← Chapters

ဒိုမီနစ် နှင့် ဆိုင်ပရပ်

Vol. 16 Ch. 234

ဒိုမီနစ် နှင့် ဆိုင်ပရပ်

Vol. 16 Ch. 234

မဟာနတ်ဆိုးဘုရင်အဆင့်ဖြစ်သော စကိုင်းလည်း ထိုသတ်ဖြတ်ချင်စိတ်ကို ခံစားမိပြီး ချန်လွေ့ကို မေးလိုက်တယ်။

“ မင်း သူတို့ကို..... ”

“ မလိုပါဘူး။ ”

ချန်လွေ့ ခေါင်းခါပြီး အလျန်နှင့် အခြားသူများကို ပါးစပ်ဖြင့် အချက်ပြသည်။ ကောင်မလေး သုံးယောက်နှင့် ဆရာသခင်တာတာကိုသာ ဂရုစိုက်ရန်လိုကြောင်း ချန်လွေ့ ဆိုလိုသည်ကို စကိုင်း သဘောပေါက်လိုက်သည်။

“ အရတ်စ်။ငါနဲ့လိုက်ခဲ့။ ”

ချန်လွေ့သည် အရတ်စ်ကို နှုတ်ဆက်ပြီး လမ်းလျှောက်လာကာ အရတ်စ်၏ပုခုံးအား အားခပ်ပြင်းပြင်းဖြင့် ပုတ်လိုက်သည်။

ချန်လွေ့နောက်လိုက်သည်မှာ ယခုသည် အရတ်စ်အတွက် ပထမဆုံးအကြိမ် မဟုတ်သည့်အတွက် တစ်ခုခုလွဲနေကြောင်း သိလိုက်သည်။သူ ခေါင်းညိတ်ပြီး ပြောသည်။

“ ဟုတ်ကဲ့ပါ။ဘော့စ်။ ”

“ ဘော့စ် ” ဟူသောစကားလုံး ထွက်လာသည်နှင့် ပစ်မှတ်သည် မိမိထဲသို့ ပြောင်းသွားကြောင်း ချန်လွေ့ ချက်ချင်း ခံစားလိုက်ရသည်။သူ၏စိတ်ထဲ၌ တစ်မျိုး ခံစားသွားရသည်။

ချန်လွေ့သည် အရတ်စ်နှင့် ကိစ္စတစ်ခုခု ရှိသည်ကို ဗာဆာရှာ သိလိုက်ပြီး အခြားဘက်သို့ တည့်တည့် လမ်းလျှောက်သွားလိုက်သည်။

အရတ်စ်သည် ည‌ဈေးတစ်လျှောက် ချန်လွေ့ နောက်သို့လိုက်ပြီး လူပြတ်သော နေရာသို့ ရောက်လာသည်။သူတို့သည် လမ်းတစ်လျှောက်လုံး မနားခဲ့ဘဲ အမှောင်လမြို့ တော်ဘက်ဂိတ်တံခါးဆီသို့ ရောက်ရှိသွားသည်။မြို့ဂိတ်တံခါးများသည် မည်သူ့ကိုမှ လွတ်လွတ်လပ်လပ် ဝင်ထွက်ခွင့် မပြုသော်လည်း အစောင့်များသည် နည်းပြဖြစ်သူ အရတ်စ်ကို မှတ်မိကြသည်။ထို့ကြောင့် သူတို့ မတားဆီးရဲကြပေ။

သူတို့နှစ်ယောက်သည် တောင်ပိုင်း ဆင်ခြေဖုံးဒေသကို ဖြတ်လျှောက်သွားပြီးနောက် ကြီးမားပြီး လူသူကင်းမဲ့သော တွင်းချိုင့်တစ်ခုသို့ ရောက်ရှိသွားသည့်အခါ ချန်လွေ့၏ ခြေလှမ်းများ ရပ်တန့်သွား၏။

“ အရတ်စ်။အခု ခင်ဗျားက နတ်ဆိုးဘုရင်အဆင့်နဲ့ တော်တော်လေး နီးကပ်နေပြီဟုတ်။ ”

“ ဟုတ်ကဲ့။အဲဒီအကန့်အသတ်ကို ကျုပ် ခံစားရနေပါပြီ။ကျုပ် အဆင့်တက်ဖို့ ခြေတစ်လှမ်းပဲ လိုပါတော့တယ်။ ”

ချန်လွေ့ ခေါင်းညိတ်လိုက်သည်။

“ ဒါဆိုရင် တစ်ဆို့မှုကို ချိုးဖောက်ဖို့အတွက် အကောင်းဆုံးနည်းလမ်းက ဘာလို့ထင်လဲ။ ”

