← Chapters

ဟွမ်းရှမြို့တွင် ပြန်လည်တွေ့ဆုံခြင်း

Vol. 4 Ch. 116

ဟွမ်းရှမြို့တွင် ပြန်လည်တွေ့ဆုံခြင်း

Vol. 4 Ch. 116

လပြက္ခဒိန် တတိယမြောက်လ ပထမနေ့ အရုဏ်တက်ချိန်တွင် နေသည် သစ်ပင်များအပေါ်မှ ငေါထွက်လာကာ ထိုနေ့ရာသီဥတုသည် ကောင်းမွန်းသောတစ်နေ့တာဖြစ်ပေလိမ့်မည်။

အိမ်တွင်းအိမ်ပြင်လူအားလုံး၊ မြို့ထဲရှိရွာသားများကိုလည်း နှုတ်ဆက်ပြီးနောက်တွင် နို့စို့အရွယ်ကလေးငယ်နှစ်ဦးနှင့် အရွယ်ရောက်သူ(၇)ဦးပါသောလှည်းနှစ်စီးသည် မြောက်ဘက်သို့ဦးတည်သွားသည်။

နန်းမြို့တော်ဖြစ်သော ဖုန်းချန်မြို့သို့ဦးတည်မည်ဆိုလျှင် မြို့ကြီးလေးမြို့နှင့် မြို့ငယ်(၁၃)မြို့အား ဦးတည်ရပေမည်။

ကျေးလက်ဒေါသမှ ဖန်းလော့မြို့သို့ ထို့နောက်တွင်နားသောနေရာမှာ ဟွမ်းရှမြို့ပင်ဖြစ်သည်။ ၎င်းတို့သည် ဝူရှစ်အချိန်(၁၀နာရီ-၁နာရီ)တွင် ရောက်ရှိသွားကြသောကြောင့် လင်းစစ်ယောင်သည် လှည်းမောင်းသူအား နေ့လည်စာစားရန် ဆိုင်တစ်ဆိုင်အားရှာခိုင်းလိုက်ပေသည်။

"ရှစ်ဖူ၊ ရှစ်နျန်"

မည်သူမျှလှည်းထဲမှမထခင်တွင် ရင်းနှီးနေသောအသံတစ်သံသည် ရွယ်သေရည်ဆိုင်တံခါးပေါက်မှ ထွက်ပေါ်လာသည်။

"ရှစ်ဖူ၊ ရှစ်နျန် အားလုံးဒီနေ့ ဒီကနေဖြတ်သွားမယ်ဆိုတာ ကျွန်တော်သိနေတယ်လေ"

ထျန်းတပေါင်က ပြုံးလိုက်ကာ ပိုင်ဟယ်ဆီမှ လင်းလုံအားခေါ်ကာ မတ်တပ်ရပ်နေသည်။ သူသည် သူ၏ရိုးသားသောဆရာတူညီမလေးအား မျက်တောင်တစ်ဖက်ခတ်ပြလိုက်ကာ ချည်းကပ်လာသောစစ်ထူယွင်အားခေါင်းမော့ကာ ပြုံးပြလိုက်သည်။

"တပေါင် မင်းကိုမမြင်ရတာလအတော်ကြာပြီ။ မင်းအရပ်ပိုရှည်လာသလိုပဲ။ အခုဆို မင်းကအရွယ်ရောက်ပြီးသားသူတစ်ယောက်တကယ်ဖြစ်လာပြီပဲ"

စုရွှေလျန်ကပြုံးပြကာ သူမရှေ့ရှိ ပိန်ပါးသောလူငယ်လေးအား လေ့လာသုံးသပ်နေသည်။ သူသည် အရွယ်ရောက်ပြီးဖြစ်ကာ သူမကလေးများထဲမှတစ်ယောက် အရွယ်ရောက်သကဲ့သို့ခံစားလိုက်ရပေသည်။

"ဒေါ်လေး သူ့ပုံစံကို အရူးမလုပ်ပါနဲ့။ တကယ်တော့ သူ့ဦးနှောက်ထဲကသွေးခဲက ခုထိအရှင်းပျောက်သေးတာမဟုတ်ဘူး။ သူက ခုထိအရင်လိုမျိုးပဲ"

