“ နာမည်ကျော်သွားသော ” မယ်လွန်မိသားစု
Vol. 16 Ch. 240
နောက်ဆုံး၌ ရိုမန်သည် မြို့တော်သို့ မသွားခဲ့ပေ။၎င်းမှာ ဒေလီယာ သဝန်တို၍ ပေးမသွားခြင်း မဟုတ်ဘဲ ပါ့ဂ်လီအိုက တစ်ခုခု ကမ်းလှမ်းခဲ့၍ ဖြစ်သည်။၎င်းမှာ ရိုမန်နှင့် ဒေလီယာတို့အား အချိန်ခဏ လေ့ကျင့်ပေးရန် ဖြစ်သည်။
အမွေခံကျောက်တုံးသည် စွမ်းအားဆက်ခံနိုင်သော်လည်း ၎င်းတွင် အမျိုးမျိုးသော သက်ရောက်မှုများရှိနေပြီး အဓိကသော့ချက်မှာ စွမ်းအားနှင့် လက်ခံသူ၏ သဘောပေါက်မှုအပေါ်၌ မူတည်နေသည်။လက်ရှိ၌ ရှီရာသည် မဟာနတ်ဆိုး ဘုရင်အဆင့် ထိပ်သီးပိုင်း ဖြစ်သည်။ထိုစွမ်းအား၏ ကြီးမားသောအစိတ်အပိုင်းထံသည် ဖခင်ဖြစ်သူ၏ ကျန်ရှိသော အမွေအနှစ်မှ ရရှိလာခြင်း ဖြစ်သည်။ထိုအချိန်က ရှီရာသည် အလွန်မစွမ်းသေးသည့်အတွက် နတ်ဆိုးဧကရာဇ်အဆင့်မရောက်ဘဲ မဟာနတ်ဆိုးဘုရင်အဆင့် ထိပ်သီးပိုင်းသာ ရောက်ရှိခဲ့သည်။ထို့အပြင် ယနေ့ထိတိုင် ရှီရာသည် ထိုစွမ်းအားကို အပြည့်အဝသန့်စင်ပြီး မပေါင်းစပ်နိုင်သေးပေ။ထို့ကြောင့် သူ၏တိုက်ခိုက်ရေးစွမ်းအားသည် ကိုယ်တိုင်အမှန်တကယ် လေ့ကျင့်ထားသော မဟာနတ်ဆိုးဘုရင်အဆင့်များလောက် မမြင့်လှပေ။
အကယ်၍ ရှီရာနှင့် ပါ့ဂ်လီအိုတို့သာ တိုက်ခိုက်ကြလျှင် ပါ့ဂ်လီအိုသည် ရှီရာအား ပိုင်နက်နှင့်အဆိပ် မသုံးဘဲ မဟာနတ်ဆိုးဘုရင်အဆင့် အလတ်ပိုင်းဖြင့်ပင် အနိုင်ယူနိုင်လေသည်။
ရိုမန်နှင့် ဒေလီယာတို့သည် နတ်ဆိုးဘုရင်အဆင့်၌ ရှိနေသည်မှာ အတော်ကြာပြီ ဖြစ်သည်။မကြာသေးမီက ချန်လွေ့ပေးခဲ့သော ထာဝရဆေးရည် တစ်စုံကို သောက်ပြီးနောက် သူတို့သည် မဟာနတ်ဆိုးဘုရင်အဆင့်ရောက်ရန် ခြေတစ်လှမ်း တိုးသွားခဲ့သည်။နတ်ဆိုးဧကရာဇ်တစ်ယောက်ကလည်း သူတို့ကို အထူးလေ့ကျင့်ပေးမည် ဖြစ်၍ သူတို့၏အဆင့်တက်နိုင်ချေမှာ ကြီးကြီးမားမား တိုးတက်သွားမည် ဖြစ်သည်။
မဟာနတ်ဆိုးဘုရင်အဆင့် ရောက်ရှိပြီးနောက်တွင် [ ဝိညာဉ်လက်ထိပ် ]၏ လွှမ်းမိုးမှု အများအပြား လျော့ကျသွားပေမည်။စိတ်မချရသော အမွေခံကျောက်တုံးကို မစဉ်းစားသည့်တိုင် ထိုအကြောင်းရင်း တစ်ခုတည်းကပင် ရိုမန်အား ဒေလီယာနှင့်အတူ လိုလိုလားလား လေ့ကျင့်စေသည်။
