← Chapters

ပိုင်နက်စွမ်းအားနှင့် တစ်ယောက်ချင်း ယှဉ်တိုက်ခြင်း

Vol. 16 Ch. 229

ပိုင်နက်စွမ်းအားနှင့် တစ်ယောက်ချင်း ယှဉ်တိုက်ခြင်း

Vol. 16 Ch. 229

အတော်လေး နောက်ကျနေပြီ ဖြစ်သည်။ဗိုလ်ချုပ်ဂျော့ခ်ျ၏ အထူးဂုဏ်ပုဒ်နှင့် ဒေလီယာနှင့်ရိုမန်တို့ အမှောင်လမြို့ကို လာသည့်အတွက်ကြောင့် သူတို့သည် လူသိရှင်ကြား ပြုလုပ်၍ မရပေ။ထို့ကြောင့် အရက်ဆိုင်သို့ လူအများကြီးနှင့် သွားရန် မသင့်တော်ပါ။

သို့သော်လည်း ယခုသည် ယောက္ခမဖြစ်သူကို ကျေနပ်အောင် လုပ်ရမည့်အချိန် ဖြစ်သည့်အတွက် ချန်လွေ့ လွဲချော်၍မရပေ။ချန်လွေ့ အကြံတစ်ခု ရသွားသည်။ သူသည် လူအားလုံးကို မြို့တံခါးအပြင်သို့ ခေါ်သွားပြီး မြို့ဆင်ခြေဖုံးသို့ရောက်လာတာ သင့်တော်သောနေရာတစ်ခုကို ရှာဖွေလိုက်သည်။ထို့နောက် သစ်ကိုင်းများပုံပြီး မီးမွှေးကာ စားစရာနှင့် သောက်စရာများ ထုတ်လိုက်သည်။ထို့နောက် သားကောင်သွားရှာပြီး သိုလှောင်ခန်းထဲ၌ ရှိသော ဟင်းခတ်အမွှေးကြိုင်နှင့် အခြားအရာများကို ထုတ်ကာ အစွမ်းပြတော့သည်။

လူအုပ်ကြီးသည် မီးပုံတစ်ဝိုက်တွင် စက်ဝိုင်းပုံစံ စုဝေးပြီး အပူလှုံကာ သောက်နေကြသည်။အခြေအနေမှာ အတော်လေး နွေးထွေးလှသည်။

ဆာ-ယောက္ခမနှင့် ဦးလေး ပါ့ဂ်လီအိုသည် မာနကြီးပြီး အချင်းချင်း မတည့်ကြသော်လည်း တစ်ခွက်နှစ်ခွက် သောက်ပြီးနောက် သူတို့၏ အဒရီနယ်လိုင်းများ ရုတ်တရက် တိုးမြင့်သွားကာ အခြေအနေ ပြောင်းလဲသွားသည်။လူတိုင်းသည် ပါ့ဂ်လီအိုနှင့် ဂျော့ခ်ျတို့အား အပြန်အလှန် ခွက်တိုက်ကြတော့သည်။သူတို့သည် ပြိုင်ဆိုင်လိုစိတ် ပြင်းပြကြသည်။ထို့ကြောင့် သူတို့နှင့် သောက်ချင်သူများကို မငြင်းခဲ့ပေ။တစ်ခေါက်တစ်ခေါက် သောက်ပြီးနောက် သူတို့အချင်းချင်း စတင်ရန်ဖြစ် ကြတော့သည်။

မျက်နှာပေါ်ရှိ အမာရွတ်များ ပြန်မကောင်းသေးသည့်အတွက် ဒေလီယာသည် ဇာမျက်နှာလွှားကို မဖြုတ်ဘဲ ‌၎င်းအောက်မှ စားသောက်သည်။ထိုအမာရွတ်များကို သူကိုယ်တိုင်က သေစေနိုင်သော အဆိပ်ရှိသည့် ဓားဖြင့် ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။‌ယေဘုယျအားဖြင့် ပြောရလျှင် ထိုဒဏ်ရာများ ပြန်ကောင်းသည့်တိုင် အမာရွတ်များ ပျောက်ကွယ်သွားရန် မဖြစ်နိုင်ပေ။သို့သော် ၎င်းသည် ပါ့ဂ်လီအိုအတွင် အလွန်လေးပင် ဖြစ်သည်။သူသည် ထိုအဆိပ်အတောက်များကို အလွယ်တကူ ဖယ်ရှားခဲ့သည်။ကျန်ရှိသေးသည့် အမာရွတ်အတွက်မူ အသက်ဓာတ်ရေစင် ရှိသည်။ထို့ကြောင့် ၇ရက်အတွင်း လုံးဝပျောက်ကင်းနိုင်ပေသည်။

