ဘုံဘုရင် သစ်သီး
Vol. 16 Ch. 239
မိသားစုဟောင်းတစ်ခုဖြစ်သော မယ်လွန်မိသားစု၌ ပစ္စည်းကောင်းများ အမြောက်အမြား ရှိသည်။လွန်ဘာဒိုသည် သူ၏သားအတွက် အများအပြား သုံးစွဲရခြင်းကို စိတ်ထဲထားပုံမရချေ။ချန်လွေ့သည် ပါးစပ်ထဲရောက်လာသော သိုးဝဝကို လက်လွှတ်သည်အထိ မတုံးအပေ။ထို့ပြင် ဆာ-ချန်လွေ့သည် သာမန်ဝံပုလွေတစ်ကောင် မဟုတ်ပေ။
ဝမ်းနည်းစရာတစ်ခုမှာ ချန်လွေ့ လိုချင်နေသော အရိပ်မြူနှင်းပန်းနှင့် ဓမ္မတေးသစ်သီးတို့ ရှိမနေခြင်းပင် ဖြစ်သည်။မယ်လွန်မိသားစုထံမှ ပစ္စည်းကောင်းများကို ညှာတာမှုမရှိဘဲ ယူပြီးနောက် ချန်လွေ့သည် အားတင်းပြုံးနေရသော မိသားစုခေါင်းဆောင်အား ခေါင်းညိတ်ပြလိုက်သည်။ ထို့နောက် ချန်လွေ့သည် ဆိုင်ပရပ်ကိုခေါ်ပြီး ထွက်သွားတော့သည်။
ထွက်မသွားခင်က ချန်လွေ့သည် ဆိုင်ပရပ်ကို ထိန်းချုပ်ပြီး ဝံပုလွေတို့၏ နာမည်ကြီး စကားတစ်ခွန်းကို ချန်ထားရန် မမေ့ခဲ့ပေ။
“ ကျုပ် သေချာပေါက် ပြန်လာခဲ့မယ်။ ”
၎င်းသည် သိုးခေါင်းဆောင်အား မျက်ရည်နှင့်မျက်ခွက် ဖြစ်သွားစေသည်။
ဆိုင်ပရပ်အား တစ်နေရာရာ၌ ပစ်ထားပြီးနောက် ချန်လွေ့သည် အက်ဂ်ယောပုံစံ ပြန်ပြင်ပြီး ပြိုင်ကွင်းဆီသို့ သွားသည်။အဆိပ်နဂါး၊ရိုမန်၊ဒေလီယာနှင့် ဒိုဒိုတို့အတွက် ပြိုင်ကွင်းဖြစ်စေ၊ စမ်းသပ်ခန်းဖြစ်စေ မသင့်တော်ပေ။သို့သော်လည်း ချန်လွေ့သည် အရှေ့မြောက်ရပ်ကွက်၌ ငြိမ်ဝပ်ပိပြားရေး အရာရှိစံအိမ် တည်ဆောက်ရန်အတွက် ရှီရာထံမှ အတည်ပြုမှု ရရှိခဲ့ပြီးပြီဖြစ်သည်။၎င်းသည် တရားဝင်အိမ်၌ သတ်မှတ်နိုင်ပေသည်။
ချန်လွေ့သည် အစက နတ်ဆိုးဘုံနှင့် မရင်းမနှီး ဖြစ်ခဲ့သော်လည်း အသီနာနှင့် ထိုမိတ်ဆွေများနှင့်အတူ နတ်ဆိုးဘုံ၌နေထိုင်ဖြစ်ခဲ့သည်။အချိန်အကြာကြီး နေနေပြီးနောက် နတ်ဆိုးဘုံသည် မူလပိုင်ရှင် အာသာ၏မှတ်ဉာဏ်ထဲမှကဲ့သို့ လုံးဝမဟုတ်ကြောင်း နက်နက်ရှိုင်းရှိုင်း သဘောပေါက်သွားခဲ့သည်။
နတ်ဆိုးဘုံသည် သွေးများစွန်းထင်းနေသော အသူရာချောက်နက်တစ်ခုဖြစ်ပြီး ရက်စက်သော၊ သွေးဆာသော၊ ဒေါသကြီးသော ၊ သားရဲကဲ့သို့ နတ်ဆိုးသတ္တဝါများ ပြည့်နှက်နေသည်။သူတို့သည် တစ်နေ့လုံး သတ်ဖြတ်နေကြသည်။နေရာတိုင်း၌ အရိုးများပုံနေကြသည်.....