အသီနာသည်လည်း နတ်ဆိုးဘုရင်အဆင့် ထိပ်သီးပိုင်း ဖြစ်သည်။သူသည် အစွမ်းထက်ချင်ပြီး ချန်လွေ့ကို အမြဲပင် ကူညီချင်ခဲ့သည်။ထို့ကြောင့် အထူးလေ့ကျင့်ရေး၌ ပါဝင်ရန် ခွင့်တောင်းသည်။စစ်တန်းလျားမှာ တဖြည်းဖြည်းနှင့် အဆင်ပြေလာပြီဖြစ်သည့်အတွက် အသီနာသည် အရတ်စ်အား တာဝန်ယူစေလိုက်သည်။
သုံးရက်ကြာပြီးနောက် ချန်လွေ့သည် ဆိုင်ပရပ်အား မယ်လွန်မိသားစုထံသို့ ခေါ်လာခဲ့သည်။
ဘုံဘုရင်သစ်သီးသည် နှစ်ရက်အတွင်း ရင့်မှည့်မည်ဖြစ်သည်။သို့သော်လည်း ဒုတိယနေ၌ ချန်လွေ့၏ အတွင်းနတ်ဆိုး တိုက်ခိုက်လာပြန်သည်။၎င်းကို ခုခံရန်အတွက် သူအတော်လေး ကြိုးစားလိုက်ရသည်။ ဒါက တိုက်ဆိုင်မှုပဲလား။ငွေသေတ္တာကို ငါဖွင့်ပြီးကတည်းက အတွင်းနတ်ဆိုး တိုက်ခိုက်တဲ့အရေအတွက် တိုးလာတယ်။ဒါပေမဲ့ ကြယ်တာရာကူးပြောင်းခြင်းကတော့ ၅၀% မှာပဲ ရပ်နေတယ်။ နောက်ဆုံးတိုးတက်နှုန်းက ရူးလောက်စရာ ပေါက်ကွဲမှုတစ်ခု ဖြစ်နိုင်တယ်။ အဲဒါကြောင့် ဒါက စမ်းသပ်မှုအကြီးကြီးတစ်ခု ဖြစ်လိမ့်မယ်။
မည်သို့ပင်ဆိုစေကာမူ ရင့်မှည့်ပြီး ဘုံဘုရင်သစ်သီး၏ သက်တမ်းမှာ သုံးလဖြစ်သည်။ထို့ကြောင့် တစ်ရက် နှစ်ရက် နောက်ကျခြင်းသည် ပြဿနာ မဟုတ်ပေ။
ချန်လွေ့ အလျင်မလိုသော်လည်း လွန်ဘာဒိုသည် ကြန့်ကြာမည်ကို ကြောက်နေသည့် အတွက် အနည်းငယ် စိုးရိမ်နေသည်။“ လာဗတ် ” ရောက်လာသည်ကိုမြင်ပြီးနောက် လွန်ဘာဒို စိတ်သက်သာရာ ရသွားသည်။
သူတို့တွေ့ဆုံကြသည်နှင့် ချက်ချင်းပင် ချန်လွေ့က အပြစ်တင်တော့သည်။
“ ခင်ဗျားရဲ့ သတင်းအချက်အလက်တွေက တကယ်ပဲ မှားနေတယ်။အက်ဂ်ယောနဲ့ အရတ်စ်တို့နှစ်ယောက်စလုံး နတ်ဆိုးဘုရင်အဆင့် ရောက်သွားကြပြီ။ဒါကြောင့် ဒိုမီနစ် အသတ်ခံလိုက်ရတာကိုး။မနေ့က ငါကိုယ်တိုင် အဲဒီအက်ဂ်ယောကို ဒဏ်ရာပြင်းပြင်းထန်ထန်ရအောင် လုပ်ခဲ့တယ်။ဒါပေမဲ့ အဲဒီကောင်က တော်တော်လေး ဉာဏ်များတယ်။သူသေတော့မယ့်အချိန် နန်းတော်ထဲ ဝင်ပုန်းနေခဲ့တယ်။ကျုပ် ဒီကိုလာတာက ပိုအရေးကြီးတဲ့ကိစ္စတစ်ခုအတွက်ပဲ။ပြီးတော့ တော်ဝင်မင်းသမီးကို သတိမထားမိစေချင်ဘူး။အဲဒါကြောင့် ဝတ်ရုံဂိုဏ်းကို ကျုပ်ထပ်ပြီး မနှောင့်ယှက်တော့ဘူး။နတ်ဆိုးကုန်ကူးတာကိုတော့ ကျုပ်တို့တွေ နှစ်ဝက်လောက် အရင်ဆုံးရပ်တန့်ထားလိုက်မယ်။အဲဒီအချိန်ကျရင် ကျုပ် အဖြေရလာနိုင်တယ်။ ”
