← Chapters

သံဖြတ်ဓားနည်းပညာ။

Vol. 1 Ch. 8

သံဖြတ်ဓားနည်းပညာ။

Vol. 1 Ch. 8

ဓားရှည်နှင့် ဓားသွားများ… ဓားရှည်များသည် ပိုကြော့ရှင်းသော်လည်း လက်တွေ့တွင် ဓားသွားများက ပို၍ အသုံးဝင်သည်။ သံနက်အိမ်တော်မှ ရောင်းချသော လက်နက်များသည် အဓိကအားဖြင့် တစ်ဖက်ချွန်ဓါးသွားများဖြစ်သည်။

"ငါဓားတစ်လက်လိုတယ်!"

ထို့ကြောင့် စူးချန်ခုန်းသည် ဓားသွားနည်းပညာကို လေ့ကျင့်ရန် ဆုံးဖြတ်လိုက်သည်။ အဲဒီမတိုင်ခင်က သူ့ကိုယ်ပိုင်ဓားတစ်ချောင်းရှိဖို့လိုသည်။

စိတ်အားထက်သန်မှုအပြည့်နှင့် စူးချန်ခုန်းသည် အသေးစိတ်ပုံစံကို ထုတ်ပြီး စတင်ဆွဲတော့သည်။

ဓားသည် ခုတ်ထစ်ခြင်းနှင့် လှီဖြတ်ခြင်းတွင် ကောင်းမွန်ရမည်။ မြောင်ဓားနှင့် သံဖြတ်ဓားတို့၏ ပုံရိပ်များသည် စူးချန်ခုန်း၏ စိတ်ထဲတွင် ပေါ်လာသည်။

ထိုဓားနှစ်ချောင်းစလုံးသည် ပိုရှည်ပြီး ပိုကြီးသည်။ မြောင်ဓားတွင် ပါးလျသောကိုယ်ထည်ရှိပြီး လှံနှင့် ဓား၏သွင်ပြင်လက္ခဏာများကို ပေါင်းစပ်ထားရာ လက်နှစ်ဖက်ဖြင့် ကိုင်ဆောင်ရန် သင့်တော်သည်။ သံဖြတ်ဓါးသည် ပိုကျယ်ပြန့်ကာ မြင်းခြေထောက်များနှင့် လည်ပင်းများကို ဖြတ်တောက်နိုင်စွမ်းရှိကာ ခုတ်ပိုင်းရာတွင် အထူးကောင်းမွန်သည်။

မြောင်ဓားနှင့် သံဖြတ်ဓားတို့၏ လက္ခဏာရပ်များကို ပေါင်းစပ်ထားသည့် ဓားရှည်တစ်လက်သည် စာရွက်ပေါ်တွင် လျင်မြန်စွာ ပေါ်လာပြီး တစ်မီတာနှင့် တစ်ဆယ့်နှစ်စင်တီမီတာကို အတိုင်းတာရှိသည်။ ၎င်းသည် မြောင်ဓားထက် ကိုယ်ထည်ပိုကျယ်ကာ လက်နှစ်ဖက်စလုံး သို့မဟုတ် လက်တစ်ဖက်တည်းဖြင့် ကိုင်ဆောင်နိုင်စွမ်းရှိသည်။

အသေးစိတ်ပုံစံကို အပြီးသတ်ပြီးနောက် နောက်တစ်ဆင့်မှာ ၎င်းကို သွန်းလုပ်ရန်ဖြစ်သည်။

စူးချန်ခုန်း ကိုယ်တိုင်က ပန်းပဲဆရာဖြစ်ပြီး အခြားသူများထံမှ အကူအညီမလိုအပ်ပါ။ သူလိုအပ်သော တစ်ခုတည်းသောအရာမှာ ပစ္စည်းများဖြစ်သည်။

"ငါ သွန်းလုပ်ဖို့အတွက် သံသန့်ကို သုံးမယ်။"

စူးချန်ခုန်း တွေးဆလိုက်သည်။

လက်နက်သွန်းလုပ်ရန်အတွက် အဆင့်မြင့် သံမဏိပစ္စည်းများဖြစ်သည့် သံအသန့်သည် အလွန်တန်ဖိုးကြီးသည်။

"ညွှန်ကြားရေးမှူးလျှို၊ ကျွန်တော် သံသန့် ဝယ်ချင်ပါတယ်"

