ဂိမ်းမြေအောက်စခန်းအသစ်: ကောင်းကင်ဘုံကြယ်တာရာသုံးဆယ့်ခြောက်ဂူ
Vol. 6 Ch. 79
ချက်ချင်းဆိုသလိုပဲ တိတ်ဆိတ်သွားတယ်။
တိမ်ပြို တောင်ထွတ်တစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်သွားတယ်။
ဖုန်းဇီမု၊ မော့ဟန်ကျန်း၊ ချီရှနဲ့ တခြား အမွေခံအကြီးအကဲတွေ အားလုံး နေရာမှာတင် ကြောင်ငေးကုန်ကြတယ်။ တော်တော်လေးကို ထိတ်လန့်သွားလို့ ခဏတာ ပါးစပ်အဟောင်းသားဖြစ်ပြီး ဘာစကားမှ မပြောနိုင်ကြဘူး။
လေညှင်းလေး တိုက်လာပြီး သစ်ရွက်ခြောက်တွေကို တိုက်ခတ်ကာ လေထဲမှာ လွင့်မျောသွားတယ်...
လုချင်းယန်က သူ့လက်နဲ့ သူ့ရဲ့နီထွေးနှုတ်ခမ်းကိုအုပ်လိုက်တယ်။ သူ့ရဲ့ လှပတဲ့မျက်လုံးတွေကတော့ ထိတ်လန့်မှုတွေပြည့်နေတယ်။
ဖုန်းဇီမုနဲ့ တခြားသူတွေ အများကြီး တွေးထားကြတယ်။ ဒါပေမဲ့ ချီမင် တကယ်ပဲ ကျင့်ကြံမှု အဆင့်ချိူးဖြတ်သွားလိမ့်မယ်လို့ လုံးဝ မမျှော်လင့်ထားဘူး။ သူ သဏ္ဍာန်မဲ့ကျမ်းကို ရတာ ဘယ်နှစ်ရက်ပဲ ရှိသေးလို့လဲ။ စုစုပေါင်းဆို ငါးရက်တောင် မပြည့်သေးဘူး။
သူ အဆင့်တက်သွားပြီလား။
တကယ်ပဲ အဆင့်တက်သွားတယ်။
အံ့သြလွန်းလို့ အသက်ရှုမှားကုန်ကြတယ်...
တုန်လှုပ်ခြောက်ခြားကုန်တယ်။
အရမ်းကို ထိတ်လန့်စရာ ကောင်းတယ်။
ချက်ချင်းဆိုသလိုပဲ သူတို့မယုံနိုင်လိုက်ဘူး။
ဖုန်းဇီမုနဲ့ တခြားသူတွေက ချီမင်အနေနဲ့ သဏ္ဍာန်မဲ့ကျမ်းကို ရပြီး ငါးရက်တောင် မပြည့်ခင်မှာ တန်းပြီး နားလည်သဘောပေါက်သွားတယ်၊ ပြီးတော့ အမြူတေဖွဲ့စည်းခြင်း အဆင့်ကို ချိုးဖြတ်ပြီး နဝမအဆင့် ရွှေအမြူတေကို သိပ်သည်းနိုင်မယ်ဆိုတာမယုံနိုင်ကြဘူး။
သူတို့ တကယ်ကို မယုံကြည်နိုင်ကြဘူး။
"ဒါ မဖြစ်နိုင်ဘူး!"
ထိတ်လန့်အပြီးမှာ ချီရှ သတိပြန်ဝင်လာပြီး အော်လိုက်တယ်။ "ဒါ လုံးဝ မဖြစ်နိုင်တဲ့ ကိစ္စပဲ။ သဏ္ဍာန်မဲ့ကျမ်းဆိုတာ တိမ်စိမ်း တောင်ထွတ်ရဲ့ ထိပ်တန်း အဆင့်အမြူတေဖွဲ့စည်းခြင်း ကျင့်စဉ်ပဲ။ နဝမအဆင့် သဏ္ဍာန်မဲ့ရွှေအမြူတေကို သိပ်သည်းဖို့ လုံလောက်တယ်။ မင်းအနေနဲ့ ဒီလိုအချိန်တိုလေးအတွင်း နားလည်နိုင်တယ်ဆိုတာ မဖြစ်နိုင်ဘူး။ ပိုဆိုးတာက မင်း သဏ္ဍာန်မဲ့ရွှေအမြူတေကို တစ်ညတည်းနဲ့ဖွဲ့စည်းလိုက်တာ!"