ထိုသီဝရီများသည် အမုန်းတရားကို နက်ရှိုင်းစေသည့် လှည့်ကွက်များထက် မပိုခဲ့ပေ။နတ်ဆိုးဖြစ်ခြင်းသည် အုပ်စိုးမှုအဆင့်အတန်းအတွက် ထူးဆန်းသော နိုင်ငံရေးနည်းလမ်းများ မဟုတ်ပေ။နတ်ဆိုးဘုံ၌ ကိုယ်ပိုင်မျိုးနွယ်နှင့် ကိုယ်ပိုင် လူမှုအဖွဲ့အစည်း ရှိကြသည်။အမှန်တကယ်၌ သူတို့သည် အခြားပတ်ဝန်းကျင်မှုနေပြီး အသွင်အပြင် အနည်းငယ်ကွာခြားသော လူသားများထက် မပိုခဲ့ပေ။သေချာသည်မှာ နတ်ဆိုးများသည် ခွန်အားနှင့်ပတ်သက်သည့်အရာမှန်သမျှကို လေးစားကြသည်။ စီးပွားရေး၊လုပ်ငန်းနှင့် အခြားအရာများကို အတော်လေး လျစ်လျူရှုကြသည်။
နတ်ဆုံးဘုံ၌လည်း အယုံသွင်းသော နိုင်ငံရေးသဘောတရားများ ရှိသည်။ သို့သော်လည်း မြေပေါ်မှနှင့်မတူသည်မှာ နတ်ဆိုးဘုံသည် ရှုံးနိမ့်ခြင်း၏ အရှက်ရမှုကို အကျယ်ချဲ့ခြင်းပင် ဖြစ်သည်။တစ်ချိန်တည်းမှာပင် သူတို့သည် မြေပေါ်ကို သက်တောင့်သက်သာရှိပြီး လှပသောနေရာအဖြစ် ဖော်ပြကြသည်။ပြိုင်ဆိုင်မှု ပြင်းထန်သော နတ်ဆိုးများအတွက် ၎င်းသည် နှစ်ဆအားတိုးဆေးပင် ဖြစ်သည်။
အဆိပ်နဂါး၏ လွန်လွန်ကျူးကျူး အော်သံက ချန်လွေ့သည် အိပ်မက်မက်နေရာမှ နိုးထသွားစေသည်။
“ အဲဒါကို ဘုံဘုရင်သစ်သီးလို့ ခေါ်တာ သေချာလား။ ”
ချန်လွေ့ ခေါင်းညိတ်ပြီး ရေခဲဂူအကြောင်း သေသေချာချာ ပြောပြသည်။နောက်ဆုံး၌ ပါ့ဂ်လီအိုသည် ယုံကြည်မှုရှိစွာဖြင့် ခေါင်းညိတ်လိုက်သည်။
“ အရုဏ်ဦးနှင်းခဲ။အဲဒါပဲ။အရုဏ်ဦးနှင်းခဲလိုမျိုး ရှားပါးတဲ့ပတ်ဝန်းကျင်တစ်ခုက အမှောင်လမြို့အောက်မှာ ရှိနေမယ်လို့ ငါမထင်ထားခဲ့ဘူး။ပြီးတော့လည်း အဲဒါက ပိုပြီးတော့ ရှားပါးတဲ့ ဘုံဘုရင်သစ်သီးက်ု ထုတ်ပေးထားတယ်။ကြည့်ရတာ အဲဒီ အရုဏ်ဦးနှင်းခဲဂူက အနည်းဆုံးတော့ နှစ်ပေါင်းသောင်းနဲ့ချီ ရှိနေရမယ်။ ”
“ ပါ့ဂ်လီအို။ဘုံဘုရင်သစ်သီးက ဘာကြီးလဲ။ ”
ပါ့ဂ်လီအိုသည် သိချင်နေကြသော အသီနာနှင့် အခြားသူများကိုကြည့်ပြီး ပြောလိုက်သည်။
“ မိစ္ဆာသစ်သီးက တော်ဝင်မိသားစုကလွဲပြီး နတ်ဆိုးအားလုံး လိုချင်တဲ့ ရတနာတစ်ခုဆိုရင် ဘုံဘုရင်သစ်သီးက နတ်ဆိုးဧကရာဇ် အဆင့်တွေအတွက် အနှိုင်းမဲ့ရတနာတစ်ခုပဲ။ ”
