ကျန်းမာရေးကို ထိန်းသိမ်းသည့် လက်သီး ဝူချင်းရှီ! (၃)
Vol. 1 Ch. 3
"ကျေးဇူးတင်ပါတယ် သမားတော်ဟွားရှန်!" စူးချန်ခုန်းက ကျေးဇူးတင်ကြောင်း ဆိုသည်။ သမားတော်ဟွားရှန်သည် အမှန်တကယ်ပင် လူကောင်းတစ်ဦးဖြစ်သည်။ ဝူချင်းရှီကို အခမဲ့ သင်ကြားပေးပြီး ဤမျှ အဖိုးတန်သော ဆေးညွှန်းကိုပင် ပေးခဲ့သည်။
"ဘာမှမဖြစ်ပါဘူး၊ မင်းအချိန်ရရင် ဝူချင်းရှီကို လေ့ကျင့်ပြီး ရလဒ်ထွက်ဖို့မျှော်လင့်ထားရင် စွဲစွဲမြဲမြဲလုပ်ပါ။" လို့ သမားတော်ဟွားရှန်က ခေါင်းယမ်းရင်း ပြောလိုက်သည်။
စူးချန်ခုန်းသည် သမားတော်ဟွားရှန်ထံမှ မထင်မှတ်ပဲ ဆေးစာတစ်စောင်ကို ရရှိခဲ့သည်။
နောက်တစ်နေ့မနက်တွင် သမားတော်ဟွားရှန်သည်လည်း သံနက်အိမ်တော်မှ ခပ်လျှိုလျှိုလေး ထွက်ခွာသွားခဲ့ပြီး သူ့အတွက်တော့ ထိုအိမ်တော်သည် သူ၏ရှည်လျားသော ဘဝခရီးလမ်းတွင် တစ်ထောက်ရပ်နားရာ နေရာတစ်ခုသာ။
"ဒီဝူချင်းရှီက... တကယ်ကို အသုံးဝင်တဲ့ပုံပဲ။ ရက်အနည်းငယ်ကြာအောင် လေ့ကျင့်ပြီးတဲ့နောက်မှာ ငါ့ရဲ့ ရုပ်ပိုင်းဆိုင်ရာ နည်းနည်း တိုးတက်လာတာကို သတိထားမိတယ်။"
စူးချန်ခုန်းသည် ၎င်းက စိတ်ပိုင်းဆိုင်ရာအရ ဟုတ်မဟုတ် မသိသော်လည်း လွန်ခဲ့သည့် ရက်အနည်းငယ်က ဝူချင်းရှီကို လေ့ကျင့်ပြီးနောက် ရုပ်ပိုင်းဆိုင်ရာ ပိုအားကောင်းလာသည်။
အမှန်တကယ်တွင် နေ့စဉ်ပြေးခြင်းနှင့် ကိုယ်လက်လှုပ်ရှားခြင်းကဲ့သို့သော လှုပ်ရှားမှုများကို မဆုတ်မနစ်လုပ်ဆောင်ခြင်းသည် လူတစ်ဦး၏ ရုပ်ပိုင်းဆိုင်ရာဖွဲ့စည်းပုံကို တိုးတက်စေသည်—အဓိကအချက်မှာ ဇွဲကောင်းရန်ပင်။
စူးချန်ခုန်းအတွက် ဘဝဟာ ခါတိုင်းလိုပါပဲ။ သံနက်အိမ်တော်မှာ အိမ်အလုပ်တွေ လုပ်ပြီး အေးအေးချမ်းချမ်း ဖြတ်သန်းပြန်သည်။ အခုကစပြီး သူ မနက်တိုင်း အစောကြီးထကာ ဝူချင်းရှီကို လေ့ကျင့်ဖို့ လုပ်သည်။
သိုင်းကျွမ်းကျင်မှု- ဝူချင်းရှီ (စတင်သူ ၅၁%)။
စူးချန်ခုန်းသည် အသက်ပိုရှည်ချင်ရုံသာမက ဝူချင်းရှီတွင် သူ၏ကျွမ်းကျင်မှုကို တိုးလာသည်ကို တွေ့ရသောကြောင့်လည်း ဆက်လက်ပြီးကြိုးစားသည်။
မျက်စိတစ်မှိတ်အတွင်းမှာပဲ သုံးလတာ ကြာညောင်းခဲ့လေပြီ။
