ကောင်းကင်ဘုံဉာဏ်အလင်းအင်မော်တယ်တောင်
Vol. 6 Ch. 80
ချီမင်က သင်္ဘောကုန်းပတ်ကို တစ်ချက်ဝေ့ကြည့်လိုက်တော့ သူ့ဆရာ ဖုန်းဇီမုကို မတွေ့ဘူး။ အဲ့ဒီမှာ တောင်ထွတ်သခင် မော့ဟန်ကျန်းတစ်ယောက်တည်းပဲ ရှိနေတယ်။ သင်္ဘောကို ထိန်းချုပ်နေတဲ့သူကလည်း တောင်ထွတ်သခင် မော့ဟန်ကျန်းပဲဖြစ်တယ်။
ချီမင်က မျက်လုံးကို နည်းနည်း မှေးထားလိုက်တယ်။ သူက ဘာတစ်ခွန်းမှမပြောသလို ဘာမှလည်း မမေးဘူး။ သင်္ဘောက ရှေ့ကို အရှိန်နဲ့ မောင်းနေတုန်းမှာ သူကဘေးပတ်ဝန်းကျင်က ရှုခင်းတွေကိုပဲ ငေးကြည့်နေတယ်။
မော့ဟန်ကျန်းရဲ့ လေသံက အရမ်းကို ဖော်ရွေတယ်။ သူက ပြုံးပြီးတော့ ပြောတယ်၊ “ဒါက မင်း ကောင်းကင်ဘုံဉာဏ်အလင်းအင်မော်တယ်တောင်ကို ပထမဆုံးအကြိမ် သွားတာဖြစ်ရမယ်။ အပြင်လောကမှာဆိုရင် တောင်ပိုင်းဒေသက ကျင့်ကြံသူတွေအားလုံးတောင်ထွတ်ဆယ့်နှစ်ခုရဲ့ နာမည်ကိုတော့ သိကြပေမဲ့ဒီအကြောင်းကို တကယ်တမ်း သေသေချာချာသိတဲ့သူက သိပ်မရှိဘူး။”
“ဘာလို့လဲဆိုတာ မင်းသိလား။”
“တပည့် မသိပါဘူး။” ချီမင်က ပြန်ဖြေလိုက်တယ်။
“အဲ့ဒါက သူတို့မှာ သိခွင့်မရှိလို့ပဲ။”
မော့ဟန်ကျန်းက ဂုဏ်ယူတဲ့အမူအရာနဲ့ လေသံတိုးတိုးနဲ့ ဆက်ပြောတယ်၊ “ကောင်းကင်ဘုံဉာဏ်အလင်းဂိုဏ်းမှာတောင်ထွတ်ဆယ့်နှစ်ခုက ကျော်ကြားတယ်၊ ဒါပေမဲ့ အမှန်တော့ အဲ့ဒါတွေက ကောင်းကင်ဘုံဉာဏ်အလင်းဂိုဏ်းရဲ့ အပြင်စည်းကဂိုဏ်းခွဲတွေလောက်ပဲ ရှိတယ်။”
“ကောင်းကင်ဘုံဉာဏ်အလင်းအင်မော်တယ်တောင်ကမှ အဓိကဂိုဏ်းပဲ။”
“အပြင်လောကက သာမန်ကျင့်ကြံသူတွေဆိုရင် ကောင်းကင်ဘုံဉာဏ်အလင်းအင်မော်တယ်တောင်ရှိတယ်ဆိုတာတောင်သိဖို့အရည်အချင်းမရှိဘူး၊ သိခွင့်ရှိတဲ့ အရည်အချင်းမှီတဲ့ကျင့်ကြံသူတွေကလည်း သူ့အကြောင်းကို ပေါ့ပေါ့ပါးပါးမဝေဖန်ရဲကြဘူး။”
“မင်းအနေနဲ့ ကောင်းကင်ဘုံဉာဏ်အလင်းအင်မော်တယ်တောင်ကို ဝင်ခွင့်ရပြီဆိုတာနဲ့ အင်မော်တယ် လောကထဲကို ခြေတစ်လှမ်းဝင်လိုက်သလိုပဲလို့ ပြောလို့ရတယ်။ အနာဂတ်မှာ အင်မော်တယ်တစ်ပါး ဖြစ်လာနိုင်တယ်ပေါ့ကွာ။”
“တပည့် သဘောပေါက်ပါပြီ။” ချီမင်က လေးလေးနက်နက် ခေါင်းညိတ်လိုက်တယ်။
