← Chapters

ထိုက်ယီ

Vol. 114 Ch. 1491

ထိုက်ယီ

Vol. 114 Ch. 1491

“မတားနိုင်ရင် ဘာဖြစ်မှာလဲ”

ဝေစွေ့ဖုန်းက ထိုက်ယီ၏ နောက်ကျောမှ လှမ်းအော်သည်။ “ခင်ဗျားက ကျွန်‌တော်တို့နောက်ကို မြေပုံအတိုင်း လိုက်လာခဲ့တာမလား…. ကျွန်တော်တို့လည်း ခင်ဗျားနောက်က လိုက်ခဲ့မယ် … မြို့အပြင်မှာ ကျွန်တော်ထားခဲ့တဲ့ မြေပုံတစ်ခု ရှိတာပဲလေ…”

ထိုက်ယီက ပြန်လှည့်မကြည့်သော်လည်း သူ့အသံက ထွက်ပေါ်လာသည်။ “ငါ သူ့ကို မတားနိုင်ရင် ကိုယ့်ကံကိုယ်သာ အားကိုးကြတော့”

ဝေစွေ့ဖုန်းနှင့် ရှုကျွင်းနှစ်ယောက်လုံးမှာ ကြက်သီးမွေးညှင်းများ ထသွားပြီး ထိုက်ယီပြန်လာမည်ကိုသာ ထိုနေရာ၌ ရိုရိုကျိုးကျိုး စောင့်နေကြတော့သည်။

ထိုက်ယီက မီလော့နန်းတော်၏ တံခါး၀ရှေ့သို့ ရောက်လာ၏။ တံခါးက ပွင့်မလာခဲ့သည်မှာ အချိန်အတော်ကြာနေသကဲ့သို့ ချောင်နေပြီး တကျွီကျွီ မြည်သံဖြင့် အလိုအလျောက် ပွင့်သွားသည်။

တံခါးထဲတွင် နားလည်ရန် ခက်သော ကမ္ဘာဦးဖရိုဖရဲချီများ စုဝေးနေသည့်အတွက် တံခါးပွင့်လာသည်နှင့် ကမ္ဘာဦးဖရိုဖရဲချီစွမ်းအင်တို့က တံခါးထံမှ ပြေးထွက်လာ၏။ ကမ္ဘာဦးဖရိုဖရဲချီစွမ်းအင်သည် အသက်ဓာတ်တို့ဖြင့် ပြည့်နှက်နေသော ခံစားချက်ကို ပေးစွမ်းနေသည်။ ဝေစွေ့ဖုန်းနှင့် ရှုကျွင်းတို့ ကျင့်ကြံထားသော မဟာာတာအိုတို့ကို လှုပ်ရှားကာ တာအိုအသံများ ထွက်ပေါ်‌လာစေ၏။

တစ်ချိန်တည်းမှာပင် ဤချီစွမ်းအင်ထဲ၌ လေးလံသော သေခြင်းအရှိန်အဝါတို့လည်း ကိန်းအောင်းနေသည်။ ‌သေခြင်းအရှိန်အဝါမှာ အားကောင်းပြင်းထန်လွန်းသည့်အတွက် သူတို့၏မဟာာတာအိုများကိုပင် ကြောက်ရွံ့လာစေ၏။ အနည်းငယ်လေး ထိလိုက်ရုံဖြင့် မဟာတာအိုတို့မှာ ညှိုးခြောက်သွားတော့မည့်အလားပင်။

သေခြင်းအရှိန်အဝါမှာ အလွန်တရာ ကြောက်မက်ဖွယ်ကောင်းလှသည်။ စကြ၀ဠာ ၁၆ ခု ပျက်စီးခဲ့စဉ် ပုပ်သိုးသွားခဲ့သော ချီစွမ်းအင်များ အတူတကွ စုဝေးနေကြသည့်အလားပင်။ သေခြင်းအရှိန်အဝါ ထွက်ပေါ်လာသည့်အချိန်တွင် သူတို့၏သက်တမ်းများ အလျင်အမြန် လျော့ကျလာနေသလို ခံစားလိုက်ရ၏။

ထိုက်ယီက အင်္ကျီလက်စကို လွှဲရမ်းလိုက်ရင်း သူတို့ထံ ပြေး၀င်လာနေသော ကမ္ဘာဦးဖရိုဖရဲချီစွမ်းအင်တို့ကို လွင့်ပြယ်သွားစေသည်။ သူက မီလော့နန်းတော်ထဲ ၀င်ရောက်၍ ကမ္ဘာဦးဖရိုဖရဲချီများထဲ ၀င်ရောက်ပျောက်ကွယ်သွားတော့၏။

ဝေစွေ့ဖုန်းနှင့် ရှုကျွင်းတို့မှာ တံခါးဆီသို့ လှမ်းကြည့်လိုက်ကြသည့်အခါ ကမ္ဘာဦးဖရိုဖရဲချီတို့ အလွန်တရာ ထူထပ်သိပ်သည်းနေကြောင်း တွေ့လိုက်ကြရသည်။ နန်းတော်ထဲရှိ ပလ္လင်ပေါ်တွင် ခပ်ဝါးဝါး ပုံရိပ်တစ်ခု ထိုင်နေပြီး ထိုက်ယီ ရောက်လာမည်ကို တိတ်ဆိတ်စွာ စောင့်ဆိုင်းနေသည်။

