ခြင်္သေ့က ယုန်ကိုတိုက်ခိုက်ခြင်း။ သတ်ဖြတ်ရန် ရည်ရွယ်ချက် မြင့်တက်လာခြင်း။
Vol. 1 Ch. 7
(*Warning- သွေးထွက်သံယို အခန်းများ ပါဝင်သည်။)
စူးချန်ခုန်း၏ အလိုက်သင့်ဆောင်ရွက်မှုကြောင့် ဓားပြသုံးဦး အံ့အားသင့်သွားခဲ့သော်လည်း မကြာမီတွင် အထင်အမြင်သေးမှု အရိပ်အယောင်များ ထွက်ပေါ်လာသည်။
"ဒီကလေးက အရပ်ရှည်တယ်။ တောင့်တောင့်တင်းတင်းရှိတယ်။ ဒါပေမယ့် သူရဲဘောကြောင်တာပဲ"
အရပ်ရှည်ပြီး ပိန်ပိန်ပါးပါးနှင့် လူက အထင်အမြင်သေးစွာဆို၏။
သို့ပေမယ့် ဒါက ပုံမှန်ပါပဲ- လက်နက်ကိုင် ဓားပြသုံးယောက်နဲ့ ကြုံရတဲ့ သာမန်လူငယ်တစ်ယောက်ဟာ သူ့လက်တွေ ခြေတွေ ပျော့ခွေသွားမှာကို ပထမဆုံး ကြောက်ရွံ့သွားရမှာ ဖြစ်သည်။ အဲ့လိုမှ မဟုတ်ရင် သူဘယ်လိုမှ တွေးရဲမှာလဲ။
ဓားပြ သုံးယောက်ထဲမှ မျက်နှာပေါ်တွင် အမာရွတ်နဲ့ တစ်ယောက်က လူယုတ်မာအပြုံးနှင့်။ "ကောင်လေး၊ မင်း ငါတို့နဲ့ ပက်ပင်းတိုးတာ ကံမကောင်းဘူးပေါ့ကွာ။ ဒါပေမယ့် စိတ်မပူပါနဲ့။ ငါ အမြန် လက်စသတ်ပေးပါ့မယ်။ ဒါဆို မင်း သိပ်ခံစားစရာ မလိုတော့ဘူးလေ။"
သာမာန်အချိန်ဖြစ်လျှင်ပင် ဓားပြများသည် များသောအားဖြင့် ငွေကိုသာ လုယက်ကြသည်။ သို့သော် စုချန်ခုန်း မရောက်မီတွင် ဓားပြသုံးဦးသည် ပူးပေါင်းဆောင်ရွက်ခြင်းမရှိသော ဖြတ်သွားလမ်းလာတစ်ဦးနှင့် ကြုံတွေ့ခဲ့ရပြီး သူ့ကို သတ်ပစ်ခဲ့သည်။ လူသတ်ခဲ့သည်ကို မျက်မြင်တွေ့လိုက်ရခြင်းကြောင့် စူးချန်ခုန်းအတွက်တော့ သူတို့က တစ်ယောက်ကိုပဲသတ်သတ် နှစ်ယောက်ကိုပဲသတ်သတ် အတူတူပင်။
လုံခြုံစိတ်ချရဖို့ သူတို့စတင်ခဲ့တာကို အပြီးသတ်လိုက်တာက ပိုကောင်းပါသည်။ စူးချန်ခုန်းကို သတ်တာက နှုတ်ပိတ်ဖို့အတွက် အသေချာဆုံးနည်းလမ်းဖြစ်သည်။
"ရှုး!"
