← Chapters

ပုန်းအောင်းနေသူ၏ ရောက်ရှိလာမှု

Vol. 114 Ch. 1493

ပုန်းအောင်းနေသူ၏ ရောက်ရှိလာမှု

Vol. 114 Ch. 1493

အားလုံး တစ်ယောက်ပြီးတစ်ယောက် ထွက်ခွာသွားကြသည်။ ဝေစွေ့ဖုန်းမှာ တခဏကြာသည့်တိုင်အောင် တွန့်ဆုတ်‌နေသော်လည်း နောက်ဆုံးတွင် ရှုကျွင်းကို အခြားသူများနှင့်အတူ ဆွဲခေါ်သွား၏။ သူ့အတိုက်အခိုက်စွမ်းရည်မှာ ချင်မူ့အောက် မနိမ့်ကျသော်လည်း ဘိုးဘေးနန်းတော် ကျောက်စိမ်းမြို့တော်မှ ပြန်လာရန် မှော်စွမ်းအင်များစွာ သုံးစွဲခဲ့ရသည်။ ယခုတွင်ပင် အပြည့်အ၀ ပြန်လည်မသက်သာသေးပေ။

သူသာ ဤနေရာ၌ နေခဲ့ပါက ချင်မူ့အတွက် ဝန်ထုပ်ဝန်ပိုးသာ ဖြစ်ပေလိမ့်မည်။

“ညီလေး၊ မင်း သိုင်းအဆင့်ကို ကျောက်စိမ်းမြို့တော်အဆင့်အထိ မမြှင့်နဲ့…”

ဝေစွေ့ဖုန်းက ပြန်လှည့်ကြည့်လာသည်။ “ကျောက်စိမ်းမြို့တော်က ထောင်ချောက်တစ်ခုပဲ…. ကျောက်စိမ်းမြိုတော်အထိ ကျင့်ကြံတာက မီလော့နန်းတော်အရှင်သခင်ရဲ့ စွမ်းဆောင်ရည်တွေကို တိုးတက်စေပြီး သူ့ကို ပိုသန်မာလာအောင် လုပ်ပေးလိမ့်မယ်…”

မင်းသားယိုမင်းက အခြားသူများနှင့်အတူ ထွက်ခွာမသွားပေ။ သူ၏ မှော်စွမ်းအင်သည် အလွန်တရာ အားကောင်းပြင်းထန်သည့်အတွက် မှော်စွမ်းအင်ချည်းသက်သက် ယှဉ်ပါက ကောင်းကင်ယင်သားတော်ထက်ပင် အဆင့်မြင့်မား၏။

ချင်မူက သူ့ကို တစ်ချက်ကြည့်လိုက်ရင်း ခေါင်းခါသည်။ “မင်းသားယိုမင်း၊ ခင်ဗျားရဲ့ ကောင်းကင်နတ်သိုင်းတွေက ကျုပ်အောက် နိမ့်ကျတယ်…. မှော်စွမ်းအင်က ကျုပ်နဲ့ ယှဉ်နိုင်တယ်ဆိုရင်တောင် သိုင်းကွက်တစ်ကွက်တည်းနဲ့ ခင်ဗျားကို အနိုင်ယူနိုင်တယ်…”

သူက အတွေးတစ်ချက်ဖြင့် တာအိုကျင့်စဉ်စနစ်၏ ၂၃ ခုမြောက် ကောင်းကင်နတ်သိုင်းကို အသက်သွင်းကာ ထိုက်ကျိအား ယင်နှင့် ယန်အဖြစ် ပြောင်းလဲလိုက်သည်။ “ခင်ဗျား နားလည်လား..”

မင်းသားယိုမင်းက အပြစ်ရှိသော မျက်နှာအမူအရာဖြင့် သူ့ကို အကဲခတ်နေသည်။ ထို့နောက် လက်ယှက်၍ အရိုအသေပြုကာ ထွက်ခွာသွား၏။

ချင်မူက ကောင်းကင်နတ်သိုင်းကို လွင့်ပျယ်စေလိုက်သည်။ “မမကြီး၊ မမကြီးလည်း ရုပ်ခန္ဓာ မရှိသေးတဲ့အတွက် အတိုက်အခိုက်စွမ်းရည် လုံလုံလောက်လောက် ပြည့်မနေဘူး…. ဒီနေရာမှာ‌‌ မနေခဲ့ပါနဲ့ ... မမကြီးယန်အာ၊ မမကြီးရဲ့ အမေကို ကောင်းကင်ယင်ကမ္ဘာဆီ ခေါ်သွားပြီး ရုပ်ခန္ဓာ ပြန်တည်ဆောက်ခိုင်းလိုက်ပါ…”

