သန့်စင်ရွှေခန္ဓာ၊ သဏ္ဌာန်မဲ့ရွှေအမြုတေ၊ စွမ်းရည်တိုးတက်လာခြင်း
Vol. 6 Ch. 78
သန့်စင်ရွှေခန္ဓာရဲ့စွမ်းရည်က တကယ်ကို ကောင်းကင်ထိတောင် လွန်ဆန်တယ်ပြောရမယ်။ အဲဒါကိုသုံးလိုက်ပြီဆိုတာနဲ့ သိုင်းနည်းစနစ်တွေကို ခုခံနိုင်တဲ့စွမ်းအားရလာပြီး သုံးစွဲသူက အမျိုးမျိုးသောနည်းစနစ်တွေ၊ အကျိုးသက်ရောက်မှုတွေကနေ လုံးဝလွတ်ကင်းသွားတယ်။ ပြောရရင်တော့ ပြိုင်ဘက်ကင်းဖြစ်အောင်ခိုးဆော့နေသလိုဖြစ်တယ်။
ဒါပေမဲ့ ချီမင်က အခုမှ အမြုတေဖွဲ့စည်းခြင်းအစောပိုင်းအဆင့်ကို ရောက်ခါစပဲရှိသေးတော့ သန့်စင်ရွှေခန္ဓာရဲ့ သိုင်းနည်းစနစ်ခုခံနိုင်စွမ်းက သူ့ရဲ့ကျင့်ကြံမှုအဆင့်ပေါ်မှာ မူတည်နေပြီး တကယ့်ကို အရာအားလုံးကို ခုခံနိုင်တဲ့အထိတော့ မရောက်သေးဘူး။
ဥပမာအနေနဲ့ တကယ့်အင်မော်တယ်တစ်ပါးက နတ်ဘုရားအဆင့်သိုင်းနည်းစနစ်ကိုသုံးရင်တော့ ချီမင်က ခုခံနိုင်မှာမဟုတ်ဘူး။
သန့်စင်ရွှေခန္ဓာရဲ့ သိုင်းနည်းစနစ်ခုခံနိုင်စွမ်းက ဘယ်လောက်အထိ အစွမ်းထက်သလဲဆိုတာကိုတော့ ချီမင်ကိုယ်တိုင်လည်း မသိသေးဘူး။ တိုက်ပွဲထဲမှာ စမ်းသပ်ကြည့်ဖို့လိုလိမ့်မယ်။
နာရီဝက်လောက်ကြာတော့ ချီမင်ရဲ့ကျင့်ကြံမှုအဆင့်က လုံးဝတည်ငြိမ်သွားတယ်။
ဝှစ်! ဝှစ်!
ဒါပေမဲ့ ချီမင်ရဲ့ခန္ဓာကိုယ်မှာ နောက်ထပ်ပြောင်းလဲမှုတစ်ခု ဖြစ်လာပြန်တယ်။ ဒါကတော့ မွေးရာပါသန့်စင်တဲ့မဟာတာအိုရွှေအမြုတေရဲ့ လွှမ်းမိုးမှုကြောင့်ဖြစ်တယ်။ ချီမင်က အဲဒါကို လုံးဝနားလည်သဘောပေါက်သွားတယ်။သဏ္ဌာန်မဲ့ကျမ်းအပေါ် သူ့ရဲ့နားလည်နိုင်စွမ်းကလည်း မြန်မြန်ဆန်ဆန် တိုးတက်လာပြီး သက်ဆိုင်ရာအတားအဆီးကို တိုက်ရိုက်ကျော်ဖြတ်သွားနိုင်သွားတယ်။
တင်း!
"သဏ္ဌာန်မဲ့ကျမ်းကို အဆတစ်သောင်းမြှင့်တင်မှုအောက်မှာ ငါးရက်ကြာ ကျင့်ကြံပြီးပါပြီ။ မဟာတာအိုရွှေအမြုတေရဲ့ လွှမ်းမိုးမှုအောက်မှာသဏ္ဌာန်မဲ့ကျမ်းအပေါ် နားလည်နိုင်စွမ်းက အကြီးအကျယ်တိုးတက်လာပြီး အသင်္ချေသဏ္ဌာန်မဲ့ရဲ့စွမ်းအားကို နားလည်သဘောပေါက်ကာ သဏ္ဌာန်မဲ့ရွှေအမြုတေကို အောင်မြင်စွာဖွဲ့စည်းနိုင်ပါပြီ!"
