← Chapters

သွေးဒေါသ နှင့် မီးသင့်နဂါးသတ်ဖြတ်ခြင်း

Vol. 16 Ch. 237

သွေးဒေါသ နှင့် မီးသင့်နဂါးသတ်ဖြတ်ခြင်း

Vol. 16 Ch. 237

မှော်ပညာအကြီးစားဖြစ်သော [ အဆက်မပြတ် မီးဘောလုံး ] ကို အသုံးပြုပြီးနောက် လာဗတ်သည် တယ်လီပို့ခုန်ပြီးနောက် မတည်ငြိမ်ဖြစ်နေသော ချန်လွေ့ဆီသို့ အမြောက်ဆန်သဖွယ် ပြေးဝင်သွားလိုက်သည်။

သူ့ရဲ့မှော်စွမ်းအားက နတ်ဆိုးဘုရင်အဆင့် ရောက်တော့ရော ဘာဖြစ်လဲ။သူက ဒြပ်စင်နှစ်မျိုး ကျွမ်းကျင်တော့ ဘာဖြစ်လဲ။အနီးကပ် တိုက်ခိုက်မှုမှာတော့ မင်းက အမြင့်ဆင့်နတ်ဆိုး တစ်ယောက်ပါပဲ။သေပေတော့။

လာဗတ်သည် အလွန်မြန်ဆန်လှသည်။မျက်စိတစ်မှိတ်အတွင်းမှာပင် သူသည် အနီးသို့ ရောက်ရှိနေပြီ ဖြစ်သည်။ချန်လွေ့သည် [ တယ်လီပို့ ] ခုန်ပြီးခါစသာ ရှိသေးသည့် အတွက် မှော်စွမ်းအားများကို အလျင်အမြန် မစုစည်းနိုင်ခဲ့ပေ။၎င်းသည် သေနိုင်သည့် အခိုက်အတန့်ပင် ဖြစ်သည်။

“ ဘုန်း ”

လာဗတ်၏ပုံရိပ် အနည်းငယ် ယိမ်းထိုးသွားပြီး ချန်လွေ့သည် အနောက်သို့ သုံးလေးလှမ်း ဆုတ်ခွာသွားသည်။

လာဗတ် ထိတ်လန့်သွားပုံရသည်။ သူသည် အလျင်အမြန်ပင် ပြိုင်ဘက်ဖြစ်သူ၏ အချက်အလက် အသစ်များကို သိလိုက်သည်။ငါ့လိုမျိုးပဲ “ အက်ဂ်ယော ”က တိုက်ခိုက်ရေးနဲ့ မှော်ပညာနှစ်ခုစလုံးကို လေ့ကျင့်ထားတယ်။သူ့ရဲ့စွမ်းအားက အလတ်ပိုင်းနဲ့ နှောင်းပိုင်းကြားမှာပဲ။

သူက နတ်ဆိုးဘုရင်အဆင့် ထိပ်သီးပိုင်း မရောက်သေးပေမဲ့ သိပ်မဝေးတော့ဘူး။

သောက် မယ်လွန်မိသားစု။ သူတို့ပေးတဲ့ သတင်းက မှားနေတာပဲ။ဒိုမီနစ်နဲ့ ဆိုင်ပရပ်တို့ ကျရှုံးတာကို သူတို့ အပြည့်အဝ တာဝန်ယူရမယ်။

လာဗတ်သည် ကျယ်ကျယ်လောင်လောင် အော်ဟစ်ပြီး ချန်လွေ့ကို တိုက်ခိုက်သည်။ ချန်လွေ့သည် ပြိုင်ဘက်ဖြစ်သူ၏ စွမ်းအားကိုသိသည်။သူသည်လည်း နတ်ဆိုးဘုရင်အဆင့် ထိပ်သီးပိုင်း ဖြစ်သည်။လာဗတ်၏စွမ်းအားသည် ရိုမန်နှင့် ဒေလီယာတို့ထက် နိမ့်ကျသည်။သို့သော်လည်း ချန်လွေ့ထက် အနည်းငယ် သာသည်။ထိုအချိန်တွင် ချန်လွေ့ကြောက်မနေဘဲ ရှေ့သို့ ပြေးဝင်သွားသည်။ အထောက်အပံ့ မှော်ပညာ မသုံးဘဲ ချန်လွေ့သည် ကိုယ်ပိုင်စွမ်းအားကိုသာ လုံးဝအသုံးပြုခဲ့သည်။

