← Chapters

အဆင့်ချိုးဖြတ်ခြင်း၊ မွေးရာပါသန့်စင်တဲ့မဟာရွှေအမြူတေတာအို

Vol. 6 Ch. 77

အဆင့်ချိုးဖြတ်ခြင်း၊ မွေးရာပါသန့်စင်တဲ့မဟာရွှေအမြူတေတာအို

Vol. 6 Ch. 77

"ဒါက..."

ရှောင်ဖန်းရဲ့ မျက်လုံးအိမ်တွေက သွေးမျောက်ဘုရင် ကလေးကို မြင်လိုက်တာနဲ့ အနည်းငယ် ကျုံ့သွားတယ်။ သူ့မျက်နှာမှာ အံ့အားသင့်တဲ့ အရိပ်အယောင်တွေ ပြည့်နှက်နေပြီး အံ့သြတဲ့လေသံနဲ့ ပြောလိုက်တယ်"အမြူတေ... အမြူတေဖွဲ့စည်းခြင်းအဆင့် နတ်ဆိုးဘုရင်‌ပေါက်လေးလား။ ဒါ... ဂျူနီယာညီမလေး၊ မင်း ဘယ်ကရလာတာလဲ"

ချီမင်ကတော့ လှမ်းကြည့်ရုံပဲ ကြည့်ပြီး သိပ်အာရုံမစိုက်ဘူး။ အဲ့ဒီအစား သွေးမျောက်ဝိုင်ကို နောက်တစ်ငုံ ထပ်သောက်လိုက်တယ်။ အရသာက တကယ်မဆိုးဘူး။ ကမ္ဘာပေါ်က သစ်သီးဝိုင်နဲ့ နည်းနည်းဆင်ပေမယ့် အရသာကတော့ သစ်သီးဝိုင်ထက် အများကြီးသာတယ်။ ပါးစပ်ထဲမှာ အရသာက ပျံ့နှံ့သွားပြီး လူကို ယစ်မူးသွားစေတယ်။

တကယ်ကို ပျော်ရွှင်မှုပုံစံတစ်မျိုးဖြစ်တယ်။

"ဒီအကြောင်းကို ပြောရမယ်ဆိုရင် လွန်ခဲ့တဲ့ နှစ်ရက်လောက်က စရမှာပဲ"

ယွမ်ဖုန်းက ရှောင်ဖန်းရဲ့ တုန်လှုပ်နေတဲ့ပုံကို မြင်တော့ စိတ်ထဲမှာ တော်တော်လေး ကျေနပ်သွားတယ်။ သူ့လေသံကို နည်းနည်းနှိမ့်ပြီး သွေးမျောက်တောင်မှာ ဖြစ်ခဲ့သမျှ အကြောင်းစုံကို အသေးစိတ် ရှင်းပြလိုက်တယ်။

"ဒါ... ဒါ..."

ရှောင်ဖန်းက ယွမ်ဖုန်းရဲ့ ဇာတ်လမ်းကို ကြားပြီးတော့ မျက်လုံးတွေ ပြူးကျယ်သွားပြီး မယုံနိုင်ဖြစ်သွားတယ်။ ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ ဆရာဦးလေးက အခြေခံတည်ဆောက်ခြင်းအဆင့်ပဲ ရှိသေးတာလေ။ အခြေခံတည်ဆောက်ခြင်းအဆင့် ဓမ္မလက်နက်တစ်ခုကို သန့်စင်ဖို့ ဆယ်မိနစ်ပဲ အချိန်ယူရတယ်၊ ဒါပေမဲ့ အဲ့ဒီလက်နက်ကအမြူတေဖွဲ့စည်းခြင်းအဆင့် ကျင့်ကြံသူနဲ့ ယှဉ်နိုင်တဲ့ သွေးမျောက်နတ်ဆိုးဘုရင်ကို အတင်းအကြပ် သတ်နိုင်တယ်တဲ့လား။

"ဒါက ယုံနိုင်စရာကို မရှိဘူး"

"တကယ်ပါဆို" ယွမ်ဖုန်းက ပခုံးတွန့်ပြပြီး "မဟုတ်ရင် ငါ့ရဲ့ ချီသန့်စင်ခြင်းအဆင့် ခုနစ်နဲ့ သွေးမျောက်နတ်ဆိုးဘုရင်ရဲ့ ကလေးကို ဘယ်လိုလုပ် ရနိုင်မှာလဲ။ ပြီးတော့ ဘာအကြောင်းပြချက်မှမရှိဘဲရှင့်ကို ဘာလို့ လိမ်ရမှာလဲ"

