← Chapters

နန်းမြို့တော်တွင်မုန်တိုင်းထန်သောည

Vol. 4 Ch. 117

နန်းမြို့တော်တွင်မုန်တိုင်းထန်သောည

Vol. 4 Ch. 117

လုဝမ်အာ၏မတော်မဆမှုပြီးနောက်တွင် နန်းမြို့တော်သို့သွားရာလမ်း၌ ၎င်းတို့ခရီးအားနှောင့်နှေးစေမည့်အခြားသော မမျှော်လင့်ထားသောကိစ္စများမရှိတော့ပေ။

လပြက္ခဒိန် သုံးလပိုင်း ငါးရက်မြောက်နေ့ မွန်းလွဲပိုင်းတွင် ၎င်းတို့သည် ယွဲ့ခွမ်းမြို့သို့ရောက်ကြလေသည်။ ထိုမြို့ငယ်လေးသည် ဖုန်းချန်မြို့ဝင်ပေါက်နှင့်အနီးဆုံးတွင်တည်ရှိသည်။

"ငါတို့ဒီမှာခဏလောက်နားကြမယ်။ နေ့လည်စာစားပြီးမှ သွားကြမယ်"

၎င်းတို့သည် အတော်လေးသန့်ရှင်းသပ်ရပ်သည့်ပုံပေါ်သည့် စားသောက်ဆိုင်တစ်ဆိုင်ဆီသို့ မောင်းသွားကြသည်။ ထိုနေရာသို့ရောက်သောအခါတွင် လင်းစစ်ယောင်က လှည်းမောင်းသူအား ထိုနေရာတွင် လှည်းရပ်ရန် ပြောလိုက်သည်။

"စားပွဲထိုး လက်ဖက်ရည်တစ်အိုးလောက်"

စစ်ထူယွင်က အော်ပြောလိုက်သည်။

"လာပါပြီ"

စားပွဲထိုးသည် ဧည့်သည်များဖြင့် စားပွဲနှစ်လုံးပြည့်သွားသည်ကိုတွေ့သောအခါတွင် ပြုံးဖြဲဖြဲလုပ်ပြလိုက်သည်။ လျင်မြန်စွာဖြင့် သူသည် စားပွဲများဆီသို့ လက်ဖက်ရည်နှစ်အိုးယူလာသည်။ ထို့အပြင် ယွဲ့ခွမ်းမြို့၏ အထူးမု့န်ဖြစ်သော နေကြာစေ့တစ်ပန်းကန်ချပေးလိုက်သည်။

"ခင်ဗျားတို့က တစ်နေရာရာကမလား။ နန်းမြို့တော်ကို ဧကရာဇ်ရဲ့မွေးနေ့ပွဲကိုဆင်နွဲဖို့လာတာလား"

စားပွဲထိုးက စားပွဲသုတ်အဝတ်အား ပုခုံးပေါ်သို့ ပစ်တင်လိုက်ကာ ပျော်ရွှင်စွာဖြင့် စတင်ပြောဆိုပေသည်။

ယခုထိ လမ်းသွားလမ်းလာပြုံကျသောအချိန်မဟုတ်သော်လည်း လင်းစစ်ယောင်တို့အုပ်စုမှလွဲ၍ စားသောက်ဆိုင်တွင် လူနှစ်ယောက် သုံးယောက်မျှသာရှိသည်။

"ဟုတ်သားပဲ။ နန်းမြို့တော်က ဧကရာဇ်ရဲ့မွေးနေ့ကျရင် အရမ်းကိုစည်းကားပြီး ပျားပန်းခပ်နေတယ်လို့ကြားထားလို့ ဆင်နွှဲဖို့လာခဲ့တာပါ"

စစ်ထူယွင်ကပြုံးကာပြောလိုက်သည်။

လူများကြားတွင် သူသည် အငယ်ဆုံးဖြစ်သည်။ ထို့ကြောင့်လွန်စွာအလုပ်လုပ်ရပေသည်။ သူ့ထက်ပို၍ငယ်သောအမွှာနှစ်ကောင်ရှိသော်လည်း ယခုထက်ထိ ၎င်းတို့မှာစကားမပြောနိုင်သောကြောင့် ခြွင်းချက်ဖြစ်သည်။

