစွာ လမ်းလျှောက်ကာ သူ့သမီးနှင့် ခဏတာ ဆော့ကစားခဲ့သည်။ အမြွှာနှစ်ယောက်သည် ၎င်းတို့၏ပုခက်ထဲတွင် အိပ်ပျော်သွားပြီးနောက် သူမသည် အနားယူရန် သူမ၏အိပ်ရာဆီသို့ ပြန်သွားခဲ့သည်။

လုံရှီရွှယ်က သူမဆီ နေ့တိုင်းလာလည်ခဲ့သည်။ ယနေ့မှာလည်း ခြွင်းချက်မဟုတ်ခဲ့ပေ။ လက်ဖက်ရည်အချို့ယူလာသည့် ပိုင်ဟယ်နှင့်အတူ သူမနောက်မှ လိုက်လာခဲ့သည်။ လုံရှီရွှယ်က ပြုံးပြီး စုရွှေလျန်ကို နှုတ်ဆက်လိုက်သည်။

"အဆင်ပြေပါတယ်။ လမ်းလျှောက်ပြီးရင် ပိုသက်တောင့်သက်သာ ခံစားရတယ်။" စုရွှေလျန်က ပြုံးပြီး ပြန်ဖြေသည်။ ချွမ်းလန်က သူ့ကို ထိုင်ရန်ကူညီပေးခဲ့သည်။ စုရွှေလျန် သည် လုံရှီရွှယ်က သူမ၏ သွေးခုန်နှုန်းကို စစ်ဆေးနိုင်ရန် လက်မောင်းကို ဆန့်လိုက်သည်။

စုရွှေလျန်သည် လုံရှီရွှယ်က သူမ ပင်ပန်းနွမ်းနယ်နေစဉ်အတွင်း သူမအား ကူညီပေးခဲ့ရုံသာမက လုံရှီရွှယ်သည် သူမ၏အတွက် ဆေးဖက်ဝင်အစားအစာများကို နေ့တိုင်းချက်ပြုတ်ပေးသောကြောင့်လည်း ကျေးဇူးတင်ရှိခဲ့ပါသည်။ ပင်ပန်းပြီး သုံးရက်အကြာတွင် လုံရှီရွှယ်က သူမအား အခန်းပတ်ပတ်လည်တွင် နေ့စဉ်လမ်းလျှောက်ခိုင်းခဲ့ပြီး ၎င်းသည် သူမ၏ ခန္ဓာကိုယ်အတွင်းရှိ ပိုလျှံနေသော သွေးများနှင့် အခြားညစ်ညမ်းသော အရည်များကို စွန့်ထုတ်ရန် ကူညီပေးခဲ့သည်။ အိုးရန်ရွှမ်ကို တော်ဝင်နန်းတော်သို့ ပြန်ခေါ်သောအခါတွင်ပင် လုံရှီရွှယ်သည် သူနှင့်အတူ လိုက်ပါရန် ငြင်းဆိုခဲ့သည်။ အမြွှာ၏တစ်လတာ အခမ်းအနားအတွင်း ဆန္ဒပြုပြီးမှသာ ထွက်ခွာမည်ဖြစ်ကြောင်း သူမက ပြောကြားခဲ့သည်။

အိုးရန်ရွှမ်က သူမကို တခြားနည်းနှင့် မဆွဲဆောင်နိုင်သည့်အတွက် သူ၏ ဆေးလက်ထောက်လူငယ်ကို ခေါ်သွားပြီး အရင်ထွက်သွားခဲ့သည်။

သူ့ကို ဧကရာဇ်ဘုရင်က တော်၀င်သမားတော်အဖြစ် အပ်နှင်းခဲ့သော်လည်း သူ့အလုပ်သင်ဖြစ်သည့် လုံရှီရွှယ်ကတော့ မဟုတ်ပေ။ ထို့ကြောင့် သူမလုပ်ချင်သမျှကို ဆုံးဖြတ်ပိုင်ခွင့်ရှိသည်။ လုံရှီရွှယ်သည် ဘုရင်မင်းမြတ်၏ မောင်းမမိဿံများကို ကူညီရန် ဘုရင့်နန်းတော်သို့ လိုက်သွားရခြင်း အကြောင်းအရင်းမှာ သူမတွင် အခြားသွားစရာ နေရာမရှိသောကြောင့် ဖြစ်သည်။

