ကောင်းကင်ဘုံကြယ်တာရာ သုံးဆယ့်ခြောက် ပညာရပ်
Vol. 6 Ch. 82
ချီမင် ကိုယ့်ကိုယ်ကိုယ် အလေးချိန်မရှိ တော့သလို ခံစားရတာ ပျောက်သွားတယ်။ သူ့ခြေထောက်တွေ မြေကြီးပေါ် ပြန်ချလိုက်တော့ သူ့ရှေ့က အဖြူရောင်အလင်းကလည်း ပျောက်ကွယ်သွားတယ်။ပတ်ဝန်းကျင်ကမြင်ကွင်းက ရင်းနှီးတဲ့ လျှို့ဝှက်အခန်းထဲကို ပြန်ရောက်လာတယ်။
"ငါပြန်ရောက်ပြီ" ချီမင် တိုးတိုးလေး ရေရွတ်လိုက်တယ်။
ဘူးဇ်
သူ့ရှေ့တည့်တည့်က လေထုထဲမှာ အဖြူရောင်အလင်းတစ်ခု ရုတ်တရက် ပေါ်လာတယ်။ အဲ့ဒီအလင်း ပျောက်သွားတော့ ဂိုဏ်းချုပ် ယန်လီ ရဲ့ ပုံရိပ်က ချီမင်ရဲ့ရှေ့မှာ ပေါ်လာတယ်။
"ဂိုဏ်းချုပ်" ချီမင် အရိုအသေပြုလိုက်တယ်။
ယန်လီက ခေါင်းညင်သာစွာ ညိတ်လိုက်တယ်။ ညာလက်တစ်ချက်ဝှေ့လိုက်ပြီး လျှို့ဝှက်အခန်းရဲ့ တံခါးကို ဖွင့်လိုက်ကာ အပြင်ကို ထွက်သွားရင်း ပြောလ်ုက်တယ်။"သွားကြစို့"
ချီမင် နောက်ကနေ လိုက်သွားတယ်။
တကယ်တော့ ချီမင် သေသေချာချာ ပြန်စဉ်းစားကြည့်တယ်။ မနေ့ကနေ ဒီနေ့အထိတောင်ထွတ်သခင်မော့ဟန်ကျန်းက သူ့ကို ကောင်းကင်ဘုံ ဉာဏ်အလင်း အင်မော်တယ်တောင်ကို ဂိုဏ်းချုပ် ယန်လီနဲ့ တွေ့ဖို့ လာခေါ်တယ်။ ဂိုဏ်းချုပ်နဲ့ တွေ့ပြီးဖြစ်ခဲ့တာတွေ အားလုံးမှာ သူတို့က အရမ်း သဘောကောင်းနေကြတယ်။ ချီမင်လည်း သိပ်ပြီး အနေရခက်တာမျိုး မခံစားရဘူး။
တောင်ထွတ်သခင်မော့ဟန်ကျန်းနဲ့ ဂိုဏ်းချုပ် ယန်လီတို့က ချီမင်ရဲ့ ကျင့်ကြံခြင်းအဆင့်က အရမ်းမြန်မြန်တက်လာလို့ သံသယဝင်နေပေမဲ့ သူတို့ရဲ့ စကားပြောဟန်၊ အပြုအမူတွေကနေ မပေါ်စေသလို တည့်တည့်လည်း မပြောဘူး။ ဒါက ချီမင်ကို စိတ်သက်သာရာရစေတယ်။ အနည်းဆုံးတော့ ချီမင်ကို စိတ်ပျက်တာမျိုး မဖြစ်စေဘူး။
အကယ်၍ ချီမင်က အရင်ကတည်းက မရေမရာ ခန့်မှန်းမိထားတာမျိုး မရှိခဲ့ရင် မော့ဟန်ကျန်းက သူ့ကို ဂိုဏ်းချုပ်နဲ့ တွေ့ခိုင်းဖို့ သက်သက်ပဲ ခေါ်လာတာလို့ တကယ်ပဲ ထင်မိလိမ့်မယ်။
ခန်းမထဲမှာယန်လီက ဂိုဏ်းချုပ်ထိုင်ခုံမှာ ပြန်ထိုင်နေတယ်။ချင်းယင်ကယန်လီရဲ့ ညာဘက်နားမှာ ယဉ်ယဉ်ကျေးကျေး ရပ်နေပေမဲ့ သူ့ဘေးဘက်နဲ့ ချီမင်ကိုချောင်းကြည့်နေတယ်။ မော့ဟန်ကျန်းကဘေးမှာ ရပ်နေပြီး ယန်လီနဲ့ အကြည့်ချင်း ဖလှယ်ပြီးနောက် စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်တယ်။