"ဟားဟားဟား ရှစ်ဖူ၊ ဘယ်လိုတောင်စိတ်အားထက်သန်နေတာလဲ။ ဘာပဲဖြစ်ဖြစ် ဒါက ဘုရင်ကြီးရဲ့အသက်ငါးဆယ်မြောက်မွေးနေ့လေ။ အရင်နှစ်တွေကထက် ပိုပြီး စိတ်လှုပ်ရှားစရာကောင်းသင့်တာပေါ့"

ထိုအပိုင်းသို့ရောက်သောအခါတွင် စားပွဲထိုးကရပ်လိုက်သည်။ ထို့နောက် သူသည် အသံကို ထူးဆန်းစွာနှိမ့်လိုက်ပြီး ပါးစပ်ကိုလက်ဖြင့်အုပ်ကာ

"ဘုရင်ကြီးက သူ့ရဲ့အချစ်ဆုံးတတိယမင်းသမီးအတွက် ခင်ပွန်းရှာချင်နေတယ်လို့ကြားတယ်။ ဟားဟား၊ အစ်ကိုလေး အစ်ကိုလေးကိုကြည့်ရတာက လူသားပင်လယ်ကြားက နဂါးနဲ့ဖီးနစ်လိုပဲ။ မနက်ဖြန်သွားပြီးစမ်းကြည့်သင့်တယ်နော်။ ကံကောင်းလို့အရွေးခံရရင် ဒီစားသောက်ဆိုင်ကိုမမေ့လိုက်နဲ့နော်"

 “…”

စစ်ထူယွင်ပြောစရာစကားမဲ့သွားသည်။ သူသည် အပြုံးအားဖုံးကွယ်ထားသော စုရွှေလျန်အားကြည့်လိုက်သည်။ လင်းစစ်ယောင်သည် မည်သည့်ခံစားချက်မျှမရှိသော်လည်း မျက်လုံးထဲတွင် ရယ်သွမ်းသွေးချင့်သည့်အကြည့်တို့ပြည့်နှက်နေသည်။

"ငါက လက်ထပ်ပြီးမိန်းကလေးဖက်က အမျိုးတွေနဲ့နေချင်တဲ့သူပုံများပေါက်နေလို့လား"

စစ်ထူယွင်တစ်ယောက် စိတ်ကသိကအောက်ဖြစ်သွားသည်။ သူသည် အသက်(၁၃)နှစ်မျှသာရှိသေးသည်။ လက်ထပ်ခြင်းနှင့်ပက်သက်၍ပြောရမည့်အရွယ်မဟုတ်ပေ။

"ကံကြမ္မာကိုလက်ခံလိုက်"

လင်းစစ်ယောင်က စကားနှစ်လုံးသာထွက်ကျလာသည်။

"ဦးလေး"

စစ်ထူယွင်သည် လင်းစစ်ယောင်အား မကျေမချမ်းဖြင့် လှမ်းကြည့်လိုက်သည်။

"အခုအစားအသောက်မှာတော့မယ်။ ဒီနေရာမှာသာ တပေါင်ရှိရင် ငါနဲ့မဟုတ်ဘဲ သူနဲ့တွဲပေးလိမ့်မယ်"

စစ်ထူယွင်က အကူအညီမဲ့စွာဖြင့် မျက်ရည်တုများကို သုတ်ပြလိုက်သည်။ သူသည် မတ်တပ်ရပ်ကာ ငွေရှင်းသည့်နေရာသို့ဦးတည်သွားသည်။

"ကောင်းတာမှန်သမျှ စားဖို့ချပေး"

ထိုမြို့သည် မြို့ကြီးမဟုတ်ပေ။ မြို့ငယ်လေးရှိဆိုင်ငယ်လေးတွင် အစားအသောက်ရသည်ပင် လုံလောက်ပြီဖြစ်သည်။ ၎င်းတို့သည် စားပွဲတစ်ခုစီအတွက် ထမင်းတစ်ပန်းကန်စီနှင့် ဟင်းသီးဟင်းရွက်များအုပ်ထားသောဝက်သားပေါင်းတစ်ပွဲစီမှာပေးသည်။ ဆာလောင်မှုအတွက် စိတ်ကျေနပ်စရာကောင်းသည်ထက်ပင် ပိုသောအစားအသောက်ဖြစ်သည်။