သူတို့မှာ အနီးကပ်ကြည့်ရှုချင်သော်လည်း တံခါးက ကျွီခနဲ မြည်ကာ ပြန်ပိတ်သွားလေသည်။

သူတို့နှစ်ယောက်သား တိတ်ဆိတ်ငြိမ်သက်စွာ စောင့်ဆိုင်းနေကြသည်။ ကျောက်စိမ်းမြိုတော်၏ ‌ဤနေရာအပိုင်းမှာ ဗလာကျင်းနေ၏။ လမ်းတလျှောက် မြင်လာခဲ့ရသည့် တာအိုသစ်ပင်များကိုပင် မတွေ့ရတော့ပေ။ တိတ်ဆိတ်လွန်းသဖြင့် ကြောက်စရာပင် ကောင်းနေချေသည်။

ရှုကျွင်းက မနေနိုင်သဖြင့် ပတ်ဝန်းကျင်အား လိုက်ကြည့်ကာ စပ်စုနေ၏။ ဤနေရာရှိ အဆောက်အဦးများတွင် ထူးဆန်းသော တံဆိပ်များ ခတ်နှိပ်ထားကြောင်း သူ တွေ့လိုက်ရသည်။ ၎င်းတို့ကား ယနေ့ခေတ်တွင် တည်ရှိသည့် မဟာတာအိုတံဆိပ်များနှင့် မတူညီပေ။ အလွန်တရာ ခမ်းနားတင့်တယ်လှပသဖြင့် ကြည့်ရှုသူတိုင်းအား အံ့သြပင့်သက်ရှိုက်သွားစေနိုင်၏။

သူက အနီးကပ် ကြည့်ချင်သော်လည်း ဝေ‌စွေ့ဖုန်းက ဆွဲထားသည်။

“နတ်ဘုရင်၊ ထိုက်ယီက ဒီတောင်ဝှေးကို ထားခဲ့တယ်… ဒါက ပိုပြီး နက်နဲတဲ့အဓိပ္ပာယ် ရှိရမယ်… ဒီတောင်ဝှေးနားပဲ နေပြီး အဝေးကြီးရောက်အောင် မသွားကြစို့” ဝေစွေ့ဖုန်းက သတိပေးသည်။

ရှုကျွင်း တောင်ဝှေးကို ကြည့်ကာ ခေါင်းညိတ်ပြီး ချီးကျူးလိုက်သည်။ “ဂိုဏ်းသခင်ဟောင်းဝေက တကယ်ကို ဗဟုသုတကြွယ်ဝတာပဲ”

သူတို့နှစ်ယောက်မှာ တစ်ခဏကြာသည်အထိ တိတ်ဆိတ်စွာ စောင့်နေကြသည်။ နောက်ဆုံးတော့ ဝေစွေ့ဖုန်းလည်း မနေနိုင်သဖြင့် ပတ်ဝန်းကျင်ရှိ အဆောက်အဦးများမှ တာအိုသင်္ကေတများကို လှမ်းကြည့်လိုက်သည်။ တစ်ချက်မျှ ကြည့်ရုံဖြင့် တာအိုသင်္ကေတများထဲတွင် အဆုံးမရှိသော ဆန်းကြယ်မှုများ ကိန်းဝပ်နေကြောင်း သတိထားမိလိုက်လေသည်။

တာအိုအမှတ်အသားများက မရှုပ်ထွေးသော်လည်း ၎င်းတို့ကို တွေ့မြင်ရသူအပေါ် မူတည်၍ မတူညီသောအရာများကို သိမြင်နားလည်ကြသဖြင့် အံ့အားသင့်ဖွယ်ရာ ကောင်းလှသည်။

“သတ္တိမွေးပြီးတော့ အနီးကပ် သွားကြည့်ကြရအောင်လား” ဝေစွေ့ဖုန်းက အကြံပေး၏။

ရှုကျွင်းကလည်း ခေါင်းတဆတ်ဆတ်ညိတ်သည်။ “အကြံကောင်းပဲ… သွားကြည့်ကြစို့”

သူတို့နှစ်ယောက်သား တာအိုအမှတ်အသားများ‌၏ ဘေးသို့ ရောက်လာကြ၏။ ရှုကျွင်းက ကြေးမုံတစ်ချပ် သုံး၍ တာအိုအမှတ်အသားများအား ၎င်းအပေါ်တွင် ရောင်ပြန်ဟပ်ရန် ကြိုးစားနေသည်။ ကြေးမုံမှာ ချင်မူ ပန်းချီနတ်ဘုရားနားကန်း၏ ပန်းချီပညာနှင့်အတူ ဖန်တီးထားသော ရတနာ ဖြစ်လေသည်။ ကြေးမုံထဲတွင် ကောင်းကင်နှင့် မြေကြီး တည်ရှိပြီး ၎င်းကို အသုံးပြု၍ ကြည့်လိုက်ပါက ပုံတူပုံရိပ်တစ်ခုသည် မှန်ထဲတွင် ပေါ်လာလိမ့်မည်။ ၎င်းက အလွန်တရာ လေးနက်ဆန်းကြယ်၏။

