အစားထိုးခြင်း
Vol. 4 Ch. 118
လပြက္ခဒိန် တတိယမြောက်လ ခြောက်ရက်မြောက်နေ့သည် နန်းမြို့တော်ဖုန်းချန်၌ လွန်စွာအလုပ်ရှုပ်လှသောနေ့ဖြစ်သည်။ ထိုနေ့သည် တဟွေ့ဧကရာဇ်၏မွေးနေ့ဖြစ်သည်။ ယနေ့တွင် ဧကရာဇ်သည် အမိုးမပါသောလှည်းဖြင့် မြို့အနှံ့လှည့်လည်ကာ ဖုန်းချန်မြို့ရှိ သူ၏မြို့သူမြို့သားများအား နှုတ်ဆက်မည်ဖြစ်သည်။
ယခုနှစ်သည် အထူးသဖြင့် အသံထွက်လှကာ ဧကရာဇ်၏နှစ်ငါးဆယ်မြောက်မွေးနေ့ဖြစ်သည်။ ဓလေ့ထုံးတမ်းဟောင်းများကိုလိုက်နာကာ လပြက္ခဒိန် ဒုတိယယမြောက်လတွင် ဖုန်းချန်သည် သက်ဝင်လှုပ်ရှားလာကာ လူရှုပ်လာသည်။ သို့သော် ထိုနှစ်ပထမလတွင် တဟွေ့နှင့် သွေးတပ်ဖွဲ့နယ်နမိတ်ကြား မြောက်ပိုင်းကန္တရမှ ခိုလှုံသူများသည် ဖုန်းချန် ကို မွှေနှောက်ခဲ့သည်။ ဖုန်းချန်မြို့သူမြို့သားများလည်း စိတ်အနှောင့်အယှက်ဖြစ်ခဲ့ရသည်။ များစွာစောဒကတက်ကြလေသည်။ ဧကရာဇ်သည် ဖေဖော်ဝါရီလအစောပိုင်းတွင် မြို့ထဲ၌ အထိကရုဏ်းများဖြစ်စေသောခိုလှုံသူများအား စစ်သားများသုံးကာဖမ်းဆီးရန် အရာရှိများက အမိန့်ပေးခဲ့သည်။
မင်းကြီးသည် သူ၏မွေးနေ့ပွဲပျော်စရာများလျော့ပေါ့သွားမည်ကို စိုးရိမ်နေခြင်းဖြစ်နိုင်သည်။ ထို့ကြောင့် လပြက္ခဒိန် ဒုတိယမြောက်လကုန်ခါနီးတွင် သူသည် အထူးကြေညာချက်တစ်ရပ်ကို ထုတ်ပြန်ခဲ့သည်။ နောက်ခြောက်ရက်အတွင်းတွင် တဟွေ့၏ တတိယမြောက်မင်းသမီးသည် ပိုင်ဟုပွဲကြည့်စင်သို့လာကာ သတို့သားလောင်းရွေးချယ်ရန် ပန်းထိုးဘောလုံးပစ်လိမ့်မည်ဟုပင်။
ထိုအထူးသတင်းသည် မြို့သူမြို့သားများ၏ စိတ်အားထက်သက်မှုအား မွှေနှောက်သွားစေသည်။ တတိယမင်းသမီးသည် လှပကာ အရည်အချင်းရှိသည်ဟုကြားထားကြသည်။ သူမသည် မင်းကြီး၏အနှစ်သက်ဆုံးသမီးတော်ဖြစ်သည်။