"ဒါကြောင့် ဆရာဦးလေးက အရမ်းကို တော်ပြီး ကြောက်ဖို့ကောင်းတယ်လို့ ပြောရမှာပဲ"

ရှောင်ဖန်း တိတ်ဆိတ်သွားတယ်။

သူ တုန်လှုပ်သွားသလို ယွမ်ဖုန်းကိုလည်း တော်တော်လေး အားကျသွားတယ်။

ဘာလို့လဲဆိုတော့ ယွမ်ဖုန်းက အပြင်ထွက်ပြီး ကိုယ့်ကိုယ်ကိုယ် လေ့ကျင့်တာမျိုး မလုပ်ရဘူး၊ သေရေးရှင်ရေး စမ်းသပ်မှုတွေကိုလည်း မကြုံရဘူး။ သူ့ဆရာဦးလေး ပေးထားတဲ့ မုန်တိုင်းပုလဲပွင့်လန်းခြင်းကျည်ဖူးကို အားကိုးပြီး ဒီလိုအခွင့်အရေးမျိုး ရသွားတယ်။

တကယ်ကို အားကျစရာကောင်းတယ်။

"သူက တကယ်ကို မွန်စတားတစ်ကောင်ပဲ"

ရှောင်ဖန်းရဲ့ လက်စွပ်ထဲက ဆေးဆရာကြီးကတောင် မထိန်းနိုင်ဘဲ ပြောလိုက်တယ်"သူက အခြေခံတည်ဆောက်ခြင်း အဆင့်ကျင့်ကြံမှုနဲ့တင်အခြေခံတည်ဆောက်ခြင်းလက်နက်ကပ်ဘေးဒုက္ခအဆင့် လက်နက်သန့်စင်သူ ဖြစ်နေပြီ။ ပြီးတော့ သူ့ရဲ့နည်းစနစ်ကလည်း အရမ်းကို ကျွမ်းကျင်နေပြီ။ လက်နက်တစ်ခုကို လက်ဗလာနဲ့ သန့်စင်ဖို့ ဆယ်မိနစ်ပဲ အချိန်ယူတယ်။ သူ သန့်စင်လိုက်တဲ့ ဓမ္မလက်နက်က အမြူတေဖွဲ့စည်းခြင်းအဆင့် နတ်ဆိုးဘုရင်ကို သတ်နိုင်တဲ့ စွမ်းအားရှိနေတယ်။"

"တကယ်ကို မယုံနိုင်စရာကောင်းတဲ့ စူပါပါရမီရှင်မျိုး ရှိနေပါလား။ ငါ အသက်ရှင်ခဲ့တာ ဒီလောက်ကြာပြီ၊ ဒီနေ့တော့ တကယ်ကို မျက်စိပွင့်သွားပြီ။ တပည့်၊ မင်းရဲ့ ဆရာဦးလေးနဲ့ အနာဂတ်မှာ ဆက်ဆံရေးကောင်းတစ်ခု တည်ဆောက်ရမယ်"

"ဆရာ..." ရှောင်ဖန်း ဘာပြောရမှန်း မသိတော့ဘူး။

"သွေးမျောက်ဝိုင်ကိုပဲ ထားခဲ့လိုက်။ မင်းတို့နှစ်ယောက် ကိုယ့်နေရာကိုယ် ပြန်ကြတော့" ချီမင်က လက်ဝှေ့ယမ်းပြီး သူတို့ကို ထွက်သွားခိုင်းလိုက်တယ်။

"ဆရာဦးလေး..." ယွမ်ဖုန်းက ချီမင်ကို တောက်ပတဲ့မျက်လုံးတွေနဲ့ ကြည့်ပြီးပြောလိုက်တယ် "ဒီ သွေးမျောက်နတ်ဆိုးဘုရင်ရဲ့ သားပေါက်လေးကိုကော ဘယ်လိုလုပ်ရမလဲ။ ကျွန်မ... ကျွန်မ ဝိညာဉ်သားရဲကို ဘယ်လိုမွေးရမှန်း မသိဘူး။ ပြီးတော့ ဒါကအမြူတေဖွဲ့စည်းခြင်းအဆင့် နတ်ဆိုးဘုရင်ရဲ့ သားပေါက်လေ။ ကျွန်မ သူ့ကို ထိန်းနိုင်မှာ မဟုတ်ဘူးထင်တယ်" လို့ ပြောလိုက်တယ်။

