မယ်လွန်မိသားစု၏ လျို့ဝှက်ချက်
Vol. 16 Ch. 238
ခဏအကြာ၌ နတ်ဘုရား-ဝါးမျိုမျက်နှာဖုံး၏ ရုပ်သေးသည် နောက်တစ်ယောက် ထပ်တိုးသွားသည်။လက်ရှိ၌ နှစ်ယောက်ရှိပြီ ဖြစ်သည်။ပထမတစ်ယောက်မှာ လိပ်ပြာနီနယ်မြေမှ စနိုးဒင်ဖြစ်ပြီး ကျန်တစ်ယောက်မှာ သူ၏အရှေ့တွင်ရှိသော ဆိုင်ပရပ်ပင် ဖြစ်လေသည်။
[ ရုပ်သေးထိန်းချုပ်မှု ] သည် ရန်သူ၏စိတ်ကို လုံးဝထိန်းချုပ်ကာ သစ္စာဖောက်၍ မရသော ရုပ်သေးအဖြစ် ပြောင်းပေးသည် ထပ်တိုးအစွမ်းတစ်ခု ဖြစ်သည်။ထို့ကြောင့် ဆိုင်ပရပ်သည် သိထားသမျှအကုန် ပြောပြခဲ့သည်။
အမှောင်လမြို့သို့ လာဗတ်လာရခြင်းမှာ ချန်လွေ့နှင့် အရတ်စ်တို့ကို လက်စားချေရန်အတွက် ဒိုမီနစ်အား အကူအညီပေးရန် မဟုတ်သလို နတ်ဆိုးကုန်ကူးမှုအတွက်လည်း မဟုတ်ခဲ့ပေ။မူလသတင်းအချက်အလက်များအရ ချန်လွေ့နှင့် အရတ်စ်တို့သည် အမြင့်ဆင့်နတ်ဆိုးများ ဖြစ်ကြသည်။ထို့ကြောင့် ဆိုင်ပရပ်နှင့် ဒိုမီနစ်ဆိုလျှင် လုံလောက်ပြီ ဖြစ်သည်။လာဗတ်ကိုယ်တိုင် လာစရာ မလိုအပ်ပေ။ခေါင်းနှစ်လုံးနဂါး ဗိုလ်ခြေ ဒု-ခေါင်းဆောင်၏ ရည်ရွယ်ချက် အစစ်အမှန်မှာ မယ်လွန်မိသားစုထံမှ တစ်စုံတစ်ခုကို ရယူရန်ဖြစ်သည်။သို့သော်လည်း လာဗတ်၏ ရင်းနှီးသောမိတ်ဆွေဖြစ်သည့် ဆိုင်ပရပ်ပင် ထိုပစ္စည်း အတိအကျကို မသိရပေ။
အဲဒီပစ္စည်းကို မယူရသေးတဲ့ပုံပဲ။ အဲဒါကြောင့် လာဗတ်က ထွက်မသွားသေးဘဲ စောင့်နေတာ။
ယနေ့ညလုပ်ရပ်ကို လာဗတ်က သဘောတူခဲ့ခြင်း ဖြစ်သည်။ဝတ်ရုံဂိုဏ်း ပျောက်ကွယ်သွားခြင်းသည် ဒိုမီနစ်အား လက်စားချေနိုင်ရုံစေသာမက မယ်လွန်မိသားစုအတွက်လည်း လက်စားချေရာ ရောက်သည်။ထို့ပြင် နတ်ဆိုးကုန်ကူးမှု ပြဿနာကိုလည်း ဖြေရှင်းနိုင်ပေသည်။
ဆိုင်ပရပ် ပြောသည့်အတိုင်းဆိုလျှင် မယ်လွန်မိသားစုသည် အကြီးမားဆုံး နတ်ဆိုးကုန်ကူးသူ ဖြစ်သည်။ဆယ်ဗာသည် ပမွှားလေး တစ်ယောက်သာ ဖြစ်သည်။လူများအား မုန်းတီးစေသည်မှာ မယ်လွန်မိသားစုက နတ်ဆိုးများ ပျောက်ဆုံးနေမှုကို တော်ဝင်မင်းသမီးရှီရာထံ သတင်းပို့ခဲ့ခြင်းပင် ဖြစ်ပြီး