ချန်လွေ့ ပြောခဲ့သမျှတွင် ၅၀% မှားနေသည်။အထူးသဖြင့် နောက်ဆုံးစကားသည် လုံးဝကြွားလုံးထုတ်ခြင်းသာ ဖြစ်သည်။သို့သော်လည်း လွန်ဘာဒို ယုံကြည်နေသည်။ အကြောင်းရင်းမှာ နတ်ဆိုးကုန်ကူးခြင်းသည် ဘုံဘုရင်သစ်သီး၏ အရေးပါမှုနှင့် မယှဉ်နိုင်၍ ဖြစ်သည်။ထို့ကြောင့် လာဗတ်၏ ဆုံးဖြတ်ချက်သည် လုံးဝဆီလျော်သည်။ နှစ်ဝက်ကြာပြီးနောက် အခြေအနေ တည်ငြိမ်သွားသည့်အခါ လာဗတ်သည် ဝတ်ရုံဂိုဏ်းအား တိတ်တဆိတ် ရှင်းပစ်မည် ဖြစ်သည်။
“ ဆိုင်ပရပ်။ငါ အကြီးအကဲလွန်ဘာဒိုနဲ့ ဆွေးနွေးစရာရှိတယ်။မင်း အရင် ထွက်သွားလိုက်။ ”
လွန်ဘာဒို သဘောပေါက်လိုက်ပြီး ရိုနယ်ကိုလည်း ထွက်သွားလိုက်သည်။ထို့နောက် သူသည် ချန်လွေ့အား လျို့ဝှက်ခန်းသို့ခေါ်သွားပြီး အရုဏ်ဦးနှင်းခဲ မြေအောက်လိုဏ်ဂူသို့ ရောက်ရှိသွားသည်။
လွန်ခဲ့သော ၃ရက်နှင့်ယှဉ်လျှင် ထိုသစ်သီးသည် ပို၍ကြည်လင်လာသည်။၎င်းထံမှ ပြင်းထန်သော အငွေ့အသက်တစ်ခု ထုတ်လွှတ်နေသည်။
လွန်ဘာဒိုသည် မှော်ကျောက်စိမ်း သေတ္တာတစ်လုံး ကမ်းပေးပြီး ရိုရိုသေသေ ပြောသည်။
“ အရွက်၇ရွက် ဘုံဘုရင်သစ်သီးက ဘုံဘုရင်သစ်သီးတွေထဲမှာ အကောင်းဆုံးပဲ။ အဲဒီအေးခဲနေတဲ့ အရွက်တွေမှာကြောင်း ကြီးမားတဲ့ အာနိသင်တွေ ရှိတယ်။ ”
ပါ့ဂ်လီအို၏ ညွှန်ကြားချက်အတိုင်း ချန်လွေ့သည် အရွက်များကို အရင်ခူးသည်။ နောက်မှ အသီးများကို ခူးသည်။နောက်ဆုံး သစ်သီးကို ခူးပြီးသည့်အခါ အပင်ကဲ့သို့ရေခဲသည် မြူနှင်းအဖြစ် ပြောင်းလဲပြီး လေထုထဲသို့ ပျောက်ကွယ်သွားတော့သည်။
၎င်းသည် နှမြောစရာကောင်းသည်ဟု ချန်လွေ့ စိတ်ထဲ၌ တွေးမိလိုက်သည်။အဲဒါကို ငါ နဂါးငွေ့တန်းဥယျာဉ်ထဲမှာ သိမ်းထားပြီးတော့ ထပ်ကာထပ်ကာ စိုက်ထားလို့ရရင် ကောင်းမှာပဲ။ချန်လွေ့သည် ကျောက်စိမ်းသေတ္တာကို သိုလှောင်ခန်းထဲ ထည့်သိမ်းပြီး မေးလိုက်သည်။