"အဟွတ်ဟွတ်..." ရှောင်ဖန်းက ညင်သာစွာ ချောင်းဆိုးလိုက်ပြီး "ဂျူနီယာညီမလေး၊ ငါ့မှာဝိညာဥ်သားရဲတွေကို ပြုစုပျိုးထောင်ပြီး သူတို့နဲ့ ဆက်သွယ်နိုင်မယ့်နည်းလမ်းရှိတယ်။ ငါ မင်းကို ကူညီပေးရမလား" လို့ ပြောလိုက်တယ်။

"ရှင်လား?" ယွမ်ဖုန်းက သံသယဖြစ်တဲ့ အမူအရာနဲ့ပြောလိုက်တယ် "တော်ပါပြီ။ ကျွန်မက ဆရာဦးလေးက ပိုပြီး အားကိုးလို့ရတယ်လို့ ထင်တယ်"

"အမ်..." ရှောင်ဖန်း စကားမပြောနိုင်တော့ဘူး။

"ဘယ်လောက်တောင်အလုပ်ရှုပ်လိုက်လဲ"

ချီမင်က ယွမ်ဖုန်းကို တစ်ချက်ကြည့်လိုက်တယ်။

ဝူး! ဝူး!

ချီမင်က လက်ပုံစံချိတ်စည်းတွေဖွဲ့လိုက်တော့ဝိညာဉ်စွမ်းအင်တွေ စုစည်းလာတယ်။ ပြီးတော့ကောင်းကင်နဲ့မြေကြီးရဲ့ တာအိုစာလုံးတွေ ပေါင်းစပ်ပြီး ကလိုဗာသုံးရွက်တံဆိပ်နှစ်ခုအဖြစ် ပြောင်းလဲသွားပြီး လေထုကိုခွဲပြီး ယွမ်ဖုန်းနဲ့ သွေးမျောက်ဘုရင်ပေါက်စလေးဆီ ပျံသန်းသွားတယ်။

တံဆိပ်နှစ်ခုက သူတို့ထဲကို ပေါင်းစပ်ဝင်ရောက်သွားတယ်။

မကြာခင်မှာပဲ သူတို့က ယွမ်ဖုန်းနဲ့ သွေးမျောက်နတ်ဆိုးဘုရင်ရဲ့သားပေါက်လေးနဲ့ လုံးဝ ပေါင်းစပ်သွားကြတယ်။

"အား!!!" ယွမ်ဖုန်းက အော်ဟစ်လိုက်ပြီး သူ့ရဲ့လှပတဲ့မျက်နှာမှာ စိတ်လှုပ်ရှားမှုတွေ ပြည့်နှက်ပြီးပြောလိုက်တယ်။ "ကျွန်မ... ကျွန်မ အောင်မြင်သွားပြီ။ အောင်မြင်သွားပြီ။ ကျွန်မ သွေးမျောက်ဘုရင်ပေါက်လေးနဲ့ ဆက်သွယ်လို့ရသွားပြီ။ သူ... သူက ကျွန်မရဲ့ ဝိညာဉ်သားရဲ ဖြစ်သွားပြီ။"

"ကျေးဇူးတင်ပါတယ် ဆရာဦးလေး" ယွမ်ဖုန်းက ချီမင်ကို အမြန်ဦးညွှတ်လိုက်တယ်။

"ဒါကို ယူလိုက်" ချီမင်က ယွမ်ဖုန်းဆီ ကျောက်စိမ်းပြားတစ်ခု ပေါ့ပေါ့ပါးပါး ပစ်ပေးလိုက်ပြီးပြောလိုက်တယ်။ "ဒါက ဝိညာဉ်ထိန်းချုပ်ခြင်း နည်းစနစ်ပဲ။ နည်းနည်း အခြေခံကျပေမယ့် မင်းအတွက်တော့ လုံလောက်ပါတယ်"

"မင်း တောင်အောက်ကို ဆင်းလို့ရပြီ"