စစ်ထူယွင်က လှောင်ရယ်လိုက်ကာ သူကလက်အား ထျန်းတပေါင် ပုခုံးပေါ်တွင် တင်ထားလိုက်သည်။

လင်းစစ်ယောင်ရှေ့တွင် စုရွှေလျန်အား မမလှလှဟုမခေါ်ရဲကာ ပြောင်ပင်မပြောင်ရဲတော့ပေ။ နောက်ဆုံးတစ်ခေါက် စစ်လင်အား ဒေါသထွက်ခဲ့စေသောအချိန်က ရခဲ့သော တင်းကြပ်သည့်ပြစ်ဒဏ်အား မမေ့လျောသေးကာ သူမြင်းချေးကျုံးခဲ့ရခြင်းဖြစ်ပေသည်။ ထို့နောက်တွင် မြေမြုပ်ကာ မြင်းချေးများကို မြေဩဇာအဖြစ်အသုံးပြုရသည်။ သူ၏ဆရာတူဦးလေးသည် သူ့အား သုံးရက်တိုင်နှိပ်စက်ခဲ့သည်။ ယခုတွင် သင်ခန်းစာရနေပြီဖြစ်သည်။

"ကောင်းပြီ။ တံခါးမှာပဲ အချိန်ဆွဲမနေနဲ့"

လင်းစစ်ယောင်က မြင်းလှည်းအားစီစဉ်ပြီးနောက်တွင် ၎င်းတို့အား စုစည်းလိုက်သည်။ စုရွှေလျန်လက်ထဲမှ လင်းရှောင်ကိုခေါ်ကာ သူမအားစားသောက်ဆိုင်ထဲသို့ဆွဲခေါ်သွားပေသည်။

"ဪ ရှစ်ဖူ...အဲ့တာက..."

ထျန်းတပေါင်က ကျီစယ်နေကာ လင်းစစ်ယောင်နောက်မှ စစ်ထူယွင်အား တံတောင်ဖြင့်တွတ်လိုက်သည်။ ရုတ်တရက်ပင် သူသည် လင်းစစ်ယောင်အား ပြတင်းပေါက်ဘေးတွင်ထိုင်နေသောမိန်းကလေးတစ်ယောက်အား လက်ညှိုးညွှန်ပြလိုက်သည်။

လုဝမ်အာ!

လင်းစစ်ယောင်တစ်ယောက် မျက်စောင်းထိုးကြည့်လိုက်သည်။ 'မင်းငါ့ကိုဒုက္ခပေးရဲတယ်ပေါ့'ဆိုသောအကြည့်မျိုးဖြင့် သတိပေးလိုက်ခြင်းဖြစ်သည်။

"တကယ်တော့မဟုတ်ပါဘူး"

ထျန်းတပေါင်က ခေါင်းညိတ်ပြလိုက်သည်။ အတွေးမရှိဘဲ ဘာမဆိုလုပ်နိုင်သည့် ထျန်းတပေါင်အား သူကြာရှည်စွာဂရုမစိုက်နိုင်တော့ချေ။ ထို့အပြင် ရှစ်ဖူနှင့်ရှစ်နျန်သည်လည်း သူမအားအာရုံမစိုက်ကြသောကြောင့် သူဒုက္ခပေးနိုင်မည့်နေရာမျိုးမဟုတ်ပေ။

ပိုင်ဟယ်က ဆိုင်ရှင်အား သီးသန့်အခန်းတစ်ခန်းတောင်းဆိုလိုက်သည်။ သို့သော်လည်း မည်သည့်အခန်းမျှမရကြတော့ပေ။ တိုက်တိုက်ဆိုင်ဆိုင်ပင် ၎င်းတို့ထိုင်နေသော တောင်ဘက်ပြတင်းပေါက်ဘေးရှိစားပွဲနှစ်လုံးဘေးတွင် ထိုင်နေသောသူမှာ လုဝမ်အာပင်ဖြစ်၏။

စုရွှေလျန်သည် အမွှာနှစ်ယောက်အား ဂရုစိုက်နေရ၍ အခြားသူများကို သတိမထားမိပေ။

သို့သော်လည်း ၎င်းတို့နေရာယူပြီးနောက်တွင် လုဝမ်အာသည် လင်းစစ်ယောင်အား သတိထားမိသွားသည်။ သူမသည် ထိုအမျိုးသားအား လိုချင်တောင့်တမိခဲ့သော်လည်း သူသည်လည်း သူမ၏အရူးထမှု၏တရားခံဖြစ်ကာ နှစ်ဝက်မျှပြစ်ဒဏ်အားခံစားခဲ့ရပေသည်။