ချင်မူသည် ဤအရာကို သုံး၍ ကျောက်ယန်ခန်းမမှ ချိပ်တံဆိပ်များစွာအား ကူးယူပြီး ကျောက်ယန်ခန်းမထဲ ဝင်ရောက်ခဲ့သည်။ ဤနည်းလမ်းဖြင့် ရှေးဟောင်းနတ်ဘုရားတို့၏ မဟာတာအိုသင်္ကေတတို့ကိုလည်း ကူးယူကာ လေ့လာနိုင်ခဲ့သည်။

ချင်မူက ဤနတ်ကြေးမုံအား သွန်းလုပ်သည့် နည်းလမ်းကိုလည်း ထာဝရငြိမ်းချမ်းရေးအင်ပါယာထံ လွှဲပြောင်းပေးခဲ့သောကြောင့် ပန်းချီအရာတွင်ကျွမ်းကျင်ကြသည့် ကောင်းကင်နတ်သိုင်းပညာရှင်တို့သည် ဝမ်းရေးအတွက် လုပ်ကိုင်စားသောက်ကြ၏။ သူတို့က နတ်ကြေးမုံများအား ဖန်တီး၍ အခြားသူများကို ပြန်လည်ရောင်းချသည်။ ၎င်းကို ကောင်းကင်မြေပြင်ကြေးမုံဟု ခေါ်ပြီး ကောင်းကင်နှင့်မြေကြီးကို ထိန်းသိမ်းထားနိုင်သည်ဟု အဓိပ္ပာယ်ရ၏။

ရှုကျွင်းက ကောင်းကင်မြေပြင်ကြေးမုံကို သုံးလျက် မီလော့နန်းတော်ရှိ တာအိုသင်္ကေတများအား ကြည့်ရှုနေသည်။ ကြေးမုံထဲရှိ တာအိုသင်္ကေတပုံရိပ်သည် တဖြည်းဖြည်း အသေးစိတ်အချက်အလက်များကို ဖော်ထုတ်ပေးနေပြီး အသေးစိတ်ကျလေလေ ပို၍လျင်မြန်စွာ ပေါ်လာလေလေဖြစ်ရာ အံ့ဩဖွယ်ကောင်းပေသည်။

ရှုကျွင်းမှာ မျက်နှာအနည်းငယ်ပျက်သွားသည်။ ကောင်းကင်မြေပြင်ကြေးမုံထဲတွင် ပေါ်လာခဲ့သည့် အသေးစိတ်အချက်အလက်များသည် တခဏအတွင်း ကြေးမုံထဲရှိ ကောင်းကင်နှင့်မြေကြီးတွင် ပြည့်နှက်သွားချေပြီ။

ရုတ်တရက် ခွမ်းခနဲ အသံတစ်ချက် ပေါ်ထွက်လာပြီး ကောင်းကင်မြေပြင်ကြေးမုံမှာ နှစ်ခြမ်းကွဲသွားတော့သည်။ တာအိုအမှတ်အသားများတွင် ပါဝင်သော အဆုံးမရှိသည့် အသေးစိတ်အချက်အလက်တို့ကား ပြန်ထွက်သွားကြတော့သည်။

ရှုကျွင်း၏နှလုံးသားမှာ အတောမသတ်နိုင်အောင် နာကျင်ခံစားနေရသည်။ မီလော့နန်းတော်၏ တာအိုအမှတ်အသားလေးတစ်ခုကတင် ကြေးမုံ၏ ကောင်းကင်နှင့်မြေကြီးကို အက်ကွဲသွားစေ၏။ မရေမတွက်နိုင်သော တာအိုအမှတ်အသားများ ရှိနေသော်လည်း ကြည့်သာ ကြည့်နေနိုင်ပြီး တစ်ခုတလေကိုမှ မရယူနိုင်သည့် အဓိပ္ပါယ်မဟုတ်ပါလော။

‌ဝေစွေ့ဖုန်းက ခပ်ဟဟ ရယ်လိုက်ရင်း စကြ၀ဠာကြေးမုံတစ်ချပ်ကို ထုတ်လိုက်သည်။ “နတ်ဘုရင် ထာဝရငြိမ်းချမ်းရေးအင်ပါယာကို ပြန်လာခဲ့တာ ဘယ်လောက်ကြာခဲ့ပြီလဲ…. တန်ခိုးရှင်ပန်းချီဆရာနဲ့ မတွေ့ရသေးဘူးမလား… ဒီကြေးမုံဆိုရင် သူကိုယ်တိုင် သွန်းလုပ်‌ပေးထားတာ”

“တန်ခိုးရှင်ပန်းချီဆရာ ကိုယ်တိုင် သွန်းလုပ်ပေးထားတာတဲ့လား”