"ဟုတ်ကဲ့ပါဆရာဦးလေး" ယွမ်ဖုန်းက စိတ်လှုပ်ရှားစွာနဲ့ပြောလိုက်တယ် "ကျွန်မ ဝိညာဉ်ထိန်းချုပ်ခြင်း နည်းစနစ်ကို ကျွမ်းကျင်သွားရင် နောက်တစ်ခါ ဆရာဦးလေးအတွက် ပိုပြီး အရသာရှိတဲ့ ဝိညာဉ်ဟင်းပွဲတွေ ချက်ပြုတ်တတ်အောင် သင်ယူလာခဲ့ပါ့မယ်"

"သွားတော့" ချီမင်က လက်ဝှေ့ယမ်းလိုက်တယ်။

"စီနီယာအစ်ကို ကျွန်မ အရင် တောင်အောက်ဆင်းတော့မယ်နော်"

ယွမ်ဖုန်းက ရှောင်ဖန်းကို လက်ပြနှုတ်ဆက်လိုက်တယ်။

ရှောင်ဖန်းတစ်ယောက်တည်း ရှုပ်ထွေးစွာ ကျန်ရစ်တယ်...

လက်စွပ်ထဲက ဆေးဆရာကြီးကလည်း ခဏ‌လောက်ကြောင်သွားပြီးမှ ထပ်ပြီး တုန်လှုပ်သွားတယ် "ဒါက ဘယ်လိုစွမ်းရည်မျိုးလဲ။ သားရဲထိန်းချုပ်တံဆိပ်ကို ပေါ့ပေါ့ပါးပါး ထုတ်လုပ်နိုင်တဲ့ သားရဲထိန်းချုပ်ခြင်း နည်းစနစ်က ဘယ်လိုမျိုးလဲ။"

ချီမင်က သားရဲထိန်းကျောင်းသူ မဟုတ်မှန်း သူလုံးဝမသိခဲ့ဘူး။

တစ်နှစ်ကျော်ကာလအတွင်းမှာ ချီမင်က ဂိမ်း မြေအောက်စခန်းပေါင်း ၃၀၀ ကျော်ကို ရှင်းလင်းပြီး နည်းစနစ်အမျိုးမျိုးကိုရရှိခဲ့တယ်။ အဲ့ဒီထဲမှာ သားရဲထိန်းကျောင်းခြင်းနဲ့ ပတ်သက်တဲ့ နည်းတွေလည်း ပါဝင်တယ်။

ချီမင်က သူရရှိတဲ့သိုင်းနည်းစနစ်အားလုံးကို ပြီးပြည့်စုံခြင်း နယ်ပယ်အထိ ကျင့်ကြံထားတယ်။

ဒါ့အပြင် မဟာ‌ရွှေအမြူတေတာအိုကျမ်းရဲ့ ကောင်းကင်ဘုံကို ဆန့်ကျင်တဲ့ စွမ်းရည်က ကောင်းကင်နဲ့မြေကြီးရဲ့ တာအိုစာလုံးတွေကို စုစည်းပေးတယ်။ ဒါကြောင့် လက်ဗလာနဲ့ သားရဲထိန်းချုပ်တံဆိပ်ကို စုစည်းပြီး ဒီလို အံ့ဖွယ်နည်းစနစ်မျိုးကို ပြသနိုင်တာ ဖြစ်တယ်။

"မင်း ဘာရပ်လုပ်နေတာလဲ" ချီမင်က သူ့ကို တစ်ချက်ကြည့်ပြီးပြောလိုက်တယ်။ "တောင်အောက်ဆင်းတော့။"

"ဒါဆို... ဒါ..."

ရှောင်ဖန်းက အသက်ပြင်းပြင်းရှူလိုက်ပြီး ချီမင်ကို တောက်ပတဲ့မျက်လုံးတွေနဲ့ ကြည့်ပြီးပြောလိုက်တယ်"ဆရာ... ဆရာဦးလေး... ကျွန်တော့်ကို လမ်းညွှန်ပေးလို့ရမလား။ တခြားနည်းလမ်းမရှိဘူးဆိုရင် မုန်တိုင်းပုလဲပွင့်လန်းခြင်းကျည်ဖူးလိုမျိုး ဓမ္မလက်နက်တစ်ခုလောက် ပေးလို့ရမလား"

"ထွက်သွားစမ်း!" ချီမင်က စူးစိုက်ကြည့်လိုက်တယ်။

"ကောင်းပါပြီ!"

