မင်းရောလား
Vol. 4 Ch. 104
"အရင်...အရင်ဘဝလား" စုရွှေလျန်သည် သူမပါးစပ်ကို မယုံကြည်နိုင်စွာ ဖုံးလိုက်သည်။ ဘုရားရေ သူမကြားလိုက်တာ မှန်ရဲ့လား။ လုံရှီရွှယ်က... သူမနဲ့တူနေတာလား။ တခြားကမ္ဘာကလာတဲ့ ဝိညာဉ်လား။
"ဟုတ်တယ် ကျွန်မအရင်ဘဝ" လုံရှီရွှယ်သည် စုရွှေလျန်ကို စိုက်ကြည့်ကာ မျက်တောင်မခတ်ဘဲ သူမ၏အမူအရာသည် ဟာသအရိပ်အမြွက်မပါဘဲ လေးနက်နေလေသည်။
"ရှီရွှယ်..." စုရွှေလျန် က တိုးတိုးလေးပြောသည်။ ဤကမ္ဘာကြီးတွင် ဤသို့ထူးထူးဆန်းဆန်းဖြစ်ရပ်မျိုး ကြုံဖူးတာ သူမတင်မဟုတ်ခဲ့ပါ...
"ကျွန်မက နတ်ဆိုးတစ်ကောင်လို့ထင်လား။ သာမန်နဲ့မတူတဲ့ ဂြိုလ်သားတစ်ယောက်လား။" လုံရှီရွှယ် သက်ပြင်းချလိုက်သည်။
ကိုးနှစ်နီးပါးကြာအောင် သူမသည် သူမ၏ကိုယ်ပိုင်လက္ခဏာကို ဂရုတစိုက်ဖုံးကွယ်ခဲ့ပြီး အခြားကမ္ဘာမှ သူမ၏ဇာစ်မြစ်ကိုပြသနိုင်သည့် မည်သည့်အရာကိုမျှ မလုပ်ခဲ့ဖူးပေ။ သို့သော်ငြားလည်း သူမ မထိန်းနိုင်ဘဲ သတိရနေမိသည်။
သူမသည် မိသားစုနှင့်သူမသူငယ်ချင်းများကို လွမ်းနေမိသည်။ တီထွင်ထားသော ဆေးဘက်ဆိုင်ရာနည်းပညာနှင့် ယုံကြည်စိတ်ချရသော လည်ပတ်မှုကိရိယာများကို သူမ လွတ်သွားခဲ့သည်။
ထို့အတွက်ကြောင့် နန်းတော်ရှိ ပန်းပဲဆရာများအား ခွဲစိတ်ဓားအပြည့်အစုံကို အတုပြုလုပ်ရန် သူမ သီးသန့်တောင်းဆိုခဲ့သည်။ သို့သော်ငြားလည်း ၎င်းတို့ကို မသုံးဖူးခဲ့ပါ။ သူမဓားတစ်ချောင်း၏ တစ်ခုတည်းသော လုပ်ဆောင်မှုမှာ သူမ၏ မှတ်ဉာဏ်ကို ရှင်သန်နေစေရန် ဖြစ်သည်။
ဤတစ်ကြိမ်တွင် သူမသည် ၎င်းတို့ကို အသုံးပြုခွင့်ရမည်ဟု သူမထင်ခဲ့သော်လည်း စုရွှေလျန်သည် ယင်းကို ကြံ့ကြံ့ခံခဲ့သည်။ မိခင်၏ ခန္ဓာကိုယ်သည် နုနယ်နေပုံရပြီး အမွှာများသည် ကြီးမားသော အစုအဝေးတစ်ခုဖြစ်သည်။ သူ့ရှေ့မှ ပျော့ညံ့သည့်အသွင်အပြင်ရှိသော ဤအမျိုးသမီးမှာ စိန်ခေါ်မှုကို ရဲရင့်စွာပြီးမြောက်ခဲ့တာကို ယုံရခက်ပါသည်။
"ငါ ..." စုရွှေလျန် ရုတ်တရက်ထထိုင်လိုက်ပြီး လုံရှီရွှယ် ၏လက်ကိုဆွဲလိုက်သည်။ လုံရှီရွှယ် မေးခဲ့သောမေးခွန်းသည် သူမ၏ နှလုံးသားထဲတွင် ကြောက်ရွံ့မှုကို ထင်ဟပ်နေပါသည်။