မှော်ပညာက ငါ့ဟာမဟုတ်ဘူး။မြေဒြပ်စင်နှလုံးသားကို အနှေးနဲ့အမြန်ပဲ မြေဒြပ်စင်ဘုရင်ဆီ ပေးရမှာပဲ။ဒါပေမဲ့ ဒီစစ်မှန်တဲ့စွမ်းအားကတော့ ငါ့အပိုင်ပဲ။နတ်ဆိုးဘုရင်အဆင့် ထိပ်သီးပိုင်း ပြိုင်ဘက်တစ်ယောက်က ဓားသွေးကျောက်ကောင်းတစ်ခု ဖြစ်နိုင်တယ်။

[ မီးမှော် ကျွမ်းကျင်မှု ] ရှိသော အမျက်တော်ဝင်မိသားစုကို ခုခံနိုင်သည့်အတွက် ချန်လွေ့သည် မိမိ၏စွမ်းရည်ကို အနည်းငယ် ဂုဏ်ယူမိသွားသော်လည်း သူ နိုးထသွားသည်။သူ၏စိတ်သည် အလွန်ပြတ်သားနေပြီး [ စိတ်သန့်စင်ခြင်း ] တွင် ထူးထူးဆန်းဆန်း ပြောင်းလဲမှုတစ်ခု ဖြစ်သွားသကဲ့သို့ပင် ခံစားလိုက်ရသည်။ သို့သော်လည်း ယခုသည် ထိုအသေးစိတ်များကိုကြည့်ရန် အချိန်မဟုတ်သေးပေ။

လရောက်အောက်၌ ဧရာမတွင်းကြီးသည် ပြင်းပြင်းထန်ထန် တုန်ခါနေသည်။ မြေပြင်ပေါ်ရှိ ကြောက်မက်ဖွယ်ရာ ဖျက်ဆီးမှုအရာများသည် တိုက်ပွဲပြင်းထန်မှု၏ သက်သေပင် ဖြစ်သည်။လာဗတ်ထင်ထားသည့်အတိုင်းပင် သူသည် အသာစီးရသည်။ သို့သော်လည်း သူ၏ပြိုင်ဘက်သည် အမြဲပင် ခုခံနေနိုင်သည်။အက်ဂ်ယောသည် အရေးနိမ့်ရုံသာဖြစ်ပြီး မရှုံးနိမ့်ပေ။ထို့ပြင် သူ၏ ခံနိုင်ရည်ရှိမှုနှင့် လိုက်လျောညီထွေ နိုင်ခြင်းသည် မယုံနိုင်စရာကောင်းလောက်အောင် အစွမ်းထက်လှသည်။

ထို့ပြင် “ အက်ဂ်ယော ” သည် တော်ဝင်မိသားစု၏ တိုက်ပွဲဖိအားကို ခံရဟန်မတူပေ။ ထိုထူးဆန်းသော အစွမ်းများသည်လည်း တော်ဝင်မိသားစု (၇)စုမှ မဟုတ်ပေ။

အနိုင်ရမယ်လို့ ငါထင်ထားတဲ့ တိုက်ပွဲက သရေ ဖြစ်သွားတော့မှာလား။

အက်ဂ်ယော။သူက ဘယ်သူလဲ။မဟာနတ်ဆိုးလား။မဟာနတ်ဆိုးရဲ့ သန္ဓေပြောင်း သွေးမျိုးဆက်က ဘယ်တုန်းက တော်ဝင်မိသားစုထက် ပိုအစွမ်းထက်သွားရတာလဲ။