နောက်ထပ်အသိပေးချက်တစ်ခု ပေါ်လာတယ်။
"သဏ္ဌာန်မဲ့ရွှေအမြုတေတဲ့လား။"
ချီမင် ကြောင်သွားတယ်။
ဝှစ်! ဝှစ်! ဝှစ်!
ချီမင်က သူ့ခန္ဓာကိုယ်ထဲက ပြောင်းလဲမှုတွေကို ထပ်ပြီးခံစားမိလိုက်တယ်။ သူက ဉာဏ်အလင်းပွင့်တဲ့အခြေအနေထဲကို ထပ်ရောက်သွားပြီး သဏ္ဌာန်မဲ့ကျမ်းရဲ့ နက်နဲမှုတွေကို နားလည်သဘောပေါက်သွားတယ်။ သဏ္ဌာန်မဲ့ကျမ်းအပေါ် သူ့ရဲ့နားလည်မှုက အရမ်းကိုမြင့်မားတဲ့အဆင့်ကို ရောက်သွားတယ်။
အဲဒီအချိန်မှာ ချီမင်ရဲ့ခန္ဓာကိုယ်က ဝိညာဉ်စွမ်းအင်တွေကို ထပ်ပြီးစုပ်ယူတဲ့ တွင်းနက်ကြီးတစ်ခုအဖြစ် ပြောင်းသွားတယ်။ များပြားတဲ့ဝိညာဉ်စွမ်းအင်တွေက ချီမင်ရဲ့ခန္ဓာကိုယ်ထဲကို အဆက်မပြတ်စီးဝင်လာပြီး သူ့ရဲ့ဒန်ထျန်းထဲမှာ လျင်လျင်မြန်မြန်သန့်စင်ပြီး စုစည်းသွားတယ်။
အတွင်းကို ကြည့်လိုက်တော့ ဆယ့်နှစ်လွှာ သောင်းပြောင်းကြာပန်းစိမ်းရဲ့အပေါ်မှာဖြစ်တယ်။
အလယ်ဗဟိုမှာတော့ မွေးရာပါသန့်စင်တဲ့မဟာတာအိုရွှေအမြုတေက ရှိနေတယ်။ အဲဒါက ကြည်လင်တယ်၊ သန့်စင်တယ်၊ အရောင်အဆင်းမရှိဘူး၊ မရှိသလိုပဲ ဒါပေမဲ့ တကယ်ရှိနေတယ်။
အဲဒီအချိန်မှာပဲ မွေးရာပါသန့်စင်တဲ့မဟာတာအိုရွှေအမြုတေရဲ့ဘေးမှာ နောက်ထပ်ရွှေအမြုတေတစ်ခု ဖြစ်ပေါ်လာတယ်။ ဒီရွှေအမြုတေကသဏ္ဌာန်မဲ့ကျမ်းကနေ ဖွဲ့စည်းလိုက်တဲ့ သဏ္ဌာန်မဲ့ရွှေအမြုတေဖြစ်တယ်။
သိပ်မကြာခင်မှာပဲ သဏ္ဌာန်မဲ့ရွှေအမြုတေကို အောင်မြင်စွာဖွဲ့စည်းနိုင်သွားတယ်။ အဲဒီထဲမှာ အသင်္ချေသဏ္ဌာန်မဲ့ရဲ့စွမ်းအားတွေ ပါဝင်နေတယ်။ ဒါက ပြီးပြည့်စုံတဲ့ အဆင့်ကိုးရွှေအမြုတေဖြစ်ပြီး မီးခိုးရောင်သန်းကာ လေလိုပေါ့ပါးတယ်။
မွေးရာပါသန့်စင်တဲ့မဟာတာအိုရွှေအမြုတေက အလယ်ဗဟိုနေရာကို ယူထားပြီး သူကမဟာတာအိုရဲ့ တကယ့်အစစ်အမှန်ဖြစ်ကာ သဏ္ဌာန်မဲ့ရွှေအမြုတေကတော့ ထောင့်တစ်နေရာမှာပဲ ကပ်နေတယ်။
