← Chapters

မီးတောက်နီအတတ်။ ငွေကြေးများစွာ ထိုက်တန်သည်။

Vol. 1 Ch. 13

မီးတောက်နီအတတ်။ ငွေကြေးများစွာ ထိုက်တန်သည်။

Vol. 1 Ch. 13

စူးချန်ခုန်းက ထောင့်က ခုံနံပါတ် ၂၇ မှာ ထိုင်ပြီး တိတ်တိတ်လေး စောင့်နေလိုက်လေ၏။

သူစောင့်ဆိုင်းနေစဉ်တွင် လူအများကြီး ဝင်ရောက်လာကာ နောက်ဆုံးတွင် လေးဆယ်မှငါးဆယ်အထိ စုဝေးခဲ့ကြသည်။

*စစ်ချိန်ရောက်သောအခါ လေလံပွဲစတင်သည်။ အပြာရောင်ဝတ်စုံနှင့် ချောမောပြီး ထူးထူးခြားခြား ၀တ်ဆင်ထားသော သခင်လေးတစ်ယောက်သည် ခန်းမအလယ်ရှိ စင်မြင့်ပေါ်သို့ တက်လာသည်။ သူက လက်ခုပ်တီးပြီး "ကျုပ်က ဒီလေလံပွဲရဲ့ တာဝန်ခံ ကျောက်မိသားစုက ကျောက်ပုဖန်ပါ။ ဒီနေ့ ဒီမှာရှိတဲ့ ဧည့်သည်တွေအားလုံးကို ဂုဏ်ပြုပြီး ကျေးဇူးတင်ကြောင်း ပြောချင်ပါတယ်။" ဟု ဆိုလေ၏။

(T/N *စစ်=တရုတ်အချိန်အတိုင်းအတာယူနစ်တစ်မျိုး။ စစ်ချိန်=၉နာရီမှ ၁၁နာရီကြား)

ကျောက်မိသားစု၏ သခင်လေး ကျောက်ပုဖန်သည် ထူးချွန်ပြောင်မြောက်သော အပြုအမူရှိသည်။ စူးချန်ခုန်း၏ လေ့လာတွေ့ရှိချက်အရ ထိုအမျိုးသားသည် တည်ငြိမ်သောခြေလှမ်းနှင့် ဖြောင့်မတ်သော ကိုယ်ဟန်အနေအထားရှိပြီး သူသည် သိုင်းပညာစွမ်းရည်ကို ပိုင်ဆိုင်ထားကြောင်း ရည်ညွှန်းနေသည်။

"ဘာမှမဖြစ်ပါဘူး။ ဘာမှမဖြစ်ပါဘူး။ အကြီးအကဲကျောက်က ဖိတ်တော့ ကျွန်တော်တို့က ထုံးစံအတိုင်း မျက်နှာသာ ပြသင့်တာပေါ့။"

တုန်းလင်မြို့မှ ဒေသခံ သူဌေးကြီးများက ၎င်းတို့၏ ထိုင်ခုံများမှ တုံ့ပြန်ပြောဆိုလိုက်သည်။

ကျောက်ပုဖန်က လိုရင်းသို့သာ တည့်သွားလိုက်သည်။ "အခုလေလံစတင်ပါပြီ။ ပထမဆုံးလေလံဆွဲမယ့် ပစ္စည်းကတော့ တုန်းလင်မြို့မှာရှိတဲ့ တုန်းလင်စားသောက်ဆိုင် စာချုပ်ဖြစ်ပြီး ငွေတုံးလေးရာနဲ့ စတင်ရောင်းချပါ့မယ်။"

တုန်းလင်စားသောက်ဆိုင်သည် ကျယ်ပြန့်သော စားသုံးသူအခြေခံရှိသည့် တုန်းလင်မြို့ရှိ အကြီးဆုံးစားသောက်ဆိုင်ဖြစ်ပြီး ကျောက်မိသားစုမှ ပိုင်ဆိုင်သည်။ ကျောက်မိသားစုမှ လေလံတင်ရောင်းချရခြင်း၏ အဓိကရည်ရွယ်ချက်မှာ ၎င်းတို့ပိုင်ဆိုင်သော မရွှေ့ပြောင်းနိုင်သော ဒေသခံမြေကွက်များကို ရောင်းချရန်ဖြစ်သည်။

