အတွင်းအား ကျင့်ကြံခြင်း နည်းပညာ။ သံထည်ကိုယ်ခံပညာသင်ကျောင်း။
Vol. 1 Ch. 11
မော့ထျဲက ညွှန်ကြားရေးမှူးလျှိုကို "လူအိုကြီးလျှိုရေ..သိုလှောင်ခန်းထဲသွားပြီး ငွေ ၅၀၀ ယူခဲ့ပါ" ဟု ပြောလိုက်သည်။
"ဟုတ်ကဲ့။"
ညွှန်ကြားရေးမှူးလျှိုသည် အမိန့်ကိုလက်ခံကာ ထွက်ခွာသွားလေ၏။
မကြာခင်မှာပဲ ညွှန်ကြားရေးမှူးလျှိုတွင် ငွေစက္ကူအရွက်ငါးရာပါလာပြီး ချန်ကျွမ်းကို တလေးတစား ပေးအပ်လိုက်သည်။
"ကောင်းတယ် မဆိုးဘူး!" ချန်ကျွမ်းသည် ငွေစက္ကူကို ရေတွက်ပြီး တွင်တွင်ကြီး ပြုံးလိုက်လေသည်။ အေးအေးချမ်းချမ်းနဲ့ ပိုက်ဆံရတာ အကောင်းဆုံးပဲ။”
"အိမ်တော်အရှင် မော့၊ နောက်နှစ်မှာ ထပ်တွေ့မယ်နော့်"
ထိုငွေကို လက်ခံရရှိပြီးနောက် ချန်ကျွမ်းသည် ဆက်ပြီး အချိန်ဆွဲ မနေတော့ပေ။ သူက ဟက်ဟက်ပက်ပက် ရယ်မောပြီး လှည့်ထွက်ကာ မြင်းကိုစီးရင်း သံနက်အိမ်တော်မှ ထွက်လာခဲ့သည်။
"ညီအစ်ကိုတို့၊ သွားကြရအောင်။ ငါတို့မှာ သွားစရာနေရာတွေ ရှိသေးတယ်။ ဒီနေ့ လုပ်စရာတွေ အများကြီးပဲ။"
အော်ခေါ်သံနှင့်အတူ ချန်ကျွမ်းနှင့် ဒါဇင်ပေါင်းများစွာသော မြင်းစီးသူသည် လျင်မြန်စွာ ထွက်ခွာသွားပြီး နှင်းမုန်တိုင်းထဲသို့ ပျောက်ကွယ်သွားတော့သည်။
အနက်ရောင်မြင်းတပ်ဂိုဏ်း၏ ပစ်မှတ်များသည် သံနက်အိမ်တော်တွင်သာမဟုတ် အနီးနားရှိ ရွာများအားလုံးတွင် ဖြစ်သည်။ ဘေးဥပဒ်ကိုရှောင်ရှားရန် ပေးဆောင်ကြသည့် သံနက်အိမ်တော်ကဲ့သို့ နေရာများရှိပြီး ပေးဆပ်လိုခြင်းမရှိသောသူများက အပြင်းအထန်တိုက်ခိုက်ခြင်းကို ရွေးချယ်ကြမည်ကို တွေးကြည့်နိုင်သည်။
"ဒီ အနက်ရောင်မြင်းတပ်ဂိုဏ်းကို မြန်မြန် ရှင်းပစ်ဖို့ မျှော်လင့်တယ်!"
"ယုတ်မာတဲ့ သွေးစုပ်ဖုတ်ကောင်တွေ!"