"ချီမင်" ယန်လီက ခေါ်လိုက်တယ်။
ချီမင်လည်း တစ်လှမ်းရှေ့တိုးလိုက်တယ်။
"ယူလိုက်"ယန်လီက ပေါ့ပေါ့ပါးပါးပဲ တစ်ခုခုကို ပစ်ပေးလိုက်တယ်။ အဲ့ဒါက ကျောက်စလစ်ပြားလေးတစ်ခုဖြစ်ပြီး အလင်းတန်းလိုမျိုး ပျံထွက်လာတာတယ်။ ချီမင်က လှမ်းယူလိုက်တော့ အဲ့ဒီ အနက်ရွှေရောင် ကျောက်စလစ်ပြားလေး သူ့လက်ထဲ ရောက်လာတယ်။
"ဒါက မင်းရဲ့ဆုပဲ"ယန်လီက ပွင့်ပွင့်လင်းလင်း ပြောလိုက်တယ်။ "ပြိုင်ပွဲဖြစ်တဲ့အတွက် မင်းက ချင်းယင် ကို နိုင်ခဲ့တာဆိုတော့ ဆုချရမှာက သဘာဝပဲ။ ဒါက အမြူတေဖွဲ့စည်းခြင်းအဆင့်မှာ လေ့ကျင့်ရတဲ့ ခန္ဓာကိုယ်ကို သန်မာစေတဲ့ သိုင်းနည်းစနစ်တစ်ခုပဲ။ ရွှေနက်စစ်မှန်ခန္ဓာ လို့ခေါ်တယ်။ ဒါက မင်းရဲ့ ကိုယ့်အသက်ကို ကာကွယ်နိုင်စွမ်းကို မြှင့်ပေးနိုင်လိမ့်မယ်"
"ကျေးဇူးတင်ပါတယ် ဂိုဏ်းချုပ်" ချီမင်က ကျေးဇူးတင်စွာနဲ့လက်ခံလိုက်တယ်။
"ဟန်ကျန်း"
ယန်လီက လက်ဝှေ့ပြလိုက်တယ်။ "ချီမင်ကို ပြန်ခေါ်သွားလိုက်တော့"
မော့ဟန်ကျန်း က ခေါင်းညိတ်လိုက်တယ်။
ယန်လီက ဆက်ပြီးတော့ "ချီမင်၊ နောက်လာမယ့် နှစ်အနည်းငယ်အတွင်းမှာ ကျင်းပမယ့် အမွေခံတပည်ပြိုင်ပွဲအတွက် သေသေချာချာ ပြင်ဆင်ထားရမယ်။ အဲ့ဒီအချိန်ကျရင်တော့ ငါ့ကို စိတ်ပျက်အောင် မလုပ်ရဘူး။ ငါ မင်းကို အထင်ကြီးထားတယ်၊ သိလား"
"ဟုတ်ကဲ့ပါ ဂိုဏ်းချုပ်" လို့ ချီမင်က ပြန်ဖြေတယ်။
ယန်လီက ကျေနပ်စွာ ခေါင်းညိတ်ပြလိုက်တယ်။
အဲ့ဒီနောက်ချီမင်လည်း မော့ဟန်ကျန်းနောက်ကနေ လိုက်ပြီး ဂိုဏ်းချုပ်ခန်းမကနေ ထွက်လာပြီး သင်္ဘောဆီ ပြန်ဖို့ တောင်ပေါ်ကနေ အမြန်ဆင်းလာကြတယ်။ သူတို့လည်း အဲ့ဒီသင်္ဘောကို မောင်းပြီး တိမ်စိမ်းတောင်ထွတ် ဆီ ပြန်သွားကြတယ်။
သင်္ဘော ပေါ်မှာတော့ မော့ဟန်ကျန်းက ချီမင်ကို ဒေါသတကြီး စိုက်ကြည့်ပြီး ဆူပူတော့တယ်။ "ဟို ချင်းယင် ဆိုတာ ဂိုဏ်းထဲ ဝင်တာ တစ်နှစ်ပဲ ရှိသေးတာကို ဂိုဏ်းချုပ်ရဲ့ ကိုယ်ပိုင်တပည့်ဖြစ်နေပြီ။ သူ့အရည်အချင်းက အရမ်းမြင့်တယ်။ ဂိုဏ်းချုပ်ရဲ့ မျက်နှာကို ထောက်ထားပြီးတော့ပဲ ဖြစ်ဖြစ် သူ့ကို အနည်းဆုံးတော့ တစချက်လောက် ပေးထိသင့်တာပေါ့။ ဘယ်လိုလုပ် ချက်ချင်းကြီး အနိုင်ယူလိုက်ရတာလဲ။?"