"ငွေတုံး၅၀၀"

ပိုးသားဝတ်ရုံနှင့် ပိန်ပိန်ပါးပါး အမျိုးသားတစ်ဦးသည် ချက်ချင်းပင် လေလံဆွဲခဲ့သည်။

"ငွေ ၅၅၀ တုံး"

ထိုင်ခုံနံပါတ် ၁၁ တွင် ထိုင်နေသည့် လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးလည်း လေလံလိုက်ပါဆွဲခဲ့သည်။

စူးချန်ခုန်း အံ့သြတကြီးဖြင့် စုတ်သက်လိုက်သည်။ တုန်းလင်မြို့သည် လူဦးရေ နှစ်သောင်းအောက်သာ ရှိသော်လည်း ထိုနေရာတွင် အမှန်တကယ် ချမ်းသာကြွယ်ဝသူ အများအပြား ရှိနေသည်။

စားသောက်ဆိုင်စာချုပ်ကို နောက်ဆုံးတွင် ငွေ ၇၀၀ ဖြင့် ရောင်းချခဲ့သည်။

ထို့နောက် ကျောက်ပုဖန်သည် ကျောက်မိသားစု၏ အခြားပိုင်ဆိုင်မှုများနှင့် စာချုပ်များကို ချက်ချင်း လေလံတင်ရောင်းချခဲ့သည်။ လေလံပွဲက အကြိတ်အနယ်ပင် ဆက်သွားနေသည်။ စူးချန်ခုန်းက ငြီးငွေ့စွာ စောင့်ကြည့်နေ၏။ သူ မည်သည်ကိုမျှ ဝယ်ယူရန် ရန်ပုံငွေမရှိပေ။ ကျောက်မိသားစုမှ လေလံတင်ရောင်းချမည့် ကိုယ်ခံပညာ လျှို့ဝှက်လက်စွဲစာအုပ်ကို စောင့်နေတာဖြစ်သည်။

နာရီဝက်လောက်ကြာတော့ ကျောက်မိသားစုရဲ့အိမ်ခြံမြေအားလုံးနီးပါးကို လေလံပစ်ခဲ့သည်။

"လေလံပွဲအတွက် နောက်တစ်ခုကတော့ ကျွန်တော်တို့ ကျောက်မိသားစုရဲ့ ဘိုးဘေးဆီကနေ ရရှိခဲ့တဲ့ နက်နဲတဲ့ အတွင်းစွမ်းအား လျှို့ဝှက်လက်စွဲစာအုပ်ပဲ ဖြစ်ပါတယ်။ ဒီစာအုပ်နဲ့အတူ ကျွန်တော်တို့ရဲ့ ဘိုးဘေးဟာ တစ်ချိန်က မှင်သစ်တောစီရင်စုရဲ့ သိုင်းပညာလောကမှာ နာမည်ကောင်းရခဲ့ဖူးပါတယ်။"

ကျောက်ပုဖန်၏ စကားကြောင့် စူးချန်ခုန်း၏ စိတ်ဓာတ်များ တက်ကြွလာပြီး သူစောင့်ဆိုင်းနေသော အတွင်းအားလျှို့ဝှက်ချက် လက်စွဲစာအုပ် ပေါ်လာတော့မည်ကို သိလိုက်သည် ။

ကျောက်မိသားစုမှ တပည့်တစ်ဦးသည် ရှေးခေတ်ပုံစံအဖုံးပါသည့် စာအုပ်တစ်အုပ်ကို တင်ထားသည့် ဗန်းတစ်ခုနှင့်အတူ ရောက်လာသည်။

"ဒီလက်စွဲစာအုပ်ကို မီးတောက်နီအတတ်လို့ ခေါ်ပါတယ်။ မီးတောက်နီရဲ့ ချီစွမ်အားကို ကျင့်ကြံထားပါက ရန်သူရဲ့ အသားနဲ့အရိုးတွေကို လောင်ကျွမ်းအောင်လုပ်နိုင်ပါတယ်။ ဒီအတတ်က အမှန်တကယ်ကို ပြင်းထန်ပြီး လွှမ်းမိုးတတ်ကာ လျှို့ဝှက်ဆန်းကြယ်ပြီး ထူးခြားဆန်းပြားပါတယ်။ ဒီပညာက မှင်သစ်တောစီရင်စုအတွင်းရှိ ရှားပါးသိုင်းပညာရပ်တစ်ခုဖြစ်ပါတယ် ခင်ဗျာ။