“ ဘုံဘုရင်သစ်သီးရဲ့ လျို့ဝှက်ချက်အကြောင်း ဘယ်သူသိသေးလဲ။ ”
လွန်ဘာဒိုက ရင်ဘတ်ကိုပုတ်ပြီး အာမခံခဲ့သည်။
“ ဆာ။စိတ်ချပါ။ကွယ်လွန်သွားတဒ့ အကြီးအကဲဟောင်းကလွဲရင် ကျုပ်တစ်ယောက်ပဲ ဒီအကြောင်းကို သိတာပါ...... ”
ချန်လွေ့ ခေါင်းညိတ်သည်။
“ ဒါနဲ့ ခင်ဗျားရဲ့သားက...... ”
“ ဝီလျံ ပါ။ ”
လွန်ဘာဒို ချက်ချင်း ပြန်ဖြေလိုက်သည်။
“ ဝီလျံကို သွေးရောင်အင်ပါယာဆီ လွှတ်လိုက်တာ ဘယ်လောက်ကြာပြီလဲ။ ”
“ ဆယ်နှစ်လောက်ရှိပြီ။ခင်ဗျားပဲ သူ့ကိုကိုယ်တိုင် ခေါ်သွားတာလေ။ ”
လွန်ဘာဒိုက ဟန်လုပ်ပြုံးလိုက်သည်။
“……”
“…”
သူတို့ လမ်းလျှောက် စကားပြောနေရင်း ခဏအကြာတွင် စာကြည့်ခန်းသို့ ရောက်လာသည်။ထို့နောက် ချန်လွေ့သည် ဆိုင်ပရပ်ကိုခေါ်ပြီး အနောက်မြောက်ဘလော့မှ ထွက်သွားသည်။
မူလက လွန်ဘာဒိုသည် ဝတ်ရုံဂိုဏ်း၏ ညဈေးကို နှောင့်ယှက်ရန် ရိုနယ်နှင့် ဆွေးနွေးရန် ကြံစည်ထားခဲ့သည်။“ လာဗတ် ” ထွက်သွားပြီး အချိန်အတော်ကြာသည်အထိ မိမိကို မဆင့်ခေါ်ကြောင်း သတိထားမိပြီး ရိုနယ်သည် ဧည့်ခန်းထဲသို့ သွားလိုက်ရာ အကြီးအကဲ တရားမှတ်နေသည်ကို တွေ့လိုက်သည်။
ရိုနယ် အကြိမ်ကြိမ် ခေါ်သော်လည်း မည်သည့်မှ ပြန်မတုံ့ပြန်ပေ။ထို့ကြောင့် သူ၏စိတ်ထဲ၌ မကောင်းသော ခံစားချက်တစ်ခု တိုးလာသည်။သူ ရှေ့သို့ အမြန်သွားပြီးကြည့်လိုက်ရာ “ တရားမှတ်နေသော ” လွန်ဘာဒိုတွင် အသက်လုံးဝ မရှိတော့သည်ကို ထိတ်လန့်ဖွယ် တွေ့လိုက်ရသည်။
အမှောင်လမြို့တစ်လျှောက်၌ ကြီးမားသော အဖြစ်အပျက်တစ်ခု ပျံ့နှံ့သွားသည်။ ၎င်းမှာ မယ်လွန်မိသားစုအကြီးအကဲ လွန်ဘာဒိုသည် နေအိမ်အတွင်း ရောဂါကြောင့် သေဆုံးသွားခဲ့ခြင်းပင် ဖြစ်လေသည်။
လွန်ဘာဒို သေဆုံးကြောင်းသတင်းသည် နှစ်ရက်ကြာပြီးမှ ထွက်လာခြင်းဖြစ်သည်။ ၎င်းမှာ မယ်လွန်မိသားစု ခေါင်းဆောင်များ၏ ဆွေးနွေးမှုကြောင့် ဖြစ်သည်။ ကြားဖြတ်အကြီးအကဲအဖြစ် ဆက်ခ်အမည်ရ ခေါင်းဆောင်တစ်ယောက်ကို သတ်မှတ်လိုက်သည်။အကြီးအကဲဟောင်း၏ လူယုံဖြစ်သော ရိုနယ်ကိုမူ လွန်ဘာဒိုအား သတ်ခဲ့သည်ဟူသော သံသယဖြင့် ထိန်းသိမ်းထားခဲ့သည်။