"ဒါက ရိုးရိုးသားသားပြောရရင် မယုံနိုင်လောက်အောင် မြန်လွန်းတယ်။"
"ဟုတ်တယ်"
"ငါလည်း မယုံဘူး"
"..."
တခြား အမွေခံအကြီးအကဲတွေလည်း ခေါင်းညိတ်ကြတယ်။
"ချီမင်" ဖုန်းဇီမု အသက်ကို ပြင်းပြင်းရှူသွင်းလိုက်တယ်။ သူ စိတ်ငြိမ်သွားတယ်။ သူ့အကြည့်တွေက ချီမင်ပေါ် ရောက်သွားပြီး လေးနက်တဲ့ အသံနဲ့ ပြောတယ်။ "မင်းက ငါ့တပည့်ပဲ။ ငါ မင်းကို ယုံတာပေါ့။"
"ဒါပေမဲ့..."
"မင်းပြောတာကတော့ ငါတို့ရဲ့ မျှော်လင့်ထားတာတွေနဲ့ နားလည်ထားတာတွေကို တကယ်ပဲ ကျော်လွန်သွားပြီ။"
"မနေ့ညက ဖြစ်ခဲ့တဲ့ ဝိညာဉ်စွမ်းအင်ဖြစ်စဉ် ဖြစ်ပေါ်တာက မင်း သဏ္ဍာန်မဲ့ကျမ်းကို နားလည်သဘောပေါက်ပြီး သဏ္ဍာန်မဲ့ရွှေအမြူတေကို သိပ်သည်းလိုက်လို့ တကယ်ပဲ ဖြစ်သွားတာလား။"
"ဟုတ်ပါတယ် ဆရာ။"
ချီမင် ပြုံးပြပြီး ပြောတယ်။ "တပည့် ဒီရက်ပိုင်းအတွင်း သဏ္ဍာန်မဲ့ကျမ်းကို အချိန်တိုင်း လေ့လာပြီး နားလည်အောင် လုပ်နေပါတယ်။ ပထမတော့ ဘာဆိုဘာမှ သဲလွန်စ မရပါဘူး။ ဒါပေမဲ့ ဆက်ပြီး လေ့လာနေရင်း မနေ့ညက မမျှော်လင့်ဘဲ ဉာဏ်အလင်း ရတဲ့အဆင့်ကို ရောက်သွားပါတယ်။ ဒါကြောင့်မို့ တစ်ညတည်းနဲ့အောင်မြင်ပြီး အဆင့်တက်နိုင်ခဲ့တာပါ။"
အကြီးအကဲတွေ မျက်မှောင်ကြုတ်ကုန်ကြတယ်။
"ကောင်းပြီ" မော့ဟန်ကျန်း ပြောတယ်။ "အားလုံးလည်း ငြင်းခုန်နေကြတာဆိုတယ်။ ပြီးတော့ ချီမင် လိမ်နေတာ မဟုတ်ဘူးလို့ ငါ ထင်တယ်။ ဘာလို့ မင်း သဏ္ဍာန်မဲ့ရွှေအမြူတေကို ငါတို့ကိုမပြတာလဲ။"
"ဟုတ်ကဲ့ တောင်ထွတ်သခင်" ချီမင် ခေါင်းညိတ်တယ်။
"သဏ္ဍာန်မဲ့ရွှေအမြူတေ"
ဘုန်း!