နာရီဝက်လောက်ကြာတော့ ဝိညာဉ်စွမ်းအင်တွေ ငြိမ်သက်သွားပြီး ထူးခြားတဲ့ဖြစ်စဉ်တွေလည်း ရပ်တန့်သွားတယ်။
ချီမင် နိုးလာတယ်။
"အောင်မြင်သွားပြီ။"
ချီမင်က သူ့ကိုယ်သူ အတွင်းကိုကြည့်လိုက်တော့ မျက်နှာမှာ အံ့အားသင့်တဲ့အမူအရာပေါ်လာတယ်။ သူ့လေသံက နည်းနည်းပျော်ရွှင်သွားတယ်"ငါ ရွှေအမြုတေနှစ်ခုတောင် ဖွဲ့စည်းနိုင်ခဲ့တာပဲ"
သူ ခံစားမိနေတယ်။
သဏ္ဌာန်မဲ့ရွှေအမြုတေနဲ့ မွေးရာပါသန့်စင်တဲ့မဟာတာအိုရွှေအမြုတေကြားက ကွာခြားချက်က အကြီးကြီးပဲဖြစ်တယ်။ လုံးဝကို နှိုင်းယှဉ်လို့မရဘူး။ ဒါ့အပြင် မွေးရာပါသန့်စင်တဲ့မဟာတာအိုရွှေအမြုတေက သဏ္ဌာန်မဲ့ရွှေအမြုတေကို လုံးလုံးလျားလျား ဝါးမျိုနိုင်စွမ်းရှိတယ်။
ချီမင်ကတော့ အဲဒီလိုမလုပ်ဘူး။
ဘာပဲဖြစ်ဖြစ် သူက သဏ္ဌာန်မဲ့ရွှေအမြုတေကို အစကတည်းက အကာအကွယ်အနေနဲ့ သုံးချင်တာဖြစ်တယ်။
ဒါ့အပြင် သဏ္ဌာန်မဲ့ရွှေအမြုတေကို အောင်မြင်စွာသိပ်သည်းပြီးချီမင်က နောက်ထပ်အမြုတေဖွဲ့စည်းခြင်းအဆင့် နတ်ဘုရားသိုင်းနည်းစနစ်တစ်ခု ရလိုက်တယ်။ အဲဒါကို အသင်္ချေပုံစံမုန်တိုင်းလို့ခေါ်တယ်။
ဒါက တိုက်ခိုက်ရေးဆိုင်ရာသိုင်းနည်းစနစ်ဖြစ်တယ်။
သဏ္ဌာန်မဲ့အသင်္ချေ ပုံစံရဲ့စွမ်းအားကို စုစည်းပြီး ရန်သူကိုသတ်ဖြတ်ဖို့ မရေမတွက်နိုင်တဲ့ဓားသွားတွေအဖြစ် ပြောင်းလဲနိုင်တယ်၊ တော်တော်လေးပြင်းထန်တဲ့ တိုက်ခိုက်စွမ်းအားရှိတယ်။
မဆိုးဘူး။
ဒါပေမဲ့ သန့်စင်ရွှေခန္ဓာရဲ့ သိုင်းနည်းစနစ်ခုခံနိုင်စွမ်းနဲ့ ယှဉ်လိုက်ရင်တော့ အများကြီးအားနည်းတယ်။
ဒါက အဆင်ပြေတယ်။
ဘာပဲဖြစ်ဖြစ် အကာအကွယ်အနေနဲ့ သုံးဖို့ဖြစ်တယ်။
ဒီလောက်ဆို လုံလောက်တယ်။
"ဆက်ပြီး အလိုအလျောက်ကျင့်ကြံပြီး မဟာရွှေအမြုတေတာအိုကျမ်းကို ကျင့်ကြံမယ်။" ချီမင် ပြောလိုက်တယ်။
တင်း!
