ချည်နှောင်မှုတွေကို ဖြတ်ကျော်ပြီး မဟာကံကောင်းမှုကိုပိုင်ဆိုင်ခြင်း
Vol. 6 Ch. 90
လဲ့ချီဟိုင် သူ့အစွမ်းကုန် ထုတ်ပြနေတယ်။ လျှပ်စီးစွမ်းအင်တွေကို ဆက်တိုက်ပစ်ထုတ်နေတယ်။ သူက တကယ်ကို အစွမ်းထက်ပြီး လျှပ်စီးတွေက တဖျစ်ဖျစ်မြည်နေတယ်။
“အား!!!” နာကျင်တဲ့အော်သံ ထွက်ပေါ်လာတယ်။
ဖျန်း!!!
ပိုင်မန် လွင့်စင်သွားပြီး သွေးအန်ထုတ်လိုက်တယ်။ သူ့ညာဘက်လက်က လဲ့ချီဟိုင်ရဲ့ လျှပ်စီးကြောင့် တိုက်ရိုက် မီးကျွမ်းသွားတယ်။
“သူ ဘယ်လိုလုပ် ဒီလောက်တောင် သန်မာနေရတာလဲ?”
ပိုင်မန် တုန်လှုပ်သွားတယ်။
ပိုင်မန်က အမြူတေဖွဲ့စည်းခြင်းအစောပိုင်းအဆင့်မှာပဲရှိပြီး တတိယအဆင့်အမြူတေတုပဲ ရှိတယ်။ လဲ့ချီဟိုင်က အမြူတေဖွဲ့စည်းခြင်းနှောင်းပိုင်းအဆင့်မှာရှိပြီး ပဉ္စမအဆင့် အမြူတေအစစ် ရှိတယ်။ နှစ်ဖက်ကြားက ကွာခြားချက်က တော်တော်သိသာတယ်။ ပိုင်မန်က သူ့ကို လုံးဝ ယှဉ်လို့မရဘူး။
“တိုက်ခိုက်!”
“သူတို့ကို တားကြ!”
အခြေခံတည်ဆောက်ခြင်းအဆင့် ဂိုဏ်းသားနှစ်ယောက်လည်း ပြေးထွက်လာပြီး လမင်းယုံကြည် နတ်ဆိုးဂိုဏ်းဝင် အများအပြားကို ပိတ်ဆို့လိုက်တယ်။ ရှုပ်ထွေးတဲ့တိုက်ပွဲတစ်ခု စတင်ဖြစ်ပွားလာပြီး တဒုန်းဒုန်းမြည်သံတွေ ဆက်တိုက်ထွက်ပေါ်လာတယ်။
“သေစမ်း!”
ရှီကျောက်ယွမ် ကိုယ့်ကိုယ်ကိုယ် အတင်းအဓမ္မ ထိန်းထားတယ်။ သူ့ညာဘက်လက်ကို ဝှေ့ယမ်းလိုက်တာနဲ့ ရွက်တစ်ထောင် သွေးနတ်ဆိုးအလံက သူ့လက်ထဲမှာ နောက်တစ်ကြိမ် ပေါ်လာတယ်။ သူ သူ့ ဓမ္မစွမ်းအင်ကို သုံးပြီး လဲ့ချီဟိုင်ကို တိုက်ခိုက်လိုက်တယ်။
“ရှီကျောက်ယွမ်” ယွမ်ဖုန်း အော်လိုက်ပြီး ရှီကျောက်ယွမ်ကို တည့်တည့်ကြည့်လိုက်တယ်။ သူ့အကြည့်က ခိုင်မာပြတ်သားပြီး ထက်မြက်နေတယ်။ အဲဒါက ရှီကျောက်ယွမ်ရဲ့ ရင်ဘတ်ကို ထိုးဖောက်လိုက်တဲ့ ဓားမြှောင်တစ်ချောင်းလိုဖြစ်နေတယ်။ ဒါက သူ့ကို အသက်ရှူရပ်မလိုဖြစ်ပြီး သူ့လက်တွေ နှေးကွေးသွားစေတယ်။ “ရှင်ရှုံးသွားပြီ”
သူ ပြောပြီးတာနဲ့ ယွမ်ဖုန်း သူ့ညာဘက်လက်ကို ဝှေ့ယမ်းပြီး အနက်ရောင်လေးတစ်ခုကို ထုတ်လိုက်တာကို ရှီကျောက်ယွမ် မြင်လိုက်ရတယ်။ ရှီကျောက်ယွမ်ရဲ့ အကြည့်အောက်မှာ ယွမ်ဖုန်းက လေးကို ဆွဲပြီး ကောက်ရိုးအရုပ်ကို ပစ်မှတ်ထားလိုက်တယ်။
ရွှတ်!