ထို့ကြောင့်ပင်လျှင် ဖုန်းချန်မြို့ထဲမှလူများသာမက ဘေးချင်းကပ်မြို့တော်များဖြစ်သော ကျင်းမြို့ နှင့် ရှို့မြို့၊ အလယ်ပိုင်းရှိ မြို့ကြီးမြို့ငယ်အားလုံးကလူများပါ စိတ်ဝင်စားကြသည်။ သင့်လျော်သောလူငယ်လူရွယ်အားလုံးသည် ခြောက်ရက်နေ့အတွက် ကြီးမားသောမျှော်လင့်ချက်ကိုရင်ဝယ်ပိုက်ကာ ပိုင်ဟုပွဲကြည့်စင်သို့ အုံလိုက်ကျင်းလိုက်ရောက်လာကြသည်။
ထိုအခွင့်အရေးသည် လူမသိသူမသိဆင်းရဲသားတစ်ယောက်အား တော်ဝင်မျိုးနွယ်မိသားစုဝင်ဖြစ်လာကာ မျက်စိတစ်မှတ်အတွင်းတွင် အဆုံးမဲ့ပျော်ရွှင်ခြင်းများအားဆောင်ယူလာနိုင်သော ကောင်းကင်ကပေးသည့်အခွင့်အရေးဖြစ်သည်။
စွဲမက်စရာကောင်းလှသောအခွင့်အရေးပင်ဖြစ်သည်။ မည်သူသည် ကံကောင်းမှုအား မစမ်းသပ်ချင်ဘဲနေမည်နည်း။ ၎င်းတို့လုပ်ရန်လိုအပ်သည်မှာ လူအုပ်ထဲသို့တိုးဝှေ့ကာ လက်ကိုလေထဲတွင်မြှောက်ပြီး သတို့သားလောင်းဖြစ်လာစေရန် ပန်းထိုးဘောလုံးအားဖမ်းရန်သာဖြစ်သည်။ မည်သည်မျှ ထိုအခွင့်အရေးမျိုးကို လက်လွှတ်ခံချင်မည်မဟုတ်ပေ။
“ဘာ? ရှီရွှယ်?”
စုရွှေလျန်က သူမထိုင်ခုံမှ ထခုန်မိမတတ်ဖြစ်သွားသည်။
"အင်း။ လုံရှီရွှယ်က မင်းသမီးကိုယ်စား သားမက်တော်ကိုရွေးချယ်မှာတဲ့လေ။ နန်းတော်ထဲမှာပျံ့နေတဲ့လျှို့ဝှက်ချက်ပဲ"
ဖုန့်ချိုက်ယွင်က သက်ပြင်းချကာ ပြောလိုက်၏။ မွန်းလွဲပိုင်းတွင် သူမသည် မိဖုရားခေါင်ကြီးဆီမှပြန်လာကာ ထိုကောလဟလအား အတည်ပြုလာခြင်းဖြစ်သည်။
"ဘာလို့လဲ။ ဧကရာဇ်က မလိမ်တတ်ဘူးလို့ ပြောကြတယ်မလား"
စုရွှေလျန်အလောတကြီးမေးလိုက်သည်။
"သူက တတိယမင်းသမီးကို သားမက်တော်ရှာစေချင်တာမလား။ ဘာလို့ ရှီရွှယ်ကို ပြောင်းလိုက်ရတာလဲ"
လုံရှီရွှယ်သည်လည်း သူမကဲ့သို့ပင် ကူးပြောင်းသူတစ်ဦးဖြစ်သည်။ သူမ၏ဘဝအား ထိုသို့မျိုး သာမန်ကာလျှံကာဆုံးဖြတ်လိမ့်မည်မဟုတ်ဟု စုရွှေလျန်ယုံကြည်သည်။