တောင်နတ်မင်းကျုချွဲမှာ နှုတ်ဆိတ်နေပြီးနောက် စိတ်ပူနေသောအမူအရာဖြင့် မှာသည်။ “ဂရုစိုက်ပါ…”

ချင်မူ့အကြည့်က မင်ဧကရာဇ်အပေါ် ကျရောက်သွားသည်။ သူက လက်မြှောက်၍ လောကသစ်ပင်သစ်ကိုင်းများမှ ဖွဲ့တည်ထားသော ရုပ်ခန္ဓာနောက်တစ်ခုကို ထုတ်လိုက်၏။ “မင်ဧကရာဇ်၊ ထာဝရငြိမ်းချမ်းရေးအင်ပါယာဆီ သွားပြီး ဧကရာဇ်ယန်ရှို့နဲ့ သွားတွေ့ပါ… ဧကရာဇ်ယန်ရှို့က ခင်ဗျား ချိဧကရာဇ်နဲ့ တွေ့နိုင်အောင် တစ်ယောက်ယောက်ကို ခေါ်သွားခိုင်းလိမ့်မယ်… သူ့မှာ အတွေးတွေပဲ ကျန်တော့တာဆိုပေမယ့် ဒီခန္ဓာကိုယ်ထဲမှာ နေလို့ရသေးတယ်… ချိဧကရာဇ်နဲ့ တွေ့ပြီးရင် ခင်ဗျားတို့ ကောင်းကင်ယင်ကမ္ဘာဆီ သွားကြပါ… ကောင်းကင်ယင်နတ်ဘုရားမက ဒီရုပ်ခန္ဓာထဲမှာ အသက်သွင်းပေးပါလိမ့်မယ်”

မင်ဧကရာဇ်က မျက်မှောင်ကြုတ်လိုက်ပြီး ပြောသည်။ “အရင်တုန်းက ငါဟာ ချိမင်ခေတ်ရဲ့ ကောင်းကင်နတ်ဧကရာဇ်ဖြစ်ခဲ့တာ... ဒီတိုက်ပွဲမှာ မင်းနဲ့အတူ ရင်ဆိုင်တိုက်ခိုက်သင့်တယ်”

ချင်မူက ခေါင်းခါသည်။ “ကျွန်တော်က ကောင်းကင်နတ်အရှင်မူပါ… ကျွန်တော် ထွက်ခွာသွားခိုင်းတာကို ခင်ဗျားက ငြင်းဆိုမလို့လား”

မင်ဧကရာဇ်လည်း တဒင်္ဂတုံ့ဆိုင်းနေပြီးနောက် လှည့်ထွက်သွား၏။

ရွှေအက လျှောက်လာပြီး ဖန်သားကောင်းကင်စေတီကို သူ့အရှေ့တွင် ချထားပြီးနောက် ထွက်ခွာသွားသည်။

မျက်ကန်းက ရွှေအကို ကြည့်နေပြီးနောက် နောက်ဆံတင်းနေသည့်လား ချင်မူ့ဘက်သို့ ပြန်ကြည့်၏။ ချင်မူက ပြုံးလိုက်သည်။ “ဘိုးဘိုးမျက်ကန်း၊ စိတ်မပူပါနဲ့… ကျွန်တော် ဘိုးဘိုးရဲ့ ၀င်္ကပါပညာကို အဆုံးအစွန်အထိ မြှင့်တင်ပြီး အဲဒီကမ္ဘာခေတ်ဦးသိုင်းပညာရှင် ဘိုးဘိုးရဲ့ စွမ်းအားကို နားလည်သွားစေရမယ်”

မျက်ကန်းက ခပ်တိုးတိုး သတိပေးသည်။ “သတိထားဦး… မင်း မနိုင်ရင်… အဲ့ကျရင်…. အဲ့ကျ…”

သူ၏အသံက ပို၍ပင် တိုးဝင်သွား၏။ “အဲ့ကျ ပြေးတော့… ထော့ကျိုး အရင်က မင်းကို သင်ပေးထားတယ်မလား… မနိုင်ရင် ပြေး… ဘာမှ ရှက်စရာမရှိဘူး… မင်း ပြေးရင်တောင်မှ မင်း အသက်နဲ့ရင်းပြီး သူတို့ကို ကာကွယ်ပေးခဲ့တာ ဘယ်သူမှ ငြင်းလို့မရဘူး…. ကောင်းကင်ကြီး ပြိုကျလာရင် မြှောက်တင်ပေးနေတဲ့သူက မင်းတစ်ယောက်တည်း မဖြစ်သင့်ဘူး… ကောင်းကင်ပြိုကျလာအောင် မင်းလုပ်ခဲ့တာ မဟုတ်ဘူးလေ… မင်း အသက်ရှင်နေသရွေ့ မျှော်လင့်ချက် ရှိတယ်…”

