← Chapters

သွေးတပ်ဖွဲ့၏ဧကရာဇ်

Vol. 4 Ch. 120

သွေးတပ်ဖွဲ့၏ဧကရာဇ်

Vol. 4 Ch. 120

ညနေခင်း နန်းတွင်း၏ပလ္လင်ခန်းမဆောင်သည် တိတ်ဆိတ်ငြိမ်သက်နေသည်။ အပ်ကျသံကြားနိုင်သည်အထိ တိတ်ဆိတ်ငြိမ်သက်နေခြင်းဖြစ်၏။

တောက်ပသော နဂါးဝတ်ရုံထည်အား ဝတ်ဆင်ထားသော အသက်အလယ်အလတ်ခန့်ရှိသည့်သူသည် ခန်းမဆောင်ထဲရှိ ပလ္လင်မြင့်ပေါ်တွင် ခပ်မတ်မတ်ထိုင်နေသည်။ သူ၏မျက်လုံးများက ခန်းမဆောင်ဝင်ပေါက်အား ငေးမောကြည့်နေသည်။ သူ၏မျက်လုံးများထဲရှိ အတိုင်းအဆမသိသော မျှော်လင့်ချက်မှိန်မှိန်လေးအား မည်သူမျှမြင်နိုင်မည်မဟုတ်ပေ။

"မင်းကြီး အရာရှိတွေအားလုံး နန်းတော်ထဲကသွားကြပါပြီ"

နန်းတော်အစေခံတစ်ယောက်က ခန်းမထဲသို့ဝင်လာကာ အစီရင်ခံလေ၏။

"မင်းကြီး တံခါးတွေအားလုံးကိုလည်း ပိတ်ထားပြီးပါပြီ"

ခေတ္တမျှကြာပြီးနောက်တွင် အခြားအစေခံတစ်ဦးရောက်လာကာ အစီရင်ခံပြန်သည်။

"ကောင်းပြီ။ မင်းတို့အားလုံးလည်း နားကြတော့"

ရွှေရောင်ပလ္လင်ထက်တွင်ထိုင်နေသောထိုသူသည် အစေခံများထွက်သွားရန် လက်ဝှေ့ယမ်းပြလိုက်သည်။

“မင်းကြီး...”

"ထွက်သွားလို့ငါပြောနေတယ်"

ပလ္လင်ထက်ကသူက အသံမြှင့်ကာပြောလိုက်သည်။ နန်းတွင်းအစေခံနှစ်ယောက်သည် တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ကာဖြင့် ဦးညွှတ်ကာထွက်ခွာသွားကြသည်။

"မင်းဒီမှာရှိတယ်ဆိုရင် ဘာလို့ကိုယ်ထင်မပြရတာလဲ။ ငါကိုယ်တိုင်လာကြိုရဦးမှာလား"

ထိုသူသည် ခန်းမဆောင်၏ဝင်ပေါက်အား ကြည့်လိုက်သည်။ သူ၏အေးစက်စက်အသံက ပလ္လင်ခန်းမဆောင်၏တိတ်ဆိတ်မှုအား ဖြိုခွင်းသွားသည်။

"ငါတို့မတွေ့ရတဲ့ (၂၄)နှစ်အတွင်းမှာတောင် မင်းက ဒီလိုမျိုးရိုင်းစိုင်းနေတုန်းပဲလား"

ထိုသို့ပြောရင်းဖြင့် သက်လတ်ပိုင်း တောက်တောက်ပြောင်ပြောင်ဝတ်စားထားသောအတွဲတစ်တွဲသည် ဖြေးညင်းစွာဖြင့် ခန်းမဆောင်ထဲသို့ ဝင်လာ၏။

"မင်းလိုမျိုး ကိုယ့်စကားကိုမတည်တဲ့ စက်ဆုပ်စရာကောင်းတဲ့သူတွေကိုလေ ငါတို့သဘောတူထားတဲ့အတိုင်း ငါ့လူတွေအကုန်လုံးကိုနန်းတော်အပြင်ဘက်ထုတ်ပြီး မင်းနဲ့တွေ့ခွင့်ရတာပဲ"