ကျောက်ပုဖန်က "မီးတောက်နီအတတ်" ကို ပြတ်ပြတ်သားသား မိတ်ဆက်ပေးပြီး စိတ်လှုပ်ရှားစွာဖြင့် မျက်ခုံးမျက်လုံးတို့ တွင်တွင်လှုပ်ကာ ပြောပြနေလေ၏။

"ကိုယ်ခံပညာ လျှို့ဝှက်လက်စွဲစာအုပ်လား။"

"ကျောက်မိသားစုရဲ့ ဘိုးဘေး ကျောက်ဟော့လုံက တကယ့်ကို နာမည်ကောင်းရှိတယ်။ တစ်ခါက ဓားပြ တစ်ဒါဇင်ကျော်လောက်ကို လက်တစ်ကမ်းနဲ့ သတ်ခဲ့တယ်လို့ ပြောကြတယ်။ သူ့မှာ လေးနက်တဲ့ စွမ်းအားတွေ ရှိတာ သူလေ့ကျင့်ထားတဲ့ ဒီမီးတောက်နီအတတ်ကြောင့်ပဲ မဟုတ်လား။"

စိတ်ပါဝင်စားသော အထက်တန်းလွှာအချို့က အချင်းချင်း တီးတိုးပြောနေကြသော်လည်း စိတ်အားထက်သန်မှုများစွာမရှိပေ။ သာမန်ချမ်းသာသော ကုန်သည်များအတွက် အတွင်းစွမ်းအား လျှို့ဝှက်ချက်လက်စွဲစာအုပ်သည် လက်တွေ့အသုံးမဝင်ပေ။ လေ့ကျင့်ရန် အချိန်လိုအပ်ပြီး အောင်မြင်မှု အာမခံချက်ပင် မရှိပါ။

သို့သော် စူးချန်ခုန်းသည် "မီးတောက်နီအတတ်" ကို သူ စိုက်ကြည့်သကဲ့သို့ပင် ထိုနေရာတွင် ထင်ရှားသော စိတ်ခံစားမှုဆိုင်ရာ အတက်အကျများကို ထုတ်ပြနေသော လူများစွာရှိကြောင်း သတိပြုမိသည်။

"မီးတောက်နီအတတ်အတွက် ကြမ်းခင်းစျေးက ငွေ၆၀၀ ဖြစ်ပါတယ်"

ကျောက်ပုဖန်က ပြောလိုက်သည်။

ငွေ၆၀၀နှင့် လေလံစပစ်ရာ ၎င်းသည် ယနေ့ လေလံတင်ရောင်းချသည့် မည်သည့်ပစ္စည်းထက်မဆို အမြင့်ဆုံး ကြမ်းခင်းစျေးနှုန်းဖြစ်နေပါပြီ။

"ငါ့ပိုက်ဆံနည်းနည်းလေးနဲ့ အစဈေးရဲ့ တစ်ဝက်တောင်မရှိဘူး!" ပြိုင်ပွဲမစခင်ကတည်းက စုချန်ခုန်း ထွက်လိုက်ရပြီဖြစ်ကြောင်း သဘောပေါက်သွားရာ သူ့ပါးစပ်က အနည်းငယ် တွန့်ချိုးသွားလေ၏။

"ငွေ ၇၀၀!"

"ငွေ ၈၀၀!"

"ငွေ ၁၀၀၀!"

ပိုးထည်ဝတ်ရုံနှင့် ချမ်းသာသော ကုန်သည်တစ်ဦး အပါအ၀င် "မီးတောက်နီအတတ်" ၏ စျေးနှုန်းကို မြန်မြန်ဆန်ဆန် တွန်းပို့ကာ ငွေ ၁၀၀၀ ထက်ကျော်သည်အထိ လေလံများကို တစ်ယောက်ပြီးတစ်ယောက် ဆွဲကြလေသည်။

မီးတောက်နီအတတ်က သူ့အတွက် အသုံးမဝင်ပေမယ့် သူ့ကလေးတွေက အဲဒါကို စမ်းကြည့်နိုင်ဆဲပင်။ ယနေ့ကမ္ဘာကြီးတွင် လူတစ်ဦးသည် ငွေကြေးအင်အားသာမက စည်းစိမ်ဥစ္စာများကို ကာကွယ်ရန် သိုင်းစွမ်းအားလည်း လိုအပ်သည်။

