ကန့်သတ်ချက်ကို ချိုးဖောက်ခြင်း။ လုယက်ခြင်းနှင့် သတ်ဖြတ်ခြင်း။
Vol. 1 Ch. 6
"ဂလု ဂလု!" စူးချန်ခုန်းသည် တစ်ပန်းကန်လုံးစာကို တွန့်ဆုတ်မနေဘဲ ခေါင်းကို နောက်ပြန်ဆွဲကာ ခန္ဓာကိုယ် သန်စွမ်းစေသော ဟင်းရည်ကို နောက်ဆုံး တစ်စက်အထိ သောက်လိုက်သည်။
ထို့နောက် စူးချန်ခုန်းသည် ဝူချင်းရှီကို စတင်လေ့ကျင့်ခဲ့သည်။
ဝှစ် ဝှစ် ဝှစ်
စူးချန်ခုန်း၏ ခန္ဓာကိုယ်သည် သွက်လက်ပြီး အသက်ဝင်သော ပျံသန်းခြင်းနှင့် လမ်းလျှောက်ခြင်းတို့ ပါဝင်သည့် တိရစ္ဆာန်ငါးမျိုးတို့၏ လှုပ်ရှားမှုများကို အတုယူကာ စတင်လှုပ်ရှားလိုက်သည်။
"ဟမ်? ထိရောက်တယ်ဟ!" စူးချန်ခုန်း ဈာန်ဝင်သွားသည်ကို သိလိုက်ရာ သူ့ မျက်လုံးများက အရောင်လဲ့လာ၏။ ထို့နောက် ခန္ဓာကိုယ် ကြံ့ခိုင်စေသော ဟင်းချို၏ ဆေးဖက်ဝင် အာနိသင်က သူ့တစ်ကိုယ်လုံးကို နွေးထွေးစေသည်။ ဤအခြေအနေတွင် ဝူချင်းရှီကျင့်စဉ်သည် အားထုတ်မှုထက်ဝက်ဖြင့် နှစ်ဆထိရောက်လာသည်။
ဝူချင်းရှီ (အဆင့် ၃ အပြည့်အဝနားလည်မှု ၆%)
နေ့တစ်ဝက်မပြည့်မီတွင် စူးချန်ခုန်း၏ ဝူချင်းရှီ၏လေ့ကျင့်မှုတိုးတက်မှုသည် ၁% တိုးလာသည်။
"ခန္ဓာကိုယ် သန်မာစေတဲ့ ဆေးဖက်ဝင် ဟင်းရည်တစ်ခွက်က ငါ့အတွက် နှစ်ရက်လောက် ခံမယ်... တစ်လကို ငွေသုံးစလောက် ကုန်ကျမယ်"
စူးချန်ခုန်း တွက်ချက်နေလေ၏။
ဒီခေတ်မှာ ငွေဝယ်နိုင်စွမ်းအားကြောင့် ငွေတစ်စက လေးယောက်စာ မိသားစုအတွက် တစ်လလောက် သက်တောင့်သက်သာ နေထိုင်ဖို့ လုံလောက်ပါသည်။ တစ်လ ငွေသုံးစက သေချာပေါက် အလွန်တရာ အသုံးစရိတ်ကြီးပါသည်။
"အခု ငါသံနက်စံအိမ်မှာ တရားဝင်ပန်းပဲဆရာ ဖြစ်လာတော့ ငါ အလုပ်ကြိုးစားရင် တစ်လကို ငွေသုံးစနဲ့ ညီတဲ့ ဘတ်ဂျက်ကို ထိန်းသိမ်းထားနိုင်မှ ဖြစ်မယ်။"
စူးချန်ခုန်းက သူ့ကိုယ်သူ ဆင်ခြင်မိသည်။
ထုံးစံအတိုင်း စူးချန်ခုန်းသည် နေ့ခင်းဘက် အလုပ်ရုံတွင် ဓားနှင့် အခြားလက်နက်များကို သွန်းလုပ်ကာ ဝူချင်းရှီ ကို လေ့ကျင့်ရင်း ပြီးပြည့်စုံသော ဘဝတစ်ခုကို စတင်ခဲ့သည်။