"ဂိုဏ်းချုပ် မျက်နှာပျက်မှာ မကြောက်ဘူးလား"
"အဲ့ဒီတုန်းက သိပ်ပြီး မစဉ်းစားမိလိုက်ဘူး။"ချီမင်က ပြောလိုက်တယ်။
"ထားလိုက်ပါတော့" မော့ဟန်ကျန်းက လက်ဝှေ့ယမ်းပြလိုက်ပြီးပြောလိုက်တယ်။ "ဂိုဏ်းချုပ်က စိတ်သဘောထား ကြီးမြတ်ပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး စိတ်မဆိုးပါဘူး။ ဂိုဏ်းချုပ်ပြောသလိုပေါ့ကွာ။ နောက်လာမယ့် နှစ်အနည်းငယ်အတွင်းမှာ မင်း အမွေခံတပည့်ပြိုင်ပွဲအတွက် ပြင်ဆင်ထားပြီး အဲ့ဒီမှာ ထူးချွန်အောင် ကြိုးစား၊ ကောင်းကင်ဘုံ ဉာဏ်အလင်း အင်မော်တယ်တောင်ထဲ ဝင်နိုင်အောင် ကြိုးစားပါ"
ချီမင် သက်ပြင်းရှည်ကြီး ချလိုက်ပြီး တိမ်တွေ၊ နက္ခတ်ချီတွေ ဝန်းရံနေတဲ့ ကောင်းကင်ဘုံ ဉာဏ်အလင်း အင်မော်တယ်တောင်ကို လှည့်ကြည့်လိုက်တယ်။ တကယ်တမ်းတော့ သူ အဲ့ဒီကို အရမ်းကြီး မတောင့်တပေမဲ့ တိမ်စိမ်းတောင်ထွတ် မှာ နေတာထက်စာရင် ကောင်းကင်ဘုံ ဉာဏ်အလင်း အင်မော်တယ်တောင်မှာ နေရတာက ပိုစိတ်ချရတယ်လို့ သူ ထင်နေတယ်။
ဂိုဏ်းချုပ်ခန်းမထဲမှာယန်လီက သူ့ကျောကို ချင်းယင်ဘက်ကို လှည့်ပြီး လက်နောက်ပစ်ကာ ဖြည်းဖြည်းလေး ထရပ်လိုက်တယ်။ သူ့လေသံက ငြိမ်သက်နေပြီး အဲ့ဒီထဲမှာ ပျော်ရွှင်ခြင်း၊ ဒေါသထွက်ခြင်းဆိုတာ မရှိပေမဲ့ ချင်းယင်ကို ဖိအားတွေ အများကြီး ပေးနေသလို ဖြစ်နေတယ်။ ချင်းယင်လည်း မနေနိုင်ဘဲ ခေါင်းငုံ့ချလိုက်ရတယ်။ သူမ နည်းနည်း ကြောက်တယ်။
ရှပ်! ရှပ်! ရှပ်!