အမာရွတ်နှင့်လူသည် စူးချန်ခုန်းရှေ့သို့ ဖြည်းညှင်းစွာ လျှောက်လာပြီး သူ၏ဓားရှည်ကို လွှဲကာ စူးချန်ခုန်း၏လည်ပင်းကို ခုတ်ရန် ရွယ်လိုက်သည်။
သို့ပေမယ့် စူးချန်ခုန်းရဲ့ ခေါင်းက မြေပြင်ပေါ် ပြုတ်ကျသွားတဲ့ မြင်ကွင်းက ဖြစ်မလာခဲ့ပါ။ စုချန်ခုန်း၏ ဘယ်ဘက်လက်ကို နောက်ကျမှ လှုပ်ရှားလိုက်သော်လည်း အမာရွတ်နှင့်လူ၏ လက်ကောက်ဝတ်ကို ဖမ်းကိုင်မိကာ ရှေ့သို့ လွှဲရမ်းလာသောဓားကို တားလိုက်သည်။
"လွှတ်...လွှတ်စမ်း!"
အမာရွတ်နှင့်အမျိုးသားသည် စူးချန်ခုန်း၏ အံဖွယ် အားကြီးသော ဆုပ်ကိုင်မှုမှ မလွတ်မြောက်နိုင်တော့ဘဲ သူ့အရိုးများ ကျိုးတော့မည့်နှယ် သူ့လက်ကောက်ဝတ်တွင် ပြင်းထန်သော နာကျင်မှုကို ခံစားလိုက်ရကာ ဒေါသနှင့် တုန်လှုပ်တကြီး အော်ဟစ်လိုက်သည်။
စူးချန်ခုန်းက ရုတ်တရက် ခေါင်းကို မြှောက်လိုက်ပြီး အံကြိတ်သံနဲ့ သွားတွေကို တင်းတင်းကြိတ်ထားရင်း သူ့လည်ချောင်းထဲက ဒေါသသံခပ်တိုးတိုး ထွက်လာသည်။ "ဘာလို့ ငါ့ကို အတင်းအကြပ်လုပ်တာလဲ!"
စူးချန်ခုန်းသည် ပါဝင်ပတ်သက်လိုစိတ် မရှိခဲ့သည့်အပြင် ဘေးဥပဒ်ကိုရှောင်ရှားရန် ငွေကိုပင် ကျေကျေနပ်နပ်ကြီး ပေးဆောင်ခဲ့သော်လည်း ထိုသုံးယောက်သည် သူ့အသက်ကို လိုချင်နေသည်။
ဒီလိုဖြစ်လာရင်တော့ သတ်ရင်သတ် မသတ်ရင် အသတ်ခံရမှာပါပဲ။
သူ၏ဘယ်လက်သည် အမာရွတ်နှင့်လူ၏ ဓားကိုင်ထားရာ လက်ကောက်ဝတ်ကို ဆုပ်ကိုင်လိုက်ရာ စူးချန်ခုန်း၏ညာလက်သည် လက်သီးဆုပ်ကိုင်ပြီး အနှီလူ၏မျက်နှာကို တုံ့ဆိုင်းခြင်းကင်းစွာ ပြင်းပြင်းထန်ထန် ထိုးသတ်လိုက်သည်။
"ဒုန်း!"
စူးချန်ခုန်း၏ ပြင်းထန်သော လက်သီးချက်သည် ပြင်းထန်သော လေတိုးသံများနှင့်အတူ အရိုးကျိုးသွားသံနှင့် အမာရွတ်နှင့်လူ၏ မျက်နှာပေါ်ကို ထိုးချသည်။ အနှီလူ၏ နှာခေါင်းရိုး ကျိုးသွားကာ မျက်နှာကြီး ပျက်ဆီးပြီး မြေပြင်ပေါ်သို့ မကျမီ လက်သီးကြောင့် နှစ်မီတာမှ သုံးမီတာအထိ ပျံသန်း လွှင့်ထွက်သွားကာ ခန္ဓာကိုယ်က ဆတ်ငင်ဆတ်ငင်နှင့်။
"သူ့ကိုသတ်၊ သတ်ပစ်!"
