အမျက်တော်ဝင်မိသားစု
Vol. 16 Ch. 236
“ လာဗတ်က ဘယ်လောက် အစွမ်းထက်လဲ။သူက မင်းရဲ့အသက်ကို ကယ်နိုင်လို့လား။ ”
ချန်လွေ့၏ လက်ဝါးသည် ဆိုင်ပရပ်၏ လည်ပင်းနားသို့ ပို၍ပင် နီးကပ်လာသည်။
ဆိုင်ပရပ် ခပ်မြန်မြန် အော်ပြောလိုက်သည်။
“ မင်းက ငါ့ကို အနိုင်ယူခဲ့တာက မင်းရဲ့ပါရမီက ငါ့အပေါ်မှာ သက်ရောက်မှုရှိလို့ပဲ။ မင်းရဲ့စွမ်းအားက ငါ့ရဲ့တူတူပဲ။နတ်ဆိုးဘုရင်အဆင့် အလတ်ပိုင်းလောက်ပဲ ရှိဦးမယ်။ငါတို့ရဲ့ ဒုတိယခေါင်းဆောင် လာဗတ်က နတ်ဆိုးဘုရင်အဆင့် ထိပ်သီးပိုင်း။ပြီးတော့လည်း သူက မှော်ပညာရော၊သိုင်းပညာရော ကျွမ်းကျင်တယ်။ မင်းကိုသတ်ဖို့က သူ့အတွက် အလွယ်လေးပဲ။မင်းတို့နှစ်ယောက်ကို ငါတို့သတ်မယ် ဆိုတာ သူသိတယ်။သူ ချက်ချင်း ဒီကို ရောက်လာမှာပဲ။မင်း ပါးနပ်တယ်ဆိုရင် မင်းရဲ့ လက်အောက်ငယ်သားကို ခေါ်သွားပြီးတော့ ဒီနေရာကနေ အခုထွက်သွား။ မဟုတ်ရင်တော့ ငါတို့ရဲ့ ဒု-ခေါင်းဆောင် ရောက်လာတဲ့အခါကျရင် မင်းတို့ ထွက်သွားနိုင်မှာ မဟုတ်တော့ဘူး။ ”
နတ်ဆိုးဘုရင်အဆင့် ထိပ်သီးပိုင်းတဲ့လား။ချန်လွေ့က “ အိုး ” ဟု ပြောလိုက်ပြီး ဒု-ဗိုလ်ချုပ်၏ စွမ်းအားကို ကြောက်သွားသကဲ့သို့ပင် လက်ကို ရုပ်သိမ်းလိုက်သည်။ထို့နောက် ပြန်မေးသည်။
“ ဒိုမီနစ်က လက်စားလာချေတာ။မင်းတို့ကရော ဒီကို ဘာလာလုပ်တာလဲ။ ”
“ အဲဒါက မယ်လွန်မိသားစု..... ”
ဆိုင်ပရပ်သည် စကားအနည်းငယ် ပြောပြီးနောက် မပြောသင့်ကြောင့် ခပ်မြန်မြန် သတိရလိုက်ပြီး ပါးစပ်ကို တင်းတင်းကြပ်ကြပ် ပိတ်ထားလိုက်သည်။သူ စကားတစ်လုံးမှ ထပ်မပြောတော့ပေ။
မယ်လွန်မိသားစုလား။ဒီ အခွင့်အရေးသမားတွေတော့။ ချန်လွေ့၏မျက်လုံး၌ အလင်းရောက် ဖျပ်ခနဲ လက်သွား၏။
မမျှော်လင့်ထားဘဲနှင့် သူတို့သည် အပေါ်ယံ၌ လိပ်ပြာနီနယ်မြေထံ အညံ့ခံထားသည့် အပြင် တစ်ဖက်တွင်လည်း ချော်ရည်ပြာနယ်မြေနှင့် နောက်ကွယ်၌ ပတ်သက်မှု ရှိနေသည်။သူတို့သည် အမှန်တကယ်ပင် သစ္စာဖောက် မိသားစုတစ်ခုပင် ဖြစ်သည်။
“ မင်းက မပြောမှတော့ လာဗတ်ကိုပဲ ကိုယ်တိုင် မေးလိုက်တော့မယ်။ ”
ဆိုင်ပရပ် ထိတ်လန့်သွား၏။ထို့နောက် ချန်လွေ့၏ လက်ဝါးသည် လက်သီးအဖြစ် ပြောင်းလဲသွားပြီး သူ၏ခေါင်းကို ပြင်းပြင်းထန်ထန် ထိုးလိုက်သည်ကို တွေ့လိုက်ရသည်။ ဒီရေကဲ့သို့ အားသည် ဆိုင်ပရပ်၏ ကြေးနတ်ဆိုးခန္ဓာကို ဖောက်ထွင်းသွားပြီး ချက်ချင်းပင် အသိစိတ်အကာအရံကို ဖြိုခွင်းလိုက်သည်။သူ ချက်ချင်းပင် သတိလစ်သွားပြီးနောက် အသားအရေအရောင်လည်း ပုံမှန်ပြန်ဖြစ်သွားသည်။
ဆိုင်ပရပ် “ အသတ်ခံ ” လိုက်ရသည်ကို ဘေးနားမှ ဒိုမီနစ် တွေ့လိုက်သည့်အခါ သူ ဆက်က် မတိုက်ခိုက်ချင်တော့ပေ။အရတ်စ်သည် တိုက်ခိုက်နေရင်း ပိုပြီးရဲရင့်လာသည်။ တိုက်ခိုက်နေစဉ်အတွင်း နတ်ဆိုးဘုရင်အဆင့်စွမ်းအားအပေါ် သူ၏အသုံးပြုမှု ပို၍ပို၍ ကောင်းလာသည်။ကောက်ရိတ်ဓားကို ဒိုမီနစ် ခုခံနေရင်း တံတောင်ဆစ်မှ အရိုးစွယ်သည် ချက်ချင်းပင် ကျိုးထွက်သွားကာ အရတ်စ်ထံသို့ မြားသဖွယ် လွင့်ထွက်သွားတော့သည်။ဒိုမီနစ်သည် ခုန်လွှားပြီး ထွက်ပြေးရန် ပြင်လိုက်သည်။