အနက်ရောင်မြင်းတပ်ဂိုဏ်းမှ ထွက်ခွာသွားသောအခါ သံနက်အိမ်တော်မှ လူတိုင်း ဒေါသတကြီး ကျိန်ဆဲသံများ ထွက်ပေါ်လာသည်။
မော့ထျဲ သက်ပြင်းချကာ အားကိုးရာမဲ့နေလျက်။ ဒုက္ခရောက်နေသော ဤအချိန်များတွင် ခွန်အားနည်းပါးသော သာမန်လူများသည် ခွန်အားကြီးသူများ၏အမိန့်ကို နာနာခံခံ လိုက်နာမည်သာဖြစ်ပြီး ထိုသို့မဟုတ်ပါက ပျက်စီးခြင်းနှင့် ကြုံရမည်ဖြစ်သည်။ အခြားမည်သူ့ကိုမျှ အားကိုး၍မရနိုင်ပါ။
အနက်ရောင်မြင်းတပ်ဂိုဏ်းကို အနည်းဆုံးတော့ ပေးဆပ်နေသရွေ့ သူတို့က ခက်ခဲအောင် လုပ်မှာမဟုတ်ပါ။ သို့ရာတွင် အနက်ရောင်မြင်းတပ်ဂိုဏ်းသည် နှစ်စဉ်နှစ်တိုင်း ၎င်းတို့၏ အခွန်ငွေကို ကောက်ယူရန် လာရောက်ကြမည်ဖြစ်ပြီး နှစ်စဉ်နှစ်တိုင်း သံနက်အိမ်တော်သည် ၎င်း၏ ဝင်ငွေ၏ တစ်စိတ်တစ်ပိုင်းကို ပေးဆောင်ရမည်ဖြစ်သည်။
တစ်ခုတည်းသောဆုတောင်းချက်မှာ အနက်ရောင်မြင်းတပ်ဂိုဏ်းကို တာဝန်ရှိသူများက သုတ်သင်ရှင်းလင်းနိုင်စေရန်ပင်။ သို့သော် လွယ်တော့မလွယ်ပေ။ အနှီအဆင့်မြင့်အရာရှိတွေဟာ သိပ်စေတနာမရှိကာ တာဝန်မကျေကြပေ။
"သန်မာလာမှသာ အရှက်ကွဲခြင်းကို ရှောင်ရှားနိုင်မှာ။"
စူးချန်ခုန်းသည် ယနေ့ ဖြစ်ပျက်ခဲ့သမျှကို မျက်မြင်တွေ့ပြီး သူ့ကိုယ်သူ တိတ်တဆိတ် ပြောလိုက်သည်။
အာဏာကိုသုံးပြီး အနိုင်ကျင့်လုယက်တဲ့ ချန်ကျွမ်းနဲ့ ရင်ဆိုင်ရတဲ့အခါ စူးချန်ခုန်းက သူ့ကို ထိပ်တိုက်ရင်ဆိုင်ဖို့ ရည်ရွယ်ချက်မရှိခဲ့ပါ။ ပထမကတော့ သူ၏ လက်ရှိအင်အားဖြင့် ချန်ကျွမ်းကို အနိုင်ယူနိုင်မည်မဟုတ်ပေ။ ဒုတိယက သူတကယ်ပဲ ချန်ကျွမ်းကို အနိုင်ယူပြီး အနက်ရောင်မြင်းတပ်ဂိုဏ်းရဲ့ တခြားအဖွဲ့ဝင်တွေကို မောင်းထုတ်နိုင်ခဲ့ရင်တောင် အကျိုးဆက်က ဂိုဏ်းတစ်ခုလုံး လက်စားချေဖို့ ထွက်လာနိုင်ဖွယ်ရှိသည်။ သူကတော့ ထွက်သွားနိုင်ပေမယ့် သံနက်အိမ်တော်ကတော့ လူတိုင်း တော်တော်လေး ထိခိုက်နာကျင်ကာ ခံစားရလိမ့်မည်။
စူးချန်ခုန်းသည် အနက်ရောင်မြင်းတပ်ဂိုဏ်းတစ်ခုလုံးကို ဖြုတ်ချနိုင်စွမ်း မရှိပါ။
"ကျင့်ကြံရမယ်၊ ဆက်ပြီး ကျင့်ကြံရမယ်!"