သူ့တို့ကို စုံစမ်းရှာဖွေရန် အမိန့်ပေးခံခဲ့ရသည်။သူတို့သည် နတ်ဆိုးများကို ဖမ်းဆီးရန် ဂေါ်ဖင်းဂိုဏ်းအား တိတ်တဆိတ် ထိန်းချုပ်ပြီး တောင်ဘက်သို့ ပို့ဆောင်သည်။ သူခိုးဖမ်းရန်အတွက် သူခိုးဖန်တီးခြင်းပင် ဖြစ်သည်။ယခုတွင် ဂေါ်ဖင်းဂိုဏ်း ဖျက်ဆီးခံရပြီး အမှောင်လမြို့ ဒုစရိုက်အင်အားစုများမှာ ဝတ်ရုံဂိုဏ်းလက်အောက်၌ ရှိနေပြီ ဖြစ်သည်။ထို့ကြောင့် မယ်လွန်မိသားစုသည် ပေါ်ပေါ်တင်တင် မလှုပ်ရှားရဲတော့ပေ။
ချန်လွေ့၏မျက်လုံးများ ကျဉ်းမြောင်းသွားသည်။ မယ်လွန်မိသားစုက အခွင့်အရေးသမား မဟုတ်ဘူး။အကြီးစား အခွင့်အရေးသမားပဲ။သူက အမှောင်လမှာ အခြေချထားတယ်။ဒါပေမြဲ လိပ်ပြာနီနယ်မြေနဲ့လည်း ပူးပေါင်းထားတယ်။ ချော်ရည်ပြာနယ်မြေနဲ့လည်း လျို့ဝှက်လုပ်ငန်းရှိတယ်။
ဒါပေမဲ့ အရေးကြီးတဲ့အရာကို ငါမသိသေးဘူး။ချန်လွေ့သည် “ သစ္စာရှိသော ” ဆိုင်ပရပ်ကိုကြည့်ရင်း ပဟေဠိဆန်စွာ ပြုံးလိုက်သညါ။
နောက်တစ်နေ့ အနောက်မြောက်ပိုင်း မယ်လွန်မိသားစု လူနေအိမ်ရာ၌ ဖြစ်သည်။
လာဗတ်သည် ထိုင်ခုံပေါ်၌ ထိုင်ကာ မျက်မှောင်ကြုတ်နေသည်။ဆိုင်ပရပ်သည် သူဟနောက်၌ မတ်တပ်ရပ်နေသည်။လွန်ဘာဒိုမှာမူ သူ၏အရှေ့၌ သေသေချာချာ ထိုင်နေ၏။
“ လွန်ဘာဒို။ရှီရာရဲ့လက်ထဲမှာ အခြားနတ်ဆိုးဘုရင်တွေ မရှိတော့ဘူးဆိုတာ ခင်ဗျား သေချာလား။ ”
လွန်ဘာဒိုသည် လာဗတ်၏လေသံ ကြက်သီးထစရာကောင်းကြောင်း သိလိုက်ပြီး အမြန်ပြန်ဖြေသည်။
“ ကျုပ် သိရသလောက်ဆိုရင် ခါဂူရွန်က နတ်ဆိုးဘုရင်အဆင့် ဖြစ်နိုင်တယ်။ ပုံမှန်အားဖြင့်တော့ သူက အစွမ်းတစ်ခုသုံးပြီးတော့ စွမ်းအားဖုံးကွယ်ထားတယ်။ဒါပေမဲ့ နန်းတော်က သူလျှိုတစ်ယောက်ရဲ့ သတင်းပို့ချက်အရတော့ ခါဂူရွန်က မနေ့ညမှာ နန်းတော်ကနေ ထွက်မသွားခဲ့ဘူး။သူက ပုံမှန်အတိုင်းပဲ စောင့်ကြပ်နေတာ။ ခါဂူရွန်ကလွဲပြီးတော့ တခြားသူ မရှိလောက်ပါဘူး။အင်ပါယာအစောင့်တွေကလွဲရင် အမှောင်လက အားအနည်းဆုံးနယ်မြေဆိုတာ ခင်ဗျား သိမှာပါ။ဗိုလ်ခြေ ကောင်းကောင်း တစ်ခုတောင် မရှိဘူး။ခေါင်းနှစ်လုံးနဂါး ဗိုလ်ခြေလိုမျိုး လက်ရွေးစင်ဗိုလ်ခြေတစ်ခုနဲ့ ဘယ်လိုလုပ် ယှဉ်နိုင်မှာလဲ။ ”
