ကျန်းမာရေး ထိန်းသိမ်းသည့် လက်သီး ဝူချင်းရှီ! (၁)
Vol. 1 Ch. 1
မဟာမီးတောက်အင်ပါယာ၊ သံနက်စံအိမ်၌။
အမည်- စူးချန်ခုန်း (အသက် ၁၂ နှစ်)
သက်တမ်း- ၄၀ နှစ်
စွမ်းရည်တန်ဖိုး- ၁ မှတ်
စူးချန်ခုန်းသည် သူ့ရှေ့ရှိ အရည်အချင်းသတ်မှတ်ချက် ဘောင်ကွက်ထဲမှ အချက်အလက်များကို ကြည့်ပြီး မျက်နှာထက်ဝယ် ကူကယ်ရာမဲ့သော အရိပ်အယောင်များ ပေါ်လွင်နေလျက်။
"ငါ ဒီလောကထဲကို ရောက်လာတာ အခုဆို သုံးလရှိနေပြီ။ ပြီးတော့ ငါ စာအုပ်လည်း ရေးမပြီးသေးဘူး။ ကံကောင်းစွာနဲ့ပဲ စစချင်းဖတ်မယ့်သူ မရှိသလောက်ပဲ။"
စူးချန်ခုန်း သက်ပြင်းချလိုက်သည်။
စူးချန်ခုန်းသည် ဤကမ္ဘာမှ မဟုတ်ပေ။ သူသည် မူလက ကမ္ဘာဂြိုလ်မှ အဆင့်နိမ့် ကုဒ်ရေးသူတစ်ယောက် ဖြစ်ခဲ့ပြီး သူ၏ နည်းပါးလှသော ကုတ်ရေးခနှင့် မလောက်ငှဘဲ တစ်နေ့လျှင် နှစ်ကြိမ်သာ စားသောက်ရန် စီမံနိုင်ခဲ့သည်။ လွန်ခဲ့သည့် သုံးလခန့်က ညဉ့်နက်ချိန်တွင် သူကုတ်ရေးနေချိန်၌ ရုတ်တရက် သူ့နှလုံးထဲတွင် စူးရှသောနာကျင်မှုကို ခံစားခဲ့ရပြီး ကွန်လွန်သွားခဲ့ကာ ဤကမ္ဘာကြီးတွင် နိုးထလာခဲ့ခြင်း ဖြစ်သည်။
စူးချန်ခုန်းသိသည့် အချက်အလက်အရ ယခုအခါ သူသည် ဓားပြများ လွတ်လပ်စွာ သွားလာနေထိုင်ရာ ကမ္ဘာဖြစ်သည့် မဟာမီးတောက်အင်ပါယာတွင် ရှိနေပြီး နယ်ခံစွမ်းအားရှင်များက မြေယာများကို သူတို့၏ ပိုင်နက်များအဖြစ် သိမ်းယူထားကာ နတ်ဆိုးမိစ္ဆာများက ဖရိုဖရဲ ဖြစ်စေခဲ့သည်ဟု ဆိုကြသည်။ တကယ့်ကို ကသောင်းကနင်း ခေတ်ကြီးပင်။ သာမာန်လူများသည် ပေါင်းပင်များကဲ့သို့ အရေးမပါသော ခေတ်ကြီးတစ်ခု ဖြစ်သည်။
စူးချန်ခုန်းက တော်တော်ကံကောင်းပါသည်။ လွန်ခဲ့သည့် သုံးလခန့်က ကူးပြောင်းလာပြီးနောက် သူ့ကို ပန်းပဲဝတ်စုံ ၀တ်ဆင်ထားသည့် သံနက်စံအိမ်ပိုင်ရှင်က ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်။ ထိုစံအိမ်တွင် လူတစ်ရာကျော်ရှိပြီး ပိုင်ရှင်မှာ ချင်းရွှေ(ရေကြည်) မြို့တော်အနီးရှိ ဒေသများတွင် ကျော်ကြားသော ပန်းပဲဆရာကြီး မော့ထျဲ ဖြစ်သည်။
သံနက်အိမ်တော်တွင် စူးချန်ခုန်းသည် ဝေယျာဝစ္စများနှင့် ပစ္စည်းပို့ဆောင်ရေးတို့တွင် ကူညီဆောင်ရွက်ပေးခဲ့သည်။ သာမာန်လမ်းကြောင်းကို လိုက်နာပြီးနောက် သူသည် နောက်ဆုံးတွင် သံနက်စံအိမ်ရှိ အခြားသူများကဲ့သို့ အတွေ့အကြုံရှိသော ပန်းပဲဆရာ ဖြစ်လာကာ အတတ်ပညာတစ်ခု၌ ကျွမ်းကျင်တတ်မြောက်ပြီး အစားအသောက်နှင့် အဝတ်အစားများနှင့်ပတ်သက်၍ စိုးရိမ်စရာကင်းသောဘဝတစ်ခုကို သေချာပေါက် ရနေပြီဖြစ်သည်။