"ဒီလောကကလူတွေက ဖြူစင်ရိုးသားကြပေမဲ့လည်း ငါတို့လိုလူတွေကို လက်ခံနိုင်တယ်လို့ မဆိုလိုဘူး။ ခဏလောက် သတိလစ်သွားပြီးနောက် ဝိညာဉ်တွေ အပြောင်းအလဲဖြစ်သွားမှာကို မင်းမကြောက်ဘူးလား" လုံရှီရွှယ်က ခပ်ဖျော့ဖျော့ ပြုံးပြလိုက်သည်။ သူမ၏ ခပ်နိမ့်နိမ့်အသံသည် စုရွှေလျန် နားထဲသို့ ရောက်ရှိသွားပြီး သူမ၏ ဆုံးဖြတ်ချက်ကို အတည်ပြုနိုင်စေခဲ့သည်။
သူမသည် အထီးကျန်သောဝိညာဉ်မဟုတ်တော့ပါ။ ဤနေရာတွင် သူမနှင့်တူသော သူတစ်ယောက်ရှိခဲ့သည်။ သူမ၏ ဝိညာဉ်သည်လည်း အခြားကမ္ဘာမှ ဆင်းသက်လာခဲ့သည်။ ဤအတွေးက စုရွှေလျန် ကို မသိစိတ်မှ လုံခြုံစေခဲ့သည်။ ဤလုံခြုံသည့်ခံစားချက်မှာ အားယောင်က သူမဆီ ယူဆောင်လာသော လုံခြုံသည့်ခံစားမှုနှင့်မတူပေ။ သူမ၏ နှလုံးသားထဲတွင် သိမ်မွေ့သော အကြောက်တရားများ တိတ်တဆိတ် ပျောက်ကွယ်သွားခဲ့သည်။
"ငါကြောက်ခဲ့ဖူးတာတော့ အမှန်ပါပဲ။ တွေ့တာနဲ့ လူတွေက ငါ့ကို ကြိုးနဲ့ချည်ပြီး မီးရှို့မှာကို ငါကြောက်မိတယ်။" စုရွှေလျန်က ညင်သာစွာပြောလိုက်သည်။ လုံရှီရွှယ်၏ မျက်လုံးများတွင် အထီးကျန် အရိပ်အယောင်များက သူမကို တုံ့ဆိုင်းသွားစေခဲ့သည်။
"ဒါဆို မင်းရဲ့ မှတ်ဉာဏ်တွေ တကယ်မပျောက်သေးဘူး မဟုတ်လား" လုံရှီရွှယ်က ပြုံးလျက် ခေါင်းမညိတ်ခင် သူ့စကားကို နားထောင်ခဲ့သည်။ ယခု အတည်ပြုလိုက်ပြီဖြစ်သည်။ ထို့ကြောင့် သူမက တိုက်ရိုက်မေးခဲ့သည် "ဒါပေမယ့် မင်းက နှစ်ဆယ့်တစ်ရာစုကလာတဲ့ လူတစ်ယောက်နဲ့မတူဘူး"
"နှစ်ဆယ့်တစ်ရာစုက ဘာမင်းဆက်လဲ။" စုရွှေလျန် အံ့သြသွားပြီး သူမ၏ ကြော့ရှင်းသော မျက်ခုံးများကို ပင့်တင်လိုက်သည်။ "ငါမှတ်မိတာက အဲဒါက တရုတ်ပြည်သူ့သမ္မတနိုင်ငံရဲ့ နှစ်ဆယ့်သုံးနှစ်ပဲ"
(တရုတ်သမ္မတနိုင်ငံသည် ၁၉၁၂ ခုနှစ်မှ ၁၉၄၉ ခုနှစ်အတွင်း တရုတ်ပြည်မကြီးကို အုပ်ချုပ်ခဲ့သည်။)
"ဘုရားရေ" စုရွှေလျန်၏ စကားသည် သူမကို အလွန်အံ့သြစေခဲ့သည်။ ဤအမျိုးသမီးသည် တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ လာခဲ့ခြင်းဖြစ်သည်။ သူမ၏ လှုပ်ရှားမှုတိုင်းသည် အဘယ်ကြောင့် ဤမျှ အံသြဖွယ်ကောင်းသနည်း၊ ၎င်းသည် မင်းမျိုးမင်းနွယ်မှ မြင့်မြတ်သော အမျိုးသမီးတစ်ဦး၏ အမူအရာကို ထင်ဟပ်နေပါသည်။
"မင်းက ချမ်းသာတဲ့ မိသားစုက မိန်းမပျို ဖြစ်ရမယ် ဟုတ်တယ်မလား။” လုံရှီရွှယ် ခဏလောက် စဉ်းစားပြီးနောက် ပြတ်ပြတ်သားသား ပြောလိုက်သည်။