မမျှော်လင့်ဘဲနှင့် သူ၏ကျောဘက်၌ နာကျင်မှု ခံစားလိုက်ရသည်။သူသည် အမှန်တကယ်ပင် ကောက်ရိတ်ဓား၏ ဖောက်ထွင်းမှုကို ခံလိုက်ရသည်။သူ၏ပုံရိပ် ရပ်တန့်သွားသည့်အခါ နောက်ထပ်ကောက်ရိတ်ဓား တစ်လက်က သူ၏ရင်ဘတ်ကို ထိုးဖောက်သွားသည်။ဒိုမီနစ်သည် မယုံကြည်နိုင်စွာဖြင့် နောက်လှည့်ကြည့်လိုက်ရာ အရတ်စ်၏ လက်နှစ်ဖက်သည် ဆွဲဆန့်၍ရသော ကြိုးသဖွယ် ဖြစ်နေသည်ကို မြင်လိုက်ရသည်။၎င်းတို့သည် ရုတ်တရက် ၃မီတာခန့် ရှည်သွားပြီး ဒိုမီနစ်၏ လွတ်မြောက်လမ်းကြောင်းထက် ကျော်လွန်သွားကို ထိုကဲ့သို့ သေစေနိုင်လောက်သည့် တိုက်ကွက်နှစ်ကွက် ယူဆောင်လာခဲ့ခြင်း ဖြစ်ပေသည်။
အရတ်စ်သည် ထိုအစွမ်းကို တစ်ခါမျှ ထုတ်မပြခဲ့ဖူးပေ။အခုတွင် သူသည် ရန်သူကို အလစ်တိုက်လိုက်နိုင်ပြီး တစ်ချက်တည်းဖြင့် အနိုင်ရရှိသွားခဲ့သည်။
ကောက်ရိတ်ဓားနှစ်လက်ကို တစ်ချိန်တည်းမှာပင် ရုပ်သိမ်းလိုက်ပြီး အရတ်စ်၏ လက်နှစ်ဖက်လည်း ပုံမှန်အတိုင်း ပြန်ဖြစ်သွားသည်။ဒိုမီနစ်၏ ရင်ဘတ်မှ သွေးများစီးကျနေပြီး ကောက်ရိတ်ဓားများ ဆွဲထုတ်လိုက်သည့်အခါ သူ၏စွမ်းအား ကုန်ခမ်းသွားဟန်တူသည်။
အရတ်စ်သည် သတ်ဖြတ်ရာ၌ အမြဲပင် ပြတ်သားခဲ့သည်။သူသည် အလှအပအကြောင်း ဂရုစိုက်သူ မဟုတ်ပေ။သူ၏ခန္ဓာကိုယ် အနည်းငယ် လှုပ်ရှားသွားပြီးနောက် ခုန်လွှားလိုက်သည်။အလင်းရောင် ဖျပ်ခနဲ ထွက်ပေါ်လာပြီး သွေးများဖြာထွက်သွားကာ အမျိုးသမီး၏ခေါင်းသည် အမြင့်သို့ လွင့်ထွက်သွားပြီး မြေပေါ်သို့ ပြုတ်ကျလာသည်။ဒိုမီနစ်၏ အချိုးအစားကျနသော ခန္ဓာကိုယ်သည် မြေပြင်ပေါ်သို့ ဖြည်းဖြည်းချင်း ကျသွားပြီး သွေးများ ဖုံးလွှမ်းနေတော့သည်။
ရန်သူကို သတ်ပြီးသည့်အခါ အရတ်စ်သည် ပင်ပန်းသွားဟန်တူပြီး ပြင်းပြင်းထန်ထန် မောဟိုက်သွားသည်။သူသည် ရင်ဘတ်ထဲ၌ ထိုးစိုက်နေသော အရိုးစွယ်ကို ဆွဲထုတ်ကာ သွေးတိတ်အောင် ပြုလုပ်ပြီး ဆေးရည်တစ်ပုလင်း သောက်လိုက်သည်။ထို့နောက် ချန်လွေ့ဆီသို့ သွားသည်။
ရုတ်တရက် ချန်လွေ့သည် မိမိကစားခဲ့ဖူးသော အာကိတ်ဂိမ်းတစ်ခုဖြစ်သည့် [ Street Fighter ] ဗားရှင်းအဟောင်းဆုံးကို သတိရလိုက်သည်။ထိုထဲတွင် ခြေလက်များ ရှည်ကာ တိုက်ခိုက်နိုင်သော အိန္ဒိယလူတစ်ယောက် ပါဝင်သည်။ထိုစဉ်က ချန်လွေ့သည် ထိုသူ့ကို လက်ရှည်ဟုသာ ရိုးရိုးရှင်းရှင်း ခေါ်ခဲ့သည်။နောက်ပိုင်းမှ ထိုသူ၏နာမည်မှာ ဒါဟဆန်ဖြစ်ကြောင်း သိခဲ့သည်။ခုနက အရတ်စ်၏ အစွမ်းသည် “ လက်ရှည် ” ကဲ့သို့ပင် ခံစားရသည်။
“ ခုနက ခင်ဗျားရဲ့လက်တွေ ပြောင်းလဲသွားတာက ခင်ဗျားရဲ့ ပါရမီလား။ဒါမှမဟုတ် မိစ္ဆာသစ်သီးက စွမ်းရည်တစ်ခုလား။ ”