အတိအကျပြောရလျှင် ဘုံဘုရင်သစ်သီးမှာ သစ်သီးအစစ်အမှန် မဟုတ်ဘဲ အရုဏ်ဦးနှင်းခဲအတွင်း၌ ဖြစ်တည်လာသော အမြုတေ ဖြစ်သည်။၎င်းကို သုံးစွဲပြီးလျှင် ထင်ယောင်ထင်မှားဖြစ်ခြင်းနှင့်တူသော ထူးဆန်းသည့်ခံစားချက်များကို ထုတ်လုပ်ပေးသည်။ထို “ ထင်ယောင်ထင်မှားဖြစ်ခြင်း ” သည် အလွန်ထူးခြားလှသည်။ ၎င်းသည် အသုံးပြုသူ၏ အသိစိတ်မှ ဆင်းသက်လာသည့် အမျိုးမျိုးသော စိတ်ဝိညာဉ်အမှတ်အသားကို စုပ်ယူနိုင်စေသည်။
စိတ်ဝိညာဉ်အမှတ်အသားကို “ ပိုင်နက် ” ခံစားချက်တစ်ခုအဖြစ် သတ်မှတ်၍ရသည်။၎င်းသည် နတ်ဆိုးဧကရာဇ်အဆင့်များကို ပိုင်နက်စွမ်းအား တိုးမြင့်စေပြီး နားလည်စေသော အံ့ဩဖွယ်ရာ ပစ္စည်းတစ်မျိုးပင် ဖြစ်သည်။
နတ်ဆိုးဧကရာဇ်နှင့် နတ်ဆိုးအရှင်သခင်တို့သည် အမြင့်လွှာများ ဖြစ်ကြသည်။ ထိုအလွှာအတွက် “ ပိုင်နက် ” သည် အရေးကြီးဆုံး သော့ချက် ဖြစ်သည်။ နတ်ဆိုးဧကရာဇ်များအတွက် ဘုံဘုရင်သစ်သီး၏ စိတ်ဝိညာဉ်အမှတ်အသားသည် ပိုင်နက်-အတု ဖြစ်ပေါ်လာစေနိုင်ပြီး ၎င်းကို စွမ်းအားတိုးစေသည်။ နတ်ဆိုးအရှင်သခင်၏ စစ်မှန်သော ပိုင်နက်အတွက်ပင် အတိုင်းအတာတစ်ခုအထိ စွမ်းအားတိုးစေသည်။သို့သော်လည်း ၎င်းသည် နတ်ဆိုးဧကရာဇ်နှင့်ယှဉ်လျှင် သက်ရောက်မှု နည်းပါးလှသည်။
ဘုံဘုရင်သစ်သီး၌ အလွန်အမင်း အစွမ်းထက်သော အားတစ်ခုပါဝင်ပြီး ၎င်းသည် အသုံးပြုသူ၏ စွမ်းအားကို ကြီးကြီးမားမား တိုးတက်စေသည်။သို့သော်လည်း အရေးကြီးဆုံးမှာ ပိုင်နက်၏ စိတ်ဝိညာဉ် အမှတ်အသားပင် ဖြစ်သည်။
“ ဘုံဘုရင်သစ်သီးက တော်တော်လေး စွမ်းအားကြီးတယ်။အဲဒါကြောင့် နတ်ဆိုးဧကရာဇ်နဲ့ အထက်ကသူတွေပဲ ခံနိုင်ရည်ရှိတယ်။ပြီးတော့လည်း အဲဒါကို ရင့်မှည့်ပြီး သုံးလအတွင်း အသုံးပြုရမယ်။ဒါမှမဟုတ်ရင် အဲဒါက အလိုအလျောက် နွမ်းခြောက်ပြီးတော့ အာနိသင်ပျောက်ဆုံးသွားမယ်။ ”
ပါ့ဂ်လီအို မျက်မှောင်ကြုတ်လိုက်သည်။
“ အမှောင်လမြို့ကို လာဗတ်လာတာက ဘုံဘုရင်သစ်သီးကို ခူးဖို့အတွက်ပဲ။သူက နတ်ဆိုးဧကရာဇ် တစ်ယောက်ကို ပေးဖို့များလား။ ”