သူမသည် သဘောထားကြီးက ရိုးသားဖြောင့်မတ်သောမိန်းကလေးဖြစ်သည်။ သူမ၏လက်ထပ်ထိမ်းမြားခြင်းအား ပန်းထိုးဘောလုံးတစ်လုံးက မည်သို့ဆုံးဖြတ်ပေးနိုင်မည်နည်း။ ဆိုးယုတ်သောသူတစ်ဦးကသာ ထိုဘောလုံးအား ဖမ်းမိသွားပါလျှင် သူမသည် ထိုသူ၏ဇနီးဖြစ်လာမည်ဟု ဆိုလိုသည်မဟုတ်လော။
တဟွေ့၏ဧကရာဇ်သည် ထိုမျှလောက်နဝေတိမ်တောင်နိုင်ရပါသနည်း။ သူသည် တတိယမင်းသမီးဟုပြောသွားခဲ့ခြင်းဖြစ်သည်။ ယခုတွင် လုံရှီရွှယ်ဖြင့် ပြောင်းလိုက်သည်။ မိန်းကလေးများသည် ၎င်းတို့၏ကံကြမ္မာနှင့်လက်ထပ်ထိမ်းမြားမှုတွင် မည်သို့ ထိုမျှအကူအညီမဲ့ရပါသနည်း။ ၎င်းတို့သည် ဧကရာဇ်၏ပြက်လုံးများကိုပါ လိုက်နာရမည်လော။
စုရွှေလျန်သည် တရုတ်နိုင်ငံ စူကျိုးအား အမှတ်ရသွားသည်။ လက်ထပ်ရန်စီစဉ်ကြသည့်ထိုအချိန်တွင် စုအိမ်ကဲ့သို့ ချမ်းသာသောမိသားစုများသည် လက်ထပ်ပွဲမတိုင်ခင်တွင် မိန်းကလေးနှင့်ယောင်္ကျားလေးအားတွေ့ရန် ချိန်းပေးတတ်ကြသည်။ သူမသည် ဘဝတစ်သက်တာလုံးလက်တွဲသွားရမည့်သူမည်သူဖြစ်သည်နှင့် ထိုသူသည် မည်သို့ပုံစံဖြစ်ကြောင်းကို သိနိုင်ပေသည်။
သို့သော် ယခုတွင် ရှီရွှယ်နှင့် အတူတူနေရမည့်သူအား ပန်းထိုးဘောလုံးလေးတစ်လုံးဖြင့် ဆုံးဖြတ်ခံရပေမည်။ ပစ်လိုက်သည်နှင့် သူမသည် ထိုအရာအား ပြန်ရတော့မည်မဟုတ်ပေ။ လွတ်လပ်သောအသိုင်းအဝိုင်းမှလာခဲ့သည်ဟုပြောခဲ့သော ရှီရွှယ်အနေဖြင့် သူမ၏လက်ထပ်ခြင်းအား ဆုံးဖြတ်မည့်သူသည် ထိုသို့ရက်စက်သောအရာတစ်ခုသာဖြစ်သည်။
"ဧကရာဇ်က ဟာသလုပ်တာမဟုတ်တာကြောင့် လုံရှီရွှယ်ကို တတိယမင်းသမီးနဲ့အစားထိုးလိုက်တာ။ ဘာကိစ္စပဲရှိရှိ သားမက်လောင်းရှာဖို့ကိစ္စကတော့ မပြောင်းလဲတော့ဘူးပေါ့"
ဖုန့်ချိုက်ယွင်က သက်ပြင်းချလိုက်၏။
"အခြားနည်းလမ်းမရှိတော့ဘူးလား"
စုရွှေလျန်က တိတ်ဆိတ်စွာထိုင်နေသော လင်းစစ်ယောင်နှင့် လက်ဖက်ရည်ကိုသာနှစ်ခြိုက်စွာသောက်နေသော လျန်အန်းဇိုင်အား ကြည့်လိုက်သည်။
"အစ်ကိုကြီး..."