“ ဒါက ကျုပ်ရဲ့ နိုးထပါရမီပါ။မိစ္ဆာသစ်သီးကနေ ထပ်တိုးစွမ်းရည်တစ်ခု ရဖို့က တော်တော်လေး ခက်ခဲတယ်။ဒါပေမဲ့ အဲဒါက ကျုပ်ရဲ့သွေးထဲမှာ ကွယ်ဝှက်နေမှာပဲ။ ကျုပ် အဆင့်တစ်ခုကို ချိုးဖောက်ဖို့ အခွင့်အရေးတစ်ခု ရတဲ့အခါကျရင် ကျုပ် အဲဒါကိုရဖို့ အခွင့်အရေး ရှိနိုင်တယ်။ ”
“ ခင်ဗျားလုပ်တာ တော်တယ်။ဒါပြီးရင် နတ်ဆိုးဘုရင်အဆင့် စွမ်းအားနဲ့ လိုက်လျောညီထွေမှုရှိအောင် လုပ်ရမယ်။အထူးသဖြင့် နတ်ဆိုးမီးတောက်နဲ့ပေါ့။ ”
ချန်လွေ့သည် ဒိုမီနစ်၏ အလောင်းကိုကြည့်ပြီး ခေါင်းခါလိုက်သည်။
“ ဒီမိန်းကလေးရဲ့ အသွင်အပြင်က တော်တော်လေး ကောင်းတယ်။ခင်ဗျားရဲ့ အိပ်ယာကို နွေးအောင်လုပ်ဖို့အတွက် သူ့ကိုပြန်ခေါ်သွားရင်တောင် မဆိုးဘူး။သူ့ကိုသတ်လိုက်တာ နှမြောစရာပဲ။ ”
“ ကျုပ်ရဲ့ မျက်လုံးထဲမှာ ရန်သူဆိုတာပဲ ရှိတယ်။ယောက်ျား၊မိန်းမ မရှိဘူး။ ”
အရတ်စ်သည် တစ်ဆို့မှုကို ချိုးဖျက်သွားနိုင်သည့်အတွက် စိတ်ပျော်နေပြီး ရက်ရက်စက်စက် ရယ်လိုက်သည်။
“ သူ့ရဲ့ “အကူအညီ”ကို ကျေးဇူးတင်ဖို့အတွက် ကျုပ် သူ့ရဲ့ခေါင်းကို ဖြတ်ပစ်ခဲ့တယ်။ ”
ဒီအစေခံက တော်တော်လေး ရူးနေတဲ့ပုံပဲ။ အရင်ကဆိုရင် သူကပြိုင်ဘက်တွေရဲ့ ခေါင်းကို နံရံမှာ အမြဲချိတ်ဆွဲထားတယ်။သူ့ကို ခေါင်းဖြတ် အသည်းစွဲလို့ ပြောလို့ရတယ်။အရင်ဘဝတုန်းက အသားငါးဈေးမှာ သားသတ်သမားတစ်ယောက် ဖြစ်ခဲ့တာ ထင်တယ်။ ချန်လွေ့သည် အရတ်စ်အား ထူးထူးဆန်းဆန်းကြည့်လိုက်ရာ အရတ်စ်သည် ကြက်သီး တဖြန်းဖြန်း ထသွားခဲ့သည်။
“ ရွိုင့်စ်မှာ ဗာဆာရှာ ရှိနေပြီ။နားထောင်။ခင်ဗျား မိန်းကလေးတစ်ယောက်ကို ကြိုက်တယ်ဆိုရင် ကျုပ်ကိုပြော။ကျုပ် ခင်ဗျားအတွက် သူ့ကို လိမ်ညာခေါ်လာပေးမယ်။ ”
အရတ်စ် အနည်းငယ် ပြောစရာစကား မဲ့သွားသည်။သို့သော်လည်း ဗာဆာရှာကို ချန်လွေ့က ရွိုင့်စ်အတွက် အမှတ်တကယ်ပင် လိမ်ညာခေါ်လာပေးခဲ့ခြင်း ဖြစ်သည်။
ထိုအချိန်၌ လေးတိုးသံရှည်တစ်ခုသည် အဝေးတစ်နေရာမှ ရောက်ရှိလာသည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် ၎င်းသည် သူတို့ဘက်သို့ ချဉ်းကပ်လာသည်။ အသံ၏အမြန်နှုန်းအရ ထိုသူသည် အလွန် အစွမ်းထက်လှသည်။
၎င်းသည် ခေါင်းနှစ်လုံး နဂါးဗိုလ်ခြေ၏ ဒု-ဗိုလ်ချုပ် လာဗတ် ဖြစ်ရပေမည်။ လေတိုးသံမှာ အကူအညီ အချက်ပြကို သူ မြင်သည့်အတွက်ကြောင့် ရန်သူများကို သတိပေးရန် ဖြစ်သည်။
အရတ်စ်သည် သတိရှိသွားပြီး ချန်လွေ့၏မျက်နှာမှာမူ မပြောင်းလဲဘဲ ရှိနေသည်။ ချန်လွေ့သည် မြေပေါ်ရှိ သတိလစ်နေသော ဆိုင်ပရပ်ကို လက်ညှိုးထိုးပြလိုက်သည်။
“ သူ့ကို ပြိုင်ကွင်းဆီ အရင်ခေါ်သွားလိုက်။လာဗတ်ကို ဖြေရှင်းပြီးရင် ငါပြန်လာခဲ့မယ်။ ”
အရတ်စ် အံ့အားသင့်သွားသည်။ လာဗတ်က နတ်ဆိုးဘုရင်အဆင့် ထိပ်သီးပိုင်း ဆိုတာကို ဆိုင်ပရပ်ဆီကနေ သခင် သေသေချာချာ သိတယ်။ပြီးတော့ လာဗတ်က ရုပ်ပိုင်းဆိုင်ရာရာ၊မှော်ပညာရော ကျွမ်းကျင်တယ်။သူက တကယ်ပဲ နောက်မဆုတ်ဘူး။ပြီးတော့ သူက ပြိုင်ဘက်ကို “ ဖြေရှင်း ” ချင်နေတယ်။