လုဝမ်အာသည် သူမ၏လက်ထဲမှတူနှစ်ချောင်းအားချလိုက်သည်။ မှန်ပေသည်။ သူမအသိစိတ်ပြန်ဝင်လာခဲ့ပြီဖြစ်သည်။ သူမစိတ်သက်သာသွားပြီဖြစ်သည်။ သူမသည် အချစ်ရူးတစ်ယောက်မဟုတ်တော့ပေ။ သူမအား ထွက်သွားရန်ဖိအားပေးခဲ့သော ဖန်းလော့မြို့သို့လည်း မပြန်နိုင်ရှာပေ။ ထိုမြို့တွင် သူမနေထိုင်ရန် နေရာမရှိပေ။ သူမမေ့သွား၍ ပြန်ခဲ့သည်ဆိုလျှင်ပင် တစ်ယောက်ယောက်သည် သူမ၏သိမ်ငယ်စေခဲ့သောအတိတ်အား တူးဆွပေလိမ့်မည်။ ထိုသို့ဆိုလျှင် ဟွမ်းရှမြို့တွင်နေခြင်းကပင်လျှင် သူမအား လုအိမ်၏မမလေးဟု မည်သူမျှမမှတ်မိကြသည်ဖြစ်ကာ အကောင်းဆုံးဖြစ်ပေမည်။

သူမ၏ခမ်းနားကြီးကျယ်သောဘဝအသစ်စခါနီးတွင် မျှော်လင့်မထားသည်မှာ....

သူမသည် မကောင်းဆိုးဝါးထက် ရက်စက်ကြမ်းကြုတ်သောသူနှင့် တွေ့ဆုံခဲ့မိခြင်းဖြစ်သည်။

" ကုရယ် ကျွန်မတို့စစ်ဆေးပြီးပြီ။ စားပွဲထိုးက မြင်းတွေကိုလည်း အစာကျွေးပြီးပြီလို့ပြောတယ်"

ပိုင်ဟယ်သည် ငွေရှင်းသည့်နေရာမှပြန်လာကာ လင်းစစ်ယောင်အား တင်ပြလိုက်သည်။

"အင်း အဲ့လိုဆို ငါတို့အခုသွားကြမယ်လေ"

လင်းစစ်ယောင်ခေါင်းညိတ်ပြလိုက်သည်။ လင်းလုံနှင့် လင်းရှောင်အား စစ်ထူယွင်နှင့် လျန်မော့မော့က အသီးသီးချီထားကြကာ သူက စုရွှေလျန်အား မတ်တပ်ရန်ကူညီပေးလိုက်သည်။ ၎င်းတို့ထွက်ခွာလုနီးပါးဖြစ်နေကြပေသည်။

“အား!…”

လျန်မော့မော့သည် လင်းစစ်ယောင်နှင့် စုရွှေလျန်နောက်မှ လျှောက်လှမ်းလာကာ သူမ၏ခြေထောက်အား တစ်စုံတစ်ခုကနှောင့်ယှက်လိုက်သည်ဟု ခံစားလိုက်ရသည်။ သူမယိုင်သွားကာ လက်ထဲမှ လင်းရှောင်က အဝေးသို့ပျံထွက်သွားသည်။ (ခြေထိုးလိုက်လို့ကလေးလွတ်ကျသွားတာ)

ဖြစ်ပျက်သည်မှာ မြန်ဆန်လွန်းလှပေသည်။ စစ်ထူယွင် ထျန်းတပေါင်သည် လျန်မော့မော့နောက်မှ လျှောက်လာကြကာ အချင်းချင်း စကားစမြည်ပြောနေကြသည်။ လျန်မော့မော့အော်သံကြားသည့်အခါ ခေါင်းမော့ကြည့်လိုက်ကြပြီး အန္တရာယ်အခြေအနေအား ဖျတ်ခနဲမြင်လိုက်ကြရသည်။ ကံကောင်းသည်မှာ လင်းစစ်ယောင်က ပို၍လျင်မြန်စွာပြုမူနိုင်လိုက်ခြင်းပင်။ ခန္ဓာကိုယ်ကိုမလှည့်ခင်တွင် ညာဘက်လက်ကိုမြှောက်လိုက်ပြီး လင်းရှောင်အား ဖမ်းယူလိုက်ပေသည်။

ဖြန်း!