လုံရှီရွှယ်သည် မည်သည့်အရာကိုမဆို တက်ကြွစွာတောင်းဆိုရန် ရှားရှားပါးပါးဖြစ်သောကြောင့် အိုးရန်ရွှမ်သည် သူမ၏ဆန္ဒကို အနှောင့်အယှက်မပေးရန် ရွေးချယ်ခဲ့သည်။ ထို့အပြင် သူ့၏ ဤအလုပ်သင်သည် လာမည့်နှစ်တွင် အသက်ဆယ့်ရှစ်နှစ် ပြည့်တော့မည်ဖြစ်သည်။ သင့်တော်သည့်ယောက်ျားကို ရှာရန်အချိန်တန်ပြီဖြစ်သည်။

သို့သော် လုံရှီရွှယ်သည် ဤကိစ္စကို လုံးဝစိတ်မ၀င်စားခဲ့ပုံရသည်။

"ဟုတ်တယ်၊ သခင်မလေးရဲ့သွေးခုန်နှုန်းက ပုံမှန်မဟုတ်တာမပြခဲ့ဘူး။ လမ်းလျှောက်ဖို့ မမေ့နဲ့နော်၊ ရိုးရှင်းပေမယ့် အာဟာရရှိတဲ့ အစားအစာတွေစားရင် မကြာခင် သခင်မလေးပြန်ကောင်းလာလိမ့်မယ်။ သခင်မလေးရဲ့ကျန်းမာရေးက ကျွန်မထင်ထားတာထက် အများကြီး ပိုကောင်းလာလိမ့်မယ်။" စုရွှေလျန် ၏သွေးခုန်နှုန်းကို စစ်ဆေးပြီးနောက် လုံရှီရွှယ်သည် သူမကို လှဲလျောင်းရန် ကူညီပေးခဲ့သည်။ ခေါင်းအုံးပေါ်ကို မှီပြီး ထိုင်တာမျိုးကို သူမ ဘယ်တုန်းကမှ လက်မခံခဲ့ပေ။ ထိုကိုယ်ဟန်အနေအထားကို အချိန်အကြာကြီး ထားရှိခြင်းသည် ကျောရိုးကို ထိခိုက်နိုင်ပါသည်။

"သခင်မလေးရဲ့ မှတ်ဉာဏ်တွေ ပျောက်ဆုံးသွားတယ်လို့ ကျွန်မကြားခဲ့တယ်။" လုံရှီရွှယ်သည် စုရွှေလျန်နှင့် စကားမစမီ ကုတင်အစွန်းတွင် ထိုင်နေ၏။

“…အင်း…” စုရွှေလျန် မကျေမနပ် ခေါင်းညိတ်လိုက်သည်။ စိုးရိမ်စိတ်များဖြင့်တုန်လှုပ်သွားခဲ့သည်။ လုံရှီရွှယ်က ပုံမှန်မဟုတ်တဲ့တစ်ခုခုကိုတွေ့သွားခဲ့တာလား။ ဒါပေမယ့် သူမရဲ့ မိဘအရင်းတွေတောင် ဘာမှ ရှာမတွေ့ခဲ့ပါဘူး။ လုံရှီရွှယ်က သူ့ကို ဘယ်လိုသံသယရှိနိုင်မလဲ။

"ဘယ်လိုဖြစ်ရတာလဲ၊ စိတ်မပူပါနဲ့၊ ပေါ့ပေါ့ပါးပါး မေးတာပါ။ သမားတော်တစ်ယောက်အနေနဲ့ ရှားရှားပါးပါး ရောဂါတွေက ကျွန်မကို စွဲဆောင်နေတာ သိတယ်မလား။" လုံရှီရွှယ်က ပြုံးပြီး ရှုပ်ပွနေသော စုရွှေလျန်ကို နှစ်သိမ့်ပေးခဲ့သည်။ ထိုသို့ပြောလိုက်သော်လည်း သူမတွင် မတူညီသော အတွေးများ ရှိနေပါသည်။ သူမ သံသယဖြစ်​နေတာလား? သတိမေ့ခြင်းကို အကြောင်းပြချက်တစ်ခုအဖြစ် အသုံးပြုခြင်းမှာ... တကယ်တော့ သူမကဲ့သို့ပင် သူမသည်လည်း အခြားကမ္ဘာမှ ပြောင်းရွှေ့လာသူလား။

လုံရှီရွှယ်က ၎င်းကို သံသယဖြစ်ရသည့် အကြောင်းအရင်းမှာ သူမသည် ဤကမ္ဘာနှင့် မသက်ဆိုင်သည့် အရာတစ်ခုကို မြင်လိုက်ရသောကြောင့်ဖြစ်သည်။