လွန်ဘာဒို၏နောက်ဆုံးစကားသည် မျက်နှာချိုသွေးခြင်းသာ ဖြစ်သည်။သို့သော်လည်း လာဗတ် စိတ်မဝင်စားဘဲ အေးစက်စက် ပြောသည်။
“ အခုလက်ရှိတော့ ကျုပ်ရဲ့အဖွဲ့ဝင် ဒိုမီနစ်က ဒီအားနည်းတဲ့နယ်မြေရဲ့ လူတစ်ယောက် သတ်တာကို ခံလိုက်ရတယ်။ပြီးတော့လည်း လူသတ်သမားကို မသိရသေးဘူး။မနေ့ညတုန်းက ဒိုမီနစ်က ကိုယ်တိုင်လက်စားချေဖို့အတွက် ဆိုင်ပရပ်ကို တမင်အဝေးသွားခိုင်းလိုက်တယ်။ဒါပေမဲ့ နောက်ဆုံးမှာတော့ သူ့ရဲ့ခေါင်းပြတ်သွားတယ်။အခုငါက ဝတ်ရုံဂိုဏ်းက အက်ဂ်ယောနဲ့ အရတ်စ်ကို သံသယဝင်နေတယ်။ခင်ဗျားပေးတဲ့ သတင်းအချက်အလက်အရဆိုရင် သူတို့တွေက အမြင့်ဆင့်နတ်ဆိုးတွေပဲ မဟုတ်လား။ ”
ပြန်လည်ရှင်သန်လာသော လာဗတ်မှာ [ ရုပ်ဖျက်ခြင်း ] အသုံးပြုထားသော ချန်လွေ့ပင် ဖြစ်သည်။အလီယော့သ် အခြေအနေ၏ အငွေ့အသက်ကို ထုတ်လွှတ်ပြီးသည့်အခါ ပုံမှန်လာဗတ်ကဲ့သို့ ဖြစ်နေသည်။ဆိုင်ပရပ်နှင့် ပေါင်းလိုက်သည့်အခါ ပို၍ ချောချောမွေ့မွေ့ ဖြစ်သွားလေသည်။
ထိုအမူအကျင့်သည် လာဗတ်၏ ပုံမှန်အမူအကျင့် ဖြစ်သောကြောင့် မပေါ်သွားနိုင်ပေ။ လွန်ဘာဒို၏ လေသံအရ ခါဂူရွန်၏စွမ်းအားသည် ပေါက်ကြားသွားပြီဖြစ်သည်။ နန်းတော်ထဲ၌လည်း မယ်လွန်မိသားစုမှ သူလျှိုများ ရှိနေကြသည်။
အမှန်တကယ်၌ လွန်ဘာဒိုသည် သူ၏အရှေ့မှ လာဗတ်သည် အတုဖြစ်ကြောင်း သံသယ အနည်းငယ်ပင် မရှိပေ။မဖုံးကွယ်ထားသော အပြစ်တင်မှုကို ရင်ဆိုင်ရသည့်အခါ သူ၏ခေါင်း၌ ချွေးများစို့လာသည်။
“ ဗိုလ်ချုပ်လာဗတ်။ဒိုမီနစ်သေတာ အလကား ဖြစ်လို့မဖြစ်ဘူး။ဒီအခေါက် အမှောင်လမြို့ကိုလာတဲ့ ခေါင်းနှစ်လုံးနဂါး ဗိုလ်ခြေရဲ့ ဆုံးရှုံးမှုက...... ”
ဆိုင်ပရပ်က ကျယ်လောင်စွာ ပြောသည်။
ဆိုင်ပရပ်သည် “ လာဗတ် ” ၏ ထိန်းချုပ်မှုအတိုင်း ပြုလုပ်နေသည်ကို လွန်ဘာဒိုမသိပေ။ကိုယ့်ကိုယ်ကိုယ် အဖတ်ဆယ်၍ရကြောင်း ကြားလိုက်သည့်အခါ လွန်ဘာဒို ချက်ချင်း ပြောသည်။