အနက်ရောင်မြှား လေထဲကို ထိုးဖောက်သွားတယ်။
“ရပ်!”
ရှီကျောက်ယွမ် အော်ဟစ်လိုက်တယ်။
ကံမကောင်းစွာနဲ့ပဲ အရမ်းနောက်ကျသွားပြီ။
ဖျန်း!!!
မြှားက လေထဲကို ထိုးဖောက်သွားတယ်။
လူတိုင်းရဲ့ အကြည့်အောက်မှာ ‘ရှီကျောက်ယွမ်’ ဆိုတဲ့နာမည်အစစ်ရေးထားတဲ့ ကောက်ရိုးအရုပ်ကို အနက်ရောင်မြှားက တည့်တည့်ထိုးဖောက်သွားပြီး ကောက်ရိုးရုပ်တစ်ခုလုံးကို ဖောက်ဝင်သွားကာ ဒဏ်ရာကနေ သွေးတွေ ပန်းထွက်လာတယ်။
ကောက်ရိုးအရုပ်ကအသက်ရှိတဲ့အရာတစ်ခုလိုပဲ။
တကယ်ကို ထူးဆန်းတယ်။
“အား!!!”
ဖျန်း!!!
တစ်ချိန်တည်းမှာပဲ ရှီကျောက်ယွမ်ဆီက အလွန်အမင်း နာကျင်တဲ့အော်သံ ထွက်ပေါ်လာတယ်။ သူ့နှလုံးကလည်း မမြင်ရတဲ့မြှားနဲ့ ထိုးဖောက်ခံလိုက်ရတယ်။ စေးကပ်တဲ့သွေးတွေ ပန်းထွက်လာတယ်။
သူ တိုက်ရိုက် ဒဏ်ရာရသွားတယ်။
ဒါ့အပြင် ဒီအချိန်မှာ ရှီကျောက်ယွမ်ရဲ့ ဝိညာဉ်သုံးပါးနဲ့ စိတ်ဝိညာဥ်ခုနစ်ပါးကစတင်ပြိုကွဲလာတယ်။
သူ့ကို ကယ်တင်ဖို့ဆိုတာ မဖြစ်နိုင်တော့ဘူး။
“ဂိုဏ်းချုပ်”
“ဂိုဏ်းချုပ်!”
လမင်းယုံကြည် နတ်ဆိုးဂိုဏ်းသားတွေ ပြိုင်တူအော်လိုက်ကြတယ်။
“တိုက်ပွဲပြီးပြီ”
ချီမင် မြင်ကွင်းကို ကြည့်ပြီး ပန်းပေါင်းတစ်ရာ ဝိညာဉ်ဝိုင်ကို တစ်ငုံသောက်လိုက်တယ်။ သူ့ပါးစပ်ထောင့်တွေ နည်းနည်း ကွေးသွားတယ်။ ဒါက ချီမင်ရဲ့ စိတ်ခံစားချက် ကောင်းနေတာကို ပြနေတယ်။ ဝိညာဉ်ဝိုင်ရဲ့အရသာသူ့ပါးစပ်ထဲပွင့်ဖူးလာပြီးနောက်ထပ်ခံစားရတဲ့အရသာတွေကမဆုံးနိုင်တော့ဘူး။
“ယွမ်ဖုန်း နိုင်ပြီ”
“မင်း... မင်း...”
ရှီကျောက်ယွမ် ပါးစပ်ဖွင့်လိုက်တယ်။ သွေးတွေ ဆက်တိုက်ထွက်နေတယ်။ သူ လုံးဝ ရပ်တန့်လို့မရဘူး။ သူ့ရဲ့ အသက်စွမ်းအင်တွေ အမြန်ဆုံး ကုန်ဆုံးနေပြီ။ “ဒါ ဘယ်လိုနည်းစနစ်လဲ?”