“ ခုခံ ” တာ မဟုတ်ဘူး။“ ဖြေရှင်း ” တာ။
မူလက အရတ်စ်သည် တစ်ဆို့မှုကို ချိုးဖျက်ပြီးနောက် ချန်လွေ့၏စွမ်းအားနှင့် နီးကပ်ပြီဟု ထင်ထားခဲ့သည်။ခြားနားမှုကြီးကြီးမားမား ရှိနေသေးကြောင်း ချန်လွေ့ယခုမှ တွေ့ရှိသွားသည်။ ဒါကြောင့် တော်ဝင်မိသားစုက နတ်ဆိုးဘုရင်အဆင့် ထိပ်သီးပိုင်းနှစ်ယောက်က သခင့်ကို “ ခေါင်းဆောင် ” လို့ ရိုရိုသေသေ ခေါ်ကြတာကိုး။
အရတ်စ်သည် ဖြစ်ကတတ်ဆန်းနိုင်သူ မဟုတ်ပေ။သူသည် ဆိုင်ပရပ်အား ချက်ချင်း ကောက်ချီပြီး ချန်လွေ့အား အရိုအသေပေးကာ ထိုအသံနှင့် ဆန့်ကျင်ဘက်သို့ ရှောင်တိမ်းသွားလိုက်သည်။
လေတိုးသံသည် ပိုပို၍ နီးကပ်လာသည်။လရောက်အောက်တွင် ပုံရိပ်တစ်ခုသည် တွင်းချိုင့်ထဲ၌ ပေါ်ထွက်လာသည်။
ထိုယောက်ျားသည် အရပ်မြင့်ပြီး ပိန်ပါးကာ မျက်ခုံးထူပြီး မျက်လုံးကျယ်သည်။ သူသည် အနက်ရောင် သားရေချပ်ကာတစ်ခု ဝတ်ဆင်ထားပြီး သူ၏နောက်ဘက်ရှိ ဝတ်ရုံမှာလည်း အနက်ရောင်ဖြစ်ကာ လျို့ဝှက်ဆန်းကြယ်သော ခံစားချက်တစ်ခုကို ပေးစွမ်းသည်။
မျိုးနွယ် - [ အမျက်တော်ဝင်မိသားစု ] ။
စွမ်းအားအကဲဖြတ်မှု - [ C ] ။
လက်စသတ်တော့ လာဗတ်က တော်ဝင်မိသားစုဝင်ကိုး။ သူက “ အမျက် ” တော်ဝင်မိသားစုကပဲ။
နတ်ဆိုးဘုံရှိ တော်ဝင်မိသားစု(၇)စု၌ ချန်လွေ့ ပထမဆုံး ကြုံတွေ့ခဲ့ရသည်မှာ နောက်ဆုံးနာမည် လူစီဖာဖြစ်သော “မာန” တော်ဝင်မိသားစု ဖြစ်သည်။ ထိုအချိန်အတွင်း၌ သူသည် “ ပျင်းရိခြင်း ” တော်ဝင်မိသားစုဖြစ်သော ဘယ်ဖီဂေါ၊ “ မနာလိုခြင်း ” တော်ဝင်မိသားစုဖြစ်သော လီဗျာသန်၊ “ ကာမ ” တော်ဝင်မိသားစု ဖြစ်သာ အက်မိုဒက်စ်၊ “ အစားကြူး ” တော်ဝင်မိသားစုဖြစ်သော ဘယ်ဇီဘတ်၊ “ လောဘ ” တော်ဝင်မိသားစုဖြစ်သော မန်မွန် တို့နှင့် တွေ့ဆုံခဲ့ရသလို တိုက်ခိုက်လည်း တိုက်ခိုက်ခဲ့ကြရသည်။ယခု သူသည် နောက်ဆုံး တော်ဝင်မိသားစုဖြစ်သော “ အမျက် ” တော်ဝင်မိသားစု - ဆန်မြူရယ်နှင့် တွေ့ဆုံခဲ့လေပြီ။
လာဗတ်သည် မြေပေါ်ရှိ ဒိုမီနစ်၏အလောင်းက တစ်ချက်ကြည့်ပြီး မျက်လုံးထဲ၌ အေးစက်စက် အလင်းရောင် ဖျပ်ခနဲ ဖြစ်သွားသည်။
“ မင်းသူ့ကို သတ်လိုက်တာလား။ ”
“ အဲဒီမိန်းမကို ကျုပ် မသတ်ခဲ့ဘူး။ ”
ချန်လွေ့ ခေါင်းခါလိုက်သည်။ တကယ်လည်း ငါမဟုတ်ဘူးလေ။
“ ဆိုင်ပရပ် ဘယ်မှာလဲ။ ”
“ ကျုပ် သူ့ကိုလည်း မသတ်ခဲ့ဘူး။ကျုပ် ကျိန်ရဲတယ်။ ”
ချန်လွေ့ ခေါင်းခါလိုက်ပြန်သည်။ ငါသူ့ကို မသတ်ခဲ့ပါဘူး။ဟုတ်တယ်မလား။
ချန်လွေ့ မျက်မှောင်ကြုတ်လိုက်ပြီး မည်သည့်အတွက်ကြောင့် ချန်လွေ့တည်ငြိမ်နေကြောင်း သိချင်မိသွားသည်။အကြောင်းရင်းမှာ ချန်လွေ့၏ အငွေ့အသက်သည် အမြင့်ဆင့်နတ်ဆိုးသာ ဖြစ်သောကြောင့်ပင်။