ရုတ်တရတ် အလှည့်အပြောင်းမှာ အခြားဓားပြနှစ်ယောက်က အော်ဟစ်ပြီး ဒေါသတကြီး အော်ဟစ်လိုက်ကြသည်။
"ရွှီး"
ဓားပြနှစ်ယောက်သည် ရှေ့နှင့်အနောက်မှ အသားနှင့်အရိုးများကို ဖြတ်တောက်ရန် ရည်ရွယ်၍ ဓားရှည်များဖြင့် ရောက်လာကြသည်။
စူးချန်ခုန်း၏ အာရုံစူးစိုက်မှုသည် ထက်သန်လာသည်။ သူ့အမြင်က ရှေ့ကနေ ဓားသွားလမ်းကြောင်းကို အလွယ်တကူ မြင်နိုင်ပြီး နောက်ကနေ လေတိုးသံကို ကြားလိုက်ရသည်။
စူးချန်ခုန်းသည် ဝူချင်းရှီအား လုံ့လရှိရှိ လေ့ကျင့်ခဲ့ပြီး စတုတ္ထနယ်ပယ်တွင် ကျွမ်းကျင်အဆင့်သို့ ရောက်ရှိနေပြီဖြစ်သည်။ ဝူချင်းရှီသည် တိုက်ခိုက်ရေးနည်းပညာ မဟုတ်ဘဲ ကျန်းမာရေးကို ထိန်းသိမ်းသည့်လက်သီးပုံစံဖြစ်သော်ငြား ၎င်းသည် ကိုယ်ခံပညာအမျိုးအစားအောက်တွင် ရှိနေသေးသည်။ ရုပ်ပိုင်းဆိုင်ရာ အခြေအနေ တိုးတက်ကောင်းမွန်မှုသည် စူးချန်ခုန်းကို ပြောင်းလဲစေခဲ့ပြီဖြစ်သည်။
"ဝှစ်"
သွက်လက်သွက်လက်သော လှုပ်ရှားမှုများဖြင့် စူးချန်ခုန်းသည် နောက်သို့ ဆုတ်လိုက်ပြီး ဓားသည် သူ့အင်္ကျီလက်မှ လက်မအနည်းငယ်အကွာတွင် ဖြတ်သွားခဲ့သည်။
စူးချန်ခုန်း၏ လှုပ်ရှားမှုများသည် ကြိုးကြာကဲ့သို့ လျင်မြန်လွန်းသဖြင့် အရပ်ရှည်ရှည် ပိန်ပိန်ပါးပါး အမျိုးသား၏ မျက်ခွံများ လှုပ်ယမ်းသွားသည်။ သူ့အသွင်သည် ကွေ့ဝိုက်သွားပြီး ခပ်းရေးရေး ပုံရိပ်များအဖြစ် သူ့နောက်တွင် ရပ်ရန် ရွှေ့သွားပြီး သူ၏ အားကောင်းသော လက်များက ထိုလူ၏ဦးခေါင်းကို ဆုပ်ကိုင်လိုက်လေ၏။
"မဟုတ်ဘူး..."
အရပ်ရှည်ရှည်ပိန်ပိန်နှင့်လူက ချက်ချင်းအော်လိုက်ပေမယ့် သူ့အနောက်ဘက်က စူးချန်ခုန်းရဲ့ အေးစက်တဲ့ သတ်ပစ်ချင်စိတ်က မှားနိုင်ဖွယ်ရာမရှိပါ။ စူးချန်ခုန်းသည် ထိုသူ၏ခေါင်းကို ဆုပ်ကိုင်ထားသော လက်ဖြင့် ပြင်းထန်စွာ လိမ်ချိုးလိုက်သည်။
"ဂျွတ်၊ ဂျက်!"