စားသောက်ပြီးကြသောအခါတွင် လူအုပ်စုတစ်စုသည် ဆိုင်ထဲသို့ဝင်လာ၏။

အနက်ရောင်ဝတ်စုံဝတ်ဆင်ထားသော မုတ်ဆိတ်မွှေးနှင့်သူသည် ထိုအုပ်စုအား ဦးဆောင်ထားသည်။ အထဲသို့ဝင်လျှင်ဝင်ချင်းပင် အော်ဟစ်ကာဖြင့် စားပွဲထိုးအား သေရည်နင့်အစားအသောက်များယူလာစေသည်။

၎င်းနောက်မှ နီးနီးကပ်ကပ်လိုက်ပါလာသောသူမှာ ခန့်ညားသောယောင်္ကျားတစ်ယောက်နှင့် လှပသောမိန်းကလေး အတွဲတစ်တွဲဖြစ်သည်။ အသက်လေးဆယ်ဝန်းကျင်မျှရှိပြီဖြစ်ကာ တောက်တောက်ပပအဝတ်အစားများ ဝတ်ဆင်ထားကြသည်။

၎င်းတို့နောက်မှာလျှောက်လာသောသူများမှာ ကိုယ်ရံတော်ဝတ်စုံများဝတ်ဆင်ထားသော ယောင်္ကျားတစ်ယောက်နှင့် မိန်းမတစ်ယောက်ဖြစ်သည်။

"ဘာလို့ အဲ့လိုရပ်နေတာလဲ။ မြန်မြန်။ ငါ့အတွက် အစားအသောက်သွားယူခဲ့"

မုတ်ဆိတ်မွှေးနှင့်သူက ကြောင်ကြည့်နေသောစားပွဲထိုးအား အော်ပြောလိုက်သည်။

“လုချင်း!”

သားသားနားနားဝတ်ဆင်ထားသောသူက မျက်မှောင်ကြုပ်လိုက်၏။

မုတ်ဆိတ်မွှေးနှင့်သူသည် သူ၏နာမည်အား ခေါ်လိုက်သည်ကိုကြားလိုက်သောကြောင့် မျက်နှာငယ်သွားသည်။ ထို့နောက် သူသည် စားပွဲထိုးအား အသံခပ်နိမ့်နိမ့်ဖြင့် အမိန့်ပေးလိုက်သည်။

"စားပွဲထိုး အစားအသောက်ယူလာခဲ့။ အခုချက်ချင်း"

"လာပါပြီ။ ကျေးဇူးပြုပြီး ခုံမှာထိုင်ကြပါ။ ဒီစားပွဲထိုးက ချက်ချင်းသွားပြီး စားဖိုမှူးကိုပြောလိုက်ပါ့မယ်"

ထိုလူများ စားသောက်ဆိုင်ထဲသို့ ဝင်လာလျှင်ဝင်လာချင်းပင် အခန်းထဲရှိအကြီးဆုံးစားပွဲဝိုင်တွင် နေရာယူလိုက်ကြသည်။ စားပွဲထိုးသည် လူများသည့်အချိန်အခါမဟုတ်ဘဲ ယခုလောက်လူရှုပ်သည့်စားသောက်ဆိုင်အား မမြင်ဖူးသေးပေ။

နောက်ဆုံးတွင် သူကိုယ်တိုင်အသိဝင်လာကာ မီးဖိုချောင်သို့သွား၍ ပျော်ရွှင်စွာဖြင့် အော်ပြောလိုက်၏။

"ဦးလေး ကျွန်တော်အဲ့မုတ်ဆိတ်မွှေးနဲ့သူကို မှတ်မိတယ်။ သူက စစ်သူကြီး လုချင်းဘဲ။ သွေးတပ်ဖွဲ့ရဲ့နာမည်ဆိုးနဲ့ကျော်ကြားတဲ့ စစ်သူကြီးပဲ"

စစ်ထူယွင်က အခွင့်အရေးကိုအမိအရဆုပ်ကိုင်ကာ လင်းစစ်ယောင်အား လက်ဖက်ရည်ငှဲ့ပေးစဉ်တွင် တီးတိုးပြောလိုက်သည်။

"အင်း"

