← Chapters

အရတ်စ်၏ အဆင့်တက်ခြင်း

Vol. 16 Ch. 235

အရတ်စ်၏ အဆင့်တက်ခြင်း

Vol. 16 Ch. 235

ဒေါသတကြီး ဟိန်းဟောက်ပြီးနောက် ဆိုင်ပရပ်သည် ခုနကဘာမှမဖြစ်ခဲ့သလိုပင် ခုန်ထလိုက်သည်။အက်ဂ်ယောသည် သူ့ထက် အနည်းငယ် အစွမ်းထက်ကြောင်း ဆိုင်ပရပ် သိလိုက်ပြီး သတိလက်လွတ် မနေရဲတော့ပေ။သူသည် တိုက်ခိုက်ရေး အသွင်ပြောင်းလိုက်ပြီး လောင်ကျွမ်းနေသော မီးတောက်များ အစိမ်းရောင် ပြောင်းသွားကာ ခန္ဓာကိုယ်ကို ဖုံးလွှမ်းသွားပြီးနောက် ခန္ဓာကိုယ်က ဖြည်းဖြည်းချင်း စုပ်ယူလိုက်သည်။

လရောက်အောက်၌ မူလ အနီရောင်အသားအရေသည် ခရမ်းပြာရောင် ပြောင်းသွားပြီး သတ္တုကဲ့သို့ အရောင်လက်နေ၏။

“ ဒီလိုမှ ပိုကောင်းတယ်။ ”

ဆိုင်ပရပ် အသွင်ပြောင်းပြီးနောက် ပို၍ယုံကြည်ချက်ရှိသွားကာ ပြောလိုက်သည်။

“ ငါ့အတွက် အားထုတ်ရတာ တန်တာပေါ့။ ”

ချန်လွေ့သည် အချိန်မဖြုန်းဘဲ ဆိုင်ပရပ်ကို လက်သီးဖြင့် ချက်ချင်း ထိုးလိုက်သည်။ဆိုင်ပရပ်သည် မရှောင်တိမ်းဘဲ တစ်ချိန်တည်းမှာပင် ချန်လွေ့ကို လက်သီးဖြင့် ထိုးသည်။သူတို့နှစ်ယောက်သည် တစ်ပြိုင်နက်တည်း အထိုးခံထိသွား၏။ဆိုင်ပရပ်၏ ခန္ဓာကိုယ် တုန်ခါသွားသော်လည်း ဘာမှ မဖြစ်ခဲ့ပေ။တစ်ဖက်၌ ချန်လွေ့သည် နောက်သို့ ခြေနှစ်လမ်း ဆုတ်သွားရသည်။သူ၏လက်သီးသည် သတ္တုတစ်မျိုးမျိုးကို ထိုးမိသွားသကဲ့သို့ ခံစားလိုက်ရပြီး မျက်မှောင်ကြုတ်သွား၏။

“ ငါမင်းကို ပြောပြဖို့ မေ့သွားတယ်။ငါက ရေမှော်စွမ်းအားကို အားနည်းအောင် လုပ်နိုင်တယ်လို့ ပြောခဲ့တာက ဒီကြေးနတ်ဆိုးခန္ဓာကြောင့်ပဲ။မင်းရဲ့ တိုက်ခိုက်မှုက ဘယ်လောက်ပဲ အစွမ်းထက်ပါစေ ငါ့ရုပ်ပိုင်းဆိုင်ရာ ခုခံမှုကို မဖောက်ထွင်းနိုင်ဘူး။ ”

ဆိုင်ပရပ်သည် ကျယ်ကျယ်လောင်လောင်နှင့် ရွံစရာကောင်းလောက်အောင် ရယ်ပြီး ချန်လွေ့ဆီသို့ တည့်တည့် ပြေးဝင်လာသည်။သူသည် ခန္ဓာကိုယ်၏ ခုခံမှုကို အမှီပြုပြီး မခုခံခဲ့ပေ။၎င်းသည် နှစ်ဖက်စလုံး ထိခိုက်စေသော နည်းဗျူဟာ တစ်ခုပင် ဖြစ်သည်။