ယန်လီက သူ့ညာလက်ကို ဝှေ့လိုက်တော့ ကျောက်စလစ်ပြား သုံးခု ပျံထွက်လာပြီး ချင်းယင်ရဲ့ရှေ့မှာ ပေါ်လာတယ်။ အဲ့ဒါတွေက အလင်းရောင် ထွက်နေပြီး ထူးခြားတဲ့ ခံစားချက်ကို ပေးနေတယ်။
"အမွေခံတပည့်ပြိုင်ပွဲက ၉ နှစ်နေမှ စလိမ့်မယ်"ယန်လီက ပြောတယ်။ "အခုကစပြီး မင်းရဲ့ ကျင့်ကြံခြင်းတာဝန်က နှစ်ဆ ဖြစ်ရမယ်။ ဒီ သိုင်းနည်းစနစ်သုံးခုလုံးကို တစ်လအတွင်း ကျွမ်းကျင်အောင်လုပ်ပြီး အစပြုသူအဆင့်ကို ရောက်အောင် လုပ်ရမယ်"
"နောက်ဆို မင်းကို ပိုပြီး တင်းတင်းကျပ်ကျပ် လေ့ကျင့်ပေးတော့မယ်"
"နားလည်လား"
"အာ့?!"
ချင်းယင် ခေါင်းမော့လိုက်တော့ ယန်လီရဲ့ ပြတ်သားတဲ့ အကြည့်နဲ့ ဆုံမိပြီး ကြောက်လန့်သွားတာကြောင့် ငှက်ကုလားအုတ်လို ခေါင်းငုံ့သွားပြီး သူ့ကို မကြည့်ရဲတော့ဘူး။
"ဟုတ်ကဲ့ပါ ဆရာ" ချင်းယင် ခေါင်းညိတ်လိုက်တယ်။
"အဲ့ဒီအချိန်ကျရင် အမွေခံတပည့်ပြိုင်ပွဲမှာ မင်း ပါဝင်ရမယ်။ အမွေခံတပည့်ပြိုင်ပွဲမှာ မင်းက ချီမင်ကို လူသိရှင်ကြား အနိုင်ယူပြီး ဒီနေ့ရဲ့ အရှက်ရတာကို ဆေးကြောရမယ်" ယန်လီက လေးလေးနက်နက် ပြောလိုက်တယ်။
ချင်းယင်လည်း ခေါင်းညိတ်လိုက်တယ်။
ယုံကြည်မှုအပြည့်ရှိနေတဲ့ သူ့ဆရာကို ကြည့်ပြီး သူ့စိတ်ထဲမှာ တိုးတိုးလေး ရေရွတ်လိုက်တယ်။
ဘာလို့လဲဆိုတော့ သူ တကယ်ပဲ အမွေခံတပည့်ပြိုင်ပွဲမှာ စီနီယာအစ်ကို ချီမင်ကို နိုင်ဖို့ သိပ်ပြီး ယုံကြည်မှု မရှိဘူး။ ဒါပေမဲ့ သူ့ဆရာက ပြောထားတာဆိုတော့ သူ့ကိုယ်သူ အားတင်းရုံပဲ ရှိတော့တယ်။
ရှင်းနေတာက ချီမင်က ချင်းယင်ကို တစ်ချက်တည်းနဲ့ အနိုင်ယူလိုက်တယ်။ ယန်လီက အပြင်ပန်းမှာ ဘာမှ မပြပေမဲ့ သူ့စိတ်ထဲမှာတော့ မှတ်ထားပြီးသား ဖြစ်နေပြီ။ ဒါပေမဲ့ ဂိုဏ်းချုပ်တစ်ယောက်အနေနဲ့ သူက ချီမင်ကို ပစ်မှတ်မထားဘဲ သည်းခံဖို့ရှိနေသေးတယ်။ ဒါပေမဲ့ ချင်းယင် သူ့ကိုယ်သူ တိုးတက်လာအောင် လုပ်ပြီး သူ့ကို ချီမင်ကိုကိုယ်တိုင် အနိုင်ယူခိုင်းမယ့် နည်းလမ်းတွေကိုတော့ သူ စဉ်းစားထားတယ်။
မြင်ကွင်းက ပြောင်းသွားတယ် ။
ချီမင်နဲ့ မော့ဟန်ကျန်းတို့ တိမ်စိမ်းတောင်ထွတ် ကို ပြန်ရောက်လာကြတယ်။ လှေက ရပ်သွားတာနဲ့ "ဂျူနီယာမောင်လေး" ခေါ်သံကြားလိုက်ရတယ်။
ရှပ်!