ပုလ္လင်ပေါ်တွင်ထိုင်နေသောသူသည် တဟွေ့၏ ဧကရာဇ်ဖြစ်သည်။ ထိုအခိုက်အတန့်တွင် တဟွေ့နန်းတော်အား မိမိအိမ်ကဲ့သို့ သက်တောင့်သက်သာဖြင့်နေနေသောစုံတွဲအား မျက်နှာချင်းဆိုင်ရသောအခါတွင် သူ၏ဒေါသအား မချုပ်တည်းနိုင်ပေ။

"အဟင်း အဟင်း။ ငါလုပ်လိုက်ရတာက မင်းဆီကအချိန်ကိုတောင်းဆိုဖို့ စာပို့လိုက်ယုံတင်ပဲ။ တဟွေ့ရဲ့အဆုံးသတ်ဖြစ်သွားသလိုမျိုး လုပ်မနေနဲ့"

ထိုသူသည် အမျိုးသမီး၏လက်ကိုကိုင်ဆွဲကာ လျှောက်လှမ်းလာသည်။ သူသည် ခုံတစ်ခုံကိုရွေးချယ်လိုက်ကာ အမျိးသမီးအား သူနှင့်အတူထိုင်စေသည်။

"ပြော။ ဒီတစ်ခေါက်ကရောဘာလဲ"

တဟွေ့မင်းကြီးသည် ထိုသူဖြင့် ထပ်မံအချိန်မဖြုန်းချင်သောကြောင့် တည့်တိုးပင်ပြောလိုက်လေသည်။

"ဘာကိစ္စမှမရှိပါဘူး။ မင်းဆီအလည်လာချင်ယုံတင်ပါ။

"လိုရင်းကိုပြော"

တဟွေ့ဧကရာဇ်သည် ထိုသူ၏ အဓိပ္ပာယ်မရှိပြောဆိုနေမှုအား ဖြတ်တောက်ပစ်သည်။

"ငါမှတ်မိပါသေးတယ်။ လွန်ခဲ့တဲ့(၂၄)နှစ်က တဟွေ့နဲ့ သွေးတပ်ဖွဲ့က သဘောတူညီမှုစာချုပ်တစ်ခု လက်မှတ်ထိုးခဲ့ကြတယ်။ သွေးတပ်ဖွဲ့က တဟွေ့တိုင်းပြည်ဆီ လက်နက်ပါတဲ့ဘယ်လူကိုမှ မလွှတ်ရဘူးလို့ သဘောတူထားတယ်။ မင်းက ဒီသဘောတူညီချုက်ကို ဖောက်ဖျက်လိုက်တာပဲ"

"အမှန်ပဲ"

ထိုသူက ပြောင်ပြောင်ရှင်းရှင်းပင် ပြန်ဖြေလိုက်သည်။

"သွေးတပ်ဖွဲ့က တဟွေ့ဆီ ဘယ်စစ်သည်ကိုမှမစေလွှတ်ခဲ့ဘူး။ ငါသဘောတူညီချက်စာချုပ်ကို မဖောက်ဖျက်ခဲ့ဘူး"

"သွေးစစ်သည်(၁၂)ယောက်"

တဟွေ့ဧကရာဇ်က အံကြိတ်ကာပြောလိုက်၏။ သွေးစစ်သည်(၁၂)ယောက်မှာ ဧကရာဇ်ပြောသည်ကိုသာ နားထောင်သည်။ သွေးတပ်ဖွဲ့ဘုရင်၏အမိန့်မရှိဘဲ ၎င်းတို့သည် မည်သို့တဟွေ့အား လုပ်ကြံမည့်ရည်ရွယ်ချက်ဖြင့် ထိုးဖောက်ဝင်ရောက်လာနိုင်မည်နည်း။