ချန်လွေ့သည် တစ်ခါတိုက်ခိုက်ဖူး‌သော ကယ်လီရာ၏ ကြံ့ခိုင်နတ်ဆိုးခန္ဓာကိုယ်အကြောင်းကို စဉ်းစားမိပြီး အတွေးတစ်ခု ဝင်လာကာ ရိုမန်ပြောခဲ့သည် အားနည်းသော နေရာများဖြစ်သော ပေါင်ကြားနှင့် ချိုင်းကြားတို့ကို စတင်တိုက်ခိုက်သည်။သို့သော်လည်း ဆိုင်ပရပ် ဂရုမစိုက်ပေ။သူ၏ခန္ဓာကိုယ် အစိတ်အပိုင်းတိုင်းသည် သတ္တုကဲ့သို့ မာကြောနေသည်။ချန်လွေ့ အံ့အားသင့်မိသွားသည်။ သူရဲ့ ပေါင်ကြားတောင် သတ္တုအဖြစ် ပြောင်းလဲသွားတယ်....။ ဒီကြေးနတ်ဆိုးခန္ဓာက တော်တော်လေးကို မယုံနိုင်စရာပဲ။

ဆိုင်ပရပ်သည် ချန်လွေ့အား အားနည်းသည့်နေရာများကို တိုက်ခိုက်စေခဲ့ပြီး မိမိ၏ ကြေးနတ်ဆိုးခန္ဓာကို စိတ်ထဲ၌ ဂုဏ်ယူနေခဲ့သည်။၎င်းသည် အားနည်းချက် လုံးဝမရှိပေ။ထို့နောက် ပြိုင်ဘက်ဖြစ်သူ၏လက်သီးချက် ပြောင်းလဲသွားပြီး ပြင်းထန်သော အားတစ်ခုက ဖောက်ထွက်သွားကြောင်း ဆိုင်ပရပ် ခံစားလိုက်ရသည်။၎င်းသည် မုန်တိုင်းထန်သော ပင်လယ်ကဲ့သို့ ဖြစ်နေပြီး သူ့ကို မတည်မငြိမ် ဖြစ်စေသည်။သူ၏ကိုယ်အင်္ဂါထဲသို့ ဖောက်ထွင်းသွားသော အားအချို့ပင် ရှိသည်။သူလုံးဝ မခုခံနိုင်ပေ။

ထိုတိုက်ခိုက်မှုအောက်တွင် ဆိုင်ပရပ်၏ သတ္တုခန္ဓာကိုယ်သည် မူရင်းခုခံမှုကိုသာ အသုံးချနိုင်ပြီး ပြန်တိုက်ခိုက်မနိုင်တော့ပေ။ သူက တကယ့်ကြေးလူသား ဖြစ်ရင်တောင် လှိုင်းကြိမ်းတဲ့ ပင်လယ်မှာ ရောက်ရင် ဘာလုပ်နိုင်မှာလဲ။ သို့သော်လည်း ပြိုင်ဘက်ဖြစ်သူသည် သူ့ကို ဘာမှ မလုပ်နိုင်ပေ။ထိုကဲ့သို့ လှိုင်းလုံးစွမ်းအား ကုန်ခမ်းသွားသည့်အခါ သတ်ဖြတ်ရန် အကောင်းဆုံးအချိန်ပင် ဖြစ်သည်။

မည်မျှကြာသွားလဲ မသိပေ။ထိုလှိုင်းထန်နေသော အားသည် နောက်ဆုံး၌ ဖြည်းဖြည်းချင်း အားနည်းသွားသည်။မူးဝေပြီး ဒေါသထွက်နေသော ဆိုင်ပရပ်လည်း နောက်ဆုံး လွတ်မြောက်သွားတော့သည်။

စွမ်းအားလှိုင်းကြောင့် ဖြစ်သွားသော မြေပြင်ပေါ်ရှိ ပျက်ဆီးမှု နေရာအကျယ်ကြီးကို ကြည့်ရင်း ဆိုင်ပရပ်၏စိတ်ထဲ၌ ထိတ်လန့်သွားသည်။ “ အက်ဂ်ယော ” ရဲ့ သက်လုံက တော်တော်လေး ကောင်းတာပဲ။သူတိုက်ခိုက်နေတာ တော်တော်ကြာပြီ။ ကံမကောင်းတာကတော့ သူကငါ့လိုမျိုး ခုခံမှု ပါရမီရှိတဲ့သူကို ရင်ဆိုင်နေရတာပဲ။မဟုတ်ရင် အဲဒီလိုမျိုး ကြောက်စရာ တိုက်ခိုက်မှုလှိုင်းကို ငါ ခုခံနိုင်မှာ မဟုတ်ဘူး။

ဒါပေမဲ့လည်း သူ၏သက်လုံ မည်မျှပင် ကောင်းမွန်စေကာမူ တစ်ချိန်၌ ပင်ပန်းလိမ့်မည် ဖြစ်သည်။ယခုသည် ဆိုင်ပရပ်အတွက် ပြန်လည်တိုက်ခိုက်ရန် အချိန်ဖြစ်သည်။