ရှုကျွင်း၏ မျက်နှာထက်တွင် အားကျသော အရိပ်အယောင်များ ဖြတ်ပြေးသွားသည်။ ဝေစွေ့ဖုန်း ပြောသည် တန်ခိုးရှင်ပန်းချီဆရာမှာ နားကန်းပင် ဖြစ်၏။ သူသည် သူ၏ ပန်းချီစွမ်းရည်ဖြင့် ပန်းချီတာအိုကို ဝင်ရောက်နိုင်ခဲ့ပြီး ပန်းချီလမ်းစဉ်ကောင်းကင်နန်းဆောင်ကို ကျင့်ကြံနိုင်ခဲ့သည်။

“ကျွန်တော့်ညီလေးလည်း ပန်းချီတာအိုကို သူ့ဆီကနေ သင်ယူထားတာလေ… သူတောင် ပန်းချီဆရာရဲ့ အစွမ်းအစတွေရဲ့ သုံးဆယ်ကနေ လေးဆယ်ရာခိုင်နှုန်းလောက်အထိပဲ သင်ယူနိုင်ခဲ့တာ”

ဝေစွေ့ဖုန်းက စကြဝဠာကြေးမုံကို ထုတ်ကာ နံရံပေါ်ရှိ တာအိုအမှတ်အသားများအား ကြည့်လိုက်သည်။ သူက အေးအေးလူလူ ဆက်ပြောနေ၏။ “ကျွန်တော် သူနဲ့ တွေ့ခဲ့တုန်းက တာအိုဒဿနတက္ကသိုလ်မှာ စာသင်ကြားပေးဖို့ သူ့ကို သွားဖိတ်တာလေ… အဲဒါနဲ့ တွေ့လက်စ မထူးဘူးဆိုပြီး အရှက်ကို နောက်ထားပြီး ကောင်းကင်မြေပြင်ကြေးမုံနှစ်ချပ် သွန်းလုပ်ပေးဖို့ တောင်းဆိုခဲ့တယ်… ဒီကောင်းကင်မြေပြင်ကြေးဘုံမှာ ကောင်းကင်နဲ့မြေကြီး ပါသလို… သူ့ပန်းချီတာအိုမှာလည်း ကောင်းကင်ဘုံအလွှာတွေ ရှိတယ်… ဒါက ခင်ဗျားရဲ့ကြေးမုံ နှိုင်းယှဉ်နိုင်တဲ့အရာ မဟုတ်ဘူး ... အဲဒါကြောင့်ပဲ စကြဝဠာကြေးမုံလို့‌ ခေါ်တာ”

ရှုကျွင်းလည်း အသေအချာကြည့်လိုက်ရာ နားကန်းကိုယ်တိုင် သွန်းလုပ်‌ပေးထားသော ကောင်းကင်မြေပြင်ကြေးမုံသည် အဆုံးမရှိသော တာအိုသင်္ကေတအသေးစိတ်များကို ပြသနေသည်အား တွေ့လိုက်ရသည်။ ဤတာအိုအမှတ်အသားများ၏ အသေးစိတ်အချက်အလက်များက ကြေးမုံထဲရှိ ကောင်းကင်နှင့် မြေကြီးထဲတွင် ပြည့်နှက်သွားပေတော့မည်။

“ဆက်မလုပ်နဲ့တော့… ကွဲသွားလိမ့်မယ်”

ရှုကျွင်း ထိုသို့ပြောလိုက်သည့်အခိုက်အတန့်မှာပင် နောက်ထပ် ကောင်းကင်မြေပြင်ကြေးမုံတစ်ချပ်က ပေါ်ထွက်လာကာ ထိုတာအိုအမှတ်အသား၏ အဆုံးမရှိသော အသေးစိတ်အချက်အလက်များကို ဆက်လက်ရောင်ပြန်ဟပ်နေ၏။

တခဏကြာသော် ကြေးမုံထဲတွင် အလွှာ ၁၈ ခုဖြင့် ပြည့်နှက်သွားပြီး ထို ၁၈ လွှာလုံးသည် တာအိုအမှတ်အသားများ၏ အသေးစိတ်အချက်အလက်များဖြင့် ပြည့်နှက်နေချေပြီ။

သို့တိုင်အောင် တာအိုအမှတ်အသား၏ အသေးစိတ်အချက်အလက်များမှာ အပြည့်အဝ ပေါ်မလာကြသေးပေ။

ဝေစွေ့ဖုန်း၏ မျက်နှာအမူအရာက အနည်းငယ်ပြောင်းလဲသွားပြီး နားကန်း သွန်းလုပ်ပေးထားသော နောက်ထပ်စကြ၀ဠာကြေးမုံတစ်ချပ်ကို ထုတ်လိုက်သည်။ ထို့နောက် စကြ၀ဠာကြေးမုံပေါ်တွင် ရောင်ပြန်ဟပ်စေသည်။

စကြ၀ဠာကြေးမုံနှစ်ချပ်က တစ်ခုပေါ်တစ်ခု ရောင်ပြန်ဟပ်နေကြပြီး ချက်ချင်းဆိုသလို ကြေးမုံနှစ်ချပ်ထဲတွင် ကြေးမုံများ ပေါ်လာကြ၏။ တခဏအတွင်း စကြ၀ဠာကြေးမုံနှစ်ချပ်ထဲတွင် မရေမတွက်နိုင်သော စကြ၀ဠာကြေးမုံပုံရိပ်များ ပေါ်လာကြသည်။