"ငွေ ၁၁၀၀ " ထိုအခိုက်တွင် မျက်လုံးကျဉ်းကျဉ်းနှင့် အနက်ရောင် ဝတ်ထားသော အမျိုးသားတစ်ဦးက အာခေါင်ခြစ်သံဖြင့် ပြောလာသည်။ "အားလုံးပဲ၊ ကျွန်တော်က ယန်စုန့်၊ ဓားသွားဖမ်းသူပါ။ ခင်ဗျားတို့ ကျွန်တော့်အတွက် မီးတောက်နီအတတ်ကို ချန်ထားပေးမယ်ဆိုရင် ကျေးဇူးတင်မိမှာပါ။"

"သဲဓားပျံ၊ ယန်စုန့်လား။ ဓားသွားဖမ်းသူ၊ ယန့်စုန့်?"

ရုတ်တရက် အခန်းတွင်းရှိ လူများစွာသည် ထိတ်လန့်တကြား ဖြစ်လာကြသည်။

ဓားသွားဖမ်းသူများသည် အာဏာပိုင်များက ပေးအပ်သော ဆုလာဘ်များကို ရယူပြီး ရက်စက်ကြမ်းကြုတ်သော ရာဇ၀တ်ကောင်များကို ဖမ်းဆီးကာ ၎င်းတို့၏ စားဝတ်နေရေးအတွက် ဆုကြေးငွေကို ရယူကြသူများ ဖြစ်သည်။

ဤယန်စုန့်သည် ချင်းရွှေမြို့တော်တွင် တော်တော်လေး နာမည်ရပြီး ၎င်းသည် သူ၏ ထူးချွန်ထက်မြက်သော သိုင်းခံပညာနှင့် သူ့လက်ထဲတွင်ရှိသည့် ဓားသွားတစ်လက်ဖြစ်သည်။

ယန်စုန့်သည် ၎င်း၏ လေ့ကျင့်မှုတွင် တစ်ဆို့ကြန့်ကြာနေသည့် အတိုင်းအတာတစ်ခုအထိ ရောက်ရှိနေပြီး ပိုမိုတိုးတက်အောင်မြင်ရန် အတွင်းအားကို ကျင့်ကြံရန် ကြိုးစားလိုခဲ့သည်။

ယန်စုန့်ပြောပြီးသည်နှင့် လေလံဆွဲသူများသည် ရပ်တန့်ကာ သူ့ကို နှောင့်ယှက်မိမှာ စိုးထိတ်ကာ လေလံဆက်ဆွဲရာရန် ချုပ်တည်းလိုက်ကြတော့သည်။

"ဟမ့် ဒီသဲဓားပျံက ဘယ်လို အမှိုက်ကောင်မျိုးမို့လဲ။ ငါ ငွေ ၁၂၀၀ ပေးမယ်။"

သို့သော် မကြာမီတွင် ဩရှသော အသံတစ်သံ ထွက်ပေါ်လာပြီး မြေခွေးမျက်နှာဖုံးစွပ်ထားသော လူတစ်ယောက်က ပွင့်ပွင့်လင်းလင်း ဆို၏။

"အထင်ကြီးစရာပဲ!" ယန်စုန့်၏မျက်နှာထားသည် ချက်ချင်းပင် မည်းမှောင်သွားပြီး အနက်ရောင်ဝတ်စုံနှင့် မြေခွေးမျက်နှာဖုံးနှင့်လူကို ပြင်းပြင်းထန်ထန် စိုက်ကြည့်နေစဉ်တွင် မျက်လုံးထဲတွင် အငြိုးအတေးများက လက်ခနဲ။

သို့သော် သူသည် တိတ်တိတ်ဆိတ်ဆိတ်နေပြီး သူ့လေလံကို ထပ်မတိုးတော့ပေ။ သူဘာတွေ တွေးနေသလဲ ဆိုတာကတော့ လူတိုင်း ခန့်မှန်းနေသလိုပါပဲ။

"မီးတောက်နီအတတ်ကို အနိုင်ရသွားတဲ့အတွက် ဧည့်သည် နံပါတ် ၁၇ ကို ဂုဏ်ပြုပါတယ်ဗျာ။"