“ တိုက်ခိုက်တာပဲ။ ”

အရတ်စ်၏မျက်လုံးများ အရောင်တောက်သွား၏။ငါ့ကို သခင်က ဒီနေရာခေါ်လာရတဲ့ ရည်ရွယ်ချက်က နတ်ဆိုးဘုရင်အဆင့်ဆီ တက်ဖို့အတွက် အကြံဉာဏ် ပေးမလို့များလား။ယခင်က သူသည် အသီနာနှင့် တိုက်ခိုက်ရန် အကြိမ်ကြိမ် ခွင့်တောင်းခဲ့သည်။သို့သော်လည်း သူတို့နှစ်ဦး၏စွမ်းအား ခြားနားချက်သည် အလွန်ကြီးမားပြီး အသီနာကလည်း သူ၏စွမ်းအားကို အမြင့်ဆင့်နတ်ဆိုး၌ ကောင်းကောင်းမထိန်းချုပ်ထားနိုင်သည့်အတွက် အရတ်စ်သည် အလွယ်တကူပင် ရှုံးနိမ့်ခဲ့ရသည်။

“ ဟုတ်တယ်။ပြီးတော့ အဲဒါက တကယ့်တိုက်ခိုက်မှု ဖြစ်ရမယ်။သေခြင်းတရား ဆိုတာကို ခင်ဗျား သိပြီးပြီလား။ ”

ချန်လွေ့က တည်တည်တံ့တံ့ဖြင့် မေးလိုက်သည်။

အရတ်စ် ခေါင်းညိတ်ပြီး မျက်လုံးများသည် အလွန်အမင်း စိတ်ပိုင်းဖြတ်လိုက်ပုံရသည်။ သူသည် ချန်လွေ့ကဲ့သို့ စွန့်စားခန်း မရှိပေ။မိစ္ဆာသစ်သီးမှလွဲ၍ သူ၏စွမ်းအားများကို တကယ့်တိုက်ပွဲပေါင်းများစွာမှ စုဆောင်းထားခြင်း ဖြစ်သည်။သေခြင်း ရှင်ခြင်း စမ်းသပ်ချက်ပေါင်း များစွာကို သူကြုံတွေ့ခဲ့ပြီးပြီ ဖြစ်သည့်အတွက် တိုက်ပွဲအန္တရာယ် ပိုများလေလေ ခန္ဓာကိုယ်၏ အလားအလာကို ဖောက်ထွက်ရန်အတွက် ပိုပြီးလှုံ့ဆော်နိုင်လေလေ ဖြစ်ကြောင်းကို သူသေချာ သဘောပေါက်သည်။ သူသေကိုယ်သေ တိုက်ပွဲတစ်ခုနှင့်ယှဉ်လျှင် အသီနာနှင့် တိုက်ခိုက်ခြင်းသည် လေ့ကျင့်ရေးမျှသာ ဖြစ်သည်။

“ ဒါဆို.... ”

ချန်လွေ့သည် အရတ်စ်၏ စိတ်ပိုင်းဖြတ်ထားမှုကို မြင်ရသည်။သူ ရုတ်တရက် အသံမြှင့်ပြီး အော်ပြောလိုက်သည်။

“ နောက်က လိုက်နေတဲ့နှစ်ယောက်။မင်းတို့ ထွက်လာလို့ရပြီ။ ”

အရတ်စ် ထိန်လန့်သွား၏။နောက်လိုက်ခံရတာကို ငါတကယ် သတိမထားမိခဲ့ဘူးပဲ။

“ ဟမ့်။ငါတို့ကို မင်းလိုမျိုး ပုရွက်ဆိတ်တစ်ကောင်က ရှာတွေ့သွားမယ်လို့ မထင်ထားခဲ့ဘူး။ဒါပေမဲ့ မင်းတို့ကို သေမှာက သေမှာပါပဲ။ ”

အေးစက်စက် အသံတစ်သံ ထွက်လာသည်။လရောင်အောက်၌ မိန်းမတစ်ယောက်နှင့် ယောက်ျားတစ်ယောက်တို့၏ပုံရိပ် ထင်ရှားလာသည်။

“ ပုရွက်ဆိတ် ” ဟူသော စကားလုံးကို ကြားသည့်အခါ ချန်လွေ့သည် ဘရော့ခ်ကို ရုတ်တရက် သတိရလိုက်ပြီး စိတ်ထဲ၌ ရွံရှာမှု ပြည့်နှက်သွားသည်။သူ မေးလိုက်သည်။