ထူးဆန်းသည်က ကြေးမုံပုံရိပ်တစ်ခုစီတိုင်းတွင် အလွှာ ၁၈ လွှာ ပါရှိနေခြင်းပင်။ တာအိုအမှတ်အသား အသေးစိတ်အချက်အလက်များ မည်မျှပင်ပါဝင်ပါစေ မရေမတွက်နိုင်သော ကြေးမုံများတွင် မပြည့်နိုင်ဖြစ်နေသေးသည်။

“တန်ခိုးရှင်ပန်းချီဆရာက တကယ်ကို အံ့သြဖို့ကောင်းတာပဲ”

ရှုကျွင်းက မျက်လုံးများ ပြူးကျယ်နေပြီး ကြေးမုံပုံရိပ်များ မီလော့နန်းတော်မှ တာအိုအမှတ်အသားများကို အဆက်မပြတ် ကူးယူနေသည့်အား ကြည့်နေသည်။ အသေးစိတ်အချက်အလက်များ ပိုမိုပါဝင်လေလေ ကြေးမုံထဲတွင် ပို၍နေရာယူလေလေဖြစ်၏။

သူတို့နှစ်ယောက်လုံး ခေါင်းနပန်းကြီးလာကြသည်။ မီလော့နန်းတော် တာအိုအမှတ်အသားများတွင် ပါဝင်သည့် အသိပညာတို့က အတော်လေး ကျယ်ပြောနက်နဲ၏။ သူတို့ထင်ထားသည်ထက်ပင် များစွာသာလွန်နေသည်။

“တန်ခိုးရှင်ပန်းချီဆရာရဲ့ စွမ်းရည်ကို အထွတ်အထိပ်အထိ ကျင့်ကြံလိုက်မယ်ဆိုရင် နတ်ဘုရင်ကုန်းယွင်ရဲ့ ပုံရိပ်ယောင်ထက်တောင် သာလွန်လိမ့်ဦးမယ်” ရှုကျွင်းက ခပ်တိုးတိုး ရေရွတ်လိုက်သည်။

နောက်ဆုံးတွင် ကြေးမုံပေါ်၌ မည်သည့်အသေးစိတ်အချက်အလက်မှ ပေါ်မလာတော့ပေ။ ကြေးမုံတချပ်၏ အောက်ခြေတွင် သင်္ကေတတံဆိပ်တစ်ခု ပေါ်လာ၏။

ဤသင်္ကေတတံဆိပ်မှာ မီလော့နန်းတော် တာအိုအမှတ်အသားများ၏ ပင်မအက္ခရာဖြစ်သည်။

ရှုကျွင်းနှင့် ဝေ‌စွေ့ဖုန်းက တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်မိကြသည်။ ကြေးမုံများ များပြားလွန်းသဖြင့် သင်္ကေတတံဆိပ်ကို ရှင်းလင်းပြတ်သားစွာ မမြင်ရပေ။

“သင်္ကေတတံဆိပ်ပေါ်က အသေးစိတ်အချက်အလက်တွေကို တွေ့မြင်နိုင်ဖို့ တန်ခိုးရှင်ပန်းချီဆရာကို မေးမှဖြစ်မယ်”

ဝေစွေ့ဖုန်းက ကြေးမုံနှစ်ချပ်ထဲရှိ မြင်ကွင်းကို အသေအချာ အကဲခတ်နေသည်။ သူ၏မျက်လုံးထောင့်စွန်းများ တွန့်သွား၏။ ကြေးမုံများထဲတွင် ကြေးမုံဘယ်လောက်များများ တည်ရှိနေမှန်း မရေတွက်နိုင်တော့ပေ။

ရှုကျွင်းလည်း မရေတွက်နိုင်ပေ။ သူ၏နဖူးမှ ချွေးသီးချွေးပေါက်များ စီးကျလာ၏။

ကောင်းကင်နတ်သိုင်းများနှင့် တာအိုသိုင်းကွက်တို့၏ ကျင့်ကြံခြင်းအဆင့်များကို သူတို့သိထားကြသည်။

ကောင်းကင်နတ်သိုင်းများနှင့် တာအိုသိုင်းကွက်များကို ကျင့်ကြံရာတွင် ပထမဆုံး မဟာတာအို၏ သင်္ကေတများကို နားလည်ရန် လိုအပ်၏။ မဟာတာအိုသင်္ကေတများက ကောင်းကင်နတ်သိုင်းများနှင့် တာအိုသိုင်းကွက်များကို ဖော်ဆောင်ပေး၏။ လုံလုံလောက်လောက် နားလည်ထားပါက မဟာတာအိုသင်္ကေတများကို စုစည်း၍ တာအိုအမှတ်အသားများအဖြစ် ကျင့်ကြံနိုင်ပေသည်။