"ဒေါင် ဒေါင် ဒေါင်"
တောက်လောင်နေသော မီးဖိုကြီးရှေ့တွင် စူးချန်ခုန်းသည် တူတစ်ချောင်းကို ကိုင်ထားပြီး ကြည်လင်တောက်ပသော သံမဏိကို အထပ်ထပ်အခါခါ ထုရိုက်ကာ သူ့နားထဲတွင် သာယာနာပျော်ဖွယ်ကောင်းသည့် ထုရိုက်သံများ ထွက်ပေါ်လာသည်။ ရံဖန်ရံခါတွင် သူသည် သံမဏိဓားဖြင့် ခေါက်ရန် ရပ်တန့်ကာ အညစ်အကြေးများကို ဖယ်ထုတ်ရန် ထပ်ခါထပ်ခါ သွန်းလုပ်ပြီး သူ့အလုပ်တွင် စေ့စေ့စပ်စပ် လုပ်သည်။ ရံဖန်ရံခါတွင် သူသည် ရေဓာတ်ပြည့်ဝနေစေရန် ရေသောက်ပြီး ခွန်အားပြန်လည်ရရှိရန် ခေတ္တနားသည်။
"လူငယ်တွေများ...ကောင်းလိုက်တာဟေ့"
ယန်ချောင်သည် စူးချန်ခုန်း ပန်းပဲထုလုပ်ရာတွင် လုံ့လစိုက်ထုတ်နေသည်ကို မြင်သောအခါ အော်ပြောလိုက်လေ၏။ စူးချန်ခုန်း၏ ကိုယ်လုံးကိုယ်ပေါက်သည် အရပ်ရှည်လာပြီး သန်မာလာကာ လူငယ်တစ်ယောက်၏ တက်ကြွလန်းဆန်းသော အသွင်အပြင်ဖြင့် သူ့ပန်းတိုင်ဆီသို့ မမောမပန်း ကြိုးပမ်းလာခဲ့တာဖြစ်သည်။
သွန်းလုပ်ခြင်း၊ သံမဏိလောင်းခြင်း၊ ကာဗွန်ရောခြင်း၊ ပုံသွင်းခြင်း၊ ပုံဖော်ခြင်း၊ မီးငြိမ်းသတ်ခြင်း၊ သံမဏိကြိတ်ခြင်း... စူးချန်ခုန်းသည် သူ၏ စုဆောင်းမှု အတွေ့အကြုံနှင့်အတူ စွမ်းဆောင်ရည်နှင့် အနုပညာပိုင်းဆိုင်ရာ တိုးတက်မှုများနှင့် ဤလုပ်ငန်းစဉ်တိုင်းတွင် အတော်လေး ကျွမ်းကျင်နေပြီဖြစ်သည်။
စူးချန်ခုန်းသည် လက်နက်ထုလုပ်ခြင်းကို လေ့ကျင့်မှုပုံစံ၊ ခန္ဓာကိုယ်နှင့် စိတ်ရှည်မှု နှစ်ခုလေ့ကျင့်မှုအဖြစ် သဘောထားသည်။
ဓားတစ်ချောင်းစီ ဖန်တီးခြင်းသည် စူးချန်ခုန်းအား ကြီးမားသော အောင်မြင်မှုကို ခံစားရစေသည်။
သံနက်အိမ်တော်သည် အစောပိုင်းသဘောတူညီချက်အရ စူးချန်ခုန်းအား သူလုပ်ခဲ့သော အရည်အသွေးရှိသော လက်နက်တစ်ခုစီအတွက် ငွေတစ်တုံးစီကို ပေးခဲ့သည်။
ဤငွေဖြင့် စူးချန်ခုန်းသည် ချင်းရွှေမြို့သို့ အပတ်စဉ် သို့မဟုတ် တစ်လခွဲတစ်ခါ ခန္ဓာကိုယ် သန်မာစေသော ဟင်းချိုအတွက် ဆေးဖက်ဝင်အပင်များ ဝယ်ယူရန် သွားရောက်သည်။