"လက်ခံသူရဲ့ကျင့်ကြံမှုအဆင့်က အမြုတေဖွဲ့စည်းခြင်းအစောပိုင်းအဆင့်ကို တက်လှမ်းသွားတာကို တွေ့ရှိရပါတယ်။ အလိုအလျောက်ကျင့်ကြံမှုအတွက် အသုံးပြုရမယ့် ဝိညာဉ်ကျောက်တုံးအရေအတွက်က ဆယ်ဆတိုးသွားပါပြီ။ အဆတစ်ခုတိုးတိုင်း အဆင့်နိမ့်ဝိညာဉ်ကျောက်တုံး ၁၀၀ ကုန်ကျပါမယ်။"
"အရှိန်ကို အများဆုံး အဆတစ်သိန်းအထိ တိုးမြှင့်နိုင်ပါတယ်။"
"ထင်တဲ့အတိုင်းပဲ။" ချီမင်က "လိုအပ်တဲ့ ဝိညာဉ်ကျောက်တုံးအရေအတွက်က ဆယ်ဆတိုးသွားတယ်။ ပြီးတော့ အမြင့်ဆုံးအရှိန်မြှင့်တင်နိုင်တဲ့အခြေအနေကလည်း ဆယ်ဆတိုးလာတယ်။"
"ဒီလိုဆိုရင်တော့..." သူ ခဏစဉ်းစားပြီး "နေ့တိုင်း အမြင့်ဆုံးကျင့်ကြံမှုအရှိန်ကို ထိန်းထားဖို့ဆိုရင်မဟာ ရွှေအမြုတေတာအိုကျမ်းကို ကျင့်ကြံဖို့ပဲ အဆင့်နိမ့်ဝိညာဉ်ကျောက်တုံး ဆယ်သန်းလိုမယ်။"
"ဒါပေမဲ့ အဆင်ပြေပါတယ်။
"ပြီးခဲ့တဲ့တစ်နှစ်အတွင်းမှာ ဝိညာဉ်ကျောက်တုံးအများကြီး စုမိထားတယ်။ ပြီးတော့ ဆေးဆရာ၊ လက်နက်ပြုလုပ်သူ၊ အစီအရင်ဆရာအဖြစ် ဆက်ပြီးတိုးတက်အောင်လုပ်နိုင်သေးတော့ အမြုတေဖွဲ့စည်းခြင်းအဆင့်အတွက်လိုအပ်တဲ့ ဆေးလုံးတွေ၊ ရတနာပစ္စည်းတွေ၊ အစီအရင်ပြားတွေကို ရောင်းပြီး ဝိညာဉ်ကျောက်တုံးအများကြီး ရနိုင်သေးတယ်။"
အဲဒီအချိန်မှာ ချီမင်က သူ့ခန္ဓာကိုယ် ထပ်ပြီးပြောင်းလဲလာတာကို ခံစားလိုက်ရတယ်။
"ဒါက..."
ချီမင် အံ့အားသင့်ပြီး ဝမ်းသာသွားတယ်။
ဘာဖြစ်လို့လဲဆိုတော့ သူ့ခန္ဓာကိုယ်ထဲမှာ ပေါ်လာတဲ့ခံစားချက်က အရမ်းကို ရင်းနှီးနေလို့ဖြစ်တယ်။။ သူ ကိုယ်ပိုင်ရတနာသုံးမျိုးကို သန့်စင်ပြီး သူ့ရဲ့အရည်အချင်းကို မြှင့်တင်ခဲ့တုန်းကလိုဖြစ်တယ်။
ဒီတစ်ခါတော့ မွေးရာပါသန့်စင်တဲ့မဟာတာအိုရွှေအမြုတေကနေ မမြင်နိုင်တဲ့ မဟာတာအိုအမှတ်အသားတွေ ထုတ်လွှတ်ပြီး ချီမင်ရဲ့ခန္ဓာကိုယ်ထဲကို တဖြည်းဖြည်းစိမ့်ဝင်သွားတယ်။ အဲဒါက ချီမင်ရဲ့ ခန္ဓာကိုယ်၊ နားလည်နိုင်စွမ်းနဲ့ အခြေခံတွေကို ပြောင်းလဲတိုးတက်သွားတယ်။
ဒါက အရမ်းကိုထူးဆန်းတဲ့ ခံစားချက်ပဲ။
ပြီးတော့...