မော့ဟန်ကျန်းက ကျေနပ်သလို ခေါင်းညိတ်ပြီး “ဒါကြောင့် မင်း ကောင်းကင်ဘုံဉာဏ်အလင်းအင်မော်တယ်တောင်ကို ဝင်ခွင့်ရဖို့ အစွမ်းကုန်ကြိုးစားရမယ်။ လုံးဝ ပေါ့လျော့လို့ မဖြစ်ဘူး။”
“နောက်ပြီး ဂိုဏ်းချုပ်နဲ့တွေ့တဲ့အခါ သူဘာမေးမေး အမှန်အတိုင်းဖြေရမယ်။ သူ့ရှေ့မှာ လိမ်လို့မရဘူး၊ ကြားလား။”
“ဟုတ်ကဲ့ပါ။” ချီမင်က ထပ်ပြီး ခေါင်းညိတ်လိုက်တယ်။
အချိန်တွေ တဖြည်းဖြည်းကုန်လွန်သွားတယ်။
နှစ်ယောက်လုံး တိတ်ဆိတ်နေကြတယ်။
“ဟား ဟား…”
မော့ဟန်ကျန်းကလည်း ဖိအားများနေသလိုခံစားရလို့ထင်တယ်။ အခြေအနေပေါ့သွားအောင် ရယ်လိုက်ပေမဲ့ ချီမင်က စကားတစ်ခွန်းမှမပြောတော့ မော့ဟန်ကျန်း နည်းနည်းတော့ အနေရခက်သွားတယ်။
“အဟွတ်... အဟွတ်...”
မော့ဟန်ကျန်း ချောင်းဟန့်လိုက်တယ်။
သင်္ဘောက အရှိန်ပြင်းပြင်းနဲ့ ခရီးနှင်နေပြီးတောင်တန်းများစွာကို ကျော်ဖြတ်ကာ ကောင်းကင်ပေါ်ကို တရိပ်ရိပ်တက်သွားတယ်။ ချီမင်ရဲ့ အမြင်မှာတော့ အောက်ဘက်က တောင်ထွတ်တွေ၊တောင်တန်းတွေက တဖြည်းဖြည်း သေးငယ်သွားတယ်။
မကြာခင်မှာပဲ သင်္ဘောက တိမ်တွေကြားထဲကို ရောက်သွားတယ်။
မော့ဟန်ကျန်းက ချီမင်ကို မိတ်ဆက်ပေးလိုက်တယ်၊ “အခုငါတို့ရောက်နေတဲ့နေရာနဲ့ အမြင့်က တိမ်မြူအလွှာ ပဲ။ ဒီကနေဆက်တက်သွားရင်၊ တိမ်မြူအလွှာကို ကျော်သွားတာနဲ့ နက္ခတ်တာရာအလွှာကို ရောက်လိမ့်မယ်။”
“နက္ခတ်တာရာအလွှာကနေတစ်ဆင့် လေဟာနယ်အလွှာကို ရောက်မယ်။”
“ကောင်းကင်ဘုံဉာဏ်အလင်း အင်မော်တယ်တောင်က နက္ခတ်တာရာအလွှာနဲ့ လေဟာနယ်အလွှာကြားထဲမှာ တည်ရှိတာ။”
“တပည့် နားလည်ပါပြီ။”
ချီမင်က သူသေသေချာချာကြားကြောင်း ခေါင်းအသာငြိမ့်ပြလိုက်တယ်။ ပြီးတော့ မော့ဟန်ကျန်းကို မေးတယ်၊ “တောင်ထွတ်သခင်၊ လေဟာနယ်အလွှာရဲ့အပေါ်မှာ တခြားဘာတွေရှိသေးလဲ။”
“ရှိတာပေါ့ကွာ။” မော့ဟန်ကျန်းက ပြောတယ်၊ “လေဟာနယ်အလွှာအပေါ်မှာ ကပ်ဘေးအလွှာရှိတယ်၊ ကပ်ဘေးအလွှာအပေါ်မှာတော့ နီဗားနားအလွှာ ရှိတယ်။အမြင့်ပိုသွားလေပိုကြောက်ဖို့ကောင်းလေပဲ။”