ဘဝကြီးက အေးချမ်းသာယာနေပြီး စုချန်ခုန်းက တဖြည်းဖြည်း တိုးတက်လာသည်။
"ငါ့ခန္ဓာကိုယ်က... ကန့်သတ်ချက်တွေကို တဖြည်းဖြည်းဖြတ်ကျော်ပြီး နယ်ပယ်သစ်တစ်ခုဆီ တက်လာပြီ"
စူးချန်ခုန်းသည် သူ၏နေ့စဥ်ဘဝတွင် ပြင်းထန်သော ဝူချင်းရှီအား ခန္ဓာကိုယ် ကြံ့ခိုင်စေသော ဟင်းရည်နှင့် ပေါင်းစပ်လိုက်ခြင်းဖြင့် သူ၏ ခွန်အားများ ပိုမိုအားကောင်းလာပြီး အရှိန်ပိုမြန်ကာ အာရုံခံစားမှုများ ပိုမိုအားကောင်းလာသည်ကို သူ ရှင်းရှင်းလင်းလင်း ခံစားရနိုင်သည်။ ဤခံစားချက်သည် သဘာဝလွန် နယ်ပယ်တစ်ခုသို့ တဖြည်းဖြည်း တိုးဝင်သွားသလိုပင်။
၁၅%, ၂၀%, ၂၅%... ဝူချင်းရှီ၏ ကျင့်ကြံမှု တိုးတက်မှုနှုန်းသည် နေ့စဉ်နှင့်အမျှ တဖြည်းဖြည်း မြင့်တက်လာကာ ပိတ်ဆို့ကြန့်ကြာနေသော အဆင့်ကို ဖြတ်ကျော်သွားခဲ့သည်။
ယခုတွင် စွမ်းရည်တန်ဖိုး ၆ မှတ်ဖြင့် စူးချန်ခုန်းသည် သာမန်လူများထက် ပိုမိုလျင်မြန်စွာ တိုးတက်နေပြီဖြစ်သော်လည်း ဝူချင်းရှီတွင် နောက်ထပ်အောင်မြင်မှုများရရှိရန် တစ်နှစ်ခွဲလောက် ကြာနေသေးသည် ။
နှစ်ဝက်လောက် လျှပ်တပြက်နဲ့ ကုန်သွားခဲ့လေပြီ။
ညနေစောင်းသည်နှင့် လိမ္မော်ရောင်မှိန်ဖျော့ဖျော့ အလင်းများက ဖြန့်ကျက်နေရာယူနေပြီး ဝင်လုဆဲဆဲနေလုံးကြီးကို မျက်နှာမူလျက် စူးချန်ခုန်းသည် ဝူချင်းရှီကို ကျင့်နေလေ၏။ သူ၏ လှုပ်ရှားမှုများသည် ကြောက်စရာကောင်းလောက်အောင် သွက်လက်ပြီး ခပ်ရေးရေး အရိပ်အယောင်များ ထွက်ပေါ်လာကာ လှစ်ကနဲ ခုန်ပေါက်လျက် သွက်လက်ချက်ချာသော မျောက်ဝံတစ်ကောင်နှယ် သက်ဝင်လှုပ်ရှားနေသော ဝက်ဝံတစ်ကောင်သဖွယ် ကြမ်းတမ်းသော ကျားတစ်ကောင်အလား အသက်ဝင်ဆုံးပုံစံဖြင့် လှုပ်ရှားနေသည်။
ဤသည်မှာ ဝူချင်းရှီ၏ ခက်ခဲလှသော အပြန်အလှန်ထိန်းကျောင်းမှုကျင့်စဉ် ဖြစ်ပြီး ၎င်းကျင့်စဉ်ကို စူးချန်ခုန်း အခုလေးတင် ကျွမ်းကျင်သွားခဲ့လေပြီ။
"ဝူး"