အက်ဂ်ယော၏ တိုက်ခိုက်မှု နှေးကွေးလာသည်ကို မြင်ရင်း ဆိုင်ပရပ် တန်ပြန်တိုက်ခိုက်ရန် ပြင်လိုက်စဉ် ဘေးဘက်တိုက်ပွဲ၌ အလင်းရောင်တစ်ခုကို ရုတ်တရက် မြင်လိုက်ရသည်။ထိုအလင်းရောင်သည် အရတ်စ်၏ခန္ဓာကိုယ်ရှိ မီးတောက်မှ လာခြင်းဖြစ်သည်။ထိုမီးတောက်သည် ဖော်ပြ၍မရအောင် တောက်ပနေပြီး အရတ်စ်၏ အသွင်အပြင်လည်း ပြောင်းလဲသွား၏။ချိုကွေးသည် နောက်သို့ ပို၍ကွေးသွားပြီး သူ၏ခေါင်းလည်း အနည်းငယ် ပြောင်းလဲသွားသည်။ သို့သော်လည်း အမှန်တကယ် ပြောင်းလဲသွားသည်မှာ လူတစ်ယောက်လုံး၏ အငွေ့အသက်ပင် ဖြစ်သည်။ထိုပြင်းထန်သော အငွေ့အသက်သည် အမြင့်ဆင့်နတ်ဆိုးထက် ကျော်လွန်နေပြီး နတ်ဆိုးဘုရင်အဆင့်ကဲ့သို့ ဖြစ်နေသည်။

သေရေးရှင်ရေး အခိုက်အတန့်၌ ငရဲတံခါးကို အကြိမ်ကြိမ်သွားခဲ့သော အရတ်စ်သည် နောက်ဆုံး၌ စွမ်းပကား ပေါက်ကွဲထွက်သွားပြီး မဟာနတ်ဆိုး၏ အကန့်အသတ်ကို ချိုးဖောက်သွားနိုင်ခဲ့သည်။သူသည် အလတ်လွှာအဆင့်ကို အမှန်တကယ် ဝင်ရောက်သွားပြီ ဖြစ်သည်။

ဒိုမီနစ်သည် အရတ်စ်အား ကြီးကြီးမားမား ထိခိုက်စေခဲ့ပြီး အဆုံးသတ်တိုက်ခိုက်ရန် ပြင်လိုက်စဉ် သူ၏အစ်ကိုဖြစ်သူအား သတ်ပစ်ခဲ့သော ရန်သူသည် သူပေးသော ဖိအားအောက်၌ နတ်ဆိုးဘုရင်အဆင့် ရောက်သွားလိမ့်မည်ဟု သူလုံးဝ မထင်ထားခဲ့ပေ။ဒိုမီနစ်သည် မကျေနပ်စွာဖြင့် အော်ဟစ်လိုက်သည်။သူ၏ခန္ဓာကိုယ်ရှိ မီးတောက်စွမ်းအားသည် အဆုံးစွန်အထိ ရောက်ရှိသွားပြီး တံတောင်ဆစ်မှ အရိုးစွယ်သည် ရုတ်တရက် ‌ပျော့ပျောင်းသွားကာ လက်သီးကို သားရေသဖွယ် ရစ်ပတ်လိုက်သည်။

ဒိုမီနစ် ဒူးတစ်ဖက် ထောက်လိုက်သည်။သူ၏လက်သီးများ အ‌နီရောင် တောက်သွားပြီး မြေပြင်ကို အားကုန် လက်သီးဖြင့် ထိုးလိုက်သည်။ဓာတ်ရောင်ခြည်ကဲ့သို့ အက်ကြောင်းများ အရတ်စ်၏ ခြေထောက်ဆီသို့ အလျင်အမြန် ပျံ့နှံ့သွားသည်။ အရတ်စ်သည် တယ်လီပို့ ခုန်ပြီးပြီ ဖြစ်သည့်အတွက် ၎င်းကို ချက်ချင်း မရှောင်တိမ်းနိုင်ခဲ့ပေ။ထို့ကြောင့် သူ အံကြတ်ပြီး ကောက်ရိတ်ဓားကို ရှေ့၌ကာထားကာ ခံစစ်ပုံစံ နေနေလိုက်သည်။သူ၏ခန္ဓာကိုယ်ပေါ်ရှိ လောင်ကျွမ်းနေသော မီးတောက်သည်လည်း ပုံသဏ္ဍာန် ပြောင်းလဲသွားသည်။ ၎င်းသည် အရှိန်မြန်စွာ စတင်လှည့်ပတ်နေလိုက်ပြီး အရတ်စ်အား အလင်းလုံးတစ်လုံးက ရစ်ပတ်နေသကဲ့သို့ပင် ဖြစ်နေသည်။