“ ကောလာဟလအရတော့ ချော်ရည်ပြာ အုပ်စိုးသူရဲ့စွမ်းအားက မဟာနတ်ဆိုး ဘုရင်အဆင့် ထိပ်သီးပိုင်းပဲ။ဒါပေမဲ့ သူ့ရဲ့စွမ်းအားကို ဖုံးကွယ်ထားတာလည်း ဖြစ်နိုင်တယ်။ ”
ချန်လွေ့ ညည်းညူလိုက်သည်။
“ ပါ့ဂ်လီအို။ဘုံဘုရင်သစ်သီးက ခင်ဗျားအတွက် အသုံးဝင်လား။ ”
အဆိပ်နဂါး ခေါင်းခါလိုက်သည်။
“ ငါက ပိုင်နက်ရဲ့ စစ်မှန်တဲ့စွမ်းအားကို သဘောပေါက်ပြီးသွားပြီ။အဲဒါကြောင့် ငါ့အတွက် နည်းနည်းပဲ အသုံးဝင်တယ်။မင်းအတွက်မင်းပဲ သိမ်းထားသင့်တယ်။ဒါပေမဲ့ သုံးလအတွင်းမှာ မင်းက နတ်ဆိုးဧကရာဇ်အဆင့်ကို ရောက်ရမယ်။ ”
အဆိပ်နဂါး၏ မျက်နှာပေါ်ရှိ အပြုံးကိုကြည့်ရင်း ချန်လွေ့က အဆိပ်နဂါးသည် တမင်လှောင်ပြောင်နေခြင်းဖြစ်ကြောင်း သိလိုက်သည်။ဒါက ပါ့ဂ်လီအိုအတွက်ရော၊ အစစ်အမှန်ပိုင်နက် ဖြစ်တော့မယ့် ယောက္ခမအတွက်ရော အသုံးမဝင်ဘူး။ မိစ္ဆာသစ်သီးစားခဲ့တဲ့ ပြိဿအကြီးအကဲ ဒယ်လောင်က နတ်ဆိုးဧကရာဇ်ဖြစ်ဖို့ အခွင့်အရေး ကြီးကြီးမားမား ရှိတယ်။ဒါပေမဲ့ သုံးလက လောက်မလောက်ဆိုတာတော့ မသေချာဘူး။ဘယ်လိုပဲဖြစ်ဖြစ် ဘုံဘုရင်သစ်သီးတွေကို ငါရရမယ်။သစ္စာဖောက် ချော်ရည်ပြာအုပ်စိုးသူဆီ မပေးလိုက်နိုင်ဘူး။ဘုံဘုရင်သစ်သီးက နတ်ဆိုးဧကရာဇ်တွေ အတွက် အရေးကြီးတယ်ဆိုတော့ ဈေးကောင်းကောင်းနဲ့ရောင်းဖို့၊ ဒါမှမဟုတ် လိုအပ်တာတစ်ခုခုအတွက် လဲလှယ်ဖို့ အဆင်ပြေလောက်မှာပါ။ ”
“ ချန်လွေ့...... ”
ဒေလီယာ ရုတ်တရက် ပြောလိုက်သည်။
ချန်လွေ့ ကြက်သေသေသွားပြီး မေးသည်။
“ ဒေလီယာ။မင်း ဘုံဘုရင်သစ်သီး လိုချင်လား။ဘယ်လောက်လိုချင်လဲ။ ”
“ မဟုတ်ဘူး။ ”
ဒေလီယာ ခေါင်းခါသည်။
“ ရှင် ခုနကပြောတဲ့ သွေးလှိုင်း ဗိုလ်ခြေကို ကျွန်မသိတယ်။အဲဒါက သွေးရောင်အင်ပါယာရဲ့ ဗိုလ်ခြေသုံးခုထဲက တစ်ခုပဲ။အဲဒါက သွေးရောင်အင်ပါယာရဲ့ ဧကရာဇ်ရိုင်ဇန် ရဲ့ မင်းသားနဲ့ သားအကြီးဆုံးဖြစ်တဲ့ အက်မန့်ရဲ့ လက်အောက်မှာ ရှိတယ်။ဖိုဒေါတာက သွေးလှိုင်းဗိုလ်ခြေရဲ့ ဒု-ဗိုလ်ချုပ်ပဲ။ ”
သွေးရောင်အင်ပါယာလား။ချော်ရည်ပြာနယ်မြေ မဟုတ်ဘူးလား။ဒေလီယာရဲ့ သတင်းအချက်အလက်က တော်တော်လေး အံ့ဩစရာကောင်းတာပဲ။