"ဪ ငါလည်း အဲ့အကြောင်းကို မေးချင်နေတာ။ ငါ့ရဲ့သွေးစစ်သည် (၁၂)ယောက်က မနှစ်က လေထဲမှာပျောက်သွားသလို ပျောက်သွားခဲ့တယ်။ သူတို့ဘယ်သွားတယ်ဆိုတာ ငါမသိဘူး။ ငါကြားတာတော့ သူတို့ကို တဟွေ့ကရှာတွေ့ခဲ့တယ်လို့ကြားတယ်။ အဲ့တာကြောင့် မင်းမွေးနေ့ကိုဆင်နွှဲပြီး သူတို့ကိုပြန်ခေါ်ဖို့လာခဲ့တာ"

ထိုသူက ခေါင်းကိုမော့ကာ ပုလ္လင်ပေါ်ရှိပေါက်ကွဲထွက်တော့မည့်မင်းကြီးအား ပြုံးကာဖြင့်ပြောလိုက်သည်။ သူသည် ဟန်မဆောင်နိုင်သောအသံမျိုးဖြင့်ပြောလိုက်၏။

"မင်း...မင်း..."

တဟွေ့မင်းကြီးသည် သွေးအန်လုမတတ် ဒေါသထွက်နေသည်။ ဘဝတွင်လုပ်သမျှအရာအားလုံးသည် အမှန်ဖြစ်သကဲ့သို့ပြုမူနေသောထိုသူအား လက်ညှိုးထိုးလိုက်မိသည်။ သို့သော်လည်း ထိုသူ၏အပြုအမူနှင့်စကားလုံးများသည် မကောင်းဆိုးဝါးလက်တွေ့သမားသာဖြစ်ကြောင်း ပြသနေလေ၏။

"ဘာလဲ။ ငါသတင်းအမှားများရထားတာလား။ သွေးစစ်သည်(၁၂)ယောက်က တဟွေ့ပိုင်နက်မှာမဟုတ်ဘူးလား။ အဲ့လိုဆိုလည်း ရတယ်လေ။ ငါ့တိုင်းပြည်က မင်းငါတို့ကို စွပ်စွဲသလိုမျိုးတော့ သဘောတူညီချက်ကို မဖောက်ဖျက်ထားဘူး"

ထိုသူသည် ပုလ္လင်ပေါ်တွင်ပေါက်ကွဲတော့မည့်မင်းကြီးအား မကြည့်ချင်ပေ။ သို့သော် တည်တည်ငြိမ်ငြိမ်ဖြင့်ပင် ပြောခြင်းဖြစ်သည်။

"မင်း..."

တဟွေ့မင်းကြီးသည် ဒေါသအား ချိုးနှိမ်ရန်ကြိုးစားလိုက်သည်။ သူ၏တုန်ရီနေသောလက်ကိုပြန်ရုပ်လိုက်ကာ တည်ငြိမ်အောင်ကြိုးစားနေသည်။ သူသည် ထိုလူအား နှစ်သုံးဆယ်မျှသိကျွမ်းလာခဲ့ကာ တရားဝင်စစ်ပွဲတစ်ခုတွင်မှ သူ့အား မည်သည့်အခါမျှ မနိုင်ခဲ့ဖူးပေ။ သို့သော်လည်း တစ်ကွေ့တွင်ရင်ဆိုင်တွေ့ခဲ့ရပေသည်။

"မင်းရဲ့ ကြောင်ကတိုးအိမ်ရှေ့စံမင်းသားရော ဘယ်လိုလဲ"

အမှန်တွင် ထိုမေးခွန်းသည် သမိုင်းတွင် အခြားတစ်ဖက်၏နှလုံးသားအားထိုးစိုက်နေသော အားအကောင်းဆုံးလက်နက်ဖြစ်လာနိုင်သည်။

“လီဝမ်ရှို့!” 