ချီမင်က သဏ္ဍာန်မဲ့ကျမ်းကို လည်ပတ်စေလိုက်တယ်။ သဏ္ဍာန်မဲ့ရွှေအမြူတေရဲ့ စွမ်းအင်တွေ သူ့ပတ်လည်မှာ ပျံ့နှံ့လာပြီး မီးခိုးရောင် မြူခိုးတွေ သူ့ပတ်ပတ်လည်မှာ ပေါ်လာတယ်။
ပြီးတော့ ချီမင်ရဲ့ ဗိုက်နားက ဒန်တျန်းထဲမှာ ပထမဆုံးဆယ့်နှစ်လွှာ သောင်းပြောင်းကြာပန်းစိမ်းပေါ်လာတယ်။
ကြာပန်းစိမ်းရဲ့ အလယ်မှာ လုံးဝိုင်းတဲ့ ရွှေအမြူတေတစ်ခု တဖြည်းဖြည်း ပေါ်လာတယ်။ အဲ့ထဲမှာ သဏ္ဍာန်မဲ့ကျမ်းရဲ့ စွမ်းအားတွေ ပါဝင်နေပြီး အဲဒါက သဏ္ဍာန်မဲ့ကျမ်းဖြစ်တယ်။
မွေးရာပါ သန့်စင်တဲ့ မဟာတာအိုရွှေအမြူတေ ကတော့ဖုံးကွယ်ထားတာကြာပြီဖြစ်တယ်။
"ဒါ... ဒါ..."
"သဏ္ဍာန်မဲ့ရွှေအမြူတေ! တကယ်ပဲ သဏ္ဍာန်မဲ့ရွှေအမြူတေပဲ!"
အသက်ရှူမှားကုန်ကြတယ်...
"တစ်ညတည်းနဲ့ အမြူတေဖွဲ့စည်းခြင်း! တစ်ညတည်း အမြူတေဖွဲ့စည်းခြင်းအဆင့်!"
"ဘုရားရေ!"
"ပါရမီရှင်! ပါရမီရှင်! ဒီလိုမျိုး တစ်ခါမပေါ်ဖူးတဲ့ ပါရမီရှင်ပဲ!!!"
ဒီအချိန်မှာ လူတိုင်း တုန်လှုပ်ခြောက်ခြားကုန်ကြတယ်။
သူတို့ မျက်လုံးတွေ ပြူးကျယ်ကုန်ပြီး မျက်လုံးတွေက မြေပေါ် ကျတော့မတတ်ဖြစ်သွားတယ်။ချီမင်ကို ထိတ်လန့်တုန်လှုပ်နေတဲ့ မျက်နှာတွေနဲ့ စိုက်ကြည့်နေကြပြီး စိတ်ကို မတည်ငြိမ်နိုင်ကြတော့ဘူး။
"ဂျူနီယာ..ဂျူနီယာမောင်လေး..."
လုချင်းယန် အံ့ဩပြီး ပျော်သွားတယ်။ သူ့အရမ်းဝမ်းသာသွားတယ်။
"ကောင်းတယ်! ကောင်းတယ်!"
မော့ဟန်ကျန်း ကျယ်လောင်စွာ ရယ်လိုက်တယ်။ ချီမင်ကို ကြည့်ပြီး မျက်လုံးတွေ တောက်ပလာကာ အော်ပြောလိုက်တယ်။ "တိမ်စိမ်း တောင်ထွတ်ရဲ့ အမွေခံတပည့်ဆိုတဲ့အတိုင်းပဲ။ ကောင်းကင်ဘုံဉာဏ်အလင်းဂိုဏ်းစုဝေးပွဲ မှာ ကျန်တဲ့ တောင်ထွတ် ဆယ့်တစ်ခုက အမွေခံတပည့်တွေကို ဖိနှိပ်ထားနိုင်ခဲ့တဲ့ ထိပ်တန်းပါရမီရှင်ဆိုတဲ့အတိုင်းပဲ!"
"မယုံနိုင်စရာပဲ! မယုံနိုင်စရာပဲ!"
"မင်းက ကောင်းကင်ဘုံဉာဏ်အလင်းဂိုဏ်းရဲ့ သမိုင်းကို ဖန်တီးလိုက်တာပဲ!"
"ဟားဟားဟား..."