ထို့ကြောင့် စူးချန်ခုန်းသည် ညွှန်ကြားရေးမှူးလျှိုကို ရှာဖွေပြီး တောင်းဆိုလိုက်သည်။ သံနက်အိမ်တော်တွင် သံအသန့်ရှိသော်လည်း စူးချန်ခုန်း ကိုယ်ပိုင်အသုံးပြုမှုအတွက် လိုအပ်သောကြောင့် ၎င်းအတွက် သေချာပေါက် ပေးဆောင်ရမည်ဖြစ်သည်။

"ရတာပေါ့။ မင်းဘယ်လောက်လိုလဲ" ညွှန်ကြားရေးမှူးလျှိုက ဝမ်းသာအားရ သဘောတူလိုက်သည်။ စုချန်ခုန်းသည် ယခုအခါတွင် အလားအလာ ကြီးကြီးမားမားရှိသည့် တရားဝင်ပန်းပဲဆရာဖြစ်လာပြီး သံနက်အိမ်တော်တွင် အရေးပါသော အဆင့်အတန်းကို ရရှိထားသောကြောင့် ညွှန်ကြားရေးမှူးလျှိုသည် ဤရိုးရိုးရှင်းရှင်း တောင်းဆိုချက်က သူ့အတွက် အခက်အခဲဖြစ်စေမည် မဟုတ်ပေ။

"နှစ်ဆယ်*ကျင်း" စုချန်ခုန်းကပြောသည်။

(T/N *ကျင်း = တရုတ် အလေးချိန် အတိုင်းအတာ ယူနစ်တစ်မျိုး။ ၁ကျင်း = ၅၀၀ဂရမ်)

ဓားကို ထုလုပ်ရန် သံသန့် များများစားစား မလိုအပ်ပါ။ သာမန်ဓား သို့မဟုတ် ဓားတစ်လက်၏ အလေးချိန်မှာ ၃ကျင်းမှ ငါးကျင်းအထိသာရှိသည်။ သို့သော် စူးချန်ခုန်း ထုလုပ်ရန် ရည်ရွယ်ထားသော ဓားသည် သာမန်ဓားသွားများထက် ပိုရှည်ပြီး ပစ္စည်းပိုလိုအပ်သည်။ ထို့အပြင် အရည်ပျော်မှုဖြစ်စဉ်တွင် ဆုံးရှုံးမှုရှိသောကြောင့် သံသန့် ကျင်းနှစ်ဆယ်နှင့် လုံလောက်ပါသည်။

" သံသန့် ကျင်းနှစ်ဆယ်လား။ အဲဒါက ငွေငါးစ ကျလိမ့်မယ်။"

ညွှန်ကြားရေးမှူးလျှိုက စူးချန်ခုန်းအတွက် စျေးနှုန်း ပြောပြလိုက်သည်။

ဒီဈေးက အတော်လေး သက်သာသည်။ လက်တွေ့ကျတဲ့ စျေးနှုန်းဖြစ်သည်။

စူးချန်ခုန်းက မတုန်လှုပ်ဘဲ ညွှန်ကြားရေးမှူးလျှိုကို ငွေငါးစ ပေးလိုက်လေ၏။

ခုနက ထိုဓားပြများကို သတ်ပြီးနောက် စူးချန်ခုန်းသည် ငွေအစတစ်ရာကျော် ရရှိခဲ့ပြီး ထိုကုန်ကျစရိတ်ကို သူ တတ်နိုင်ပါသည်။

ပစ္စည်းများကို ရယူပြီးနောက် စူးချန်ခုန်းသည် သွန်းလုပ်ရန် မစောင့်နိုင်တော့ပေ။ သူ၏ ပန်းပဲစွမ်းရည်သည် ပြီးမြောက်အောင်မြင်သည့်အဆင့်သို့ ရောက်ရှိသွားကာ ရိုးရိုးဓားနှင့် ဓားသွားများကို သွန်းလုပ်ရာတွင် အတော်လေး ကျွမ်းကျင်နေပြီဖြစ်သည်။

"ဒေါင် ဒေါင် ဒေါင်"

လက်ထဲတွင် တူတစ်ချောင်းဖြင့် စူးချန်ခုန်းသည် နီရဲ ပူပြင်းနေသော သံသန့်ကို ပေပေါ်တွင် ထုရိုက်လိုက်သည်။ ရိုက်နှက်မှုတိုင်းသည် ခိုင်မာအားကောင်းပြီး သတ္တုတိုက်မိသည့်အသံများနှင့် လွင့်ပျံလာသော မီးပွားများလည်း လွင့်စင်လာသည်။