ရှောင်ဖန်းက လှည့်ထွက်ပြီး တောင်အောက်ကို ချက်ချင်း ပြေးဆင်းသွားတယ်။ နည်းနည်းလောက်နှေးရင် အရိုက်ခံရမှာစိုးလို့ဖြစ်တယ်။

"လူ‌လည်ကောင်" ချီမင်က ရှောင်ဖန်း ထွက်သွားတဲ့ဘက်ကို ကြည့်ပြီးစိတ်ဆိုးမာန်ဆိုးပြောလိုက်တယ် "သူ့ဘေးမှာ အဘိုးကြီးတစ်ယောက်လုံး ရှိနေတာတောင် မကျေနပ်သေးဘူး။ ဒါပေမဲ့ ဒီကောင်လေးရဲ့ တိုးတက်မှုက တော်တော်မြန်သားပဲ"

"ကောင်းကင်တာအိုအခြေခံရဲ့ အလားအလာနဲ့ဆိုရင် အချိန်အတိုင်းအတာတစ်ခု ကြာသွားရင် သူသာ ရွှေအမြူတေတစ်ခု စုစည်းနိုင်ခဲ့မယ်ဆိုရင် တိမ်စိမ်းတောင်ထွတ်ရဲ့ အမွေခံတပည့် ဖြစ်လာနိုင်ခြေ များတယ်!"

"ထားလိုက်တော့" ချီမင်က ခေါင်းခါလိုက်ပြီးပြောတယ် "မဟာ‌ရွှေအမြူတေတာအိုကျမ်းရဲ့ အောင်မြင်မှုက နီးနေပြီ။ ဒီအကြောင်းတွေ စဉ်းစားပြီး အချိန်ဖြုန်းလို့မဖြစ်ဘူး။အမြူတေဖွဲ့စည်းခြင်းအဆင့်အတွက် ပြင်ဆင်တာက ပိုကောင်းတယ်"

အချိန်တွေ တဖြည်းဖြည်း ကုန်လွန်သွားတယ်။

မျက်စိတစ်မှိတ်အတွင်းမှာပဲ သုံးရက်ကြာပြီး ညနေစောင်းအချိန်ကို ရောက်လာတယ်။

တင်း!

"မဟာ‌ရွှေအမြူတေတာအိုကျမ်းကို အဆတစ်သောင်း အရှိန်မြှင့်တင်မှုအောက်မှာ သုံးရက်ကြာ ကျင့်ကြံပြီးပါပြီ။ သင် ကောင်းကင်နဲ့မြေကြီးရဲ့ သဘာဝ တာအိုစာလုံးတွေနဲ့ ကောင်းကင်နဲ့မြေကြီးရဲ့ သဘာဝ မဟာတာအိုကို နားလည်သဘောပေါက်သွားပါပြီ။ တာအိုပုံစံတွေရဲ့ အမှန်တရားတွေကို သင့်အပေါ်မှာ ရေးထွင်းပြီးသွားပါပြီ။ သင်က မွေးရာပါသန့်စင်တဲ့မဟာရွှေအမြူတေတာအိုကို အောင်မြင်စွာ သိပ်သည်းနိုင်ခဲ့ပါပြီ! သင့်ရဲ့ ကျင့်ကြံမှုအဆင့် တိုးတက်သွားပါပြီ!"

အသိပေးချက်တစ်ခု ပေါ်လာတယ်။

"ကောင်းလိုက်တာ!"

ချီမင်ရဲ့ မျက်နှာပေါ်မှာ အပြုံးတစ်ခု ပေါ်လာတယ်။ သူ ဒီအချိန်ကို တစ်နှစ်ကျော်လောက် စောင့်ခဲ့ရတယ်။ သူ့မျက်နှာပေါ်က ပျော်ရွှင်မှုတွေကို မထိန်းနိုင်တော့ဘူး။ "နောက်ဆုံးတော့ ငါ အောင်မြင်သွားပြီ!"