ထိုမကောင်းဆိုးဝါးနဂါးသည် ထိုစကားအား ကြားသောအခါတွင် မည်သည့်နေရာသို့ပျံသန်းပျောက်ကွယ်သွားပါသနည်း။ တဟွေ့ဧကရာဇ် လီဝမ်ရှို့သည် သူ၏ပုလ္လင်ထက်မှ ကသောင်းကနင်းဖြစ်ခြင်းအား လက်စားချေလိုက်သကဲ့သို့နှယ် မိန့်မိန့်ကြီးကြည့်နေပေသည်။ မျှော်လင့်မထားသည့်အတိုင်း ၎င်းတို့မတွေ့ရသော(၂၄)နှစ်တာ အတောအတွင်းတွင် သွေးတပ်ဖွဲ့တော်ဝင်မိသားစု၏ ရာစုနှစ်ကြာစိတ်သိမ်ငယ်ခြင်းသည် ထိုသူ၏စိတ်ထဲတွင်သွေးထွက်နေဆဲဒဏ်ရာသာသာ သာဖြစ်သည်။

“ရွှယ်လီ…” 

သူ၏ဘေးတွင်ထိုင်နေသောအမျိုးသမီးသည် မျက်နှာပေါ်တွင် မျက်ရည်စက်များရှိနေသည်။ သူမက လွန်စွာဒေါသထွက်နေသောထိုယောင်္ကျားအား ဖက်ထားလိုက်သည်။

" ရွှယ်လီ အများကြီးမစဉ်းစားနဲ့။ ကျွန်မတို့ သဲလွန်စရှာတွေ့ပြီလို့ ပြောထားကြတယ်မဟုတ်လား"

သူမ၏စကားလုံးများကြောင့် ထိုသူနိုးထလာပေသည်။ သူ၏မကောင်းဆိုးဝါးအငွေ့အသက်သည် တစ်ဖန်အသက်ဝင်လာကာ ခေါင်းကိုမော့ပြီး ၎င်းတို့အား ပြက်လုံးတစ်ခုသဖွယ်ကြည့်နေသည့် လီဝမ်ရှို့အားကြည့်လိုက်သည်။ မျက်လုံးများထဲကအကြည့်က ငြိမ်သက်သွားပြန်သည်။

"အဲ့တာကတော့ ငါတို့က မင်းကိုအပျင်းစေမဲ့ချီးမြှောက်မှုမျိုးပေါ့"

သွေးတပ်ဖွဲ့၏မင်းကြီး ရွှယ်လီက သရော်လိုက်ပေသည်။ သူသည် သူ၏ဖျက်လိုဖျက်ဆီးပြုမူခြင်းအား အရှက်ရသည်ဟု ခံစားရသည့်ပုံမပေါ်ပေ။

"ကျေးဇူးအများကြီးတင်ပါတယ်"

လီဝမ်ရှို့သည် အခြားတစ်ဖက်အား ပြန်လည်ထိုးနှက်လိုက်နိုင်သောအခါမှသာ သက်တောင့်သက်သာခံစားသွားရပေသည်။

"အဲ့လိုဆို ငါတို့ထိုင်ပြီး ဘာလို့လာလည်ရတယ်ဆိုတဲ့အကြောင်းကို ကောင်းကောင်းမွန်မွန်ပြောကြတာပေါ့"

ရွှယ်လီက မျက်ခုံးပင့်ပြလိုက်၏။

"ကောင်းပြီ"