“ မင်းက....အက်ဂ်ယောလား။ ”
ချန်လွေ့ ခေါင်းညိတ်သည်။လာဗတ် စိတ်ထဲ၌ အံ့အာားသင့်သွားပြီး ခပ်မြန်မြန် စဉ်းစားလိုက်သည်။
ယနေ့ည ဆိုင်ပရပ်နှင့် ဒိုမီနစ်တို့၏ လုပ်ရပ်များကို သူသိသည်။၎င်းမှာ အက်ဂ်ယောနှင့် အရတ်စ်တို့အား လက်စားချေရန် ဖြစ်သည်။ယခုတစ်ခေါက် သူသည် ရောင်းရင်းဖြစ်သူ ဆိုင်ပရပ်ကိုသာ အမှောင်လမြို့သို့ ခေါ်လာချင်ခဲ့သည်။ဆိုင်ပရပ်သည် ဒိုမီနစ်အား အနည်းငယ်စိတ်ဝင်စားနေပြီး ဒိုမီနစ်က လက်စားချေရန် မရမက ပြောနေသည့် အတွက်ကြောင့် သူတို့၏စိတ်ကို သိမ်းသွင်းနိုင်ရန်အတွက် လာဗတ်သည် ဒိုမီနစ်၏ တောင်းဆိုမှုကို လက်ခံခဲ့သည်။
နတ်ဆိုးဘုရင်အဆင့်ဖြစ်ကြတဲ့ ဒိုမီနစ်နဲ့ ဆိုင်ပရပ်တို့က အမြင့်ဆင့်နတ်ဆိုး နှစ်ယောက်ကို မသတ်နိုင်လိမ့်ဘူးလို့ ငါမထင်ထားခဲ့ဘူး။ပြီးတော့ သူတို့က အကူအညီပေးဖို့တောင် အချက်ပြလိုက်သေးတယ်။ငါအမြန်ပြေးလာတော့ တခြားအစွမ်းထက်တဲ့သူတွေလည်း မရှိဘူး။ပစ်မှတ်ဖြစ်တဲ့ အက်ဂ်ယောကလည်း ငါ့ရဲ့အသံကြားတာတောင် ထွက်မပြေးဘူး။ဒိုမီနစ်အလောင်းရှိတဲ့ နေရာမှာ နေနေတယ်။သူက အကြောက်လွန်ပြီးတော့ လိပ်ပြာလွင့်သွားတာလား။ မဖြစ်နိုင်ဘူး။တစ်ခုခုတော့ လွဲနေတာပဲ ဖြစ်ရမယ်။
လာဗတ်သည် အာရုံဖြန့်ကျက်လိုက်သောလည်း ပုံးကွယ်နေသည့် မည်သူ့ကိုမှ ရှာမတွေ့ခဲ့ပေ။သူ မျက်မှောင်ကြုတ်ပြီး မေးလိုက်သည်။
“ မင်း သူ့ကို မသတ်ဘူးဆိုရင် ဒီမှာ ဘာလုပ်နေတာလဲ။ ”
“ ကျုပ် ခင်ဗျားကို စောင့်နေတာ။ ”
အက်ဂ်ယော၏ အက်ကွဲကွဲအသံ၌ ရယ်သံ အနည်းငယ် ပါနေပြီး တံဆိပ်ပြားတစ်ခုကို ဆွဲထုတ်ပြီး လာဗတ်အား ပြသလိုက်သည်။
“ ခင်ဗျား ဒါကို မှတ်မိတယ်ဟုတ်။ ”
လာဗတ်သည် တံဆိပ်ပြားထဲရှိ ပုံစံကွက်ကို သေသေချာချာမြင်လိုက်သည်။၎င်းမှာ အမှန်တကယ်ပင် ခေါင်းနှစ်လုံးနဂါး ဗိုလ်ခြေ၏ တံဆိပ်ပြား ဖြစ်သည်။သူ၏ မျက်လုံးများ အရောင်တောက်သွား၏။
“ မင်း ဒါကို ဘယ်ကရတာလဲ။ ”
ခေါင်းနှစ်လုံးနဂါး ဗိုလ်ခြေ အဖွဲ့ဝင်များ၌ ထိုတံဆိပ်ပြားမရှိပေ။ခေါင်းနှစ်လုံးနဂါး မင်ကြောင်သာ ရှိကြသည်။ထိုတံဆိပ်ပြားကို မယ်လွန်မိသားစုကဲ့သို့ သူတချို့အတွက် တိုကင်အနေဖြင့် သုံးကြလေ့ရှိသည်။
“ ကျုပ် တစ်ခါတုန်းက ဆယ်လ်ဗာဆိုတဲ့သူကို သတ်ပစ်ခဲ့တယ်။သူ့ဆီကနေ ယူထားတာ။ ”
ဝတ်ရုံဂိုဏ်းက ဆယ်လ်ဗာကိ သတ်ခဲ့ကြောင်း အများသိကြသည့်အတွက် ချန်လွေ့ မဖုံးကွယ်ထားခဲ့ပေ။
“ ခင်ဗျားက ခေါင်းနှစ်လုံးနဂါး ဗိုလ်ခြေရဲ့ ဒု-ဗိုလ်ချုပ်ဆိုတာ ကျုပ်သိတယ်။ ချော်ရည်ပြာ နယ်မြေက နတ်ဆိုးကုန်ကူးမှုကိုလည်း ကျုပ်သိတယ်။ပြီးတော့ ကျုပ်သိသေးတာက ခင်ဗျားတို့နဲ့ မယ်လွန်မိသားစုတို့က ........ ”
ချန်လွေ့သည် တမင်တကာပင် စကားဆုံးအောင် မပြောခဲ့ပေ။လာဗတ်သည် ပို၍ပင် မျက်မှောင်ကြုတ်သွားပြီး မေးသည်။
“ မင်းရဲ့ ရည်ရွယ်ချက်က ဘာလဲ။ ”
“ အကျိုးအမြတ်အတွက်ပေါ့။ ”