"ဟုတ်တယ်၊ အဲ့လိုပြောလို့ရတယ်။ စူကျိုးမှာရှိတဲ့ စုရဲ့ ပန်းထိုးအိမ်အကြောင်း မင်းကြားဖူးလား။" စုရွှေလျန်က ရှက်ရွံ့စွာပြုံးကာ ခေါင်းညိတ်လိုက်သည်။ တရုတ်ပြည်သူ့သမ္မတနိုင်ငံ လက်ထက်တွင် စုမိသားစုမှာ စူကျိုးမှာ နာမည်ကြီးတယ်မဟုတ်လား။ အနည်းဆုံးတော့ စူကျိုးရှိ ပန်းထိုးအိမ်သည် ၎င်းတို့၏ နိုင်ငံတစ်ဝှမ်းလုံးတွင် ကျော်ကြားခဲ့သည်။
"စူကျိုးက ပန်းထိုးအိမ်လား ဆိုလိုတာက... မင်းက စူကျိုးကလား။ မင်းရဲ့မိသားစုနာမည်က စု မဆန်းပါဘူး အိုး မင်းက စုမိသားစုရဲ့ ပန်းထိုးအိမ်ကလား။" လုံရှီရွှယ် စကားပြောလေလေ သူမ အံ့သြလေလေဖြစ်သည်။ နောက်ဆုံးတွင် မျက်လုံးကြီးပြူးကာ လုံရှီရွှယ်က စုရွှေလျန်ကို လက်ညှိုးထိုးပြပြီး အော်ပြောလိုက်သည်။
လုံရှီရွှယ်၏မိခင်မိသားစုသည် စူကျိုး တွင်ရှိပါသည်။ သူမအိမ်နှင့် မနီးမဝေးတွင် တံတိုင်းကြီးများဖြင့် မျှော်စင်များစွာနှင့် အိမ်ကြီးကြီးများပါရှိသည့် အိမ်ကြီးသည် တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ ကျော်ကြားခဲ့သော စုမိသားစု၏အိမ်ဖြစ်ကြောင်း သူမကြားသိခဲ့ရသည်။ သူမအဖွားက ၎င်းသည် နာမည်ကြီး စူကျိုး၏ ပန်းထိုးအိမ်ဟု ပြောပြခဲ့သည်။
ငယ်ငယ်တုန်းက လုံရှီရွှယ်သည် နွေရာသီတွင် စူကျိုးမှာရှိသည့် သူမ၏ အဖွားအိမ်ဆီ မကြာခဏ သွားလည်လေ့ရှိသည်။ ရိုင်းစိုင်းသော ကလေးတစ်ယောက်ဖြစ်သောကြောင့် သူမဝမ်းကွဲများနှင့်အတူ ဆူညံစွာလျှောက်ဆော့လေ့ရှိသည်။ သူတို့သည် ထို စုမိသားစုအိမ်၏ မြင့်မားသောနံရံများကို တက်ဖူးကြသည်။ အစိုးရက အဆိုပါဧရိယာအား “ယဉ်ကျေးမှုအမွေအနှစ်” အဖြစ် ထုတ်ပြန်ထားပြီး အများပြည်သူဝင်ရောက်ခွင့်ကို တားမြစ်ထားခဲ့သည်။
ဒါက ဘယ်လိုဖြစ်ရတာလဲ။ တစ်ယောက်နှင့်တစ်ယောက်မသက်ဆိုင်သော မိန်းကလေးနှစ်ယောက်သည် တခြားကမ္ဘာမှ အချိန်များကို ဖြတ်ကျော်ပြီး ဤနေရာတွင် ဆုံတွေ့ခဲ့ကြသည်…
ရယ်မောသံများမထွက်လာမီ အကြည့်ချင်းဖလှယ်လိုက်ကြသည်။ ကံကောင်းထောက်မစွာဖြင့် လူဦးရေထူထပ်သော တဟွေ့ အင်ပါယာတွင် သူတို့သည် 'တူညီသောမွေးရပ်မြေ' မှလူတစ်ဦးကို အမှန်တကယ်တွေ့ဆုံခဲ့ကြခြင်းဖြစ်သည်။
……..