သူ့တွင် ချင်မူ့ကို သင်ပေးစရာ အရာများ စွာရှိနေသေးသော်လည်း အဘွားစစ်၏ အသံက သူ့အား လှမ်းခေါ်နေ၏။ မျက်ကန်းမှာ အလျင်အမြန် လိုက်သွားရတော့သည်။

ချင်မူက စိတ်အေးအေးထား၍ နေဝင်နေသည်ကို ကြည့်နေသည်။

သူက ထိုက်ယီ၏တောင်ဝှေးအား မြေကြီးတွင် ထိုးစိုက်လိုက်ပြီးနောက် မိုးမခသစ်ရွက်တစ်ရွက်ကို ထုတ်၍ သူ၏နဖူးတွင် ကပ်ထားလိုက်သည်။ ၎င်းက ထိုက်ယီ၏ တာအိုသစ်ရွက် ဖြစ်၏။

သူက မြေပြင်ပေါ်တွင် ထိုင်လျက် သူ့အရှေ့ရှိ အက်ကွဲနေသော တောင်ကြီးအား တည်ငြိမ်အေးဆေးသော မျက်နှာအမူအရာဖြင့် ကြည့်ရှုနေသည်။

နေဝင်ဆည်းဆာ၏ ပုစွန်ဆီရောင် အလင်းရောင်ခြည်တို့က သူ၏မေးစေ့မှ ရင်ဘတ်သို့ ကျရောက်ကာ တဖြည်းဖြည်း နိမ့်ဆင်းသွား၏။ အမှောင်ထုက သူ၏မျက်နှာကို ဖြည်းဖြည်းချင်း ဖုံးလွှမ်းသွားပြီး မျက်လုံးများကိုပါ မမြင်ရတော့ပေ။

နေဝင်ဆည်းဆာအလင်းသည် အနက်ရောင်တောင်တန်း၏ အလယ်ဗဟိုရှိ လောကသစ်ပင်ပေါ်တွင် တောက်ပနေသည်။ ရှုရှန်းဟွာလည်း ဆည်းဆာအလင်းတို့ဖြင့် ဖုံးလွှမ်းခံထားရ၏။ ဤအချိန်တွင် လန်ယွီတျန်းက ရောက်လာပြီး သူ၏ဘေးတွင် ရပ်နေသည်။

“အတိတ်တုန်းက ဒီနေရာကို ထိုက်ယီ စောင့်ရှောက်ပေးခဲ့တယ်… အနက်ရောင်တောင်တန်းတွေ ဘယ်လောက်ပဲ ပြင်းပြင်းထန်ထန် တုန်လှုပ်နေပါစေ လူတွေရဲ့ နှလုံးသားကတော့ တည်ငြိမ်အေးဆေးနေခဲ့ကြတယ်”

ရှုရှန်းဟွာက တည်ငြိမ်အေးဆေးသော မျက်နှာအမူအရာဖြင့် ပြောသည်။ “အခု ထိုက်ယီ မရှိတော့ဘူးဆိုတော့ လူတွေရဲ့နှလုံးသားတွေဟာ ဖရိုဖရဲဖြစ်ကုန်ပြီး ယုံကြည်ချက် မရှိကြတော့ဘူး… အဲဒီအခါကျမှ ထိုက်ယီက အဓိကဆိုတာ သိသွားကြတာ”

လန်ယွီတျန်းက တုံ့ပြန်သည်။ “လူတချို့ပေါ့… သူ ဒီနေရာမှာ ရှိနေခဲ့တုန်းက သူ့ကို သတိမထားမိကြသလို သူ ဘာကြောင့် အရေးပါသလဲ မသိကြဘူး … သူ ဒီနေရာမှာ မရှိတော့မှ ကျောရိုးတစ်ခုလုံး ပျောက်ကွယ်သွားသလို ခံစားကြရတယ်… အခုတော့ အစ်ကိုကြီးက အဲဒီကျောရိုး ဖြစ်လာခဲ့ပြီ”