ကြည့်ရတာ မယ်လွန်မိသားစုကို ငါ အထင်သေးနေသေးတဲ့ပုံပဲ။ပုံမှန်ဆိုရင် မိသားစုကြီးတွေက သူတို့ရဲ့ အရိုက်အရာကို အရေးထားကြတယ်။ဒီလိုမျိုး အန္တရာယ်ရှိတဲ့ နေရာမျိုးဆီ ပို့မှာမဟုတ်ဘူး။မယ်လွန်မိသားစုရဲ့..... ကစားပွဲအစီအစဉ်က တော်တော်လေး ကြီးတာပဲ။ကြယ်ကြွေတမန် အင်ပါယာကို ကျော်လွန်သွားပြီးတော့ သွေးရောင်အင်ပါယာအထိ ရောက်သွားတယ်။သူ့ရဲ့သားပါ အဲဒီကို ပို့လိုက်တယ်။
ချန်လွေ့သည် လွန်ဘာဒိုပြောခဲ့သည့်စကားကို ရုတ်တရက် တွေးမိလိုက်သည်။“ မယ်လွန်မိသားစုက ဒါကို စောင့်ကြပ်နေတာ ဆယ်စုနှစ်ကျော်ပြီ။အခုက တာဝန်ပြီးစီးဖို့ အချိန်ပဲ။ ” မယ်လွန်မိသားစုက လွန်ခဲ့တဲ့နှစ်တွေကတည်းက သူလျှိုဖြစ်နေခဲ့တာလား။ဧကန္တ.... မယ်လွန်မိသားစုက အစကတည်းက သွေးရောင်အင်ပါယာက သူလျှိုတွေများလား။ဒါဆိုရင်တော့ ဘုံဘုရင်သစ်သီးက ချော်ရည်ပြာနယ်မြေ အုပ်စိုးသူအတွက် မဟုတ်တော့လောက်ဘူး။အဲဒါက.....
ကြည့်ရတာ မယ်လွန်မိသားစုရဲ့ အချက်အလက်တွေကို သေချာလေ့လာဖို့ လိုတဲ့ပုံပဲ။အမှောင်လမြို့ရဲ့ အနောက်မြောက်ဘလော့မှာ မယ်လွန်မိသားစု ဘယ်တုန်းက စတင်ပေါ်ပေါက်လာခဲ့လဲဆိုတာကို ငါ အဖြေရှာရမယ်။ ချန်လွေ့ မျက်မှောင်ကြုတ်လိုက်သည်။
ဒေလီယာ စကားပြောပြီးနောက်ရုတ်တရက် မျက်မှောင်ကြုတ်လိုက်သည်။ သူ၏မျက်နှာပေါ်၌ ဇာမျက်နှာလွှားရှိနေသော်လည်း သူ၏မျက်လုံးများမှ မခံမရပ်နိုင်သော နာကျင်မှုကို မြင်နေရသည်။ရိုမန်သည် ဒေလီယာ မူမမှန်ဖြစ်နေသည်ကို ချက်ချင်း သတိထားမိသွားသည်။
“ [ ဝိညာဉ်လက်ထိပ် ] ထလာပြန်ပြီလား။ ”
ဘရော့ခ်သည် ယခင်နေ့ရက်များ၌ [ ဝိညာဉ်လက်ထိပ် ] ကို အဆက်မပြတ် နှိုးဆော်ပြီး ဖောက်ခွဲရန်ပင် ကြိုးစားနေသည်။ကံကောင်းစွာပင် လီဗျာသန် အဆောင်ပစ္စည်း ဖြစ်သော ထင်ယောင်မှားဒိုင်းကာသည် အလွန်အမင်း အသုံးဝင်လှသည်။၎င်းသည် ဒေလီယာ၏အသက်ကို ကယ်တင်ပေးခဲ့သည်။
ဒေလီယာ၏လက်ထဲ၌ ထင်ယောင်မှားဒိုင်းကာပေါ်ထွက်လာပြီး အရောင်ဖျော့ဖျော့ တောက်သွားကာ ဒေလီယာ၏နာကျင်မှု ဖြည်းဖြည်းချင်း လျော့ကျသွားသည်။သူ ပြန်တည်ငြိမ်လာရန်အတွက် အချိန်အတော်ကြာသွား၏။