ရိုနယ်သည် လာဗန်နှင့် အခြားသူများအကြောင်းကို ရှင်းပြသော်လည်း ခေါင်းဆောင်များသည် မိသားစု နှင့် ချော်ရည်ပြာနယ်မြေတို့၏ “ ပတ်သက်မှု ” ကို သိကြသည်။သို့သော်လည်း သူတို့သည် လာဗတ်ကို အပြစ်တင်၍မရပေ။ထို့ကြောင့် ကံမကောင်းစွာပင် ရိုနယ်သည် အပြစ်ဒဏ်ခံ ဖြစ်သွားခဲ့သည်။၎င်းတို့အားလုံးကို အတွင်းထဲ၌ပင် ဖြေရှင်းခဲ့ခြင်း ဖြစ်သည်။အပြင်လူများအတွက် လွန်ဘာဒိုသည် ရောဂါကြောင့် သေဆုံးသွားခဲ့သည်ဟူ၍သာ ကြေညာခဲ့သည်။
သို့သော်လည်း ၎င်းသည် မယ်လွန်မိသားစုအတွက် အိပ်မက်ဆိုး အစပိုင်းသာ ဖြစ်သည်။မကြာမီတွင် တော်ဝင်မင်းသမီးသည် မယ်လွန်မိသားစု လက်အောက်ရှိ အရေးကြီးနေရာများကို အင်ပါယာအစောင့်များအား ထိန်းချုပ်ခိုင်းသည်။ပိုဆိုးသည်မှာ ထိုနေရာများတွင် ချော်ရည်ပြာနယ်မြေသို့ ကုန်ကူးရန်အတွက် ဖမ်းဆီးထားသော နတ်ဆိုးများကို ထိန်းသိမ်းထားခြင်းပင် ဖြစ်သည်။
ထိုအဖြစ်အပျက် ကျယ်ပြန့်မသွားခင် မယ်လွန်မိသားစု၏ ကြားဖြတ်အကြီးအကဲ ဆက်ခ်သည် နန်းတော်ဆီသို့ ချက်ချင်းသွားပြီး အသနားခံခဲ့သည်။ရှီရာသည် နန်းတော်ထဲ သူလျှိုထားထားခြင်း၊ ချော်ရည်ပြာနယ်မြေနှင့် လျို့ဝှက်ပူးပေါင်းခြင်း၊ အင်ပါယာအစောင့် အရန်တပ်ဖွဲ့ခေါင်းဆောင် အက်ဂ်ယောနှင့် မြို့စောင့်တပ်နည်းပြ အရတ်စ်တို့အား လုပ်ကြံခြင်း၊ နတ်ဆိုးကုန်ကူးခြင်း အစရှိသည့် မယ်လွန်မိသားစု ပြုလုပ်ခဲ့သော မကောင်းမှုများစွာကို ဆက်ခ်အား ဒေါသတကြီး ရှင်းပြခိုင်းသည်။
ရှီရာပြောသည့်အတိုင်းဆိုလျှင် ထိုအချက်အလက်များကို လျို့ဝှက်ဆန်းကြယ်သောသူ တစ်ယောက် တနေ့က ပေးပို့လာခြင်းဖြစ်သည်။အစပိုင်း၌ ရှီရာ မယုံပေ။ အင်ပါယာအစောင့်များအား သွားစုံစမ်းခိုင်းပြီးနောက် ထိုပျောက်ဆုံးနေသော လူများကို အမှန်တကယ် တွေ့သွားသည့်အခါ ရှီရာ ဒေါသထွက်သွားခဲ့သည်။