မော့ဟန်ကျန်း ရယ်မောနေတယ်။
"ကောင်းတယ်! ကောင်းတယ်! ကောင်းတယ်!" ဖုန်းဇီမုလည်း ချီးကျူးတယ်။ "ချီမင်၊ မင်းက ငါ့ရဲ့ မျှော်လင့်ထားတာထက် တကယ်ပဲ ကျော်လွန်သွားပြီ။ မင်း သဏ္ဍာန်မဲ့ကျမ်းကို ရတဲ့အတွက် မင်း ဘယ်လောက်ပဲ ပါရမီရှင် ဖြစ်ပါစေ၊ အမြူတေဖွဲ့စည်းခြင်း အဆင့်ကို ရောက်ဖို့ သုံးနှစ်လောက် ကြာမယ်လို့ ငါ အစက ထင်ထားခဲ့တာ။"
"နောက်ဆုံးတော့ မင်းက အံ့ဖွယ်တစ်ခုကို ဖန်တီးလိုက်တယ်။ ရက်အနည်းငယ်အတွင်းမှာ မင်း ဉာဏ်အလင်းရပြီး တစ်ညတည်းနဲ့ အမြူတေကို သိပ်သည်းလိုက်တယ်။"
"မင်း အံ့ဖွယ်တစ်ခုကို ဖန်တီးခဲ့ပြီ!"
"ဆရာနဲ့ တောင်ထွတ်သခင်တို့ရဲ့ ချီးကျူးစကားတွေအတွက် ကျေးဇူးတင်ပါတယ်။"
ချီမင် သူ့ရဲ့ ဝိညာဉ်စွမ်းအင်တွေကို စုစည်းလိုက်ပြီး သဏ္ဍာန်မဲ့ရွှေအမြူတေ တဖြည်းဖြည်း ပျောက်ကွယ်သွားတယ်။ လက်သီးဆုပ်ပြီး မော့ဟန်ကျန်း၊ ဖုန်းဇီမုနဲ့ တခြားသူတွေကို အရိုအသေပေးလိုက်တယ်။ "တပည့်က ကံကောင်းပြီး ဉာဏ်အလင်းရတဲ့အဆင့်ကို ရောက်သွားရုံပါ။ အဲဒါကြောင့်မို့ သဏ္ဍာန်မဲ့ကျမ်းကို နားလည်နိုင်ခဲ့ပြီး ဝိညာဉ်စွမ်းအင်တွေအများကြီးကို တစ်ညတည်း စုပ်ယူပြီး သဏ္ဍာန်မဲ့ရွှေအမြူတေကို သိပ်သည်းနိုင်ခဲ့တာပါ။"
"ဟားဟားဟား..."
ဖုန်းဇီမု ပျော်ရွှင်စွာ ပြုံးလိုက်တယ်။ "ချီမင်၊ ဆက်ပြီး နှိမ့်ချမနေနဲ့တော့။ လိုတာထက် ပိုပြီး နှိမ့်ချတာဟာ မာနကြီးတာနဲ့ အတူတူပဲဆိုတာ သိရမယ်။"
"မင်း ဘယ်လောက် ပါရမီရှိလဲဆိုတာ အားလုံး သိပါတယ်။ ငါတို့ ကိုယ့်မျက်လုံးနဲ့ ကိုယ် မြင်နေရတယ်။"
"နားလည်ပါပြီ ဆရာ။" ချီမင် ပြန်ဖြေလိုက်တယ်။
ပြီးတော့ ချီမင်က အမွေခံအကြီးအကဲတွေနဲ့ စကားစမြည် ဆက်ပြောပြီး သဏ္ဍာန်မဲ့ကျမ်းနဲ့ ပတ်သက်တဲ့ အကြောင်းအရာတချို့ကို အကြီးအကဲ ဖုန်းနဲ့ တခြားသူတွေကို မေးလိုက်တယ်။ မသိလိုက်ဘဲ တစ်နာရီကျော်တောင် ကြာသွားတယ်။