လင်းစစ်ယောင်ကခေါင်းညိတ်ပြလိုက်သည်။ သူသည် သွေးတပ်ဖွဲ့မှ တစ်စုံတစ်ဦးအား တဟွေ့အား လွှတ်လိုက်မည်ဟု မျှော်လင့်မထားပေ။ အထူးသဖြင့် ထိုအချိန်တွင်ဖြစ်သည်။ ၎င်းတို့၏ရည်ရွယ်ချက်အား သူမသိပေ။ ၎င်းတို့သည် သွေးသောက်စစ်သည်(၁၂)ယောက်အား လက်စားချေရန် လာကြသည်လော။ ထိုသို့မှမဟုတ်လျှင် မြို့တော်ရှိလူများ၏စိတ်ကို မွှေနှောက်ရန်လာကြသည်လော။ မနက်ဖြန်ကျင်းပမည့်ဘုရင်ကြီးမွေးနေ့အားဆင်နွှဲရန် လာကြခြင်းမဟုတ်သည်မှာ သေချာပေသည်။

"အဲ့တာငါတို့ကိစ္စမဟုတ်ဘူး။ ငါတို့ဒီမှာစားပြီးရင် သွားကြမယ်"

လင်းစစ်ယောင်က အေးတိအေးစက်ပြောလိုက်သည်။

စစ်ထူယွင်ကခေါင်းညိတ်ပြလိုက်သည်။ သူသည် စပ်စုချင်သော်လည်း ၎င်းတို့မှာဦးစားပေးမဟုတ်ပေ။ ယခုတွင် ၎င်းတို့၏တာဝန်မှာ ဆရာနှင့်အမွှာလေးများအား မင်းသားကျင်းစံအိမ်သို့ စောင့်ရှောက်ပို့ဆောင်ပေးရန်ဖြစ်သည်။

ကျင်းဝမ်ရယ်၏စံအိမ်သည် ထျန်းယို့ အရှေ့ဘက်လမ်းဆုံးတွင်တည်ရှိသည်။ ထိုလမ်းသည် နန်းမြို့တော်ရှိ လူအရှုပ်ဆုံးလမ်းဖြစ်သည်။ နန်းတော်နှင့်တစ်အဆောက်အဦးတစ်ခုစာမျှဝေးသာ ထျန်းပေါင်လမ်းသည်မှာ လွန်စွာမှတိတ်ဆိတ်ပေသည်။

ယခင်က မင်းသားကျင်း၏စံအိမ်အား မင်စံအိမ်၊ လျန်ရွှမ်ကျင်း၏ဖခင် လျန်ကျိုးမင်၏စံအိမ်ဟု ခေါ်ကြသည်။ တဟွေ့အင်ပါယာအစတွင် စည်းမျဉ်းထုတ်ထားသည်မှာ လက်ဖွာခြင်းနှင့် အလဟဿဖြစ်မှုများကိုလျော့ချရန်၊ သားသည် ဖခင်ဖြစ်သူ၏နာမည်ကို အမွေဆက်ခံသည်နှာင် စံအိမ်နာမည်ကိုပြောင်းရန်လိုအပ်ပကာ စံအိမ်တစ်ခုတည်းကိုပင်သုံးရပေမည်။ စံအိမ်အား မျိုးဆက်နှစ်ဆက်အသုံးပြုပြီးလျှင် လက်ရှိမျိုးဆက်သည် စစ်တပ်ထဲတွင် ကောင်းမှုပြုရကာ ထိုအခါမှသာ စံအိမ်ကိုချဲ့ထွင်ရန် ခွင့်ပြုမိန့်ရပေသည်။

မင်းသားကျင်းစံအိမ်သည် အမည်တစ်ခုပြောင်းပြီးဖြစ်သည်။ ထို့ကြောင့် လျန်ရွှမ်ကျင်း၏ကလေးများသည် နန်းတွင်းထဲတွင်နေရာရလာသည်နှင့် ၎င်းတို့သည် စံအိမ်တစ်ခုတည်ဆောက်နိုင်ပေမည်။ ထိုနည်းလမ်းဖြင့် မင်းသားကျင်းစံအိမ်နာမည်အား ပြောင်းလဲရန်မလိုသကဲ့သို့ မျိုးဆက်နှစ်ဆက်တိုင်လည်း အသုံးပြုပြီးဖြစ်သည်။ ထို့နောက်တွင် ယခင်စံအိမ်ဟောင်း၌ လျန်ရွှမ်ကျင်း၏အခြားဆွေမျိုးများနေနိုင်ပေမည်။