စုရွှေလျန်က မျက်ခုံးကျုံ့ကာပြောလိုက်သည်။ ထိုအကြောင်းသာ လေးနက်သောဆွေးနွေးမှုဖြစ်သည်။ ၎င်းတို့သည် အဖြေမရှာနိုင်သည်ဆိုလျှင်ပင် သူသည် ထိုသို့ထိခိုက်စေမည့်သဘောထားမျိုးကို မပြသင့်ပေ။
"သူ့ဘာသာရွေးချယ်လို့ရသားပဲ။ အားလုံးက ကိုယ့်ရွေးချယ်မှုအပေါ်မှာ တာဝန်ရှိကြတာပဲလေ"
လျန်အန်းဇိုင်က လက်ဖက်ရည်ခွက်ကိုချလိုက်ကာ အေးစက်စက်ဖြင့်ပြောလိုက်သည်။
"သူ့ဘာသာရွေးချယ်ရမယ်"
စုရွှေလျန်မှင်တက်သွားကာ ဖုန့်ချိုက်ယွင်အား ကြည့်လိုက်သည်။ သူမသည် အတင်းအကြပ်ထိုသို့လုပ်ရန်ခိုင်းစေခံခဲ့ရသည်ဟု ပြောခဲ့သည်မဟုတ်လော။
"အင်း။ အမှန်ပဲ။ အိုးရန်ရွှမ်က ဆေးစစ်ချက်မှားလုပ်ခဲ့တယ်။ ဧကရာဇ်က သူ့ကိုအကျဉ်းချထားတယ်။ လုံရှီရွှယ်ကလာပြီး သူ့အတွက်အသနားခံခဲ့တယ်လေ။ မင်းကြီးက သူ့ရဲ့သစ္စာရှိမှုကို စမ်းသပ်ဖို့ ဒီအကြံကိုစဉ်းစားခဲ့တာ။ အိုးရန်ရွှမ်ပေါ်ထားတဲ့သူ့ရဲ့သဘောထားနဲ့သစ္စာတရားကို ဖော်ပြဖို့ အကူအညီဖြစ်မှာပါ"
လျန်အန်းဇိုင်က မထီမဲ့မြင်ဖြင့်ရှင်းပြလိုက်သည်။
"အင်း ဒါကမိန်းမတစ်ယောက်ပဲလေ။ သူဘယ်သူ့ကိုလက်ထပ်လက်ထပ် ကိစ္စမရှိပါဘူး။ ဘာပဲဖြစ်ဖြစ် သူကနန်းတွင်းမင်းသမီးတစ်ပါးရဲ့အဆောင်အယောင်နဲ့လက်ထပ်ရလိမ့်မယ်။ အဲ့တာကိုက ချီးမြှောက်ရာကျနေပြီ"
“လျန်အန်းဇိုင်!”
တစ်စုံတစ်ယောက်သည် စုရွှေလျန်၏ဒေါသအား ဖမ်းဆုပ်မိသွားသည်။
ထိုစကားကိုကြားသောအခါ ဖုန့်ချိုက်ယွင်က ဒေါသတကြီးဖြင့် စားပွဲအား ထုလိုက်သည်။
"မြင့်မြတ်ပြီး ယောင်္ကျားပီသတဲ့ပုံမျိုးလုပ်မနေနဲ့။ မင်းမှာသာ အရည်အချင်းရှိတယ်ဆိုရင် သမားတော် အိုးရန်ရွှမ်ကိုကယ်လေ။ ရှီရွှယ်က ဒီလိုပုံမျိုးနဲ့ လက်ထပ်ဖို့သဘောတူမလားဆိုတာကို ကြည့်ရသေးတာပေါ့"
လျန်အန်းဇိုင်က မတ်တပ်ရပ်ကာ သူ၏အင်္ကျီအား အေးဆေးတည်ငြိမ်စွာခါလိုက်ပြီး အခန်းထဲမှထွက်သွားလေသည်။
"စိတ်တိုလွန်းလို့သေတော့မယ်"
ဖုန့်ချိုက်ယွင်က လက်ဖက်ရည်တစ်ကျိုက်သောက်လိုက်ကာ ခေါင်းတရမ်းရမ်းဖြင့် ညီးညူလိုက်သည်။
"အမေ အစ်ကိုကြီး..."