"ချီမင်" မော့ဟန်ကျန်း ပြောတယ်။ "ဒီနေ့ ပြင်ဆင်ထားလိုက် တော့။ မနက်ဖြန် ငါနဲ့အတူ ဂိုဏ်းချုပ် ကို သွားတွေ့ရမယ်။"
"ဟုတ်ကဲ့။" ချီမင် အံ့အားသင့်သွားတယ်။ တည်ငြိမ်နေတဲ့ မော့ဟန်ကျန်းကို တစ်ချက်ကြည့်ပြီး ခေါင်းအနည်းငယ်ညိတ်လိုက်တယ်။ "နားလည်ပါပြီ။"
"စိတ်မပူပါနဲ့။" ဖုန်းဇီမု ပြုံးပြီး ပြောတယ်။ "ဂိုဏ်းချုပ်နဲ့ တွေ့ရုံလေးပါ။"
"နားလည်ပါပြီ။" ချီမင် ပြောလိုက်တယ်။
ပြီးတော့ မော့ဟန်ကျန်းနဲ့ တခြားသူတွေ ထွက်ခွာသွားတယ်။
ခဏကြာတော့ ခုနကမှ ထွက်သွားတဲ့ လုချင်းယန်က တမင်တကာ ပြန်ရောက်လာတယ်။
"စီနီယာအစ်မ" ချီမင် အံ့အားသင့်သွားတယ်။ "ဘာလို့ ပြန်လာတာလဲ။"
"ဂျူနီယာ မောင်လေး" လုချင်ယန် စိတ်လှုပ်ရှားနေပုံရတယ်။ ချီမင်ကို အပေါ်အောက် ကြည့်ပြီး စိတ်လှုပ်ရှားလွန်းလို့ သူ့မျက်နှာ နီရဲနေတယ်။ "နင်.. နင်.."
"ကျွန်တော့်အကြောင်း ဘာဖြစ်လို့လဲ" ချီမင် ပြုံးလိုက်တယ်။
"နင် တကယ် ရွှေအမြူတေကိုသိပ်သည်းနိုင်ခဲ့တာလား။"
"ဒါက ဘယ်လိုလုပ် အတု ဖြစ်နိုင်မှာလဲ။"
ချီမင် ပုခုံးတွန့်လိုက်တယ်။ "ဆရာတို့နဲ့ တခြားသူတွေ ခုနက ကိုယ့်မျက်လုံးနဲ့ ကိုယ် မြင်သွားတာ မဟုတ်ဘူးလား။ သဏ္ဍာန်မဲ့ကျမ်းအကြောင်း ပြောရရင် ဒါက တော်တော် ခက်ခဲပါတယ်။ အစပိုင်းမှာ ဘာမှ နားကိုမလည်ဘူး။ မနေ့က မမျှော်လင့်ဘဲ ဉာဏ်အလင်း မရခဲ့ရင် တကယ်ပဲ ဒီလောက်မြန်မြန် ရွှေအမြူတေ ကိုသိပ်သည်းနိုင်မှာ မဟုတ်ဘူး။"
"အဲဒါကတောင် အရမ်း မယုံနိုင်လောက်အောင် မြန်နေပြီ။"
လုချင်ယန် နည်းနည်း စကားမပြောနိုင်ဖြစ်သွားရင်း ပြောတယ်။ "နင့်ရဲ့ အမြူတေဖွဲ့စည်းတဲ့နှုန်းက ကောင်းကင်ဘုံဉာဏ်အလင်းဂိုဏ်းရဲ့ မှတ်တမ်းကို လုံးဝ ချိုးဖျက်လိုက်ပြီ။ ငါ ဒါကို ကြားတုန်းက ကြောင်သွားတာပဲ။"
"ငါ့ရဲ့ဂျူနီယာမောင်လေးဆိုတဲ့အတိုင်းပဲ။"
"မကြာခင် ငါ နင့်ကို အားကိုးရတော့မယ် ထင်တယ်။"
"စီနီယာအစ်မ စိတ်မပူပါနဲ့။"