“ မင်းတို့က ဘယ်သူတွေလဲ။ဘာလို့ ငါနဲ့အရတ်စ်ကို သတ်ချင်နေရတာလဲ။ ”

ညဈေးထဲ၌ ယခင် သတ်ဖြတ်ချက်သည့် ပစ်မှတ်မှာ အရတ်စ်ဖြစ်သည်။ထို့နောက် ချန်လွေ့ထံ ပစ်မှတ်ထားလိုက်သည်။ချန်လွေ့တို့နှစ်ယောက်သည် သူတို့၏ပစ်မှတ် ဖြစ်ဟန်တူသည်။

ခန္ဓာကိုယ် ဖွံ့ဖွံ့ဖြိုးဖြိုးဖြစ်သော အမျိုးသမီးက သရော်ပြုံးပြုံးလိုက်သည်။

“ ကျွန်မ ရှင့်ကို သံသယကင်းကင်းနဲ့ သေခွင့်ပေးလိုက်မယ်။ကျွန်မနာမည်က ဒိုမီနစ်။သူကတော့ ဆိုင်ပရပ်။ ”

ချန်လွေ့ ခေါင်းခါလိုက်သည်။

“ ငါ မင်းတို့ကို မသိဘူး။မင်းကငါ့ကို သံသယကင်းကင်းနဲ့ သေခွင့်ပေးမယ်ဆိုရင် အနည်းဆုံးတော့ မင်းတို့ကို ဘယ်သူ ခိုင်းလဲဆိုတာ ပြောပြ။ ”

“ ရှင်က ဝတ်ရုံဂိုဏ်းခေါင်းဆောက် အက်ဂ်ယောပဲ ဖြစ်ရမယ်။ ”

အမျိုးသမီး၏ မျက်လုံးထဲရှိ အဆုံးမရှိသော အမုန်းတရားများ ပြည့်နှက်နေသည်။

“ ဂေါ်ဖင်းဂိုဏ်းခေါင်းဆောင် ဝစ်ခ်က ကျွန်မရဲ့ အစ်ကိုပဲ။ ”

ချန်လွေ့သည် အရတ်စ်သတ်လိုက်သော ဝစ်ခ်ကို တွေးမိလိုက်ပြီး ထိုအမျိုးသမီး၏ အမုန်းတရား အရင်းအမြစ်ကို သဘောပေါက်သွားသည်။မယ်လွန်မိသားစု ထောက်ပံ့သော ဂေါ်ဖင်းဂိုဏ်း၏ ခေါင်းဆောင်၌ နတ်ဆိုးဘုရင်အဆင့် ကနဦးပိုင်း ညီမတစ်ယောက် ရှိနေလိမ့်မည်ဟု ချန်လွေ့ လုံးဝ မထင်ထားခဲ့ပေ။

သို့သော်လည်း ဝစ်ခ်သည် ရက်စက်ကြမ်းကြုတ်သည်။ထို့ပြင် သူသည် ဝတ်ရုံဂိုဏ်း၏ ပြိုင်ဘက် ဖြစ်သည်။သူ့ကိုသတ်ရသည့်အကြောင်းကို ရှင်းပြစရာမရှိပေ။သို့သော်လည်း ထိုစုံတွဲက ချန်လွေ့ကို [ စစ်မှန် အသက်အောင့် ] အစွမ်းကြောင့် အမြင့်ဆင့်နတ်ဆိုး ထိပ်သီးပိုင်းဟုသာ ထင်နေကြသည်။ထို့ကြောင့် သူတို့က ယခုကဲ့သို့ ရိုးရိုးရှင်းရှင်း ထွက်လာခြင်း ဖြစ်သည်။

ဆိုင်ပရပ်က ပြောသည်။

“ မင်းတို့ ဒီကိုလာပြီး ဘာလျို့ဝှက်ချက်တွေ ဆွေးနွေးမလဲလို့ ငါတို့သိချင်ခဲ့တာ။ မင်းတို့က ငါတို့ကို စိန်ခေါ်ပြီး နတ်ဆိုးဘုရင်ဆီ အဆင့်တက်ချင်နေလိမ့်မယ်လို့ ငါတို့ လုံးဝ မထင်ထားခဲ့ဘူး။တော်တော်လေး ယုံကြည်မှု လွန်ကဲနေတာပဲ။ဒိုမီနစ်။ မင်းရဲ့အစ်ကိုကို သတ်ပစ်ခဲ့တဲ့ လူသတ်သမားကို မင်းဆီ လွှဲပေးလိုက်ပြီ။ ”