"ဒီကလေးမလေးကို ကြည့်လိုက်စမ်း သူမက ရွှေလျန်နဲ့ တစ်ထပ်တည်းတူတယ်။ သူမကနောက်ပိုင်းမှာ ထင်ရှားကျော်ကြားတဲ့ အလှတစ်ခုဖြစ်လာမှာ သေချာတယ်။" အဒေါ်လောင်နှင့် အဒေါ်ထျန်းတို့သည် ရွှေလျန်ထံ အလည်လာခဲ့ကြသည်။ လင်းလုံ နိုးလာသောအခါတွင် ခဏတာ စကားစမြည်ပြောကြသည်။ အမျိုးသမီးနှစ်ဦးသည် ချစ်စရာကောင်းပြီး နူးညံ့သိမ်မွေ့သော ကလေးငယ်ကို ပျော်ရွှင်စွာ လှောင်ပြောင်နေကြသည်။
"မပြောနဲ့တော့ ရှောင်အာက အားယောင်နဲ့တူပြီး လုံအာက ရွှေလျန်နဲ့ ဆင်တူတယ်။ သူတို့က တကယ့် နဂါးနဲ့ ဖီးနစ်အတွဲပဲ။ " ရှေးစကားများသည် အမြဲမှန်ကန်ပါ သည်။ နဂါးများသည် နဂါးများမွေးကြပြီး ဖီးနစ်များသည် ဖီးနစ်များကို မွေးဖွားပေးသည်… စုရွှေလျန်နှင့် လင်းစစ်ယောင်ကဲ့သို့ပင်။ ဇနီးသည်က နူးညံ့သိမ်မွေ့ပြီး ခင်ပွန်းသည်က အရပ်ရှည်ပြီး ချောမွတ်သည်။ သူတို့၏ ကလေးများမှာ ဘယ်လို ရုပ်ဆိုးနိုင်မလဲ။ သူတို့သည် စည်းစိမ်ဥစ္စာကို ရယူလိုလျှင် အချိန်မနှောင်းမီတွင် ၎င်းတို့၏မြေးများကို စုရွှေလျန် ၏သားသမီးများနှင့် စေ့စပ်ထားသင့်ပါသည်။
ထူးထူးခြားခြား ဖြစ်ရပ်တစ်ခုအကြောင်း ပြောရမည်ဆိုလျှင် အဒေါ်လောင် ၏သမီးမှာ ကိုယ်ဝန်နှစ်လရှိပြီဖြစ်သည်။ သူမသည် လာမည့်နွေရာသီတွင် ချိန်းဆိုထားခဲ့သည်။ ထို့အတွက်ကြောင့် အဒေါ်လောင်သည် ကလေးအဝတ်အစားနှင့် ဖိနပ်များကို ပြင်ဆင်ရန် ပျော်ရွှင်စွာ ပြေးသွားခဲ့သည်။
နောက်နှစ်တွင် ထျန်းနျိုသည် လက်ထပ်တော့မည်ဖြစ်သည်။ သတို့သား၏ မိသားစု မြဲမြံမှုကြောင့် စောစောက လက်ထပ်ခဲ့ကြသည်။ နောက်ဆုံးတွင် မိသားစုနှစ်စုမှာ နှစ်သစ်ကူးမတိုင်ခင် မင်္ဂလာပွဲကို ကျင်းပရန် သဘောတူခဲ့ကြပါသည်။ အတိအကျပြောရလျှင် ဆယ်နှစ်လမြောက် ရက်နှစ်ဆယ်တွင် မင်္ဂလာဆောင်ရမည်ဖြစ်ပြီး ပြင်ဆင်ရန် တစ်လခွဲသာ လိုတော့သည်ဟု ဆိုသည်။ ထို့ကြောင့် အဒေါ်ထျန်းက သူ့သမီးလေး၏ မင်္ဂလာပွဲအတွက် ပျော်ရွှင်စွာ ပြင်ဆင်နေခဲ့သည်။