ဆက်ခ်သည် လိပ်ပြာမလုံဖြစ်နေသော်လည်း တော်ဝင်မင်းသမီး၌ ထိုကဲ့သို့ အချက်အလက် အပြည့်အစုံ ရှိနေမည်ဟု မထင်မှတ်ထားခဲ့ပေ။သူ အလျင်အမြန်တွေးပြီး သေသူကို အပြစ်ပုံချလိုက်သည်။ထို့နောက် သူသည် မယ်လွန်မိသားစု၏ ယခင်အကျိုးပြုမှုများကို ဖော်ပြသည်။သူသည် အမှားကို ပြေရောပြေအောင် ပြုလုပ်မည်ဖြစ်ကြောင်းပြောပြီး တော်ဝင်မင်းသမီးအား သက်ညှာခွင့်တောင်းသည်။
မယ်လွန်မိသားစုသည် နက်နက်ရှိုင်းရှိုင်း အမြစ်တွယ်နေပြီး ကွန်ရက်ကျယ်ပြန့်ကြောင်း ရှီရာသိသည်။ထို့ကြောင့် သူတို့ကို လုံးဝအမြစ်ဆွဲနှုတ်ရန် ခက်ခဲမည်ဖြစ်သည်။အရေးကြီးမှာ လက်ရှိအမှောင်လမြို့သည် မသေချာမှုများမှ ပြည်တွင်းစစ် မဖြစ်လာစေရန်အတွက် အပြောင်းအလဲ အများအပြား ဖြစ်ပျက်၍မရပေ။ရှီရာသည် ချန်လွေ့၏ အကြံအတိုင်း လိုက်လုပ်ပြီး ဆက်ခ်၏စကားနောက်လိုက်ကာ သတ်မှတ်ချက်နှစ်ခု သတ်မှတ်လိုက်သည်။
ပထမတစ်ခုမှာ အနောက်မြောက်ဘလော့ရှိ မယ်လွန်မိသားစု၏ စံအိမ်ဟောင်းကို အရန်တပ်ဖွဲ့ဖြစ်သော ဝတ်ရုံဂိုဏ်းအား လျော်ကြေးအဖြစ်ပေးရန် ဖြစ်သည်။
ဒုတိယမှာ မယ်လွန်မိသားစုသည် စားစရာအထောက်အပံ့အတွက် တာဝန်ယူရမည် ဖြစ်သည်။မည်သို့နည်းလမ်းကို သုံးပါစေ၊ မြို့တော်၏အရေးယူမှုအတွင်း အမှောင်လမြို့သူ/သားများအတွက် စားစရာ လုံလောက်ရပေမည်။
ပထမသတ်မှတ်ချက်မှာ အဆင်ပြေသေးသော်လည်း ဒုတိယတစ်ခုမှာ ဆက်ခ်အား ပြဿနာတက်စေသည်။မယ်လွန်မိသားစု၏ ဂုဏ်သိက္ခာနှင့် နည်းလမ်းများဖြင့်ဆိုလျှင် စားစရာ မရရန် မဖြစ်နိုင်ပေ။သို့သော်လည်း ထိုသို့ဆိုလျှင် မြို့တော်ကို အာခံမိသွားမည် ဖြစ်သည်။ တစ်ချိန်တည်းမှာပင် ရှီရာ၏လက်ထဲ၌လည်း သေစေနိုင်သော သက်သေများ ရှိနေသည်။၎င်းတို့အား ထုတ်ပြလိုက်လျှင် မယ်လွန်မိသားစုသည် အမှောင်လမြို့၌ မုန်းတီးခံရမည်ဖြစ်ပြီး ရှီရာသည် မယ်လွန်မိသားစုဟူသော နာမည်က ကိုယ်စားပြုသော ဂုဏ်ကျက်သရေများ အားလုံးကို ဖယ်ရှားနိုင်မည့် အကြောင်းရင်းမှာ ရှိလေသည်။
ဆက်ခ်သည် ထိုအချက်အလက်များကို ထောက်ပံ့ပေးခဲ့သည့် လျို့ဝှက်ဆန်းကြယ်သော သူကို စိတ်ထဲ၌ ကျိန်ဆဲလိုက်သည်။ဒါနဲ့ အဲဒီလူ အချက်အလက် ပေးခဲ့တဲ့အချိန်က လာဗတ် ထွက်သွားတဲ့အချိန်နဲ့ တိုက်ဆိုင်နေတယ်။ ဧကန္တ.....