လီဝမ်ရှို့က တွန့်တိုစွာသက်ပြင်းချလိုက်မိသည်။ သွေးတပ်ဖွဲ့သည် တဟွေ့ထက် အဆပေါင်းများစွာအင်အားကြီးသည်။ လွန်ခဲ့သော(၂၄)နှစ်ခန့်က ၎င်းတို့သည် အခွင့်အရေးရသဖြင့် အချင်းချင်းတွေ့ဆုံခဲ့ကြဖူးသည်။ သူသည် မင်းသားတစ်ပါးအဖြစ်သာရှိနေကာ ရွှယ်လီအားစိတ်ဆိုးဒေါသထွက်ကာ ထွက်ပြေးသွားသောဇနီးအား ရှာရန် ကူညီပေးခဲ့လေသည်။ အပြန်အလှန်အနေဖြင့် သူသည် သွေးတပ်ဖွဲ့သည် မည်သည့်အခါမျှ တဟွေ့အား ကျူးကျော်မည်မဟုတ်ဟူသော ကတိအားရရှိခဲ့သည်။ ထိုကတိသည် သူ့အား အိမ်ရှေ့စံမင်းသားဖြစ်အောင်ကူညီပေးကာ နောက်ပိုင်းတွင် ဘုရင်တစ်ပါးပင်ဖြစ်လာစေသည်။

သို့သော်လည်း ထိုကတိသည် (၂၄)နှစ်တာမျှသာ ခံခဲ့သည်။ သွေးစစ်သည်(၁၂)ယောက်သည် တဟွေ့သို့ကျူးကျော်ဝင်ရောက်ခဲ့သည်။ ပြဿနာအားဖြေရှင်းပြီးသွားသော်လည်း သူ၏မျက်လုံးထဲတွင် ဆူးငြောင့်ခလုတ်ဖြစ်နေခဲ့သည်။ သွေးစစ်သည်(၁၂)ယောက်သည် သွေးတပ်ဖွဲ့တော်ဝင်မိသားစု၏အာဏာကို ကိုယ်စားပြုသည်။ ယခုချိန်ထိ သွေးစစ်သည်(၁၂)ယောက်သည် တာဝန်တစ်ခုကိုမျှပင် မကျရှုံးဖူးပေ။ သို့သော်လည်း ယခုတစ်ခေါက်တွင် ၎င်းတို့အား တဟွေ့ပိုင်နက်အတွင်းတွင် မြုပ်နှံပစ်ခဲ့သည်။ ရွှယ်လီသည် အနှေးနှင့်အမြန်ရောက်လာမည်ကို ခန့်မှန်းရန်လွယ်ကူပေသည်။

သို့သော်လည်း ရွှယ်လီသည် ထိုမျှမြန်မြန်ရောက်လာမည်ဟု မခန့်မှန်းခဲ့ပေ။ သူ၏နှစ် (၅၀)မြောက်မွေးနေ့တွင် ရောက်လာခဲ့ပေသည်။ သူသည် မင်းကြီးဆီအား ရောက်ရှိလာကြောင်းစာဖြင့်အကြောင်းကြားကာ တိတ်တဆိတ်တွေ့ဆုံရန်အတွက် မလိုသောသူအားလုံးအား နန်းတော်အပြင်သို့ထုတ်လိုက်သည်။ သွေးစစ်သည်(၁၂)ယောက်၏အကြွေးအားရှင်းရန် ရောက်လာခြင်းဖြစ်ကြောင်း စာကညွှန်ပြထားသည်။

"အဲ့လိုဆို သွေးတပ်ဖွဲ့ရဲ့ မင်းကြီးနဲ့မိဖုရားက နန်းတော်ကို ရောက်လာကြတာလား။ အဲ့လိုဆို မင်းကြီးက သူတို့ကိုအခမ်းအနားနဲ့မကြိုဆိုဘဲ အဲ့အစား လျှို့ဝှက်တွေ့ဆုံတယ်ပေါ့လေ"

ထိုသို့လုပ်ခြင်းသည် မင်းကြီး၏ပုံစံမဟုတ်ပေ။ လင်းစစ်ယောင်ဆီမှ သတင်းအနှစ်ချုပ်ရပြီးနောက်တွင် လျန်ရွှမ်ကျင်းနှင့် လျန်အန်းဇိုင်တို့က အချင်းချင်းတွေဝေစွာကြည့်လိုက်ကြသည်။

"အဖေ ကျွန်တော်တို့မင်းကြီးက အရင်ကတည်းက သွေးတပ်ဖွဲ့ရဲ့မင်းကြီးနဲ့သိတာလား"