စူးချန်ခုန်း အစွန်းစွန်ထိ လေ့ကျင့်သောအခါ သူ၏ ခြေဖဝါးပေါ်ရှိ *ယုံချွင်အမှတ်မှ ပူနွေးသော လျှပ်စီးကြောင်းသည် သူ့ခန္ဓာကိုယ်အနှံ့ ပျံ့နှံ့သွားပြီး သူ့အား စိတ်ဓာတ်၊ ခွန်အားအပြည့် ခံစားရစေကာ မျက်လုံးများက အရောင်တောက်လာ၏။ သူ၏ ခန္ဓာကိုယ်သည် အသွင်ကူးပြောင်းမှုတစ်မျိုးကို ခံစားခဲ့ရပြီး ပို၍ပင် သွက်လက်လာသည်။
(T/N *ယုံချွင်အမှတ်သည် တရုတ်တိုင်းရင်းဆေးပညာတွင် အသုံးပြုသည့် ခြေဖဝါးအောက်ခြေက နေရာတစ်ခုဖြစ်သည်။ ၎င်းသည် ခြေဖနောင့်ဆီသို့ ခြေချောင်းမှဆင်းလာသော လမ်းကြောင်း၏ သုံးပုံတစ်ပုံခန့်သည် ခြေလုံးနောက်ဘက်တွင် တည်ရှိသည်။ "ယုံချွင်" ဟူသောအမည်သည် "စီးဆင်းနေသောနွေဦး" ဟုအဓိပ္ပာယ်ရပြီး ချီစွမ်းအင်သည် မြေကြီးမှ ခန္ဓာကိုယ်အတွင်းသို့ စီးဆင်းသွားသည့်နေရာဟု ယူဆသောကြောင့်ဖြစ်သည်။)
"ငါ အဆင့်တက်သွားပြီ..." စူးချန်ခုန်းက သက်ပြင်းချလိုက်တယ်။ ဝူချင်းရှီတွင် သူ၏ ကျင့်ကြံမှု တိုးတက်မှုနှုန်းသည် လွန်ခဲ့သော လေးရက်က ၁၀၀% နားလည်မှု ပြည့်မြောက်သွားခဲ့ပြီး ရက်အတော်ကြာ အပြင်းအထန် လေ့ကျင့်ပြီးနောက် သူသည် ဤပိတ်ဆို့မှုကို ဖြတ်ကျော်ခဲ့လေပြီ။
အမည်- စူးချန်ခုန်း (အသက် ၁၃ နှစ်)
သက်တမ်း: ၅၅ နှစ်
စွမ်းရည်ရမှတ်များ- ၇ မှတ်
ကျွမ်းကျင်သော ကိုယ်ခံပညာ- ဝူချင်းရှီ (အဆင့် ၄ ကျွမ်းကျင်မှု အဆင့် ၁%)။
ကျွမ်းကျင်သော အတတ်ပညာ- ပန်းပဲအတတ်ပညာ (ပထမအဆင့် စတင်သူလမ်းကြောင်း ၂၇%)။
"သက်တမ်းငါးနှစ်တိုးလာတယ်. စွမ်းရည်တန်ဖိုးက ၁ မှတ်တိုးလာတယ်၊"
စူးချန်ခုန်းသည် အရည်အချင်းပြဘောင်ကွက်ကို ဖွင့်ပြီး တစ်ချက်ကြည့်လိုက်သည်။ သူ တိတ်တဆိတ် ကူကယ်ရာမဲ့သလို ခံစားလိုက်ရ၏။ ပိုမြင့်လေ ကတ်ပြားများကို စီခြင်းကဲ့သို့ စွမ်းရည်တန်ဖိုး သို့မဟုတ် သက်တမ်းတိုးရန် ခက်ခဲလေလေ— အထပ်မြင့်လာလေလော ထပ်ရန် ခက်လာလေလေဖြစ်သည်။
ဝူချင်းရှီတွင် ကျွမ်းကျင်အဆင့်ကို အောင်မြင်ပြီးနောက် စူးချန်ခုန်းသည် သူ၏ခန္ဓာကိုယ်သည် သာမန်လူတစ်ဦး၏ ကန့်သတ်ချက်များကို ကျော်လွန်သွားခဲ့ပြီဟု ခံစားမိသည်။