အရုဏ်မတက်မီအချိန်များတွင် နေမထွက်သေးသော်လည်း ကောင်းကင်က အလင်းဆောင်လာသဖြင့် စူးချန်ခုန်းသည် ရိုးရိုးအဝတ်အစား ၀တ်ဆင်ကာ ချောမောသော အသွင်အပြင်နှင့် ဝူချင်းရှီကို လေ့ကျင့်ရင်း သူ့ခန္ဓာကိုယ်ကို အားသွန်ခွန်စိုက် လှုပ်ရှားနေလေ၏။ သူသည် ရံဖန်ရံခါ ကပိုကရို ဝက်ဝံလေးလို လက်ခုပ်လေးတီးပြီး တစ်ခါတစ်ရံမှာ နတ်သမင်လေးတစ်ကောင်လို ခုန်ဆွခုန်ဆွနှင့်။ သူ၏ အသက်ရှူသံများ အနည်းငယ် ပြင်းနေသော်လည်း ကျေနပ်အားရမှုကို ခံစားရသည်။
ဟ ဟ ဟ
ဝူချင်းရှီကျင့်စဉ်အတွဲလိုက်ကို ပြီးမြောက်ပြီးနောက် စူးချန်ခုန်းသည် သူ့ခန္ဓာကိုယ်အတွင်းမှ ပူနွေးသော စီးကြောင်းတစ်ခု တက်လာပြီး သူ့အား ခွန်အားဖြစ်စေသော အပူအနည်းငယ်ကို ခံစားလိုက်ရကာ ဖော်မပြနိုင်လောက်အောင် သက်တောင့်သက်သာ ဖြစ်သွားသည်။
"ငါ့ရဲ့ ဝူချင်းရှီက အောင်မြင်မှုတစ်ခုကို ဖန်တီးနိုင်ရမယ်!" မျှော်လင့်ချက်အပြည့်ဖြင့် စူးချန်ခုန်းသည် သူ၏ အရည်အချင်း မှတ်တမ်းပြ ဘောင်ကွက်လေးကို ဖွင့်လိုက်သည်။ သုံးလအကြာတွင် သူ၏ ဝူချင်းရှီသည် နောက်ဆုံးတွင် စတင်သူအဆင့်မှ နယ်ပယ်အသစ်သို့ တိုးလာခဲ့သည်။
အမည်- စူးချန်ခုန်း (အသက် ၁၂ နှစ်)
သက်တမ်း: ၄၂ နှစ်
စွမ်းရည်အမှတ်များ- ၃
သိုင်းပညာ ကျွမ်းကျင်မှု- ဝူချင်းရှီ (အဆင့် ၁ စတင်သူလမ်းကြောင်း ၁%)။
"ဒါ... ငါ့ရဲ့ သက်တမ်းက နှစ်နှစ်တောင် တိုးသွားပြီလား။"
စူးချန်ခုန်းသည် အရည်အချင်း မှတ်တမ်းပြ ဘောင်ကွက်မှ အချက်အလက်များကို မြင်သောအခါတွင် သူ့မျက်နှာပေါ်ရှိ ပျော်ရွှင်မှုကို မဖုံးကွယ်နိုင်ဘဲ တစ်ကိုယ်လုံး တုန်လှုပ်သွားလေ၏။
ပြင်းထန်သောလေ့ကျင့်မှု သုံးလကြာပြီးနောက် စူးချန်ခုန်း၏ ဝူချင်းရှီသည် စတင်သူအဆင့်မှ စတင်သူလမ်းကြောင်း အဆင့်အထိ တိုးတက်လာခဲ့ပြီး သူ၏သက်တမ်းသည် အနှစ် ၄၀ မှ ၄၂ နှစ်အထိ တိုးလာသည်။ နှစ်နှစ်တင်းတင်း ထပ်တိုးခဲ့သည်။
စူးချန်ခုန်း မှန်းဆထားသည့်အတိုင်း လူတစ်ယောက်၏သက်တမ်းကို တစ်သတ်မှတ်တည်း မသတ်မှတ်ထားပေ။ ထိခိုက်ဒဏ်ရာရခြင်းနှင့် ခန္ဓာကိုယ်အားနည်းခြင်းတို့သည် လူ၏သက်တမ်းကို လျှော့ချနိုင်သည်။ အပြန်အလှန်အားဖြင့် လေ့ကျင့်ခန်း ပုံမှန်လုပ်ခြင်းသည် အသက်ရှည်ခြင်းကို တိုးမြင့်လာစေနိုင်သည်။