သိုသိုသိပ်သိပ်နေရင်း ကိုယ့်ကိုယ်ကို အားကောင်းအောင်လုပ်ရမယ် - အဲဒါ မှန်ကန်တဲ့ လမ်းကြောင်းပဲ။
သံနက်အိမ်တော်က တာဝန်ကျေပွန်စွာ ပေးဆောင်ပြီးနောက် အနက်ရောင်မြင်းတပ်ဂိုဏ်းသည် ၎င်းတို့အား ထပ်မံ နှောက်ယှက်ရန် မလာတော့ပေ။
မော့ထျဲဟာ အတော်လေး လေးစားစရာကောင်းပါသည်။ သူသည် အိမ်တွင်းရှိ သူ့လူများ၏ လစာကို မဖြတ်ဘဲ အနက်ရောင်မြင်းတပ်ဂိုဏ်းသို့ အကာအကွယ် အခကြေးငွေ ပေးဆောင်ရန် သူ့ကိုယ်သူ တာဝန်ယူခဲ့သည်။
ဆောင်းရာသီတိုင်းတွင် မကြာခဏ ဆီးနှင်းများကျနေပြီး ချင်းရွှေမြို့သို့ ရံဖန်ရံခါ သွားရောက်ခြင်းအပြင် အနက်ရောင်မြင်းတပ်ဂိုဏ်းသို့ သွားရောက်လည်ပတ်ခြင်းဖြင့် စုချန်ခုန်းသည် ခါတိုင်းကဲ့သို့ သူ၏အချိန်များကို လက်နက်သွန်းလုပ်ခြင်း၊ ဝူချင်းရှီနှင့် သံဖြတ်ဓါးနည်းပညာကို လေ့ကျင့်ခြင်းတို့ကို ပြုလုပ်ခဲ့သည်။
ဆောင်းရာသီကုန်ပြီး အရာအားလုံးဟာ ဘဝသစ် စတင်ပေါက်ဖွားလာခဲ့လေပြီ။ စူးချန်ခုန်းသည် အခုလေးတင်မှ ဝူချင်းရှီကို လေ့ကျင့်ပြီးသည်နှင့် ခြံဝင်းအတွင်း ကျန်ရှိနေသည့် နှင်းများကို ရှင်းလင်းနေလေ၏။
အမည်- စူးချန်ခုန်း (အသက် ၁၅ နှစ်)
သက်တမ်း-နှစ် ၆၀
စွမ်းရည်ရမှတ်များ- ၈ မှတ်
ကိုယ်ခံပညာ ကျွမ်းကျင်မှုများ- ဝူချင်းရှီ (ပဉ္စမနယ်ပယ်၊ ထူးချွန်အဆင့် ၁၁%)၊
သံဖြတ်ဓားနည်းပညာ (စတုတ္ထနယ်ပယ် ကျွမ်းကျင်မှုအဆင့် ၃၇%)
ကျွမ်းကျင်သော အတတ်ပညာများ- ပန်းပဲပညာ (စတုတ္ထနယ်ပယ်၊ ကျွမ်းကျင်မှုအဆင့် ၃၀%)
စူးချန်ခုန်းသည် အရည်အချင်းပြဘောင်ကွက်ကို ဖွင့်လိုက်သော်လည်း သူ့မျက်ခုံးများက ချက်ချင်းပင် တွန့်ချိုးသွားသည်။
"သုံးလကြာပြီး ဝူချင်းရှီရဲ့ ကျွမ်းကျင်မှုက ၁၀% လောက်ပဲ မြင့်တက်လာတယ်... ပိုသွားလေလေ ပိုခက်လေလေပဲ။ ငါ့ရဲ့ ဝူချင်းရှီမှာ နောက်ထပ်အောင်မြင်မှုတစ်ခုရဖို့အတွက် အနည်းဆုံး နှစ်နှစ်ကနေ သုံးနှစ်လောက်ကြာမှာကို စိုးရိမ်မိတယ်"
စူးချန်ခုန်း အားကိုးရာမဲ့ဖြစ်စေခဲ့သောအရာမှာ သူ၏စွမ်းရည်တန်ဖိုးသည် ၈ မှတ်အထိ ရောက်ခဲ့လေပြီ။ သို့သော် ခန္ဓာကိုယ်ကြံ့ခိုင်မှုပိုမိုအားကောင်းလာပြီး ခန္ဓာကိုယ်အားဖြည့် စွပ်ပြုတ်၏အကျိုးသက်ရောက်မှုများက အားနည်းလာကာ သူ့ဝူချင်းရှီ၏တိုးတက်မှုလည်း နှေးကွေးလာသည်။ နောက်ထပ် သိသာထင်ရှားသော အောင်မြင်မှုများရရှိရန် သူသည် အချိန်ကို နှစ်များအလိုက် တိုင်းတာရမည်ဖြစ်သည်။