“လက်သည်းခေါင်းမြှားခုနစ်ချောင်း!”
ယွမ်ဖုန်း ရှီကျောက်ယွမ်ကို ကြည့်ပြီး ပြန်ဖြေလိုက်တယ်။ “ဒါ ကျွန်မဆရာဦးလေးကျွန်မကို သင်ပေးထားတာ။ ဒီနည်းစနစ်အောက်မှာရှင်သေရတာဂုဏ်ယူစရာကောင်းပါတယ်။”
“မင်းရဲ့ ဆရာဦးလေးက ဘယ်သူလဲ?” ရှီကျောက်ယွမ် မေးလိုက်တယ်။
“ကောင်းကင်ဘုံဉာဏ်အလင်းဂိုဏ်းက တိမ်စိမ်းတောင်ထွတ်ရဲ့ အမွေခံတပည့် ချီမင်!”
ယွမ်ဖုန်းကဂုဏ်ယူမှုမပြည့်နဲ့ပြောလိုက်တယ်။
“အဟွတ် အဟွတ်...”
ချီမင် ဒါကိုကြားတော့ ချောင်းအနည်းငယ် ဆိုးမိသွားတယ်။
“နောက်ထပ်... နောက်ထပ် အမွေခံတပည့် တစ်ယောက်!! ဖျန်း!!!”
ရှီကျောက်ယွမ်ရဲ့ မျက်လုံးတွေ ပြူးကျယ်သွားတယ်။ သူ့ဒေါသက သူ့ကို လွှမ်းမိုးသွားပြီးနောက် သွေးတစ်လုတ်ထွေးထုတ်လိုက်ကာ နောက်ပြန်လဲကျသွားတယ်။ သူ နောက်ထပ် မထလို့နိုင်တော့ဘူး။
သူ သေသွားပြီ။
သူ့ရဲ့ ဝိညာဉ်သုံးပါးနဲ့ စိတ်ဝိညာဥ်ခုနစ်ပါး ပြိုကွဲသွားပြီ။
ဝိညာဉ်အနှစ်သာရနဲ့ အခြေတည်ဝိညာဉ် ပျက်စီးသွားပြီ။
သူ့ခန္ဓာကိုယ်ထဲက အဆုံးမဲ့ ဓမ္မစွမ်းအင်တွေ လောကထဲ ပြန်ဝင်ရောက်သွားတယ်။
“ဟားဟားဟား... ဟားဟားဟား...”
လဲ့ချီဟိုင် ရှီကျောက်ယွမ် လဲကျတာကို မြင်တော့ အရင်ဆုံး ကြောင်သွားတယ်။ ပြီးတော့ သူ့မျက်နှာပေါ်မှာ မယှဉ်နိုင်လောက်အောင် ပျော်ရွှင်တဲ့အမူအရာ ပေါ်လာပြီး သူ့လေသံက စိတ်လှုပ်ရှားမှုတွေပြည့်သွားတယ်။ “လမင်းယုံကြည် နတ်ဆိုးဂိုဏ်းချုပ်၊ မဟာနတ်ဆိုးရှီကျောက်ယွမ် သေသွားပြီ။ မင်းတို့အားလုံး အမြန်လက်နက်ချကြ!!”
“တိုက်ခိုက်!”
ဝုန်း!!!
လဲ့ချီဟိုင် သူ့အစွမ်းကုန် ပေါက်ကွဲထွက်လာတယ်။ မှော်စွမ်းအားတွေလှိုင်းထလာပြီးလျှပ်စီးကြောင်းတွေ မရေမတွက်နိုင်အောင် ထွက်ပေါ်လာတယ်။ ဘယ်သူမှ တားဆီးလို့မရဘူး။ တိုက်ပွဲတစ်ခုလုံးမှာ သူကိုမယှဉ်ပြိုင်နိုင်တော့ဘူး။ ဘယ်သူမှ သူ့ပြိုင်ဘက်မဖြစ် တော့ဘူး။
ပိုင်မန်ကိုလည်း သူ ရိုက်သတ်လိုက်တယ်။
“သေပြီ... သေပြီ...”