ရှုရှန်းဟွာက နူးညံ့ညင်သာစွာ ‌ရေရွတ်နေသည်။ “ငါ့ရဲ့ တာအိုနှလုံးသားက ခိုင်မာပြီး အားနည်းချက်မရှိမှန်း သူ သိလို့ ငါ့ကို နေခိုင်းခဲ့တာ… တာအိုသစ်စေး ဆွဲဆောင်တာကို ငါ ခံရမှာမဟုတ်ဘူး…. လန်ယွီတျန်း၊ မင်းကရော ဘာအတွက် နေခဲ့တာလဲ”

လန်ယွီတျန်းက ပြုံးလျက် အမှောင်ထုတို့ဖြင့် ဖုံးလွှမ်းခံထားရသော ချင်မူ့ဆီသို့ လှမ်းကြည့်လိုက်သည်။ “ကျွန်တော့်အစ်ကိုကြီး ဒီတိုက်ပွဲကို မနိုင်ဘူးဆိုရင် ကျွန်တော် သူ့ရဲ့တာဝန်တွေကို အမွေဆက်ခံပြီး ဒီခေတ်ရဲ့ ကျောရိုး ဖြစ်လာရမယ်”

သူ၏အသံက တဖြည်းဖြည်းတိုးဝင်သွားသော်လည်း မာနေသေး၏။ “ကျွန်တော်ရဲ့ ကိုယ်ပိုင်လမ်းစဉ်ကို လက်လျှော့ပြီးတော့…. ကောင်းကင်နတ်ဧကရာဇ် ဖြစ်လာစေရမယ်”

နေဝင်းဆည်းဆာအလင်းတို့က သူတို့၏ခန္ဓာကိုယ်များကို ဖြတ်ကျော်သွားပြီး အမှောင်ထုက ဖုံးလွှမ်းသွားချေပြီ။

သူတို့၏ဦးခေါင်းအထက်တွင် ကြယ်တာရာများက ထွန်းလင်းတောက်ပစွာ ပေါ်ထွက်လာကြ၏။

ဟင်းလင်းပြင်အလွှာများက တဖြည်းဖြည်း နိမ့်ကျလာပြီး ထိုက်ယီတာအိုသစ်ပင် နောက်တစ်ကြိမ် ပေါ်လာသည်။ တာအိုသစ်စေးတို့က သစ်ရွက်တို့မှ စီးကျလာ၏။

တစ်ကြိမ်တည်းမှာပင် အနက်ရောင်တောင်တန်းရှိ အက်ကွဲနေသော အနက်ရောင်တောင်တစ်လုံးဆီမှ အလင်းတန်းများ ဖြာထွက်လာသည်။ နတ်အလင်းတန်းများ ထွက်ပေါ်လာပြီး အက်ကွဲနေသော တောင်၏အလယ်ဗဟိုတွင် ဧရာမမျက်လုံးကြီးတစ်လုံးအဖြစ် ပြောင်းလဲသွား၏။

မျက်လုံးထဲတွင် ပိန်ပိန်ရှည်ရှည် လူရိပ်တစ်ခုက တစ်လှမ်းချင်း လျှောက်လာသည်။ သူ၏အရိပ်က ပိုပို၍ ရှည်လျားလာရာ ထရပ်နေသော မျက်လုံးတစ်လုံးအလားပင် ထင်ရသည်။

သူ၏အရှေ့တွင် ချင်မူက သက်ပြင်းရှည်တစ်ရှိုက် ရှူသွင်းလိုက်ပြီးနောက် အရှေ့ရက်များအတွင်း သိမြင်နားလည်ထားခဲ့သော လောကသခင်ခန္ဓာ အမြုတေသုံးသွယ်ကျင့်စဉ်ကို အသက်သွင်းလိုက်သည်။ ကောင်းကင်နန်းဆောင်များက သူ၏ဦးခေါင်းနောက်တွင် ဖွဲ့တည်လာပြီး တစ်ခုနှင့်တစ်ခုထပ်ကာ ဧရာမ ကောင်းကင်နတ်ဘုံကြီးတစ်ခုကို ဖော်ဆောင်လိုက်၏။

ကောင်းကင်နန်းဆောင် ၂၃ ဆောင်ဖြင့် ဖွဲ့တည်ထားသော ဧရာမကောင်းကင်နတ်ဘုံထဲတွင် ချင်မူ့မူလဝိညာဉ်များက ရှေ့သို့ခြေတစ်လှမ်း တက်လိုက်ကြသည်။