“ ထင်ယောင်မှားဒိုင်းကာနဲ့ဆိုရင် သူ ငါ့ရဲ့အသက်ကို ယူချင်ရင်တောင် လွယ်မှာမဟုတ်ဘူး။ပြီးတော့လည်း သူနဲ့ အရမ်းမနီးနေသရွေ့ ငါ့ရဲ့တည်နေရာကို မရှာတွေ့နိုင်ဘူး။”
ရိုမန် ဒေါသထွက်နေသော်လည်း ဒေလီယာ၏ နာကျင်စရာကောင်းသော မှတ်ဉာဏ်များကို ပြန်နှိုးဆွသွားစေသည့် တစ်စုံတစ် ပြောလိုက်မိသည်ကို စိုးရိမ်သည့်အတွက် လက်သီးကို ကျစ်ကျစ်ဆုပ်ထားလိုက်သည်။
ချန်လွေ့က ပါ့ဂ်လီအိုကို မေးသည်။
“ [ ဝိညာဉ်လက်ထိပ် ] ကို ဖယ်ရှားဖို့ နည်းလမ်းတစ်ခုခု ရှိလား။ ”
ဒေလီယာသည် အစ်ကိုဖြစ်သူ၏ ထိန်းချုပ်မှုကို ခံထားရသည်ကို ပါ့ဂ်လီအိုသိပြီး ဒေလီယာ၏ အခြားဝမ်းနည်းစရာ အတွေ့အကြုံများကို မသိပေ။သို့သော်လည်း သူသည် ဘရော့ခ်အား အလွန်ရွံရှာနေဆဲပင် ဖြစ်သည်။ပါ့ဂ်လီအို ပြောသည်။
“ [ ဝိညာဉ်လက်ထိပ် ] က လီဗျာသန် တော်ဝင်မိသားစုရဲ့ သွေးမျိုးဆက် ပါရမီတစ်ခုပဲ။အဲဒါက တော်တော်လေး ထူးခြားတယ်။အသုံးပြုတဲ့သူကိုယ်တိုင် ဖယ်ရှားတာဖြစ်ဖြစ်၊ သေသွားရင်ဖြစ်ဖြစ်၊ အသုံးပြုခံရသူ သေသွားရင်ဖြစ်ဖြစ် မဟုတ်ရင်တော့ အဲဒါကို လုံးဝဖယ်ရှားဖို့ နည်းလမ်းမရှိဘူး။ ”
ဒေလီယာ ထပ်ဖြည့်ပြောသည်။
“ တကယ်တော့ [ ဝိညာဉ်လက်ထိပ် ] ရဲ့ သက်ရောက်မှုက မိသားစုချင်း တူတူအပေါ်မှာ တော်တော်လေး နည်းပါးတယ်။အသုံးပြုခံရတဲ့သူ အစွမ်းထက်လေလေ သက်ရောက်မှု ပိုနည်းလေလေပဲ။တကယ်လို့ ကျွန်မက ဘရော့ခ်ရဲ့အစွမ်းထက် ပိုသာသွားမယ်ဆိုရင် လက်ထိပ်က အလိုအလျောက် ပျောက်ကွယ်သွားမယ်။ဒါပေမဲ့ အဲဒါက မဖြစ်နိုင်သလောက်ပဲ။ ”
ချန်လွေ့နှင့် ရိုမန်တို့သည် အချင်းချင်းကြည့်လိုက်ပြီး တစ်ယောက်နှင့်တစ်ယောက်၏ ဆုံးဖြတ်ချက်ကို မြင်လိုက်ရသည်။ ဘရော့ခ်ကို သတ်ရမယ်။
သေချာသည်မှာ လုံလောက်သည့်စွမ်းအား မရရှိသေးခင်အထိ သူတို့သည်းခံ နေရပေမည်။
“ ငါ ကြယ်ကြွေတမန် မြို့တော်ကို ခဏလောက်သွားချင်တယ်။ ”
ရိုမန်က ခဏလောက်တွေးပြီး သူ၏အစီအစဉ်ကို ပြောပြသည်။
“ မင်းပြောတဲ့ အစ်ဇဘယ်လာနဲ့ ငါတွေ့ချင်တယ်။ ”