"အဒေါ်လောင် ကျေးဇူးပြုပြီး ရှီချွေ့ကို ဒီအဝတ်အစားလေးတွေ ပေးပေးပါ။" စုရွှေလျန် က ချွမ်းလန် ကို ချည်ကောင်းကောင်းဖြင့်လုပ်ထားသော ကလေးအဝတ်အစား နှစ်ခု၊ အစိမ်းရောင် ချယ်လှယ်ထားတဲ့ ကလေးသရေခံနှစ်ခုနှင့် ကျားဖိနပ်နှစ်ရံကို အဒေါ်လောင်ဆီ ယူသွားပေးရန် တောင်းဆိုခဲ့သည်။
"မဟုတ်ဘူးမဟုတ်ဘူးမဟုတ်ဘူး။ ရှောင်အာနဲ့ လုံက ငယ်သေးတယ်။ ဒါတွေက သူတို့အတွက်သုံးနိုင်သေးတယ်။ စိတ်မပူပါနဲ့ သူ့အတွက် ပြင်ဆင်ဖို့ အချိန်အများကြီး ကျန်ပါသေးတယ်။” အဒေါ်လောင်က သူမကမ်းလှမ်းချက်ကို ငြင်းဆိုရန် လက်ကို အဆက်မပြတ် ဝှေ့ယမ်းလိုက်သည်။
ထိုချည်သားအဝတ်အစား နှစ်ခုသည် အနည်းဆုံး ဆယ်ချီပြီး ကုန်ကျသင့်သည်။ သူတို့ကို လက်ခံဖို့ သူမ ဘယ်လို ထမ်းနိုင်မလဲ။
ရှီချွေ့၏ကလေးလေး တစ်လပြည့်အခမ်းအနားတွင် အထည်အသစ်ဖြင့်ပြုလုပ်မည့်ဝတ်စုံကိုသာအသုံးပြုလိမ့်မည်။ ကျန်သည့်အဝတ်အစားများမှာ သားနှင့်သမီးများငယ်စဉ်က ဝတ်ခဲ့သော အဝတ်အစားဟောင်းများဖြစ်သည်။ လေးကြီးပြင်းလာတိုင်း အဝတ်ကောင်းစေရန် ချည်သားကောင်းကောင်းအ၀တ်အသစ်များကို သုံးရန် မတတ်နိုင်ခဲ့ပေ။
"အဒေါ်လောင် အဲဒါတွေကို လက်ခံလိုက်ပါ။ ကျွန်မကိုယ်တိုင် လုပ်ထားတာ။ အထည်က တကယ်ကို ပျော့ပျောင်းတယ်။ နောက်ပြီး ရှောင်အာနဲ့ လုံအာသုံးဖို့ အဝတ်အစားတွေက လုံလုံလောက်လောက်ရှိသေးတယ်။" စုရွှေလျန်က ချွမ်းလန်ကို အဝတ်များယူပြီး အဒေါ်လောင် ဆီပေးခိုင်းကာ ထွက်သွားတော့မည်အချိန်တွင် ငြင်းဆန်ခဲ့သည်။
စုရွှေလျန်သည် လင်းရှောင် နှင့် လင်းလုံ အတွက် နောက်ထပ်ငါးနှစ်တာအတွက် အဝတ်အစား သို့မဟုတ် ဖိနပ်အသစ်များ ပြုလုပ်ရန် မလိုအပ်ကြောင်း စုရွှေလျန်က တွက်ချက်ခဲ့သည်။ သူတို့မမွေးခင်တွင် သူမသည် အမွှာများကို အသက်အရွယ်အမျိုးမျိုးအတွက် အဝတ်အစားပေါင်းများစွာ ပြင်ဆင်ခဲ့ပါတယ်။ ထို့အပြင် လျန်မော့မော့ ရောက်ရှိလာသောအခါ အဝတ်အစားများ ပြည့်နေသော ဗီရိုများစွာကို ယူဆောင်လာခဲ့သည်။ ကျင်းဝမ်ရယ်နှင့် ကျင်းဝမ်ဖေးတို့ အလည်လာသောအခါ ပို၍ပင် ယူဆောင်လာခဲ့သည်။