(ပါးရိုက်လိုက်တာ)

မျက်နှာတွင် စူးရှသောရိုက်ချက်အား လက်ခံရရှိပြီးနောက်တွင် လုဝမ်အာတစ်ယောက် ယိုင်လုနီးပါးဖြစ်သွားသည်။ စုရွှေလျန်က သူမအား ပါးချလိုက်ခြင်းဖြစ်သည်။

ယခုတစ်ခေါက်တွင် သူမသည် အမှန်ပင် ဒေါသထွက်သွားခြင်းဖြစ်သည်။

“မိန်းကလေးလု၊ ဘာအကြောင်းပြချက်နဲ့များ ငါ့သားကို ဒုက္ခပေးရတာလဲ"

စုရွှေလျန်က လုဝမ်အာအား အေးစက်စက်အကြည့်ဖြင့်ကြည့်ကာ မေးလိုက်သည်။ စစ်ထူယွင်က သူမအား ထိုင်ခုံတွင်အတင်းထိုင်ခိုင်းစေသည်။ လုဝမ်အာတစ်ယောက် လွတ်မြောက်ရန်အခွင့်အရေးအား လက်လွတ်သွားရပေသည်။ စုရွှေလျန်က တစ်ခုခုလုပ်တော့မည့်လင်းစစ်ယောင်အား တားလိုက်သည်။ မိန်းမတစ်ယောက်၏အာဃာတာအား ပြန်ပေးဆပ်ရန်မှာ သူမ၏တာဝန်သာဖြစ်သည်။

"ဘာအကြောင်းပြချက်နဲ့လဲဟုတ်လား။ ဘယ်လိုတောင်မိုက်မဲလိုက်တာလဲ။ နင့်ယောင်္ကျားကိုပဲအပြစ်တင်။ လွန်ခဲ့တဲ့တစ်နှစ်တုန်းက သူက ငါ့ရဲ့နာမည်ကိုဖျက်ဆီးပြီး ငါ့ဂုဏ်သိက္ခာကို ထိခိုက်စေခဲ့တာမလား"

လုဝမ်အာ၏နီရဲနေသောမျက်နှာသည် လောင်စာထည့်ပေးသကဲ့သို့ ရဲတက်လာသည်။ သူမ,မပြေးနိုင်သည်ကိုသာသိလျှင် ဟန်ဆောင်မှုအားလုံးကို လွှတ်ချလိုက်ပေသည်။ သူမ၏မနာလိုသောအကြည့်များက စုရွှေလျန်ကို ပစ်ခွင်းလိုက်သည်။ စုရွှေလျန်သည်လည်း သူတော်ကောင်းတရားဖြင့်ပြည့်စုံသည့် နူးညံ့သည့်မိန်းကလေးမဟုတ်ပေ။ ထိုသို့မှမဟုတ်လျှင် လုဝမ်အာသည် ထိုသို့အန္တရာယ်များသောအခြေအနေသို့ ကျရောက်မည်မဟုတ်သကဲ့သို့ သူမအိမ်ကိုလည်း မပြန်နိုင်ဖြစ်ပေမည်။

"မနှစ်ကဟုတ်လား။ သူဘာလုပ်ခဲ့တာလဲ။ သူတစ်ခုခုလုပ်ခဲ့တယ်ဆိုရင်တောင်မှ ငါ့ကလေးကိုထိခိုက်အောင်လုပ်ဖို့ နင့်ကိုခွင့်ပြုမထားဘူး။ ကလေးတွေက အပြစ်ကင်းတယ်"

စုရွှေလျန်သည် အလွန်အံ့အားသင့်နေကာ သူမနောက်တွင် တိတ်ဆိတ်စွာရပ်နေသော လင်းစစ်ယောင်အား လည်ပြန်ကြည့်လိုက်သည်။ သို့သော်လည်း သူမသည် လုဝမ်အာနှင့်ရင်ဆိုင်နေစဉ်တွင် အရေးမပါလှသောအတွေးများအား ခေါင်းခါကာရှင်းထုတ်ပစ်လိုက်သည်။

"ဟားဟား...ကလေးတွေက အပြစ်ကင်းတယ်ပေါ့လေ။ ငါကျတော့ရော။ ငါကအပြစ်မကင်းလို့လား။ ငါက သူ့ကိုအများကြီးချစ်မိယုံတင်ပါ။ အဲ့တာကို နင်မသိတာဖြစ်မှာပေါ့။ အခုမှသိလည်း ကိစ္စမရှိပါဘူး။ နင့်ယောင်္ကျားနဲ့ငါ့မှာ ငါတို့တွေမေ့လို့ရမှာမဟုတ်တဲ့ညတစ်ညရှိခဲ့ဖူးတယ်"