ဂိုဏ်းတပည့်တစ်ယောက်က လဲကျနေတဲ့ ရှီကျောက်ယွမ်ကို ကြည့်လိုက်တယ်။ သူ့စိတ်ခံစားမှုက စိတ်လှုပ်ရှားမှုနဲ့ မယုံနိုင်ခြင်းတွေပြည့်နေတယ်။ “ဒါက အခြေတည်ဝိညာဉ်အဆင့်မဟာနတ်ဆိုးလေ သူ တကယ်သေသွားတာလား?!”
“ဟူး...”
နောက်ထပ် ဂိုဏ်းတပည့်ကအသက်ရှူရပ်မလို ဖြစ်သွားတယ်။ သူ ယွမ်ဖုန်းကို လေးစားတဲ့အကြည့်နဲ့ ကြည့်လိုက်ပြီး ယစ်ပလ္လင်နဲ့ အဲဒီပေါ်က လက်သည်းခေါင်းမြှားခုနစ်ချောင်းကိုလည်း ကြည့်လိုက်တယ်။
မယုံနိုင်စရာပဲ။
တကယ် မယုံနိုင်စရာပဲ။
ယွမ်ဖုန်းက အခြေခံတည်ဆောက်ခြင်း အစောပိုင်းအဆင့်မှာပဲ ရှိသေးပေမယ့် သူကအတင်းအကြပ် လက်သည်းခေါင်းမြှားခုနစ်ချောင်းကိုသုံးပြီး အခြေတည်ဝိညာဉ်အဆင့် မဟာနတ်ဆိုးတစ်ကောင်ကို ခုနစ်ရက်အတွင်း ကျိန်စာတိုက်ပြီး သတ်လိုက်နိုင်တယ်။
ဒီလိုကိစ္စမျိုး
ဒါက လုံးဝကို အံ့ဖွယ်ဖြစ်ရပ်ပဲ!
“တကယ်ပဲ ပျက်စီးသွားပြီ”
ယွမ်ဖုန်း တိုက်ပွဲမှာ မပါဝင်တော့ဘူး။ သူနှစ်ပိုင်းကျိုးနေတဲ့ အနက်ရောင်မြှားနဲ့ စုတ်ပြဲနေတဲ့ ကောက်ရိုးအရုပ်ကို ကြည့်ပြီး သက်ပြင်းချလိုက်တယ်။ “တစ်ခါပဲ သုံးလို့ရတယ်”
“ဒါပေမယ့်...”
ယွမ်ဖုန်းရဲ့ မျက်နှာမှာ စိတ်လှုပ်ရှားတဲ့အမူအရာ ရှိနေတယ်။ ဒါပေမယ့် သူ အခုထိ မပြသေးဘူး။
‘ဆရာဦးလေး၊ ဪ ဆရာဦးလေး၊ ဆရာဦးလေးက တကယ်ကို အရမ်းသန်မာတာပဲ။ ဒါက နှစ်၃၀၀လောက်ပုန်းအောင်းနေပြီးမှပြန်လာတဲ့အခြေတည်ဝိညာဉ်အဆင့် နတ်ဆိုးတစ်ကောင်! !’
‘ငါလို အခြေခံတည်ဆောက်ခြင်းအစောပိုင်း အဆင့်ကျင့်ကြံသူတစ်ယောက်က ကျိန်စာတိုက်ပြီး သတ်လိုက်လို့ရတယ်။ လွန်ခဲ့တဲ့ ခုနစ်ရက်အတွင်း ဖြစ်ခဲ့တာတွေက အိပ်မက်လိုပဲ’
‘ဒါ မယုံနိုင်စရာပဲ’
ရိုးရိုးသားသားပြောရရင် ယွမ်ဖုန်းက ဒါ တကယ်မဟုတ်ဘူးလို့ ခံစားရတယ်။
ဒါပေမယ့် ဒါက အမှန်တရားဖြစ်တယ်။
ဒါကလည်း ကောင်းကင်ဘုံကြယ်တာရာသုံးဆယ့်ခြောက်ပညာရပ် ရဲ့ ကြောက်မက်ဖွယ်ရာစွမ်းအားပဲ။
ဒါက တကယ့် မဟာနတ်ဘုရားစွမ်းအင်မျိုးပဲ။
ညကကုန်ဆုံးသွားပြီး၊ နောက်တစ်နေ့ မနက်ရောက်လာတယ်။