ရေသန့်ဘူးအဖုံးကို လှည့်ဖွင့်လိုက်သလိုမျိုး အရပ်ရှည်ရှည် ပိန်ပိန်ပါးပါး အမျိုးသားရဲ့ ဦးခေါင်းကို ၉၀ ဒီဂရီ လိမ်လိုက်ရာ လည်ပင်း ကျိုးသွားလေတော့သည်။
"ဘုတ်"
စူးချန်ခုန်းသည် သူ့လက်ကို လွှတ်လိုက်ပြီး အရပ်ရှည်ရှည် ပိန်ပိန်ပါးပါး အမျိုးသား မြေပြင်ပေါ်သို့ လဲကျသွားသောအခါ သူ၏မျက်လုံးများက ပြူးထွက်နေလျက်။ နောက်ဆုံးကျန်သည့်ဓားပြကို ကြည့်လိုက်ရာ စူးချန်ခုန်း၏ မျက်လုံးများထဲမှ လူသတ်လိုစိတ်က ထိုလူကို တုန်လှုပ်သွားစေခဲ့သည်။
"ပြေး... ပြေး..." သူက ဓားတစ်ချောင်းကို ကိုင်ထားသော်လည်း စူးချန်ခုန်းကြောင့် ဆက်တိုက် အသတ်ခံလိုက်ရသည့် သူ့အဖော် နှစ်ယောက်ကို မြင်လိုက်တော့ အနှီဓားပြသည် ကြောက်ရွံ့ ထိတ်လန့်မှု အပြည့်နှင့် ရဲစွမ်းသတ္တိတို့ ပျောက်ရှကာ လှည့်ပြေးလေတော့သည်။
ဝှီး!
သို့သော် ခြေနှစ်လှမ်းသာ ထွက်ပြေးရသေးသည့်အချိန်တွင် စူးချန်ခုန်းသည် သားကောင်ကို အမဲလိုက်နေသည့် ကျားတစ်ကောင်နှယ် ပြင်းထန်စွာ ခုန်အုပ်ကာ ညာလက်သီးကို တင်းတင်းကြပ်ကြပ် ဆုပ်ပြီး ဓားပြ၏ ဦးခေါင်းနောက်ဘက်သို့ ပြင်းပြင်းထန်ထန် ထိုးချလိုက်သည်။
"ဗုန်း"
ဓားပြ၏ ခန္ဓာကိုယ်သည် ရှေ့သို့ လွှင့်ပျံသွားကာ ဦးခေါင်းခွံနောက်ဘက်က ခွက်ဝင်သွားကာ ဦးနှောက်များ ကြေမွကာ မြေပြင်ပေါ်သို့ လဲကျသွားပြီး လှုပ်ရှားမဲ့ ကင်းမဲ့သွားလျက်။
"ဟောဟဲ ဟောဟဲ..."
သူတို့နှစ်ဦးကြား ထိပ်တိုက်ရင်ဆိုင်မှုသည် အချိန်တိုလေးအတွင်းမှာပင် ထူးခြားစွာ ပြီးဆုံးသွားသော်လည်း စူးချန်ခုန်းသည် လူသုံးယောက်ကို ဆက်တိုက် အလဲထိုးလိုက်သဖြင့် ပြင်းထန်သော လှုပ်ရှားမှုများကို ကြုံတွေ့ခဲ့ရသည့်နှယ် ခံစားလိုက်ရသည်။ သူ့နှလုံးသားက ဗုံလို တဆတ်ဆတ်တုန်နေကာ အသက်ရှူမဝသလို မောပန်းနွမ်းနယ်နေသလို ခံစားနေရသည်။
စူးချန်ခုန်း အာရုံတွေပြန်လည်လာဖို့အတွက် အချိန်အတော်ကြာသွားသည်။ စောစောက သူထိုးခဲ့တဲ့ အမာရွတ်နှင့်လူ မသေသေးတာကို သတိပြုမိသွားသည်။ ခုတော့ သူက ထဖို့တောင် ရုန်းကန်နေရပြီး တော်တော်လေး အားနည်းနေကာ ကြောက်ရွံ့ထိတ်လန့်တကြားနဲ့ အသနားခံလေ၏။“ချမ်းသာပေး… အသက်ကို ချမ်းသာပေးပါ…”
"ဒုန်း၊ ဒုန်း၊ ဒုန်း!"