လင်းရှောင်နှင့် လင်းလုံတို့သည် အသက်ငါးနှစ်အထိ ၀တ်ဆင်ရန် လုံလုံလောက်လောက်ရှိနေသည်ဟု နှိမ့်ချသော တွက်ချက်မှုတစ်ခုဖြစ်သည်။
“ဒါ…” အဒေါ်လောင်က အနည်းငယ် တွန့်ဆုတ်နေသေးသည်။
စုရွှေလျန်က သူတို့ကို လက်ဆောင်များ အများကြီးပေးခဲ့ပြီဖြစ်သည်။ သူတို့အလည်လာတိုင်းလိုလို သူမဆီက လက်ဆောင်များ ရခဲ့ပါသည်။
ယခင်က လျန်မော့မော့သည် ချွမ်းလန်ကို ၎င်းတို့၏အိမ်သို့ ဘရိုကိတ်တစ်ဗူးဖြင့် ပို့ပေးခဲ့သည်။ လက်ခံရခက်သော်လည်း သူလက်မခံခဲ့လျှင် သူ့ချွေးမအကြီးဆုံးက အစားယူမှာဆိုတာ သူမသိခဲ့သည်။ ထို့ကြောင့် သူမနှင့် သူမ၏ခင်ပွန်းသည် နှစ်သစ်ကူးပွဲတော်အတွက် အဝတ်အစားအသစ်တစ်ခု ဖန်တီးခဲ့သည်။ သူ့မိခင်မိသားစုကိုလည်း ပြသရန် အခွင့်အရေးကောင်းဖြစ်သည်။
"ရှီချွေ့အတွက်ပဲလို့ သူမကပြောနေမှတော့ ယူသွားလိုက်ပါ။ ငါတို့က အိမ်နီးချင်းတွေပါ။ ကျေးဇူးဆပ်ဖို့ အခွင့်အလမ်းတွေ အများကြီးရှိပါတယ်။” အဒေါ်ထျန်းက အဒေါ်လောင်၏ တံတောင်ဆစ်ကို ပွတ်သပ်ကာ ပြုံးကာ ချော့လိုက်၏။ သူမသည် ရိုးရိုးသားသား ရိုးသားသူတစ်ယောက်ဖြစ်သည်။ သူမဘာလို့ တုံ့ဆိုင်းနေသေးတာလဲ။ အိမ်ပြန်ရောက်သည်နှင့် သူ့ကျေးဇူးကို ပြန်ဆပ်ရန် လတ်ဆတ်သည့် အစားအစာများကို ထုပ်ပိုးပေးနိုင်ပါသည်။
"အဲဒါ အဒေါ်ထျန်း ပြောသလိုပါပဲ၊ ကျွန်မတို့က အိမ်နီးချင်းတွေအဖြစ် အချိန်အကြာကြီး ပျော်ရွှင်စွာ တည်ရှိနေမှာပဲ" စုရွှေလျန် ပြုံးလိုက်သည်။
ထို့နောက်တွင် စုရွှေလျန်သည် ချွမ်းလန်အား လက်ဝတ်ရတနာသေတ္တာမှ ထွင်းထုထားသော ငွေရောင် ဖီးနစ်လက်ကောက်များကို ထုတ်ယူရန် တောင်းဆိုခဲ့သည်။ ပိုးလက်ကိုင်ပုဝါဖြင့် ထုပ်ပြီး အဒေါ်ထျန်းကို ပေးလိုက်သည်။ " ထျန်းနျိုကလက်ထပ်တော့မှာဆိုတော့ သူမအတွက် ဒါကို မင်္ဂလာဆောင်လက်ဆောင်အဖြစ် ပေးချင်တယ်"
"ဒါပေမယ့်... ဒါတွေက များလွန်းတယ်" အဒေါ်ထျန်းသည် တန်ဖိုးကြီးသော ငွေစင်လက်ကောက်တစ်ရံဖြစ်ကြောင်း ချက်ချင်းသိလိုက်သောအခါ ပြောလိုက်သည်။