အစပိုင်းတွင် လုဝမ်အာသည် စုရွှေလျန်အား စကားလုံးများဖြင့် တိုက်ခိုက်ချင်ယုံသာဖြစ်သည်။ သို့သော် ဖြစ်ပျက်ခဲ့သည်များနှင့်ပက်သက်၍ တုံးအနေသည်ကို မြင်လိုက်ရသောအခါတွင် သူမစိတ်ပြောင်းသွားလေသည်။ သူမသည် ဒွိဟဖြစ်စေသောစကားလုံးများဖြင့် သူမ၏အာဃာတာများကိုလှည့်စားကာ ၎င်းတို့၏ဆက်ဆံရေး အဖျက်အနှောင့်လုပ်ရန် ကြိုးစားလိုက်ခြင်းဖြစ်သည်။

စုရွှေလျန်တစ်ယောက် ပြောစရာစကားမဲ့ကာ ကြောင်အမ်းသွားရှာသည်။ နှလုံးသားထဲရှိစူးတစ်ချောင်းက သူမအား အဆက်မပြတ်ပြောဆိုနေခြင်းမှ ရပ်တန့်သွားစေသည်။ အားယောင်နှင့် လုဝမ်အာသည် ညတစ်ည အတူတူကုန်ဆုံးခဲ့ခြင်းပေလော။ သူသည် လုဝမ်အာနှင့် ချစ်ကြိုက်ခဲ့ခြင်းပေလော။

"အတွေးလွန်မနေနဲ့"

လင်းစစ်ယောင်မျက်မှောင်ကြုတ်ကာ သူကမအား ထွေးပွေ့လိုက်ပြီး တင်းတင်းဆုပ်ကိုင်ထားလိုက်သည်။ သူမအား အသံခပ်နိမ့်နိမ့်ဖြင့်ပြောလိုက်သည်။ အစကတည်းမှပင် ဒုက္ခများစေသောကိစ္စများကို ကာကွယ်ရန် ဆုပ်ကိုင်ထားလိုက်သည်က ပို၍ကောင်းပေမည်။

"ဟေး တပေါင်၊ မင်းလည်း အဲ့ဇာတ်လမ်းကိုသိတယ်မဟုတ်လား။ ငါ့ကိုပြောစမ်းပါ။ အဲ့အဒေါ်ကြီးက မနှစ်က ဘာဖြစ်ခဲ့လဲဆိုတာကိုမေ့သွားတဲ့ပုံပဲ"

လင်းစစ်ယောင်က လုဝမ်အာအား သေစေနိုင်သောအကြည့်မျိုးဖြင့်ကြည့်လိုက်သောကြောင့် စစ်ထူယွင်ရယ်ကျဲကျဲဖြစ်သွားသည်။

"အဒေါ်ကြီး? ဘယ်သူ့ကိုအဒေါ်ကြီးခေါ်တာလဲ? ငါ့ကိုလား"

ထိုစကားကိုကြားလိုက်ရသောအခါတွင် လုဝမ်အာတစ်ယောက် ဒေါသအမျက်ချောင်းချောင်းထသွားကာ ထျန်းတပေါင် အားမျက်စိမှိတ်ပြနေသော စစ်ထူယွင်အား မျက်စောင်းထိုးကြည့်လိုက်သည်။ လင်းစစ်ယောင်ကြောင့် သူမ၏ငယ်ရွယ်လှသောတစ်နှစ်တာကုန်ဆုံးခဲ့သော်လည်း သူမသည် (၁၆)သာရှိသေး၏။ ထို့အပြင် သူမသည် မိသားစုသည်လည်း ငွေရှိပေဿဉ်။ နုပျိုမျက်နှာချေမှု့န်၊ အားဖြည့်အနှစ်ရည်၊ လိမ်းခြယ်၍ရသည့်အဆင်တန်ဆာမျိုးစုံများ သူမမျက်နှာတွင် လိမ်းကျံထားသည်။ အခြားသူများသည်ပင် သူမအား ရှိရင်းစွဲအသက်ထက် နှစ်နှစ်ငယ်သည်ဟု ထင်ကြပေမည်။ သူမ၏ငယ်ရွယ်လှသောအသွင်အပြင်ဖြင့်ဆိုလျှင် မည်သူကသူမအား အဒေါ်ကြီးဟု ခေါ်ရဲမည်နည်း။

"အင်း။ ကျွန်တော်ခုထိကိုမှတ်မိနေသေးတယ်။ ဆရာက လက်ထပ်ပြီးသားသူတစ်ယောက်။ သူက ဘယ်လောက်တောင်အရှက်မရှိလဲဆိုတော့ အဲ့အကြောင်းကို သိတာတောင်မှ အဲ့မိန်းကလေးကဆက်ပြီး ဆရာ့ကိုဖြားယောင်းတယ်လေ။ ကျွန်တော်ကြားတာတော့ သူနောက်ဆုံးဒဏ်ခတ်တာကိုပဲရလိုက်ပြီးတော့..."