တာအိုအမှတ်အသားများမှာ မဟာတာအိုဆန်းကြယ်မှုများ ကိန်းအောင်းနေသော မဟာတာအိုအမှတ်အသားများ ဖြစ်ကြ၏။

တာအိုအမှတ်အသားများကိုသုံး၍ ကောင်းကင်နတ်သိုင်းများ၊ တာအိုသိုင်းကွက်များကို ဖော်ဆောင်ခြင်းက သာမန်ထက်ပို၍ပင် စွမ်းအားကြီးပေသည်။

ပြောရလျှင် တာအိုအဆင့်ကောင်းကင်နတ်သိုင်းများမှာ များသောအားဖြင့် တာအိုအမှတ်အသားများဖြင့်သာ ဖွဲ့စည်းထားကြသည်။

သို့သော် တာအိုအမှတ်အသားများက ထိပ်ဆုံးအဆင့် မဟုတ်ပေ။ တာအိုအမှတ်အသားများကို ကျင့်ကြံပြီးနောက် ၎င်းတို့ကို သုံးကာ မဟာတာအိုနိယာမများ ဖွဲ့တည်၍ နယ်‌ပယ်များ ဖော်ဆောင်နိုင်ကြသည်။

နယ်ပယ်တစ်ခု ဖော်ဆောင်ခြင်းက နိယာမများကို ဖမ်းဆုပ်ရန် ဖြစ်သည်။ ဤအချိန်တွင် မဟာတာအိုကို ဖမ်းဆုပ်ရန် မဟုတ်တော့ပေ။

မဟာတာအိုနိယာမ ဟုခေါ်ရခြင်းမှာ မဟာတာအိုသည် နိယာမများ၏အထက်တွင် တည်ရှိသောကြောင့်ဖြစ်၏။

အခြားနည်းဖြင့်ပြောရလျှင် နယ်ပယ်တစ်ခုသည် မဟာတာအို၏ အစိတ်အပိုင်းတစ်ခုသာ ဖြစ်သည်။

ခိုင်ဧကရာဇ်၏ ဓားတာအိုနယ်ပယ်သည် ကောင်းကင်ဘုံ ၃၅ လွှာအထိ ရောက်ရှိပြီးဖြစ်၏။ ဓားသိုင်းကွက်တစ်ခုတည်းဖြင့် ဓားနယ်ပယ်အလွှာ ၃၅ လွှာက တစ်ခုနှင့်တစ်ခု ထပ်သွားကြသည်။ ဓားနယ်ပယ်၏ အလွှာတစ်ခုချင်းစီက ကွဲပြားပြီး မတူညီသော နိယာမများကို ရှင်းလင်းပြသပေး၏။

ဓားတာအို၏ ကောင်းကင်ဘုံ ၃၅ ဘုံအထိ ကျင့်ကြံပြီးမှသာ တာအိုရရှိသည်ဟု သတ်မှတ်၍ရနိုင်ပေသည်။

ယခုတွင်တော့ မီလော့နန်းတော်နံရံပေါ်မှ တာအိုအမှတ်အသားလေးတစ်ခုသည် ရှုပ်ထွေးနက်နဲ၍ အသေးစိတ်ကျသော တည်ဆောက်ပုံတစ်ခုကို ထုတ်ဖော်နေ၏။ ၎င်းက အဆုံးမရှိလုနီးပါးဖြစ်ပြီး နံရံပေါ်တွင် မတူညီသော တာအိုအမှတ်အသားများက မရေမတွက်နိုင်အောင် နေရာယူထားကြသည်။

မီလော့နန်းတော်အရှင်သခင်၏ အောင်မြင်မှုများ မည်မျှနက်နဲလိမ့်မည်ကို ဝေစွေ့ဖုန်းနှင့် ရှုကျွင်း တွေးပင်မတွေးရဲကြပေ။

ဝေစွေ့ဖုန်းက ဩရှရှလေသံဖြင့် ပြော၏။ “မီလော့နန်းတော်အရှင်သခင်က ထိုက်ယီ ရင်ဆိုင်နိုင်တဲ့ ပုဂ္ဂိုလ်တစ်ယောက်ရော ဟုတ်လို့လား… ဒီလိုမြင့်မြတ်မှုမျိုးက တာအိုသိုင်းပညာရှင်တစ်ယောက်ထက်တောင် ကျော်လွန်သွားပြီမလား”

ထိုအခိုက်အတန့်တွင် နှိုင်းယှဉ်မရနိုင်အောင် ကြောက်မက်ဖွယ်ကောင်းသော လှိုင်းတစ်လှိုင်းက မီလော့နန်းတော်ဆီမှ ဖြာထွက်လာသည်။

သူတို့နှစ်ယောက်လုံးမှာ ခေါင်းနပန်းကြီးသွားကြ၏။ ထိုက်ယီနှင့် မီလော့နန်းတော်အရှင်သခင်တို့ ဆွေးနွေးမှုက ပျက်ပြားသွားခဲ့ပြီး စတင်တိုက်ခိုက်နေသည်မှာ သိသာပေသည်။