ချင်မူက လက်ကို ဆန့်တန်း၍ ဆွဲယူလိုက်ရာ နတ်လေးသည် သူ၏လက်ဖဝါးဆီ ရောက်ရှိလာ၏။

သူ၏ပတ်ပတ်လည်တွင် ဝိညာဉ်သန္ဓေသား ကောင်းကင်ရတနာနယ်ပယ်က ပြန့်ကားနေပြီး လောကသစ်ပင်တစ်ပင်က သူ၏အနောက်တွင် မြင့်တက်လာသည်။ ၎င်းက မြင့်တက်သထက် မြင့်တက်ရင်း ကောင်းကင်ကို အုပ်မိုးသွားချေပြီ။

သူ၏ပင်မမူလဝိညာဉ်က သစ်ပင်အောက်တွင် ခပ်မတ်မတ် ထိုင်နေသည်။

ချင်မူ လေးကြိုးကို ဆွဲလိုက်သည့်အခါ သူ့အနောက်ရှိ ပင်မမူလဝိညာဉ်ကလည်း သူနှင့်အတူ လေးကြိုးကို ဆွဲ၏။ တခြားကောင်းကင်နန်းဆောင်များအတွင်းရှိ မူလဝိညာဉ်တို့ကလည်း လေးကြိုးကို တစ်ပြိုင်နက် ဆွဲလိုက်ကြသည်။

ဝှစ်….

နတ်လေးကြိုးသည် တောင့်ခံနိုင်သော ပမာဏအထိ ဆွဲခံလိုက်ရပြီးနောက် ချင်မူ၏ အားကောင်းလှသော မှော်စွမ်းအင်တို့က နတ်လေးထဲ စီးဆင်းသွားကြသည်။ တစ်ချိန်တည်းမှာပင် ကောင်းကင်နှင့် မြေကြီး၏ မဟာတာအိုက တုန်ခါသွားပြီး ကမ္ဘာမြေကြီးမှာ မြည်ဟီးလာတော့သည်။ ဝိညာဉ်စွမ်းအင်နှင့် ချီစွမ်းအင်တို့က တဝေါဝေါ မြည်ကာ အနက်ရောင်တောင်တန်းတစ်လျှောက် ဖုံးလွှမ်းတိုက်ခတ်သွားသည့် လှိုင်းဂယက်ပမာ ဖြစ်တည်လာ၏။

သူ၏ ဦးခေါင်းအထက်တွင် မိုင်တစ်သောင်းရှည်လျားသည့် လေပွေကြီးတစ်ခု ပေါ်လာ၏။ ၎င်းက ဘိုးဘေးနန်းတော်၏ ဝိညာဉ်စွမ်းအင်နှင့် ချီစွမ်းအင်တို့မှ ဖွဲ့တည်လာသော လေပွေကြီးတစ်ခုပင်။

လေပွေကြီး၏အလယ်ဗဟိုတွင် ဝိညာဉ်စွမ်းအင်နှင့် ချီစွမ်းအင်တို့က အတူတကွ စုစည်းလျက် နတ်လေးထံ ဦးတည်နေသော အလင်းတန်းကြီးတစ်တန်းကို ဖွဲ့တည်ထားသည်။ နတ်လေး၏ စွမ်းအားမှာ ပိုပို၍ ပြင်းထန်လာပြီး ၎င်းထံမှ ထုတ်လွှတ်နေသည့် လှိုင်းဂယက်များကလည်း ပိုပို၍ကြောက်မက်ဖွယ်ကောင်းလာ၏။

သူတို့အရှေ့တွင် အနက်ရောင်တောင်တန်း၏ အက်ကွဲကြောင်းက ပိုပို၍ကြီးမားလာသည်။ ဒေါင်လိုက်မျက်လုံး၏ သူငယ်အိမ်ထဲတွင် ပိန်ပိန်ရှည်ရှည်လူမှာ ပို၍ပင် ရှည်လာ၏။ သူ၏နဖူးပေါ်ရှိ တစ်ခုတည်းသော မျက်လုံးက ချင်မူ့ကို ကြည့်နေပုံမှာ လှောင်ပြောင်သရော်နေသည့်အလားပင်။

သူသည် ပျက်စီးနေသော စကြ၀ဠာကို ဖြတ်သန်း၍ အနာဂတ်သို့ လျှောက်လှမ်းနေဆဲ ဖြစ်သည်။ ကပ်ဘေးကြီး သူ့အပေါ် မည်မျှပင် ဖိနှိပ်နေပါစေ သူ၏ခြေလှမ်းများက တည်ငြိမ်နေဆဲဖြစ်ချေသည်။

ချင်မူ့မျက်နှာအမူအရာက မပြောင်းလဲပေ။ နတ်လေးကြိုးကို ဆွဲကိုင်ထားသည့် လက်များကလည်း လုံးဝမလှုပ်ရှားပေ။