ဘယ်လိုပဲဖြစ်ဖြစ် ဒီလိုမျိုးရန်သူကို အသက်ရှင်ခွင့် ပေးလို့ မဖြစ်ဘူး။

ထိုသို့ လာဗတ် တွေးလိုက်ပြီးသည့်အခါ ချန်လွေ့နှင့် သူသည် အချင်းချင်း ထိုးလိုက်ကြသည်။ထို့နောက် နောက်သို့ ဆုတ်သွားသည်။လာဗတ် ဒေါသထွက်သွားသည်။ သူသည် အမှန်တကယ်ပင် သွေးအန်သွားခဲ့သည်။သူ၏ ဖျော့တော့သော စိမ်းပြာရောင် မျက်လုံးများသည် ချက်ချင်းပင် နီရဲသွားပြီး‌ သူ၏အငွေ့အသက်လည်း ရုတ်တရက် ပြင်းထန်သွားသည်။လာဗတ်၏စွမ်းအားသည် တိုးတက်လာနေကြောင်း ချန်လွေ့ ခံစားမိလိုက်သည်။၎င်းသည် ရိုမန်နှင့် ဒေလီယာတို့ထက်ပင် သာလွန်နေသည်။

သို့သော်လည်း မည်မျှပင် တိုးလာစေကာမူ သူသည် နတ်‌ဆိုးဘုရင်အဆင့် ထိပ်သီးပိုင်းသာ ရှိနေသေးသည်။အဆင့်ကြီးကို အလွယ်တကူ ကျော်ဖြတ်နိုင်မည် မဟုတ်ပေ။

ချန်လွေ့ အနည်းငယ် စဉ်းစားပြီး လာဗတ်ကို လက်သီးဖြင့် ထိုးလိုက်သည်။လာဗတ်၏ အမြန်နှုန်းသည် အတော်များများ တိုးတက်သွားသည်။ဖျပ်ခနဲပျောက်သွားပြီး သူသည် ထိုလက်သီးချက်ကို ရှောင်တိမ်းလိုက်သည်။ချန်လွေ့ အင်အား မစုစည်း ရသေးခင်မှာပင် လာဗတ်သည် ချန်လွေ့၏ နံရိုးအောက်ရိုးကို ထိုးလိုက်သည်။ ထို့နောက် ချက်ချင်းပင် ချန်လွေ့အား အဝေးသို့ ကန်ထုတ်လိုက်သည်။

လာဗတ် ဆက်လက် မတိုက်ခိုက်ဘဲ သရော်ပြုံးပြုံးလိုက်သည်။

“ ဘယ်လိုပဲဖြစ်ဖြစ် မင်းကသေတော့မှာ‌ဆိုတော့ မင်းကိုပြောလို့လည်း ဘာမှမဖြစ်ဘူး။ငါက ဆမ်မြူရယ် တော်ဝင်မိသားစုဝင် တစ်ယောက်ပဲ။ပြီးတော့ ဒါက အမျက်တော်ဝင်မိသားစုရဲ့ သွေးမျိုးဆက် ပါရမီ [ သွေးဒေါသ ] ပဲ။ဒါက ငါ့ရဲ့စွမ်းအားကို ကြီးကြီးမားမား တိုးမြှင့်ပေးနိုင်တယ်။ငါမင်းရဲ့ အရိုးတွေကို တစ်ချောင်းပြီးတစ်ချောင်း ချိုးပစ်မယ်။ပြီးရင် မင်းရဲ့အလောင်းကို ယူသွားပြီးတော့ ဝတ်ရုံဂိုဏ်းကို သုတ်သင်ပစ်မယ်။ ”

လာဗတ်သည် စိတ်ကြီးဝင်နေခြင်း မဟုတ်ပေ။[ သွေးဒေါသ ] ကို အသက်သွင်းပြီးသည့်အခါ ပြိုင်ဘက်ဖြစ်သူသည် နတ်ဆိုးဘုရင်အဆင့် ထိပ်သီးပိုင်းမရောက်သေးသောသူကို မပြောနှင့်။နတ်ဆိုးဘုရင်အဆင့် ထိပ်သီးပိုင်းဖြစ်ပါစေ၊ လာဗတ် အနိုင်ရရှိရန် လုံးဝယုံကြည်မှုရှိသည်။

သေခါနီးအချိန်၌ မျက်နှာဖုံးနှင့်လူထံမှ အက်ကွဲကွဲ ရယ်သံတစ်ခု ထွက်လာသည်။ ထိုရယ်သံကို ကြားလိုက်သည့်အခါ လာဗတ်သည် အနည်းငယ် ထူးဆန်းသွားသလို ခံစားလိုက်ရသည်။သူ၏စိတ်ထဲ၌ ရှင်းပြ၍မရသော အေးစက်မှု.... အရိပ်အယောင်တစ်ခု ခံစားလိုက်ရသည်။