ကျောက်ပုဖန်က မျက်နှာထက်တယ် အပြုံးလေးနှင့် ဆို၏။ တကယ်တော့ သူတို့၏ ကျောက်မိသားစုသည် ထုံးစံအတိုင်း မူရင်းကို ပိုင်ဆိုင်ထားပြီး မီးတောက်နီအတတ်ကို ငွေတုံးတစ်ထောင်ကျော်ဖြင့် ရောင်းချခြင်းသည် ကျောက်မိသားစုအတွက် အမှန်တကယ် ဆုံးရှုံးမှုကို ကိုယ်စားပြုခြင်းမဟုတ်သောကြောင့် သိသိသာသာကြီး အမြတ်ရစေခြင်းကဲ့သို့ပင်။

မြေခွေးမျက်နှာဖုံးနှင့်သူသည် ရှေ့သို့ တိုးလာပြီး ကျောက်ပုဖန်ထံ ၁၂၀၀ တန် ငွေစက္ကူတစ်ရွက် ပေးအပ်ကာ မီးတောက်နီအတတ် သိုင်းပညာ လျှို့ဝှက်လက်စွဲစာအုပ်ကို အောင်မြင်စွာ ရယူခဲ့သည်။ ထို့နောက် သူထိုင်ရာ နေရာသို့ ပြန်လာပြီး ခြေထောက်များကို အေးအေးဆေးဆေး ချိတ်ကာ ယန်စုန့်၏ ရေခဲတမျှ အေးစက်သော အကြည့်ကို လုံးဝဂရုမစိုက်ပုံရသည်။

"ဟမ်း... ပိုက်ဆံမရှိဘူး"

စူးချန်ခုန်းသည် သက်ပြင်း ခပ်ကြမ်းကြမ်းချလိုက်ပြီး ငွေတစ်ထောင်ကျော် လေလံပွဲတွင် မပါဝင်နိုင်ခဲ့သဖြင့် နောင်တရနေရုံသာ။

"လေလံပွဲအတွက် နောက်တစ်ခုကလည်း သိုင်းပညာ လျှို့ဝှက်လက်စွဲစာအုပ် ဖြစ်ပါတယ်။"

သို့သော် စူးချန်ခုန်းအံ့အားသင့်သွားတာက ကျောက်ပုဖန်ပြောသည့်အတိုင်း မီးတောက်နီအတတ် ပြီးနောက် လေလံပွဲ ဆက်လက်ကျင်းပခဲ့သည်။

"နောက်ထပ် သိုင်းပညာ လျှို့ဝှက်လက်စွဲစာအုပ်လား။" စူးချန်ခုန်း အံ့သြသွားသည်။

မီးတောက်နီအတတ်၏ ယခင်လေလံပွဲသည် မိုးလောက်မြင့်အောင် ငွေ ၁၂၀၀ အထိရောက်ရှိသွားသဖြင့် ချမ်းသာသောကုန်သည်များ၏ မျက်နှာထားများလည်း ပြောင်းသွားကြလေ၏။ အခု ကျောက်မိသားစုက နောက်ထပ် လျှို့ဝှက်လက်စွဲစာအုပ်ကို ကမ်းလှမ်းနေတာလား။

ကျောက်မိသားစုမှ တပည့်တစ်ဦးသည် ရှေးခေတ်ပုံစံ စာအုပ်တစ်အုပ်ကို တင်ထားသည့် ဗန်းတစ်ခုနှင့် ရှေ့သို့ တိုးလာသည်။

"ဒီသိုင်းပညာက လိပ်အသက်ရှူနည်းပညာ ဖြစ်ပါတယ်။!"

ကျောက်ပုဖန်က ကြေညာလိုက်သည်။

"လိပ်အသက်ရှူနည်းပညာ?"

"အဲ့ဒါက တတိယအဆင့် သိုင်းခံပညာ ကျွမ်းကျင်အတတ် ဖြစ်တဲ့ပုံပဲ..."