လဲ့ချီဟိုင်နဲ့ တခြားသူတွေ သွေးတွေနဲ့ ရွှဲနစ်နေတယ်။ သူတို့ တစ်ညလုံး တိုက်ခိုက်ပြီး ကောင်းကင်မူလ တောင်တန်းထဲက လမင်းယုံကြည် နတ်ဆိုးဂိုဏ်းဝင်အားလုံးကို သတ်ပစ်လိုက်တယ်။ အလောင်း ထောင်ပေါင်းများစွာ ဖြစ်လာတယ်။
သွေးတွေ စုပုံလာတယ်။
ပတ်ဝန်းကျင်မှာ သွေးအိုင်တစ်ခု ဖြစ်ပေါ်နေတယ်။
အလောင်းတွေကမြေပြင်မှာ ပြန့်ကျဲနေတယ်။
တောင်တန်းထဲက နတ်ဆိုးသားရဲတွေလည်း ကြောက်လန့်ပြီး မလှုပ်ရဲကြဘူး။ အားလုံး ပုန်းနေကြတယ်။
နတ်ဆိုးသားရဲတွေမှာလည်း အသိဉာဏ်ရှိတယ်၊ ကံကောင်းခြင်းကို ရှာဖွေပြီး အန္တရာယ်ကို ရှောင်ရှားရမှန်း သိတယ်။
“ဂိုဏ်းသားအားလုံးကို သတ်ပစ်ရမယ်”
လဲ့ချီဟိုင် သတ်ဖြတ်လိုစိတ်တွေ အပြည့်နဲ့ပြောလိုက်တယ်။
“ဒီ မကောင်းဆိုးဝါးတွေ သေသင့်တယ်” ဂိုဏ်းတပည့်တစ်ယောက် ပြောလိုက်တယ်။
“မှန်တယ်” နောက်ထပ်ဂိုဏ်းတပည့်တစ်ယောက် ကခေါင်းညိတ်လိုက်တယ်။
“ငါတို့ ကောင်းကင်မူလမြို့ကို အရင်ပြန်ကြမယ်” ယွမ်ဖုန်း ပြောလိုက်တယ်။
“ကောင်းပြီ” လဲ့ချီဟိုင် ခေါင်းညိတ်လိုက်တယ်။ “မင်းပြောတာ နားထောင်မယ်”
မနေ့က ကိစ္စ တွေဖြစ်ပြီး တော့လဲ့ချီဟိုင်က ယွမ်ဖုန်းကို အတွင်းစည်းတပည့်တစ်ယောက်လို သဘောမထားရဲတော့ဘူး။ တစ်ချိန်တည်းမှာပဲ လဲ့ချီဟိုင်က သူ တစ်ခါမှ မတွေ့ဖူးသေးတဲ့ ချီမင်ကို အရမ်းလေးစားသွားတယ်။
ယွမ်ဖုန်းရဲ့ စွမ်းဆောင်ရည်က မဆိုးဘူး ထူးချွန်တယ်လို့တောင် ပြောလို့ရတယ်။
ဒါပေမယ့် တကယ်တမ်း ရှီကျောက်ယွမ်ကို သတ်နိုင်ခဲ့တာက ချီမင် ယွမ်ဖုန်းကို ပေးထားတဲ့ လက်သည်းခေါင်းမြှားခုနစ်ချောင်းဖြစ်တယ်။
စဉ်းစားကြည့်ဖို့ လွယ်တယ်။
သန့်စင်ထားတဲ့ ဓမ္မလက်နက်တစ်ခုကအခြေခံတည်ဆောက်ခြင်းအစောပိုင်းအဆင့် အတွင်းစည်းတပည့်တစ်ယောက်ကို အရမ်းအလှမ်းဝေးတဲ့နေရာကနေ အခြေတည်ဝိညာဉ်အစောပိုင်းအဆင့်နတ်ဆိုးတစ်ကောင်ကို တိတ်တိတ်လေး ကျိန်စာတိုက်ပြီး သတ်နိုင်စေတယ်။
ဒီလို နည်းလမ်းတွေ၊ ဒီလိုစွမ်းရည်တွေက နက်နဲပြီး ခန့်မှန်းလို့ မရနိုင်ဘူး။
သူက လျှို့ဝှက်နက်နဲလွန်းတယ်။
အဲဒီ အမွေခံတပည့် ချီရဲ့ နည်းလမ်းတွေက စိတ်ကူးမယဉ်နိုင်တဲ့အဆင့်ကို ရောက်နေပြီ။
“အမွေခံတပည့် ဆိုတဲ့အတိုင်းပါပဲ!”