ဟုတ်ပါသည်၊ လုံရှီရွှယ်သည် တခြားကူးပြောင်းသူဖြစ်ပါသည်။ သူမနေထိုင်ခဲ့သည့် နှစ်ဆယ့်တစ်ရာစုတွင် သူမသည် နိုင်ငံအတွင်း အကောင်းဆုံးသားဖွားဆေးရုံတစ်ခုဖြစ်သည့် ရန်ဟယ်ဆေးရုံတွင် ဆရာဝန်တစ်ဦးဖြစ်ခဲ့သည်။ သို့သော်လည်း မီးယပ်နှင့် သားဖွားမီးယပ်ဌာန၏ အကြီးအကဲဖြစ်လာပြီး ပြင်းထန်သော ကားမတော်တဆမှုကြောင့် သေဆုံးသွားခဲ့သည်။ သူမနိုးလာသောအခါတွင် သူမသည် လုံမိသားစု၏ ကိုးနှစ်သမီးအရွယ် မိဘမဲ့တစ်ဦးဖြစ်လာခဲ့သည်။

လုံ၏မိတ်ဆွေကောင်း အိုးရန်ရွှမ်သည်သူမကိုမွေးစားခဲ့သည်။ သို့သော် တော်ဝင်မြို့သို့သွားရာလမ်းတွင် အသက်ကိုးနှစ်အရွယ် လုံရှီရွှယ်သည် ကြမ်းတမ်းသောခရီးကို မခံနိုင်ဘဲ အအေးမိသွားခဲ့သည်။ရက်အတော်ကြာ သတိလစ်သွားပြီးနောက် သူမနိုးလာသောအခါ ခေတ်သစ်ကမ္ဘာမှ အသက်သုံးဆယ့်တစ်နှစ်အရွယ် လုံရှီရွှယ်၏ဝိညာဉ်သည် သူမ၏ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်လာခဲ့သည်။

အဖြစ်မှန်ကို ရင်ဆိုင်ပြီး အကောင်းမြင်စိတ်ဖြင့် ရှေ့သို့ တိုးသွားခြင်းသည် လုံရှီရွှယ် ငယ်ငယ်လေးကတည်းက ချမှတ်ခဲ့သော ဆောင်ပုဒ်ဖြစ်သည်။ ထို့ကြောင့် သူမသည် အိုးရန်ရွှမ် ပေးခဲ့သော ဆေးပညာဗဟုသုတကို ဤကမ္ဘာပေါ်တွင် ကိုးနှစ်နီးပါးကြာအောင် သင်ယူခဲ့သည်။ သူမသည် တဟွေ့အင်ပါယာတွင် လက်ရှိအသုံးပြုနေသည့် ခေတ်မီကုသရေးနည်းပညာများနှင့် ပေါင်းစပ်ရန် ရည်မှန်းချက်ကို ချမှတ်ခဲ့သည်။

ဤရှေးခေတ်ကမ္ဘာတွင် နဂါးနှင့် ဖီးနစ်အမွှာကို ပထမဆုံးအကြိမ်တွေ့ဖူးခြင်းပင်ဖြစ်သည်။ သူမသည် အိုးရန်ရွှမ် ကို တော်ဝင်နန်းတော်တွင် ကိုးနှစ်နီးပါး လိုက်ခဲ့ပြီး အမှုအခင်းများစွာကို ကူညီပေးခဲ့သော်လည်း သူမသည် ယခင်က အမွှာများကို မမြင်ဖူးခဲ့ပေ။ တဟွေ့ အင်ပါယာတွင် အမြွှာများမှာ ရှားကောင်းရှားနိုင်ပါသည်။ သူမသည် တိုင်းပြည်၏ မွေးဖွားမှုသမိုင်းမှတ်တမ်းများကို ဖတ်ဖူးသော်လည်း နဂါးနှင့် ဖီးနစ်အမွှာများကို မဆိုထားနှင့် သာမန်အမြွှာများအကြောင်းပင် ဘာမှ မတွေ့ခဲ့ရပေ။ အပြင်လူမှာ မင်းသားကျင်း၏အိမ်ရှိ လျန်မိသားစုဖြစ်သည်။ အမြွှာများသည် မျိုးဆက်တိုင်းတွင် တူညီသော သို့မဟုတ် ညီအကိုအမွှာများဖြစ်ကြသည်။ နဂါးနှင့် ဖီးနစ်အမွှာများ ပထမဆုံးအကြိမ် ပေါ်လာခြင်းဖြစ်သည်။