အမှန်တော့ စူးချန်ခုန်းသည် ဝူချင်းရှီကို ဤနယ်ပယ်သို့ နှစ်နှစ်မှ သုံးနှစ်အတွင်း လေ့ကျင့်သင်ကြားခဲ့ခြင်းသည် တော်တော်လေး သိသာနေပြီဖြစ်သော်လည်း စူးချန်ခုန်းသည် လုံး၀ မကျေနပ်သေးပါ။
"အတွင်းအားကို ကျင့်ကြံဖို့ လိုနေတာဖြစ်နိုင်တယ်။ အတွင်းနဲ့ အပြင် လေ့ကျင့်မှုတွေ ပေါင်းစပ်ပြီး ငါ့ခန္ဓာကိုယ်ရဲ့ စွမ်းရည်ကို ထိလိုက်တာနဲ့ ငါ ပိုမြန်မြန် တိုးတက်လာနိုင်တယ်။"
စူးချန်ခုန်း သူ့ဘာသာသူ တွေးနေမိသည်။
အတွင်းအားတွင် ချီစွမ်းအင်ကို ကျင့်ကြံခြင်းပါဝင်ပြီး ခန္ဓာကိုယ်၏ စွမ်းရည်ကို ဖွင့်ထုတ်ခြင်းနှင့် လေးနက်သော စွမ်းရည်အမျိုးမျိုးကို ပိုင်ဆိုင်ခြင်းတို့ ပါဝင်ပါသည်။ အတွင်းစွမ်းအားရှိသော ကျွမ်းကျင်သူ၏လက်ထဲတွင် မြက်ရွက်တစ်ရွက်သည်ပင် နတ်ဘုရားလက်နက်တစ်ခု၏ သတ်ဖြတ်နိုင်စွမ်းကို ပေးစွမ်းနိုင်သည်။
"ဒေသခံ သိုင်းပညာသင်တန်းကျောင်းမှာ သင့်လျော်တဲ့ အတွင်းအားနည်းပညာကို သင်ယူနိုင်မလားဆိုတာ သိရဖို့ မနက်ဖြန် ချင်းရွှေမြို့တော်ကို ခရီးထွက်မယ်" ဟူ၍ စုချန်ခုန်းက ချင်းရွှေမြို့တော်၏ သိုင်းပညာ သင်တန်းကျောင်းတွင် အတွင်းအားကို လေ့လာရန် ဆုံးဖြတ်ခဲ့သည်။
နောက်တစ်နေ့ သံနက်အိမ်တော်မှာ အားလပ်ရက် ရောက်လာလေပြီ။ နံနက်ခင်းတွင် စူးချန်ခုန်းသည် ချင်းရွှေမြို့တော်သို့ တစ်ယောက်တည်း ခရီးထွက်ခဲ့သည်။
ဝှီး!
လမ်းမတစ်ခုပေါ်တွင် စူးချန်ခုန်းသည် ခုန်ပျံကျော်လွှားကာ နှစ်မီတာမှ သုံးမီတာအထိ ပြေးလွှားနေသော နတ်ဝိညာဉ်သမင်လေးနှင့်တူပြီး သူဆက်ပြေးနေချိန်တွင် တစ်စက္ကန့်လျှင် ဆယ်မီတာအမြန်နှုန်းကို ထိန်းသိမ်းထားသည်။
သူ၏ ဝူချင်းရှီသည် ပဉ္စမနယ်ပယ်သို့ ရောက်ရှိကာ သူထူးချွန်လာပြီးနောက် သူ၏ အတွင်းအင်္ဂါများ အားပြည့်လာကာ သူ၏ ကြံ့ခိုင်မှုနှင့် ခံနိုင်ရည် အလွန်ကောင်းမွန်လာကာ ထိုကဲ့သို့သော အရှိန်ကို နာရီဝက်ကြာအောင် ထိန်းသိမ်းနိုင်စေခဲ့သည်။
သုံးဆယ်မှ လေးဆယ်*လီသို့ ခရီးသွားရင်း စူးချန်ခုန်းသည် နာရီဝက်မပြည့်မီ အကွာအဝေးကို ဖြတ်ကျော်ပြီး ချင်းရွှေမြို့သို့ ရောက်လာခဲ့သည်။