“ သေချာတာပေါ့။ဒီနှစ်ယောက်ကို သတ်ပြီးရင် ကျွန်မရဲ့ အစ်ကိုအတွက် လက်စားချေဖို့ ဝတ်ရုံဂိုဏ်းတစ်ခုလုံးကိ သတ်ပစ်ကြရအောင်။ ”

ဒိုမီနစ် ရှေ့ထွက်လာလိုက်သည်။သူ၏ အေးစိမ့်သော သတ်ဖြတ်ချင်စိတ်သည် ချန်လွေ့နှင့် အရတ်စ်ကို အသေမှတ်ထားလိုက်၏။

“ နစ်နာချက်တိုင်းအတွက် တာဝန်ရှိတဲ့သူ တစ်ယောက်ရှိတယ်။ ”

ချန်လွေ့ နောက်ဆုတ်ပြီး အရတ်စ်ကို လက်ညှိုးထိုးပြလိုက်သည်။

“ မင်းရဲ့အစ်ကိုကို သတ်ပစ်တာ သူပဲ။သူ့ဆီသွား။ ”

အရတ်စ်သည် ချန်လွေ့၏ သဘောထားကို နားလည်လိုက်သည်။သူ တက်ကြွသွားပြီး စွမ်းအားများ စတင်စုစည်းလိုက်သည်။သူ၏လက်ထဲ၌ ခေါင်းနှစ်ဖက် ကောက်ရိတ်ဓားတစ်လက် ထွက်ပေါ်လာသည်။ဒိုမီနစ်ဆီသို့ အရတ်စ် ဖြည်းဖြည်းချင်း လျှောက်လာစဉ် သူ၏ခန္ဓာကိုယ်၌ မီးတောက် တောက်လောင်နေပြီ ဖြစ်သည်။

“ ဝတ်ရုံဂိုဏ်းခေါင်းဆောင်က တကယ်တမ်း ငကြောက်တစ်ယောက်ပဲ။ ”

ဒိုမီနစ်က အထင်သေးစွာ ပြောလိုက်သည်။အကြောက်အရွံ့မရှိသော အရတ်စ်ကို ကြည့်ရင်း ဒိုမီနစ် ခေါင်းညိတ်လိုက်သည်။

“ အနည်းဆုံးတော့ ရှင့်မှာ သတ္တိနည်းနည်း ရှိသေးတယ်။ဒါပေမဲ့ စွမ်းအားကို မဖိနှိပ်နိုင်တဲ့ သတ္တိကို တုံးအမှုလို့ပဲ သတ်မှတ်လို့ရမယ်။ ”

အရတ်စ် ဘာမှမပြောဘဲ ကောက်ရိတ်ဓားကို လွှဲရမ်းပြီး အော်ဟစ်ရင်း မြင့်မြင့်ခုန်ကာ ဒိုမီနစ်အား ခုတ်ပိုင်းလိုက်သည်။ဒိုမီနစ်က အထင်သေးစွာ ပြုံးလိုက်၏။ အသွင်းပြောင်းခြင်းနှင့် မီးတောက်ဆတိုးခြင်းကို မသုံးဘဲ ဒိုမီနစ်သည် ထိုခုတ်ချက်ကို အလွယ်တကူ ရှောင်တိမ်းလိုက်သည်။တစ်ချိန်တည်းမှာပင် သူသည် အရတ်စ်၏ ရင်ဘတ်အား လက်သီးဖြင့် ထိုးလိုက်သည်။အရတ်စ် နှာမှုတ်လိုက်ပြီး ခန္ဓာကိုယ် တစ်ခုလုံး တုန်ခါသွားသည်။နောက်သို့ ခြေလှမ်း ၆လှမ်း၊၇လှမ်း ဆုတ်ခွာသွားရပြီးနောက် အရတ်စ်သည် မတ်မတ် ရပ်နိုင်သွားသည်။သို့သော်လည်း သူ၏မျက်နှာ ဖျော့တော့နေလေသည်။