ဒီအခြေအနေက တစ်ညလုံး၊ နောက်နေ့မနက်စောစောအထိ ကြာမြင့်သွားတယ်။
မွေးရာပါသန့်စင်တဲ့မဟာတာအိုရွှေအမြုတေက ထုတ်လွှတ်တဲ့ မဟာတာအိုအမှတ်အသားတွေ ပျောက်ကွယ်သွားပြီး ချီမင်ရဲ့အရည်အချင်းကလည်း တကယ်ပဲ ပြောင်းလဲတိုးတက်သွားတယ်။
တင်း!
"လက်ခံသူမွေးရာပါသန့်စင်တဲ့မဟာတာအိုရွှေအမြုတေကို တည်ဆောက်နိုင်ခဲ့တဲ့အတွက် ဂုဏ်ယူပါတယ်။ သင်ကကောင်းကင်နဲ့မြေကြီးရဲ့မဟာတာအိုရဲ့ လွှမ်းမိုးပြောင်းလဲမှုကို ခံယူရပြီး သင့်ရဲ့အရည်အချင်း တိုးတက်လာပါပြီ။"
"ဓာတ်ငါးပါးဝိညာဉ်အမြစ်မှာတော့ ပြောင်းလဲမှုမရှိပါဘူး။ ဓားအရိုးဝိညာဉ်ခန္ဓာက ကောင်းကင်နဲ့မြေကြီးမဟာတာအိုရဲ့ အမှတ်အသားတွေကို စုပ်ယူခဲ့တဲ့အတွက် ကောင်းကင်ဓားတာအိုခန္ဓာအဖြစ် ပြောင်းလဲသွားပါတယ်။ သင့်ရဲ့နားလည်နိုင်စွမ်းက ထူးချွန်အဆင့်ကနေ ပါရမီရှင်အဆင့်ကို တိုးတက်သွားပြီး သင့်ရဲ့အခြေခံက ထူးကဲအဆင့်ကနေ ဖန်သလင်းအဆင့်ကို တိုးတက်သွားပါတယ်။ ကောင်းကင်နဲ့မြေကြီးမဟာတာအိုရဲ့ ကောင်းချီးပေးမှုကြောင့် သင့်ရဲ့ကံကြမ္မာကသုံးရောင်ခြယ်ကနေ လေးရောင်ခြယ်အထိ တိုးတက်လာပါတယ်။"
"တိုးတက်မှုက အရမ်းများတာပဲ။"
ချီမင် ဝမ်းသာသွားပြီး မျက်နှာပေါ်က ပျော်ရွှင်မှုကို မဖုံးကွယ်နိုင်တော့ဘူး။ "ငါ့ရဲ့ဝိညာဉ်အမြစ်မှာတော့ ပြောင်းလဲမှုမရှိဘူး။ ငါ့ရဲ့ခန္ဓာကိုယ်၊ နားလည်နိုင်စွမ်းနဲ့ အခြေခံက ဒုတိယအဆင့်ကနေ တတိယအဆင့်ကို တိုးသွားတယ်။ ငါ့ရဲ့ကံကောင်းမှုကတောင် တတိယအဆင့်ကနေ စတုတ္ထအဆင့်ကို တိုးသွားသေးတယ်။"
"ငါ့ရဲ့လက်ရှိအရည်အချင်းက တောင်ထွတ်ဆယ့်နှစ်ခုက အမွေခံတပည့်တွေနဲ့ သိပ်မကွာတော့ဘူး။ တစ်ခုတည်းသောအားနည်းချက်က ဝိညာဉ်အမြစ်ပဲ ဖြစ်လိမ့်မယ်။"
"တကယ်တော့ အားနည်းချက်လို့လည်း ပြောလို့မရပါဘူး။" ချီမင် စဉ်းစားလိုက်တယ်။
တင်း!