ဟုတ်တယ်။အေးစက်မှုပဲ။ ပတ်ဝန်းကျင်လေထုသည် ချက်ချင်းပင် လှုပ်ရှားသွားပြီး ကြမ်းတမ်းမှုနှင့် ရက်စက်မှုများ ပြည့်နှက်နေသည်။တစ်ချိန်တည်းမှာပင် “ အက်ဂ်ယော ” ၏ ခန္ဓာကိုယ်သည်လည်း ဝှစ်ခနဲ မီးထတောက်သွားသည်။

ထိုမီးနောက်သည် မဟာနတ်ဆိုးများ၏ တိုးမြှင့်မီးတောက် လုံးဝမဟုတ်ပေ။၎င်းသည် အနီရောင် မီးပွင့်များထွက်နေသော အနက်ရောင် မီးတောက် ဖြစ်သည်။ ပြင်းထန်သောစွမ်းအားသည် ပြင်းထန်သော အငွေ့အသက်နှင့် ပူးပေါင်းနေကာ ဖျက်ဆီးမှုအားတစ်ခု ဖြစ်လာသည်။

ပြိုင်ဘက်ဖြစ်သူက အလွန်အမင်း ကြောက်မက်ဖွယ်ကောင်းလောက်အောင် တိုက်ခိုက်လာမည်ကို လာဗတ် ခံစားမိနေသည်။သူသည် [ သွေးဒေါသ ] ကို အသက်သွင်းလိုက်သည့်တိုင် မယှဉ်နိုင်ခဲ့ပေ။

မူလက သူသည် မိမိ၏တော်ဝင်မိသားစု သွေးမျိုးဆက်ပါရမီဖြစ်သော[ သွေးဒေါသ ] ကို အသက်သွင်းလိုက်လျှင် မဟာနတ်ဆိုးဘုရင်အဆင့်အောက် မည်သူမဆိုကို အလွယ်တကူ အနိုင်ရရှိနိုင်မည်ဟု ထင်ထားခဲ့ကြသည်။မမျှော်လင့်ဘဲနှင့် နတ်ဆိုးဘုရင်အဆင့် ထိပ်သီးပိုင်း မရောက်သေးသော ထိုသူသည် သူ့အား ဤကဲ့သို့ ပြင်းထန်သော ဘေးအန္တရာယ်တစ်ခုကို ပေးစွမ်းနေသည်။

မဖြစ်ဘူး။အဲဒီစွမ်းအားကို သူလုံးဝ မစုစည်းပြီးခင် ငါသူ့ကို သတ်ပစ်ရမယ်။

လာဗတ်သည် ကျယ်လောင်စွာ အော်ဟစ်ပြီး [ သွေးဒေါသ ] ၏ စွမ်းအားအောက်၌ ရုတ်တရက် အရှိန်မြန်သွားသည်။သူသည် ချန်လွေ့‌ဆီသို့ အမြန်သွားပြီး တိုက်ခိုက်ကာ အနှိုင်းမဲ့တိုက်ကွက်ကို တားဆီးချင်ခဲ့သည်။သူသည် ပြိုင်ဘက်ဖြစ်သူ၏ ခန္ဓာကိုယ်ကို တည့်တည့် ထိုးထည့်လိုက်သော်လည်း လွဲချော်သွားခဲ့သည်။

လာဗတ် အံ့အားသင့်သွားပြီး ပြိုင်ဘက်ဖြစ်သူသည် ဆယ်မီတာ အဝေးသို့ ရောက်ရှိသွားသည်ကို တွေ့လိုက်ရသည်။ ဒါက [ တယ်လီပို့ခုန်ခြင်း ] ပဲ။ခုနက သူ တယ်လီပို့ ခုန်ပြီးပြီ မဟုတ်လား။

[ နှစ်ဆင့် တယ်လီပို့ခုန်ခြင်း ] ပဲ။ လာဗတ်၏ မျက်လုံးများသည် ထူးဆန်းနေသည်။ သူသည် ချန်လွေ့ကို ခုန်အုပ်လိုက်သည်။သူ လမ်းတစ်ဝက်၌ ရောက်နေစဉ် ပြိုင်ဘက်ဖြစ်သူ၏ လက်များ၌ အနီရောင်အလင်းများ တောက်ပနေသည်ကို မြင်လိုက်ရသည်။မျက်နှာဖုံးနောက်ကွယ်မှ အော်သံ တစ်သံ ထွက်လာသည်။