ချန်လွေ့သည် တမင်တကာပင် ပို၍ယုတ္တိရှိသောအဖြေတစ်ခု ပေးခဲ့သည်။
“ ကျုပ်က နတ်ဆိုးကုန်ကူးတာကို စိတ်ဝင်စားနေခဲ့တာ။ဒါပေမဲ့ ကျုပ် လုပ်ချင်တာက တစ်ဦးတည်းပဲ။ကျုပ်ကလွဲပြီးတော့ ဘယ်သူမှ တူတူကုန်သွယ်လို့ မရဘူး။ ”
“ နတ်ဆိုးကုန်ကူးတာလား။ ”
လာဗတ်က ချန်လွေ့က ခဏကြည့်ပြီး စိတ်ဝင်စားဟန်ဖြင့် မေးလိုက်သည်။
“ မင်းကိုယ်မင်း မယ်လွန်မိသားစုထက် ပိုကောင်းတယ်လို့ ဘာလို့ထင်နေတာလဲ။ ”
ချန်လွေ့၏ နှလုံးသား လှုပ်ရှားသွား၏။ ဧကန္တ....... မယ်လွန်မိသားစုက နတ်ဆိုးကုန်ကူးမှုရဲ့ အကြီးမားဆုံး ပြဿနာများလား။
“ ကျုပ်ရဲ့ ဝတ်ရုံဂိုဏ်းက အခုဆိုရင် အခြေခံအားဖြင့်တော့ အမှောင်လမြို့က ဒုစရိုက်အင်အားစုတွေကို ထိန်းချုပ်ထားတယ်။မယ်လွန်မိသားစု လုပ်နိုင်တာတွေကို ကျုပ် လုပ်နိုင်တယ်။မယ်လွန်မိသားစု မလုပ်နိုင်တာတွေကိုလည်း ကျုပ် လုပ်နိုင်တယ်။ ”
ချန်လွေ့က တမင်တကာပင် သရော်ပြုံးပြုံးလိုက်သည်။
“ ဝတ်ရုံဂိုဏ်းမှာ အင်ပါယာအစောင့် အရန်တပ်ဖွဲ့ဆိုတဲ့ ဂုဏ်ပုဒ်တစ်ခုလည်း ရှိတယ်။ အဲဒါကြောင့် ကျုပ်မရနိုင်တဲ့အရာကို ဘယ်သူမှ မရစေရဘူး။ ”
“ တော်တော်လေးကို မိုက်မဲတဲ့ကောင်ပဲ။မင်းက ငါ့ကို ခြိမ်းခြောက်ရဲတယ်လား။ ”
လာဗတ် ရုတ်တရက် ရယ်လိုက်သည်။ထို့နောက် သူ၏ရယ်သံသည် ကြီးသီးထစရာ ကောင်းသွား၏။
“ မင်းက ခေါင်းနှစ်လုံး နဂါးဗိုလ်ခြေက ငါ့လူတွေကို သတ်ပစ်ခဲ့တယ်ဆိုတော့ အကျိုးအမြတ်တွေ အကြောင်း မပြောခင် မင်းရဲ့အသက်ကို အရင်ပေးဆပ်လိုက်။ ”
အမှောင်လမြို့သို့ လာဗတ် ရောက်လာခြင်းမှာ အရေးကြီးကိစ္စတစ်ခုကြောင့် ဖြစ်သည်။၎င်းနှင့်ယှဉ်လျှင် နတ်ဆိုးကုန်ကူးမှုသည် အသေးအဖွဲသာ ဖြစ်သည်။
အမှောင်လမြို့သည် ဝတ်ရုံဂိုဏ်း လက်အောက်၌ ရှိနေသည့်အတွက် နတ်ဆိုးကုန်ကူးမှုများကို အောင်အောင်မြင်မြင် မလည်ပတ်နိုင်ဘဲ မယ်လွန်မိသားစုနှင့် အခြားစီးပွားရေးသမားများကို မဆင်မခြင် မလုပ်ရဲအောင် ပြုလုပ်နေသည်။ထို့ကြောင့် သူသည် ဒိုမီနစ် လက်စားချေမည်ကို မတားဆီးခဲ့ပေ။ခေါင်းဆောင်နှစ်ယောက် ဖြစ်သော အရတ်စ်နှင့် အက်ဂ်ယောတို့ကို ဖယ်ရှားပြီးသည်နှင့် ဝတ်ရုံဂိုဏ်း ပြိုကွဲသွားမည်ဖြစ်ပြီး နတ်ဆိုးကုန်ကူးမှု ဆက်လက် ဆောင်ရွက်၍ရမည် ဖြစ်သည်။
သို့သော်လည်း ဝတ်ရုံဂိုဏ်း၏စွမ်းအားသည် လာဗတ်ထင်းထားသည်ထက် ကျော်လွန်နေသည်။ဒိုမီနစ် သေသွားရုံသာမက ဆိုင်ပရပ်လည်း ပျောက်ကွယ်သွားသည်။ သူသည် အက်ဂ်ယောအား ဖမ်းဆီးပြီး စစ်မေးရတော့မည်ပုံစံ ပေါက်နေသည်။အကယ်၍ မဖြစ်နိုင်ခဲ့လျှင် သူသည် အက်ဂ်ယောကို သတ်ပစ်ပြီးနောက် ဝတ်ရုံဂိုဏ်းကို ဖျက်ဆီးပစ်မည် ဖြစ်သည်။