တကယ်လို့ လာဗတ်က လွန်ဘာဒိုကို သတ်ပစ်တာဆိုရင် သူက ဘာလို့ ငါတို့ကို သစ္စာဖောက်ပြီးတော့မယ်လွန်မိသားစုကို ဖော်ထုတ်မှာလဲ။ ဆက်ခ် ဇဝေဇဝါ ဖြစ်နေသော်လည်း အရေးကြီးဆုံးမှာ ၎င်းကို စဉ်းစားရန်မဟုတ်ဘဲ ဆုံးဖြတ်ချက်တစ်ခု ချမှတ်ရန်ပင် ဖြစ်သည်။
အချိန်အတော်ကြာ စဉ်းစားပြီးနောက် မယ်လွန်မိသားစု အကြီးအကဲအသစ်သည် ထိုသတ်မှတ်ချက်နှစ်ခုကို တွန့်ဆုတ်တွန့်ဆုတ်နှင့် လက်ခံရန် ရွေးချယ်လိုက်ရသည်။
ဆက်ခ် ထွက်သွားပြီးနောက် ရှီရာ၏မျက်လုံးများသည် ကျေးဇူးတင်စိတ်များ ပြသနေသည်။ သေချာသည်မှာ ၎င်းသည် ဆက်ခ်အတွက် မဟုတ်ဘဲ ကြံစည်သူ ချန်လွေ့အတွက် ဖြစ်သည်။အပြစ်ဒဏ်ခံသူကို ရှာသည့် ထိုနည်းဗျူဟာမှာ အမှန်တကယ်ပင် ကောင်းမွန်လှသည်။အမှောင်လမြို့သည် စားစရာပြဿနာ ဖြေရှင်းရမည့် အဓိကတာဝန်ကို ပုခုံးထမ်းရမည် ဖြစ်သည်။အနောက်ပိုင်းရှိ “ ကုန်သွယ်မှု ” နှင့်ဆိုလျှင် စားစရာပြဿနာအား စားစရာဌာနာချုပ်ကို မထုတ်ဖော်မပြသဘဲ ဖြေရှင်းနိုင်မည်ဖြစ်သည်။
ယခုတစ်ခေါက်၌ ချန်လွေ့သည် လုံးဝအောင်နိုင်သူ ဖြစ်သည်။သူသည် ဘုံဘုရင်သစ်သီး ရရှိခဲ့သည့်အပြင် လွန်ဘာဒိုကိုလည်း သတ်ပစ်ကာ မယ်လွန်မိသားစုအား နည်းဗျူဟာအများအပြား ချနိုင်ခဲ့သည်။ အနောက်မြောက်ဘလော့ရှိ စံအိမ်ဟောင်းမှာ ပါ့ဂ်လီအိုအတွက် ဖြစ်သည်။
ပါ့ဂ်လီအို ပြောသည့်အတိုင်းဆိုလျှင် အရုဏ်ဦးနှင်းခဲ၏စွမ်းအားသည် အလွန်အံ့ဩစရာကောင်းလှသည်။၎င်းသည် ပါ့ဂ်လီအို၏စွမ်းအား ပြန်လည်ရရှိအောင် ကူညီပေးနိုင်သည်။သူသည် ရှေးမှော်စာများကို မချိုးဖောက်နိုင်သေးသော်လည်း ၎င်းသည် နတ်ဆိုးဧကရာဇ်အဆင့် ကနဦးပိုင်းကို စွမ်းအားတိုးစေနိုင်သည်။ထို့ပြင် အရုဏ်ဦးနှင်းခဲ လိုဏ်ဂူသည် လေ့ကျင့်ရေးအတွက်လည်း ကောင်းသည်။အထူးသဖြင့် [ ရေမှော်ပညာ ကျွမ်းကျင်မှု ] ရှိသော ဒေလီယာအတွက် ဖြစ်သည်။