ချီမင် မဟာ‌ရွှေအမြူတေတာအိုကျမ်းကို ရရှိခဲ့တာ တစ်နှစ်ရှိသွားပြီ။ အဆတစ်သောင်း အရှိန်နဲ့ အလိုအလျောက်ကျင့်ကြံခြင်းလုပ်တဲ့ အခြေအနေအောက်မှာ ပြောရရင် သူဟာ မဟာရွှေအမြူတေတာအိုကျမ်းကို အိပ်စက်ခြင်း၊ အနားယူခြင်းမရှိဘဲ နှစ်ပေါင်းတစ်သောင်းကျော် ကျင့်ကြံခဲ့ပြီး နားလည်သဘောပေါက်အောင် ကြိုးစားခဲ့တာဖြစ်တယ်။

ဒီလိုအချိန်မျိုးကစဉ်းစားလို့တောင် မရနိုင်ဘူး။

ချီမင် အောင်မြင်မှုမရသေးခင်၊ အခြေခံတည်ဆောက်ခြင်းအဆင့် နောက်ပိုင်းအဆင့်မှာပဲ ရှိနေသေးတုန်းကတောင်သူက နက်နဲပြီး တုနှိုင်းမရတဲ့ စွမ်းရည်အမျိုးမျိုးကို ထုတ်ဖော်နိုင်ပြီး မယုံနိုင်စရာ စွမ်းအားတွေကို ပိုင်ဆိုင်ထားတယ်။

ဘုန်း!

အဲ့ဒီအချိန်မှာ ချီမင်ရဲ့ တစ်ကိုယ်လုံး တုန်ခါသွားတယ်။ သူက အလွန်အမင်း နက်နဲတဲ့ အခြေအနေတစ်ခုထဲကို ရောက်ရှိသွားတယ်။ ဒီအခြေအနေထဲမှာ မဟာ‌ရွှေအမြူတေတာအိုကျမ်းနဲ့ ပတ်သက်တဲ့ နားလည်မှုအမျိုးမျိုးက သူ့စိတ်ထဲကို တိုးဝင်လာတယ်။

သူ အရင်က ပြောခဲ့သလိုပဲ၊ ချီမင် အတိတ်က ကျင့်ကြံခဲ့တဲ့ တိမ်စိမ်း ချီသန့်စင်ခြင်းပညာ၊ သောင်းပြောင်းကြာပန်းစိမ်း ဓားသိုင်းကျမ်းနဲ့သဏ္ဌာန်မဲ့ကျမ်းတွေအားလုံးဟာ အင်မော်တယ်ကျင့်စဉ် နည်းလမ်းတွေပဲ ဖြစ်တယ်။ မဟာ‌ရွှေအမြူတေတာအိုကျမ်းတစ်ခုတည်းသာ တကယ့် တာအိုကျင့်စဉ်လို့ ခေါ်နိုင်တယ်။

သူ ကျင့်ကြံတာကမဟာရွှေအမြူတေတာအိုကျမ်းဖြစ်ပြီး ကောင်းကင်နဲ့မြေကြီးရဲ့ သဘာဝ မဟာတာအိုကို သူနားလည်သွားတယ်။ သူသာ တာအိုကို နားလည်သဘောပေါက်သွားရင် သူ့ရဲ့ အဆင့်ချိုးဖြတ်ခြင်းကအလိုလိုဖြစ်လာမှာဖြစ်တယ်။

ချီမင်ရဲ့ ဒန်ထျန်းထဲမှာ ဆယ့်နှစ်လွှာ သောင်းပြောင်း ကြာပန်းစိမ်းက ကြာပန်းတစ်ပွင့်လို ပွင့်လန်းနေတယ်။ စိမ်းလန်းတဲ့ အလင်းတန်းတွေက ဓားစွမ်းအင်တွေနဲ့ ဖွဲ့စည်းထားတယ်။ ဓားတာအို ကြာပန်းစိမ်း၊ ကမ္ဘာဖျက်ဆီး ဓားနဲ့ ဓားတောင်က ဆယ့်နှစ်လွှာ သောင်းပြောင်းကြာပန်းစိမ်းကို ဝန်းရံပြီး ကခုန်နေကြတယ်။