“ ဆာ-လာဗတ်။စိတ်ချပါ။မယ်လွန်မိသားစုက ခင်ဗျားကို ကျေနပ်အောင် လုပ်ပေးပါ့မယ်။ ”
“ လာဗတ် ” က မှုန်မှိုင်းလျက် ခေါင်းညိတ်သည်။
“ ဆိုင်ပရပ်။အရင် ထွက်သွားလိုက်။ ”
ဆိုင်ပရပ် ထွက်သွားပြီးနောက် အခန်းထဲ၌ လာဗတ်နှင့် လွန်ဘာဒိုတို့သာ ကျန်ခဲ့သည်။“ လာဗတ် ” ၏ အသံသည်လည်း အနည်းငယ် တိုးသွားသည်။
“ အဲဒီဟာ.... ”
လွန်ဘာဒိုက အားတက်သရောနှင့် ခပ်မြန်မြန် ပြောလိုက်သည်။
“ အဲဒီဟာက တစ်ရက်အတွင်း အပြည့်အဝ ရင့်မှည့်လာမှာပါ။နှစ်ရက် မကျော်ပါဘူး။ ဆာ့ကို အဲဒီနေရာဆီ လိုက်ပို့ဖို့လိုအပ်တယ်။ ”
ရင့်မှည့်ဖို့လား။ချန်လွေ့က တစ်စုံတစ်ခုကို တွေးမိလိုက်ပြီး စကားအတိုင်း လိုက်ပြောသည်။
“ အဲဒီပစ္စည်းက ဘယ်လောက်အရေးပါလဲဆိုတာ ခင်ဗျားသိမှာပါ။ပြဿနာ မရှိဘူးဆိုတာ သေချာရဲ့လား။ ”
“ လုံးဝပြဿနာ မရှိပါဘူး။ ”
လွန်ဘာဒိုသည် သေချာပေါက် အာမခံနိုင်သည်။
“ မယ်လွန်မိသားစုက အဲဒါကို စောင့်ကြပ်နေတာ ဆယ်စုနှစ်ကျော်ပြီ။အခုတော့ အဲဒီတာဝန် ပြီးမြောက်ဖို့ အချိန်ရောက်ပြီ။ ”
ဆယ်စုနှစ်ကျော် စောင့်ကြပ်နေတယ်လား။ချန်လွေ့၏မျက်လုံးများ ကျုံ့သွားသည်။ ဘာများလဲ။အဲဒါက အရိပ်မြူနှင်းပန်းလား။ဒါမှမဟုတ် ဓမ္မတေးသစ်သီးလား။ငါ ဒီလောက်တောင် ကံကောင်းနေတာလား။
အခုချက်ချင်းတော့ ငါတောင်းဆိုလို့ မရသေးဘူး။မဟုတ်ရင် ငါအရင်က ကြိုးစားခဲ့တာတွေအကုန် အလကား ဖြစ်သွားမယ်။
“ ဆာ စိတ်ချတယ်ဆိုရင်တော့ ဆာ့ကို ထပ်ပြီးတော့ သွားလည်ဖို့ ခေါ်သွားပါ့မယ်။ ”
“ လာဗတ် ” မျက်မှောင်ကြုတ်ပြီး တိတ်ဆိတ် နေသည်ကိုကြည့်ရင်း လွန်ဘာဒိုသည် “လာဗတ်” လိုချင်နေသည့်အရာ အတိအကျကို ပြောလိုက်သည်။ချန်လွေ့သည် သွားချင်နေသော်လည်း ခဏမျှ ဟန်ဆောင် ညည်းညူပြီး “ တွန့်တွန့်ဆုတ်ဆုတ်နှင့် ” သဘောတူလိုက်သည်။
လွန်ဘာဒိုသည် စာကြည့်ခန်းဆီသို့ ချန်လွေ့ကို ဦးဆောင်သွားပြီး စာအုပ်စင်တစ်ခုကို ရွှေ့လိုက်သည်။နောက်ဘက်၌ လျို့ဝှက်တံခါးတစ်ခု ရှိနေသည်။