လုချင်းယန် က အမြန် ပျံလာတယ်။ အကြီးအကဲ ဖုန်းလည်း နောက်ကနေ ကပ်ပါလာတယ်။ သူတို့နှစ်ယောက်က သူ့ကို ကြိုဖို့ လာကြတယ်။
"စီနီယာအစ်မ၊ ဆရာ" ချီမင် ကြောင်သွားတယ်။ သူ့စီနီယာအစ်မနဲ့ ဆရာရဲ့ မျက်နှာတွေပေါ်က စိုးရိမ်ပူပန်မှုတွေကို မြင်တော့ သူ့ရင်ထဲမှာ နွေးထွေးသွားပြီးမေးလိုက်တယ်။ "ဘာလို့ ဒီကို ရောက်နေကြတာလဲ"
လုချင်းယန်က အရင်ဆုံး မော့ဟန်ကျန်းကို မျက်စောင်းထိုးလိုက်ပြီးမှ ပြုံးပြီးပြန်ဖြေလိုက်တယ် "နင့်ကို လာကြိုတာလေ"
သူက မူလကအဆင့်တက်ဖို့ တံခါးပိတ် ကျင့်ကြံဖို့ ပြင်ဆင်ထားတယ်။ ဒါပေမဲ့ မော့ဟန်ကျန်းက ချီမင်ကို ဂိုဏ်းချုပ်နဲ့ တစ်ယောက်တည်း တွေ့ဖို့ ခေါ်သွားတယ်လို့ ကြားတော့ တံခါးပိတ် ကျင့်ကြံဖို့ မသွားတော့ဘူး။ သူ အရမ်း စိုးရိမ်နေခဲ့တာဖြစ်တယ်။
အကြီးအကဲဖုန်း ကလည်း သက်ပြင်းရှည်ကြီး ချပြီး ပြောလိုက်တယ်"တောင်ထွတ်သခင်၊ ကျွန်တော်တို့ ခင်ဗျားကို ဒုက္ခပေးမိပြီ"
"အဟွတ် အဟွတ်"
မော့ဟန်ကျန်းက ဖုန်းဇီမု ရဲ့ အကြည့်ကို မြင်တော့ နည်းနည်း အနေရခက်သွားတယ်။ ဒီတစ်ခါတော့ သူ တကယ်ပဲ ဖုန်းဇီမု မသိအောင် ချီမင်ကို ဂိုဏ်းချုပ်နဲ့ တစ်ယောက်တည်း တွေ့ဖို့ ခေါ်သွားတာဖြစ်တယ်။ တကယ်ပဲ ပြဿနာတစ်ခုခု ရှိလာခဲ့ရင် ဖုန်းဇီမုကစိတ်ပူပြီး သူ့တပည့်ကို ကာကွယ်ဖို့တစ်ခုခု မဟုတ်တာ လုပ်မိမှာကို သူ စိုးရိမ်လို့ဖြစ်တယ်။
ရှပ်!