မူလက အသက်ဓာတ်ရေစင်နှင့် စွမ်းအင်ရေစင်တို့သည် အလွန်အမင်းရှားပါပြီး ရရှိရန် ခက်ခဲသည်။သို့ရာတွင် ချန်လွေ့အတွက်မူ ၎င်းတို့ကို အကန့်အသတ်မရှိ ထုတ်ပေးနိုင်သည်။အနှေးနှင့်အမြန်ပင် ဒေလီယာကို ကုသပေးနိုင်မည် ဖြစ်သည်။ ထို့ကြောင့် ဆာ-ရိုမန်သည် ခေါင်းဆောင်ဖြစ်သူအား အဆက်မပြတ် မျက်နှာချိုသွေးနေတော့သည်။

အန်နာသည် ချစ်သူဖြစ်သူအား အကင်ကင်ရန်နှင့် ဟော့ပေါ့ပြင်ဆင်ရန်အတွက် အဖော်ပြုပေးခဲ့သည်။သူ၏အဖေဖြစ်သူနှင့် လူတိုင်း သဟဇာတ ဖြစ်နေသည်ကို ကြည့်ရင်း အသီနာ၏စိတ်ထဲ၌ အလွန်ကျေနပ်သွားသည်။

သူတို့နှစ်ယောက်စလုံးသည် အသီနာ၏ နှလုံးသားထဲရှိ အရေးကြီးသော ယောက်ျားများ ဖြစ်ကြသည်။တစ်ယောက်မှာ သူ့ကို အသက်ပေးခဲ့ပြီး ကလေးဘဝကတည်းမှ ဂရုစိုက်ပေးခဲ့သော ဖခင်ဖြစ်ပြီး အခြားတစ်ယောက်မှာ အတူတူသေရန် ကျိန်ဆိုထားသော သူအချစ်ဆုံးသူ ဖြစ်သည်။၎င်းတို့သည် ထာဝရ တည်ရှိနေလျှင် အလွန်ပင် ကောင်းမွန်လှပေမည်။

ထိုအချိန်၌ အသောက်များ၍ ဖြစ်ပေလိမ့်မည်။ဂျော့ခ်ျနှင့် ပါ့ဂ်လီအိုတို့ ရုတ်တရက် စကားများကြပြီး အလွန်ပြင်းထန်လှသည်။ပါ့ဂ်လီအိုသည် မတ်တပ်ရပ်ပြီး ခုန်တက်လိုက်ရာ ဆယ်မီတာ အမြင့်သို့ ရောက်ရှိသွားသည်။ထို့နောက် သူသည် ဂျော့ခ်ျအား လက်ဖြင့် ရန်စသည်။ဂျော့ခ်ျလည်း အရှုံးမပေးပေ။သူသည် ချက်ချင်းပင် အရင်ဝင်ရောက်ပြီး အဆိပ်နဂါးအား ရင်ဆိုင်တွေ့သည်။

အသီနာ ထိတ်လန့်သွား၏။သူ ဝင်တားဆီးရန် ပြင်လိုက်စဉ် ‌ချန်လွေ့ တားလိုက်သည်။ယောက်ျားများသည် ယောက်ျား ရင်းနှီးမှုနှင့် ယောက်ျား နည်းလမ်းများ ရှိကြသည်။ရိုမန်၊ဒေလီယာနှင့် အခြားသူများလည်း မတ်တပ်ရပ်လိုက်ကြပြီး ရှားပါးလှသော မြင်ကွင်းဖြစ်သည့် နတ်ဆိုးဧကရာဇ် အချင်းချင်း တိုက်ခိုက်မှုကို စောင့်မျှော်နေလိုက်ကြသည်။

ဗိုလ်ချုပ်ဂျော့ခ်ျသည် စစ်တပ်၌ လွှမ်းမိုးမှု ကြီးကြီးမားမား ရှိရုံသာမက ကိုယ်ပိုင်စွမ်းအားမှာလည်း နတ်ဆိုးဧကရာဇ် ထိပ်သီးပိုင်းအထိ ရောက်ရှိထားသည်။သူသည် ဒိုရွန်ရုစ်အား ဗိုလ်ခြေတိုက်ပွဲတစ်ခုနှင့် တစ်ကိုယ်တော်တိုက်ပွဲတစ်လု၌ အနိုင်ရခဲ့ဖူးသည်။ထို့ကြောင့် သူသည် ပထမဗိုလ်ချုပ်ဟူသော အမည်နှင့် ထိုက်တန်လှသည်။