ဝေစွေ့ဖုန်းက လက်ဖဝါးကို ခါ၍ ကြေးမုံနှစ်ချပ်အား သူ၏ကောင်းကင်ရတနာထဲတွင် ထည့်၍ သိမ်းဆည်းလိုက်၏။ သူတို့နှစ်ယောက်က မီလော့နန်းတော်ဆီသို့ မျက်တောင်မခတ်ဘဲ စိုက်ကြည့်နေကြသည်။ နန်းတော်ထဲတွင် ကောင်းကင်နှင့် မြေကြီးကို နှစ်ခြမ်းခွဲ၍ ဖရိုဖရဲချီတို့ကို ပြိုလဲသွားစေနိုင်သော ဘီလူးကြီးတစ်ကောင် ရှိနေသည့်အလားပင်။ ဖရိုဖရဲပုဆိန်က ကောင်းကင်နှင့်မြေကြီးကို နှစ်ခြမ်းကွဲသွားစေနိုင်၏။

နောက်ထပ် ကြောက်မက်ဖွယ်တုန်ခါမှုကြီးက ပို၍ပင် နားလည်ရခက်ခဲသည်။ ထိုက်ယီတိုက်ကွက်ကြောင့် ဖြစ်ပေါ်လာသော တုန်ခါမှုကို သူတို့ နားလည်သလို ခံစားရသော်လည်း ကျန်တုန်ခါမှုတစ်ခုကတော့ နားမလည်နိုင်ပေ။

ဝုန်း….

မီလော့နန်းတော်၏ တံခါးက ရုတ်တရက် ပွင့်လာသည်။ ထိုက်ယီက သူတို့ကို ကျောခိုင်းထား၏။ သူ၏တစ်ကိုယ်လုံးမှာ သွေးတို့ဖြင့် စိုရွှဲနေသည်။ သူက ဖရိုဖရဲပုဆိန်ကြီးကို လက်ထဲတွင် ကိုင်ထားပြီး ပုဆိန်က လှုပ်ရှားလွှဲရမ်းလျက် နန်းတော်မှ တိုက်ကွက်များကို ခုခံနေ၏။ ဘီလူးကြီးက ပုဆိန်ကို လွှဲရမ်းလိုက်ရာ ပုဆိန်၏တစ်ဖက်တစ်ချက်စီတွင် ကမ္ဘာတစ်ခုစီ ပေါ်လာသည့်အလား တစ်လောကလုံးကို တုန်လှုပ်သွားစေနိုင်သည့် စွမ်းအားတို့ ထွက်ပေါ်လာကြ၏။

သို့သော် သူ၏ခန္ဓာကိုယ်ပေါ်ရှိ ဒဏ်ရာများကတော့ ဆက်လက်တိုးပွားနေသည်။

ဝေစွေ့ဖုန်းနှင့် ရှုကျွင်းလည်း အလျင်အမြန် နောက်ဆုတ်ကာ ဖရိုဖရဲမြစ်ထံသို့ ပြေးတော့၏။ သူတို့အနောက်တွင် ထိုက်ယီက တစ်လှမ်းချင်း ဆုတ်လာသည်။ ခြေလှမ်းတစ်လှမ်းစီတိုင်းက ခြေရာများ ကျန်ရစ်ခဲ့စေပြီး တာအိုသွေးတို့ဖြင့် ပြည့်နှက်နေသည့် ရေကန်တစ်ခုစီ ပေါ်လာစေ၏။

ဝေစွေ့ဖုန်းနှင့် ရှုကျွင်းမှာ အနောက်ပင် ပြန်လှည့်မကြည့်ဘဲ အသားကုန်ပြေးလွှားနေကြသည်။ သူတို့ မြစ်ဆီ ရောက်တော့မည့်အချိန်တွင် သွားစရာလမ်း မရှိတော့ပေ။ ရုတ်တရက် ထိုက်ယီက ဧရာမခြေကြီးကို ကန်၍ နောက်ပြန်ခုန်လိုက်ပြီး ဝေစွေ့ဖုန်းလက်ထဲရှိ တောင်ဝှေးပေါ် ဆင်းသက်လိုက်သည်။

တောင်ဝှေးက တဝီဝီမြည်လျက် ပြန့်ကားသွားပြီး လှေတစ်စင်းအဖြစ် ပြောင်းလဲကာ လှေထိပ်တွင် ဝေစွေ့ဖုန်းနှင့် ရှုကျွင်းကို သယ်ဆောင်ရင်း မြစ်ကို အရှိန်အဟုန်ဖြင့် ဖြတ်ကူးနေ၏။

ထိုက်ယီက ပုဆိန်ကြီးကို လွှဲရမ်းလိုက်ပြန်သည်။ သူက မြစ်ထဲ ခုန်ဆင်း၍ သူတို့နှစ်ယောက်နောက်မှ လိုက်လာသည်။

ထိုက်ယီနှင့် လှေက ဖရိုဖရဲမြစ် တစ်စင်းပြီးတစ်စင်းကို ဖြတ်သန်းလာကြသည်။ သူတို့ လေးစင်းမြောက်သို့ ရောက်ရှိသည့်အချိန်တွင် ကျယ်လောင်သော အသံကြီးတစ်သံက ထွက်ပေါ်လာပြီး သူတို့ နားမလည်နိုင်သည့် အရာတစ်ခုကို ပြောလိုက်သည်။