ချီမင် ခေါင်းညိတ်ပြီး လေးလေးနက်နက် ပြောတယ်။ "ဂျူနီယာမောင်လေး ရှိနေသရွေ့ စီနီယာအစ်မကို နောက်တစ်ခါ ထပ်ပြီး ထိခိုက်ဒဏ်ရာ မရစေရဘူး။"
"အစောကြီး ရှိပါသေးတယ်။"
လုချင်းယန်ရဲ့ လှပတဲ့မျက်နှာ ပိုပြီး နီရဲသွားတယ်။ သူ့ရဲ့ လှပတဲ့မျက်လုံးတွေက ချီမင်ကို စိုက်ကြည့်ပြီး ပြောလိုက်တယ်။ "ငါ အန္တရာယ်တွေကို ကျော်ဖြတ်ပြီး နောက်ထပ် တိုးတက်သွားတယ်။ ငါ မကြာခင် ဗလာနယ်စွန့်ခွာခြင်းအဆင့်ကို ချိုးဖြတ်နိုင်တော့မယ်။ နင်က အမြူတေကို ခုမှ သိပ်သည်းနိုင်တာပဲ ရှိသေးတယ်။ ငါ့ကို လိုက်မီဖို့က ဒီလောက် လွယ်မှာ မဟုတ်ဘူး။"
"ဒါဆိုရင်စီနီယာ အစ်မရဲ့ ကျင့်ကြံမှု အဆင့်တက်တာကို ကြိုပြီး ဂုဏ်ပြုပါတယ်။"
ချီမင် ပြုံးပြီး ပြောတယ်။ "စီနီယာအစ်မကို ပိုမြန်မြန် လိုက်မီဖို့ ဂျူနီယာမောင်လေး သေချာပေါက် ပိုကြိုးစားမှာပါ။"
"ဟွန်း" လုချင်ယန် နှာမှုတ်လိုက်တယ်။ "ဂျူနီယာမောင်လေး၊ မနက်ဖြန် ဂိုဏ်းချုပ်ကို သွားတွေ့ရမယ်နော်။ မဟုတ်တာတွေ မပြောနဲ့။ စည်းမျဉ်းစည်းကမ်းတွေကို လိုက်နာရမယ်။ ဂိုဏ်းချုပ်ကို စိတ်ဆိုးအောင် မလုပ်နဲ့။"
"ဟုတ်ကဲ့ပါ စီနီယာအစ်မ။" ချီမင် ခေါင်းညိတ်တယ်။
လုချင်းယန် ခေါင်းအနည်းငယ် ညိတ်လိုက်တယ်။
"စီနီယာအစ်မ" ချီမင် ထပ်မေးတယ်။ "ဆရာရဲ့ ကျင့်ကြံမှုအဆင့်ကဘယ်လောက်ဆိုတာစီနီယာအစ်မသိလား။"
"သေချာတော့ မသိဘူး။" လုချင်းယန် ပုခုံးတွန့်ပြီး ပြောတယ်။ "ဆရာ ငါ့ကို တပည့်အဖြစ် လက်ခံတုန်းက သူ့ရဲ့ ကျင့်ကြံမှုအဆင့်က ဗလာနယ်စွန့်ခွာခြင်းအဆင့် ရောက်နေပြီဆိုတာပဲ သိတယ်။ နှစ်ပေါင်းများစွာ ကြာပြီး တော့ပိုမြင့်လာတာပဲ ရှိမှာပေါ့။"
ချီမင် ခေါင်းညိတ်တယ်။
ခဏစကားပြောပြီးတော့ လုချင်းယန် ပြန်သွားတယ်။ သူ ပြန်သွားပြီး တံခါးပိတ် ကျင့်ကြံဖို့ပြင်ဆင်လိုက်တယ်။ ဗလာနယ်စွန့်ခွာခြင်းအဆင့်ကို ဖြစ်နိုင်သမျှ မြန်မြန် ချိုးဖြတ်ချင်လို့ဖြစ်တယ်။