"သူတို့က အသိဟောင်းများဖြစ်နိုင်ကြမလား။ ဘာပဲဖြစ်ဖြစ် အရင်မင်းကြီးအသက်ရှိတုန်းက သွေးတပ်ဖွဲ့ရဲ့မင်းကြီးနဲ့ ပိုင်နက်မကျူးကျော်ရဆိုတဲ့စာချုပ်ကိုလက်မှတ်ထားခဲ့ကြတာ။ အဲ့ဒီတုန်းက လက်ရှိမင်းကြီးနဲ့ သွေးတပ်ဖွဲ့ရဲ့မင်းကြီးကို သူငယ်ချင်းတွေလို့ထင်ခဲ့ကြတာ။ နောက်ပြီးတော့ နှစ်နိုင်ငံက အချင်းချင်းမနှောင့်ယှက်ပေမဲ့လို့ ကူးသန်းဆက်ဆံရေးရော ရောင်းဝယ်ဖောက်ကားတာရောမရှိဘူး။ ဘုရင်နှစ်ပါးတွေ့ဖို့ဆိုပြောမနေနဲ့။ လက်နက်ကိုင်ထားတဲ့စစ်သည်တွေကမကျူးကျော်ပါဘူးဆိုတာကလွဲလို့ သွေးတပ်ဖွဲ့နဲ့ တဟွေ့က ရန်သူအစစ်နဲ့မခြားဘူး"

"သားမက်လေး မင်းကိုဒုက္ခပေးမိပြီ"

လျန်ရွှမ်ကျင်း လင်းစစ်ယောင်ပုခုံးကိုပုတ်ကာပြောလိုက်သည်။ ခေါင်းတငြိမ့်ငြိမ့်ဖြင့်စဉ်းစားနေသောသားဖြစ်သူကိုမူ လျစ်လျူရှုထား၏။ သူသည် ချစ်ခင်စွာဖြင့်..

"အခန်းထဲသွားတော့။ ရှုအာက မင်းကိုစိတ်ပူနေတယ်"

"အင်း"

လင်းစစ်ယောင်က ခေါင်းညိတ်ပြလိုက်သည်။ သူသည် ခံစားချက်မဲ့နေသောမျက်နှာဖြင့် မင်းသားစံအိမ်၏ဧည့်သည်များနေသည့် ကြာပန်းခြံဝန်းဆီသို့ ဦးတည်ကာ ထွက်သွားလေသည်။

လင်းစစ်ယောင်သည် ၎င်းစိတ်သက်သာစေရန် သွေးတပ်ဖွဲ့မင်းကြီးက ဒေါသတကြီးဖြင့်ခန်းမဆောင်အားဖျက်ဆီးကာ မိဖုရားကငိုကြွေးခဲ့သည့်မြင်ကွင်းကိုမူ ပြန်မပြောခဲ့ပေ။

ထိုအပိုင်းကိုစဉ်းစားလျှင် မိမိစိတ်ထဲတွင် ထူးဆန်းစွာစိတ်ပူနေခြင်းအား မြိုသိပ်ရန် ကြိုးစားခဲ့ရသည်။ သူသည် စုရွှေလျန် နေသောအခန်းထဲသို့ ပြေးဝင်သွားသည်။ စိတ်ပိုင်းဖြတ်လိုက်၏။ မင်းကြီးနှင့်တွေ့ဆုံပြီး (၈)ရက်မြောက်နေ့တွင် စုရွှေလျန် နှင့်အမြွှာနှစ်ဦးအားခေါ်ကာ နန်းမြို့တော်မှထွက်သွားမည်ဟု ဆုံးဖြတ်လိုက်သည်။