လဲ့ချီဟိုင် သက်ပြင်းချလိုက်တယ်။ “ယွမ်ဖုန်းက အမွေခံတပည့် ချီဆီကနေ အကာအကွယ် နည်းနည်းပဲ ရခဲ့တာတောင် ဒီလို မဟာကံကောင်းမှုနဲ့ ဒီလို အစွမ်းထက်တဲ့နည်းလမ်းတွေ ပိုင်ဆိုင်နေပြီ”
“ဘယ်လောက် မနာလိုဖို့ကောင်းလိုက်လဲ။ အခွင့်အရေးရရင် ငါ ကောင်းကင်ဘုံဉာဏ်အလင်းဂိုဏ်းကို သေချာပေါက် ပြန်မယ်။ အဲဒီ အမွေခံတပည့် ချီကို ကိုယ်တိုင် သွားတွေ့မယ်။ သူ ငါ့ကို တွေ့ပါ့မလားတော့ မသိဘူး”
နောက်တော့ သူတို့ ပစ္စည်းတွေကို ခွဲဝေယူကြတယ်။
လမင်းယုံကြည် နတ်ဆိုးဂိုဏ်းကို ယွမ်ဖုန်းနဲ့ တခြားသူတွေက ရှင်းပစ်လိုက်တာဆိုတော့ နတ်ဆိုးဂိုဏ်းတစ်ခုလုံးရဲ့ ပိုင်ဆိုင်မှုတွေက ယွမ်ဖုန်းနဲ့ တခြားသူတွေပိုင်တယ်။ ယွမ်ဖုန်းက ရှီကျောက်ယွမ်ကို ကျိန်စာတိုက်ပြီးသတ်လိုက်တာမို့ အကြီးမားဆုံး အကျိုးခံစားခွင့်ကို ရတယ်။ ဒါကြောင့် ယွမ်ဖုန်းက အများဆုံးယူလိုက်တယ်။
အခြေခံအားဖြင့် ရှီကျောက်ယွမ်ရဲ့ ပစ္စည်းတွေအားလုံး ယွမ်ဖုန်းလက်ထဲ ရောက်သွားတယ်။
လဲ့ချီဟိုင်လည်း သူ့အစုကို ယူလိုက်တယ်။
ကျန်တဲ့ ဂိုဏ်းသားနှစ်ယောက်က ကျန်တာတွေကို အညီအမျှ ခွဲယူကြတယ်။
ဘယ်လိုပဲဖြစ်ဖြစ် ချီမင်က ယွမ်ဖုန်းကို နောက်ကနေ အကာအကွယ်ပေးထားတယ်။ သူ့မှာအတွင်းစည်းအကြီးအကဲတစ်ယောက်ကို ဆရာတင်ထားတယ်။ ဒါ့အပြင် လက်သည်းခေါင်းမြှားခုနစ်ချောင်းရဲ့ ထူးဆန်းတဲ့နည်းလမ်းတွေလည်း ရှိနေတာမို့ လဲ့ချီဟိုင်နဲ့ တခြားသူတွေက ယွမ်ဖုန်းပိုင်တာတွေကို အတင်းအဓမ္မ ယူဖို့ မရဲကြဘူး။
သူတို့ ပြဿနာထဲ ဝင်မပါချင်ကြဘူး။
မနက်ခင်း၊ ကောင်းကင်မူလမြို့ထဲမှာ...