“ယေဘုယျအားဖြင့်တော့ တိမ်မြူအလွှာကိုဖြတ်ဖို့ဆိုရင် ကျင့်ကြံမှုက အခြေတည်ဝိညာဉ်အဆင့်လောက်တော့ ရှိရတယ်။ ပြီးတော့နက္ခတ်တာရာအလွှာရဲ့ အဆုံးမဲ့ နက္ခတ်ချီကို ခံနိုင်ရည်ရှိဖို့ဆိုရင် ဒီထက်မြင့်တဲ့ ကျင့်ကြံမှုအဆင့် ရှိရဦးမယ်။”
“ကပ်ဘေးအလွှာနဲ့ နီဗားနားအလွှာအကြောင်း ပြောရမယ်ဆိုရင်တော့…”
“အဲ့ဒီမှာ အဆုံးမရှိတဲ့ ကပ်ဘေးဒုက္ခလျှပ်စီးတွေ၊ဘေးဒုက္ခအမျိုးမျိုးနဲ့ နီဗားနားကပ်ဘေး ချီတွေ ရှိတယ်။ အခြေတည်ဝိညာဉ်အဆင့် ကျင့်ကြံသူတစ်ယောက်သာ အဲ့ဒီထဲဝင်သွားရင် တစ်ခဏလေးတောင် ခံနိုင်မှာမဟုတ်ဘဲ ပြာကျသွားလိမ့်မယ်။”
“ကျင့်ကြံသူတွေအနေနဲ့ ဒီအလွှာငါးခုလုံးကို ကျော်ဖြတ်နိုင်ဖို့ ဖြစ်နိုင်ပါ့မလား။” ချီမင်က မေးလိုက်တယ်။
“မဖြစ်နိုင်ဘူး။” မော့ဟန်ကျန်းက တိုက်ရိုက်ပဲ ပြန်ဖြေတယ်၊ “အနည်းဆုံးတော့ ကောင်းကင်ဘုံဉာဏ်အလင်းဂိုဏ်းရဲ့ သမိုင်းတစ်လျှောက်မှာ အဲ့လိုကျင့်ကြံသူမျိုး တစ်ခါမှမပေါ်ပေါက်ခဲ့ဖူးဘူး။ အင်မော်တယ်တွေပဲ အဲ့လိုစွမ်းရည်မျိုး ရှိကြတာ။”
“ဒါ့အပြင်…”
“နီဗားနားအလွှာရဲ့အထက်မှာ ပိုကြောက်စရာကောင်းတာတွေ ရှိနေသေးလားဆိုတာ ဘယ်သူမှမသိဘူး။ ရှေးဟောင်းမှတ်တမ်းတွေထဲမှာတော့ ပါကောင်းပါနိုင်တယ်။”
“ရှင်းပြပေးလို့ ကျေးဇူးတင်ပါတယ် တောင်ထွတ်သခင်။” ချီမင်က ပြောလိုက်တယ်။
သူတို့နှစ်ယောက် စကားပြောနေကြတုန်းမှာပဲ ကောင်းကင်ဘုံဉာဏ်အလင်းအင်မော်တယ်တောင်က သူတို့မျက်စိရှေ့ကို ရောက်လာတယ်။
ပတ်ဝန်းကျင်မှာတော့ နက္ခတ်ချီတွေက ဝန်းရံနေတယ်။
တခါတလေ အဲ့ဒီချီတွေက ထက်မြတဲ့ဓားသွားအဖြစ် ပြောင်းသွားလိုက်၊ တခါတလေ လှံတစ်စင်းဖြစ်သွားလိုက်၊ တခါတလေ ငှက်တွေ၊ သားရဲတွေအဖြစ် ပြောင်းသွားလိုက်ဖြစ်နေတယ်။
အသက်ရှိနေတဲ့အရာလိုမျိုးဖြစ်နေတယ်။
“ဒီနက္ခတ်ချီတွေက တော်တော်အစွမ်းထက်တာပဲ။”
ချီမင်က ပြောတယ်၊ “အမြုတေဖွဲ့စည်းခြင်းအဆင့် ကျင့်ကြံသူတွေတောင် လုံးဝခံနိုင်ရည်ရှိမှာ မဟုတ်ဘူး။”
ထူးဆန်းတာက၊ ချီမင်က ဒီနက္ခတ်ချီတွေက သူ့ကို ဒဏ်ရာရအောင် မလုပ်နိုင်ဘူးလို့ ခံစားနေရတယ်။
ဘူးဇ်! ဘူးဇ်!