ဖန်းဟွာမြို့ရှိ ငြိမ်းချမ်းကာ သာယာသည့်ဘဝလေးကိုသာ နှစ်သက်ခဲ့သည်။ နန်းမြို့တော်ရှိ တောက်ပြောင်ကာရှုပ်ရှပ်ခတ်နေသောလူနေမှုဘဝသည် သူ၏အတိတ်မည်းအား မေ့ရန်ခက်ခဲစေသည်။ သူသည် ဇနီးဖြစ်သူနှင့် ကလေးများအား ချက်ချင်းခေါ်သွားမည်ဟု ဆန္ဒပြင်းပြနေပေသည်။

"အင်း။ မနက်ဖြန်ပြီးရင် ငါတို့အိမ်ပြန်ကြမယ်"

လင်းစစ်ယောင်က သူမ၏နူးညံ့သောခန္ဓာကိုယ်လေးကို ဖက်ထားလိုက်လေသည်။

"ကောင်းပြီ"

စုရွှေလျန်က သဘောတူလိုက်သည်။ သူမသည်လည်း သူမတို့၏အိမ်အားလွမ်းလှပြီဖြစ်သည်။ ဖန်းဟွာမြို့သည် ဖုန်းချန်ကဲ့သို့ လူမစည်သော်လည်း ၎င်းတို့၏မြေနှစ်ဧကအိမ်လေးသည် မင်းသားစံအိမ်ရှိကြာပန်းခြံဝန်းကဲ့သို့ မကျယ်ဝန်းသော်လည်း ထိုနေရာမှလူနေမှုဘဝသည် နန်းမြို့တော်ကဲ့သို့ အဆင်မပြေလှသော်လည်း ထိုနေရာသည် သူမ၏အိမ် သူမ၏မိဘအိမ်ဖြစ်နေသော်လည်း သူမ၏အိမ်လေးကိုသာ လွမ်းပေသည်။

စုရွှေလျန်က လက်ဖြင့်သာယက်သည့်လက်မှုပညာသည်ဆီမှမှာထားသော အထူးပြုလုပ်သည့်ကလေးပုခက်အား ညင်သာစွာလွှဲလိုက်သည်။ သူမ၏မျက်လုံးများက ကလေး၏ပုံရိပ်များဖြင့် ပြည့်နှက်နေသည်။ ခေါင်းလှည့်လိုက်သောအခါတွင် ထွက်သွားရန်ငြင်းဆန်နေသည့် ချစ်လှစွာသောခင်ပွန်းအား တွေ့နိုင်ပေသည်။ သူမပြုံးလိုက်မိ၏။

"ဘာလို့ရယ်တာလဲ"

လင်းစစ်ယောင်က ခေါင်းအား သူမလည်ပင်းထဲတွင်အပ်လိုက်သောအခါတွင် သူမ၏စိတ်ခံစားမှုများကို ခံစားနိုင်ပေသည်။ သူက သူမကိုမေးလိုက်ကာ အသံက အနည်းငယ်မျှ အက်ကွဲနေသည်။

"ဘာမှမဟုတ်ပါဘူး"

သူမက ပြုံးကာ ပြန်ဖြေလိုက်သည်။ သူမ၏လက်ရှိဘဝအား လွန်စွာကျေနပ်နေကြောင်းဖော်ပြနိုင်မည့်စကားလုံးမျိုးမရှိပေ။ ထိုသို့လုပ်ရန်လည်း ရှက်လှပေသည်။

"တကယ်လား"

သူကပြုံးကာ သူမအား ဆက်၍မစပ်စုတော့ပေ။ သူမသည် အမှန်ပင်ရိုးသားလှကာ စိတ်ခံစားချက်အားလုံးကို မျက်နှာလေးပေါ်တွင် မြင်တွေ့နိုင်ပေသည်။ ထို့ကြောင့်ပင်လျှင် သူမ၏မျက်နှာညှိုးနွမ်းမခံခြင်းဖြစ်သည်။ ဖန်းဟွာမြို့တွင် ရိုးစင်းကာငြိမ်းချမ်းသောဘဝသည်သာ သူမနေထိုင်ရန် သင့်လျော်ပေသည်။