ယွမ်ဖုန်းနဲ့ တခြားသူတွေ ပြန်ရောက်လာကြတယ်။ သူတို့ မြင်လိုက်ရတာက ပျက်စီးယိုယွင်းနေတဲ့ မြင်ကွင်းနဲ့ မြေပြင်အနှံ့ ပြန့်ကျဲနေတဲ့ အလောင်းတွေပဲ။ ပတ်ဝန်းကျင်မြင်ကွင်းကနေငရဲလိုဖြစ်နေတဲ့ မြင်ကွင်းတွေအရ သူတို့ ကောင်းကင်မူလမြို့က မြို့သူမြို့သားတွေ လွန်ခဲ့တဲ့ရက်အနည်းငယ်အတွင်း ဘာတွေ ကြုံခဲ့ရလဲဆိုတာ မြင်ယောင်နိုင်ကြတယ်။
အရမ်းကို ဆိုးရွားတယ်။
“သားရဲကောင်တွေ! ဒီသားရဲ ကောင်တွေ!” တပည့်တစ်ယောက် အော်လိုက်တယ်။
“သူတို့အားလုံး သေသင့်တယ်!” နောက်ထပ်တပည့်တစ်ယောက် ပြောလိုက်တယ်။
လဲ့ချီဟိုင် အသက်ပြင်းပြင်း ရှူသွင်းပြီး သက်ပြင်းချလိုက်တယ်။ “ငါတို့လို ကျင့်ကြံသူတွေအတွက် သေမျိူးတွေရဲ့ အသက်ကို သိပ်ဂရုစိုက်ဖို့ မလိုဘူးဆိုပေမယ့်...”
“ဘယ်လိုပဲဖြစ်ဖြစ် သေမျိုးတစ်ယောက်ရဲ့ သက်တမ်းက နှစ်တစ်ရာတောင် မပြည့်ဘူး”
“ငါတို့လို ကျင့်ကြံသူတွေအတွက်ကတော့ ချီသန့်စင်ခြင်းအဆင့်မှာ အဆင့်သေးသေးလေး တိုးတိုင်း သက်တမ်းဆယ်နှစ်စီ တိုးတယ်။ အခြေခံတည်ဆောက်ခြင်းအစောပိုင်းအဆင့် ရောက်တဲ့အခါ သက်တမ်း နှစ် ၃၀၀ ရတယ်။ အမြူတေဖွဲ့စည်းခြင်းအဆင့် ရောက်ပြီးနောက်ပိုင်း သက်တမ်းက နှစ် ၁၀၀၀ ကျော် ဖြစ်လာမယ်။ အခြေတည်ဝိညာဉ်အဆင့်အထက်က အင်အားကြီးတဲ့သူတွေအကြောင်း ပြောဖို့တောင် မလိုတော့ဘူး”
“ သေမျိုးတစ်ယောက်ရဲ့ ဘဝက မျက်တောင်တစ်ခတ်လောက်ပဲ”
“ဒါပေမယ့် အသက်ရှင်နေတဲ့သူတွေထဲမှာ ငါတို့ ကျင့်ကြံသူတွေလည်း သေမျိုးဘဝတွေကနေ တစ်ဆင့်ပြီးတစ်ဆင့် ကျင့်ကြံလာခဲ့တာပဲ။ အင်မော်တယ်အများစုက မွေးဖွားလာတဲ့အချိန်တောင် သူတို့က သေတတ်တဲ့လူတွေပဲ”
“လမင်းယုံကြည် နတ်ဆိုးဂိုဏ်းရဲ့ လုပ်ရပ်တွေက ခွင့်လွှတ်လို့ မရနိုင်ဘူး။ သူတို့ကို ရှင်းပစ်သင့်တယ်”
“မှန်တယ်” ယွမ်ဖုန်း တည်ကြည်စွာ ခေါင်းညိတ်လိုက်တယ်။
နေ့လည်ရောက်တော့...