စူးချန်ခုန်းသည် အေးတိအေးစက် မျက်နှာထားဖြင့် အနီးနားမှ လက်သီးအရွယ် ကျောက်တုံးတစ်တုံးကို ကောက်ယူပြီး လျှောက်လာကာ အမာရွတ်ရှိနှင့်လူ၏ ဦးခေါင်းကို ထပ်ခါတလဲလဲ ရိုက်ခွဲလိုက်သည်။ ဦးခေါင်းခွံ ကွဲကြေသွားကာ ကျောက်တုံးကို ဘေးသို့ မပစ်ချမီ ထိုလူတွင် လှုပ်ရှားမှုမရှိတော့ပေ။
"ဒီလူတွေက သေဖို့ပဲတန်တယ်။ ငါ ဝီရိယရှိရှိနဲ့ မလေ့ကျင့်ခဲ့ဘူးဆိုရင် ငါဒီနေ့ သေရမှာပဲ။"
ဓားပြသုံးယောက်ကို သတ်ပြီးနောက် စူးချန်ခုန်းသည် သူ့ဘာသာသူ တိတ်တဆိတ် တွေးပြီး ဤလောက၏ တောတွင်းဥပဒေသကို ကောင်းစွာနားလည်ကာ သူ့အသက်ကို ရန်ရှာနေသော ရန်သူကို ဆန့်ကျင်ပြီး သူတို့ကို သေချာပေါက် ဖျက်ဆီးပစ်မှရမည်။
ကိုယ့်ကိုယ်ကို စိတ်ထိန်းပြီးနောက် စူးချန်ခုန်း နှေးဖင့်မနေတော့။ သူ အလောင်းများကို ချက်ချင်း ရှာဖွေလိုက်သည်။
စူးချန်ခုန်းသည် ဓားပြသုံးယောက်ထံမှ ငွေတုံးအနည်းငယ်ကို တွေ့ရှိခဲ့သည်။
သို့သော် ခေါင်းပြတ်နေသော အမျိုးသားထံမှ မထင်မှတ်ဘဲ ပွပေါက်တိုးသွားလေသည်။
"ငွေစက္ကူတွေလား"
ခေါင်းပြတ်အလောင်း၏ရင်ဘတ်ထဲမှ စူးချန်ခုန်းသည် တစ်စ၊ ဆယ်စ၊ နှစ်ဆယ်စအပါအဝင် မတူညီသော ငွေးကြေးပမာဏများဖြင့် ငွေစက္ကူများစွာကို ထုတ်ယူလိုက်သည်။
"စုစုပေါင်း ၁၀၃ ခု!" သူတို့ကို ရေတွက်ကြည့်တော့ စူးချန်ခုန်း အနည်းငယ် ထိတ်လန့်သွားသည်။
ငွေတစ်ရာကျော်ဆိုတာ နည်းနည်းနှောနှော မဟုတ်သည်မှာ သေချာပါသည်။
အဲဒီလူက ဘယ်သူလဲဆိုတာ စူးချန်ခုန်းက သိဖို့ လုံးဝမဖြစ်နိုင်ပါ။ သူက ငွေအမြောက်အမြား ကိုင်ဆောင်ထားရာ ဓားပြသုံးဦး၏ အာရုံကို စွဲဆောင်မိပြီး အကြမ်းပတမ်း အဆုံးသတ်သွားတာ ဖြစ်နိုင်ပါသည်။
"ဒီကနေ ထွက်သွားရအောင်။"
ငွေစက္ကူတွေကို သူ့ရင်ဘတ်ထဲကို ထည့်ပြီး စူးချန်ခုန်းက အခုလုပ်ရမယ့်အရာက ဒီရှုပ်ရှုပ်ယှက်ယှက် နေရာက ထွက်လာဖို့ဆိုတာ သိလိုက်သည်။ သူသည် ထိုနေရာမှ အမြန်ထွက်ခွာခဲ့ပြီး သံနက်အိမ်တော်သို့ ပြန်သွားကာ မြေပြင်ပေါ်ရှိ အလောင်းများကို ဂရုမစိုက်တော့ပေ။