၎င်းတို့၏နာမည်ဖြင့်လည်း အခြားအိမ်များကို ဝယ်ယူနိုင်ပေသည်။

လျန်အန်းဇိုင်သည် အသက်(၁၇)နှစ်မျှသာရှိသေးကာ ကုသိုလ်ကောင်းမှုလည်းမရှိသေးပေ။ သို့သော်လည်း ဦးရီးတော်ဘွဲ့အား လတ်တလောတွင် ဆက်ခံထားယုံသာမက ဧကရာဇ်၏ခွင့်ပြုချက်ဖြင့် စံအိမ်အသစ်တစ်လုံးပါဆောက်ခွင့်ရထားသည်။ သူ့ထက် အသက်တစ်နှစ်ပိုကြီးသောဦးရီးတော် ရှန်သည်လည်း သူ၏ပါရမီနှင့်အသွင်အပြင်သည်အတူတူပင်ဖြစ်သော်လည်း ထိုသို့ဂုဏ်ပုဒ်မျိုးမရှိချေ။

လျန်အန်းဇိုင်သည် ဆုရပြီးသည့်နောက်တွင် စံအိမ်အသစ်တည်ဆောက်ရန် ခွင့်ပြုချက်ရခဲ့သည်ဟူသော ကောလဟသများလည်းရှိသည်။ သို့သော် အတင်းအဖျင်းများမှာ ထိုနေရာတွင်ပင် ရပ်တန့်မသွားပေ။

အရာရှိများနှင့်အချို့သောသူများက ဧကရာဇ်သည် တတိယမင်းသမီးအား လျန်အန်းဇိုင်ဖြင့် လက်ထပ်စေချင်ကြသည်ဟု ခန့်မှန်းနေကြသည်။ ကာယကံရှင်များသည်သာ အမှန်တရားကိုသိပေမည်။

လှည်းသည် မင်းသားကျင်းစံအိမ်ဆီသို့ မောင်းနှင်သွားကာ မြင်းများချည်နိုင်မည့်နေရာတွင်ရပ်လိုက်သည်။

"ကုရယ် မင်းသားစံအိမ်မှာတင်းကြပ်တဲ့စည်းကမ်းတွေရှိတယ်။ မြင်းလှည်းတွေအားလုံးက ဒီနေရာမှာပဲရပ်ရပါမယ်။ လမ်းလျှောက်မလား ထမ်းစင်နဲ့သွားမလားဆိုတာ ရွေးချယ်နိုင်ပါတယ်။ ထမ်းစင်တွေလည်းပြင်ဆင်ထားပါတယ်။ ကျေးဇူးပြုပြီး ကုရယ်..."

လှည်းသမားက မျက်နှာမည်းနေသောလင်းစစ်ယောင်အား ကြည့်လိုက်သည်။ သူသည် မင်းသားစံအိမ်၏စည်းမျဉ်းစည်းကမ်းများအတိုင်း လိုက်နာရပေမည်။ စည်းမျဉ်များကို လွန်ဆန်၍မဖြစ်ပေ။

"အဲ့လိုဆို ငါတို့ထမ်းစင်တွေပဲ သုံးကြတာပေါ့"

စုရွှေလျန်က လင်းစစ်ယောင်၏အင်္ကျီလက်စအား ဆွဲလိုက်ကာ လှည်းသမားအား ခေါင်းညိတ်ပြလိုက်သည်။

"နားလည်ပေးလို့ကျေးဇူးတင်ပါတယ်"

စုရွှေလျန်သဘောတူပြီးသည့်နောက်တွင် လှည်းသမားက ဦးညွှတ်လိုက်ကာ လှည်းကိုမောင်းကာ အဝေးသို့ထွက်သွားပေသည်။ သူသည် မြင်းများအား အစာကျွေးကာ သန့်ရှင်းရေးလုပ်ပေးရန် လိုအပ်ပေသည်။ အထမ်းသမားများသည် နူးညံ့သောအထမ်းစင်များဖြင့် ၎င်းတို့အား စောင့်ဆိုင်းနေကြသည်။

"အဟင်း အဟင်း ဒီမင်းသားရဲ့စံအိမ်ကလည်း စည်းကမ်းတွေများလိုက်တာ။ တံခါးပေါက်ကနေဝင်ဖို့ကို ရှုပ်ထွေးလွန်းနေပြီ"