ပိန်ပိန်ရှည်ရှည် ပုဂ္ဂိုလ်က ရှေ့သို့ ဆက်လျှောက်နေသည်။ သူ ခြေတစ်လှမ်း လှမ်းလိုက်တိုင်း အနက်ရောင်တောင်၏ နံရံနှစ်ဖက်လုံးမှာ တဝုန်းဝုန်း တုန်ခါလျက် မြောက်တက်လာတတ်၏။ တောင်မှာ ကျောက်သားတို့ဖြင့် ဖွဲ့တည်နေသောကြောင့် အလွန်တရာ မာကြောသည်။ ထိုအခိုက်အတန့် ကျောက်တုံးများက ပြိုလဲ၍ လိမ့်ဆင်းလာလေသည်။

သို့သော် အနက်ရောင်ကျောက်တုံးများကား မြေပေါ်သို့ မကျရောက်ခင် မသိနိုင်သော အားတစ်ခုကြောင့် မြောက်တက်လာပြီး လေထဲတွင် မျောလွင့်နေကြ၏။

နောက်ဆုံးတွင် ပိန်ပိန်ရှည်ရှည်ပုဂ္ဂိုလ်၏ မျက်နှာက တောင်တန်းထဲမှ ပထမဦးဆုံး ထွက်လာပြီး မျက်ခုံးနှစ်ဖက်ကြားရှိ ဒေါင်လိုက်မျက်လုံးကို ထုတ်ဖော်လိုက်သည်။

ပျက်စီးခြင်းမဟာကပ်ဘေးကြီးကို တောင့်ခံခဲ့ရသည့်တိုင် သူ၏စွမ်းဆောင်ရည်တို့သည် ပြိုင်ဘက်ကင်းအောင် စွမ်းအားကြီးနေသေး၏။

ဒင်....

ချင်မူက သူ၏လက်ထဲမှ မြားကို ပစ်လွှတ်လိုက်သည်။ နောက်တစ်ခဏတွင် ၎င်းက ပိန်ပိန်ရှည်ရှည်ပုဂ္ဂိုလ်၏ မျက်ခုံးနှစ်ဖက်ကြားသို့ ထိုးစိုက်သွား၏။

ပိန်ပိန်ရှည်ရှည်ပုဂ္ဂိုလ်၏ လှောင်ပြောင်သရော်နေသော မျက်နှာအမူအရာမှာ ပို၍ပင် ပီပြင်လာသည်။ ချင်မူ၏ နှိုင်းယှဉ်မရနိုင်အောင် စွမ်အားကြီးသော မြား သူ၏မျက်ခုံးနှစ်ဖက်ကြားသို့ ဝင်သွားသည့်အခါ သူ၏မျက်လုံးများထဲတွင် အလင်းတန်းတို့ တောက်ပလာပြီး မြားကို ရပ်တန့်သွားစေ၏။

ဒင် ... ဒင် ... ဒင်

ချင်မူက မြားတစ်စင်းပြီး တစ်စင်း ပစ်လွှတ်နေသောကြောင့် လေးကြိုးသည် အဆက်မပြတ် တုန်ခါနေ၏။ မြားအလင်းတန်းတို့က ပိန်ပိန်ရှည်ရှည်ပုဂ္ဂိုလ်၏ မျက်ခုံးနှစ်ဖက်ကြားထဲသို့ တစ်ပြိုင်နက် ပြေးဝင်နေကြသည်။

သူက နတ်လေးကို တခဏအတွင်း အကြိမ်ပေါင်း မရေမတွက်နိုင်အောင် ဆွဲယူနေသဖြင့် လေကြိုးမှာ ကျစ်ကျစ်တောက် ပူလာသည်။ ကောင်းကင်ထက်တွင် စုစည်းနေသော ဘိုးဘေးနန်းတော် ဝိညာဉ်စွမ်းအင်နှင့် ချီစွမ်းအင်တို့မှာလည်း ဤတခဏအတွင်း ထက်ဝက်ခန့် သုံးစွဲခံလိုက်ရ၏။ မိုင်တစ်သောင်း ရှည်လျားသည့် ဝိညာဉ်စွမ်းအင်လေပွေကြီးမှာလည်း တဖြည်းဖြည်း ပါးလွှာလာချေပြီ။