ယခုတွင် ပါ့ဂ်လီအို၏စွမ်းအားသည် နတ်ဆိုးဧကရာဇ် ကနဦးပိုင်းသာ ရှိသည်။သို့သော်လည်း ယခင်ကနတ်ဆိုးအရှင်သခင် ဖြစ်ခဲ့ဖူးသည့်အလျောက် စွမ်းအားနှင့် ပိုင်နက်အကြောင်း နားလည်မှု၌ သူသည် ဂျော့ခ်ျထက် သာလွန်သည်။ထို့ကြောင့် အကယ်၌ သူတို့ အမှန်တကယ် တိုက်ခိုက်ကြလျှင် မည်သူ အနိုင်ရရှိမည်ကို ပြောရန် ခက်ခဲလေသည်။

ဂျော့ခ်ျသည် ထိုနေရာတွင် အေးအေးဆေးဆေး ရပ်နေပြီး သူ၏ပတ်လည်၌ မမြင်နိုင်သော ကြောက်မက်ဖွယ်ရာအားတစ်ခုက စတင်ပျံ့နှံ့လာသည်။သူသည် ထိုစွမ်းအားကို သေချာထိန်းချုပ်ထားပြီး တိုက်ပွဲကြည့်ရှူသူများထံ မရောက်အောင် ပြုလုပ်ထားသော်လည်း ရိုမန်၊ချန်လွေ့နှင့် အခြားသူများသည် တင်စီးသော အငွေ့အသက်ကို ခံစားရနေသေးသည်။မြင်းထောင်ချီ တစ်ပြိုင်နက်တည်း ဟီနေသကဲ့သို့ပင် ဖြစ်သည်။လေထုသည် ထိုကြောက်မက်ဖွယ်ရာ ကန့်သတ်မှုကြောင့် အေးခဲသွားဟန်တူသည်။

ချန်လွေ့သည် စိတ်ထဲ၌ ရင်းနှီးသော ခံစားချက်တစ်ခုကို ခံစားလိုက်ရသည်။၎င်းသည် ဘရော့ခ်၏ အနက်ရောင် ပိုင်နက်နှင့် ရင်ဆိုင်နေသကဲ့သို့ပင် ဖြစ်သည်။ ငါသိပြီ။ဒါက ဂျော့ခ်ျရဲ့ပိုင်နက် ဖြစ်မယ်။

ဘရော့ခ်၏ နတ်မိစ္ဆာပိုင်နက်ထဲရှိ ကြက်သီးထစရာ ကဲ့သို့မဟုတ်ဘဲ ဂျော့ခ်ျ၏ပိုင်နက်သည် ခမ်းနားကြီးကျယ်သည်။၎င်းသည် စစ်သားများကို ဦးဆောင်နေသကဲ့သို့ပင် ဖြစ်သည်။ဘရော့ခ်ကို “ မကောင်းသဘော ” ဟု သတ်မှတ်၍ရပြီး ဂျော့ခ်ျကို “ အကောင်းသဘော ” ဟု သတ်မှတ်၍ရသည်။၎င်းသည် ရှောင်တိမ်း၍မရသော တဲ့တိုးအခင်းအကျင်း တစ်ခုပင် ဖြစ်သည်။

ဒေလီယာနှင့် ရိုမန်တို့ မှော်ဆရာခံတပ်ဆီ ထွက်ပြေးခဲ့စဉ်က ဘရော့ခ်သည် ဂျော့ခ်ျ၏ စွမ်းအားကို ကြောက်သည့်အတွက် တိုက်ရိုက် မတိုက်ခိုက်ရဲပေ။ ကြားဝင်ဖြေရှင်းရန်အတွက် သံတမန်နည်းလမ်းကိုသာ သူ အသုံးပြုခဲ့ရသည်။ ဂျော့ခ်ျ၏စွမ်းအားသည် ဘရော့ခ်ထက် သာလွန်သည်ကို ထိုနေရာမှ မြင်နိုင်ပေသည်။