ထိုမြင်ကွင်းကိုမြင်နေရသော စစ်ထူယွင်ကခေါင်းတရမ်းရမ်းဖြင့်ပြောလိုက်သည်။ သူသည် နန်းတွင်းသမားတော်အား ပင့်ဖိတ်ရန် ထိုနေရာသို့လာခဲ့စဉ်က တံခါးမကြီးမှဝင်ခဲ့ခြင်းမဟုတ်ပေ။ ခေါင်းမိုးပေါ်သို့ခုန်တက်ကာ လက်ဖက်ရည်ပို့သောအစေခံတစ်ယောက်နောက်လိုက်ကာ မင်းသားကျင်း၏စာကြည့်ခန်းအား လိုက်ရှာခဲ့ခြင်းဖြစ်သည်။

ထို့ကြောင့် ရှုပ်ထွေးများပြားသောစည်းကမ်းများကို မတွေ့ကြုံခဲ့ရပေ။

"ညီမလေး ယောက်ဖ မင်းတို့ကို ငါလာမကြိုနိုင်လို့ တောင်းပန်ပါတယ်"

လျန်အန်းဇိုင်၏ရင်းနှီးဖော်ရွေသောနှုတ်ဆက်သံက အရှေ့မှထွက်ပေါ်လာသည်။ ၎င်းတို့ဆီသို့လျှောက်လာစဉ်တွင် စစ်ထူယွင်၏စကားများကို ကြားလိုက်ရသည်။ သူက ပြုံးကာ ရှင်းပြလိုက်သည်။

"ငါတို့အဖိုးက ဒီစည်းမျဉ်းကို ချမှတ်ထားခဲ့တာ။ ပျက်ကွက်ဖို့တော့ခက်တယ်။ ညီမလေး ထမ်းစင်မှာထိုင်ပါ။ ယောက်ဖ ကျွန်တော်နဲ့လမ်းလျှောက်ချင်သလား"

လင်းစစ်ယောင်က လျန်အန်းဇိုင်အား အဓိပ္ပာယ်ရှိလှသောအကြည့်တစ်ချက်ဖြင့် ကြည့်လိုက်သည်။ နောက်ဆုံးခေါက် ၎င်းတို့တွေ့ဆုံစဉ်အခါက လျန်အန်းဇိုင်သည် သူ့အား ယောက်ဖဟုမခေါ်ခဲ့ပေ။ ယနေ့တွင် သူမည်သို့ဖြစ်နေသနည်း။ ရန်စချင်နေသည်လော။ သို့မဟုတ် ရည်ရွယ်ချက်မရှိဘဲနှင့်ပေလော။

ထိုသို့တွေးမိသော်လည်း ဘာမျှမမေးခေ။ စုရွှေလျန်နှင့်အခြားသူများသည် ထမ်းစင်ပေါ်တွင်ထိုင်ပြီးနောက် သူနှင့် စစ်ထူယွင်သည် Laing အန်းဇိုင်နှင့်အတူ စံအိမ်ခန်းမဆောင်ကြီးဆီသို့ ဦးတည်ကာ လမ်းလျှောက်သွားကြသည်။

"လတ်တလောဒီရက်ပိုင်းက တစ်မူထူးခြားနေတယ်။ သူလျှိုတွေ ဝင်လာနိုင်တယ်"

သူသည် ရေတံခွန်ပွဲကြည့်စင်နားမှ ဖြတ်လျှောက်သွားသောအခါတွင် လျန်အန်းဇိုင်၏ပါးစပ်လှုပ်လာပေသည်။

ရေတံခွန်မှရေသံသည် ကျယ်လောင်လှသော်လည်း လင်းစစ်ယောင်က လျန်အန်းဇိုင်၏သတိပေးသံအား ကြားပေသည်။

"ငါက သူတို့ပစ်မှတ်လား"

လင်းစစ်ယောင်က ခေါင်းတစ်ချက်စောင်းငဲ့မကြည့်ဘဲ မေးလိုက်သည်။

"မသေချာဘူး။ နှစ်ယောက်တွေ့ထားတယ်။ ဒါပေမဲ့ ဘာမှမမေးနိုင်ခင်မှာပဲ သူတို့ကိုယ်သူတို့ လျှာကိုက်ပြီးသတ်သေသွားကြတယ်။ သူတို့မရှိတော့ပါဘူးလို့ သေချာမပြောနိုင်ဘူး"