တစ်ခါတည်း ရွှေ့လိုက်တယ်လား။ချန်လွေ့သည် စိတ်ထဲ၌ ဝေဖန်လိုက်သည်။ စာအုပ်တစ်အုပ် ရွေးရမှာ၊ ဒါမဟုတ် စာအုပ်အတိုင်တစ်ခုကို လှည့်ရမှာ မဟုတ်လား။ဒီလိုဒီဇိုင်းပုံစံမျိုးက သိပ်ပြီးတော့လည်း မဆန်းကြယ်ဘူး။
လျို့ဝှက်ဝင်ပေါက်သို့ ဝင်ပြီးနောက် သူတို့နှစ်ယောက်သည် လှေကားထစ် တစ်လျှောက် တစ်လှမ်းချင်း ဆင်းလာကြသည်။အပူချိန် နိမ့်သထက် နိမ့်လာသည်ဟု ချန်လွေ့ ခံစားလာရသည်။ထို့နောက်တွင် အရိုးထိအောင် အေးစိမ့်လာသည်။ အနီးအနားရှိ မှော်မီးအိမ်များ၏ အလင်းရောင်အောက်၌ နံရံများသည်ပင် ရေခဲများ ဖုံးလွှမ်းနေကြောင်း ချန်လွေ့ မြင်နေရသည်။
လွန်ဘာဒို၏လက်ချောင်း၌ အနီရောင်ဖျော့ဖျော့ အလင်းရောင်ရှိနေပြီး အနွေးပစ္စည်းတစ်မျိုးမျိုးကို ဖွင့်လိုက်ပုံရသည်။“ လာဗတ် ” ဘာမှမဖြစ်သည်ကို ကြည့်ရင်း လွန်ဘာဒိုက ပြောသည်။
“ ဆာ။ဒီတစ်ခေါက် အနွေးလက်စွပ် မလိုတော့ဘူးလား။ ”
အနွေးလက်စွပ်က တကယ့်လာဗတ်နဲ့ ရှိနေတာ ဖြစ်မယ်။ ကံမကောင်းစွာနဲ့ပဲ [ မီးသင့်နဂါး သတ်ဖြတ်ခြင်း ] က တော်တော်လေး ကြောက်စရာကောင်းတယ်။ လေဟာနယ်ကိရိယာကို မပြောနဲ့။လူတစ်ကိုယ်လုံးတောင် ပြာဖြစ်သွားတယ်။ ပစ္စည်းကောင်းတွေအားလုံးက အမည်မသိ နေရာထဲမှာ ချိပ်ပိတ်ထားတာလေ။ငါ့မှာ ဘယ်လိုလုပ်ပြီးတော့ အနွေးလက်စွပ် ရှိမှာလဲ။
“ ဟမ့် ”
ချန်လွေ့ လုံးဝပြန်မဖြေဘဲ နှာမှုတ်လိုက်သည်။
လွန်ဘာဒိုသည် အလိုက်သိပြီး ရုတ်တရက် သဘောပေါက်သွားဟန်တူသည်။
“ ဆာ။ခင်ဗျားက ခန္ဓာကိုယ်ကို လှုံ့ဆော်ဖို့အတွက် ဒီရေခဲကိုသုံးပြီးတော့ မီးမှော်ပညာကို လေ့ကျင့်ဖို့ ကြိုးစားနေတာလား။ဆာက တကယ့်ကို မိုက်တဲ့အစွမ်းထက်ပုဂ္ဂိုလ်တစ်ယောက်ပဲ။ ”
ချီးကို မိုက်တာလား။ငါ့မှာ အဲဒီလက်စွပ်ရှိရင် ဘာလို့ ဒုက္ခခံနေမှာလဲ။ ချန်လွေ့သည် ထိုသူကို မကျေမနပ် ကြည့်လိုက်သည်။သို့သော်လည်း ထိုကဲ့သို့ အပူချိန်သည် ရေခဲမြစ်၌ လေ့ကျင့်ခဲ့သော ချန်လွေ့အဖို့ ဘာမျှမဟုတ်ပေ။
သူတို့နှစ်ဦး ဆက်ပြီး ဆင်းသွားနေရင်း အပူချိန် ပိုပို၍ နိမ့်ကျလာကာ ချန်လွေ့ပင် သည်းမခံနိုင်တော့ပေ။လွန်ဘာဒွန်သည် နှာပင်ချေနေသည်။သူ၏အမြင့်ဆင့်နတ်ဆိုး စွမ်းအားနှင့်အတူ အနွေးလက်စွပ် ပေါင်းလိုက်သော်လည်း ထိုကဲ့သို့ အေးစက်မှုကို မခုခံနိုင်သေးပေ။