သို့သော် ဤနေရာသို့ ကူးပြောင်းလာသူ စူးချန်ခုန်းသည် ပျင်းစရာကောင်းပြီး ငြီးငွေ့ဖွယ်ကောင်းသော ဘဝတွင် မနေချင်ခဲ့ပါ။ သူသည် သိုင်းပညာကို သင်ယူပြီး ပြင်ပလောကကြီးကို မြင်တွေ့လိုသည်။
ကူးပြောင်းလာသူအများစုကဲ့သို့ စူးချန်ခုန်းသည် *ရွှေလက်ချောင်း ရှိသော်လည်း ယခုအချိန်အထိ သူ၏အသက်၊ သက်တမ်းနှင့် အခြားအခြေခံအချက်အလက်များကို သိမြင်နိုင်ခြင်းမှလွဲ၍ သူ့အတွက် အခြားအသုံးပြုမှုများကို မတွေ့ရှိသေးပေ။
(T/N *ရွှေလက်ချောင်းက ဇာတ်ဆောင်ကို အခြားသူများထက် ပိုမိုသန်မာအောင် ပိုစွမ်းအားကြီးအောင် ကူညီပေးသည့် စူပါပါဝါ ဒါမှမဟုတ် စနစ်တစ်ခုနဲ့ တူပါတယ်။)
"ငါ့ရဲ့သက်တမ်းက… ၂၈ နှစ်ပဲ ကျန်တော့တယ်။ ငါက အသက် ၄၀ အထိပဲ အသက်ရှင်နေနိုင်တယ်။"
စူးချန်ခုန်းအတွက် ပိုစိတ်ပျက်စရာကောင်းတာက သူ့သက်တမ်းက နှစ် ၄၀ ပဲရှိပြီး ၁၂ နှစ်သားမှာ အသက်ရှင်ဖို့ ၂၈ နှစ်ပဲကျန်တော့တာ ဖြစ်သည်။ ဒီလို ဖရိုဖရဲအချိန်ကာလမျိုးမှာ အသက် ၄၀ အထိ နေထိုင်ရတာက တကယ်တော့ သိပ်မဆိုးလှပါ။ သို့ပေမယ့် ကမ္ဘာဂြိုလ်ပေါ်လာတဲ့က လူတစ်ယောက်အနေနှင့် ငယ်ငယ်ရွယ်ရွယ်နဲ့တော့ သူ မသေချင်ပါ။
"ဒေါင် ဒေါင် ဒေါင်"
နံနက်ခင်းတွင် ပြတ်သားသော ခေါင်းလောင်းသံ မြည်ဟည်းလာပြီး နိုးထကာ အလုပ်စလုပ်ရန် သံနက်စံအိမ်မှတဆင့် အချက်ပေးနေလေပြီ။
သံနက်စံအိမ်ရှိ ဘဝကျင်လည်မှုသည် လူတိုင်းကို ပန်းပဲ အလုပ်တွင်သာ လှည့်ပတ်စေပြီး တစ်နေ့လုံး အလုပ်ရှုပ်စေသည်။ အဖွဲ့ဝင်တိုင်းသည် အိမ်တော်၏ စည်းကမ်းများကို လိုက်နာရမည်ဖြစ်ပြီး နေ့စဉ် လူစုကာ စုဝေးပွဲသို့ တက်ရောက်ရမည်ဖြစ်သည်။
စူးချန်ခုန်းလည်း ပေတေမနေတော့။ ရေချိုးပြီးနောက် သံနက်စံအိမ်၏ ဗဟိုရင်ပြင်သို့ အမြန်လေး သွားလိုက်သည်။
ယခုအချိန်တွင် သံနက်စံအိမ်၏ ဗဟိုရင်ပြင်တွင် လူတစ်ရာကျော် စုဝေးနေပြီဖြစ်သည်။
"ချန်ဖန်!" စာသင်သားဝတ်စုံနှင့် လူတစ်ယောက်သည် တာဝန်ကျစာရင်းကို ကိုင်ဆောင်ကာ နာမည်များကို စတင်ခေါ်ဆိုတော့သည်။
"ရှိ!"
"လီဆန်း!"
"ရှိ!"
...