လူပေါင်း သိန်းနှင့်ချီ၊ သန်းနှင့်ချီကို လူတစ်ယောက် ရင်ဆိုင်သည့် ခံစားချက်ကို စိတ်ကူးကြည့်ပါ။မမြင်နိုင်သော ခမ်းနားကြီးကျယ်မှု တစ်ခုတည်းကပင် လူများကို အမှုန့်ခြေပစ်နိုင်သည်။

ပို၍အားနည်းသော စုံတွဲ ရွိုင့်စ်နှင့်ဗာဆာရှာ၊ အရတ်စ်တို့သည် တစ်ချက်နှစ်ချက်သာ ကြည်ပြီး တစ်ပြိုင်နက်တည်း ကြက်သီးများ ထသွားကြသည်။သူတို့ ကြောက်ရွံ့သွားကြပြီး တိုက်ခိုက်ချင်စိတ်များ လုံးဝနီးပါး ပျောက်ဆုံးကုန်သည်။

ယခုတွင် ပါ့ဂ်လီပိုသည် လူပေါင်းသန်းနှင့်ချီကို ရင်ဆိုင်နေရသူ ဖြစ်သည်။ပိုင်နက်၏ လွှမ်းမိုးမှအောက်တွင် ပါ့ဂ်လီအိုသည် သူ၏စွမ်းအား အဆက်မပြတ် အားနည်းလာပြီး ဂျော့ခ်ျ၏အဟုန် ပိုမိုအစွမ်းထက်လာသည်ဟု ခံစားရသည်။ပိုင်နက်ထဲရှိ အမှုန်တိုင်းသည် ဂျော့ခ်ျ၏ “ စစ်သားများ ” ကဲ့သို့ပင် ဖြစ်သည်။ပိုင်နက်တစ်ခုလုံး၌ ကန့်သတ်မှုများနှင့် ပြည့်နှက်နေ၏။

ဤအတိုင်းသာ ဆိုလျှင် ပါ့ဂ်လီအိုသည် ဘာမှမလုပ်နိုင်ခင်မှာပင် ရှုံးနိမ့်သွားပေလိမ့်မည်။

“ စိတ်ဝင်စားစရာပဲ။ ”

အဆိပ်နဂါး ပြုံးဖြီးဖြီး လုပ်လိုက်သည်။

“ ဒီပိုင်နက်က ခံစားချက် နဲ့ အဟုန်ရှိတယ်။ကံမကောင်းစွာနဲ့ပဲ ‘အရည်အသွေး’မှာ အခြေခံကျတဲ့ ပြဿနာတွေ ရှိနေတယ်။ ”

ဂျော့ခ်ျ မျက်မှောင်ကြုတ်လိုက်သည်နှင့် အဆိပ်နဂါးက ကောင်းကင်ကို လက်ညှိုးထိုးလိုက်သည်ကို သူတွေ့လိုက်သည်။ထို့နောက် လူတိုင်း အမြင်တစ်ခုရသွားသည်။လနှစ်စင်း ရုတ်တရက် နက်မှောင်သွားပြီး သူ၏လက်ပေါ်သို့ ကျရောက်သော အလင်းများမှာ အမှန်တပယ် အစိမ်းရင့်ရောင်ဖြစ်နေပြီး လျို့ဝှက်ဆန်းကြယ်ကာ နိမိတ်မကောင်းဟန် တူသည်။အဆိပ်နဂါး ပင့်သက် ပြင်းပြင်းရှိုက်ပြီးနောက် ဂျော့ခ်ျ၏ [ ကန့်သတ် ပိုင်နက် ] ချက်ချင်း တုန်ခါလာသည်။ထိုဝင်သက်ထွက်သက်သည် တပ်သားပေါင်း သိန်းနှင့်ချီ၏ စွမ်းအားအများစုကို စုပ်ယူလိုက်သကဲ့သို့ပင် ဖြစ်သည်။

ထို့နောက် ပါ့ဂ်လီအိုသည် ဂျော့ခ်ျအား အော်ဟစ်လိုက်သည်။

[ နဂါးဟိန်းသံ ]

ထိုဟိန်းသံသည် နဂါး၏ သဘာဝခြိမ်းခြောက်မှု ဖြစ်ပြီး [ ကန့်သတ် ပိုင်နက် ] ထဲရှိ အခြေအနေ ရုတ်တရက် ပြောင်းလဲသွား၏။စစ်သားတစ်ယောက်ချင်းစီတိုင်းသည် အစိမ်းရင့်ရောင် ဝင်သက်ထွက်သက်ကြောင့် တိုက်စားခံလိုက်ရသည်။မူလက ခက်ထန်သောအခြေအ‌နေ တစ်မျိုးတမည် ဖြစ်သွားသည်။