မြေပြင်ပေါ်ရှိ အက်ကြောင်းများ အရတ်စ်ဆီသို့ ရောက်ရှိသွားသည့်အခါ ဓာတ်ငွေ့ဓားသွားကဲ့သို့ ကြောက်မက်ဖွယ်ရာ ချွန်ထက်လှသော ရောင်ခြည်များအဖြစ် ပေါက်ကွဲထွက်သွားကာ မီးတောက်လုံး၏ အလင်းရောင်ကို ဖုံးလွှမ်းသွားတော့သည်။

“ ဓာတ်ငွေ့ ” ပေါက်ကွဲသွားပြီးနောက် အတွင်းရှိ မီးတောက် ပျောက်ကွယ်မသွားပေ။ ထိုခံစစ်အကွက် သည် နတ်ဆိုးဘုရင်အဆင့် ရောက်ပြီးနောက် အသစ်ရရှိထားသော အစွမ်းမဟုတ်ဘဲ ချန်လွေ့ကို ရှုံးနိမ့်ခဲ့စဉ်က သဘောပေါက်သွားခဲ့သော အကွက်တစ်ခု ဖြစ်သည်။ယခင်က စွမ်းအားနည်းပါးမှုကြောင့် ၎င်းကို အလိုရှိသလို အသုံးမပြုနိုင်ခဲ့ပေ။ ယခုတွင် အဆင့်တက်သွားပြီ ဖြစ်သည့်အတွက် ၎င်းသည် ပို၍လွယ်ကူသွားပြီ ဖြစ်သည်။ဒိုမီနစ်၏စွမ်းအားမှာလည်း ပေါ့သေးသေး မဟုတ်ပေ။အဆင့်တက်ခြင်းသည် အသက်အပြည့်ဖြင့် ပြန်ရှင်လာခြင်း မဟုတ်ပေ။သူ၏ ဒဏ်ရာနှင့် သက်လုံ ကုန်ဆုံးမှုသည် ပြင်းထန်နေဆဲပင် ဖြစ်သော်လည်း ယခုတွင် လုံးဝကွာခြားနေသည်။

ဒိုမီနစ် ဒေါသထွက်သွားသည်။သူသည် [ အရှိန်လျှော့ ] ကြောင့် အတိုင်းအတာ တစ်ခုအထိ သက်ရောက်မှု ခံနေရပြီး ၎င်းသည် သူ၏ အစွမ်းထက်ဆုံး အစွမ်းဖြစ်သည်။သို့သော်လည်း သူသည် ပြိုင်ဘက်ဖြစ်သူကို မသတ်နိုင်သေးပေ။

ခုနက တိုက်ပွဲအတွင်း အရတ်စ်၏ ချပ်ဝတ်တန်ဆာများသည် အလွန်ပင် မနာလိုစရာကောင်းကြောင်း ဒိုမီနစ်သိသည်။အရတ်စ်၏ သရုပ်ကိုသာ သူ မသိခဲ့လျှင် အရှင်သခင် မိသားစုတစ်စု၏ ဆက်ခံသူတစ်ယောက်ထိ ထင်မိပေလိမ့်မည်။ အရတ်စ်သည် နတ်ဆိုးဘုရင်အဆင့်သို့ ရောက်ခါစဖြစ်သော်လည်း အသစ်စက်စက် ရထားသောစွမ်းအားများကို မကျွမ်းကျင်သေးပေ။ထိုချပ်ဝတ်တန်ဆာများနှင့် အဆင့်တူ အစွမ်းဖြင့်ဆိုလျှင် သူ့ကိုယခုသတ်ရန် မခက်ခဲသင့်ပေ။

“ တော်တယ်။အရတ်စ်။ ”

ချန်လွေ့ ချီးမွမ်းလိုက်သည်။

“ နောက်ဆုံးတော့ ခင်ဗျား အဆင့်တက်သွားပြီပဲ။ဒီလိုဆိုမှာတော့ နတ်ဘုရား ဝင်ပူးထားတယ်လို့ ထင်နေပြီးတော့ မဖောက်ထွင်းနိုင်ဘူးလို့ ထင်နေတဲ့ ဒီငတုံးကို အချိန်ဆွဲနေစရာ မလိုတော့ဘူး။ ”