သင်္ဘောပတ်လည်မှာ ကာကွယ်ရေးအစီအရင် အလင်းမျက်နှာပြင်တစ်ခု ပေါ်လာပြီး အဲ့ဒီနက္ခတ်ချီတွေကို တားဆီးပေးထားတယ်။ ပတ်ဝန်းကျင်က နက္ခတ်ချီတွေကြောင့် သင်္ဘောပတ်လည်က အလင်းမျက်နှာပြင်မှာ လှိုင်းဂယက်လေးတွေထသွားတယ်။
“ကောင်းကင်ဘုံဉာဏ်အလင်းအင်မော်တယ်တောင်ကို ရောက်တော့မယ်။” မော့ဟန်ကျန်းက ပြောတယ်။
“ဟုတ်ကဲ့။” ချီမင်က ခေါင်းညိတ်လိုက်တယ်။
သင်္ဘောက ဆက်ပြီးရှေ့ကို တိုးသွားတယ်။
နတ်ဘုံနတ်နန်းတစ်ခုလိုဖြစ်နေတဲ့ ကောင်းကင်ဘုံဉာဏ်အလင်းအင်မော်တယ်တောင်က ချီမင်ရဲ့မျက်စိထဲမှာ တဖြည်းဖြည်း ပေါ်ထွက်လာတယ်။ ကောင်းကင်ဘုံဉာဏ်အလင်းအင်မော်တယ်တောင်က တကယ်ကို ခမ်းနားကြီးကျယ်ပြီး တောင်တစ်လုံးတည်းလည်း မဟုတ်ဘူး။
အမှန်တော့၊ ခမ်းနားထည်ဝါပြီး ကြီးမားတဲ့လွင့်မြောနေတဲ့တောင်သုံးခုနဲ့ ဖွဲ့စည်းထားတယ်။
ဒါ့အပြင်…
ကောင်းကင်ဘုံဉာဏ်အလင်းအင်မော်တယ်တောင်ပေါ်မှာ နက်နဲတဲ့ကျင့်ကြံမှုအဆင့်နဲ့စွမ်းအားကြီးမားတဲ့ ပညာရှင်တွေ ဖန်တီးထားတဲ့ ကောင်းကင်ဂူတွေ၊ ကောင်းချီးခံမြေတွေလည်း ရှိသေးတယ်။ မတူညီတဲ့ အဆောက်အအုံတွေ၊ နန်းတော်တွေနဲ့တခြားအ ဆောက်အအုံမျိုးမျိုးလည်း ရှိနေတယ်။
ချီမင်က ကောင်းကင်ဘုံဉာဏ်အလင်းအင်မော်တယ်တောင်တစ်ခုလုံးကို တစ်ချက်ကြည့်ရုံနဲ့ မမြင်နိုင်ဘူး။
ချီမင်ရဲ့ မျက်စိရှေ့က မြင်ကွင်းကသူ့စိတ်ကို လှုပ်ခတ်သွားစေတယ်။ သူ တကယ်ကို အံ့ဩတုန်လှုပ်သွားတယ်။
ကောင်းကင်ဘုံဉာဏ်အလင်းအင်မော်တယ်တောင်ဆိုတဲ့ နာမည်နဲ့လိုက်တယ်။
သင်္ဘောက တဖြည်းဖြည်း ချဉ်းကပ်သွားတယ်။
ဘူးဇ်!
နောက်တစ်ခဏမှာပဲ မမြင်ရတဲ့ စွမ်းအားတစ်ခုပေါ်လာပြီး သင်္ဘောကို ရပ်တန့်သွားစေကာ ရှေ့ဆက်ချဉ်းကပ်လို့မရအောင် တားဆီးလိုက်တယ်။ ပုံရိပ်နှစ်ခုက လေကိုခွင်းပြီး သင်္ဘောရှေ့မှာ ပေါ်လာတယ်။
“တိမ်စိမ်းတောင်ထွတ်ရဲ့ တောင်ထွတ်သခင် မော့ဟန်ကျန်းက ဂိုဏ်းချုပ်ကို လာရောက်တွေ့ဆုံပါတယ်။” မော့ဟန်ကျန်းက ပြောလိုက်တယ်။
“သြော်... တောင်ထွတ်သခင် မော့ကိုး။”
ပုံရိပ်နှစ်ခုက တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြတယ်။ သူတို့က လူသားတွေမဟုတ်ဘဲ နက်နဲတဲ့ကျင့်ကြံမှုအဆင့်ရှိတဲ့စွမ်းအားကြီးနတ်ဆိုး တွေဖြစ်တယ်။ သူတို့ရဲ့ကျင့်ကြံမှုအဆင့်ကိုတိတိကျကျတော့ မသိရပေမဲ့ သူတို့ကကောင်းကင် ဘုံဉာဏ်အလင်းအင်မော်တယ်တောင်ရဲ့ တံခါးကိုစောင့်ကြပ်နိုင်တဲ့အဆင့်ဖြစ်တယ်။
“ကျေးဇူးပြုပြီးဝင်ပါ ။”
သူတို့က ချီမင်ကို တစ်ချက်လှမ်းကြည့်ပြီး ဘေးကို ဖယ်ပေးလိုက်တယ်။
“ကျေးဇူးပါပဲ။” မော့ဟန်ကျန်းက ပြန်ပြောလိုက်တယ်။
ရှုခ်!