မျက်နှာတွင် လျန်အန်းဇိုင်သည် ရှီရွှယ်အတွက် စိတ်မပူပုံပေါ်ကာ မထီမဲ့မြင်ပြုခဲ့သည်။ သို့သော် သူ၏ရန်စသောစကားလုံးမျးသည် သူသည် အမှန်ပင်ထိုအခြေအနေအား ဂရုစိုက်သည်ဟု သဲလွန်စပေးနေလေသည်။
အဘယ့်ကြောင့် သူ၏အတွေးနှင့် မတူညီစွာပြုမူနေရပါသနည်း။
"ဘယ်သူသိမှာလဲ။ သူလည်း သူ့အဖေလိုမျိုး တွန့်တိုတဲ့သဘောထားမျိုးရှိတယ်"
ဖုန့်ချိုက်ယွင်က ပြောလိုက်၏။ ထို့နောက် သူမသည် လျန်အန်းဇိုင်မှာ လျန်ရွှမ်ကျင်း၏ သားအရင်းမဟုတ်သည်ကို အမှတ်ရသွားသည်။ သူသည် လျန်ရွှမ်အန်း၏သားဖြစ်သည်။ သူမက ရှက်ရှက်ဖြင့် စုရွှေလျန်ဘက်သို့ လှည့်ကာပြုံးလိုက်ပြီး
"တွန့်တိုတတ်တဲ့မင်းအဖေလိုမျိုးပဲလို့ ငါကပြောတာ"
"မင်းကြည့်ရတာ အများကြီးစဉ်းစားနေပုံပဲ။ ဘာလို့အဲ့လိုဖြစ်နေရတာလဲ"
လော့ရှားအာသည် သူ၏အဌဂံပွဲကြည့်စင်တွင် တရုတ်ဆီးသီးဝိုင်သောက်ကာ တစ်မျိုးထူးခြားနေသော လျန်အန်းဇိုင်အား ကြည့်ကာပြောလိုက်သည်။
"ဘာဖြစ်နေလို့လဲ။ ဒါက နန်းတော်ကချထားတဲ့ထောင်ချောက်မှန်းဘယ်သူသိမှာလဲ"
လျန်အန်းဇိုင်သည် တရုတ်ဆီးသီးဝိုင်အား ဒုတိယတစ်ချိုက်မော့သောက်လိုက်ပြီး အက်ကွဲသံဖြင့်ပြန်ဖြေလိုက်သည်။
"ထောင်ချောက်?"
သူပြောသည်ကိုနားထောင်ရင်း လော့ရှားအာခေတ္တမျှရပ်စဉ်းစားနေမိသည်။ ထို့နောက် ခေါင်းရမ်းကာဖြင့် ရယ်မောကာသက်ပြင်းချလိုက်သည်။
"ရလဒ်ကိုပြောင်းပစ်မှာကို မင်းကကြောက်နေတာလား။ လုံရှီရွှယ်က ပန်းထိုးဘောလုံးကို တတိယမင်းသမီးအစားပစ်မယ်လို့ သူပြောတယ်။ ဒါပေမဲ့ မင်းက ဘောလုံးကိုဖမ်းမိသွားရင် တတိယမင်းသမီးလက်ထပ်မဲ့သူက မင်းဖြစ်လိမ့်မယ်။ ပြီးတော့ မင်းကသာ ဘောလုံးကို ဖမ်းမမိဘဲ ကံကောင်းတဲ့သူက ဖမ်းမိသွားမယ်ဆိုရင် လုံရှီရွှယ်က သူ့ရဲ့ဇနီးဖြစ်လိမ့်မယ်။ အဲ့လို့မလား"
နန်းတော်ထဲမှသူသည် ထိုသို့လုပ်ပေလိမ့်မည်။ သူအနှစ်သက်ဆုံးလုပ်ရပ်တစ်ခုမှာ လူများအား စိတ်သောကရောက်အောင်လုပ်ခြင်းပင်ဖြစ်သည်။ အထူးသဖြင့် သူ၏သမီးတော်အားမနှစ်သက်သော သူပစ်မှတ်ထားနေသည့် လျန်အန်းဇိုင်ကိုပင်ဖြစ်သည်။
"အင်း"