ဆိုင်ပရပ်သည် “ နတ်ဘုရား ဝင်ပူးသည် ” ကို နားမလည်သော်လည်း “ ငတုံး ” ဟူသော စကားလုံးကို သူသေသေချာချာ ကြားလိုက်သည်။ဒေါသကြောင့် သူ၏ ခရမ်းပြာရောင် အသားအရေ နက်မှောင်သွားပြီး ချန်လွေ့ဆီသို့ ပြေးဝင်သွားသည်။

ချန်လွေ့ မရှောင်ဘဲ ဆိုင်ပရပ်၏ ထိုးချက်ကို အရောင်လက်နေသော လက်ဖြင့် ခုခံလိုက်သည်။ဆိုင်ပရပ်သည် ချန်လွေ့ကို ဖုန်းခနဲ ပစ်ထိုးလိုက်ရာ ချန်လွေ့သည် နောက်သို့ ခြေနှစ်လမ်း ဆုတ်ခွာသွားရသည်။ဆိုင်ပရပ် အနည်းငယ် လှုပ်ခါသွားသေးသည်။သို့သော်လည်း ချန်လွေ့ ပြုံးလိုက်၏။

ဆိုင်ပရပ်၏ မျက်လုံးထဲ၌ ထိတ်လန့်မှုများ ပြည့်နှက်သွားသည်။ချန်လွေ့ကို ချိန်ထားသော သူ၏ညာလက် ဖြည်းညင်းစွာ ညွတ်ကျသွားသည်။သူ၏ပုခုံး၌ ဒဏ်ရာပါးပါးလေးတစ်ခု ရှိနေသော်လည်း အပေါ်ယံသာ ဖြစ်သည်။ဆိုင်ပရပ်၏ ညာဘက်ကို ဖောက်ထွင်းမြင်ရမည်ဆိုလျှင် အတွင်းရှိ အသားနှင့်အရိုးတို့သည် အလွန်ထက်မြက်လှသော လက်နက်တစ်ခု၏ ဖြတ်တောက်ခြင်းကို ခံထားရသကဲ့သို့ပင် အပိုင်းခံထားရသည်ကို မြင်တွေ့နိုင်ပေသည်။

“ ကြေးနတ်ဆိုးခန္ဓာ တဲ့လား။ ”

ချန်လွေ့ ခေါင်းညိတ်ပြီး ချီးမွမ်းလိုက်သည်

“ ခုခံမှုက တကယ်ကောင်းတာပဲ။ငါ့ရဲ့ [ အရှိန်အဝါဓားသွား ] ကိုတောင် ခုခံနိုင်တယ်။ ”

ချန်လွေ့ ပြောသည့်အတိုင်းပဲ ကြေးနတ်ဆိုးခန္ဓာ၏ အပေါ်ယံခုခံမှုသည် အမှန်တကယ်ပင် မာကြောလှပြီး [ အရှိန်အဝါဓားသွား ] ပင် မဖြတ်တောက်နိုင်ပေ။သို့သော်လည်း အတွင်းရှိအသားသည် မမြင်နိုင်သော ဓားချီကို မခုခံနိုင်ပေ။ဒဏ်ရာမှတစ်ဆင့် ထိုဓားချီသည် ဆိုင်ပရပ်၏ အတွင်းသျှစ်ရှူးများကို လုံးဝဖျက်ဆီးလိုက်သည်။

ဆိုင်ပရပ်သည် ထိုကဲ့သို့ ခုခံမှုအားကောင်းသော ပါရမီကို အမှီပြုပြီး အစွမ်းထက် ရန်သူအမြောက်အမြားကို သတ်ပစ်ခဲ့သည်။ချော်ရည်ပြာနယ်မြေရှိ ခေါင်းနှစ်လုံး နဂါးဗိုလ်ခြေ၌ သူသည် ထိပ်တန်းလက်ရွေးစင်များထဲမှ တစ်ယောက် ဖြစ်သည်။ သူ့ပြိုင်ဘက်၏ “ ပါရမီ ” သည် သူ၏ ဥပါက် ဖြစ်နေလိမ့်မည်ဟု လုံးဝ မထင်ထားခဲ့ပေ။တစ်ချက်တည်းဖြင့် သူ၏လက် ပြတ်ထွက်သွားသည်။အကယ်၍ ထိုခုတ်ချက်သာ သူ၏လည်ပင်းကို ချိန်ခဲ့မည်ဆိုလျှင်......