ရဲရဲတောက်နေသော မီးဖိုရှေ့တွင် စူးချန်ခုန်းသည် ပြင်းပြင်းထန်ထန် အာရုံစိုက်ကာ ချွေးသံတရွှဲရွှဲနှင့် သံကို ထပ်ခါတလဲလဲ ခေါက်ပြီး သွန်းလုပ်ကာ သံ၏ မျက်နှာပြင်ပေါ်ရှိ ပုံစံများကို ပို၍ သိပ်သည်းလာစေ၏။

ယခင်က ဓားရှည်များ သို့မဟုတ် ဓားသွားများကို ထုလုပ်သည့်အခါ သံမဏိတစ်ခြမ်းကို ခေါက်ပြီး ၁၅ ကြိမ်မှ အကြိမ် ၂၀ ခန့် ပြုလုပ်ခြင်းသည် များသောအားဖြင့် လုံလောက်ပါသည်။ သို့သော် စူးချန်ခုန်းသည် သူ့ကိုယ်ပိုင်အသုံးပြုရန်အတွက် လက်နက်တစ်ခုကို သွန်းလုပ်သည်ဖြစ်ရာ သူ့အား စိတ်ကျေနပ်စေမည့် လက်နက်တစ်ခုကို ဖန်တီးရန် အစွမ်းကုန်ကြိုးစားပြဒီး ထုံးစံအတိုင်း အားထုတ်ခဲ့သည်။

အဆက်မပြတ်ခေါက်ခြင်းနှင့် ထုလုပ်ခြင်း၊ ထပ်ခါတလဲလဲ အရည်ဖျော်ခြင်း၊ သံသန့်မှ အညစ်အကြေးများကို ဖယ်ထုတ်ခြင်းတို့မှ တဖြည်းဖြည်း စိမ်းညိုရောင်သို့ ပြောင်းလဲသွားခဲ့သည်။

စူးချန်ခုန်းသည် အကြိမ်ငါးဆယ်ကျော် ခေါက်ပြီး ထုလုပ်ကာ သံသန့်ကို သံကြွပ်နှင့် ထပ်ခါထပ်ခါ ရောစပ်ရင်း ၎င်း၏ စွမ်းဆောင်ရည်ကို ကန့်သတ်ချက်သို့ တွန်းပို့လိုက်သည်။

သံမဏိလောင်း၊ မီးငြိမ်း……

စူးချန်ခုန်းသည် လုပ်ငန်းစဉ်တစ်ဆင့်ချင်းစီကို စေ့စေ့စပ်စပ်လုပ်ဆောင်ပြီး ရက်ပေါင်းနှစ်ဆယ်ပြည့်အောင် ကုန်ဆုံးသွားခဲ့သည်။

ရက်နှစ်ဆယ်ကြာပြီးနောက် စုချန်ခုန်းသည် လက်ထဲတွင် ဓားရှည်တစ်လက်ကို ကိုင်ထားပြီး ကြိတ်ကျောက်ဆုံကြီး တစ်ခုရှေ့တွင် ရပ်ကာ သူ့မျက်နှာထက်ဝယ် စိတ်လှုပ်ရှားမှု ပါးပါးလေးကို မြင်နိုင်လေသည်။

ဓားသည် တစ်ဆယ့်နှစ်မီတာရှိပြီး ပါးလျသောကိုယ်ထည်နှင့် ချွန်ထက်သော ထိပ်ဖျားများ ရှိလေသည်။ ဓားသွားတစ်ခုလုံးသည် စိမ်းပုပ်ပုပ်ဖြစ်ပြီး ထူထပ်သောပုံစံများဖြင့် ဖုံးအုပ်ထားသည်။ ပုံပန်းသဏ္ဌာန်ကို ခဏထား။ ဓားသည် တန်ဆာဆင်ခြင်းမရှိဘဲ ရိုးရှင်းသော်လည်း ၎င်းသည် သတ္တုကိုလှီးဖြတ်၍ သံကိုဖြတ်နိုင်သကဲ့သို့ အေးစက်သောရောင်ဝါကို ထုတ်လွှတ်နေသည်။

"ဒီဓားကို သံဖြတ်ဓားလို့ နာမည်ပေးမယ်။ အရမ်းလေးတယ်... သာမန်လူတွေ လုံးဝ မသုံးနိုင်ဘူး။"