"ဟုတ်ပြီ ထျန်းနျိုက ကြွေကြိုက်တာကို မှတ်မိသေးတယ်... ချွမ်းလန် မင်း မြေအောက်ခန်းကိုသွားပြီး သင့်တော်တဲ့ကြွေပန်းအိုးကို သွားရှားပေးနိုင်မလား။ အဲဒါကို ထျန်းအိမ်ဆီ ဂုဏ်ပြုလက်ဆောင်အနေနဲ့ ယူသွားပေးလိုက်"
"ဟုတ်ကဲ့ သခင်မလေး။ ကျွန်မတို့မှာ ကံကောင်းတဲ့ နဂါးနဲ့ ဖီးနစ် အလှဆင်ထားတဲ့ ပန်းအိုးတစ်လုံးရှိတယ်ဆိုတာ ချွမ်းလန် မှတ်မိတယ်။ အခုသွားရှာကြည့်လိုက်မယ်"
"ဒါဆို အရမ်းကောင်းတယ်။" စုရွှေလျန် က ခေါင်းညိတ်ပြပြီး ချွမ်းလန် အား မင်္ဂလာလက်ဆောင်ပေးရန် ပန်းအိုးကောင်းကောင်းရှာရန် အချက်ပြလိုက်သည်။
မြေအောက်ခန်းထဲတွင် ကြွေထည်များ အများကြီးရှိခဲ့သည်။ အချို့က ရှေးကျပြီး အလွန်အဖိုးတန်သော်လည်း အချို့မှာ ပန်းများကို ကိုင်ဆောင်ထားနိုင်သည်။ ချည်ထူထူဖြင့် ထုပ်ပြီး သစ်သားသေတ္တာကြီးထဲတွင် ထည့်ထားသော ဆယ့်ငါး/ဆယ့်ခြောက်တွဲခန့်ရှိသည်။
အိမ်သစ်သို့ ပြောင်းရွှေ့သောအခါတွင် ဖုန်းချင်းယာကြောင့် ကျိုးပဲ့ကုန်သောပစ္စည်းများနေရာတွင် အစားထိုးရန်အတွက် ရိုးရှင်းသော အဖြူရောင် ပန်းအိုးလေးတွဲကို သူမ ရွေးချယ်ခဲ့သည်။
“သမီးလေး…” အဒေါ်ထျန်းသည် ရိုးရိုးသားသား ဖြစ်သော်လည်း ယခု သူမသည် ရှက်ရွံ့စွာ ခံစားလာရသည်။
ထိုအရာများသည် တကယ့်ကြွေများဖြစ်သည်။ ချမ်းသာသူများသာ တတ်နိုင်သော အလှဆင်ပစ္စည်းများဖြစ်သည်။
မြို့ထဲတွင်တွေ့ခဲ့ရသော ကြွေထည်ပစ္စည်းများက အောက်ခြေအဆင့်သာဖြစ်သည်။ သို့သော်လည်း ၎င်းတို့ကို ရာနှင့်ချီသော စျေးနှုန်းဖြင့်သာ ရောင်းချခဲ့ပြီး ပန်းအိုးအဖြစ်သာ အသုံးပြုခဲ့သည်။
ထို့ကြောင့် ထျန်းနျိုသည် သူမ၏ ခန်းဝင်ပစ္စည်းအဖြစ် တစ်စုံဝယ်ချင်သော်လည်း သူ့အမေက သူမကို တားလိုက်သည်။ ကြွေပန်းအိုးများဝယ်ရန် ခွဲထွက်ရမည့်ငွေက ကိုက်များစွာရှိသော ချည်ထည်ကောင်းအသစ်ကို ဝယ်ရန် လုံလောက်လိမ့်မည်ဖြစ်သည်။