"မင်းတို့အရင်ပြောလိုက်ကြဦး။ငါသွားနှင့်ပြီ။"
အဲ့လိုပြောပြီး မော့ဟန်ကျန်း တန်းပြီး ပျံသန်းသွားတော့တယ်။
အကြီးအကဲဖုန်းကမေးလိုက်တယ် "ချီမင်၊ အားလုံး အဆင်ပြေရဲ့လား"
" မဟုတ်ဘူး" ချီမင်က ခေါင်းခါပြီး တောင်းပန်တဲ့သဘောနဲ့ ပြောလိုက်တယ်။ "ဆရာနဲ့ စီနီယာအစ်မကို ကျွန်တော့်အတွက် ပူပန်စေမိပြီ"
"ဘာတွေ လျှောက်ပြောနေတာလဲ?" လုချင်းယန်က ချီမင်ကို မျက်လုံးလှိမ့်ကြည့်ပြီး ချစ်စနိုးနဲ့ ပြောလိုက်တယ်။ "နင်က ငါ့ဂျူနီယာ မောင်လေးလေ၊ ငါကနင့်စီနီယာအစ်မ။ နင့်အတွက် ပူပန်တာက သဘာဝပဲ မဟုတ်ဘူးလား။ နင် အဆင်ပြေတာပဲ အကောင်းဆုံးပဲ"
အကြီးအကဲဖုန်းကလည်း ခေါင်းညိတ်ပြီး ပြောလိုက်တယ်"ဘာမှ မဖြစ်ဘူးဆိုတော့ ငါလည်း လုံးဝ စိတ်အေးသွားပြီ"
အဲ့ဒီနောက်တော့ ချီမင်က ဂိုဏ်းချုပ်ခန်းမထဲမှာ ဘာတွေဖြစ်ခဲ့လဲဆိုတာ ပြောပြလိုက်တယ်။
"ချင်းယင်က တကယ်ပဲ ဂိုဏ်းချုပ်ရဲ့ကိုယ်ပိုင် တပည့်ဖြစ်သွားပြီပေါ့"လုချင်းယန်က ပြောတယ်။ "ကံမကောင်းစွာပဲ၊ နောက်ထပ် စစ်ဆေးမှုတွေ ဆက်မလုပ်တော့ဘူး။ မဟုတ်ရင်တော့ ဂိုဏ်းချုပ်က ဒီလောက်ထိ တန်ဖိုးထားရတဲ့ ချင်းယင်က ဘယ်လောက် အရည်အချင်းရှိတယ်ဆိုတာ ငါတို့လည်း သိရမှာပေါ့"
"တကယ်တော့ မင်း ချင်းယင်ကို တစ်ချက်လောက်တော့ ပေးထိုးသင့်တာ" အကြီးအကဲဖုန်း ကလည်း ပြောလိုက်တယ်။
"အဲ့ဒီတုန်းက သိပ်ပြီး မစဉ်းစားမိလိုက်ဘူး"ချီမင်က ပြန်ဖြေလိုက်တယ်။
"ဖြစ်ပြီးတာတွေက ဖြစ်ပြီးသွားပြီလေ" အကြီးအကဲဖုန်း က ခေါင်းခါလိုက်တယ်။
သူတို့ ခဏလောက် ထပ်ပြောကြသေးတယ်။ ချီမင်လည်း တိမ်ပြိုတောင်ထွတ် ကို ပြန်ဖို့ ပြင်ဆင်လိုက်တယ်။ သူ့စီနီယာအစ်မ လုချင်းယန်ကလည်း တံခါးပိတ် ကျင့်ကြံဖို့ သူ့ဂူစံအိမ်ကို ပြန်ရမယ်။ သူ့ဆရာ၊ အကြီးအကဲ ဖုန်း ကလည်း လုပ်စရာတွေ အများကြီး ရှိတယ်။ နောက်ဆုံးတော့ သူက အမွေခံ အကြီးအကဲဖြစ်တယ်။
မြင်ကွင်းက ပြောင်းသွားတယ်။
တိမ်ပြိုတောင်ထွတ်
ရှပ်!
ချီမင် ပြန်ရောက်လာတယ်။သူ့ပုံရိပ်က ကောင်းကင်ကနေ ဆင်းလာပြီး တိမ်ပြိုဂူစံအိမ်ရဲ့ ဝင်ပေါက်မှာ ရပ်သွားတယ်။ ဟော့ချန်ချင်းသွေးမိစ္ဆာနတ်ဆိုးသရဲဘုရင်နဲ့ မဟာနတ်ဆိုးလင်းနို့တို့ကသူ့ကို ကြိုဖို့ လာကြတယ်။
"သခင်" ဟော့ချန်ချင်က အရိုအသေပြုလိုက်တယ်။
"သ… သခင်…"
သွေးမိစ္ဆာနတ်ဆိုးသရဲဘုရင်ကခုထိ ကောင်းကောင်း မပြောတတ်သေးဘူး။
မဟာနတ်ဆိုးလင်းနို့ကတော့ လုံးဝ စကားမပြောတတ်သေးဘူး။ သူ့ဉာဏ်ရည်က သာမန်ပဲ ရှိပြီး လည်ပင်းထဲကအရိုးကိုမသန့်စင်ရသေးတော့လူစကား မပြောနိုင်အောင် တားဆီးထားတယ်။
ဂူထဲ ပြန်ရောက်တော့ ချီမင်က သူ့ရဲ့ မူလ ကျင့်ကြံခြင်းဘဝကို ပြန်စတယ်။
ညနေပိုင်းမှာ
ဒင်!