စူးချန်ခုန်းက ဓားကိုကိုင်ပြီး နာမည်ပေးလိုက်သည်။

သံဖြတ်ဓား၏ အလေးချိန်သည် အကြမ်းဖျင်းအားဖြင့် ဆယ်ဂျင်း ( ၁ကျင်း = ၀.၅ ကီလိုဂရမ်) နီးပါးရှိသည်။ ဒီလိုလေးလံမှုဟာ သာမန်လူတစ်ယောက်အတွက် အတင်းအကြပ်ကိုင်ဆွဲဖို့ နေနေသာသာ ကောက်ယူဖို့တောင် ခက်ခဲသည်။ လုံလောက်တဲ့ ခွန်အားသာမရှိရင် ဒီဓားကို လုံးဝ အသုံးမချနိုင်ပါ။

လက်နက်တစ်ခုသည် ပထမဦးစွာ ပေါ့ပါးမြန်ဆန်ရမည်။ မဟုတ်ရင် တူကြီးကြီးကို လွှဲရမ်းနေတဲ့ ကလေးတစ်ယောက်လိုပင်။ ရန်သူကို မထိခိုက်စေခင်မှာ မိမိရဲ့ကိုယ်ခန္ဓာက ချုံးချူုးကျသွားမှာပင်။

သို့သော် ဝူချင်းရှီတွင် လေ့ကျင့်သင်ကြားပြီးနောက် စူးချန်ခုန်း၏ ရုပ်ပိုင်းဆိုင်ရာ အခြေအနေသည် သာမန်လူများ၏ ကန့်သတ်ချက်များကို ကျော်လွန်သွားခဲ့ပြီး သံဖြတ်ဓားက သူနှင့် လုံးဝ လိုက်ဖက်ပါသည်။

နောက်တစ်ဆင့်က ဓါးပညာကို လေ့ကျင့်ဖို့ပင်။

"ဓားပညာရပ်တွေမှာ အခြေခံလုပ်ဆောင်ချက် ကိုးခုပါဝင်တယ်- အပေါ်ပိုင်း ခုတ်လွှဲခြင်း၊ ထိုးခြင်း၊ ကြားဖြတ်ခြင်း၊ တားဆီးခြင်း၊ ခုတ်ချခြင်း၊ ဝှေ့ရမ်းခြင်း၊ သုတ်သင်ခြင်း၊ သယ်ဆောင်ခြင်းနှင့် ချိတ်ခြင်း။” ဤသံဖြတ်ဓားအတွက် အသင့်တော်ဆုံး လှုပ်ရှားမှုမှာ 'ခုတ်ချခြင်း' ဖြစ်သည်။

ဓားကိုဖန်တီးသူ စူးချန်ခုန်းသည် ၎င်း၏ထူးခြားချက်များနှင့် အသုံးပြုပုံတို့ကိုလည်း သိရှိထားပြီး ၎င်းတို့အားလုံးသည် အခြေခံအသိများဖြစ်သည်။

စူးချန်ခုန်းသည် သူ့အား ဓားနည်းပညာကို စနစ်တကျ သင်ကြားပေးရန် မည်သူမျှ မရှိသည့်အပြင် သူထောက်ခံသည့်အရာမှာ လက်တွေ့ကျင့်ရန်ပင်။ ထို့ကြောင့် သူသည် သေစေနိုင်လောက်သော ခုတ်ချခြင်းကို ကျွမ်းကျင်ရန် အာရုံစိုက်ခဲ့သည်။

တစ်ချက်တည်းနှင့် ခုတ်သတ်မည်။ ဆန်းဆန်းပြားပြား ပုံစံအမျိုးမျိုးလုပ်မနေတော့။

ယခု သူသည် ဓားသွားနည်းပညာ၏ အခြေခံ ကျွမ်းကျင်မှုကို ကောင်းစွာ သင်ယူခဲ့ပြီး နောက်ဆုံးတွင် ပိုမိုအဆင့်မြင့်သော နည်းပညာများကို သင်ယူနိုင်လိမ့်မည်။

"ခုတ်ပိုင်းခြင်း" ၏အဓိကမူကွဲသုံးမျိုးရှိသည် - အောက်သို့ခုတ်ချခြင်း၊ ဘယ်မှညာ သို့မဟုတ် ညာဘက်မှဘယ်သို့ အလျားလိုက်ခုတ်ခြင်းနှင့် အောက်မှအထက်သို့ ခုတ်ခြင်း။ စူးချန်ခုန်း၏ ပကတိအခြေအနေနှင့် ပေါင်းစပ်၍ ဤဓားများကို ကျွမ်းကျင်စွာ ကိုင်တွယ်နိုင်မည်ဖြစ်ပြီး သူခိုးများနှင့် ဓားပြအများစုကို ကိုင်တွယ်နိုင်မည်ဖြစ်သည်။