“ [ မီးသင့်နဂါး သတ်ဖြတ်ခြင်း ] ”

မီးတောက်များ ဖုံးလွှမ်းနေသော ဧရာမနဂါးနီ တစ်ကောင်သည် လာဗတ်ဆီသို့ ပျံသန်းသွားသည်။တုန်ခါနေသော ဧရာမတွင်းချိုင့်ကြီးသည် ထိုဖိအားကြောင့် မညီမမျှနိမ့်ကျသွားသည်။လာဗတ်သည် ချန်လွေ့အား ခုန်အုပ်နေဆဲ ဖြစ်နေသည့်အတွက် မရှောင်တိမ်းနိုင်ခဲ့ပေ။၎င်းသည် ဧရာမနဂါးအား သူကိုယ်တိုင် ကြိုဆိုနေသကဲ့သို့ပင် ဖြစ်နေသည်။

လာဗတ်၏လက်ထဲ၌ အလျင်အမြန်ပင် ဧရာမ အဝါရောင်အလင်းလုံးတစ်ခု ပေါ်ထွက်လာပြီး နဂါးနီဆီသို့ ပျံသန်းသွားသည်။

သို့သော်လည်း ထိုအလင်းလုံးသည် နဂါးနီစွမ်းအားကြောင့် ချက်ချင်း ဝါးမျိုခံလိုက်ရသည်။ နဂါးနီ၏ အဟုန် မလျော့ကျသွားဘဲ ရှေ့သာဆက်သွားနေသည်။ အနားကပ်မလာခင်မှာပင် ကြောက်မက်ဖွယ်ရာဖိအားသည် လာဗတ်တစ်ကိုယ်လုံးကို ကြက်သီးထသွားစေသည်။သေရေးရှင်ရေး အခြေအနေ ဖြစ်နေပြီဖြစ်ကြောင်း လာဗတ်သိသည်။သူသည် [ သွေးဒေါသ ] စွမ်းအားကို ဖောက်ခွဲပြီး အားကုန် ခုခံလိုက်သည်။နဂါးနီကို ထိသွားသည့်အချိန်၌ သူ၏ခန္ဓာကိုယ် ပြင်းပြင်းထန်ထန် တုန်ခါသွားပြီး ကောင်းကင်ပေါ်သို့ တွန်းတင်ခံလိုက်ရသည်။

လာဗတ်သည် သွေးဆက်လက် အန်နေ၏။သူ၏မျက်နှာပေါ်ရှိ ဒေါသသည် ပို၍ပြင်းထန်လာသည်။သူသည် [ သွေးဒေါသ ] စွမ်းအားကို အပြည့်အဝ လောင်ကျွမ်းထားသော်လည်း မခုခံနိုင်သေးပေ။သူ၏နားနှင့်နှာခေါင်းများမှ သွေးများပင် စီးကျလာနေသည်။၎င်းသည် [ သွေး‌ဒေါသ ] ကြောင့်မဟုတ်ဘဲ ကြီးမားသောဖိအားကြောင့်ပင် ဖြစ်လေသည်။

လာဗတ်၏လက်များ စတင်တုန်ခါလာပြီး စက္ကန့်တိုင်းသည် တစ်နှစ်ကဲ့သို့ ရှည်ကြာနေသည်။သို့သော်လည်း နဂါးနီစွမ်းအားသည် အဆုံးမရှိသကဲ့သို့ ဖြစ်နေသည်။သူ၏ခန္ဓာကိုယ်မှ ကြွက်သားများသည်ပင် ထိုဖိအားကို မခံနိုင်ဘဲ သွေးများထွက်လာသည်။တင်းလွန်းသောလေးသည် နောက်ဆုံး၌ ပြတ်ထွက်သွားခဲ့သည်။ခုခံမှု ပြိုလဲသွားသော လာဗတ်သည် နဂါးနီ၏ လုံးဝဝါးမျိုခြင်းကို ခံလိုက်ရသည်။

တော်တော်ကြမ်းတာပဲ။ဒါက နတ်ဆိုးဘုရင်အဆင့်မှာ အစွမ်းထက်ဆုံးပဲ။ မဟုတ်သေးဘူး။ဒါက မဟာနတ်ဆိုးအဆင့်အထိ ရောက်နေနိုင်တယ်....