ဒိုမီနစ် အနည်းငယ် အံ့ဩသွားသည်။ထိုလက်သီးချက်၌ သူအားအကုန် မထုတ်ခဲ့သော်လည်း သူ၏အမြင်၌ အရတ်စ်သည် လွင့်စင်ပြီး မြေပေါ်လဲကျကာ သွေးအန်သွားသင့်ပေသည်။အဆင့်ကြီးအကြားရှိ ကွာခြားချက်သည် အတော်လေး သိသာလှသည်။အထူးသဖြင့် အမြင့်ဆင့်နတ်ဆိုးနှင့် နတ်ဆိုးဘုရင်အဆင့် ကြား၌ဖြစ်ပြီး ကနဦးပိုင်း၊အလတ်ပိုင်းနှင့် နှောင်းပိုင်းအကြားရှိ ကွာခြားချက်နှင့် အတူတူပင် ဖြစ်သည်။

ချန်လွေ့ မအံ့ဩပေ။အကြောင်းရင်းမှာ ရိုးရှင်းပေသည်။ချပ်ဝပ်အဆင်တန်ဆာ ကြောင့်ပေတည်း။

လက်ရှိ၌ အရတ်စ်ကို ခေါင်းအစ ခြေအဆုံး တန်ဆာဆင်ထားသည်ဟု ပြော၍ရသည်။သူ၏ ကောက်ရိတ်ဓား၊ချပ်ကာ၊ဘွတ်ဖိနပ်၊လက်ပတ်၊ခါးပတ်၊ လက်စွပ်များအားလုံးသည် ချန်လွေ့၏ “ စမ်းသပ်ထုတ်ကုန်များ ” ဖြစ်ကြသည်။ ၎င်းတို့ထဲမှ အချို့သည် ထူးကဲအဆင့် မရောက်သေးသော်လည်း နီးကပ်နေပြီ ဖြစ်သည်။ထို့ကြောင့် အမြင့်ဆင့်နတ်ဆိုးတစ်ယောက်အတွက် ၎င်းသည်အတော်လေး ပြည့်စုံနေပြီ ဖြစ်သည်။

အရတ်စ် သွေးဆူသွားသည်။သူသည် အသီနာနှင့် တိုက်ခိုက်ဖူးသည့်အတွက် ကြောက်မနေပေ။သူ ပင့်သက်ရှိုက်ပြီး ဖိနပ်မှ အရှိန်နှင့်အတူ ရှေ့သို့ အပြေးသွားလိုက်ပြန်သည်။သူ၏အမြန်နှုန်းကို ဒိုမီနစ် အနည်းငယ် အံ့အားသင့်သွားသည်။အရတ်စ်၏ တိုက်ခိုက်ရေးပုံစံမှာ ခံစစ်ကို တိုက်စစ်နှင့် အစားထိုးခြင်း ဖြစ်သည်။ထို့ကြောင့် သူ၏မီးတောက် ပို၍တောက်လောင်လာသည်။ အလွန်ကျယ်လောင်လှသော အသံနှင့်အတူ သူ၏လက်ထဲရှိ ကြယ်နက်သံ ကောက်ရိတ်ဓားသည် အကွေးသုံးလေးခုအဖြစ် ပြောင်းလဲသွားပြီး ဒိုမီနစ်ကို ရုတ်ခတ်လိုက်သည်။

ဒိုမီနစ်၏ ပုံရိပ်သည် တစ္ဆေသဖွယ် ဖျပ်ခနဲ ပျောက်ကွယ်သွားပြီး အလင်းကွေးများကို တစ်ခုပြီးတစ်ခု ရှောင်တိမ်းနေသည်။သို့သော်လည်း အရတ်စ်၏ တိုက်ခိုက်မှုသည် အလွန်ကျွမ်းကျင်လှသည်။၎င်းတို့အားလုံးသည် အရှိန်တူတူမဟုတ်ဘဲ အချို့ကနှေး၍ တချို့က မြန်သည်။၎င်းသည် အမြဲတမ်းပြောင်းလဲနေသော ထောင်ခြောက် တစ်ခုကဲ့သို့ပင် ဖြစ်နေပြီး ရှောင်တိမ်းရ ခက်ခဲလေသည်။

ဒိုမီနစ် သတိလက်လွတ်ဖြစ်သွားစဉ် သူ၏မျက်နှာကို အလင်းရောင်တစ်ခု ဖြတ်သွား ” ထက်မြက်မှု ” နှင့် “ သွေးဆာ ” ဂုဏ်သတ္တိရှိသော ကြယ်နက်သံ လက်နက်သည် ဒိုမီနစ်၏ ခုခံမှုကို ချက်ချင်းပင်ဖောက်ထွင်းသွားပြီး မျက်နှာပေါ်၌ ဒဏ်ရာတစ်ခု ဖြစ်သွားစေသည်။ဒိုမီနစ် ဒေါသထွက်သွား၏။အမြင့်ဆင့်နတ်ဆိုး တစ်ယောက်ကြောင့် ထိခိုက်သွားလိမ့်မည်ဟု သူလုံးဝ မထင်ထားခဲ့ပေ။ထို့ပြင် ၎င်းသည် သူဂရုစိုက်ဆုံးဖြစ်သော မျက်နှာ ဖြစ်နေသည်။ဒေါသတကြီး အော်ဟစ်ပြီးနောက် သူသည် အရတ်စ်နောက်ဘက်သို့ တယ်လီပို့ခုန်လိုက်ပြီး တိုက်ခိုက်ရေးအသွင်သို့ ချက်ချင်း ပြောင်းလဲလိုက်သည်။