"ပါးစပ်ပိတ်စမ်း"

လုဝမ်အာတစ်ယောက် အသံစူးစူးဝါးဝါးဖြင့်အော်ဟစ်လိုက်ကာ ထျန်းတပေါင်၏စကားစအား ဖြတ်ပစ်လိုက်သည်။ သူမသည် စုရွှေလျန်နှင့် လင်းစစ်ယောင်အား လက်ညှိုးထိုးကာ အော်ဟစ်လိုက်သည်။

"နင်တို့စောင့်နေလိုက်ကြ"

ထို့နောက်တွင် သူမသည် စစ်ထူယွင်၏ဆုပ်ကိုင်ထားမှုအား ရုန်းဖယ်လိုက်ကာ စားသောက်ဆိုင်ထွက်ပေါက်သို့ ပြေးထွက်သွားသည်။

"မမလေး မမလေး"

လုဖူသည် လုဝမ်အာ၏အစေခံမိန်းကလေးဖြစ်သည်။ သူမသည် ဖြစ်ပျက်သည့်အရာအားလုံးကို တိတ်ဆိတ်စွာကြည့်နေသည်။ အကြောက်တရားသည် အသိစိတ်ထဲမှထိုးထွက်လာသောကြောင့် သူမသည်လည်း လုဝမ်အာကိုအော်ခေါ်၍ နောက်မှပြေးလိုက်သွားသည်။

"အမ်..ဖြစ်ချင်တော့ အဲ့တာက လုဝမ်အာပေါ့လေ။ လုအိမ်ရဲ့မမလေးတဲ့လေ။ စွဲလမ်းစိတ်နဲ့ရူးနေတာလို့ပြောကြတယ်"

"တကယ်လား။ သူက မရူးတော့ဘူးမဟုတ်လား"

"ကောင်းပြီ။ ရူးရူးမရူးရူး။ ငါတို့သိမှာမှမဟုတ်တာ။ သူသက်သာသွားရင်တောင်မှ ထပ်ပြီး ရောဂါဟောင်းပြန်ထလာမှာမဟုတ်လား"

"အဲ့တာတော့အမှန်ပဲ။ လုအိမ်မှာ သမီးတစ်ယောက်ပဲရှိတာလို့ကြားဖူးတယ်။ ကံမကောင်းစွာနဲ့ သူကရူးသွားတော့ နောက်မျိုးဆက်သုံးဆက်အထိ သူ့မိသားစုရဲ့စည်းစိမ်တွေကို ဘယ်သူမှခံစားနိုင်မှာမဟုတ်တော့ဘူး"

"အင်း ပိုင်ဆိုင်ဆိုင် မဆိုင်ဆိုင်။ မင်းတို့သုံးသပ်ဖို့မဟုတ်ဘူး။ မှတ်ထား။ အရင်တုန်းက လုအိမ်ရဲ့ အိမ်ရှေ့မှာ လူငယ်လူရွယ်လေးတွေအများကြီး စောင့်ဆိုင်းနေကြတာ။ သူက နေ့တိုင်းမတူတဲ့သူတစ်ယောက်နဲ့အတူရှိနေတာလို့ ကြားဖူးတယ်။ တစ်နှစ်ပတ်လုံး ချိန်းတွေ့တဲ့သူက တစ်ယောက်မှမထပ်ရဘူးတဲ့လေ"

"တကယ်လား။ အဲ့တာဆို ဘာလို့ လုအိမ်က သူ့ကို ခုထိတစ်ယောက်ယောက်နဲ့ လက်မထပ်ပေးရတာလဲ။ သူ့ရူးသွပ်မှုကို စိတ်ထဲမထားတဲ့သူတွေလည်းရှိဦးမှာပါ"

"လုအိမ်မှာ အဲ့လိုအတွေးမျိုးမရှိဘူးလို့ ဘယ်သူပြောလဲ"