ဂျော့ခ်ျ၏ မျက်လုံးထဲ၌ အလင်းရောင်တစ်ခု ဖျပ်ခနဲ လက်သွားသည်။သူ ဆက်မတိုက်လိုက်တော့ဘဲ ပိုင်နက်ကို ရုပ်သိမ်းလိုက်သည်။ပါ့ဂ်လီအိုလည်း စွမ်းအားကို ရုပ်သိမ်းလိုက်၏။လနှစ်စင်းသည်လည်း မူလအတိုင်း ကြည်လင်သော ခရမ်းရောင် ပြန်ဖြစ်သွားသည်။

ဂျော့ခ်ျက ပါ့ဂ်လီအိုကို ခဏစိုက်ကြည့်ပြီး ခေါင်းညိတ်ပြသည်။

“ ငါရှုံးသွားတယ်။ ”

အမှန်တကယ်၌ သူသည် ပါ့ဂ်လီအိုကဲ့သို့ပင် စွမ်းအားကို နတ်ဆိုးဧကရာဇ်အဆင့်အထိ ဖိနှိပ်ထားခဲ့သည်။သူသည် စွမ်းအားအစစ်အမှန်ဖြစ်သော နတ်ဆိုးဧကရာဇ်အဆင့် ထိပ်သီးပိုင်းကို အသုံးပြုခဲ့လျှင် ထိုထူးဆန်းသောစွမ်းအားကို ဖိနှိပ်နိုင်မည်မှာ သေချာသည်။သို့သော်လည်း အဆင့်တူတူ၌ သူအမှန်တကယ်ပင် ရှုံးနိမ့်သွားခဲ့သည်။

သူ ရှုံးသွားရင် ရှုံးသွားတယ်ပဲ။အရှုံးကို မဝန်ခံရဲဘူးဆိုရင် သူက ဂျော့ခ်ျ ဝေးလ်စ် ဟုတ်တော့မှာ မဟုတ်ဘူး။ပထမဗိုလ်ချုပ်ဆိုတဲ့ ဂုဏ်ပုဒ်ကလည်း အလကားပဲ။

အဆိပ်နဂါး လေးစားသွားသည်။

“ မင်းရဲ့ပိုင်နက်က ပိုင်နက်အတုပဲ။ဒါကြောင့် အဲဒါက ပိုက်နက်ကို ဖန်တီးဖို့အတွက် မင်းရဲ့စွမ်းအားကိုပဲ အသုံးချတယ်။တကယ့်ပိုင်နက်‌ဆိုတာက ကိုယ်ပိုင်စွမ်းအားကနေ လုံးဝလာတာ မဟုတ်ဘူး။ခန္ဓာကိုယ်ကို ကြားခံအဖြစ် သုံးပြီးတော့ ကောင်းကင်နဲ့ မြေကြီးရဲ့ အကြီးမားဆုံး သဘာဝစွမ်းအားတွေကို အသက်သွင်းပြီး ရွှေ့ပြောင်းတာ။ မင်းဒါကို နားမလည်ဘူးဆိုရင် မင်း နတ်ဆိုးဧကရာဇ်အဆင့် တစ်ဆို့မှုကို ချိုးဖျက်သွားနိုင်ရင်တောင် မင်းကို စစ်မှန်တဲ့ နတ်ဆိုးအရှင်သခင် တစ်ယောက်လို့ သတ်မှတ်လို့မရဘူး။ ”

ကိုယ့်ကိုယ်ကိုယ် ကြားခံအဖြစ် သုံးပြီးတော့ သဘာဝစွမ်းအားကို အသုံးချတာလား။ ဂျော့ခ်ျ အံ့အားသင့်သွားသည်။ယခင်နှစ်များ၌ သူသည် စွမ်းအားတိုးတက်ရန် ရှာဖွေနေခဲ့ခြင်းကြောင့် အမြင်ကွယ်သွားခဲ့သည်။ယခုတွင် သူ၏ပြိုင်ဘက်ဖြစ်သူက ထောက်ပြလိုက်သည့်အခါ ပိုင်နက်၌ မလုံလောက်မှုကို သဘောပေါက်သွားသည်။ ထိုကဲ့သို့ ပိုင်နက်ကို အကြံပေးမှုသည် သူ့ကို ရုတ်တရက် သတိထားမိသွားစေသည်။