အဲ့ဒီအချိန်မှာ ဆယ့်နှစ်လွှာ သောင်းပြောင်းကြာပန်းစိမ်းရဲ့ အလယ်ဗဟိုမှာ ချီမင်ရဲ့ ရွှေအမြူတေ မဟာတာအို ကောင်းကင်နဲ့မြေကြီးရဲ့ သဘာဝ မဟာတာအိုနဲ့ တာအိုစာလုံးအမျိုးမျိုးကို နားလည်သဘောပေါက်မှုတွေက မူလအစမှတ်တစ်ခုအဖြစ် ပြောင်းလဲပြီး ဒီနေရာမှာ ပေါ်လာတယ်။

ဒီ မူလအစမှတ်က အရာအားလုံးရဲ့ အစဖြစ်တယ်။။ တည်ရှိနေတဲ့ အရာအားလုံးဟာ မရှိခြင်းကနေ ရှိခြင်းဆီ ပြောင်းလဲဖြစ်ပေါ်လာတာပဲ။

ဒါက မဟာပေါက်ကွဲမှုရဲ့ နိယာမနဲ့ ဆင်တူတယ်။

အစပိုင်းမှာ စကြဝဠာက တစ်ခုတည်းသော အမှတ်ဖြစ်တယ်။ အဲ့ဒီ အမှတ်ကပေါက်ကွဲပြီး အဆက်မပြတ် ကျယ်ပြန့်နေတဲ့ စကြဝဠာတစ်ခု ဖြစ်ပေါ်လာတယ်။

ဒီ မူလအစမှတ် ဖြစ်ပေါ်လာတဲ့အခါ...

ဝူး! ဝူး!!

ဆယ့်နှစ်လွှာ သောင်းပြောင်း ကြာပန်းစိမ်းအောက်က ဝိညာဉ်စွမ်းအင် ပင်လယ်ကြီးကချက်ချင်း ပြောင်းလဲသွားပြီး မူလအစမှတ်ဆီကို စုစည်းလာတယ်။ အဆက်မပြတ် စုစည်းခြင်း၊ သန့်စင်ခြင်း၊ အညစ်အကြေးတွေကို ဖယ်ရှားခြင်းတွေ ပြုလုပ်ပြီး အစင်ကြယ်ဆုံးနဲ့ အသိပ်သည်းဆုံး အနှစ်သာရကိုသာ ချန်ထားတယ်။

တစ်ချိန်တည်းမှာပဲ ချီမင်ရဲ့ ခန္ဓာကိုယ်ကလည်း ဝိညာဉ်စွမ်းအင်တွေကို စုပ်ယူတဲ့ တွင်းနက်ကြီးတစ်ခုအဖြစ် ပြောင်းလဲသွားတယ်။ သူက ပတ်ဝန်းကျင်က ဝိညာဉ်စွမ်းအင်တွေကို ရူးသွပ်မတတ် စုပ်ယူနေပြီး သူ့ပတ်ဝန်းကျင် ငါးကီလိုမီတာအတွင်းမှာ ခဏတာ ဝိညာဉ်စွမ်းအင် လေဟာနယ်တစ်ခုတောင် ဖြစ်ပေါ်သွားစေခဲ့တယ်။

ကြီးမားကျယ်ပြန့်တဲ့ ဝိညာဉ်စွမ်းအင် လေပွေကြီးတစ်ခု ပေါ်ပေါက်လာတယ်။

ဒီဖြစ်စဉ်က ကျင့်ကြံသူအများအပြားရဲ့ အာရုံစိုက်မှုကို ဆွဲဆောင်နိုင်လိုက်တယ်။

တိမ်စိမ်းတောင်ထွတ်မှာ အကြီးအကဲအများအပြားလည်း လှမ်းကြည့်နေကြတယ်။

"ဘာ... ဘာဖြစ်တာလဲ"

"အဲ့ဒီဘက်က တိမ်ပြိုတောင်ထွတ်ပဲ၊ အမွေခံတပည့် ချီရဲ့ ဂူစံအိမ်ဘက်မလား။ အမွေခံတပည့် ချီ အဆင့်ချိုးဖြတ်သွားတာလား။ ဒီလောက်ကြီးမားတဲ့ လှုပ်ခတ်မှုမျိုးတောင် ဖြစ်ပေါ်စေတယ်"

"ဒီ ဝိညာဉ်စွမ်းအင် ဖြစ်စဉ်က မသေးဘူး!"

"..."