ရေတံခွန်မှဆူညံသံများကို အခွင့်ကောင်းယူကာ လျန်အန်းဇိုင်က စံအိမ်၏လတ်တလောအခြေအနေများအား အကျဉ်းချုံးပြောပြလိုက်သည်။

"သွေးသောက်စစ်သည်(၁၂)ယောက်ကရော"

လင်းစစ်ယောင်တစ်ယောက် မျက်မှောင်ကြုတ်ကာ စဉ်းစားနေပေသည်။

"သွေးသောက်စစ်သည်(၁၂)ယောက်က အာရုံလွှဲယုံလောက်တင်ဆိုတာ အမှန်များဖြစ်နေမလား"

ထိုကိစ္စသည် တဟွေ့၏စစ်တပ်အင်အားအစစ်အမှန်အား ဆွဲဆောင်နိုင်သောကြောင့် မည်သည့်ညွှန်ကြားချက်မျှမရှိဘဲ ၎င်းတို့အဖမ်းခံရနိုင်ပေသည်။

"ဖြစ်နိုင်တယ်။ ငါအဲ့လောက်အများကြီးတော့ မစီစဉ်နိုင်ဘူး။ သတိထား။ အန်းရှုကိုကာကွယ်ဖို့ လူတွေလွှတ်ပေးလိုက်မယ်"

လျန်အန်းဇိုင်က လင်းစစ်ယောင်အား သတိပေးလိုက်လေသည်။ အဘယ့်ကြောင့်ဆိုသော် အမွှာလေးနှင့် အန်းရှုတို့အား စိတ်ပူသောကြောင့်ဖြစ်သည်။

"မလိုပါဘူး။ စစ်ထူယွင်ဒီမှာရှိနေတာပဲ။ လူများရင် ပိုပြီးသံသယဝင်မယ်"

လင်းစစ်ယောင်ခေါင်းခါကာ ပြန်ဖြေလိုက်သည်။ သူသည် မင်းသားစံအိမ်၏ကိုယ်ရံတော်များကို မြင်ဖူးပေသည်။ ကိုယ်ရံတော်ခေါင်းဆောင်သည် အားအကောင်းဆုံးဖြစ်သည်ဟု ဆိုရမည်ဖြစ်သော်လည်း သူ၏တစ်ချက်စာမျှပင် ခံနိုင်ရည်ရှိမည်မဟုတ်ပေ။ ထိုသို့သောသူမျိုးများစွာရှိနေခြင်းက ပို၍သာဒုက္ခများပေလိမ့်မည်။

စစ်ထူယွင်သည် သူ့ကဲ့သို့ အားမကောင်းသော်လည်း ဖုန်းယောင်တရားရုံး၏အငယ်မျိုးဆက်ကြားတွင် အားအကောင်းဆုံးဖြစ်သည်။ သူ့အား တပေါင်ဖြင့် ထို့ကြောင့်ပင် အစားထိုးခြင်းဖြစ်ကာ စစ်ရှန်းဖြင့်လည်း ထိုကိစ္စအား ဆွေးနွေးပြီးဖြစ်သည်။ ၎င်းတို့သည် အမှားမခံနိုင်ကြပေ။

အခြားသူများကလည်း သူ့အားစိတ်ထဲမထားပေ။

"ကောင်းပြီ။ အဲ့တာတော့ မင်းသဘောပဲ။ ငါတို့ ရှစ်ရက်မြောက်နေ့မှာ ဧကရာဇ်ကို သွားတွေဖို့ နန်းတော်ထဲဝင်ရမယ်။ နန်းတော်ထဲရောက်ရင် သတိထားနေပါ"

လျန်အန်းဇိုင်သည် လက်ရှိဧကရာဇ်အကြောင်းအား တွေးပြီးဖြစ်သ်ည။ သူသည် ဖခင်ဖြစ်သူနှင့်ကောင်းမွန်သောဆက်ဆံရေးရှိသော်လည်း လှည့်ဖျားတတ်သောစရိုက်မျိုးရှိသည်။ ဖခင်ဖြစ်သူသည် ပွင့်လင်းရိုးသားသောသူဖြစ်ကာ ထို့ကြောင့်ပင်လျှင် ဧကရာဇ်နှင့် ရင်းနှီးနေခြင်းဖြစ်နိုင်သည်။ သို့သော် သူကိုယ်တိုင်သည်မူ ခြားနားနေသည်။ ဘုရင်က သူ၏နှစ်သက်မှုအား ပြသထားပေသည်။ သူ၏ဂုဏ်ပုဒ်အသစ်နှင့် ဖခင်ဖြစ်သူ၏စစ်တပ်အင်အား။ သို့သော်လည်း ဘုရင်သည် အသက်(၁၈)နှစ်ပြည့်မှသာ ကိုယ်ပိုင်စံအိမ်တည်ဆောက်ခွင့်ပေးထားလေသည်။