ဥပမာ အရှိန်ယူခြင်း။ စူးချန်ခုန်း၏ အမြင့်ဆုံးပြေးနှုန်းသည် တစ်စက္ကန့်လျှင် ၁၃ သို့မဟုတ် ၁၄ မီတာအထိ ရောက်ရှိနိုင်ပြီး ကမ္ဘာဂြိုလ်၏ တာတိုအပြေးချန်ပီယံများကို အဆင့်တစ်ဆင့်ထက်ပို၍ ကျော်လွန်သွားနိုင်သည်။ သူက တစ်ကမ္ဘာလုံးထက် ထူးခြားသည်ဟု ပြောခြင်းသည် ချဲ့ကားခြင်းမဟုတ်ပါ။
ခံနိုင်ရည်အားနဲ့ ခွန်အားလည်း အတူတူပင်။ စူးချန်ခုန်းသည် ပန်းပဲထုလုပ်ရာတွင် တစ်နေ့လျှင် အကြိမ်ပေါင်း ထောင်နှင့်ချီ၍ ထုနိုင်သည်။ အချို့သော ပန်းပဲဆရာများသည် အလုပ်သင်များ၏ အကူအညီဖြင့်ပင် တစ်လလျှင် လက်နက်တစ်ခု သို့မဟုတ် နှစ်ခုသာ ပြုလုပ်နိုင်သည်။ စူးချန်ခုန်းသည် ပစ္စည်းအလုံအလောက်ဖြင့် တစ်ယောက်တည်း လုပ်ဆောင်နေသော်လည်း တစ်လလျှင် လုံးဝ မတူညီသောအဆင့်တွင် ကျွမ်းကျင် အဆင့်ကို ပြသလျက် အရည်အချင်းပြည့်မီသော လက်နက် လေးခုမှ ငါးခုအထိ သွန်းလုပ်နိုင်သည်။
ပန်းပဲပညာသည် စတင်သူလမ်းကြောင်း အဆင့်သို့ တက်လှမ်းနေပြီဖြစ်သည်။
"အခု ငါ့ရဲ့ ရုပ်ပိုင်းဆိုင်ရာ အရည်အသွေးက ဒီသိုင်းပညာရှင်နဲ့ ယှဉ်ရင် ဘယ်လိုနေမလဲ။"
စူးချန်ခုန်းသည် လက်သီးများ ကျစ်ကျစ်ဆုပ်ထားသည်။ သူအရင်က ကြိုးစားခဲ့ဖူးပြီး ပေါင်တစ်ရာဝန်းကျင် အလေးချိန်ရှိတဲ့ အရာတစ်ခုကို လက်တစ်ဖက်နဲ့ အလွယ်တကူ မ နိုင်ခဲ့သည်။ ဤအရာက စူးချန်ခုန်းသည် စစ်မှန်သော သိုင်းပညာရှင်တစ်ဦးနှင့် မည်သို့နှိုင်းယှဉ်နိုင်မည်ကို သိချင်လာစေသည်။
"အခုတော့ အနားယူပြီး အလုပ်နားတဲ့ ရက်အနည်းငယ်အတွင်း ချင်းရွှေမြို့ကို ခရီးထွက်ဦးမှပဲ။"
စူးချန်ခုန်းပျင်းရိစွာ ပျင်းကြောဆန့်လိုက်သည်။
သူသည် ဤရက်ပိုင်းအတွင်း အလွန်အေးချမ်းသော ဘဝတစ်ခုကို ဦးတည်နေသော်လည်း စုချန်ခုန်းလည်း ၎င်းကို ကျေနပ်အားရမိသည်။
နှစ်ရက်အကြာ သူ့အားလပ်ရက်တွင် စူးချန်ခုန်းသည် ပုံမှန်အတိုင်း ချင်းရွှေမြို့သို့ သွားခဲ့သည်။ သူ မြန်မြန်ဆန်ဆန် သွားခဲ့သည်။ မိုင်သုံးဆယ်ခရီးသည် သူ့အတွက်တော့ ဘာမှမဟုတ်။ အေးအေးဆေးဆေး လမ်းလျှောက်သကဲ့သို့ သက်တောင့်သက်သာရှိလှသည်။