ပြီးတော့ သူက ချီမင်ကို သင်္ဘောပေါ်ကနေ ခေါ်ချသွားပြီး ကောင်းကင်ဘုံဉာဏ်အလင်း အင်မော်တယ်တောင်ကနေ ဆင်းသက်လာတဲ့ တိမ်လှေကားထစ်တွေအတိုင်း လျှောက်သွားတယ်။ ချီမင်က မော့ဟန်ကျန်းနောက်ကနေ လိုက်ပါရင်း ကောင်းကင်ဘုံဉာဏ်အလင်းအင်မော်တယ်တောင်ပေါ်ကို တရားဝင် ခြေချလိုက်တယ်။
ကောင်းကင်ဘုံဉာဏ်အလင်းအင်မော်တယ်တောင် ပတ်ပတ်လည်မှာ မမြင်ရတဲ့စွမ်းအားတစ်ခုက အဆုံးမဲ့နက္ခတ်ချီတွေကို တားဆီးထားပုံရပြီး မီတာတစ်ထောင်အကွာအဝေးအတွင်း ချဉ်းကပ်လို့မရအောင် လုပ်ထားတယ်။
မီတာတစ်ထောင်အတွင်းမှာ လေဟာနယ်လို အခြေအနေမျိုး ဖြစ်ပေါ်နေတယ်။
“ငါ့နောက်လိုက်ခဲ့။” မော့ဟန်ကျန်းက ပြောလိုက်တယ်။
“ဟုတ်ကဲ့။” ချီမင်က ခေါင်းညိတ်လိုက်တယ်။
သူတို့နှစ်ယောက် ဆက်ပြီးရှေ့တိုးသွားကာ တောင်ပေါ်လမ်းအတိုင်း တောက်လျှောက်တက်သွားကြတယ်။ ကောင်းကင်မှာ ပျံသန်းမသွားကြဘူး။ တောင်ပေါ်လမ်းရဲ့ ဘေးတစ်ဖက်တစ်ချက်မှာအဆောက်အုံအများကြီးရှိနေတယ်။ ချီမင်က အဲ့ဒါတွေကိုဘယ်လိုသုံးလဲမသိဘူး။
မကြာခင်မှာပဲ မော့ဟန်ကျန်းက ချီမင်ကို တောင်ထွတ်တစ်ခုဆီ ခေါ်ဆောင်သွားတယ်။
တည့်တည့်မှာပဲ ခမ်းနားထည်ဝါတဲ့ ဂိုဏ်းချုပ်ခန်းမတစ်ခု ပေါ်လာတယ်။
ခန်းမရဲ့ အဓိကကိုယ်ထည်က အရမ်းခမ်းနားပြီး အင်မော်တယ်နန်းတော်တစ်ခုလိုပဲ။ တိမ်တွေ၊ မြူတွေက လူးလွန့်နေပြီး အလွန်သိပ်သည်းတဲ့ ဝိညာဉ်တွေနဲ့ ပြည့်နှက်နေတယ်။
ဆိုင်းဘုတ်မှာတော့ ‘ဂိုဏ်းချုပ် ခန်းမ လို့ ရေးထားတယ်။
ခန်းမရဲ့ အဝင်ဝမှာ ကလေးနှစ်ယောက် တံခါးစောင့်နေတယ်။
ယောကျာ်းလေးတစ်ယောက်၊ မိန်းကလေးတစ်ယောက်။
သူတို့က အင်မော်တယ်ကလေးတွေဖြစ်တယ်။
“ဂိုဏ်းချုပ်ကို မော့ဟန်ကျန်း ရောက်နေကြောင်း သွားရောက်အကြောင်းကြားပေးပါ ။” မော့ဟန်ကျန်းက ပြောလိုက်တယ်။
“တောင်ထွတ်သခင် မော့၊ ဝင်သွားပါ။ ဆရာက စောင့်နေတာ ကြာပါပြီ။”
“ကျေးဇူးပဲ။” မော့ဟန်ကျန်းက ပြုံးလိုက်တယ်။
ဂျိန်း!!!