လျန်အန်းဇိုင်နှာခေါင်းရှုတ်ကာပြန်ဖြေလိုက်သည်။ ဝိုင်အိုးကိုမယူကာ သူ၏ပါးစပ်ထဲသို့ လောင်းချလိုက်သည်။
"အင်း ဒီလိုမျိုးသောက်နေတာက ငါ့ရဲ့ဝိုင်ကောင်းကို ဖြုန်းတီးပစ်နေတာပဲ"
သူ၏လက်ထဲမှဝိုင်အိုးကိုကြည့်ကာ လော့ရှားအာ၏နှလုံးသားအောင့်သွားရသည်။ ထိုဝိုင်သည် သူသုံးနှစ်တာမျှသိမ်းထားရသည့်ရတနာဖြစ်သည်။ အချစ်နာကျနေသောကလေးငယ်သည် ဝိုင်ကောင်းအား မည်သို့အရသာခံရမည်ကို မသိရှာပေ။
"အမှန်အတိုင်းပြောရရင် တတိယမင်းသမီးက မဆိုးပါဘူး။ မင်းသူ့ကို လက်ထပ်သင့်တယ်။ အဲ့လိုဆိုရင် လုံရှီရွှယ်က မင်းကိုယ်လုပ်တော်ဖြစ်လာလိမ့်မယ်"
လော့ရှားအာသည် သောက်ပြီး၍ စားပွဲကိုမှီထားသော လျန်အန်းဇိုင်ကို ပုတ်လိုက်ကာပြောလိုက်သည်။ ဝိုင်တစ်အိုးသည် သူ့အား မူးအောင်မလုပ်နိုင်ပါ။ လော့ရှားအာသည် သူနှင့်ငယ်စဉ်ကတည်းကပင် သိခြင်းဖြစ်သည်။ သူ၏သည်းခံနိုင်မှုအား ကောင်းကောင်းသိပေသည်။
"ထွက်သွားစမ်း"
စားပွဲမှအက်ကွဲသံဖြင့် အသံနှစ်သံက ပလုံးပထွေးထွက်ပေါ်လာသည်။ လော့ရှားအာက ငါးခိုးယူခြင်းအောင်မြင်သွားသောကြောင်လေးကဲ့သို့ ပြုံးလိုက်သည်။
"အဟင်း အဟင်း ငါ လုံရှီရွှယ်ကိုခေါ်လာရင် မျက်နှာဆိုးကြီးအမြဲထားတတ်တာ ဘယ်သူများပါလိမ့်..."
"မင်းမပြောရင် မင်းဆွံ့အနေရင် ဘယ်သူမှမေးမှာမဟုတ်ဘူး"
လျန်အန်းဇိုင်က မျက်နှာမည်းကြီးဖြင့်ထလာကာ အဌဂံပွဲကြည့်စင်အပြင်သို့ ထွက်သွားလေသည်။
"မင်းသွားတော့မှာလား။ အဲ့လိုဆို မနက်ဖြန်...."
"နောက်မှပြောမယ်"
လျန်အန်းဇိုင်က လက်ကိုဝှေ့ယမ်းပြလိုက်ကာ နောက်သို့ပြန်လှည့်မကြည့်တော့ပေ။ တဖြည်းဖြည်းဖြင့် မင်းသားရှန်းစံအိမ်၏တံခါးမကြီးမှ အပြင်သို့ ထွက်သွားပေသည်။
လော့ရှားအာသည် မျက်မှောင်ကြုတ်ကာ အထီးကျန်စွာလျှောက်ထွက်သွားသောကျောပြင်အား ကြည့်နေမိသည်။ သူငယ်ချင်းဖြစ်သူသည် မနက်ဖြန်တွင် မည်သို့ရွေးချယ်လိမ့်မည်ကို သူမသိပေ။ သူသည် သူချစ်သောမိန်းကလေး အခြားတစ်ယောက်နှင့် လက်ထပ်သွားမည်ကို ကြည့်နေမည်လော။ ထိုသို့မှမဟုတ်လျှင် သူကမားမားမတ်မတ်ရပ်ကာဖြင့် သူမချစ်သောတတိယမင်းသမီးဖြင့်လက်ထပ်အား သူချစ်သော လုံရှီရွှယ်အား သူချစ်သောသူဖြင့်နေခွင့်ပြုမည်လော။