(T/N *လီ=တရုတ် အကွာအဝေး အတိုင်းအတာယူနစ်တစ်မျိုး။ တစ်လီ = ၀.၅ ကီလိုမီတာ)
"ချင်းရွှေမြို့မှာ နာမည်ကြီး သိုင်းပညာ သင်တန်းကျောင်းတွေ အများကြီးရှိတယ်။ ဒါပေမယ့် အကြီးဆုံးကတော့ သံထည်သိုင်းပညာသင်တန်းကျောင်းပဲ။ အဲ့ဒီကို အရင်သွားကြည့်မယ်။"
ချင်းရွှေမြို့အတွင်းရှိ လမ်းများပေါ်တွင် လျှောက်နေရင်း စူးချန်ခုန်းက လေးလေးနက်နက် စဉ်းစားနေလျက်။
စူးချန်ခုန်းသည် ယခင်က သင်တန်းကျောင်းတစ်ခုတွင် သိုင်းပညာကို သင်ယူရန် စဉ်းစားခဲ့ဖူးသော်လည်း တပည့်တစ်ဦးကို လက်ခံခြင်းအတွက် ပညာသင်ခမှာ သူတတ်နိုင်သည်ထက် လွန်စွာများပြားလှသည်။ မည်သို့ပင်ဆိုစေကာမူ ချင်းရွှေမြို့တော်ရှိ သိုင်းပညာသင်တန်းကျောင်းများစွာ၏ အရည်အသွေးကို မေးမြန်းခဲ့သည်။
ချင်းရွှေမြို့ရှိ အကြီးဆုံး သိုင်းပညာကျောင်းများထဲမှ တစ်ခုဖြစ်သည့် သံထည်သိုင်းပညာသင်တန်းကျောင်းသည် တပည့်ပေါင်း နှစ်ရာမှ သုံးရာအထိ ထားရှိကာ အလွန်နာမည်ကြီးသည်။
သံထည်သိုင်းပညာသင်တန်းကျောင်း၏ အပြင်ဘက်သို့ ရောက်သောအခါ အရပ်နှစ်မီတာကျော်ရှိ ကျောက်ခြင်္သေ့နှစ်ကောင်သည် ဝင်ပေါက်တွင် စောင့်ကြပ်နေ၏။ သင်တန်းကျောင်း၏ ဆိုင်းဘုတ်တွင် ထွင်းထုထားသော အားမာန်ပါသော စာလုံးတို့က သံထည်သိုင်းပညာသင်တန်းကျောင်း၏ ကြီးကျယ်ခမ်းနားမှုကို ထုတ်ဖော်ပြသနေလျက်။ မကြာခဏဆိုသလို သိုင်းလေ့ကျင့်မှုနှင့် အမိန့်ပေးသံများ နံရံများဘက်မှ ထွက်ပေါ်လာသည်။
"ကျွန်တော် ဘာများ ကူညီပေးရမလဲခင်ဗျ။"
သိုင်းသင်တန်းကျောင်း၏ အတွင်းတံခါးမှ သံထည်သိုင်းပညာသင်တန်းကျောင်း၏ တပည့်တစ်ဦးသည် စူးချန်ခုန်းကိုတွေ့ပြီး မေးလိုက်သည်။
စူးချန်ခုန်းက ရှေ့ကို လှမ်းလာပြီး ရိုးရာ နှုတ်ခွန်းဆက်ပုံနှင့် ဂါရဝပြုကာ " ကျွန်တော်က သံထည်သိုင်းပညာသင်တန်းကျောင်းရဲ့ ကျော်ကြားမှုကို ကြားရလို့ပါ။ ပြီးတော့ ကျွန်တော်ကလည်ူ သိုင်းပညာကို အရမ်း စိတ်ဝင်စားတာနဲ့။ ကြည့်ကြည့်ဖို့ လာခဲ့တာပါ" ဟုဆို၏။
ထိုစကားကိုကြားတော့ သံထည်သိုင်းပညာသင်တန်းကျောင်းရဲ့ တပည့်က “သံထည်သိုင်းပညာ သင်တန်းကျောင်းဟာ ချင်းရွှေမြို့ရဲ့ ထိပ်တန်းသင်တန်းကျောင်းပါ။ အရည်အချင်းရှိတဲ့ ကျောင်းသားတွေကို လက်ခံဖို့ ကျွန်တော်တို့ တော်တော်လေး လိုးလားပါတယ်။ ညီလေး၊ အစ်ကို့ နောက်ကလိုက်ခဲ့ပါ။ အစ်ကိုတို့ရဲ့ ဒုကျောင်းအုပ် မိုင့်မင်ကျယ်ကို တွေ့ဖို့ ခေါ်သွားပေးပါ့မယ်။