“မင်းရဲ့ စွမ်းအားက.... ”

“ ငါက နတ်ဆိုးအရှင်သခင်အဆင့် ထိပ်သီးပိုင်း ဖြစ်ခဲ့ဖူးတယ်။ ”

ပါ့ဂ်လီအိုက အနည်းငယ် စိတ်မကောင်းစွာဖြင့် ပြောလိုက်သည်။

“ အခုတော့ ချိပ်ပိတ်ခံထားရတယ်။အဲဒါကြောင့် ငါက သဘာဝရဲ့စွမ်းအားကိုပဲ အမှီပြုနေတာ။ ”

နတ်ဆိုးအရှင်သခင် ထိပ်သီးပိုင်းတဲ့လား။ဂျော့ခ်ျ တုန်လှုပ်သွားပြီး ခေါင်းညိတ်လိုက်သည်။

“ ကျေးဇူးပါပဲ။ ”

“ သောက်ရအောင်။ ”

ပါ့ဂ်လီအို၏လက်ထဲ၌ ဝိုင်နှစ်ပုလင်း ပေါ်ထွက်လာပြီး တစ်ပုလင်းပစ်ပေးကာ ပြုံးဖြီးဖြီး လုပ်နေလိုက်သည်။

ယနေ့ည၌ လူတိုင်းနီးပါး မူးနေကြသည်။အစောဆုံး နိုးလာသူမှာ အစောဆုံး အိပ်သွားသော ဒိုဒိုပင် ဖြစ်လေသည်။

လူယုံတစ်ယောက်နှင့်အတူ များများသောက်သည်ကို မည်သူမှ အပြစ်မပြောသော်လည်း တွေ့ဆုံမှုတိုင်းသည် အဆုံးသတ်ရမည်သာ ဖြစ်သည်။၂ရက်ကြာပြီးနောက်တွင် ဗိုလ်ချုပ်ဂျော့ခ်ျ ထွက်သွားရတော့သည်။

သူ ထွက်မသွားခင်တွင် အမြဲပင် သန်မာနေခဲ့သော အသီနာ ငိုကြွေးခဲ့သည်။

ယောက္ခဖြစ်သူက သူချစ်ရသော သမီးလေးကို ဆံပင်ကို ပွတ်သပ်ရင်း သမက်ဖြစ်သူအား ဆွဲခေါ်ကာ တစ်ခုခု ပြောသည်။

“ အသက်၂၀မှာ ဝေးလ်စ် မိသားစုရဲ့ အဆင့်တက်တဲ့ ဝိသေသလက္ခဏာကို မင်း သိပြီးလောက်ပါပြီ။ဒီတော့ ငါ အဲဒီအကြောင်းကို မပြောတော့ဘူး။ငါ့မှာ ပြောစရာ တစ်ခုပဲ ရှိတယ်။မင်း မိန်းမ ဘယ်လောက်ပဲယူယူ အသီနာကို ဂရုအစိုက်ဆုံး ဖြစ်ရမယ်။မဟုတ်လို့ကတော့ ငါမင်းကို ဆုံးမပစ်မယ်။ ”

ထိုကဲ့သို့ နားလည်မှုရှိပြီး ဖိုဆန်သော ယောက္ခမနှင့် ရင်ဆိုင်ရာ၌ မျက်နှာငယ်ဖြင့် ခေါင်းညိတ်ရုံမှလွဲ၍ ချန်လွေ့ မည်သည်ကို ပြုလုပ်နိုင်မည်နည်း။

အမှန်တကယ်တွင် အမှောင်လမြို့ ခရီးသည် ဗိုလ်ချုပ်ဂျော့ခ်ျ အတွက် အတော်လေး အကျိုးအမြတ် များခဲ့သည်။တော်ဝင်မင်းသမီးထံမှ သူသည် မယုံကြည်နိုင်စရာ အစီအစဉ်တစ်ခုကို သိရှိခဲ့ပြီး သူ၏ခေါင်းမာမှုကို မျှော်လျင့်ချက် အနည်းငယ် ရရှိစေခဲ့သည်။