"လက်ခံသူရဲ့အရည်အချင်း တိုးတက်လာတာကို တွေ့ရှိရပါတယ်။ အလိုအလျောက်ကျင့်ကြံမှုအတွက် လိုအပ်တဲ့ ဝိညာဉ်ကျောက်တုံးအရေအတွက်က ဆယ်ဆလျော့ကျသွားပါပြီ။ ဆတစ်ခုတိုးတိုင်း အဆင့်နိမ့်ဝိညာဉ်ကျောက်တုံး ၁၀ တုံးပဲ ကုန်ကျပါတော့မယ်။"
နောက်ထပ်အသိပေးချက်တစ်ခု ပေါ်လာတယ်။
"မဆိုးဘူး၊ မဆိုးဘူး။"
ချီမင် ပြုံးပြီးပြောလိုက်တယ် "အလိုအလျောက် ကျင့်ကြံမှုအတွက် လိုအပ်တဲ့ ဝိညာဉ်ကျောက်တုံးတွေ ထပ်ပြီးလျော့သွားပြန်ပြီ။"
"အဆင့်နိမ့်ဝိညာဉ်ကျောက်တုံး တစ်သန်းဖြည့်ပြီး မဟာရွှေအမြုတေတာအိုကျမ်းကို ကျင့်ကြံမယ်။" ချီမင် ပြောလိုက်တယ်။
တင်း!
"မဟာရွှေအမြုတေတာအိုကျမ်းကို အဆတစ်သိန်း
မြှင့်တင်အောက်မှာ ကျင့်ကြံနေပါတယ်..."
အသိပေးချက်တစ်ခု ပေါ်လာတယ်။
"အဆင့်နိမ့်ဝိညာဉ်ကျောက်တုံး တစ်သန်းဖြည့်ပြီး သဏ္ဌာန်မဲ့ကျမ်းကို ကျင့်ကြံမယ်။" ချီမင် ဆက်ပြောတယ်။
တင်း!
"သဏ္ဌာန်မဲ့ကျမ်းကို အဆတစ်သိန်းမြှင့်တင်အောက်မှာ ကျင့်ကြံနေပါတယ်..."
နောက်ထပ်အသိပေးချက်တစ်ခု ပေါ်လာတယ်။
တင်း!
"လက်ခံသူရဲ့ကျင့်ကြံမှုအဆင့်က အမြုတေဖွဲ့စည်းခြင်းအစောပိုင်းအဆင့်ကို တက်လှမ်းသွားပြီဖြစ်ကြောင်း တွေ့ရှိရပါတယ်။ အခြေခံတည် ဆောက်ခြင်းနှောင်းပိုင်း အဆင့်ဂိမ်းမြေအောက်စခန်းဖြစ်တဲ့ ရှူတောင်နတ်ဆိုးဖိနှိပ်စေတီကို ရှင်းလင်းခြင်းအတွက် ဆုလာဘ်က အလွန်အမင်းလျော့နည်းသွားပါတယ်။ အဆင့်နိမ့်ဝိညာဉ်ကျောက်တုံး ၁၀၀,၀၀၀ အသုံးပြုပြီး ဂိမ်း မြေအောက်စခန်းအသစ်ကို ဖွင့်နိုင်ပါတယ်။"
ချီမင်ရဲ့ကျင့်ကြံမှုအဆင့်က တိုးတက်သွားတယ်။သူ အခု ဂိမ်း မြေအောက်စခန်းအသစ်ကို ဖွင့်နိုင်ပြီ။ အခြေခံတည်ဆောက်ခြင်းနှောင်းပိုင်းအဆင့်ဂိမ်း မြေအောက်စခန်းဖြစ်တဲ့ ရှူတောင်နတ်ဆိုးဖိနှိပ်စေတီက ရနိုင်တဲ့ဆုလာဘ်အားလုံးကို သူ ရရှိထားတယ်။ ဆက်ပြီးရှင်းလင်းနေရင် ထပ်ခါထပ်ခါရနေတဲ့ ဆုလာဘ်တွေပဲ ရလိမ့်မယ်။
ရှူတောင်နတ်ဆိုးဖိနှိပ်စေတီရဲ့ အကြီးမားဆုံးအကျိုးအမြတ်ကတော့ မဟာရွှေအမြုတေတာအိုကျမ်းပဲ။
"အဆင့်နိမ့်ဝိညာဉ်ကျောက်တုံး ၁၀၀,၀၀၀ ဖြည့်ပြီး ဂိမ်း မြေအောက်စခန်းစခန်းအသစ်ကို ဖွင့်လိုက်မယ်။" ချီမင် ပြောလိုက်တယ်။
တင်း!