တံခါးက အလိုအလျောက် ပွင့်သွားတယ်။
ချီမင်က မော့ဟန်ကျန်းနောက်ကနေ ဂိုဏ်းချုပ်ခန်းမဆောင်ထဲကို လိုက်ဝင်သွားတယ်။ ချီမင်က ကလေးနှစ်ယောက်အနားက ဖြတ်သွားတဲ့အခါ၊ သူက ကောင်းကင်နဲ့မြေကြီးရဲ့တာအိုသဘောတရားကို နားလည်သဘောပေါက်ထားလို့သူတို့ရဲ့ ကျင့်ကြံမှုအဆင့်ကို အနည်းငယ် အာရုံခံမိလိုက်တယ်။
သူတို့တွေ အနည်းဆုံးတော့ အခြေတည်ဝိညာဉ်အဆင့်မှာ ရှိနေကြပြီ!
ဒီထက်တောင် မြင့်ချင်မြင့်နေဦးမယ်!
“တံခါးစောင့် ကလေးတွေတောင် အခြေတည်ဝိညာဉ်အဆင့်အထက်မှာ ရှိနေတာလား။”
ချီမင်က စိတ်ထဲမှာတော့ အရမ်းအံ့ဩသွားပေမဲ့ အပြင်ပန်းမှာတော့ မပေါ်ထားဘူး။
ချီမင်နဲ့ မော့ဟန်ကျန်းတို့ စင်္ကြံလမ်းအတိုင်း ခန်းမဆောင်ဆီကို လျှောက်သွားကြတယ်။ လမ်းမှာ ဂိုဏ်းချုပ်ခန်းမထဲက ကျောက်ဆောင်တုတွေ၊ ရေကန်တွေနဲ့ ရေကန်ထဲက ငါးတွေကို တွေ့ရတယ်။
အရမ်းကိုလှပတဲ့ တောင်တန်းတွေ၊ မြစ်ချောင်းတွေ ရှိနေတယ်။
ဒါပေမဲ့ အဲ့ဒီကျောက်ဆောင်တုက တကယ့်တောင်ထွတ်ကြီးတစ်ခုနဲ့ ဖွဲ့စည်းထားတာဖြစ်ပြီး ရေကန်ထဲက ငါးတွေကလည်း နဂါးအဖြစ်ပြောင်းလဲခါနီးနေတဲ့ ငါးကြင်းနဂါးတွေဖြစ်တယ်။ ဒီနေရာက အရာအားလုံးက သာမန်မဟုတ်ဘူး။
“ဒါက သူဌေးတစ်ယောက်ရဲ့ ခြံဝန်းမျိုးလား။” ချီမင်က စဉ်းစားလိုက်တယ်။
တကယ်ကို ခမ်းနားတာပဲ။
ချီမင်က သူ့ရဲ့ တိမ်ပြိုတောင်ထွတ် နဲ့ သူ့ရဲ့တိမ်ပြိုဂူစံအိမ်ကို ပြန်သတိရသွားတယ်။ အဲ့ဒီမှာ မဟာနတ်ဆိုးလင်းနို့တစ်ကောင်နဲ့ သွေးမိစ္ဆာနတ်ဆိုးသရဲတစ်ကောင်ကလွဲရင် ဘာမှမရှိဘူး။
အရမ်းကို ဆိုးဝါးလွန်းတယ်။
“ငါပြန်ရောက်ရင် ငါ့ဂူစံအိမ်ကို နည်းနည်းပါးပါး ပြင်ဆင်လိုက်ရမလား။”
ချီမင် နည်းနည်း စိတ်လှုပ်ရှားသွားတယ်။
စဉ်းစားနေတုန်းမှာပဲ ချီမင်နဲ့ မော့ဟန်ကျန်းတို့ ခန်းမဆောင်ရှေ့ကို ရောက်နှင့်နေပြီ။
ပြီးတော့ ခန်းမရဲ့တံခါးက အလိုအလျောက် ပွင့်သွားတယ်။
“ဝင်ခဲ့ကြ။” ယန်လီရဲ့ အသံထွက်ပေါ်လာတယ်။
“ဟုတ်ကဲ့။”
မော့ဟန်ကျန်းက အသက်ပြင်းပြင်းရှူလိုက်ပြီး ချီမင်ကို လက်ဟန်ပြလိုက်တယ်။ သူက ခန်းမဆောင်ထဲကို အရင်ဝင်သွားပြီး ချီမင်က သူ့နောက်ကနေ လိုက်ဝင်သွားတယ်။
ဘုန်း!