"သင် ကောင်းကင်ဘုံကြယ်တာရာသုံးဆယ်ခြောက်ဂူ ဂိမ်းမြေအောက်စခန်း တွင် တစ်နေ့တာ အလိုအလျောက် ကျင့်ကြံခြင်းပြုလုပ်ပြီး တစ်ကြိမ် ရှင်းလင်းခဲ့ပါတယ်။ သင်ကောင်းကင်ဘုံကြယ်တာရာ သုံးဆယ့်ခြောက် ပညာရပ်နှင့်အအလယ်အလတ်အဆင့် ဝိညာဉ်ကျောက်တုံး၁၀၀,၀၀၀ ရရှိပါတယ်။
ချီမင် ကြောင်သွားတယ်။ သူ အတည်ပြုမရဲဘူး။ မျှော်လင့်ထားရင်း နည်းနည်း စိတ်လှုပ်ရှားနေတယ်။ သူ ချက်ချင်းပဲ ကောင်းကင်ဘုံကြယ်တာရာ သုံးဆယ့်ခြောက် ပညာရပ်ရဲ့အချက်အလက်ကို စစ်ဆေးရင်းရေရွတ်လိုက်တယ် "ဖြစ်နိုင်မလား..."
ပစ္စည်း ကောင်းကင်ဘုံကြယ်တာရာ သုံးဆယ့်ခြောက် ပညာရပ်
မိတ်ဆက်: ဒီပညာရပ်က မဟာနတ်ဘုရားစွမ်းအင် တစ်ခု ဖြစ်ပါတယ်။ ဒါကဘေးသုံးပါးကို ရှောင်ရှားတဲ့ နည်းလမ်း မဟုတ်ပါဘူး။ လောကကြီးထဲက အရာအားလုံးကိုဝန်းရံထားပါတယ်။ ဒါက သုံးကအဆုံး ခြောက်အဆုံးမဲ့ ဖြစ်ပြီး သုံးဆယ့်ခြောက်က အနန္တကို ကိုယ်စားပြုတယ်။ ကောင်းကင်ဘုံကြယ်တာရာကို ထိန်းချုပ်သူက ကြီးမားတဲ့စွမ်းအားကို ပိုင်ဆိုင်နိုင်ပါတယ်။
ကောင်းကင်ဘုံကြယ်တာရာ သုံးဆယ့်ခြောက် ပညာ ထဲမှာ ပါဝင်တာတွေက ဥပဒေဖန်တီးခြင်း ယင်ယန် ပြောင်းပြန်လှန်ခြင်း၊ ကြယ်ရွှေ့ပြောင်းခြင်း၊ ကောင်းကင်စူးစမ်းခြင်း ၊ လေနဲ့မိုး ဆင့်ခေါ်ခြင်း၊ တောင်နဲ့မြေကို လှုပ်ခါခြင်း၊ တိမ်နဲ့မြူစီးခြင်း၊ မြစ်တွေကို တိုက်တွေအဖြစ် ပိုင်းခြားခြင်း၊ ရွှေရောင်အလင်းစီးခြင်း ၊ ပင်လယ်တွေကို လှန်ပစ်ခြင်း၊ မြေကြီးကို သံမဏိအဖြစ် ပြောင်းခြင်း၊ ဓာတ်ငါးပါးလွတ် မြောက်ခြင်း၊ လျှို့ဝှက်တံခါး ခြောက်ခု၊ အနာဂတ်အာရုံ ၊ တောင်တွေကို ပွတ်တိုက်ကျောက်တုံးတွေကို ရွှေ့ခြင်း၊ သေခြင်းမှ ရှင်သန်ထမြောက်ခြင်း ၊ ခြေရာမဲ့ပျံသန်းခြင်း ၊ ကိုးချက် ချီ အသက်ရှူခြင်း၊ ယန် စွမ်းအင် ခိုးယူခြင်း ၊ နဂါးနဲ့ကျားကို ဖိနှိပ်ခြင်း ၊ ကောင်းကင်ကို ပြုပြင်ပြီး