ဤခေတ်တွင် လူသေဆုံးမှုအနည်းငယ်သည် သာမန်သာဖြစ်ပြီး အထူးသဖြင့် သေဆုံးသွားသူများသည် လုယက်သတ်ဖြတ်သော ဓားပြများဖြစ်သောကြောင့် အများက ဂရုတစိုက် စုံစမ်းနေမည်မဟုတ်ပေ။
သံနက်စံအိမ်သို့ ပြန်ရောက်သောအခါ စူးချန်ခုန်း ရေချိုးပြီး နောက်ဆုံးတွင် စိတ်တည်ငြိမ်သွားသည်။
"ရဲစွမ်းသတ္တိက ခွန်အားက လာတာပဲ။ ကျန်းမာရေးထိန်းသိမ်းတဲ့ လက်သီး၊ ဝူချင်းရှီကိုပဲ လေ့ကျင့်ထားပေမယ့် ငါ့ရဲ့ အစွမ်းက ဓားကိုင်တဲ့ လူကြီးတွေကို လက်ဗလာနဲ့ ကိုင်တွယ်တိုက်ခိုက်နိုင်တဲ့ သာမန်လူတစ်ယောက်ထက် အများကြီးသာလွန်သွားပြီ။" ယနေ့အဖြစ်အပျက်များသည် စူးချန်ခုန်း၏ ကိုယ်ပိုင်အစွမ်းသတ္တိကို ပိုမိုရှင်းလင်းစွာ နားလည်သဘောပေါက်စေသည်။
ဝူချင်းရှီကို သူ့လက်ရှိအဆင့်အထိ လေ့ကျင့်ပြီးနောက် သူ၏ ခန္ဓာကိုယ်အခြေအနေသည် သာမန်လူတစ်ယောက်၏ ကန့်သတ်ချက်ထက် ကျော်လွန်သွားပြီး သန်မာသော ယောက်ျားများစွာကို အလွယ်တကူ ဖယ်ရှားနိုင်စေခဲ့သည်။
သိုင်းပညာရှင်များကြားတွင် ဤစွမ်းရည်များ မည်သို့မည်ပုံရှိသည်ကို စူးချန်ခုန်းသည် သေချာမသိပါ။
"မလုံလောက်ဘူး... မလုံလောက်သေးဘူး။ ဒီနေ့သာ ဓားပြတွေ ထပ်တိုးလာခဲ့ရင် ဒါမှမဟုတ် သူတို့ ပိုသတိထားခဲ့ရင် ဘယ်သူသေမလဲ မသေချာဘူး!"
စူးချန်ခုန်းသည် လက်သီးများကို ကျစ်ကျစ်ဆုပ်လိုက်သည်။ ယနေ့တွေ့ကြုံခဲ့ရတာသည် ဤလောက၏ ရက်စက်ကြမ်းကြုတ်မှုကို ထင်ရှားစေခဲ့သည်။ ခွန်အားသာမရှိရင် လူတစ်ယောက်ဟာ အဓိပ္ပာယ်မဲ့စွာ သေသွားနိုင်သည်။ သူ ပိုသန်မာလာရမည်။
"လက်နက်နဲ့ လေ့ကျင့်ဖို့ လိုတယ်။ ဒီနည်းက ငါ့ရဲ့ တိုက်ခိုက်ရေးစွမ်းရည်ကို မြန်မြန်ဆန်ဆန် မြှင့်တင်နိုင်တဲ့ နည်းလမ်းပဲ"
စူးချန်ခုန်းသည် စိတ်ထဲတွင် အလျင်အမြန် အစီအစဉ် ချမှတ်လိုက်သည်။ လက်နက်တစ်ခုကို ကိုင်ဆောင်ခြင်းသည် လက်ဗလာဖြင့် တိုက်ခိုက်ခြင်းထက် သိသာသော အကျိုးကို ပေးစွမ်းသည်။ လက်နက်ကိုင်သော ကလေးတစ်ယောက်သည် အရွယ်ရောက်ပြီးသူတစ်ဦးကိုပင် သတ်နိုင်သည်။ ထို့ကြောင့် လက်နက် တစ်မျိုးမျိုးကို ကျွမ်းကျင်အောင်ပြုလုပ်ခြင်းသည် တိုက်ခိုက်ရေးစွမ်းရည်ကို မြှင့်တင်ရန် အသေချာဆုံးနည်းလမ်း ဖြစ်လေသည်။