သူ့နောက်မှာ တံခါးက အလိုအလျောက် ပြန်ပိတ်သွားတယ်။
ချီမင်က မနေနိုင်ဘဲ လှည့်ကြည့်လိုက်မိတယ်။ ပြီးတော့ အကြည့်ကို အမြန်ပြန်ရုတ်သိမ်းပြီး ခန်းမဆောင်ထဲက အခြေအနေကို မျက်လုံးထောင့်ကနေ ကြည့်လိုက်တယ်။ သူ့မျက်စိရှေ့မှာ မြင်လိုက်ရတာက ကျယ်ဝန်းပြီး ခမ်းနားတဲ့ ခန်းမကြီးတစ်ခုပဲ။ အမျိုးမျိုးသော ငှက်တွေ၊ သားရဲတွေ၊ နတ်ဆိုးပုံတွေ ထွင်းထုထားတဲ့ ကြီးမားတဲ့တိုင်လုံးကြီးတွေလည်း ရှိနေတယ်။
သူ နောက်ထပ် နည်းနည်းကြည့်လိုက်တော့ အဲ့ဒီထွင်းထုထားတဲ့အရာတွေက အသက်ဝင်လာတော့မလိုတောင် ခံစားလိုက်ရတယ်။
မော့ဟန်ကျန်းက အသက်ပြင်းပြင်းရှုလိုက်ပြီး ယန်လီကို အရိုအသေပေးလိုက်တယ်။ သူက အမြန်ပြောလိုက်တယ်၊ “တိမ်စိမ်းတောင်ထွတ်ရဲ့ တောင်ထွတ်သခင် မော့ဟန်ကျန်းနဲ့ တိမ်စိမ်းတောင်ထွတ်ရဲ့ အမွေခံတပည့် ချီမင်တို့ လာရောက်တွေ့ဆုံပါတယ်။”
“တိမ်စိမ်းတောင်ထွတ်ရဲ့ အမွေခံတပည့် ချီမင်က လောကမှာ ပြိုင်ဘက်ကင်းတဲ့ အရည်အချင်းရှိပါတယ်။တကယ်ကို ရှားပါတယ်။ နှစ်တစ်သောင်းမှာ တစ်ယောက်တွေ့ရခဲတဲ့ စူပါပါရမီရှင်တစ်ယောက်ပါပဲ။”
“လွန်ခဲ့တဲ့တစ်နှစ်က ကောင်းကင်ဘုံဉာဏ်အလင်းဂိုဏ်းစုဝေးပွဲမှာ ချီမင်က တစ်လအတွင်းသောင်း ပြောင်းကြာပန်းစိမ်းဓားသိုင်းကျမ်းကို ကျွမ်းကျင်ပိုင်နိုင်ခဲ့ပြီး ဆယ့်နှစ်လွှာရှိတဲ့သောင်းပြောင်းကြာပန်းစိမ်းကို ဖန်တီးနိုင်ခဲ့ပါတယ်။ တခြားတောင်ထွတ်ဆယ့်တစ်နေရာက အမွေခံတပည့်တွေကို နှိမ်နင်းပြီး ကောင်းကင်ဘုံဉာဏ်အလင်းဂိုဏ်းစုဝေးပွဲကို ဦးဆောင်နိုင်ခဲ့ပါတယ်။”
“ကျွန်တော်တို့က ဂိုဏ်းချုပ်ရဲ့ ညွှန်ကြားချက်အတိုင်း ချီမင်အပေါ်မှာ သိပ်ပြီးဝင်မစွက်ဖက်ခဲ့ပါဘူး။”
“ဒါပေမဲ့…”
“လွန်ခဲ့တဲ့ရက်အနည်းငယ်က အမွေခံတပည့် ချီမင်ရဲ့ ကျင့်ကြံမှုအဆင့်က အခြေခံတည်ဆောက်ခြင်း နှောင်းပိုင်းအဆင့်ကို ရောက်ရှိသွားပါတယ်။ သူက အမြုတေဖွဲ့စည်းခြင်းအဆင့် ကျင့်ကြံနည်းဖြစ်တဲ့သဏ္ဌာန်မဲ့ကျမ်းကို ရွေးချယ်ပါတယ်။ ဒါပေမဲ့ သူက ငါးရက်တောင်မကြာလိုက်ဘဲသဏ္ဌာန်မဲ့ကျမ်းကို နားလည်သဘောပေါက်ပြီး သဏ္ဌာန်မဲ့ရွှေအမြူတေကိုဖွဲ့စည်းနိုင်ခဲ့ပြီး တစ်ညတည်းနဲ့ သူ့ရဲ့အမြုတေကို အောင်မြင်စွာဖွဲ့စည်းနိုင်သွားပါတယ်။”