ဤစကားတွင် မျက်နှာဖုံးနှင့် အမျိုးသားက ပြောင်ပြောင်တင်းတင်း လှောင်ပြောင်လိုက်ရာ လူအုပ်ကြီး၏အမူအရာမှာ ပြောင်းလဲသွားကြသည်။

လိပ်အသက်ရှူနည်းစနစ်သည် အထူးတလည် ဆန်းပြားသည် မဟုတ်ပေ။ ဆန့်ကျင်ဘက်အနေနှင့် ၎င်းကို တတိယအဆင့်ဟု ယူဆခဲ့သည်။

ပရိသတ်များ၏ တုံ့ပြန်မှုကို ကြည့်ပြီး ကျောက်ပုဖန်က အဆိုပါနည်းပညာကို စိတ်အားထက်သန်စွာ မိတ်ဆက်ပေးခဲ့သည်။ "ကျွန်တော်တို့ ကျောက်မိသားစုမှ အမှတ်မထင် ရရှိခဲ့တဲ့ ဒီလိပ်အသက်ရှူနည်းကို နှစ်ပေါင်းများစွာ လေ့ကျင့်ထားခြင်းဖြင့် အသက်ရှည်စေပြီး အနှစ်တစ်ရာလောက်ကို အာမခံနိုင်ပါတယ်။ အဆင့်မြင့်တဲ့အထိ ကျင့်ကြံမယ်ဆိုရင် ဒီနည်းက ကိုယ်ခန္ဓာကို လူအများကြားမှာ ဖုံးကွယ်ခြင်းနဲ့ အရိုးကျုံးခြင်း စွမ်းရည်များထိ မြှင့်တင်ပေးပါတယ်။ လေ့ကျင့်ဖို့ အထူးအရည်အချင်းတွေ မလိုပါဘူး။ မည်သူမဆို လုပ်နိုင်ပါတယ် ခင်ဗျ!"

"အသက်ရှည်စေတာလား။ လိပ် အသက်ရှူနည်းကို လေ့ကျင့်တာကပဲ အသက်ကို ဖြုန်းတီးနေပြီ!"

ကျောက်ပုဖန်က စိတ်အားထက်သန်စွာ ပြောပြနေသော်ငြား သိုင်းပညာနှင့်ပတ်သက်သည့် ဗဟုသုတရှိသူတို့သည် ခေါင်းယမ်းလိုက်ကြသည်။

လိပ်အသက်ရှူနည်းသည် သာမည မဟုတ်ပေ။ သို့သော် ၎င်းသည် အမှန်တကယ်ပင် တတိယအဆင့် အတွင်းအားနည်းပညာဖြစ်သည်။

လိပ်အသက်ရှူနည်းသည် အမှန်တကယ်ပင် အသက်ကို ရှည်စေနိုင်သော်လည်း ၎င်းအကျင့်၏ နှေးကွေးသော တိုးတက်မှုသည် အာမခံထားသည်ထက် လူတစ်ယောက်၏ သက်တမ်းတွင် စွန့်လွှတ်လိုက်ရသည့် အရာထက် နည်းပါးသည်ဟု ဆိုလိုပါသည်။ ထို့ပြင် ကျင့်ကြံမှုတွင် အောင်မြင်ခဲ့လျှင်ပင် တိုက်ခိုက်ရေးစွမ်းအားကို ကြီးကြီးမားမား မမြှင့်တင်နိုင်ပေ။ နှစ်ပေါင်းများစွာ သို့မဟုတ် ဆယ်စုနှစ်တစ်ခုအထိ လေ့ကျင့်မှုသည် စွမ်းအားသန့်စင်ခြင်းနယ်ပယ်ရှိ သာမန်သိုင်းပညာရှင်တစ်ဦး၏စွမ်းရည်နှင့် နှိုင်းယှဉ်၍မရပါ။ ၎င်းက ဘယ်မှာ အသုံးဝင်မည်နည်း။

တိုးတက်မှုနှေးကွေးပြီး နည်းပါးသော အကျိုးကျေးဇူးများကြောင့် အခြားရွေးချယ်စရာများ ရရှိနိုင်ပါက ထိုကဲ့သို့သော တတိယအဆင့်အတွင်းခံအားကို လေ့ကျင့်ရန် မည်သူက ရွေးချယ်မည်နည်း။

"လိပ်အသက်ရှူနည်းက အသက်ရှည်စေတာလား။" လူအုပ်ကြီးသည် လိပ်အသက်ရှူနည်းကို စိတ်မဝင်စားသော်လည်း စူးချန်ခုန်းသည် ပြောပြလိုက်သည့် အကြောင်းအရာကြောင့် အလွန်တုန်လှုပ်သွားလေသည်။

All Chapters