တစ်ယောက်ပြီးတစ်ယောက် လူတွေက စာသင်သားဝတ်စုံနှင့်လူ၏ နာမည်ခေါ်တဲ့အသံကို တုံ့ပြန်ခဲ့ကြသည်။
ခေါ်ဆိုမှု ပြီးသွားသောအခါတွင် အားလုံးက အဝေးကို တလေးတစား လှမ်းကြည့်လိုက်ကြသည်။
ထိုနေရာ၌ လူနှစ်ယောက် ချဉ်းကပ်လာသည်။ တစ်ယောက်က ဆံပင်အဖြူနှင့် နုပျိုသော အသွင်အပြင်ဖြင့် အကြီးအကဲတစ်ယောက်ဖြစ်ပြီး နောက်တစ်ယောက်မှာ ကြေးဝါရောင် အသားအရည်ရှိသော အသက်လေးဆယ်ကျော် လူသန်ကြီး…သံနက်စံအိမ်၏ အိမ်တော်သခင် မော့ထျဲ ဖြစ်သည်။
မော့ထျဲသည် စုဝေးနေသော လူအုပ်ကို ငုံ့ကြည့်ကာ "ကဲ အားလုံး ရောက်နေကြပြီ။ အားလုံး မိတ်ဆက်ပေးပါရစေ။ ဒါက သမားတော် ဟွားရှန်ပါ။" ဟုဆိုလေ၏။
ဆံပင်ဖြူဖြူနှင့် နုပျိုသော အကြီးအကဲသည် အနည်းငယ် ခေါင်းညိတ်ပြလိုက်ပြီး သူ၏စကားကို ကြားသောအခါ လူတိုင်း၏ မျက်နှာထက်တယ် လေးစားမှု အရိပ်အယောင် ပေါ်လွင်နေလျက်။ ဒီခေတ်မှာ ဆေးဆရာတစ်ယောက်ရဲ့ အဆင့်အတန်းက မြင့်မားလှသည်။ သူတို့ ဘယ်တော့မှ မဖျားနာဘူးလို့ ဘယ်သူကမှ အာမခံနိုင်မှာ မဟုတ်ပေ။
သမားတော်ဟွားရှန်က သူ့လည်ချောင်း ရှင်းလိုက်ပြီး ဤသို့ ဆိုသည်။
"ဒီလူအိုကြီးဟွားရှန်ကို အိမ်တော်အရှင်မော့က ဖိတ်ကြားခဲ့ပြီး သူ့ရဲ့ ကြင်နာလှတဲ့ ကမ်းလှမ်းမှုကို ကျွန်တော် မငြင်းပယ်နိုင်ခဲ့ပါဘူး။ ကျွန်တော် သံနက်အိမ်တော်မှာ ရက်အနည်းငယ်ကြာအောင် ဧည့်သည်အဖြစ် နေမှာပါ။ အပြန်အလှန်အနေနဲ့ ကျွန်တော်က အားလုံးကို ဝူချင်းရှီကို သင်ကြားပေးမှာပါ။ စိတ်ပါဝင်စားတဲ့ သူတွေကတော့ ကျွန်တော်တည်းခိုရာ အိမ်နောက်ဖေးမှာ နေ့ခင်း ၁၈ နာရီတိုင်း လာလို့ရပါတယ်။"
"ဝူချင်းရှီ?"
"ဒါဟာ ကျန်းမာရေးကို ထိန်းသိမ်းတဲ့ လက်သီးနည်းပညာတစ်မျိုးလို့ ထင်တယ်နော်..."
လူအုပ်ကြီးက တစ်ယောက်ကို တစ်ယောက် ကြည့်နေကြပြီး တချို့က စိတ်ဝင်တစားနဲ့ တချို့က သိပ်စိတ်မဝင်စားကြ။
ဝူချင်းရှီသည် ရန်သူများကို သတ်ဖြတ်ရန် သို့မဟုတ် တိုက်ခိုက်ရန်အတွက် မဟုတ်ဘဲ ကျန်းမာရေးကို ထိန်းသိမ်းရန်အတွက် အလွန်ကျော်ကြားသော လက်သီးပညာဖြစ်သည်။ ပုံမှန်လေ့ကျင့်ခန်းလုပ်ခြင်းက ခန္ဓာကိုယ်ကို သန်စွမ်းစေပြီး ရောဂါဘယတွေကို ကင်းဝေးစေနိုင်ပါသည်။
သို့သော် သံနက်စံအိမ်ရှိ လူအများစုအတွက် သူတို့၏နေ့ရက်များသည် လုံလုံလောက်လောက် အလုပ်များနေပြီဖြစ်သည်။ မည်သူက ဝူချင်းရှီကို လေ့ကျင့်ဖို့ အချိန်ရှိမည်နည်း။
"ကျန်းမာရေးကို ထိန်းသိမ်းတဲ့ လက်သီးလား။ ဝူချင်းရှီ?"