တိုက်ဆိုင်စွာပင် ချန်လွေ့သည် လာဗတ်ကို ကောင်းကောင်းဆက်ဆံရန် မရည်ရွယ်ထားပေ။ဆိုင်ပရပ်၏ စကားများအရ လာဗတ်နှင့် ဝတ်ရုံဂိုဏ်းတို့သည် မိတ်ဆွေများ မဟုတ်ဘဲ ရန်သူများ ဖြစ်ကြသည်။နတ်ဆိုးဘုရင်အဆင့် ထိပ်သီးပိုင်း ရန်သူတစ်ယောက်က အမှောင်ထဲ၌နေပြီး ဝတ်ရုံဂိုဏ်းကို ရှင်းပစ်မည်ဆိုလျှင် ချန်လွေ့၊စကိုင်းနှင့် နတ်ဆိုးဘုရင်အဆင့်ရောက်ခါစ အရတ်စ်အပါအဝင် မည်သူတစ်ဦးတစ်ယောက်မျှ လွတ်မြောက်နိုင်မည် မဟုတ်ပေ။
ချန်လွေ့လည်း ရယ်လိုက်သည်။
“ ကျုပ်တို့ သဘောတူညီမှု မရဘူးဆိုတော့ အနာဂတ်မှာ ပြဿနာတွေရှင်းဖို့အတွက် ခင်ဗျားကို ကျုပ် သတ်ပစ်ရမယ်။ ”
မည်သူမှ မဟုတ်သည့်သူတစ်ယောက်က ဤမျှလောက် ရဲတင်းလိမ့်မည်ဟု လာဗတ် မထင်ထားခဲ့ပေ။သူသည် အားနည်းသူကို အထင်သေးသည်။သူ၏မျက်လုံးများ ဖျပ်ခနဲ အရောင်တောက်သွားပြီး လက်မြှောက်လိုက်သည့်အခါ ကောင်းကင်သည် အနီရောင်ဖုံးလွှမ်းသွားပြီး မြောက်မြားလှစွာသော မီးဘောလုံးများ ချက်ချင်း ထွက်ပေါ်လာသည်ကို ချန်လွေ့ တွေ့လိုက်ရသည်။မီးဘောလုံးသည် မီးမှော်ပညာ၌ ပုံမှန်တိုက်ခိုက်မှုတစ်ခုသာ ဖြစ်သည်။သို့သော်လည်း ၎င်းမှာ တစ်ခုတည်းကိုသာ ပစ်မှတ်ထား၍ရသော အစွမ်းတစ်ခု ဖြစ်သည်။အစွမ်းထက် မှော်ပညာရှင် တစ်ယောက်သည် မီးဘောလုံးများကို အဆက်မပြတ် ပစ်လွှတ်နိုင်သည်။၎င်းကို [ အဆက်မပြတ် မီးဘောလုံး ] ဟုခေါ်ပြီး အလွန်ပင် အံ့ဩစရာကောင်းလှသည်။ သို့သော်လည်း လာဗတ် တစ်ချက်တည်းဖြင့် ပစ်လွှတ်လိုက်သော မီးဘောလုံးများမှာ ဒါဇင်ခန့် ရှိလေသည်။၎င်းမှာ [ အဆက်မပြတ် မီးဘောလုံး ] ၏ အတိုင်းအတာ အတွင်း၌ မရှိတော့ပေ။ထို့ပြင် လာဗတ်သည် မန္တန်ရွတ်စရာ မလိုအပ်ပေ။၎င်းသည် ဆမ်မြူရယ် တော်ဝင်မိသားစု၏ သွေးမျိုးဆက် ပါရမီဖြစ်သော [ မီးမှော် ကျွမ်းကျင်မှု ] ပင် ဖြစ်ရပေမည်။
မီးမှော်ပညာသည် ဒြပ်စင်(၆)ခုထဲ၌ အစွမ်းအထက်ဆုံးဖြစ်သည်။ထိုမီးဘောလုံးသည် အလွန်အစွမ်းထက်လှပြီး မှော်ပညာအထူးပြုဖြစ်သော ချန်လွေ့ ရင်ဆိုင်ခဲ့ဖူးသည့် မိစ္ဆာနီသူခိုးဓားပြ အဖွဲ့ခေါင်းဆောင် စနိုးဒင်ပင် မယှဉ်ပြိုင်နိုင်ပေ။
လာဗတ် လှုပ်ရှားပြီးသည့်အခါ တအားလောသွားပြီဟု တွေးမိလိုက်သည်။သူသည် အက်ဂ်ယောအား အရှင်ဖမ်းချင်နေခဲ့သည်။
ဧရာမ တွင်းချိုင့်ကြီးထဲ၌ အဆက်မပြတ် ပြင်းပြင်းထန်ထန် ပေါက်ကွဲသံများ ထွက်ပေါ်နေသည်။မြေပြင်ပင် တုန်ခါနေသည်။ပေါက်ကွဲမှုများ ပြီးစီးသွားပြီး မီးခိုးများ ပျောက်ကွယ်သွားသည့်အခါ မြေပေါ်၌ ဧရာမလိပ်ခုံးတစ်ခုကို မြင်လိုက်ရသည့်အတွက် လာဗတ် မျက်မှောင်ကြုတ်သွားသည်။ထို့နောက် လိပ်ခုံးသည် တဖြည်းဖြည်း အလိပ်ဖြေသွားသည်။၎င်းသည် [ မြေတံတိုင်း ] သုံးလေးခုကဲ့သို့ ဖြစ်နေပြီး အလိပ်ဖြေသွားသော [ မြေတံတိုင်း ] သည် ချက်ချင်း ပြိုလဲသွားကာ အလယ်၌ ထိခိုက်မှုမရှိသော “ အက်ဂ်ယော ” ရှိနေသည်။
ဗာဗတ်၏မျက်လုံးများ အနည်းငယ် ကျဉ်းမြောင်းသွားသည်။ ချက်ချင်းပါလား။ သူ့ရဲ့မှော်စွမ်းအားက ငါ့လောက်အစွမ်းမထက်ပေမဲ့ သန့်စင်မှုနဲ့ ရှုပ်ထွေးမှုကတော့ ငါ့ထက်သာတယ်။ဒီ “အက်ဂ်ယော ” အမြင့်ဆင့်နတ်ဆိုးမဟုတ်ဘူး။ နတ်ဆိုးဘုရင်အဆင့်တစ်ယောက်ပဲ။