"ဂိုဏ်းချုပ်နဲ့ တွေ့ရမယ်ဟုတ်လား။"
ချီမင် ခဏ စဉ်းစားတယ်။ "အဲဒါ ဘာမှ မဟုတ်ပါဘူး။ ငါက နတ်ဆိုးဂိုဏ်းရဲ့ သူလျှိုလည်း မဟုတ်ဘူး။ သစ္စာဖောက် နတ်ဆိုးကျင့်ကြံသူလည်း မဟုတ်ဘူး။ ငါ့ရဲ့ ကျင့်ကြံမှုအဆင့် အရမ်း မြန်မြန်တက်လာတယ်ဆိုပေမဲ့ ငါက ကောင်းကင်ဘုံဉာဏ်အလင်းဂိုဏ်းရဲ့ တပည့်ပါပဲ။"
မော့ဟန်ကျန်းက ချီမင်ကို မနက်ဖြန် ဂိုဏ်းချုပ်နဲ့ တွေ့ခိုင်းရတဲ့ အကြောင်းရင်းကတော့ ချီမင်ရဲ့ ကျင့်ကြံမှုအဆင့်က ပုံမှန်မဟုတ်တဲ့အထိ အရမ်း မြန်မြန် တိုးလာလို့ဖြစ်တယ်။
ဒါကြောင့် မော့ဟန်ကျန်း ဒီလို လုပ်တာဖြစ်တယ်။
ဂိုဏ်းချုပ်နဲ့ တွေ့ပြီး ဂိုဏ်းချုပ်ကိုယ်တိုင် ချီမင်ကို စစ်ဆေးလိမ့်မယ်။ အဲဒီအခါမှ စိတ်အေးနိုင်မှာဖြစ်တယ်။
နေ့လယ်ပိုင်း ရောက်တော့ ချီမင် နောက်ဆုံးတော့ ဂိမ်းမြေအောက်စခန်းအသစ် အခြေအနေကို စစ်ဆေးဖို့ အချိန်ရသွားတယ်။
ဘူးဇ်!
ဂိမ်းမျက်နှာပြင် ပေါ်လာတယ်။
အရှေ့ပင်လယ် ကမ်းခြေမှာ တောင်တစ်ခု ရှိတယ်။
အဲဒါကို ကောင်းကင်ဘုံကြယ်တာရာတောင်လို့ ခေါ်တယ်။
အဲ့ဒီ ကောင်းကင်ဘုံကြယ်တာရာသုံးဆယ့်ခြောက်ဂူ ပေါ်မှာ နတ်ဆိုးဘုရင် ၃၆ ပါးက ဘုရင်ပြုထားတယ်။ သူတို့က ကောင်းကင်ဘုံကြယ်တာရာသုံးဆယ့်ခြောက်ဂူလို့ ခေါ်တဲ့ ဂူ ၃၆ ခု တည်ထောင်ထားတယ်။
နတ်ဆိုးဘုရင် ၃၆ ပါးရဲ့ လက်အောက်မှာ နတ်ဆိုးစစ်သည် တစ်သန်း ရှိတယ်။
အဲဒါက ကပ်ဘေးတစ်ခုဖြစ်တယ်။
သူတို့ အုပ်စိုးတဲ့ ဒေသက နတ်ဆိုးဘုရင်အုပ်ချုပ်သူ အောက်ကနိုင်ငံတစ်ခု ဖြစ်တယ်။
ဒီနေ့မှာတော့ ပြိုင်ဘက်ကင်း ဓားအင်မော်တယ်တစ်ပါးဆင်းသက်လာတယ်။ သူက အင်မော်တယ်ဓားတစ်လက်ကို ကိုင်ပြီး နတ်ဆိုးဘုရင် ၃၆ ပါးနဲ့ နတ်ဆိုးစစ်သည် တစ်သန်းကို တိုက်ရိုက် ရင်ဆိုင်လိုက်တယ်။
ဒီဂိမ်းမြေအောက်စခန်းမှာချီမင်အောင်မြင်ဖို့အခြေအနေကနတ်ဆိုးဘုရင်၃၆ပါးကိုသတ်ဖြစ်တယ်။
"တိုက်!"
ချွင်! ချွင်! ချွင်!