လာဗတ်၏အသိစိတ် ချက်ချင်း သုတ်သင်ခံလိုက်ရပြီး ခန္ဓာကိုယ် ပြာဖြစ်ကာ ပျောက်ကွယ်သွားသည်။

မြေပြင်ပေါ်ရှိ တုန်ခါမှုများ ရပ်တန့်သွားပြီး မီးသင့်နဂါးပုံရိပ်လည်း ကောင်းကင်ထဲသို့ ပျောက်ကွယ်သွားသည်။ချန်လွေ့သည် အသက်ပြင်းပြင်းရှူပြီး အသက်ရှူမတည်မငြိမ် ဖြစ်နေမှုကို ချိန်ညှိနေလိုက်သည်။ခုနကတိုက်ပွဲတွင် သူ၏စွမ်းအားတော်တော်များများ ကုန်ဆုံးသွားခဲ့သည်။တော်ဝင်မိသားစုကို အမှန်တကယ်ပင် လျှော့တွက်၍ မရေပေ။ထို [ သွေးဒေါသ ] ၏ စွမ်းအားသည် ထင်ထားသည်ထက် ကျော်လွန်နေသည်။ သို့သော်လည်း သူ၏အနှိုင်းမဲ့တိုက်ကွက် [ မီးသင့်နဂါး သတ်ဖြတ်ခြင်း ] ဖြင့် အနိုင်ယူနိုင်ခဲ့သည်။

နတ်ဘုရား-ဝါးမျိုမျက်နှာဖုံး၏ ရပ်သေးသည် စွမ်းအားနိမ့်သောသူကိုသာ အသုံးပြု၍ရသည်။ထို့ကြောင့် [ မီးသင့်နဂါးဝင်စီးခြင်း ] ကို သုံးပြီး ပြိုင်ဘက်ဖြစ်သူကို အနိုင်ယူခဲ့လျှင်ပင် အသုံးဝင်မည် မဟုတ်ပေ။နောက်ပိုင်းပြဿနာများကို ရှောင်ရှားရန်အတွက် လာဗတ်ကိုသတ်လိုက်ခြင်းက ပို၍ကောင်းသည်။ သိချင်နေသည်များကို အခြားဓားစာခံထံမှ သိရှိနိုင်ပေသည်။

[ မီးသင့်နဂါးသတ်ဖြတ်ခြင်း ]ကို အသုံးပြုပြီးနောက် ချန်လွေ့သည်၎င်းကို၂၄ နာရီအတွင်း ထပ်မံအသုံးပြု၍ မရနိုင်တော့သော်လည်း အခြေခံတိုက်ခိုက်မှု ရှိနေသေးသည်။ခဏနားပြီးနောက် ချန်လွေ့သည် ဧရာမတွင်းချိုင့်ကြီးမှ အမြန်ထွက်သွားလိုက်သည်။

သနားစရာ ဆိုင်ပရပ်သည် ပြိုင်ကွင်း မြေအောက်ခန်းကြမ်းပြင်၌ လိမ်လိမ်မာမာ ထိုင်နေသည်။သူသည် စကားတစ်ခွန်းမှ မပြောရဲပေ။သူ သတိပြန်ရလာပြီးနောက် ထွက်ပြေးချင်ခဲ့သည်။သို့သော်လည်း အရတ်စ်မှလွဲ၍ သူ၏ ပတ်ပတ်လည်ရှိ လူများသည် ပို၍ပင် ကြောက်စရာကောင်းလိမ့်မည်ဟု မထင်ထားခဲ့ပေ။