နတ်ဆိုးဘုရင်အဆင့် ရောက်ရှိသွားသော မဟာနတ်ဆိုးတစ်ယောက်တွင် သာမန် အသွင်ပြောင်းခြင်းပုံစံ မရှိတော့ပေ။ဒိုမီနစ်၏ တံတောင်ဆစ်များမှ အရိုးရှည်ကြီးများ ငေါထွက်နေသည်။၎င်းတို့သည် ဓားသွားကဲ့သို့ ထက်မြက်နေပြီး အရတ်စ်ကို ခုတ်ပိုင်းလိုက်သည်။

အရတ်စ်သည် အန္တရာယ်ကို ခံစားမိလိုက်သော်လည်း ပြိုင်ဘက်ဖြစ်သူသည် အလွန်မြန်ဆန်လွန်းလှသည်။ရှောင်တိမ်းရန် နောက်ကျသွားခဲ့လေပြီ။ထို့ကြောင့် သူသည် ချက်ချင်းပင် တယ်လီပို့ခုန်ပြီး ရှောင်ရှားလိုက်သည်။ဒေါသထွက်နေသော ဒိုမီနစ်သည် အရတ်စ်ကို စွမ်းအားကုန် တိုက်ခိုက်ရန် ပြင်လိုက်စဉ် သူ၏လှုပ်ရှားမှု နှေးကွေးသွားပြိး အမြန်နှုန်းလည်း အတော်လေး လျော့ကျသွားကြောင်း ရုတ်တရက် ခံစားရလိုက်သည်။၎င်းတို့သည် [ အရှိန်လျှော့ ]၏ လက္ခဏာများပင် ဖြစ်လေသည်။

ဒိုမီနစ်၏ အကြည့်သည် အနီးအနားရှိ ဝတ်ရုံနှင့် “ အက်ဂ်ယော ” ထံသို့ ရောက်ရှိသွားသည်။သူ သရော်ပြုံးပြုံးလိုက်ပြီး သူ၏ခန္ဓာကိုယ်ပေါ်၌ တိုးမြှင့်ခြင်းမီးတောက် တောက်လောင်လာသည်။မဟာနတ်ဆိုးတစ်ယောက်၏ မီးတောက်သည် အနုတ်သဘော အခြေအနေများကို ပယ်ဖျက်နိုင်လေသည်။ သို့သော်လည်း သူမည်မျှပင် လောင်ကျွမ်းစေကာမူ သက်ရောက်မှုကို ဖယ်ရှား၍ မရနိုင်ပေ။ဖြစ်နိုင်ချေ တစ်ခုတည်းသာ ရှိသည်။၎င်းမှာ ပြိုင်ဘက်ဖြစ်သူ၏ မှော်စွမ်းအားနှင့် စိတ်ဝိညာဉ်သည် မီးတေက်စွမ်းအားထက် သာလွန်နေခြင်းပင် ဖြစ်သည်။အရတ်စ်သည် ဒိုမီနစ်အား အသက်ရှူခွင့် မပေးခဲ့ပေ။သူ၏ ကောက်ရိတ်ဓားသည် ရိုးတံနှစ်ခုအဖြစ် ပြောင်းလဲသွားပြီးနောက် တိုက်ခိုက်ပြန်သည်။ဒိုမီနစ်၏ အရိုးစွယ်များက ကောက်ရိတ်ဓားများကို ခုခံလိုက်သည်။နေရာတိုင်း၌ မီးများပွင့်ထွက်သွားသည်။သို့သော်လည်း အက်ကြောင်းတစ်ခုသာရှိပြီး ခဏအကြာ၌ တဖြည်းဖြည်း ပြန်ကောင်းသွားသည်။ကြယ်နက်သံ၏ “ ထက်မြက်မှု ” ဂုဏ်သတ္တိသည် အရိုးစွယ်များကို မဖြတ်တောက်နိုင်ပေ။၎င်းသည် ဒိုမီနစ်၏ သွေးမျိုးဆက် သန္ဓေပြောင်းစွမ်းအား ဖြစ်ဟန်တူသည်။