ခက်ခဲကြမ်းတမ်းသောရွေးချယ်မှုပင်ဖြစ်သည်။ သူရွေးချယ်မှုသည် မည်သို့ပင်ဖြစ်စေ လုံရှီရွှယ်သည် မည်သည့်အခါမျှသူ၏ဇနီးဖြစ်လာမည်မဟုတ်သောကြောင့် ခက်ခဲခဲ့ခြင်းဖြစ်ပေသည်။
ခြောက်ရက်မြောက်နေ့ မနက်စောစောတွင် အားလုံးသည် မင်းသားကျင်းစံအိမ် ထမင်းစားခန်းတွင် စုစည်းနေကြသည်။ လူ(၁၆)ယောက်မျှဆံ့သော အနီရောင်စန္ဒကူးစားပွဲဝိုင်းကို ပတ်ချာလည်ထိုင်နေကြသည်။
"အစ်ကိုကြီး။ ပန်းထိုးဘောလုံးဖမ်းပွဲကို မသွားဘူးဆိုတာ သေချာလား"
ယမန်နေ့က သူမနှင့် ဖုန့်ချိုက်ယွင်သည် အစ်ကိုကြီးဘောလုံးဖမ်းလာစေနိုင်မည့်ကိစ္စအား အချိန်အတော်ကြာဆွေးနွေးခဲ့သည်။ တိုက်တိုက်ဆိုင်ဆိုင်ပင် လျန်အန်းဇိုင်သည် လုံရှီရွှယ်နှင့် အသက်အတူတူဖြစ်သည်။ ထို့အပြင် ၎င်းတို့သည် အချင်းချင်းသိကြသည်။ လုံရှီရွှယ်သည် ဘောလုံးအားပစ်မည့်အချက်အား မပြောင်းလဲနိုင်လျှင် ထိုအရာသည် ၎င်းတို့တွင်ရှိသောအကောင်းဆုံးဖြေရှင်းနည်းဖြစ်သည်။
သို့သော်လည်း လျန်အန်းဇိုင်က ထိုသို့လုပ်ရန် ငြင်းဆန်ခဲ့သည်။ တစ်ချက်မျှပင်မကြည့်ဘဲ အိုင်းရစ်ပန်းခြံဝန်းဆီသို့ ဦးတည်သွားသည်။
"ယွင်အာကို ဖမ်းခိုင်းလိုက်ရင်ရော ဘယ်လိုလဲ။ ယွင်အာက သိုင်းပညာကျွမ်းကျင်တယ်။ သူက အဲ့ဘောလုံးကိုဖမ်းနိုင်မှာပါ"
စုရွှေလျန်သည် စစ်ထူယွင်အား သတိထားမိသောကြောင့် သူမခေါင်းထဲတွင် အကြံပေါ်လာခြင်းဖြစ်သည်။
ထမင်းလုံးအငမ်းမရမြိုနေသော စစ်ထူယွင်တစ်ယောက် နေရာမှခုန်မတတ်ဖြစ်သွားသည်။ နာကျင်သည်ဟုခံစားသွားရကာ စုရွှေလျန်ရှိရာသို့ သူ၏ခေါင်းအား လှည့်လိုက်သည်။ သူအမှန်တကယ်ပြောချင်သည်မှာ-
"ကျွန်တော်နဲ့မှမဆိုင်တာ"
သူသည် ယခုနှစ်တွင်မှ အသက်(၁၃)နှစ်သာရှိသေးသည်။ တတိယမင်းသမီးသည် (၁၆)နှစ်ရှိပြီဖြစ်ကာ လုံရှီရွှယ်သည် (၁၇)နှစ်ရှိပြီဖြစ်သည်။ သို့သော် အရေးကြီးဆုံးအပိုင်းမှာ စစ်ထူယွင်ကိုယ်တိုင်ပင် လက်မထပ်ချင်သေးခြင်းဖြစ်သည်။ စားသောက်ဆိုင်မှစားပွဲထိုး၏စကားများသည် လက်တွေ့ဖြစ်လာတော့မည်လော?