"ငါ့ရဲ့ ခွန်အား၊ အရှိန်နဲ့ ခန္ဓာကိုယ် ညီညွတ်မျှတမှုက သိသိသာသာ တိုးတက်လာတယ်။"
ပြန်လည်မွေးဖွားခြင်း မရှိခင်က လွန်ခဲ့သည့် သုံးလနှင့် နှိုင်းယှဉ်ပါက သိသိသာသာ ပြောင်းလဲသွားသည်ဟု ခံစားရင်း စူးချန်ခုန်းသည် သူ့ခန္ဓာကိုယ်ကို လှုပ်ရှားလိုက်သည်။ သူ၏ခံနိုင်ရည်နှင့် စိတ်ဓာတ်ခွန်အားတို့ တိုးတက်လာလေပြီ။
"ငါ့ရဲ့ စွမ်းရည်က ၁ မှတ်ကနေ ၃ မှတ်ထိ တိုးလာပြီလား။ ငါ့ရဲ့ သက်တမ်း တိုးလာလို့ များလား။"
ထို့အပြင် စူးချန်ခုန်းသည် ဘောင်ကွက်အတွင်းရှိ သူ၏စွမ်းရည်သည် ၁ မှ ၃ အထိတိုးလာသည်ကို မြင်သာထင်သာစွာ သတိပြုမိခဲ့သည်။
စူးချန်ခုန်းက ၎င်းသည် သူ၏သက်တမ်းတိုးလာမှုနှင့် ဆက်နွှယ်နေမည်ဟု မှန်းဆကာ သက်တမ်းနှင့်အတူ စွမ်းရည်သည် တိုးပွားလာလိမ့်မည်။
"စွမ်းရည်... အဲဒါက ငါ့အရည်အချင်း၊ ငါ့နားလည်မှုကို ကိုယ်စားပြုတာများလား" စူးချန်ခုန်းသည် အဆင့်တက်သွားသည်ကို ခံစားမိပြီး တွေးတောနေသော်လည်း မည်သို့ပင်ဖြစ်ပါစေ သူကြိုးစားပြီးသည်နှင့် သိလာလိမ့်မည်။
စူးချန်ခုန်းသည် ဝူချင်းရှီကို ဆက်လက်လေ့ကျင့်ခဲ့သည်။
ကျက်စားနေသော ကျား၊ လရောင်ခံနေသော မျောက်၊ လှည့်ပတ်ပျံသန်းနေသော ကြိုးကြာ...
တစ်ခုပြီးတစ်ခု ဝူချင်းရှီ၏ အပိုင်းများသည် စူးချန်ခုန်း၏ ပုံစံမှ ချောမွေ့ပြီး သိမ်မွေ့စွာ စီးဆင်း ပြောင်းလဲသွားခဲ့သည်။
စူးချန်ခုန်းသည် အခြေအနေတစ်ခုသို့ ရောက်သောအခါတွင် သူ၏ခန္ဓာကိုယ်အတွင်း အနည်းငယ်ပူလာပြီး နဖူးပေါ်မှချွေးများထွက်သည်ကို ခံစားရကာ လေ့ကျင့်ခန်းသည် အလွန်ထိရောက်ကြောင်း ပြသနေသည်။
"ဒါက... ဝူချင်းရှီမှာ ငါ့လေ့ကျင့်မှုရဲ့ စွမ်းဆောင်ရည်က တော်တော်ကို သိသိသာသာ တိုးလာတယ်။ အရင်ကထက် သုံးဆနီးပါး တိုးလာခဲ့ပြီ။"
စူးချန်ခုန်း၏ မျက်နှာထက်တယ် ထိန်းချုပ်၍မရသော ပီတီအဟုန်များက တဖွားဖွား။
စွမ်းရည်သည် စူးချန်ခုန်း၏ ကျင့်ကြံမှုစွမ်းရည်ကို ကိုယ်စားပြုသည်။
စွမ်းရည် မြင့်မားလာလေ စူးချန်ခုန်း၏ လေ့ကျင့်ရေးအရှိန်သည် ပို၍ ကြောက်စရာကောင်းလေလေဖြစ်သည်။ ပြီးတော့ စွမ်းရည်တိုးလာမှုက သူ့သက်တမ်းနှင့် ဆက်စပ်နေလေ၏။