သို့သော်လည်း ၎င်းသည် အလျင်မလိုပေ။ချော်ရည်ပြာနယ်မြေ သို့မဟုတ် အခြားနေရာများမှ ထိုနေရာသို့ စုံစမ်းရန် တစ်စုံတစ်ယောက် လွှတ်မည်မှာ သေချာသည်။ထို့ကြောင့် သူတို့သည် အခြားသူများ အရင်လာလည်မည်ကို စောင့်ဆိုင်းရမည် ဖြစ်သည်။
မယ်လွန်မိသားစု၏ တန်ဖိုးမှာ ထိုထက်ပိုသည်။ခေါင်းနှစ်လုံးနဂါး တံဆိပ်ပြားနှင့် မယ်လွန်မိသားစု ခေါင်းဆောင် အကာအကွယ်ဖြင့် ခါဂူရွန်သည် အင်ပါယာ အစောင့်များအား ဦးဆောင်ကာ နတ်ဆိုးကုန်ကူးသူအဖြစ် ဟန်ဆောင်ပြီး အမှောင်လမြို့ တောင်ဘက်ရှိ “ သူခိုးဓားပြများ ” ကို အလုံးအရင်း တိုက်ခိုက်သည်။
အပြင်းအထန် တိုက်ခိုက်မှုကြောင့် သူခိုးဓားပြများ ကြီးကြီးမားမား ထိခိုက်ခဲ့သည်။ ကံကောင်းစွာပင် သူတို့အများစုမှာ သေချာလေ့ကျင့်ထားသော လက်ရွေးစင်များ ဖြစ်သည့်အတွက် သူတို့သည် အရေးကြီးအခြေအနေ၌ ဖရိုဖရဲ မဖြစ်ခဲ့ပေ။သူတို့ ခေါင်းဆောင်၏ ဦးဆောင်မှုအောက်တွင် သူတို့သည် အောင်မြင်စွာ ထွက်ပြေးနိုင်ခဲ့ပြီး လုံးဝသုတ်သင်ခံရခြင်းကို ရှောင်တိမ်းနိုင်ခဲ့သည်။
ရလာဒ်အနေဖြင့် မယ်လွန်မိသားစုသည် တောင်ပိုင်းသူခိုးဓားပြများကို ရှင်းပစ်ခဲ့သည့် အတွက် နာမည်ကျော်သွားသည်။သူတို့၏ပြိုင်ဘက် စိုင်ဖူမိသားစုမှာ ပို၍ဆိုးဝါးနေသည်။ သူတို့သည် ဝတ်ရုံဂိုဏ်း၏ ကာကွယ်ကြေးနှင့်ပတ်သက်၍ ပြဿနာ တက်နေဆဲပင် ဖြစ်သည်။
မယ်လွန်မိသားစု အကြီးအကဲအသစ်ဖြစ်သော “ နာမည်ကြီး ” ဆက်ခ်သည် ဒေါသကို မျိုသိပ်ပြီး အားတင်းပြုံးနေရသည်။
ဘုံဘုရင်သစ်သီးများသည် နတ်ဆိုးဧကရာဇ် အဆင့်တစ်ယောက်နှင့် သက်ဆိုင်သည်။ မယ်လွန်မိသားစုသည် ထိုကဲ့သို့ပြစ်မှုကို ခံနိုင်ရည် မရှိပေ။ထို့ကြောင့် သူသည် အခြားတစ်ယောက်ကို အပြစ်ခံခိုင်းရန် ရှာရတော့သည်။
ထို့ကြောင့် ရုပ်သေး ဆိုင်ပရပ်သည် အမှောင်လမြို့၌ မနေခဲ့ပေ။သူသည် “ လာဗတ် ” ၏ မျက်နှာဖုံးအသွင်ယူပြီး လိပ်ပြာနီနယ်မြေ တည်ရှိသော မြောက်ပိုင်းသို့ သွားခဲ့သည်။
ထိုအချိန်၌ ချန်လွေ့အတွက်ရော အမှောင်လအတွက်ပါ ဘာမှထပ်မရှိတော့ပေ။ ထို့ကြောင့် သူထပ်ပြီး ဂရုမစိုက်တော့ပေ။