တစ်စုံတစ်ယောက်သည် သူ့ထက် ပို၍ငိုချင်နေရှာပေမည်။ သို့သော် သူ၏ခံစားချက်မဲ့သောမျက်နှာအား ထိန်းသိမ်းထားရန် ကြိုးစားနေသည်။
"အဲ့လိုအဆင်မပြေဘူးလား။ အနည်းဆုံးတော့ ယွင်အာရဲ့ ပင်ကိုယ်စရိုက်ကိုယုံတယ်"
အားလုံးသည် သူမ၏အကြံပြုချက်အား ကြားသောအခါတွင် ကိုးရိုးကားရားနိုင်သောဟာသအား ကြားလိုက်ရသကဲ့သို့ သူမအား ကြည့်နေကြသည်။
သို့သော် သူမသည်လည်း လေးလေးနက်နက်တွေးကာပြောခြင်းဖြစ်သည်။ လုံရှီရွှယ်အား သူစိမ်းတစ်ဦးနှင့်လက်ထပ်ခိုင်းခြင်းထက် ပို၍ကောင်းသည်။ ယွင်အာသည် ငယ်သေးသော်လည်း သူ၏အရည်အချင်းမှာ အရွယ်ရောက်ပြီးသားယောင်္ကျားတစ်ယောက်ထပ် မလျော့ပေ။
လျန်အန်းဇိုင်သည် ၎င်းတို့၏အကောင်းဆုံးရွေးချယ်မှုဖြစ်ခဲ့သော်လည်း သူကငြင်းဆန်ခဲ့၏။ ယခုအခြေအနေတွင် စစ်ထူယွင်ကိုသာ ဖိအားပေးနိုင်တော့မည်။
“ဦးလေး…”
စစ်ထူယွင်က စုရွှေလျန်အား တောင်းပန်သောမျက်နှာထားဖြင့်ကြည့်နေသော်လည်း သူမ၏အကြံအားဆွဲမထုတ်နိုင်ချေ။ ထို့ကြောင့် အကူအညီမဲ့စွာဖြင့် လင်းစစ်ယောင်ဘက်သို့ လှည့်သွားသည်။
"တကယ်တော့ ဒါက ကောင်းမွန်တဲ့ရွေးချယ်မှုပဲလေ"
တိတ်ဆိတ်စွာထိုင်နေသော အကြီးအကဲ ဦးရီးတော် Jingက ရုတ်တရက်ပြောလိုက်၏။ သူသည်လည်း စုရွှေလျန်၏ အကြံပြုချက်အားလက်ခံလိုက်သောကြောင့် လူတိုင်းပြောစရာစကားမရှိဖြစ်လာသည်။
"ငါတို့ရဲ့လူကို ပန်းထိုးဘောလုံးဖမ်းခိုင်းလိုက်တာက ကယ်ဆယ်ရေးအစီစဉ်ပဲ"
လျန်ရွှမ်ကျင်းသည်လည်း ထိုသို့ပင်ပြောလိုက်သည်။ ထိုစကားသည် နားထောင်သူများအား စည်းရုံးသိမ်းသွင်းလိုက်လေသည်။
"ဟုတ်သားပဲ။ လက်ထပ်ပြီးရင် သူတို့ကွာရှင်းနိုင်တာပဲလေ"
ဖုန့်ချိုက်ယွင်ကပါ လက်ခုပ်တီးရင်း ခေါင်းညိတ်ထောက်ခံနေသည်။
"ကျွန်တော်ကတော့ သဘောမတူဘူး။”
စစ်ထူယွင်သည် သူ၏လွတ်လပ်မှုအတွက် စကားပြောချင်နေသည်။ သို့သော်လည်း လင်းစစ်ယောင်က သူ၏ခေါင်းအား ပုတ်လိုက်ကာ
"တစ်ယောက်ယောက်ရဲ့အသက်က အန္တရာယ်ရှိနေတာ။ သည်းခံလိုက်"
***