“ဒီကိစ္စက ကျွန်တော်တို့ရဲ့ စိတ်ကူးထဲမှာတောင် မမှန်းဆနိုင်တဲ့အရာ ဖြစ်နေပါပြီ။ ဒါကြောင့် ချီမင်ကို ဂိုဏ်းချုပ်နဲ့တွေ့ဆုံဖို့ ခေါ်ဆောင်လာခဲ့တာပါ။”
“အင်း၊ ငါသိပြီးသားပါ ဟန်ကျန်း။”
ယန်လီက ခေါင်းကိုအနည်းငယ်မော့လိုက်ပြီး မော့ဟန်ကျန်းကို လက်ဝှေ့ယမ်းပြလိုက်တယ်၊ “မင်း အရင်ဘေးမှာ ရပ်နေလိုက်ဦး။”
“ဟုတ်ကဲ့။” မော့ဟန်ကျန်းက ခေါင်းညိတ်ပြီး ဘေးမှာ မလှုပ်မယှက် ရပ်နေလိုက်တယ်။
အဲ့ဒီအချိန်မှာ မော့ဟန်ကျန်းက ယန်လီရဲ့ဘေးမှာ လိမ်လိမ်မာမာနဲ့ ချစ်စရာကောင်းတဲ့ မိန်းကလေးတစ်ယောက် ရပ်နေတာကို သတိထားမိလိုက်တယ်။ သူမက ချီမင်ကို စပ်စုတဲ့၊ စိတ်လှုပ်ရှားတဲ့အကြည့်တွေနဲ့ ကြည့်နေတယ်။
ဒီမိန်းကလေးက စုချင်းယင်ပဲ။
သူမက ယန်လီရဲ့ ကိုယ်ပိုင်တပည့် ဖြစ်နေပြီ။
ဒါ့အပြင်…
တစ်နှစ် ကုန်သွားပြီ။
စုချင်းယင်က ကောင်းကင်တာအိုအခြေခံကို တည်ဆောက်နိုင်ခဲ့ပြီ။
ကောင်းကင်ဘုံဉာဏ်အလင်းအင်မော်တယ်တောင်မှာ သူမက ယန်လီရဲ့ ကိုယ်ပိုင်တပည့်ဖြစ်နေတဲ့အတွက် အလွန်လေးစားခံရတယ်။ အစပိုင်းမှာတော့စုချင်းယင်က နည်းနည်း မျက်နှာသာပေးခံရသလိုခံစားရပြီး အရမ်းနေသားမကျဖြစ်ခဲ့တယ်။
ဒါပေမဲ့ တဖြည်းဖြည်းနဲ့ သူမက ကောင်းကင်ဘုံဉာဏ်အလင်းအင်မော်တယ်တောင်က ဘဝကို လုံးဝအသားကျသွားတယ်။
ဒါပေမဲ့ သူမက တစ်ခါတလေ စုမိသားစုကျေးရွာက သူ့မိဘတွေကို သတိရတတ်တယ်။
“ချီမင်။” ယန်လီရဲ့အကြည့်က ချီမင်အပေါ်ကို ကျရောက်လာတယ်။
“ဂိုဏ်းချုပ်ကို အရိုအသေပြုပါတယ် ။” ချီမင်က လက်နှစ်ဖက်ယှက်ပြီး အရိုအသေပေးလိုက်တယ်။
“ငါတို့ ဒါ ဒုတိယအကြိမ်တွေ့တာပဲ။” ယန်လီက ပြောတယ်။
“ဂိုဏ်းချုပ်က ကျွန်တော့်ကို မှတ်မိနေသေးလိမ့်မယ်လို့ မထင်ထားခဲ့ဘူး။” ချီမင်က ပြောလိုက်တယ်၊ “ကျွန်တော် အရမ်းဂုဏ်ယူမိပါတယ်။”
“မင်း သန့်စင်ထားတဲ့ ကိုယ်ပိုင်ရတနာက ဘာလဲ။” ယန်လီက မေးလိုက်တယ်။
ချီမင်က ပြောတယ်၊ “ကျွန်တော် သန့်စင့်ထားတဲ့ကိုယ်ပိုင်ရတနာကသောင်းပြောင်းကြာပန်းစိမ်းဓားသန္ဓေသားပါ။”
“ဟားဟားဟား…” ယန်လီက ရုတ်တရက် ရယ်လိုက်ပြီး ပြောလိုက်တယ်၊ “စိတ်ဝင်စားဖို့ကောင်းတယ်၊ တော်တော်စိတ်ဝင်စားဖို့ကောင်းတာပဲ။”