ချီမင် အသွင်ပြောင်းထားတဲ့ ပြိုင်ဘက်ကင်း အင်မော်တယ်က အရမ်းကို အစွမ်းထက်တယ်။ သူက တကယ်ပဲ နတ်ဆိုးတွေကို သတ်ဖို့ ကောင်းကင်က ဆင်းသက်လာတဲ့ ဓားအင်မော်တယ်လိုဖြစ်တယ်။
ရေတွက်လို့ မရတဲ့ ဓားချီတွေ သူ့ပတ်ပတ်လည် ဝိုင်းရံနေတယ်။
ဖောက်! ဖောက်! ဖောက်!
ချဉ်းကပ်လာတဲ့ နတ်ဆိုးစစ်သည်တွေ သေဆုံးကုန်တယ်။
အစွမ်းထက်လွန်းတယ်
သူ အရမ်းကို စွမ်းအားကြီးတယ်!
"တိုက်ကြ!"
နတ်ဆိုးဘုရင် ၃၆ ပါးက ရန်သူ ဘယ်လောက် စွမ်းအားကြီးလဲဆိုတာ မြင်ပြီး ချက်ချင်း ပူးပေါင်းပြီး ချီမင်ကို သတ်ဖို့ ကောင်းကင်ဘုံကြယ်တာရာသုံးဆယ့်ခြောက် အစီအရင်ကို ဖွဲ့စည်းလိုက်ကြတယ်။
ဒီတိုက်ပွဲက အရမ်းကို ပြင်းထန်တယ်။ ကောင်းကင် မှောင်သွားတဲ့အထိ တိုက်ခိုက်ခဲ့ကြတယ်။
ဘုန်း!!!
ပင်လယ်ရေတွေ မြင့်တက်လာပြီး တောင်တန်းတွေ ပြိုကျကုန်တယ်။
"အထင်ကြီးစရာပဲ။"
ချီမင် ဂိမ်းမြင်ကွင်းကို ကြည့်ပြီး သက်ပြင်းမချဘဲ မနေနိုင်ဘူး။ "ဒီ ဂိမ်းထဲက ဇာတ်ကောင်က ငါ့ထက် နည်းနည်း ပိုသန်မာနေပုံရတယ်။"
ကောင်းကင်ဘုံကြယ်တာရာသုံးဆယ့်ခြောက်ဂူကို ရှင်းလင်းဖို့က မလွယ်ဘူး။
ဆွတ်ရှ်!
ချီမင် ဂိမ်းမျက်နှာပြင်ကို ပိတ်လိုက်ပြီး အဲဒါကို ဆက်ပြီး ဂရုမစိုက်တော့ဘူး။
နောက်တော့ချီမင်ကကောင်းကင်ကိုးထပ် ဆေးကျမ်း ကို ကျင့်ကြံဖို့ စလုပ်တယ်။ သူအဆင့်နိမ့်ဝိညာဉ်ကျောက်တုံး တစ်သန်းကို ထည့်သွင်းပြီး အဆ ၁၀၀,၀၀၀ အရှိန်မြှင့်တင်မှု အောက်မှာကျင့်ကြံလိုက်တယ်။ အရေးပေါ်အခြေအနေတွေအတွက် သူ့ရဲ့ ဆေးဆရာအဆင့်ကို အရင်မြှင့်ထားဖို့ စီစဉ်ထားတယ်။
မျက်စိတစ်မှိတ်အတွင်း နောက်နေ့ ရောက်လာတယ်။
မနက်ပိုင်းမှာ။
ဝှီး!
မော့ဟန်ကျန်းက သင်္ဘော စီးပြီး ရောက်လာတယ်။
"ချီမင်" မော့ဟန်ကျန်းရဲ့ အသံက တိမ်ပြို ဂူစံအိမ်ထက်မှာ ထွက်ပေါ်လာတယ်။
"ဂါရဝပြုပါတယ် တောင်ထွတ်သခင်။"
ချီမင် သူ့ကို ကြိုဆိုဖို့ ထွက်လာတယ်။
"သွားကြစို့။" မော့ဟန်ကျန်း ပြောတယ်။
"ဟုတ်ကဲ့။" ချီမင် ခေါင်းညိတ်ပြီး ကောင်းကင်ပေါ် တက်ကာ သင်္ဘောကုန်းပတ်ပေါ် သွားရပ်လိုက်တယ်။