"ဘာလို့မရှိရမှာလဲ။ ဘယ်သူမှသူ့ကို လက်မထပ်ချင်ကြလို့လား။ သူကရူးနေတယ်ဆိုရင်တောင်မှ သူ့ခင်ပွန်းကတော့ လုအိမ်ရဲ့ပိုင်ဆိုင်မှုတွေကို အမွေရဦးမှာပဲလေ"

"သတင်းတွေမကြားဖူးလား။ ငါ့အမျိုးတစ်ယောက်က ဖန်းလော့မြို့က လုအိမ်မှာ အလုပ်လုပ်တာ လတ်တလော သူတို့အခြေအနေက ပိုပြီးဆိုးလာတယ်တဲ့လေ။ အထူးသဖြင့် မနှစ်ကပေါ့။ သူတို့စီးပွားရေး တစ်ချိန်လုံးကို ထိုးကျနေတာတဲ့။ အဲ့လိုသာပုံမှန်ဖြစ်နေရင် အိမ်က မကြာခင်ပြိုကွဲသွားမှာပဲ။ အခုတော့ လုအိမ်က အိမ်လွတ်တစ်လုံးသာသာပဲရှိတော့တယ်"

"တကယ်လား။ အံ့ဩစရာမရှိဘူးပဲ"

"ဖြစ်နို်ငတာက လုအိမ်က အချို့နတ်တွေကို အမှားကျူးလွန်ခဲ့လို့ဖြစ်မှာပေါ့"

"အဲ့တာကြောင့် ငါပြောတာလေ။ သာမန်မိန်းကလေးတစ်ယောက်ကိုရှာပြီး အခြေချတာက ပိုပြီးကောင်းပါတယ်လို့။ ဘဝကကြမ်းတမ်းချင်ကြမ်းတမ်းလိမ့်မယ်။ ဒါပေမဲ့ အတူတူကြိုးစားပြီး ကောင်းကောင်းအဆုံးသတ်နိုင်တယ်လေ။ လုအိမ်ရဲ့သားမက်ဖြစ်လာဖို့သာ လက်ထပ်လိုက်မယ်ဆိုရင် မင်းရဲ့ဂုဏ်သိက္ခာမပြောနဲ့။ အကြောက်တရားပဲရှိလိမ့်မယ်။ အဲ့တာအပြင် စိတ်ပိုင်းဆိုင်ရာချို့ယွင်းနေတဲ့မိန်းမကိုလည်း စောင့်ရှောက်ရဦးမယ်။ အဲ့တာထက် ဆိုးတာရှိဦးမှာလား"

"အင်း အင်း အင်း။ ဒီအစ်ကိုပြောတာ အများကြီးအဓိပ္ပာယ်ရှိတာပဲ..."

"အင်း ဒီလိုကိစ္စမျိုးက တကယ်တော့ မနှစ်ကစဉ်းစားမိတာပါ။ ဟားဟား... ငါသာ လုအိမ်မိသားစုဝင်ဖြစ်ဖို့ ရွေးချယ်ခဲ့မယ်ဆိုရင် ဒီနေ့ဒီလိုပြောဖို့ အခွင့်အရေးမျိုးရှိမှာမဟုတ်ဘူး"

“...”

" ဒါကို နောက်မှ စဉ်းစားတော့မယ်။လုဝမ်အာကို ဘယ်ယောင်္ကျားမှလက်ထပ်ချင်မှာမဟုတ်ဘူး” 

"ဟုတ်သားပဲ။ သူ့ဘဝသူမနေဘဲ ငါ့ဆရာနဲ့ ရှစ်နျန်ကိုနှောင့်ယှက်ပါလို့ သူ့ကိုဘယ်သူကများတောင်းဆိုလိုက်လို့လဲ"

"ဪ ဒါပေမဲ့ ရောက်လာပြီးအခြားသူတွေကိုရန်စတာက ငါတို့ပဲလေ။ ဘာဖြစ်ဖြစ်ကိစ္စမရှိပါဘူး။ ဒါက ဟွမ်းရှမြို့ပဲ။ လုအိမ်ရဲ့အိမ်က ဒီမှာရှိတယ်"

"အင်း ရှစ်ဖူနဲ့ ရှစ်နျန်သာအလိုရှိတယ်ဆိုရင် ဟွမ်းရှမြို့မပြောနဲ့။ ဘယ်မြို့မှာမှာမဆို အိမ်ဆောက်နိုင်တယ်"

"အဓိပ္ပာယ်ရှိတယ်။ ဘာကြောင့်လဲဆိုတော့..."