"ဂိမ်းမြေအောက်စခန်းအသစ်ကို အောင်မြင်စွာဖွင့်လှစ်ပြီးပါပြီ!"
"အမြုတေဖွဲ့စည်းခြင်းအစောပိုင်း အဆင့်ဂိမ်း မြေအောက်စခန်းဖြစ်တဲ့: ကောင်းကင်ဘုံကြယ်တာရာသုံးဆယ့်ခြောက်ဂူ အတွင်းကို ဝင်ရောက်နိုင်ပါပြီ!"
အသိပေးချက်တစ်ခု ပေါ်လာတယ်။
"ဝင်မယ်။"
ချီမင်ရဲ့မျက်လုံးတွေက တောက်ပလာပြီး အတည်ပြုလိုက်တယ်။
သူ့ရှေ့မှာ ဂိမ်းမြင်ကွင်းတစ်ခု ပေါ်လာတယ်။
ချီမင် ဂိမ်းမျက်နှာပြင်ပေါ်က အခြေအနေကို မမြင်ရသေးခင်မှာပဲ တိမ်ပြိုတောင်ထွတ်ကို ဧည့်သည်ရောက်လာတယ်။ ချီမင်က ဂိမ်းမျက်နှာပြင်ကို ပိတ်ပြီး ရှေ့ထွက်ကြိုဆိုရတော့တယ်။
ဘာဖြစ်လို့လဲဆိုတော့ ဧည့်သည်တွေက တောင်ထွတ်သခင်နဲ့ ဆရာ၊ တိမ်စိမ်းတောင်ထွတ်က အမွေခံအကြီးအကဲအချို့နဲ့ စီနီယာအစ်မလုချင်းယန်တို့ ဖြစ်နေတယ်။ သူတို့အားလုံး အတူတူလာကြတာဖြစ်တယ်။
သူတို့တစ်ယောက်ချင်းစီတိုင်းက ချီမင်ထက် ရာထူးအဆင့်အတန်းမြင့်တဲ့သူတွေချည်းဖြစ်တယ်။
"တပည့် ချီမင်က တောင်ထွတ်သခင်၊ ဆရာ၊ စီနီယာအစ်မနဲ့ အမွေခံအကြီးအကဲအားလုံးကို အရိုအသေပြုပါတယ်။"
ချီမင်က တိမ်ပြိုဂူစံအိမ်ရဲ့ အဝင်ဝမှာရပ်ပြီး သူ့ဆရာနဲ့ တခြားသူတွေကို လက်သီးဆုပ်အရိုအသေပေးလိုက်တယ်။ သူ့လေသံက ရိုကျိုးပြီး လေးစားမှုအပြည့်ပါတယ်။
"အင်း။"
ဖုန်းဇီမုနဲ့ တခြားသူတွေက ရောက်နှင့်နေပြီး ချီမင်ရဲ့ရှေ့မှာ ရပ်နေကြတယ်။ သူတို့အချင်းချင်းကြည့်ပြီး ချီမင်ကို သေသေချာချာ အကဲခတ်နေကြပေမဲ့ ဘာမှမမြင်ရဘူး။
အမွေခံအကြီးအကဲတွေထဲက မီးတောက်လို ဆံပင်နီ၊ မုတ်ဆိတ်နီနဲ့ တုတ်ခိုင်တဲ့လူလတ်ပိုင်းတစ်ယောက်က ကျယ်လောင်တဲ့အသံနဲ့ မေးလိုက်တယ်"ချီမင်၊ ငါတို့ ဘာလို့လာတယ်ဆိုတာ မင်းသိလား။"
"တပည့် မသိပါဘူး။"
ချီမင် ခေါင်းခါလိုက်တယ်။