ဒိုမီနစ်စ်သည် နတ်ဆိုးဘုရင်သို့ အဆင့်တက်သည်မှာ တစ်နှစ်ပြည့်တော့မည် ဖြစ်သော်လည်း [ အရှိန်လျှော့ ] ၏ သက်ရောက်မှုအောက်တွင် သူ၏အမြန်နှုန်းကို အသုံးမချနိုင်ပေ။အရတ်စ်၌ အဆင်တန်ဆာ ကြွယ်ဝသော်လဘ်း နတ်ဆိုးဘုရင်အဆင့် ရောက်ရန် ခြေတစ်လှမ်း လိုနေသေးသည်။နတ်ဆိုးဘုရင်အဆင့် စွမ်းအားကို ချဉ်းကပ်ခြင်းနှင့် နတ်ဆိုးဘုရင်အဆင့် စွမ်းအား ပိုင်ဆိုင်ခြင်းတို့သည် မတူညီကြသေးပေ။စွမ်းအား ခြားနားမှုမှာ သိသာလှသည်။သုံးလေးကြိမ် ထိပ်တိုက်ရင်ဆိုင်ပြီးနောက် အရတ်စ် အန္တရာယ် ဖြစ်လာသည်။အဆင်တန်ဆာများနှင့် တိုက်ခိုက်ရေး အတွေ့အကြုံ မြင့်မားခြင်းကြောင့်သာ မဟုတ်လျှင် အရတ်စ်သည် အရေးကြီးအချိန်များ၌ ရှောင်တိမ်းနိုင်မည် မဟုတ်ဘဲ အကြိမ်ကြိမ် သေပြီးသွားလေပြီ။

ချန်လွေ့သည် ကူညီရန် ဘာမှထပ်မလုပ်ခဲ့ပေ။လောက၌ မကြိုးစား မအားထုတ်ဘဲ မည်သည်ကိုမှ မရနိုင်ပေ။ထို့ပြင် အရတ်စ်၏ ပုံစံကိုကြည့်လျှင်လည်း ချန်လွေ့၏ အကူအညီကို ထပ်ပြီး လိုချင်ဟန်မတူပေ။

“ ဒိုမီနစ်။မင်း အရမ်းနှေးလွန်းတယ်။အမြင့်ဆင့် နတ်ဆိုးတစ်ယောက်ကို သတ်ဖို့အတွက် မင်းက အချိန်တော်တော် ကြာနေတာပဲ။ ”

ကွင်းထဲသို့ ဆိုင်ပရပ် ရောက်လာသည်။သူ၏အသံသည် အနည်းငယ် ကျယ်လောင်နေသည်။

“ ငါတို့ ဒီမှာ ကြာကြာနေဖို့ အချိန်မရှိဘူး။အဲဒီ အက်ဂ်ယောကို ငါကူသတ်ပေးမယ်။ ”

“ အရတ်စ်။ဒိုမီနစ်ကို သုံးထားတဲ့ [ အရှိန်လျှော့ ] က နာရီဝက်ခံမယ်။ ”

ချန်လွေ့ ပုခုံးတွန့်လိုက်သည်။

“ ကျုပ် ခင်ဗျားကို ထပ်ပြီးကူညီမှာ မဟုတ်ဘူး။သေရင်သေ။အဆင့်တက်ရင်တက်။ ခင်ဗျား အပေါ်မှာပဲ မူတည်တယ်။ ”

“ မင်းကိုယ်မင်း စိုးရိမ်သင့်တာ။ပုရွက်ဆိတ်ရဲ့။ ”

ဆိုင်ပရပ်သည် မောက်မာလှသည်။

“ မင်းရဲ့မှော်စွမ်းအားက ထူးခြားတယ်ဆိုရင်တောင် ငါ့အပေါ်ဘာမှ ‌သက်ရောက်မှု မရှိဘူး။ငါ့ရဲ့ သန္ဓေပြောင်း သွေးမျိုးဆက် ဝိသေသ လက္ခဏာက မှော်စွမ်းအားကို အားနည်းစေတယ်။ဒါပေမဲ့ ငါမင်းကို သတ်ပစ်မှာ မဟုတ်ဘူး။ငါမင်းရဲ့ ခြေတွေလက်တွေကိုပဲ ဖြတ်ပစ်မယ်။မင်းရဲ့အသက်ကိုတော့ ဒိုမီနစ်ဆီ ငါလွှဲပေးလိုက်မယ်။ ”