"ကိုယ့်သေတွင်းကိုတူးနေတာပဲ"

"ဟားဟားဟား"

……

တပေါင်အား နှုတ်ဆက်ပြီးနောက်တွင် ၎င်းတို့သည် လှည်းထဲသို့ ဝင်သွားကြလေသည်။

“မနှစ်က…”

  စုရွှေလျန်သည် လင်းရှောင်အား အိပ်ရာထဲသို့ထည့်လိုက်သည်။ လင်းလုံသည် တစ်ဦးတည်းကစားနေသည်။ သူမက အသံနှိမ့်ပြီး လင်းစစ်ယောင်အား မေးလိုက်သည်။ စားသောက်ဆိုင်တွင် တပေါင်နှင့် စစ်ထူယွင်တို့ပြောနေကြသောစကားများအားလုံးကို နားမလည်သော်လည်း သူမတွင် အတွေးရှိပြီးသားဖြစ်သည်။

"ဟုတ်တယ်။ ငါသူ့ခေါင်းကိုရိတ်ပေးလိုက်ပြီး ကြောက်သွားတော့ သူရူးသွားတာပဲ။ သူဒီလောက်မြန်မြန်ပြန်ကောင်းသွားလိမ့်မယ်လို့ ထင်မထားခဲ့ဘူး"

လင်းစစ်ယောင်ကခေါင်းညိတ်ကာ ဝန်ခံလိုက်၏။ သူမသည်သာ သူ့အား ဆွဲမထားပါလျှင် နောင်သုံးနစ်ကြာအထိ စိတ်ရှုပ်ဖွယ် အပြောအဆိုခံရကာ စိတ်အနှောင့်အယှက်ဖြစ်မည်မဟုတ်ပေ။

“အားယောင်!”

ထိုအခိုက်အတန့်တွင် စုရွှေလျန်တစ်ယောက် ပြောစရာစကားကင်းမဲ့နေသည်။ သူမသည်သွေးကြောထဲကပင်သဝန်တိုတတ်၏။ သူမရှေ့မှယောင်္ကျားသည် ကြင်နာယုယတတ်သောယောင်္ကျားမျိုးမဟုတ်ပေ။ သူသည်လည်း မည်သူ့ကိုမျှ သူ့အား စိတ်တိုစေအောင်လုပ်ခွင့်ပြုမည်မဟုတ်ပေ။

"ကြောက်သွားတာလား။ ငါက သနားကြင်နာမှုကိုလည်းမသိသလို သနားစရာကောင်းတဲ့မိန်းမလှလေးဆိုတာကိုလည်းမသိဘူး"

လင်းစစ်ယောင်က သူမအား တင်းတင်းဖက်ထားလိုက်ကာ ပေါ့ပေါ့ပါးပါးပင်ပြောလိုက်သည်။ သူသည် အမြဲထိုသို့ပင်ဖြစ်သည်။ အခြားသူများသည် သူ့အား အမှားမကျူးလွန်ကြလျှင် သူသည်လည်း အခြားသူအား အမှားသွားလုပ်မည်မဟုတ်ပေ။ သို့သော် သူ့အားရန်စလာပါလျှင် အဆပေါင်းရာချီပြန်ပေးဆပ်ရပေလိမ့်မည်။ အခြားသူသည် ယောင်္ကျားဖြစ်စေ မိန်းမဖြစ်စေ ကိစ္စမရှိပေ။ အမှန်တွင် သူ့အားလူသတ်ရန် သို့မဟုတ် ကယ်ရန် ငွေပေးထားလျှင်မှသာ ချွင်းချက်ဖြစ်သည်။

"ရှင်က ကျွန်မနဲ့ ကျွန်မကလေးတွေကို အမြဲတမ်းကောင်းကောင်းဆက်ဆံတာပဲမဟုတ်လား။ အဲ့တာဆိုရပါပြီ"

စုရွှေလျန်က ပြုံးကာ ပြန်ပြောလိုက်သည်။ သူသည် သူမအား အဆက်မပြတ်အလိုလိုက်ခဲ့သည်။ ကောင်းသည်ဖြစ်စေ ဆိုးသည်ဖြစ်စေ သူမလုပ်သမျှအား သူသည် သည်းခံပေလိမ့်မည်ဖြစ်သည်။

"ကောင်းပြီ။ ငါကမင်းလက်ထဲမှာပါပဲ..."

လင်းစစ်ယောင်သည် သူမ၏နူးညံ့ကာ ချောမွေ့သောလည်ပင်လေးအား နူးညံ့စွာကိုက်လိုက်လေ၏။

***

All Chapters