ချန်လွေ့ ပို၍သိချင်သွားသည်။ အမှောင်လမြို့မှာ ဒီလိုထူးဆန်းတဲ့နေရာ ရှိလိမ့်မယ်လို့ ငါလုံးဝ မထင်ထားခဲ့ဘူး။ဒီလိုနေရာမျိုးမှာ ဘယ်လိုမျိုး “ ရင့်မှည့် ” နေတဲ့အရာက ရှိနေမှာလဲ။
နောက်ဆုံး၌ သူတို့သည် လှေကားထစ် ဆင်း၍ပြီးသွားသည်။ထို့နောက်တွင် ရှည်လျားသော လမ်းကြောင်းတစ်ခု ရှိသည်။အလင်းရောင်မှာ ပို၍ပို၍ တောက်ပလာသည်။နောက်ဆုံး၌ ချန်လွေ့အရှေ့မှ လွန်ဘာဒိုသည် ခြေလှမ်းများကို ရပ်တန့်လိုက်သည်။သူ၏အရှေ့၌ ရေခဲဂူတစ်ခု ရှိနေသည်။လမ်းတစ်လျှောက်၌ အရောင်မှိန်မှန် တောက်ပနေသော ရေခဲများ အဖက်ဖက်၌ ရှိသည်။ထိုကြီးမား ကြံ့ခိုင်သော ရေခဲများသည် အလင်းရောင်များ ထုတ်လွှတ်နေပုံပေါ်သည်။ သို့သော်လည်း အကြီးမားဆုံး အလင်းအရင်းအမြစ်မှာ အတွင်းထဲရှိ တစ်စုံတစ်ခုမှ လာနေသည်။
၎င်းသည် အလွန်သေးငယ်သော နှင်းဖြူပင်တစ်ပင် ဖြစ်ပြီး အရွက်(၇)ရွက် ရှိသည်။သစ်သီး(၃)လုံး ရှိသည်။အနီးကပ် ကြည့်ပြီးသည့်အခါ အပင်၊အသီးနှင့် အရွက်တို့သည် ကျွမ်းကျင် လက်မှုပညာသည် တစ်ယောက် ထွင်းထုထားသော ရေခဲကဲ့သို့ပင် ဖြစ်နေသည်။
ဒါက ဘာများလဲ။
ဒါက မြေဒြပ်စင်ဘုရင်ပြောတဲ့ အရိပ်မြူနှင်းပန်းလည်း မဟုတ်ဘူး။ဓမ္မတေး သစ်သီးလည်း မဟုတ်ဘူး။ဒါပေမဲ့ ရှားပါးပစ္စည်းဆိုတာတော့ သေချာတယ်။မဟုတ်ရင် မယ်လွန်မိသားစုက ဒါကို ဆယ်စုနှစ်ကျော်ကြာအောင် ကာကွယ်မှာ မဟုတ်ဘူး။
ချန်လွေ့ စိုက်ကြည့်နေစဉ် လွန်ဘာဒိုက သွားများ ခိုက်ခိုက်တုန်နေရင်း ပြောလိုက်သည်။
“ ဆာ-လာဗတ်။ခင်ဗျားမြင်တဲ့အတိုင်းပဲ ဘုံဘုရင် သစ်သီးက ဒီနှစ်ရက်အတွင်း ရင့်မှည့်လာမှာ။အားလုံးက ထိန်းချုပ်မှုအောက်မှာပဲ။ ”
ဒါကို ဘုံဘုရင်သစ်သီးလို့ ခေါ်တာကိုး။ ချန်လွေ့ အသာလေး ခေါင်းညိတ်လိုက်သည်။သူသည် ဘုံဘုရင်သစ်သီးဆီသို့ ဖြည်းဖြည်းချင်းသွားပြီး အဝိုင်းပတ်ကာ စစ်းဆေးကြည့်သည်။ထို့နောက် လွန်ဘာဒိုဆီ ပြန်လာပြီး ဘာမှမပြောပေ။