နေပူဆာခံခြင်း ၊ တောင်တွေကိုလှန် ပင်လယ်တွေကို ဖြည့်ခြင်း၊ ကျောက်တုံးတွေကို ရွှေအဖြစ် ပြောင်းလဲခြင်း၊ ပုံရိပ်ယောင် ၊ ရုပ်ခန္ဓာ ပြောင်းလဲခြင်း ၊ အရွယ်အစား ချိန်ညှိခြင်း ၊ ပန်းပွင့်ခြင်း၊ ဝိညာဉ်ခရီး သွားခြင်း၊ အကြားအမြင်အာရုံ ၊ လေကို ပြောင်းပြန်လှန်ခြင်း၊ လျှပ်စီးငါးဖြာထိန်းချုပ်ခြင်း၊ မြေအောက်နဲ့ ပင်လယ် ခရီးသွားခြင်း၊ သဲနဲ့ကျောက် ပျံသန်းခြင်း၊ တောင်တွေကို သယ် ပင်လယ် ဖြတ်ကျော်ခြင်း၊ ပဲစေ့စစ်သည်များ နဲ့ လက်သည်းခေါင်းခုနစ်ချောင်းမြား တို့ ဖြစ်တယ်။
ဒါ့အပြင်ပေါ့၊ ကောင်းကင်ဘုံကြယ်တာရာ သုံးဆယ့်ခြောက် ပညာရပ်ကို တရားဝင် သင်ယူချင်တယ်ဆိုရင် အနိမ့်ဆုံး လိုအပ်ချက်က မဟာတာအိုရွှေအမြူတေကို ပိုင်နိုင်ထားဖို့ လိုတယ်။ ဒါပေမဲ့ ဒီ မဟာနတ်ဘုရားစွမ်းအင် က နက်နဲပြီး နားလည်ရခက်တယ်။ မဟာတာအိုရဲ့ နက်နဲမှုတွေ ပါဝင်နေပြီး ကျင့်ကြံဖို့ ခက်ခဲမှုက အကြီးအမားဆုံးဖြစ်တယ်။ တကယ့် အင်မော်တယ်အစစ်တွေတောင် ဒါကို အပြည့်အဝ ကျွမ်းကျင်ဖို့ ခက်ခဲလိမ့်မယ်၊ တအား ခက်ခဲလွန်းတယ်။
"ဒါ တကယ်ပဲ ကောင်းကင်ဘုံကြယ်တာရာ သုံးဆယ့်ခြောက် ပညာရပ် ပါလား"
ချီမင် သက်ပြင်းရှည်ကြီး ချလိုက်တယ်။ သူ အရမ်း ပျော်ရွှင်ပြီး စိတ်လှုပ်ရှားသွားတယ်။ ဘာလို့လဲဆိုတော့ ဒီ ကောင်းကင်ဘုံကြယ်တာရာ သုံးဆယ့်ခြောက် ပညာရပ်ရဲ့ စွမ်းအားက တကယ်ပဲ တအား သန်မာလွန်းတယ်။ "ကောင်းကင်ဘုံကြယ်တာရာ ၃၆ ဂူကို ပထမဆုံးအကြိမ် ရှင်းလင်းလိုက်တာနဲ့ ရလိုက်တယ်"
"ဒါ့အပြင်..."
"ငါ 'မဟာတာအိုရွှေအမြူတေ' ကို ကျွမ်းကျင်ပြီးသား ဖြစ်နေပြီဆိုတော့ 'ကောင်းကင်ဘုံကြယ်တာရာ သုံးဆယ့်ခြောက် ပညာရပ် ကို သင်ယူဖို့ အနိမ့်ဆုံး လိုအပ်ချက်ကို ပြည့်မီပြီ။ ကျွမ်းကျင်ဖို့အရမ်း ခက်ခဲပေမဲ့ အဆ ၁၀၀,၀၀၀မြှင့်တင်မှုအောက်မှာ နက်နဲမှုတချို့ကိုတော့ သေချာပေါက် ကျွမ်းကျင်နိုင်မှာပဲ။"