"အဒေါ်ထျန်း၊ ထျန်းနျိုက ကြွေအိုးတွေကို ချစ်တယ်ဆိုတာ ကျွန်မသိပါတယ်။ ဒီကြွေပန်းအိုးတွေကို ကျွန်မပေးလိုက်ရင် သူ့အိမ်အသစ်ကို အလှဆင်ပေးလိမ့်မယ်။" စုရွှေလျန်က ပြုံးပြီး အဒေါ်ထျန်းကို နှစ်သိမ့်လိုက်သည်။
ထျန်းနျိုသည် ရှီချွေ့နှင့် ကွဲပြားသည်။ ရှီချွေ့သည် တိတ်ဆိတ်နေသော်လည်း သူမတွင် အလွန်ကောင်းမွန်သော ပန်းထိုးနည်းများရှိသည်။ ပြီးနောက် ထျန်းနျိုက ရိုးသားပြီး ရက်ရောသည့် အဒေါ်နှင့်တူပါသည်။ သူမသည် ချယ်လှယ်ခြင်းကို မကြိုက်သော်လည်း ပန်းများ၊ အပင်များ စသည်တို့ကို ကောက်ကိုင်ရတာ နှစ်သက်သည်။ စုရွှေလျန်ဆီ အလည်လာတိုင်း သူမသည် စားပွဲပေါ်ရှိ ကြွေပန်းအိုးကို ထိုင်ကာ သဘောကျနေတက်သည်။ သူမသည် စုရွှေလျန်၏ပန်းအိုးများတွင်ထည့်ရန် အခြားအိမ်နီးနားချင်းများ၏ ဥယျာဉ်မှ ရာသီအလိုက်ပန်းများယူလေ့ရှိသည်။
နောက်ဆုံးတွင် အဒေါ်ထျန်းမှာ စုရွှေလျန်ကို မတားနိုင်ခဲ့ပါ။ သူမသည် ချွမ်းလန်ထံမှ မင်္ဂလာရှိသော 'နဂါး၊ ဖီးနစ်၊ နှင့် အနီရောင်ပန်းပွင့်' ပန်းအိုးအဖြူတစ်စုံကို ရရှိခဲ့သည်။ သူမက သူတို့ကို သိပ်သဘောကျခဲ့သည်။ ချောမွတ်သော မျက်နှာပြင်ကို ပွတ်သပ်ကာ ခံစားရသဖြင့် သူမက "ရွှေလျန် ဒါက... တ ကယ်စျေးကြီးတာမဟုတ်ဘူးလား" ဟု မေးလိုက်သည်။
"စျေးကြီးသည်ဖြစ်စေ မကြီးသည်ဖြစ်စေ ပန်းတွေကို ခင်းကျင်းပြသဖို့ပဲလေ။ ထျန်းနျိုက သူတို့ကို သဘောကျသရွေ့တော့ သူတို့က တန်နေပြီလေ" စုရွှေလျန် သည် အဒေါ်ထျန်း ကို နှစ်သိမ့်ပေးရင်း ခေါင်းယမ်းလိုက်သည်။ ဤ ဖန်းဟွာ မြို့တွင် သူမနှင့် အမှန်တကယ်ရင်းနှီးသော မိသားစု နှစ်ခု သို့မဟုတ် သုံးခုသာရှိသည်။
ယခု သူမသည် သူမ၏ မီးဖွားပြီးကာလတွင်ရှိ၍ ထျန်း၏မင်္ဂလာပွဲအတွက် ရွေးချယ်ထားသော လက်ဆောင်များကို အပြင်ထွက်မ၀ယ်နိုင်ခဲ့ပါ။ စုရွှေလျန်သည် ထျန်းနျိုကိုပေးရန်အတွက် သူမ၏မိဘများထံမှပေးပို့ထားသည့်အရာတစ်ခုကိုသာ ရွေးချယ်နိုင်ခဲ့သည်။ ထျန်းနျိုသည် ဤလှပသော ပန်းအိုးမျိုးများကို အမှန်တကယ် နှစ်သက်ကြောင်း သိလိုက်ရသည်မှာ ဝမ်းသာစရာပင်ဖြစ်သည်။
***