အသီနာအတွက် သူသည် ပျော်ရွှင်မှုနှင့် ကျေနပ်မှုကို နှလုံးသားထဲမှ ခံစားခဲ့ရသည်။သူ၏သမီးသည် ပျော်ရွှင်နေရုံသာမက ချစ်သူလည်းရှိပြီး မိတ်ဆွေများလည်း ရှိနေပြီဖြစ်သည်။

“ သမက် ” ဖြစ်သူ၏ မိတ်ဆွေဖြစ်သော စွမ်းအားချိပ်ပိတ်ခံထားရသည့် နဂါးတစ်‌ကောင်ထံမှ သူသည် မမျှော်လင့်ထားသော အကြံပေးမှုနှင့် ပိုင်နက်စွမ်းအားအကြောင်း နားလည်မှုအသစ်တစ်ခု ရရှိသွားခဲ့သည်။ နတ်ဆိုးဧကရာဇ်အဆင့် ထိပ်သီးပိုင်းကို ချိုးဖျက်ပြီး ထိုအထွတ်အထိပ် နယ်ပယ်သို့ ချဉ်းကပ်လာနေသော လက္ခဏာ ရှိနေသည်။

သူတို့သည် အချိန်အနည်းငယ် အတူတူ ဖြတ်သန်းခဲ့ရသော်လည်း သူသည် ထိုနဂါးနှင့် အတော်လေး ရင်းနှီးသွားခဲ့ကြသည်။ထိုနဂါးသည် သူ့အား သားရေချပ်ကာတစ်ခု ပေးခဲ့ပြီး ၎င်းသည် ဒဏ္ဍာရီလာအဆင့် ဖြစ်သည်။၎င်းသည် ဆယ်စုနှစ်အတွင်း အဖိုးတန်ဆုံး ရတနာဖြစ်သည်ဟုလည်း ထိုနဂါးက ပြောသည်။သို့သော်လည်း ပါ့ဂ်လီအိုသည် သူနားမလည်သော တစ်စုံတစ်ခုကို သမက်ဖြစ်သူအား ပြောခဲ့သည်။

“ ဒါက မင်းရဲ့ဝေစုထဲက။ ”

( ဖြောင့်မတ်သော ဗိုလ်ချုပ်က ကပ်စေးနဲ နဂါးသည် အခြားသူ၏ ပစ္စည်းနှင့် ရက်ရောနေကြောင်း မသိခဲ့ပေ။ )

နောက်ဆုံး၌ သူသည် သမီးဖြစ်သူ၏ နှလုံးသားအား စကားလုံးချိုချိုများဖြင့် ခိုးယူခဲ့သည့် အရှက်မရှိသောသူထဲမှ မယုံနိုင်စရာ စစ်ပွဲပညာများနှင့် နည်းစနစ်များကို ရရှိခဲ့သည်။၎င်းသည် ရှေးလူ ပညာရှိတစ်ယောက်မှ ရခဲ့သည်ဟု ချန်လွေ့ အလေးအနက်ပြောခဲ့သော်လည်း နတ်ဆိုးဘုံသည် လူသားလောကနှင့် မစိမ်းလှပေ။ထိုကဲ့သို့ မယုံနိုင်စရာ ပညာရှိ လက်ရာ‌မြောက်စကားများ ရှိမည်ဆိုလျှင် လွန်ခဲ့သော နှစ်ပေါင်းများစွာကတည်းက လူသားလောကနှင့် နတ်ဆိုးဘုံ၌ပါ ပျံ့နှံ့နေလိမ့်မည် ဖြစ်သည်။အဖြစ်နိုင်ဆုံးမှာ ထိုလူထံမှပင် ဖြစ်ပေလိမ့်မည်။

ထို့ပြင် ဗိုလ်ချုပ်ဂျော့ခ်ျသည် မပြန်ခင်၌ လေဟာနယ်လက်ပတ်တစ်ခု ရရှိခဲ့သည်။ထိုအထဲ၌ ပစ္စည်းများစွာရှိသည်။သစ်သီးတစ်လုံးနှင့် ဆေးရည်(၅)ပုလင်း ရှိပြီး ထိုပစ္စည်းများ၏နာမည်များ ရေးထားသော စာရွက်တစ်ရွက် ပါရှိသည်။ ထိုသစ်သီးသည် တော်ဝင်မိသားစုမှလွဲ၍ နတ်ဆိုးအားလုံးအား ရူးသွပ်သွားစေနိုင်သည့် မိစ္ဆာသစ်သီး ဖြစ်သည်။ထိုဆေးရည်များမှာဘည်း ထာဝရရှင်သန်ဆေးရည်နှင့် အသက်ရှည်ဆေးရည် တစ်စုံလုံးဖြစ်ပြီး နတ်ဆိုးဘုံတစ်ခုလုံးအား ရူးသွပ်သွားစေနိုင်လောက်သည်။