မြင့်မားသောချီးမြင့်မှုများဖြင့် သူသည် နန်းမြို့တော်၏အာရုံစိုက်စရာတစ်ခုဖြစ်လာသည်။ အချို့သော စစ်သည်များ၏စစ်ဆင်ရေးများ ပေါက်ကြားလျှင်ပင်ဖြစ်သည်။ ဘုရင်ကြီးသတိထားမိသွားမည်ကို သူကြောက်နေခဲ့ရပေသည်။

ထို့ကြောင့် စစ်သည်(၁၂)ယောက်၏ကိစ္စပြီးသည့်နောက်တွင် စစ်သည်များ၏တည်ရှိမှုအား ချုပ်ထိန်းရန် သူသည် တစ်ကိုယ်ကောင်းဆန်စွာဖြင့် လင်းစစ်ယောင်၏တည်ရှိမှုအား အများသို့ချပြခဲ့သည်။ လင်းစစ်ယောင်၏ မကျော်ကြားသောလူသတ်နတ်ဘုရားဆိုသောဂုဏ်ပုဒ်ဖြင့်ဆိုလျှင် ဘုရင်ကြီးသည် သူ့အားတွေ့ချင်မည်မဟုတ်ပေ။ သို့သော်လည်း သူသည် ဘုရင်ကြီး၏ ထူးခြားဆန်းကြယ်သောစရိုက်အားဖတ်နိုင်ရန် ကျရှုံးခဲ့ရပေသည်။

ဧကရာဇ်တွင် မည်သို့အကြံအစည်ရှိသည်မှာ ကိစ္စမရှိပေ။ လင်းစစ်ယောင်သည် နမော်နမဲ့နိုင်သောသူမဟုတ်ပေ။ သူသည် မင်းကြီး၏ထောင်ချောက်အား ရှောင်ရှားနိုင်ပေလိမ့်မည်။

"မနက်ဖြန် ဧကရာဇ်မွေးနေ့ကို သွေးတပ်ဖွဲ့ကိုပါ ဖိတ်ခဲ့တာလား"

လင်းစစ်ယောင်က ယွဲ့ခွမ်းမြို့စားသောက်ဆိုင်တွင် တွေ့ဆုံခဲ့သည်လူများကို ရုတ်တရက်အမှတ်ရသွားသည်။

"အဲ့လိုတော့မဟုတ်ဘူး။ ဘာလို့ သူတို့ကိုဖိတ်ရမှာလဲ။ ပြဿနာရှိလို့လား"

လျန်အန်းဇိုင်က စိတ်ရှုပ်ထွေးစွာမေးလိုက်သည်။ လင်းစစ်ယောင်သည် အသုံးမဝင်သောကိစ္စများကို မပြောတတ်ပေ။ တစ်ခုခုဖြစ်ရမည်သာဖြစ်သည်။

"လမ်းမှာလူအချို့ကိုတွေ့ခဲ့တယ်။ သွေးတပ်ဖွဲ့ကသူတွေဖြစ်နိုင်တယ္"

လျန်အန်းဇိုင်မျက်မှောင်ကြုပ်လိုက်မိသည်။ ရေတံခွန်းမှာ ဆူညံသံသည် အောက်သို့ကျနေသောကြောင့် ကြာရှည်စွာစကားဆက်မပြောနိုင်ကြတော့ပေ။ ထို့နောက် ၎င်းတို့သည် အချို့သောခေါင်းစဉ်များကိုသာဖလှယ်ခဲ့ကြသည်။ မကြာမီတွင် လျန်ရွှမ်ကျင်းနှင့် ဇနီးဖြစ်သူနေသောအိမ်တော်ကြီးဆီသို့ ရောက်ရှိလာခဲ့ကြ၏။

***

All Chapters