ရွှမ်း ရွှမ်း ရွှမ်း

စူးချန်ခုန်းသည် သံဖြတ်ဓားကို ကိုင်ဆောင်လျက် ဓားသွားသည် လေကိုခွင်းကာ ဟက်တပ်သော်လည်းကောင်း၊ အလျားလိုက် သော်လည်းကောင်း၊ အပေါ်အောက်သော်လည်းကောင်း ခုတ်ပိုင်းနေသည်။ သူသည် ဤရွေ့လျားမှုသုံးခုကို အထပ်ထပ်အခါခါ ကျင့်ပြီး အစပိုင်းတွင် အဆင်မပြေဖြစ်ရာမှ ကျွမ်းကျင်လာခဲ့သည်။ သာမာန်လူတစ်ယောက်သည် ဆယ်ကျင်းရှိသော သံဖြတ်ဓားကို ချောချောချူချူ လွဲရမ်းရန်နေနေသာ မ ယူရန်ပင် ခဲယဉ်းပေလိမ့်မည်။ ဤကဲ့သို့ ပဲ့ကိုင်နိုင်မှုသည် လုံလောက်သော ခွန်အားနှင့် သက်လုံ လိုအပ်သည်။

စူးချန်ခုန်း၏ဘဝသည် စည်းစနစ်တကျ ပြန်ဖြစ်လာပြီး ဝူကျင်းရှီကို လေ့ကျင့်၊ ငွေရှာရန် လက်နက်ထုလုပ်၊ အခုတော့ ဓားနှင့်လေ့ကျင့်မှုကို ထပ်တိုးပြုလုပ်ခဲ့သည်။

ဝူကျင်းရှီကတော့ စူးချန်ခုန်းရဲ့ အချိန်ကို အများကြီး မယူပါ။ စုချန်ခုန်းသည် ကျန်းမာရေးကို ထိန်းသိမ်းသည့် လက်သီးနည်းစနစ်ဖြစ်သောကြောင့် နံနက်ပိုင်းနှင့် ညနေပိုင်းများတွင်သာ လေ့ကျင့်ရန် လိုအပ်ပါသည်။ ချွေးထွက်သရွေ့တော့ လုံလောက်ပါပြီ။ ပင်ပန်းနွမ်းနယ်မှုအထိ မိမိကိုယ်ကို အလွန်အကျွံ အားထုတ်ခြင်းသည် ကျန်းမာရေးကို ထိန်းသိမ်းသည့် လက်သီး၏ နိယာမနှင့် ဆန့်ကျင်ဘက်ဖြစ်သည်။

"ဒီတူကို ဒီလို လွဲရိုက်တာက ဓားလွှဲနည်းအတိုင်း လှုပ်တာပဲ မဟုတ်ဘူးလား။" လက်နက် ထုလုပ်ခြင်းနှင့်ပတ်သက်၍ စူးချန်ခုန်းက ၎င်းအား ဓါးလေ့ကျင့်မှုတစ်ခုအဖြစ် သဘောထားခဲ့သည်။

"ဒေါင် ဒေါင် ဒေါင်"

စူးချန်ခုန်းသည် လေးလံသော တူကို လွှဲရမ်းပြီး ကြီးမားသော ဓားမကို ကိုင်ဆောင်ကာ အဆက်မပြတ် ခုတ်လှဲနေသကဲ့သို့ သူ့လက်များက လှုပ်ရှားနေ၏။ ရိုက်ချက်တစ်ခုစီသည် တောက်လောင်နေသော သံတုံးများမှ မီးပွားများ လွင့်စင်လာပြီး အောက်ခြေမှ ပေအား အနည်းငယ် တုန်ခါသွားစေသည်။ ရိုက်ချက်တစ်ချက်ချင်းဆီက တောင့်တင်းခိုင်မာသည်။

စုချန်ခုန်း၏ လက်များထံ လွှဲပြောင်းပေးသည့် တွန်းအားသည် သူ့ကြွက်သားများ၊ အရွတ်များနှင့် အရေပြားတို့ကို တင်းမာစေသည်။