ချင်းရွှေမြို့သို့ ရောက်သွားသောအခါ ထိုနေရာနှင့်ရင်းနှီးနေသော စူးချန်ခုန်းသည် စားသောက်ဆိုင်တစ်ဆိုင်တွင် ပထမဆုံး အရသာရှိစွာ စားသောက်ပြီးနောက် ခန္ဓာကိုယ် သန်မာစေသော ဟင်းချိုအတွက် လုံလောက်သော ပါဝင်ပစ္စည်းများကို ဝယ်ယူခဲ့သည်။ ထိုတာဝန်များကို ထမ်းဆောင်ပြီးနောက် စူးချန်ခုန်းသည် သံနက်အိမ်တော်သို့ မပြန်မီ ချင်းရွှေမြို့တွင် ခဏတာ လမ်းလျှောက်ခဲ့သည်။
မွန်းတည့်အချိန်၌ ကောင်းကင်ယံတွင် နေမြင့်နေလေပြီ။ စုချန်ခုန်းသည် သံနက်စံအိမ်နှင့် ချင်းရွှေမြို့ အကြား အကြိမ်ပေါင်းများစွာ အခေါက်ခေါက်အခါခါ ခရီးထွက်ခဲ့ပြီး အရိပ်ရသည့်လမ်းအတိုင်း လျှောက်လှမ်းလာခဲ့သည်မှာ တော်တော်လေး ကျေနပ်စရာပင်။
"ဟမ်?"
ရုတ်တရက် စူးချန်ခုန်း၏ အမူအရာ အနည်းငယ် တင်းမာသွားသည် သံချေးရနံ့က သူ့နှာခေါင်းထဲ တိုးဝင်ကာ... သွေးနံ့ကြောင့် သူ့ခြေလှမ်းကို ရပ်တန့်လိုက်သည်။
လေလမ်းကြောင်းနောက် လိုက်ကြည့်ရာ စူးချန်ခုန်းသည် သစ်ပင်များကြားတွင် လဲလျောင်းနေသော လူတစ်ယောက်ကို မြင်လိုက်ရသည်။ ၎င်းသည် အခုတော့ အလောင်းတစ်လောင်းဖြစ်ပြီး ဦးခေါင်းပြတ်နေကာ လက်တစ်ဖက်က ပျောက်ဆုံးနေလျက် အောက်ဘက်၌ သွေးများ ပြန့်ကျဲကာ သေဆုံးနေလေပြီ။
ထိုလူ၏အလောင်းဘေးတွင် သွေးစွန်းနေသော ဓားရှည်များကို ကိုင်ဆောင်ထားသည့် ရိုးရိုးအဝတ်အစားဝတ် အမျိုးသား နှစ်ဦးသည် စူးချန်ခုန်းလမ်းတစ်လျှောက် လာနေသည်ကို သတိပြုမိကြပြီး အားလုံးက သူ့ကို စေ့စေ့ကြည့်လိုက်ကြသည်။
"ဓားပြတွေလား။ ပိုက်ဆံအတွက် လူသတ်နေတာလား။"
စုချန်ခုန်း၏ စိတ်ထဲတွင် ထိုစကားလုံးများ ရုတ်ချည်း ပေါ်လာသည်။
ဆေးဖက်ဝင်ပစ္စည်းများကို ဝယ်ယူခြင်းအပြင် စူးချန်ခုန်းသည် သံနက်အိမ်တော်မှ ထွက်လာခဲ့သည်။ သို့သော် အပြင်လောကသည် ဖရိုဖရဲဖြစ်နေကြောင်း ခြံကြီးရှိ အခြားသူများထံမှ သူသိခဲ့ရသည်။ သိသာပါသည်။ သူသည် ငွေအတွက် လူသတ်သည့် ဓားပြများနှင့် ကြုံနေရလေပြီ။ မြေပြင်ပေါ်ရှိ ဦးခေါင်းပြတ်နေသော လူကို မြင်လိုက်သည်နှင့် စူးချန်ခုန်း၏ နှလုံးခုန်နှုန်း အနည်းငယ် ပိုမြန်လာသည်။