[ သရုပ်ခွဲမျက်လုံး ] ထဲ၌ လာဗတ်၏စွမ်းအားသည် နတ်ဆိုးဘုရင်အဆင့် ထိပ်သီးပိုင်းဖြစ်သော [ C+ ] သို့ မြင့်တက်သွားသည်။ ဒီအမျက်တော်ဝင်မိသားစုက နောက်ဆုံးတော့ စွမ်းအားအစစ်အမှန် ပြပြီပဲ။
“ [ မီးမုန်တိုင်း ] ”
လာဗတ်က လက်နှစ်ဖက်ကို လှည့်လိုက်ရာ ချန်လွေ့နားတစ်ဝိုက် သွားလာနေသော လေထုသည် ရုတ်တရက် ပြောင်းလဲသွားသည်။၎င်းသည် ချက်ချင်းပင် ကြမ်းတမ်းမှုနှင့် အပူများ ပြည့်နှက်နေသော မြန်နှုန်းမြင့် စီးကြောင်းတစ်ခုအဖြစ် ပြောင်းလဲသွားသည်။ မြောက်မြားလှစွာသော မီးတောက် မီးပွင့်များ ချက်ချင်းဆိုသလို တောက်ပလာပြီး မီးမြွေများကဲ့သို့ပင် အလျင်အမြန် လှည့်ပတ်လိုက်ကြသည်။အနီးအနားရှိ စိုစွတ်နေသော မြေနေရာသည် ခြောက်သွေ့ပြီး ကြေမွသွားကာ ဖျက်ဆီးခြင်းလေထုက ချန်လွေ့ကို ဝါးမျိုလိုက်တော့သည်။
ထိုမီးတောက် မုန်တိုင်းသည် မျက်စိတစ်မှိတ်အတွင်းမှာပင် ချန်လွေ့ကို ဖုံးလွှမ်းလိုက်သော်လည်း ချန်လွေ့၏ ပတ်ပတ်လည်၌ ထူးဆန်းသော အပြာရောင် လိပ်ခုံးတစ်ခု ပေါ်ထွက်လာခဲ့သည်။[ မီးမုန်တိုင်း ] မည်မျှပင် ပြင်းထန်စေကာမူ ထိုသလင်းကျောက်ပြာ အလင်းရောင်ကို အမှန်တကယ် ဖုံးလွှမ်းသွားနိုင်ရန် မဖြစ်နိုင်ပေ။
လေမှော်ပညာရဲ့ [ မှော်ဒိုင်းကာ ] လား။ဒါက နည်းနည်းတော့ တစ်မျိုးပဲ။ဒါပေမဲ့လည်း ထူးချွန်တဲ့ မှော်ပညာရှင်တွေက မှော်ပညာကို အတိုင်းအတာ တစ်ခုအထိ ပြုပြင်နိုင်ကြတယ်။လာဗတ်ရဲ့ [ အဆက်မပြတ် မီးဘောလုံး ] ကလည်း ဒီလိုမျိုး သဘောပဲ။
လာဗတ် အဆက်မပြတ် တိုက်ခိုက်မှသာ မှော်ဒိုင်းကာ ပျက်စီးသွားခဲ့သည်။လာဗတ် အံ့ဩသွား၏။ မြေမှော်နဲ့လေမှော် ကျွမ်းကျင်တဲ့ နှစ်သွယ်ဒြပ်စင် မှော်ပညာရှင်ပဲ။ ဘယ်မှော်ပညာကိုမဆို မန္တာန် ရွတ်စရာမလိုဘဲ အသုံးပြုနိုင်တယ်။သူ့ရဲ့ လေမှော် ကျွမ်းကျင်မှုက မြေမှော်ထက် သာတယ်။
ဒီလိုမျိုး ဒုစရိုက်အင်အားစု တစ်ခုရဲ့ ခေါင်းဆောင် တစ်ယောက်မှာ ဒီလိုအစွမ်းအစ ရှိနေလိမ့်မယ်လို့ ငါမထင်ထားခဲ့ဘူး။ဒါကြောင့် ဆိုင်ပရပ်နဲ့ ဒိုမီနစ်တို့ ကျရှုံးသွားခဲ့တာကိုး။
မှော်စွမ်းအား တူညီနေသည့် အခြေအနေ၌ မှော်ပညာရှင် နှစ်ယောက်ကြား တိုက်ပွဲသည် အချိန်တိုအတွင်း အဆုံးသတ်မည် မဟုတ်ပေ။အထူးသဖြင့် လေမှော်နှင့် မြေမှော်၌ အစွမ်းထက်သော ခုခံမှုအစွမ်းများ ရှိနေ၍ ဖြစ်သည်။
ငါ ဒါကို မှော်စွမ်းအားနဲ့ မြန်မြန် အဆုံးနိုင်ဘူးဆိုတော့ကာ.....
အတွေးတစ်ခု လာဗတ်ခေါင်းထဲ ဝင်လာသည်။ “ အက်ဂ်ယော ” က အရတ်စ်ကို ပြိုင်ကွင်းမှာ အနိုင်ယူခဲ့တယ်လို့ ငါကြားတယ်။အဲဒါကြောင့် သူလည်း သိုင်းပညာ လေ့ကျင့်ထားမှာပဲ။ဒါပေမဲ့ သူ့ရဲ့ သိုင်းပညာက အမြင့်ဆင့်နတ်ဆိုးပဲ ရှိသေးတယ်။
လာဗတ်သည် အောင်နိုင်မှု ရောင်ခြည်ကို မြင်လိုက်ရသကဲ့သို့ပင် အသာလေး ပြုံးလိုက်သည်။