စူးချန်ခုန်း၏ မျက်လုံးများ တောက်ပလာသည်။ သူ၏ စွမ်းရည်တန်ဖိုးသည် ယခု အံ့သြဖွယ်ကောင်းသော အမှတ် ၇ မှတ်သို့ ရောက်ရှိသွားသည်။ သူက တကယ့်ကို ပါရမီရှင်တစ်ဦးပင်။

ဓားနည်းပညာများကို ပန်းပဲကျွမ်းကျင်မှုနှင့် ပေါင်းစပ်ခြင်း။

စူးချန်ခုန်း၏မျက်လုံးများတွင် သူ့ရှေ့ရှိ သံတုံးများနှင့် သံမဏိတုံးများသည် သူ၏ဓားသွားနည်းပညာကို သွေးရန် ပစ္စည်းများဖြစ်သည်။ တစ်ချက်တည်းဖြင့် မခုတ်နိုင်မချင်း စဉ်ဆက်မပြတ် ထုလုပ်ခြင်း၊ မရပ်မနား ခုတ်ထစ်ခြင်းတို့ကြောင့် ထိုအချိန်တွင် သူ၏ ဓားနည်းပညာ ပြီးမြောက်သွားမည်ဖြစ်သည်။

"ဒေါင် ဒေါင် ဒေါင်”

စူးစိုက်ပြီး ဇောက်ချလုပ်ကိုင်ရင်း စူးချန်ခုန်းသည် ပန်းပဲဖိုတွင် အလုပ်လုပ်နေခဲ့သည်။ အခြားသော ပန်းပဲဆရာများသည်လည်း ကိုယ်ပိုင်အလုပ်ရုံများတွင် သူတို့၏ တူများကို လွှဲရိုက်နေကြပြီး အလုပ်ထဲတွင် နစ်မြုပ်နေကြကာ သတ္တုရိုက်ခတ်သံများဖြင့် လေထုကို လွှမ်းခြုံနေလျက်။ သို့သော် စူးချန်ခုန်း၏ ပန်းပဲထုသံသည် အထူးသဖြင့် ပြတ်သားပြီး နားဝင်ချိုကာ တိုက်ပွဲဝင် စစ်သားများနှင့် မြင်းတို့၏ ဂျောင်ဂျောင်ဂျင်ဂျင် အသံများကဲ့သို့ လှုံ့ဆော်ပေးနေလေ၏။

"ဒီကောင်လေး... သူ့အရည်အချင်းတွေက ပိုပိုပြီး ကောင်းလာတယ်ကွာ။"

ယန်ချောင်သည် လုံးလုံးလျားလျား စိတ်ဝင်စားနေပြီး သံတုံးကို စည်းချက်ကျကျ ရိုက်ခတ်နေသော စူးချန်ခုန်းကို သတိပြုမိကာ မတုန်လှုပ်ဘဲ မနေနိုင်ပေ။ သူ့မျက်လုံးများတွင် စုချန်ခုန်းသည် သံကို ထုရိုက်နေသော ပန်းပဲသမားတစ်ယောက်လိုမဟုတ်ဘဲ စူးရှထက်မြက်ပြီး ပြင်းထန်သော ရောင်ဝါထွက်နေသည့် ဓားသမားနှင့် ပိုတူသည်။

သံဖြတ်ဓားနည်းပညာ (ဝင်ခွင့်အဆင့် ၄%)

ညနေစောင်းလာသည်နှင့်အမျှ စုချန်ခုန်းသည် သူ၏တစ်နေ့တာ လေ့ကျင့်မှုကို အဆုံးသတ်ပြီး သူ၏ စွမ်းရည်ပြဘောင်ကွက်ကို ဖွင့်လိုက်သည်။ သူ၏ အရည်အချင်းပြ ကော်လံတွင် ဓားသွားနည်းပညာအတွက် အကြောင်းအရာအသစ်တစ်ခုကို ထည့်သွင်းထားသည်။

သူ၏ သံဖြတ်ဓားနည်းပညာတွင် ပန်းပဲစွမ်းရည်နှင့် ခုတ်ပိုင်းခြင်း စွမ်းရည်ကို ပေါင်းစပ်ကာ သံကျောက်တုံးကို တစ်ချက်တည်း ခုတ်ထစ်နိုင်စေသည့် ခိုင်ခံ့မှုကို ဗဟိုထားပြီး ထပ်ခါတလဲလဲ ဓားသွေးခဲ့လေတော့သည်။

All Chapters