သူမသည် မင်းသားကျင်းစံအိမ်၏ မိန်းမအကြီးဆုံး၏သမီးဖြစ်လျှင်ပင် ထိုတွင်နေရမည်လော။ မင်းသား၏အခြားသောကိုယ်လုပ်တော်များနှင့် သူ၏ကလေးများသည် စံအိမ်တွင်သာနေကာ စည်းကမ်းများအား လိုက်နာရမည်ဟု မည်သူကဆိုထားပါသနည်း။

၎င်းတို့သည် ထိုတွင်တစ်ညသာနေကာ လျန်ရွှမ်ကျင်း၏ကိုယ်လုပ်တော်များက ၎င်းတို့၏သမီးများခေါ်လာကာ စုရွှေလျန်အား နှောင့်ယှက်ခဲ့သည်။ ထိုကိစ္စများကြောင့် စုရွှေလျန် တစ်ယောက် ခေါင်းကိုက်ခဲ့ရသည်။

"ဟုတ်သားပဲ အားယောင် ရှစ်ရက်နေ့ကျဝတ်မဲ့အင်္ကျီကို ကျွန်မ လတ်စသတ်ပြီးသွားပြီ။ ကိုက်လားမကိုက်ဘူးလား စမ်းဝတ်ကြည့်ဦး"

စုရွှေလျန် ကလှည့်လိုက်ကာ ကြည်ပြာရောင်နှစ်ထပ်ကော်လံအင်္ကျီအားယူကာပြန်လာသည်။ သူမသည် လင်းစစ်ယောင် နန်းတော်သို့သွားရမည်ကိုသိသောကြောင့် သူ၏ဝတ်စုံအား ပြင်ဆင်ပေးခဲ့ခြင်းဖြစ်သည်။

"အဲ့လောက်မြန်လား"

လင်းစစ်ယောင်က ပြုံးကာ သူမဆီမှဝတ်ရုံအားယူလိုက်သည်။ ဧကရာဇ်အားတွေ့ရန် နန်းမြို့တော်အားသွားရမည်ဟု သတင်းရသည်မှာ ဆယ်ရက်ခန့်သာရှိသေးသည်။ ခရီးထွက်လာသည့်နေ့အပါအဝင် လေးရက်ခွဲမျှသာရှိသေးသည်။ သို့သော်လည်း သူသည် သူ၏ဇနီးအား အထင်အမြင်မသေးခဲ့ဖူးပေ။ အထူးသဖြင့် သူမ၏အပ်ချုပ်သည့်စွမ်းရည်ဖြစ်ကာ ပါရမီနှင့်အရည်အချင်းမှာ နှိုင်းမမှီပေ။

"မင်းကြီးနဲ့တွေ့တဲ့အခါကျရင် သင့်လျော်တာလေးတော့ ဝတ်သွားသင့်တာပေါ့"

စုရွှေလျန် ကပြုံးကာ သူ့အား ညင်သာစွာ တံတောင်ဖြင့်တွတ်ကာပြောလိုက်သည်။

"ဝတ်လိုက်။ မကိုက်ဘူးဆိုရင် ချက်ချင်းပြင်ပေးမယ်"

အားယောင်သည်သာ သင့်လျော်သောဝတ်စုံမရလျှင် သူမ၏အမေသည် နန်းမြို့တော်ရှိ အကြီးဆုံးအပ်ချုပ်ဆိုင်မှ အပ်ချုပ်သူအား ခေါ်ကာ အရည်အသွေးမြင့်ဝတ်ရုံရွေးချယ်ပေးပေလိမ့်မည်။

"မင်းလုပ်ပြီးပြီပဲ"

အမှန်တွင် ဝတ်စုံသည် ကိုက်ပေသည်။ လင်းစစ်ယောင်ပြောသော်လည်း နာခံစွာဖြင့်ပင် ဝတ်လိုက်၏။ ထိုနည်းလမ်းဖြင့်သာ သူမအား အာမခံရပေ၏။

***

All Chapters