အက်ဂ်ယောသည် အရတ်စ် အဆင့်တက်ရန်အတွက် ဆိုင်ပရပ်ကို အချိန်ဆွဲနေခြင်း ဖြစ်ကြောင်း ပြောခဲ့သည်မှာ အမှန်တကယ်ပင် ကြွားလုံးတစ်ခု မဟုတ်ခဲ့ပေ။

ဆိုင်ပရပ် ဒေါသတကြီး အော်ဟစ်လိုက်ပြီး မျက်လုံးများ ရွှေရောင်တောက်သွားသည်။သူ၏ လက်ထဲ၌ ဓားရှည်တစ်လက် ပေါ်ထွက်လာပြီး ချန်လွေ့ဆီသို့ အကြောက်အလန့်မရှိ ပြေးဝင်သွားသည်။ချန်လွေ့ ရှောင်တိမ်းလိုက်သည့်အခါ ဆိုင်ပရပ်သည် ချန်လွေ့နောက်သို့ ရုတ်တရက် ရွေ့လိုက်ပြီး ဓားကို ဝှေ့ရမ်းလိုက်သည်။ချန်လွေ့သည်လည်း [ တယ်လီပို့ ] ခုန်ပြီး နောက်သို့ သွားလိုက်သည်။ထိုအချိန်၌ ဆိုင်ပရပ်ကို ပါးစပ်ကို တစ်မီတာအထိ ရုတ်တရက် ဟလိုက်ပြီး နောက်သို့လှည့်ကာ ရွှေရောင် အလင်းတန်းတစ်ခု ပစ်လွှတ်လိုက်သည်။

သူ့မှာ တကယ်ပဲ အလှမ်းဝေး တိုက်ခိုက်မှု ရှိတာပဲ။ဒါပေမဲ့ အဲဒီလို တံတွေးထွေးတဲ့ပုံစံက တော်တော်လေး ရွံစရာကောင်းတယ်။

ချန်လွေ့ မျက်မှောင်ကြုတ်ပြီး တယ်လီပို့ ခုန်လိုက်ပြန်သည်။သူသည် ဆိုင်ပရပ် အနောက်၌ ပြန်ပေါ်လာပြီး [ အရှိန်အဝါဓားသွား ] ဖြင့် ခုတ်ပိုင်းလိုက်သည်။“ အက်ဂ်ယော ” အား အလင်းတန်း ထိလုနီးပါးအချိန်၌ ပျောက်ကွယ်သွားသည်ကို မြင်လိုက်ရာ ဆိုင်ပရပ် ထိတ်လန့်သွား၏။ နောက်ထပ် တယ်လီပို့ ခုန်တာလား။ ကြားထဲမှာ နှစ်စက္ကန့်လောက်ပဲ ကြာတယ်။တယ်လီပို့ ဆက်တိုက် မြန်မြန်ခုန်လို့ရတဲ့ မဟာနတ်ဆိုးမျိုးကို ငါတစ်ခါမှ မကြားဖူးဘူး။

ဆိုင်ပရပ်သည် အလင်းတန်း လွဲချော်သွားခဲ့သည်။ရုတ်တရက် သူသည် နောက်ဘက်မှ ကပ်ဘေးတစ်ခု ခံစားလိုက်သည်။သူသည် အသည်းအသန်ပင် ခုန်လွှားပြီး ခန္ဓာကိုယ်ကို နှစ်ပိုင်းပိုင်း မခံရအောင် ရှောင်တိမ်းလိုက်သည်။သို့သော်လည်း သူ၏ခါး ပြင်းပြင်းထန်ထန် ဒဏ်ရာရသွားခဲ့သေးသည်။ထို့နောက် ချန်လွေ့သည် ဆိုင်ပရပ်အား မြေပြင်ပေါ်သို့ ချက်ချင်း ကန်ချလိုက်သည်။

“ ငါ့ကို မသတ်နဲ့။ ”

ဆိုင်ပရပ် အော်ပြောသည်။ပြိုင်ဘက်ဖြစ်သူ၏ ဓားကဲ့သို့လက်သည် ရုတ်တရက် သူ၏လည်ပင်း၌ ရပ်တန့်သွားကြောင်း သူ ခံစားလိုက်ရသည်။ထိုအားနည်းပြီး ထက်မြက်သော ဓားချီသည် ကြောက်မက်ဖွယ် ကောင်းလှပေသည်။