"သွားတော့။" ပညာရှိတစ်ဦးက ပြိုကျနေသော နံရံအောက်တွင် ရပ်မနေကြောင်း သိထားသော စူးချန်ခုန်းသည် မဆိုင်းမတွ ထွက်သွားလေသည်။
သို့သော် ထိုအချိန်တွင် ဓားပြအမူအရာနှင့်တူသော လူတစ်ယောက်သည် သစ်ပင်ကြီးတစ်ပင်၏နောက်ကွယ်မှ ထွက်လာပြီး စုချန်ခုန်း၏ဆုတ်ခွာမှုကို ပိတ်ဆို့လိုက်သည်။ ဒီအဖွဲ့မှာ တတိယလူရှိနေသည်။
အလောင်းကို ကိုင်တွယ်နေသော ဓားပြနှစ်ယောက်သည်လည်း တြိဂံပုံဖွဲ့လျက် ဖိတ်ခေါ်မထားသော ဧည့်သည် စူးချန်ခုန်း အနီးတစ်ဝိုက်တွင် ရပ်လိုက်ကြသည်။
"သူက လမ်းသွားလမ်းလာ ဖြစ်မယ်။" စူးချန်ခုန်း၏ အနောက်ဘက်မှ အရပ်ရှည်ပြီး ပိန်လှီသောလူက သူ့ကို အကဲဖြတ်ပြီး ပြောလိုက်သည်။
ကျန်လူနှစ်ယောက်ကလည်း စူးချန်ခုန်းအား အကြံဆိုးကြီးဖြင့် စိုက်ကြည့်နေကြပြီး သူတို့၏ဓားရှည်များသည် သွေးများဖြင့် ရွှဲနေလျက်။
ကြံ့ခိုင်သော ကိုယ်လုံးကိုယ်ပေါက်ရှိသော်လည်း စူးချန်ခုန်း၏ နုပျိုသောအသွင်အပြင်နှင့် ပေါ့ပေါ့ပါးပါး ၀တ်စားဆင်ယင်မှုက သူ့ကို လမ်းသွားလမ်းလာများထက် ဘာမှမပိုသောပုံပေါက်စေသည်။
"လူကြီးမင်းတို့... ကျွန်တော်က ဖြတ်သွားရုံပါ။ ဘာမှ မတွေ့ခဲ့ရပါဘူး။ လူကြီးမင်းတို့ မျက်နှာတွေကို ကောင်းကောင်းမကြည့်မိပါဘူး" စုချန်ခုန်းက ခေါင်းကို အနည်းငယ်ငုံ့ကာ ပြောလိုက်သည်။
"ကျွန်တော် စည်းမျဥ်းတွေကို နားလည်ပါတယ်။ ကျွန်တော့် ပိုက်ဆံတွေ ဒီမှာ ရှိတယ်။ လူကြီးမင်းတို့ အကုန်ယူသွားလို့ရပါတယ်" ဟု စူးချန်ခုန်းက ထပ်ပြောသည်။ သူက ရင်ဘတ်ထဲမှ ငွေစသုံးစကိုထုတ်လျက် မြေပြင်ပေါ်ချလိုက်သည်။
စူးချန်ခုန်းက အားနည်းတာ မဟုတ်ပါ။ သူသည် ထင်ရာစိုင်းတတ်သော လူငယ်လေးမဟုတ်ပေ။ ဒီဓားပြသုံးယောက်ဟာ လက်ထဲက လက်နက်နှင့် မျက်တောင်တစ်ချက် မခတ်ဘဲ သတ်ပစ်နိုင်သည်။ သူတို့နှင့် ပဋိပက္ခဖြစ်တာက သေစေနိုင်သည်။
ဦးညွှတ်မည့်အချိန်အခါ၌ ဦးညွှတ်ရမည်။ ပြဿနာကို ဖိတ်ခေါ်စရာမလိုပါ။ ပိုက်ဆံက အသက်လောက် အဖိုးမတန်ပေ။