“ ကျွန်မ ရှင်နဲ့ လိုက်သွားမယ်။ ”
ဒေလီယာ မတ်တပ်ရပ်လိုက်သည်။
ရိုမန် ခေါင်းခါသည်။
“ မရဘူး။မင်း ဒီမှာပဲနေ။ဆရာသခင် ပါ့ဂ်လီအိုနဲ့ဆို ဘရော့ခ် ငါတို့ကို ရှာတွေ့ရင်တောင် မင်းဘာမှ ကြောက်စရာမလိုဘူး။ ”
ချန်လွေ့က စိတ်ပူနေသော ဒေလီယာကိုကြည့်ပြီး အကြံဆိုးဖြင့် ထပ်ပြောလိုက်သည်။
“ သူက မုဆိုးမလှလှလေးဖြစ်လို့ မင်းရဲ့အကျင့်ဟောင်း ပြန်ထလာတာလား။ ”
ရိုမန်က သူနိမ့်ကျနေချိန်၌ ကန်ချသော ခေါင်းဆောင်ဖြစ်သူကို မဲ့မဲ့ရွဲ့ရွဲ့ ကြည့်လိုက်သည်။
“ သူက ကြယ်ကြွေတမန် မြို့တော်မှာ လူစီဖာ တော်ဝင်မိသားစုအနေနံ ဟန်ဆောင်ထားတဲ့ ဘယ်ဖီဂေါတော်ဝင်မိသားစုဝင်လို့ မင်းပြောခဲ့တယ် မဟုတ်လား။သူက ငါ့ရဲ့အသိဖြစ်လိမ့်မယ်လို့ ငါ သံသယဝင်နေတယ်။ ”
ချန်လွေ့က ရန်စပြီး ပြောလိုက်သည်။
“ ရည်စားဟောင်းလား။ ”
ဒေလီယာ မျက်မှောင်ကြုတ်သွားသည်။ရိုမန်သည် လူသားအား လက်စားချေလွန်းသည်ဟု စိတ်ထဲ၌ အပြစ်တင်လိုက်သည်။ဗိုလ်ချုပ်ဂျော့ခ်ျ ရောက်လာတုန်းက ငါနည်းနည်းပဲ စနောက်ခဲ့တာ မလား။
“ အဲဒီ အစ်ဇဘယ်လာ ငါ့ရဲ့ဆုံးပါးသွားတဲ့အဖေရဲ့ အဖေတူမအေကွဲ ညီမ ဖြစ်မယ်လို့ သံသယဝင်နေတယ်။ ”
ဒေလီယာ၏ မျက်လုံးများကို ရင်ဆိုင်ရပြီးနောက် ရိုမန်သည် အမှန်အတိုင်း ပြောလိုက်သည်။
“ သူက အကြောင်းတစ်ခုခုကြောင့် မိသားစုနဲ့ ခွဲခွာသွားတယ်။ပြီးတော့ အဲဒီအချိန်ကစပြီး ပျောက်ဆုံးသွားတယ်။မထွက်သွားခင် သူက အမွေခံကျောက်တုံးကို ယူသွားခဲ့တယ်။အဲဒီကျောက်တုံးမှာ အရင်အကြီးအကဲက လျို့ဝှက်နည်းလမ်းတစ်ခုနဲ့ သိမ်းဆည်းထားတဲ့ စွမ်းအားတွေ ရှိတယ်။အဲဒီစွမ်းအားတွေကို ရနိုင်မယ်ဆိုရင် ငါ့ရဲ့စွမ်းအားကို ကြီးကြီးမားမား တိုးတက်အောင် လုပ်နိုင်မယ်။ ”
အမွေခံကျောက်တုံးတဲ့လား။ဒီလိုမျိုး ညစ်တဲ့ ပစ္စည်းလည်း ရှိတာလား။ ချန်လွေ့သည် မတရား သကဲ့သို့ ခံစားလိုက်ရပြီး သူ့တွင် အကြီးမားဆုံး ညစ်သည့်ပစ္စည်း ရှိနေကြောင်းကို မသိတော့ပေ။
အသီနာက သိချင်စိတ်ဖြင့် မေးလိုက်သည်။