“ ပုရွက်ဆိတ် ဆိုတဲ့အသုံးကို..... ငါမင်းဆီ ပြန်ပေးလိုက်မယ်။ ”

“ ပုရွက်ဆိတ် ” ဟူသော စကားလုံးကို ပြောနေစဉ် ချန်လွေ့သည် ဆိုင်ပရပ်အရှေ့သို့ ရောက်နှင့်နေပြီ ဖြစ်သည်။ဆိုင်ပရပ် ထိတ်လန့်သွား၏။သူ မခုခံနိုင်ခင်မှာပင် ဝမ်းဗိုက်၌ စူးရှသော နာကျင်မှုတစ်ခုကို ခံစားလိုက်ရပြီး တစ်ကိုယ်လုံး လွင့်စင်ထွက်သွားသည်။ချန်လွေ့သည် အလွန်မြန်ဆန်လှသည်။သူသည် လေထဲမှာပင် ဆိုင်ပရပ်ကို မှီသွားသည်။ဆိုင်ပရပ်သည် လေထဲ၌ မျှခြေမညီဖြစ်နေပြီး ကိုယ့်ကိုယ်ကိုယ် မထောက်ပံ့ပေးနိုင်ပေ။ချန်လွေ့သည် အတင်းလွှတ်ပစ်ပြီး နောက်ပြန်အားကို အပေါ်ဘက်သို့ ပြောင်းလဲခဲ့သည်။ဆိုင်ပရပ်သည် လေပေါ်သို့ မြောက်တက်သွားပြန်သည်။

ချန်လွေ့ ခုန်လွှားပြီး ဆိုင်ပရပ်အပေါ်၌ ပေါ်ထွက်လာသည်။သူ လက်သီးနှစ်ဖက် ဆုပ်လိုက်ပြီးနောက် ဖုန်းခနဲ ရိုက်ချလိုက်သည်။ဆိုင်ပရပ်သည် တူမကြီးဖြင့် အရိုက်ခံရသကဲ့သို့ ဖြစ်သွားပြီး မြေပြင်ပေါ်သို့ ပြင်းပြင်းထန်ထန် ကျသွားကာ သိမ့်သိမ့်တုန်သွားတော့သည်။

ထိုကဲ့သို့ လျှပ်တပြက် လှုပ်ရှားမှုများသည် တဒင်္က အတွင်းသာ ဖြစ်သည်။“ မင်းဆီ ပြန်ပေးလိုက်မယ် ” ဟူသော စကားစုသည် ယခုမှသာ ချန်လွေ့၏ ပါးစပ်မှ ထွက်ပြီးသွားခြင်း ဖြစ်သည်။

ဘေးမှ ဒိုမီနစ်လည်း အံ့အားသင့်သွားသည်။သူသည် ဆိုင်ပရပ်၏ စွမ်းအားကို သေသေချာချာ သိသည်။ နတ်ဆိုးဘုရင်အဆင့် အလတ်ပိုင်း။သူက တကယ်ကြီး အက်ဂ်ယောရဲ့ ပယ်ပယ်နယ်နယ် ရိုက်ခြင်းကို ခံခဲ့ရတယ်။ဒါဆိုရင် အက်ဂ်ယောရဲ့ စွမ်းအားက.....အနည်းဆုံးတော့ ဆိုင်ပရပ်နဲ့ တန်းတူပဲ။ဆိုင်ပရပ်က တကယ်ပဲ “ ပုရွက်ဆိတ် ” ဆိုတဲ့စကားလုံးကို သုံးဖို့အရည်အချင်း မရှိဘူး။အဲလိုဆိုရင် ကိုယ့်ကိုယ်ကိုယ် ပုရွက်ဆိတ်တွေလို့ ဝန်ခံသလို ဖြစ်သွားမှာ။

လွန်ခဲ့တဲ့ သုံးလေးလတုန်းက အရတ်စ်ကို အက်ဂ်ယောက ခက်ခက်ခဲခဲနဲ့ လက်မတင်လေး အနိုင်ရခဲ့တယ်လို့ သတင်းရထားတာလေ။အရတ်စ်က နတ်ဆိုးဘုရင်အဆင့်တောင် မရောက်သေးဘူး မဟုတ်လား။သတင်းက မှားနေတာလား။ဒါမှမဟုတ် ဒီလတွေထဲမှာ ထူးခြားတာတစ်ခုခု ဖြစ်သွားခဲ့တာလား။

All Chapters