လှေပေါ်ရှိနှစ်ယောက်လည်း အလျင်အမြန် လှည့်ကြည့်လိုက်ကြရာ ဧရာမလက်ကြီးတစ်ဖက်သည် ထိုက်ယီအား ဖရိုဖရဲမြစ်ထဲသို့ နှစ်နေသည်အား တွေ့လိုက်ရသည်။

ထိုက်ယီမှာ အစွန်းကုန်ရုန်းကန်နေပြီး မြစ်ထဲမှ ထွက်နိုင်ရန် ကြိုးစားနေသည်။ သို့သော် ရုတ်တရက် မရေမတွက်နိုင်သော အရိုးစုများက မြစ်ထဲမှ ထွက်လာကြပြီး သူ၏ခန္ဓာကိုယ်နေရာတိုင်းကို ဆွဲယူနေတော့သည်။

ထိုက်ယီက တခဏ ရုန်းကန်နေပြီးနောက် ခေါင်းမော့လိုက်ပြီး လှေပေါ်ရှိ သူတို့နှစ်ယောက်အား မော့ကြည့်ကာ ပြုံးပြ၏။

“မြေပုံအတိုင်းလိုက်လာပြီး ငါ့ကို ကယ်…”

လှေပေါ်ရှိ ဝေစွေ့ဖုန်းနှင့် ရှုကျွင်းမှာ ဖရိုဖရဲမြစ်ထဲမှ ပျံ့လွင့်လာသော ထိုက်ယီအသံကို ကြားလိုက်ရသည်။

“နောင်တော်…. ဘယ်မြေပုံလဲ…” ဝေစွေ့ဖုန်းက အက်ကွဲစွာ လှမ်းမေးလိုက်၏။

သို့သော် လှေက အလွန်တရာမြန်ဆန်စွာဖြင့် ဖရိုဖရဲမြစ်တစ်စင်းပြီးတစ်စင်းအား ဖြတ်သွား၏။ ဖရိုဖရဲမြစ် ၁၆ စင်းအထိ ဖြတ်သွားသော်လည်း သူတို့နှစ်ယောက်လုံး ထိုက်ယီအဖြေကို မကြားလိုက်ရပေ။

ဝှစ်…

တောင်ဝှေးဖြင့် ဖွဲ့တည်ထားသော လှေသည် ဘိုးဘေးနန်းတော် ကျောက်စိမ်းမြို့တော်ကို ဖြတ်သန်းသွားကာ ထူးဆန်းသည့်အရာမျိုးစုံကို ထိုးဖောက်သွား၏။ လှေပေါ်ရှိ နှစ်ယောက်မှာ မူးဝေနေကြစဉ် ကောင်းကင်နတ်အရှင်ဟောင်၊ ရှေးဟောင်းနတ်ဘုရားဘုရင်နှင့် အခြားသူများကို မထင်မှတ်ထားဘဲ တွေ့မြင်လိုက်ကြရသည်။

ထိုသူများက ထွက်ခွာသွားသော လှေကို တအံ့တဩ ကြည့်နေကြ၏။

မကြာမီ ကောင်းကင်နတ်အရှင်ရှောင်၊ နတ်အရှင်မယန်နှင့် အခြားသူများကို တွေ့လိုက်ရပြန်သည်။ ထိုက်ကျိရှေးဟောင်းနတ်ဘုရားနှစ်ပါးကလည်း သူတို့ကို တအံ့တဩ ကြည့်နေကြ၏။

ဝုန်း….

လှေသည် မြို့ပြင်ရှိ မြေကြီးပေါ်တွင် ထိုးစိုက်သွားပြီး သူတို့နှစ်ယောက်မှာ လွင့်ထွက်သွားသည်။ ဟန်ချက်ထိန်းနိုင်လိုက်သည့်အချိန်တွင် လှေမှာ တောင်ဝှေးအဖြစ် ပြန်လည်ပြောင်းလဲသွားပြီး ဝေစွေ့ဖုန်း ထားခဲ့သော ဧရာမဒယ်အိုးကြီးဘေးတွင် စိုက်နေ၏။

“ဒယ်အိုးထဲက မြေပုံများလား” ရှုကျွင်းက ဒယ်အိုးဘေးသို့ ကပျာကယာ ပြေးသွားလိုက်ရင်း စိုးရိမ်ပူပန်စွာ မေးလိုက်သည်။

“ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ”

ဝေစွေ့ဖုန်းက တည်ကြည်လေးနက်နေသော မျက်နှာအမူအရာဖြင့် ခေါင်းခါ၏။ သူက ထိုက်ယီတောင်ဝှေးနှင့် ဧရာမဒယ်အိုးကြီးကို သိမ်းဆည်းကာ ခပ်ဩဩလေသံဖြင့် ပြောသည်။ “အနက်ရောင်တောင်တန်းတစ်သိန်းဆီ ချက်ချင်း ပြန်ပြီး ညီလေးနဲ့ တွေ့မှဖြစ်မယ်”

All Chapters