“ ရှင့်ရဲ့......အဒေါ်က အဲဒီအမွေခံကျောက်တုံးကို သုံးပြီးတော့ အထဲကစွမ်းအားတွေကို မသုံးဘူးလို့ ရှင် ဘယ်လိုသိတာလဲ။ ”
“ သူ သုံးလို့ရမှာ မဟုတ်ဘူး။ဘာလို့လဲဆိုတော့ အမွေခံကျောက်တုံးက ဘယ်ဖီဂေါ တော်ဝင်မိသားစုရဲ့ ယောက်ျားလေးတွေအတွက်ပဲ ကန့်သတ်ထားလို့ပဲ။ ”
ရိုမန်က ဒေလီယာကို မလုံမလဲစိတ်ဖြင့် ကြည့်လိုက်သည်။
“ ငါ့မိသားစုရဲ့ အစဉ်အလာက နည်းနည်း..... ”
“ ယောက်ျားကြီးစိုးတယ်။ ”
ဒေလီယာက ရိုမန်၏အဖြေကို ကူပြောပေးလိုက်သည်။သူသည် အသေအချာပင် အလွန်မကျေမနပ် ဖြစ်နေသည်။
ငယ်စဉ်ကတည်းက ဖခင်၏အလိုလိုက်မှုကို ခံခဲ့ရသော အသီနာသည် ပို၍ပြင်းပြင်းထန်ထန် တုံ့ပြန်ခဲ့သည်။သူက ရိုမန်ကို စိုက်ကြည့်ပြီး အပြစ်ပြောရန် ပြင်လိုက်စဉ် ရိုမန် ပါးစပ်ဟကာ စကားပြောလိုက်သည်။
“ အဲဒါက အစဉ်အလာဟောင်းပါ။ငါကလည်း အဲဒါကို ဆန့်ကျင်တယ်။အစဉ်အလာက ပျက်ရမှာပဲလေ။ငါချစ်ရတဲ့ဒေလီယာက ငါ့ကိုလက်ထပ်မယ်ဆိုရင် အခုကစပြီး ကတိပေးလိုက်မယ်။ဘယ်ဖီဂေါ မိသားစု အစဉ်အလာကို မိန်းမကြီးစိုးဖို့ ပြောင်းလိုက်မယ်။ ”
ဒေလီယာ၏မျက်နှာသည် ချက်ချင်းပင် နီမြန်းသွားပြီး သူ၏မကျေနပ်မှုအားလုံး လွင့်ပျောက်သွားတော့သည်။
ရိုမန်ပျော်ရွှင်သွားပြီး ဝိုင်တစ်ငုံသောက်လိုက်သည်။သူသည် မျက်ခုံးပင့်ပြီး ချန်လွေ့ကိုပင် ကြွားလိုက်သေးသည်။
ချက်လွေ့ မျက်လုံးလည်လိုက်သည်။ အရှက်မရှိတဲ့သူက ပြိုင်ဘက်ကင်းတယ်ဆိုတာ အမှန်ပဲ။ဒီကောင်က ဒီလောက်လူတွေအများကြီးအရှေ့မှာ ဒီလိုမျိုးအရှက်မဲ့တဲ့ စကားတွေကို ပြောနိုင်တယ်။သူ မဖြေရှင်းနိုင်တာ ဘာရှိမှာလဲ။ ”
“ ဒီကိစ္စက အရမ်းအရေးကြီးတယ်။ငါမင်းနဲ့ လိုက်သွားမယ်။ ”
ချန်လွေ့က မျက်နှာတည်တည်ဖြင့် ပြောသည်။
“ အဲဒီလေဒီက ငါ့ကိုနည်းနည်း စိတ်ဝင်စားနေတဲ့ပုံပဲ။မင်းနဲ့သူ့ရဲ့ ပတ်သက်မှုကို ငါတို့ သက်သေပြနိုင်မယ်ဆိုရင် အမွေခံကျောက်တုံးကို ရဖို့အတွက် ငါနည်းနည်းတော့ စတေးခံနိုင်ပါတယ်။ ”
“ အဟွတ်။အဟွတ်။အဟွတ်။ ”
ရိုမန် ဝိုင်သီးသွားပြီး သွေးအန်လုမတတ် ဖြစ်သွားတယ်။ ဒါက ဘယ်လိုစတေးတာမျိုးလဲ။ငါသူ့ကို ဦးလေးလို့ ခေါ်ရအောင်လုပ်နေတာ အသိသာကြီး။