ထိုနေ့မတိုင်ခင်၌ သမီးဖြစ်သူက မှော်ပစ္စည်းဖြင့် ဖုံးကွယ်ထားသော စွမ်းအား အစစ်အမှန်ကို သူ့အား ပြသခဲ့သည်။၎င်းမှာ နတ်ဆိုးဘုရင်အဆင့် ထိပ်သီးပိုင်း ဖြစ်သည်။တစ်နည်းအားဖြင့် ပြောရလျှင် အသက်၂၀၌ သူသည် မဟာနတ်ဆိုးဘုရင် အဆင့် ရောက်ရှိသွားပေမည်။

အသက်၂၀အရွယ် မဟာနတ်ဆိုးဘုရင်။ပြီးတော့လည်း သူက ဘာအစွမ်းကိုမှ မဆက်ခံထားဘူး။တော်ဝင်မိသားစုမှာဆိုရင်တောင် ဒါက အံ့ဖွယ်ဖြစ်ရပ်ပဲ။သူက မဟာနတ်ဆိုးဆိုတော့ ပိုဆိုးပေါ့။လွန်ခဲ့တဲ့၃နှစ် မှော်ဆရာခံတပ်ကနေ သူ့သမီး ထွက်သွားတုန်းက အလယ်ဆင့်နတ်ဆိုးပဲ ရှိနေတတာကို ပြောပြရဦးမယ်။ အဆင့်ကြီးသုံးဆင့်ကို သုံးနှစ်အတွင်း ချိုးဖျက်သွားတာပဲ။ဒါကို အံ့ဩဖွယ်ရာလို့ သတ်မှတ်လို့ရတယ်။

လေဟာနယ်လက်ပတ်ထဲမှ ပစ္စည်းများကို မြင်ပြီးနောက် ဂျော့ခ်ျသည် သူ၏ သမီးဖြစ်သူက မည်သည့်အတွက်ကြောင့် မယုံနိုင်စရာ ကောင်းလောက်အောင် အဆင့်တက်သွားကြောင်း သဘောပေါက်သွားခဲ့သည်။ထိုပစ္စည်းများသည် မဟာဆရာသခင်၏ အမွေအနှစ်ကို ဆက်ခံထားသည်ဟုပြောသော လျို့ဝှက်ဆန်းကြယ်သူ၏ ကြီးမားသောအကြောင်းရင်းတစ်ရပ် ဖြစ်ဟန်တူသည်။ထိုအရာများနှင့်အတူ၊ နဂါးမိတ်ဆွေ၏ အကြံပေးချက်နှင့်အတူဆိုလျှင် အဆင့်တက်ခြင်းမှာ လုံးဝနီးပါး သေချာနေသည်။

လမ်းထဲ၌ ဂျော့ခ်ျ ပြုံးနေခဲ့သည်။သူသည် အင်ပါယာ၏ ပထမဆုံးဗိုလ်ချုပ်သာ ဖြစ်ရုံမက နားလည်မှုရှိသူတစ်ယောက်လည်း ဖြစ်သည်။သူသည် သမီးအား အချစ်ဆုံး အဖေတစ်ယောက်လည်း ဖြစ်သည်။နဂါးဖြစ်စေ၊မိစ္ဆာသစ်သီးဖြစ်စေ၊ ဆေးရည်မည်း ဖြစ်စေ၊ မည်သည်ကို ပြောသင့် မပြောသင့်ကြောင်း သူသိသည်။

သို့သော်လည်း ယောက္ခမဖြစ်သူက သူသည် ယခင်က မှားပြောမိခဲ့သည်ဟု ရုတ်တရက် ခံစားလိုက်ရသည်။ယခုတွင် ထိုလူသားသည် အမှန်တကယ်ပင် စွမ်းအားမဲ့သော်လည်း ချန်လွေ့ဟူသော နာမည်သည် အနှေးနှင့်အမြန်ပင် နတ်ဆိုးဘုံ တစ်ခုလုံး၌ ပဲ့တင်ထပ်သွားပေလိမ့်မည်။

All Chapters