ချင်မူက လေးကြိုးကို တရစပ် ဆွဲလျက် မြားများ ပစ်လွှတ်နေဆဲ ဖြစ်၏။ ဝိညာဉ်စွမ်းအင်လေပွေမှာ လျင်မြန်စွာ ကျုံ့၀င်နေပြီး နောက်ဆုံးတွင် ချင်မူ့နောက်ဆုံးမြားနှင့်အတူ စုစည်းနေသော ဝိညာဉ်စွမ်းအင်နှင့် ချီစွမ်းအင်တို့မှာ ကုန်ခမ်းသွားကြတော့သည်။

ဝိညာဉ်စွမ်းအင်နှင့် ချီစွမ်းအင် ကုန်သွားသည်နှင့် ချင်မူသည် နတ်လေးအား လွှင့်ပစ်ကာ သူ၏လက်ဖဝါးဖြင့် အနောက်သို့ လှမ်းဆွဲလိုက်၏။ ထို့နောက် ဖန်သားကောင်းကင်စေတီကို ဆုပ်ကိုင်ရင်း သူ၏ခန္ဓာကိုယ်က ပျံတက်သွားသည်။

သူက လေထဲသို့ ရောက်သည်နှင့် အနောက်သို့ မှီလိုက်သည်။ သူ၏ခန္ဓာကိုယ်က တည့်မတ်မသွားဘဲ အံ့သြဖွယ် အနေအထားအထိ ကွေးညွတ်သွား၏။

သူ၏လက်များက ဖန်သားကောင်းကင်စေတီကို ဆုပ်ကိုင်ထားပြီး ကောင်းကင်ဘုံ ၂၈ ဘုံထဲရှိ မရေမတွက်နိုင်သော ရတနာများက အလင်းတန်းများ ဖြန့်ကျက်ရင်း ကြယ်တာရာများအလား ရှိနေကြ၏။ ရတနာများအပေါ်ရှိ သင်္ကေတ၀င်္ကပါများက အသက်ဝင်လာကြပြီး တခဏအတွင်း အဆုံးအစွန်အထိ စွမ်းအားမြင့်တက်သွားကြသည်။

ချင်မူ့အနောက်ရှိ မူလဝိညာဉ်တို့ကလည်း မှော်စွမ်းအင်များ အသက်သွင်းလိုက်ကြ၏။ ကောင်းကင်နန်းဆောင်များက ပြန့်ကြဲသွားပြီး ကောင်းကင်နတ်ဘုံ၏ မဟာတာအိုက မြည်ဟီးသွားသည်။ ကောင်းကင်ဘုံ ၂၈ ဘုံထဲရှိ ရတနာစွမ်းအားတို့က နောက်တစ်ကြိမ် မြင့်တက်လာကြပြီး ထိုရတနာတို့ တောင့်ခံနိုင်သည့် အတိုင်းအတာကိုပင် ကျော်လွန်သွားသည်။

ချင်မူက ဖန်သားကောင်းကင်စေတီကို လွှဲရမ်းလိုက်ရင်း ကောင်းကင်ဘုံ ၂၈ ဘုံအား တူတစ်လက်အဖြစ် အသုံးပြုကာ မြားတောင်ပံများအပေါ် ရိုက်ချလိုက်၏။

မြားတောင်ပံများမှာ ပိန်ပိန်ရှည်ရှည်ပုဂ္ဂိုလ်၏ ဒေါင်လိုက်မျက်လုံးထဲမှ အလင်းရောင်ကြောင့် သူ့အရှေ့တွင် ရပ်တန့်လျက် ရှိနေကြသည်။ ချင်မူ တခဏအတွင်း မြားများစွာ ပစ်လွှတ်လျှင်တောင်မှ ထိုပုဂ္ဂိုလ်၏ ခံစစ်ကို ထိုးဖောက်နိုင်လိမ့်မည်မဟုတ်ပေ။

ထိုအခိုက်အတန့်တွင် ဖန်သားကောင်းကင်စေတီက အဆက်မပြတ် ကျဆင်းလာ၏။

“ကဲကွာ….”