လွန်ဘာဒိုသည် ဒိုမီနစ်၏ သေဆုံးမှုကြောင့် ဒု-ဗိုလ်ချုပ် အလွန်ဒေါသထွက်နေကြောင်း သိသည်။သူသည် သတင်းမှားပေးခဲ့မိသည့်အတွက် အပြည့်အဝ တာဝန်ယူရပေမည်။ သို့မဟုတ်လည်း “ လာဗတ် ” ၏ အပြစ်တင်ခြင်းကို ခံရမည်ဖြစ်သည်။၎င်းသည် စွမ်းအားကြီးသူ၏ အထူးအခွင့်အရေး ဖြစ်သည်။
လွန်ဘာဒိုသည် အအေးကို ဂရုမစိုက်နိုင်တော့ဘဲ သူ၏လက်ထဲမှ သိုလှောင် လက်စွပ်ကို အမြန်ချွတ်ကာ လက်နှစ်ဖက်ဖြင့် ကမ်းပေးလိုက်သည်။
“ ဒါက ကျုပ်ဆီက လက်ဆောင်လေးတစ်ခုပါ။လက်ခံပေးပါ။ ”
ချန်လွေ့သည် လွန်ဘာဒို ကမ်းလှမ်းသော လေဟာနယ်လက်စွပ်ကို ယူပြီး အသိစိတ်ဖြင့် အတွင်းထဲသို့ စစ်ကြည့်လိုက်သည်။အဆင့်မြင့် မှော်ကုန်ကြမ်း ပစ္စည်းများနှင့် သလင်းကျောက်နက် ဒင်္ဂါများ အမြောက်အမြား ရှိသည်။အကယ်၍ ချန်လွေ့သာ အဆိပ်နဂါး၏ ရတနာများကို မရရှိခဲ့လျှင် ၎င်းသည် သူ၏အကြီးမားဆုံး ရတနာများ ဖြစ်နေမည် ဖြစ်သည်။အမြဲပင် ကပ်စေးနဲခဲ့သော လွန်ဘာဒိုသည် ယခုအချိန်၌ အမှန်တကယ်ပင် အများအပြား သုံးစွဲခဲ့သည်။
အဆိပ်နဂါး၏ ရတနာများနှင့်ယှဉ်လျှင် ၎င်းတို့သည် ဘာမှမဟုတ်ပေ။ချန်လွေ့သည် လက်စွပ်ကို အေးအေးဆေးဆေး ယူလိုက်သည်။လွန်ဘာဒိုသည် တစ်ချိန်လုံး စောင့်ကြည့်နေသည့်အတွက် လာဗတ် စိတ်မလှုပ်ရှားသည်ကို သတိထားမိသည်။ လာဗတ်သည် ထိုထက်ပိုများသည်ကို တွေ့ဖူးသည်ဟု စိတ်ထဲ၌ တွေးမိလိုက်ပြီး လွန်ဘာဒို ထပ်ဖြည့်ပြောသည်။
“ ဆာက ရာဖြတ်မှာလည်း ကျွမ်းကျင်တယ်လို့ ကြားတယ်။မယ်လွန်မိသားစု ဂိုဒေါင်ထဲမှာ မသတ်မှတ်ရသေးတဲ့ ရတနာတွေ ရှိနေသေးတယ်။နောက်ကျရင် ဆာ ကူညီပြီးတော့ ရာဖြတ်ပေးနိုင်မလား။ ”
ဒါက သိသိသာသာကြီး လာဘ်ထိုးတာပဲ။ချန်လွေ့သည် အနည်းငယ်ထူးဆန်းသလို ခံစားလိုက်ရသည်။ လွန်ဘာဒိုက ဘာလို့ ဒီလောက်တောင် လာဗတ်ကို လာဘ်ထိုးနေရတာလဲ။နတ်ဆိုးကုန်ကူးမှု လုပ်ငန်းအတွက်ပဲလား။ဒါမှမဟုတ် ချော်ရည်ပြာ လမ်းကြောင်းအတွက်ပဲလား။ကုန်ကျမှုက တော်တော်လေး ကြီးမားတာပဲ။