သံထည်သိုင်းပညာသင်တန်းကျောင်းကို နေ့တိုင်းလိုလို လာရောက်လည်ပတ်ကြပြီး တပည့်တစ်ဦးစီကို ခေါ်ယူခြင်းသည် များပြားလှသော ဝင်ငွေတစ်ခုဖြစ်သောကြောင့် ထုံးစံအတိုင်း သံထည်သိုင်းပညာသင်တန်းကျောင်း၏ တပည့်များက စိတ်အားထက်သန်နေပါသည်။
"ကျေးဇူးတင်ပါတယ်။" စူးချန်ခုန်းက ခေါင်းညိတ်ပြပြီး သံထည်သိုင်းပညာသင်တန်းကျောင်းထဲသို့ ထိုတပည့်၏ နောက်ကနေ လိုက်သွားခဲ့သည်။
သင်တန်းကျောင်းဝင်း အတွင်းတွင် လူတစ်ရာကျော် စုရုံးကာ သန်မာသန်စွမ်းသော အမျိုးသားတစ်ဦး ဦးဆောင်ပြီး သပ်ရပ်လှပသော လက်ဝှေ့နည်းစနစ်များကို အတူတကွ လေ့ကျင့်နေကြသည်။
မကြာမီတွင် အခန်းတစ်ခန်း အတွင်း၌ စူးချန်ခုန်းသည် သံထည်သိုင်းပညာသင်တန်းကျောင်း၏ ဒုတိယကျောင်းအုပ် မိုင့်မင်ကျယ်နှင့် တွေ့ဆုံခဲ့သည်။
မိုင့်မင်ကျယ်သည် အသက်သုံးဆယ်ကျော်အရွယ်ရှိပုံရပြီး သူ၏ အတောက်ပဆုံးကာလတွင် ရှိနေပြီး ကြမ်းတမ်းသောအသားအရည်၊ ထွားကျိုင်းသော အရပ်အမောင်း၊ လက်မောင်းများက သာမန်လူတစ်ဦး၏ ပေါင်များလောက်ရှိပြီး အကြမ်းစားပုံစံကို ထုတ်လွှတ်နေလျက်။
"ကျေးဇူးပြုပြီး ထိုင်ပါ။ မိတ်ဆွေလေး နာမည်ဘယ်လိုခေါ်လဲ" မိုင့်မင်ကျယ်က ကြင်နာစွာပြောသည်။
"ကျွန်တော့်ရဲ့ မျိုးရိုးနာမည်က စူးပါ" စူးချန်ခုန်းက ပြန်ပြောပြီး ထိုင်လိုက်သည်။
အပြုံးဖြင့် မိုင့်မင်ကျယ်က ဆက်ပြောသည်။ "ကျွန်တော်တို့ရဲ့ သံထည်သိုင်းပညာသင်တန်းကျောင်းကို ဝင်ဖို့ စိတ်ကူးတာလား။ လစဉ်ပညာသင်ကြားခက သိုင်းလေ့ကျင့်မှုအတွက် ဆေးဖက်ဝင် အဖိုးအခ အပါအဝင် ငွေ ၇ တုံး ကျပါတယ်။ သင်တန်းသားက ထူးချွန်ထက်မြက်ရင် နောက်ပိုင်းမှာ သင်တန်းကြေး လျှော့ချနိုင်ခြေရှိပါတယ်။"
လစဉ် ပညာသင်စရိတ် ငွေ ၇တုံးသည် သာမန်လူများ တတ်နိုင်သည်ထက် ကျော်လွန်နေသည်မှာ ငြင်းဖွယ်ရာ မရှိပေ။ စာပေတွင် အသိကြွယ်ဝသော်လည်း ကိုယ်ခံပညာညံ့ဖျင်းခြင်းကြောင့် ငွေမရှိလျှင် လက်တွေ့တွင် သိသာထင်ရှားသော အောင်မြင်မှုများရရှိရန် အလွန်ခက်ခဲသည်ဟု ဆိုလိုပါသည်။