ဖုန်းဇီမုက ချောင်းအသာဟန့်ပြီး ချီမင်ကိုကြားဖြတ်ပြောလိုက်တယ် "ဒါက တိမ်စိမ်းတောင်ထွတ်က အမွေခံအကြီးအကဲကိုးယောက်ထဲက တစ်ယောက်ဖြစ်တဲ့ အကြီးအကဲ ချီရှပဲ။ ချီမင်၊ မြန်မြန်နှုတ်ဆက်လိုက်ဦး။"
"ဟုတ်ကဲ့။" ချီမင် ခေါင်းညိတ်ပြီး အကြီးအကဲ ချီရှကို လက်သီးဆုပ်အရိုအသေပြုပြီးပြောလိုက်တယ်။"တပည့် ချီမင် အကြီးအကဲ ချီရှကို အရိုအသေပြုပါတယ်။"
"အင်း။" ချီရှရဲ့မျက်နှာအမူအရာ နည်းနည်းပျော့ပျောင်းသွားပြီး ဆက်မမေးတော့ဘူး။
"အကြီးအကဲ ဖုန်း၊ သူ့ကို ကိုယ်တိုင်မေးတာ ပိုကောင်းလိမ့်မယ်။" တခြားအမွေခံအကြီးအကဲသုံးယောက်ထဲက တစ်ယောက်က ပြောလိုက်တယ်။
"ကောင်းပြီ။" ဖုန်းဇီမု ခေါင်းညိတ်ပြီး ချီမင်ကို ကြည့်ကာပြောတယ် "မနေ့ညက အကြီးအကဲတွေကတိမ်စိမ်းတောင်ထွတ်ပတ်ဝန်းကျင်က ဝိညာဉ်စွမ်းအင်တွေ ပြောင်းလဲနေတာကို ခံစားမိတယ်။"
"ပြီးတော့ အဲဒီပြောင်းလဲမှုရဲ့ဗဟိုချက်က တိမ်ပြိုတောင်ထွတ်ပဲ။"
"ဒါကြောင့် ပတ်ဝန်းကျင် ငါးကီလိုမီတာအတွင်းမှာ ဝိညာဉ်စွမ်းအင်လေဟာနယ်ဖြစ်ပေါ်ပြီး ဝိညာဉ်စွမ်းအင်ထူးခြားဖြစ်စဉ်တွေ ဖြစ်ပေါ်လာတယ်။"
"ချီမင်၊ ဒီကိစ္စက မင်းနဲ့ပတ်သက်နေလား။"
သူတို့စကားဆုံးတာနဲ့ ဖုန်းဇီမု၊ မော့ဟန်ကျန်း၊ ချီရှနဲ့ တခြားအမွေခံအကြီးအကဲတွေ၊ ပြီးတော့ စီနီယာအစ်မလုချင်းယန်တို့အားလုံးက ချီမင်ကို ကြည့်လိုက်ကြတယ်။
"ဟုတ်ကဲ့။" ချီမင် ဘာမှဖုံးကွယ်မထားဘဲ မျက်လုံးတွေက တည်ငြိမ်နေပြီး မျက်နှာအမူအရာကလည်း အေးဆေးတည်ငြိမ်စွာနဲ့ ပြောလိုက်တယ်"ဆရာ၊ မနေ့ညက တပည့် ကံကောင်းထောက်မစွာနဲ့ ဉာဏ်အလင်းပွင့်ပြီး သဏ္ဌာန်မဲ့ကျမ်းကို နားလည်သဘောပေါက်သွားခဲ့ပါတယ်။ တစ်ညတည်းနဲ့ သဏ္ဌာန်မဲ့ကျမ်းထဲက အသင်္ချေသဏ္ဌာန်မဲ့ရဲ့စွမ်းအားကို ဆုပ်ကိုင်နိုင်ပြီး သဏ္ဌာန်မဲ့ရွှေအမြုတေကို ဖွဲ့စည်းနိုင်ခဲ့ပါတယ်။"