စူးချန်ခုန်း၏ မျက်လုံးများ အရောင်တောက်လာ၏။
စူးချန်ခုန်းသည် အသက် ၄၀ အထိသာ အသက်ရှင်နိုင်သည်ကို သိထားသည်။ သူသည် ဤကျန်းမာရေးကို ထိန်းသိမ်းသည့် ဝူချင်းရှီကို ကျင့်သုံးပါက သူ့အသက်ကို သက်တမ်းတိုးနိုင်မည်လား။
လူတစ်ဦး၏ သက်တမ်းကို မွေးရာပါ မျိုးရိုးဗီဇအားဖြင့်သာ ဆုံးဖြတ်သည်မဟုတ်။ ပြင်ပအလေ့အကျင့်များဖြင့် ကျန်းမာရေးကို ထိန်းသိမ်းခြင်းသည်လည်း ပိုမိုကြံ့ခိုင်သော ခန္ဓာကိုယ်နှင့် အသက်ပိုရှည်စေပါသည်။
"ဝူချင်းရှီ- ငါ အဲဒါကို စမ်းကြည့်ရမယ်!" စူးချန်ခုန်း ချက်ချင်းပင် စိတ်ဆုံးဖြတ်လိုက်သည်။ သူသည် သူ့အသက်ကို ဆွဲရှည်နိုင်မလားဆိုတာ သိနိုင်ရန် ဝူချင်းရှီကို လေ့လာတော့မည်။
၁၈ နာရီဆိုတာ ညနေ ငါးနာရီကနေ ခုနစ်နာရီအထိ ဆိုလိုတာပင်။
သံနက်အိမ်တော်မှ လူများသည် အစာစားရန် သို့မဟုတ် အလုပ်စလုပ်ရန် လူစုခွဲလိုက်ကြသည်။
"ဒေါင် ဒေါင် ဒေါင်"
ပန်းပဲအခန်းတွင် မီးဖိုတစ်ခုစီသည် လောင်မြိုက်သော ရောင်ဝါကို ထုတ်လွှတ်နေသည်။ ပန်းပဲဆရာ အများအပြားသည် ကိုယ်ဗလာဖြင့် သံတုံးများကို ပုံသွင်းရန် သူတို့၏ တူများကို လွဲရမ်းနေသည်။ ချွေးများက ရွှဲရွှဲစိုနေလျက် သတ္တုလုပ်ငန်း၏ အသံသည် လေထဲတွင် အဆက်မပြတ် ထွက်ပေါ်နေလေ၏။
"မီးကို ပိုကြီးအောင်လုပ်!"
ကြမ်းတမ်းသော အသားအရည်နှင့် သန်မာသော အမျိုးသားတစ်ဦးက အော်ပြောလိုက်သည်။
"ဟုတ်ကဲ့။"
စူးချန်ခုန်းသည် ချွေးများဖြင့် ရွှဲနစ်နေပြီး ကျောက်တုံးကြီးတွင် မီးဖိုထဲက မီးတောက်များကို မီးပိုတောက်လာအောင် ပန်းပဲထုလုပ်ရန် ဖားဖိုကို လုပ်ဆောင်လိုက်သည်။ သို့သော် သုံးလကျော်ကြာပြီးနောက် ဤအလုပ်များကို သူတဖြည်းဖြည်း ကျင့်သားရလာခဲ့လေပြီ။ သူသည် ဖားဖိုများအတွက် တာဝန်ယူရပြီး ကျောက်မီးသွေးထည့်ကာ ရံဖန်ရံခါ ရိုးရှင်းသော ဓားနှင့်ပေါက်ပြား ထုလုပ်ရသည့် အောက်ကျို့ရသော အလုပ်သင်အဖြစ်သာ ရှိသေးသည်။
"ချင်းရွှေမြို့မှာ သိုင်းပညာကျောင်းတွေ ရှိတယ်။ ဒါပေမယ့် အားလုံးက တစ်လကို ငွေတစ်ဒါဇင်ကနေ စပြီး အခကြေးငွေ မတန်တဆ ကောက်ခံတယ်။ သုံးလအတွင်း ငါစုဆောင်းထားတဲ့ ငွေက အဲဒီထဲက ဆယ်ပုံတစ်ပုံတောင် မရှိဘူး..."