ချန်လွေ့သည် [ နှစ်ဆင့်တယ်လီပို့ခုန်ခြင်း ] နှင့် [ အရှိန်အဝါဓားသွား ] ကိုသာ အသုံးပြုခဲ့ပြီး ထင်ထားသည့်အတိုင်း အလုပ်ဖြစ်ခဲ့သည်။သူသည် နတ်ဆိုးဘုရင်အဆင့် အလတ်ပိုင်းဖြစ်သော ဆိုင်ပရပ်အား ရိုးရိုးရှင်းရှင်းပင် အနိုင်ရခဲ့သည်။ချန်လွေ့ အနည်းငယ် အံ့အားသင့်သွားသည်။ အသံတိတ်ညစိမ့်မြေ ရတနာသိုက်မှာ မဟာနတ်ဆိုးဘုရင် တစ်ယောက်နဲ့ တိုက်ခိုက်ပြီးတော့ အဆိပ်နဂါးရဲ့ အထူးလေ့ကျင့်ရေးနဲ့ ပေါင်းလိုက်တဲ့အခါ ငါ့ရဲ့စိတ်ဝိညာဉ်အဆင့်နဲ့ စွမ်းအားအဆင့်က သိသိသာသာ တိုးတက်သွားတာများလား။

သို့သော်လည်း သူ၏ခွန်အား မည်မျှပင် သန်မာစေကာမူ အယ်ခိတ်အခြေအနေ၏ အဓိကသော့ချက်မှာ “ စိတ် ” ပင် ဖြစ်သည်။“ စိတ် ” စမ်းသပ်ချက်ကို သူမကျော်လွှားနိုင်လျှင် အယ်ခိတ်အခြေအနေမှ အဆင့်ချိုးဖျက်နိုင်မယ် မဟုတ်ပေ။ထို့ပြင် ကြယ်တာရာ ကူးပြောင်းခြင်းကြောင့်လည်း ထိုစမ်းသပ်ချက်သည် အန္တရာယ်အများဆုံး ဖြစ်နေလေသည်။

ဆိုင်ပရပ်ကို “ အက်ဂ်ယော ” အနိုင်ယူလိုက်သည်ကို ‌မြင်လိုက်ရာ ဒိုမီနစ် ထိတ်လန့်သွားသည်။အက်ဂ်ယော၏စွမ်းအားသည် အတော်လေး ကြောက်စရာကောင်းသည်။ဆိုင်ပရပ်ပင် သူ့ကို မယှဉ်နိုင်ပေ။ထို့ကြောင့် သူလည်း ယှဉ်နိုင်မည် မဟုတ်ပေ။သူသည် အရတ်စ်နှင့် ဆက်လက်တိုက်ခိုက်ရန် စိတ်မဝင်စားတော့ဘဲ လက်မြှောက်လိုက်သည်။ထို့နောက် ကောင်းကင်ပေါ်၌ မီးပန်းတစ်ခု ပျံသန့်သွား၏။

ဒိုမီနစ် သတိလက်လွတ်ဖြစ်နေစဉ် အရတ်စ်သည် ဒိုမီနစ်၏ နံရိုးအောက်ပိုင်းကို ပစ်ထိုးလိုက်သည်။၎င်းသည် ရန်သူဖြစ်သူကို အရတ်စ်က ပထမဆုံး ထိခိုက်စေခဲ့ခြင်း ဖြစ်သည်။ထိုအချိန်၌ သူ၏ယုံကြည်ချက် ကြီးကြီးမားမား တိုးမြင့်သွားသည်။ တစ်ဖက်တွင်လည်း ဒိုမီနစ်သည် ချန်လွေ့အား ကြောက်နေသည့်အတွက် အရတ်စ်ကို အခြေအနေ ပြောင်းလဲသွားစေသည်။

ကောင်းကင်ထက်ရှိ မီးပန်းမှ တလက်လက် အလင်းရောင်ကိုမြင်ပြီး ဆိုင်ပရပ် စိတ်အေးသွားသည်။

“ အဲဒီ အရေးပေါ် အကူအညီ တောင်းခံချက်ကို တွေ့လား။ငါက ချော်ရည်ပြာ နယ်မြေကပဲ။ငါတို့ရဲ့ ဒုတိယဗိုလ်ချုပ် လာဗတ်က အမှောင်လမြို့ကို ရောက်နေတယ်။သူဒီကို ချက်ချင်း ရောက်လာမှာ။မင်းတို့ငါ့ကို သတ်မယ်ဆိုရင် သူမင်းတို့ကို အလွတ်ပေးမှာ မဟုတ်ဘူး။ ”

“ ချော်ရည်ပြာနယ်မြေ။လာဗတ်။ဟုတ်လား။ ”