အကြီးအကဲတွေ ဆွေးနွေးနေကြတယ်။

မကြာခင်မှာပဲ ချီမင်ရဲ့ ဒန်ထျန်းထဲမှာ ဝိညာဉ်စွမ်းအင် ပင်လယ်ကြီး စုစည်းပြီးသွားတယ်။ ဆယ့်နှစ်လွှာ သောင်းပြောင်း ကြာပန်းစိမ်းရဲ့ အလယ်ဗဟိုမှာ လုံးဝန်းတဲ့ ရွှေအမြူတေတစ်ခုအဖြစ် သိပ်သည်းသွားတယ်။

သေသေချာချာ ကြည့်လိုက်ရင် ဒီ ရွှေအမြူတေက အရမ်းကို သန့်စင်တယ်

ဒါက မွေးရာပါသန့်စင်ခြင်းဖြစ်လို့ အရောင်အဆင်းမရှိဘဲ ကြည်လင်တဲ့ ဖန်သားလိုမျိုးဖြစ်တယ်။ ဒါပေမဲ့ ဒီ ရွှေအမြူတေပေါ်မှာ မဟာရွှေအမြူတေတာအိုနဲ့ ကောင်းကင်နဲ့မြေကြီးရဲ့ မဟာတာအိုတာအိုစာလုံးတွေ ရှိနေတယ်။

အဲ့ဒီထဲမှာ မဟာတာအိုရဲ့ အနှစ်သာရတွေလည်း ပါဝင်နေတယ်။

ပြီးတော့ မွေးရာပါသန့်စင်တဲ့မဟာရွှေအမြူတေတာအိုနဲ့ ပတ်သက်တဲ့ သတင်းအချက်အလက်တွေက ချီမင်ရဲ့ စိတ်ထဲကို တိုးဝင်လာတယ်။ ဒီသတင်းအချက်အလက်တွေက မဟာ‌ရွှေအမြူတေတာအိုကျမ်းထဲမှာ မှတ်တမ်းတင်ထားတာ မဟုတ်ဘူး။ အဲ့ဒီအစား မွေးရာပါသန့်စင်တဲ့မဟာရွှေအမြူတေတာအို သန့်စင်ပြီးသွားတဲ့အခိုက်အတန့်မှာ ကောင်းကင်နဲ့မြေကြီးရဲ့ မဟာတာအိုကိုခံစားမိပြီး သက်ဆိုင်ရာ သတင်းအချက်အလက်တွေက ဘယ်ကမှန်းမသိ ပေါ်လာပြီး ချီမင်ကို သိရှိစေတာ ဖြစ်တယ်။

"သဘောပေါက်ပြီ"

ချီမင် နားလည်သဘောပေါက်သွားတယ် "တကယ်တော့ ရွှေအမြူတေအဆင့်မှာ အဆင့်ကိုးရွှေအမြူတေက တကယ့်အဆုံးစွန် မဟုတ်သေးဘူး။ အဆင့်ကိုရွှေအမြူတေအပေါ်မှာ နောက်ထပ် အဆင့်နှစ်ဆင့် ရှိသေးတယ်"

"ကောင်းကင်တာအို ရွှေအမြူတေနဲ့ မဟာတာအိုရွှေအမြူတေ"

"အခု ငါ စုစည်းလိုက်တဲ့ မွေးရာပါသန့်စင်တဲ့မဟာရွှေအမြူတေတာအိုက မဟာတာအိုရွှေအမြူတေပဲ။ ကောင်းကင်တာအို ရွှေအမြူတေကိုတောင် ကျော်လွန်သွားပြီ။ စွမ်းရည်အမျိုးမျိူးက စဉ်းစားလို့တောင် မရနိုင်ဘူး"

"တစ်ချိန်တည်းမှာပဲ" ချီမင်က အသက်ပြင်းပြင်းရှူလိုက်ပြီး သူ့မျက်လုံးတွေ တောက်ပလာကာပြောလိုက်တယ် "ငါ့ရဲ့ အမြူတေကို အောင်မြင်စွာ ဖွဲ့စည်းနိုင်ပြီး ရွှေအမြူတေအဆင့် နတ်ဘုရားသိုင်းနည်းစနစ်တစ်ခုရသွားတယ်။ ဒီ သိုင်းနည်းစနစ်ကိုသန့်စင် ရွှေခန္ဓာလို့ ခေါ်တယ်။

All Chapters