စကားပြောနေကြသော အမျိုးသမီးနှစ်ယောက်မှာ နတ်ဆိုးဘုရင်အဆင့် ထိပ်သီးပိုင်းများ ဖြစ်သည်။အရက်သောက်ကာ စစ်တုရင်ကစားနေကြသော ယောက်ျားနှစ်ယောက်၌ တစ်ယောက်မှာ နတ်ဆိုးဘုရင်အဆင့် ထိပ်သီးပိုင်းဖြစ်ပြီး ကျန်တစ်ယောက်မှာ ပို၍ပင် ကြောက်မက်ဖွယ်ရာကောင်းသည်။ဆိုင်ပရပ်၏အဆင့်၌ ထိုပြိုင်ဘက်၏ စွမ်းအား‌ အသေးစိတ်ကို အာရုံမခံနိုင်ပေ။သူသည် ကြောက်ရွံ့မှုကိုသာ ခံစားရသည်။ထို့ကြောင့် ထိုသူသည် အနည်းဆုံး မဟာနတ်ဆိုးဘုရင်အဆင့်အထိ ရောက်ရှိနိုင်ပေသည်။ဝိုင်လောင်းထည့်ပေးနေသော ထူးဆန်းသည့် နတ်ဆိုးသားရဲသည်ပင် နတ်ဆိုးဘုရင်အဆင့် ဖြစ်သည်။

ဆိုင်ပရပ် ငိုချင်သွားသည်။ အမှောင်လမြို့က အားနည်းတယ်လို့ ဘယ်သူပြောလဲ။ ဒီပုံစံနဲ့ဆို ချော်ရည်ပြာနယ်မြေရဲ့ အစွမ်းအထက်ဆုံး ခေါင်းနှစ်လုံးနဂါး ဗိုလ်ခြေတောင် အရှုံးပေးရုံပဲရှိတယ်။

လူတိုင်းသည် ကိုယ့်ကိစ္စကိုယ်လုပ်နေကြပြီး အရတ်စ်သည်ပင် စကားပွဲကိုကြည့်နေကြောင်း ဆိုင်ပရပ် မြင်နေရသည်။သူသည် ပုခုံးနှင့် ကျောဘက်မှ နာကျင်မှုများကို ခုခံပြီး ကံစမ်းကာ တိတ်တဆိတ် မတ်တပ်ရပ်လိုက်သည်။ မမျှော်လင့်ဘဲနှင့် စစ်တုရင်ကစားနေသော “ မဟာနတ်ဆိုးဘုရင် ” သည် သူ့ကိုကြည့်ကာ ပြုံးဖြီးဖြီး လုပ်လိုက်သည်။ဆိုင်ပရပ်သည် ခန္ဓာကိုယ် ပျော့ပျောင်းသွားသကဲ့သို့ ခံစားလိုက်ရပြီး မြေပြင်‌ပေါ်သို့ ရုတ်တရက် ပြုတ်ကျသွားသည်။

ဆိုင်ပရပ်သည် မိမိ၏အရိုးများ ပျော့ပြောင်းသွားပြီး ခန္ဓာကိုယ်မှ မည်သည့်အင်အားမျှ စုစည်း၍မရတော့ကြောင်း ခံစားလိုက်ရသည်။သူ၏နှလုံးသား အေးစက်သွား၏။ ကြောက်စရာကောင်းလိုက်တာ။‌ဒါက ဘယ်လို အထူးအစွမ်းမျိုးလဲ။ကြည့်ရုံနဲ့တင် ငါ့ရဲ့တိုက်ခိုက်ရေးစွမ်းအား ဆုံးရှုံးအောင် လုပ်နိုင်ပါလား။

ထိုအချိန်၌ တံခါးပွင့်လာပြီး ဝတ်ရုံဝတ်ထားသော မျက်နှာဖုံးနှင့် ယောက်ျား တစ်ယောက် ရောက်ရှိလာသည်။၎င်းမှာ အက်ဂ်ယောပင် ဖြစ်သည်။

စကားပြောနေသော အမျိုးသမီး နှစ်ယောက်ထဲ၌ ဇာမျက်နှာလွှားမပါသော အရပ်ပုပု မိန်းမလှလေး တစ်ယောက်က မတ်တပ်ရပ်လိုက်ပြီး တအံ့တဩနှင့် နှုတ်ဆက်လိုက်သည်။

“ နင် အဆင်ပြေရဲ့လား။ ”

‌မျက်နှာဖုံးနှင့်လူက ခေါင်းခါသည်။

“ ကိုယ်အဆင်ပြေပါတယ်။ကိုယ် လာဗတ်ကို ရှင်းပစ်လိုက်ပြီ။ ”