ထိုနာမည်နှစ်လုံးသည် အတော်လေး ရင်းနှီးသည်ဟု ချန်လွေ့ ခံစားလိုက်ရသည်။ တစ်နေရာရာ၌ ကြားခဲ့ဟန်တူသည်။သူ ခဏစဉ်းစားကြည့်လိုက်ပြီးနောက် မှတ်မိသွားသည်။ခေါင်းနှစ်လုံး အနက်ရောင်နဂါးပုံပါသည့် တံဆိပ်ပြားတစ်ခု သူ၏လက်ထဲ၌ ပေါ်ထွက်လာသည်။

“ မင်း ဒါကို သိလား။ ”

တံဆိပ်ပြားကို ကြည့်ပြီး ဆိုင်ပရပ် တအံ့တဩနှင့် ပြောသည်။

“ မင်းမှာ ဘာလို့ ငါတို့ရဲ့ ခေါင်းနှစ်လုံး နဂါးဗိုလ်ခြေ တံဆိပ်ပြား ရှိနေရတာလဲ။ ”

နောက်ဆုံး၌ ချန်လွေ့သည် ဆိုင်ပရပ်နှင့် ဒိုမီနစ်တို့၏ သရုပ်မှန်ကို အတည်ပြုနိုင်သွားသည်။သူတို့သည် ချော်ရည်ပြာနယ်မြေ၏ အုပ်စိုးသူ လက်အောက်ရှိ လျို့ဝှက်လက်ရွေးစင် ဗိုလ်ခြေ ဖြစ်သော ခေါင်းနှစ်လုံး နဂါးဗိုလ်ခြေ အဖွဲ့ဝင်များ ဖြစ်ကြသည်။

ချော်ရည်ပြာနယ်မြေသို့ သွားရာလမ်း၌ သူခိုးဓားပြများ ပြည့်နှက်နေပြီး ရှီလန်တောင်ကထက် ပို၍ကြမ်းတမ်းသည်။ထို့ကြောင့် လက်ရှိ၌ မည်သူမှ ထိုနေရာကို မဖြတ်သွားနိုင်သေးပေ။အသတ်ခံလိုက်ရသော ဝတ်ရုံဂိုဏ်း အခြေစိုက်စခန်း၏ ပိုင်ရှင်ဟောင်း ဆယ်ဗာ ချော်ရည်ပြာနယ်မြေသို့ နတ်ဆိုးကုန်ကူးသည့် အကြောင်း ရှင်းပြခဲ့သည်။လမ်းထဲ၌ သူခိုးဓားပြများနှင် ကြုံတွေ့ရလျှင် အန္တရာယ်ကင်းကင်း ဖြတ်သွားနိုင်ရန်အတွက် ထိုတံဆိပ်ပြားကိုသာ ပြသရန်လိုသည်။ထိုတံဆိပ်ပြားကို ဆယ်လ်ဗာထံမှ ရရှိထားခြင်းဖြစ်ပြီး ၎င်းကို ဆယ်ဗာထံ ပေးခဲ့သူမှာ လာဗတ်ပင် ဖြစ်လေသည်။

မိစ္ဆာနီသူခိုးဓားပြအဖွဲ့၏ ဒုတိယခေါင်းဆောင် ဘာနကယ်သည် ချန်လွေ့၏ လိမ်လည်ခြင်းကို ခံခဲ့ရသည်။ထို့ပြင် သူသည် ချော်ရည်ပြာဆီသို့ သွားပြီး ခေါင်းနှစ်လုံး နဂါးဗိုလ်ခြေ၏ ဒုတိယခေါင်းဆောင် လာဗတ်ထံမှ အကူအညီတောင်းခဲ့ကြောင်းလည်း ပြောခဲ့သည်။

ချန်လွေ့၏ မျက်လုံးများ ကျဉ်းမြောင်းသွား၏။ ဒိုမီနစ်နဲ့ ဆိုင်ပရပ်တို့က ငါတို့တွေ အမြင့်ဆင့်နတ်ဆိုးပဲ ရှိသေးတယ်လို့ ထင်နေကြတယ်။လက်စားချေဖို့ အတွက်ပဲဆိုရင် လာဗတ်လိုမျိုး အရေးကြီးပုဂ္ဂိုလ်တစ်ယောက် ကိုယ်တိုင် လာမှာ မဟုတ်ဘူး။ဒါဆို သူရောက်လာရတဲ့ အဓိကအကြောင်းရင်းက ဘာများလဲ။

တစ်ခုခု မှားနေတာပဲ ဖြစ်ရမယ်။

All Chapters