လဲ့ချီဟိုင်နဲ့ တခြားသူတွေက မြို့ထဲမှာ ကျန်နေသေးတဲ့ အသက်ရှင်ကျန်ရစ်သူတွေကို ကူညီတာ၊ ကောင်းကင်မူလမြို့ကို ပြန်လည်တည်ဆောက်တာ၊ မြို့သူမြို့သားတွေကို စုစည်းဖို့ စနစ်အသစ်တစ်ခု ထူထောင်တာတွေနဲ့ အလုပ်ရှုပ်နေကြတယ်။
ဒီအခွင့်အရေးကိုယူပြီး ယွမ်ဖုန်းက ရှီကျောက်ယွမ်ရဲ့ အမွေအများစုကို ရလိုက်တာကြောင့် ဦးချိုမဲ့ နဂါးသက်စောင့် အစီအရင် အကြောင်း သိသွားတယ်။ ဒါပေမယ့် သူ လဲ့ချီဟိုင်ကို မပြောပြဘူး။
လူတိုင်းကို သတိထားရမယ်။
ဒါကြောင့် သူ တစ်ယောက်တည်း ကောင်းကင်မူလမြို့ရဲ့ မြို့အရှင်အိမ်တော်ကို သွားပြီး မြို့အရှင်အိမ်တော်ရဲ့ မြေအောက်ခန်းထဲက ဦးချိုမဲ့ နဂါးသက်စောင့် အစီအရင်ကို ရှာလိုက်တယ်။
ဦးချိုမဲ့နဂါးအနှစ်သာရရဲ့ တစ်ဝက်ကျော်ကျော်ကို ရှီကျောက်ယွမ်က စုပ်ယူသွားပြီ ဖြစ်ပေမယ့် အရေးအကြီးဆုံး အခြေခံအရာကိုတော့ မစုပ်ယူသွားသေးဘူး။ ဒီ ဦးချိုမဲ့နဂါးအနှစ်သာရက ယွမ်ဖုန်းအတွက် အရမ်းအသုံးဝင်တယ်။
“ဒါပဲ”
ယွမ်ဖုန်းရဲ့ လှပတဲ့မျက်လုံးတွေ တောက်ပနေပြီး သူ့အသက်ရှူသံက နည်းနည်းမြန်နေတယ်။ သူ့ရှေ့မှာအနက်ရောင်လခြမ်းပုံစံနဂါးအနှစ်သာရကို သူ ကြည့်လိုက်တယ်။ အဲဒါက တကယ်သက်ဝင်နေပြီး အသက်ရှိတဲ့ သတ္တဝါအစစ်လိုပဲ။
တုံ့ဆိုင်းမနေတော့ဘူး။
ယွမ်ဖုန်း ခုန်တက်သွားပြီး တာအိုစင်မြင့်ပေါ်မှာ ရပ်လိုက်တယ်။ သူ တင်ပျဉ်ခွေထိုင်ချလိုက်တယ်။ သူ့ကျင့်ကြံခြင်းနည်းလမ်းကို လည်ပတ်စေပြီး ဦးချိုမဲ့နဂါးအနှစ်သာရကို ဖြည်းဖြည်းချင်း စုပ်ယူလိုက်တယ်။
တဖြည်းဖြည်းနဲ့ ယွမ်ဖုန်း ပတ်ဝန်းကျင်မှာ အနက်ရောင်မြူခိုးတွေ ဝိုင်းလာတယ်။
မှုန်ဝါးဝါး သူ့နောက်မှာ နဂါးတစ်ကောင် လည်ပတ်နေတာကို မြင်ရတယ်။ ဦးချိုမဲ့နဂါးအနှစ်သာရ၊ ရေခဲဝိညာဉ်ခန္ဓာကိုယ် နဲ့ ရေခဲကြာပန်း တာအိုအခြေခံ တွေ ပေါင်းစပ်သွားကြတယ်။
သူ အသွင်ပြောင်းလဲမှုတစ်ခုကိုလုပ်ဆောင်နေတယ်။
“ဂုဏ်ယူပါတယ် ယွမ်ဖုန်း” ချီမင် ဒီမြင်ကွင်းကို ကြည့်ပြီး ပြုံးလိုက်တယ်။ “ဒီနေ့ကစပြီး မင်းရဲ့ မူလ ကံကြမ္မာရဲ့ ချည်နှောင်မှုတွေကို ဖြတ်ကျော်ပြီး ကိုယ့်ကိုယ်ကိုယ် ပြန်လည်တည်ဆောက်ဖို့ မဟာကံကောင်းမှုရပြီလို့ ပြောလို့ရတယ်။”
“ဟုတ်တယ်၊ ဒီလိုအားလုံးကို ရရှိနိုင်တာက မင်းရဲ့ ကိုယ်ပိုင်ရွေးချယ်မှုနဲ့ မင်းရဲ့ ကိုယ်ပိုင်ကြိုးစားမှုကြောင့် ဖြစ်လာတဲ့ ရလဒ်ပဲ။ ငါ မင်းကို ဒီအခွင့်အရေးကိုပဲ ပေးခဲ့တာ”
“မင်း အဲဒါကို ဆုပ်ကိုင်နိုင်မလား မနိုင်ဘူးလားဆိုတာ မင်းအပေါ်မှာပဲ မူတည်တယ်”