ဆိုင်ပရပ် ထိတ်လန့်သွားပြီး မယုံကြည်နိုင် ဖြစ်သွားသည်။ မှော်ပညာရော၊ သိုင်းပညာရော ကျွမ်းကျင်တဲ့ နတ်ဆိုးဘုရင်အဆင့် ဒု-ဗိုလ်ချုပ်က တကယ်ကြီး ရှင်းပစ်ခံလိုက်ရတယ်။ပြီးတော့ အဲဒီသူကလည်း သူ့ရဲ့အစွမ်းတူတူပဲလို့ ထင်ထားတဲ့သူ။

အရတ်စ်လည်း အံ့အားသင့်သွားသည်။ သခင့်ရဲ့ စွမ်းအားက ထင်ထားတာထက် ပိုတာပဲ။နတ်ဆိုးဘုရင်အဆင့်ရဲ့ တစ်ဆို့မှုကို ဖောက်ထွက်နိုင်တာနဲ့ ငါမယှဉ်နိုင်လောက်သေးတဲ့ပုံပဲ။

အရပ်ပုပု အမျိုးသမီးက ချိုချိုသာာ ပြုံးလိုက်သည်။ဇာမျက်နှာလွှား အမျိုးသမီးနှင့် စစ်တုရင် ကစားနေသော အမျိုးသမီးနှစ်ယောက်က ယုံကြည်ကြသည်။ကြောက်စရာ “ မဟာနတ်ဆိုးဘုရင်” သည် မကျေမနပ်ဖြင့် ခေါင်းခါလိုက်သည်။

“ မင်းရဲ့လက် ယားနေတာလား။ပြန်လာဖို့ ဒီလောက်တောင် ကြာရတယ်လို့။ ”

“ ကျုပ်လည်း မတတ်နိုငဘူး။လာဗတ်က အမျက်တော်ဝင်မိသားစုကလေ။သူ့ရဲ့ [ သွေးဒေါသ ] ပါရမီက တော်တော်လေး ကိုင်တွယ်ဖို့ ခက်ခဲတယ်။ ”

ထိုစကားက ဆိုင်ပရပ်ကို ပို၍ကြောက်လန့်သွားစေသည်။ ဒု-ဗိုလ်ချုပ်က [ သွေးဒေါသ ] ကို သုံးခဲ့တာတောင် အသတ်ခံလိုက်ရတယ်။

ယခုတွင် မျက်နှာဖုံးလူ၏ မျက်လုံးများသည် ဆိုင်ပရပ်ထံ ရောက်ရှိသွားသည်။

“ မင်း တစ်ခုခု ပြောရမယ့် အချိန်ရောက်ပြီ။ ”

ဆိုင်ပရပ်၏ နှလုံးသား အေးစက်သွားသည်။သို့သော်လည်း ခေါင်းခါလိုက်သည်။

“ မင်း ဘာ‌မေးမေး ငါဘာတစ်ခုမှ နည်းနည်းလေးတောင် ပြန်ဖြေမှာ မဟုတ်ဘူး။ ”

မျက်နှာဖုံးလူက ခေါင်းခါသည်။

“ မင်းက မယ်လွန်မိသားစုလို့ ပြောခဲ့ပြီးပြီ မဟုတ်လား။ ”

ဆိုင်ပရပ်၏ နှလုံးသားထဲ၌ မျက်ရည်များ ဝဲနေသည်။ အဲဒါက စကားချော်သွားတာလေ။

“ မင်း မပြောချင်လည်း ရပါတယ်။နောက်တော့ မင်းဘာသာမင်း ငါ့ကို ပြောပြလိမ့်မယ်။ ”

ထိုသို့ပြောပြီးသည်နှင့် ဆိုင်ပရပ်သည် ခေါင်းအရိုက်ခံလိုက်ရပြန်သည်။သူ သတိမလွတ်သွားခင်၌ “ အက်ဂ်ယော” သည် မျက်နှာဖုံးကိုချွတ်ပြီး မျက်နှာထုတ်ပြလိုက်သည်ကို ရေးရေးလေး မြင်လိုက်ရသည်။ထိုမျက်နှာပေါ်တွင် ထူးဆန်းသော အဝါရောင်အလင်းများ ထုတ်လွှတ်နေသည့် ထူးဆန်းသော နောက်ထပ်မျက်နှာဖုံးတစ်ခု ရှိနေလေသည်။

All Chapters