ပြီးတော့လည်း လွန်ဘာဒိုရဲ့ အမူအရာကို ကြည့်ရတာ သူနဲ့ ချော်ရည်ပြာနယ်မြေ ပူးပေါင်းနေတာ တစ်ရက်နှစ်ရက် မကတော့ဘူး။
“ ကောင်းပြီလေ။ ”
ချန်လွေ့၏ အမူအရာ နှေးသွားပြီး နောက်ဆုံး၌ ပြောလိုက်သည်။
နောက်ဆုံး၌ ချန်လွေ့သည် အကျိုးအမြတ်များကို လက်ခံလိုက်သည်။ဒိုမီနစ်ကိစ္စ ပြီးဆုံးသွားလေပြီ။လွန်ဘာဒိုသည် စိတ်ထဲ၌ သက်သာရာရသွားပြီး ပြုံးလိုက်သည်။
“ ဆာ။ကျုပ်ရဲ့သား ဝီလျံမယ်လွန်က ဆာ-ဖိုဒေါရဲ့ လက်အောက်မှာရှိတဲ့ သွေးလှိုင်း ဗိုလ်ခြေမှာ အခု တာဝန်ထမ်းဆောင်နေတယ်။သူ့ကို သေချာဂရုစိုက်ပေးပါ။ ”
ဒါကြောင့်ကိုး။ ချန်လွေ့က အသာလေး ခေါင်းညိတ်လိုက်သည်။
“ ဝီလျံမယ်လွန်။ကျုပ် အဲဒီနာမည်ကို မှတ်ထားလိုက်မယ်။ ”
လွန်ဘာဒို အလွန်ပျော်ရွှင်သွားပြီး အရိုအသေ ပေးလိုက်သည်။
“ ကျေးဇူးတင်ပါတယ် ဆာ။ဒီမှာ တော်တော်လေး အေးတယ်။ကျုပ်မှာက ဆာ့လိုမျိုး အစွမ်းမရှိဘူး။အနွေးလက်စွပ်နဲ့တောင် ကျုပ် မခုခံနိုင်တော့ဘူး။ရတနာတွေကို သတ်မှတ်ဖို့အတွက် ဆာ့ကို ဂိုဒေါင်ဆီ ဖိတ်ခေါ်ချင်ပါတယ်။ ”
ချန်လွေ့ ခေါင်းညိတ်ပြီး ခက်ခဲအောင် မလုပ်တော့ဘဲ လွန်ဘာဒို နောက်လိုက်သွားသည်။လွန်ဘာဒိုက ချန်လွေ့ကို ကျေနပ်စေရန် ကြိုးစားနေစဉ် ချန်လွေ့သည် နဂါးငွေ့တန်းဥယျာဉ်ဖြင့် တိတ်တိတ်လေး စမ်းကြည့်ခဲ့သည်။ မြူနှင်းသည် ဘုံဘုရင် သစ်သီးတစ်ဝိုက် လှည့်ပတ်သွားသော်လည်း မည်သည့်အသိပေးချက်မှ မပေါ်ထွက်လာပေ။၎င်းသည် အပင်လည်းမဟုတ်၊ ရေအရင်းမြစ်လည်း မဟုတ်သကဲ့သို့ပင် ဖြစ်နေသည်။
နှစ်ရက်ကြာပြီးလျှင် ဘုံဘုရင်သစ်သီး ရင့်မှည့်မည် ဖြစ်သည်။လွန်ဘာဒို၏ စကားသံအရ ထိုအရာသည် အလွန်ရှားပါးသည်။လာဗတ်ကိုယ်တိုင် အသုံးမပြုသင့်ဘဲ ချော်ရည်ပြာအရှင်သခင်ကဲ့သို့ အရေးကြီးသူတစ်ယောက်ကို ပေးသင့်သော အရာဖြစ်သည်။
ဘယ်လိုပဲဖြစ်ဖြစ်ပါ။အခု ငါက လာဗတ်နေရာကို ယူထားတယ်ဆိုတော့ အဲဒါကို ငါသုံးလို့မရရင်တောင် ဝှက်ထားရမယ်။ဒါမှမဟုတ် ဖျက်ဆီးပစ်ရမယ်။
အရင်ဆုံးတော့ ငါ မယ်လွန်မိသားစုရဲ့ ဂိုဒေါင်ဆီ သွားပြီးတော့ ရတနာတွေကို “ တန်ဖိုးဖြတ် ” ဖို့ ကူညီပေးလိုက်မယ်။