လုံရှီရွှယ်သည် အမှန်တကယ် သိချင်နေသည်ကို မြင်လိုက်ရသဖြင့် စုရွှေလျန်သည် သူမအား ဖြစ်ပျက်ခဲ့သည်များကို အသိပေးခြင်းမပြုမီ ခဏမျှ စဉ်းစားခဲ့သည်။ မေ့ပျောက်ပြီးနောက် သူမ၏ဝိညာဉ်သည် ခန္ဓာကိုယ်ကို သိမ်းပိုက်သွားသည့်အချက်ကို သူမ ဖုံးကွယ်ထားခဲ့သည်။

“ကျွန်မ… အဲဒီ့မတိုင်ခင်က ဖြစ်ပျက်ခဲ့တာတွေကို ရှင်းရှင်းလင်းလင်း မမှတ်မိဘူး…” စုရွှေလျန် အဆုံးတွင် ထပ်ပြောလိုက်သည်။ လုံရှီရွှယ်က ထပ်ပြီးမေးမှာကို သူမကြောက်နေမိသည်။ သူမ မည်ကဲ့သို့ရင်ဆိုင်ရမှန်းမသိခဲ့ချေ။ လိမ်ညာမှုတစ်ခုသည် ၎င်းကိုဖုံးကွယ်ရန် မရေမတွက်နိုင်သော နောက်ထပ်လိမ်ညာမှုများ လိုအပ်မည်ဖြစ်သည်။ သူမသည် ယခင်က ထိုသို့မလုပ်ဖူးသော်လည်း ယခုတော့ မဖြစ်မနေလုပ်ရတော့မည်ဖြစ်သည်။

လုံရှီရွှယ်က သူမအား နားထောင်ရင်း ခေါင်းညိတ်လိုက်သည်။ သူ့ရှေ့တွင် လဲလျောင်းနေသည့် အမျိုးသမီးမှာ တခြားကမ္ဘာမှလာသည်ဟု သူမ အခိုင်အမာ ယုံကြည်ခဲ့သည်။ သူမကဲ့သို့ဖြစ်သည်။ အကယ်၍ သူမ အမှန်တကယ် သတိမေ့နေပါက ဤကဲ့သို့ လက်ရာမြောက်သော လက်ရာများကို မည်သို့ ချယ်လှယ်နိုင်မည်နည်း။ သို့သော်လည်း စုရွှေလျန် ၏ ကျက်သရေရှိပြီး ပြေပြစ်သော အပြုအမူများဖြင့် လုံရှီရွှယ် သည် သူမကဲ့သို့ နှစ်ဆယ့်တစ်ရာစုမှ ဤအမျိုးသမီး လာကြောင်း ရာနှုန်းပြည့် မသေချာခဲ့ပေ။

"ကျွန်မ ကိုးနှစ်သမီးတုန်းကလည်း မှတ်ဉာဏ်တွေ ပျောက်ဆုံးသွားခဲ့တယ်။ အိပ်ရာက နိုးလာတဲ့အခါ အရာအားလုံးကို မေ့သွားခဲ့တယ်။ ကျွန်မဘဝက အပိုင်းနှစ်ပိုင်း ကွဲသွားပုံရတယ်။" လုံရှီရွှယ်သည် နဂါးလက်သည်းဂန္ဓမာပန်းပွင့်ပန်းအိုးကို စိုက်ကြည့်ကာ တိုးတိုးလေးပြောလိုက်သည်။

စုရွှေလျန် က သူမ ပါးစပ်ကို ဖုံးထားလိုက်သည်။ လုံရှီရွှယ်က ဘာကိုဆိုလိုတာလဲ။ သူမကောလား…

လုံရှီရွှယ်သည် ကွေ့ကောက်နေသော အတွေးများကို ရှင်းပစ်လိုက်သည်။ သူမ လှည့်ကြည့်လိုက်ပြီး စုရွှေလျန်ကို စိုက်ကြည့်ရင်း ရှုပ်ထွေးသော အကြည့်များဖြင့် ပြုံးနေလိုက်သည်။ စုရွှေလျန် ကုတင်ပေါ်မှ ပြုတ်ကျလုနီးပါးဖြစ်စေသည့် မေးခွန်းတစ်ခုကို သူမမေးလိုက်သည်။ 

***

All Chapters