ချင်မူက အော်ဟစ်လိုက်ပြီး တစ်ချိန်တည်းမှာပင် ဖန်သားကောင်းကင်စေတီတူဖြင့် ရိုက်ချလိုက်သည်။ သူ၏ ချိုင်းအောက်မှ လက်များ ပေါက်လာပြီး ဖန်သားကောင်းကင်စေတီကို ကိုင်ကာ သူ၏ခွန်အားကို အဆုံးအစွန်အထိ တိုးမြှင့်လိုက်၏။

“ထွက်သွားစမ်း…”

မြားတောင်ပံများသည် ဤတိုက်ကွက်ဖြင့် ထုရိုက်ခံလိုက်ရပြီး နောက်ဆုံးတွင် ပိန်ပိန်ရှည်ရှည်ပုဂ္ဂိုလ်၏ ခံစစ်အား ထိုးဖောက်ကာ သူ၏တစ်ခုတည်းသော မျက်လုံးထဲတွင် ထိုးစိုက်သွားကြတော့သည်။

ဝုန်း…

မြားတောင်ပံတို့၏ စွမ်းအား ပေါက်ကွဲထွက်သွားသည်နှင့် ပိန်ပိန်ရှည်ရှည်ပုဂ္ဂိုလ်၏ ဦးခေါင်းမှာ နောက်သို့လန်၍ သူ၏ခေတ်ဆီသို့ ပြန်ကျသွားသည်။ သူကား ပျက်စီးနေသော စကြ၀ဠာထံ ပြန်လည်ပြုတ်ကျပေတော့မည်။

သူ ပြုတ်ကျသွားသရွေ့ ပြန်တက်လာနိုင်လျှင်တောင်မှ ချီစွမ်းအင်တို့က သိသိသာသာ ထိခိုက်ပျက်စီးသွားပေလိမ့်မည်။

ချင်မူ့မျက်နှာထက်တွင် ပျော်ရွှင်ဝမ်းသာသွားသော အရိပ်အယောင်တချို့ ထင်ဟပ်လာသည်။ “အောင်မြင်သွားပြီလား…”

ထိုအခိုက်အတန့်တွင် လက်ဖဝါးတစ်ဖက်က တောင်ထဲမှ ထွက်လာ၍ ပြိုကျနေသော တောင်နံရံအား ကုပ်တွယ်ထားသည်။

ချင်မူမှာ အကြီးအကျယ် မျက်နှာပျက်သွားပြီး ဖန်သားကောင်းကင်စေတီကို ပြန်မြှောက်၍ ပိန်ပိန်ရှည်ရှည်ပုဂ္ဂိုလ်အား ထုချလိုက်ပြန်သည်။

တစ်ချိန်တည်းမှာပင် နောက်ထပ်လက်ဖဝါးတစ်ဖက်က အနက်ရောင်တောင်တန်း၏ ကျန်နံရံတစ်ဖက်ကို ကုပ်တွယ်လာပြန်သည်။ တောင်ကြားထဲရှိ ဧရာမမျက်လုံးကြီးမှာ ရုတ်တရက် မခံမရပ်နိုင်အောင် ပူလောင်လာပြီး မီးတောက်တို့က ကောင်းကင်ထက်သို့ ထိုးဝင်သွားတော့မည်အလားပင်။

ဖန်သားကောင်းကင်စေတီ လက်ဖဝါးတစ်ဖက်အား ရိုက်ထားတော့မည်ြအချိန် ဧရာမမျက်နှာကြီးတစ်ခုက တောင်ကြားထဲမှ ထွက်လာ၍ ချင်မူအရှေ့တွင် ပေါ်လာသည်။

မျက်နှာက ပါးစပ်ဟ၍ ဟိန်းဟောက်လိုက်၏။ တာအိုအသံက ဝုန်းခနဲ ထွက်ပေါ်လာပြီး ချင်မူ့ခန္ဓာကိုယ်ကို အဝေးသို့ တွန်းထုတ်လိုက်သည်။ ဖန်သားကောင်းကင်စေတီမှာ မထုရိုက်နိုင်တော့ပေ။

ချင်မူက လေထဲတွင် ကျွမ်းထိုး၍ ဖန်သားကောင်းကင်စေတီအား မြေပြင်တွင် ထိုးစိုက်လိုက်သည်။ စေတီသည် အနည်းငယ် လှည့်ပတ်သွားပြီး ကောင်းကင်ဘုံ ၂၈ ဘုံအား ဖြန့်ကားလိုက်ကာ တာအိုသံ၏ ကြောက်မက်ဖွယ် သက်ရောက်မှုအား ခုခံလိုက်၏။

ထို့နောက် ချင်မူက လက်ဆန့်တန်း၍ ထိုက်ယီ၏ တောင်ဝှေးကို ဆွဲယူလိုက်သည်။ သူ ခေါင်းမော့ကြည့်လိုက်သည့်အခါ ပိန်ပိန်ရှည်ရှည်နှင့် ကလန်ကလျားပုဂ္ဂိုလ်သည် တောင်ကြားထဲမှ ခန္ဓာကိုယ်တစ်ဝက်ပင် ထွက်လာနေလေပြီ။

All Chapters