← Chapters

ခန္ဓာကိုယ် သန့်စင်ခြင်း စတုတ္ထနယ်ပယ်!

Vol. 1 Ch. 10

ခန္ဓာကိုယ် သန့်စင်ခြင်း စတုတ္ထနယ်ပယ်!

Vol. 1 Ch. 10

ရင်ဘတ်ကျယ်ကျယ်နှင့် ခါးတွင် ဓားတစ်ချောင်းဖြင့် မော့ထျဲသည် တံတိုင်းမြင့်ကြီပေါ်သို့ ရောက်ရှိနေပြီဖြစ်သည်။ သူ့အမူအရာက လေးနက်နေပေမယ့် ကျယ်ကျယ်လောင်လောင် အော်ဟစ်ရင်း “ငါက မော့ထျဲပါ။ အဝေးကတည်းကနေ လာမနှုတ်ဆက်မိလို့ တောင်းပန်ပါတယ်။ မင်းက ဘယ်သူလဲဆိုတာ ဒီကဧည့်သည်တော်ကို မေးလို့ရမလား”

သံနက်အိမ်တော် တည်ထောင်သူအနေဖြင့် မော့ထျဲသည် မုန်တိုင်းများစွာကို ကြံ့ကြံ့ခံခဲ့သူဖြစ်သည်။ မကောင်းသော ရည်ရွယ်ချက် သိသိသာသာနှင့် ရောက်လာသော ဤသူရဲကောင်းအုပ်စုကို ရင်ဆိုင်ရင်း သူ တည်ငြိမ်နေဆဲပင်။

မုတ်ဆိတ်မွေးနှင့် လူထွားကြီးက "ငါက အနက်ရောင် မြင်းတပ်ဂိုဏ်းရဲ့ တတိယခေါင်းဆောင် ချန်ကျွမ်းပါ။ သံနက်အိမ်တော်ရဲ့ နှစ်စဉ်ကြေးကောက်ခံဖို့ ဂိုဏ်းခေါင်းဆောင် ရှစ်ဇီကျစ်ရဲ့ အမိန့်အရ ဒီကိုရောက်လာတာပါ။"

"အနက်ရောင် မြင်းတပ်ဂိုဏ်း၊ အဲဒါ ဘယ်လိုဂိုဏ်းလဲ။"

"တစ်ခါမှ မကြားဖူးပါဘူး... သေချာတာက ဓားပြတွေ တစ်သိုက်ပါပဲ။ အကာအကွယ် အခကြေးငွေ ကောက်ခံဖို့ ဒီကိုရောက်လာကြတာ။"

ထိုစကားကိုကြားတာနဲ့ သံနက်အိမ်တော်က လူတွေ တစ်ယောက်ကို တစ်ယောက်ကြည့်ကြပြီး အချင်းချင်း တီးတိုးပြောဆို နေကြသည်။

နှစ်စဉ်ကြေးဟု ခေါ်ခြင်းသည် တကယ်တော့ ကာကွယ်မှုအခကြေးငွေ ဖြစ်သည်။

စူးချန်ခုန်းသည် အုတ်တံတိုင်းပေါ်တွင် မျက်နှာထားတည်တည်ဖြင့် ရပ်နေလေ၏။ အနက်ရောင် မြင်းတပ်ဂိုဏ်းသည် သံနက်အိမ်တော်သို့ သိသိသာသာကြီး လာရောက်ပြီး အကာအကွယ် အခကြေးငွေ ကောက်ခံရန် မျက်နှာပြောင်တိုက်လာတာပင်။ သူတို့ လွယ်လွယ်နဲ့ ထွက်သွားမှာမဟုတ်ဘူးဆိုတာ သိသာပါသည်။

မော့ထျဲက ဒါကို နားလည်ပါသည်။ သို့ပေမယ့် အထူးသဖြင့် သူတို့ကြားတောင် မကြားဖူးတဲ့ နာမည်ရှိတဲ့ ဂိုဏ်းကို သူ တလိုတလား လွှဲပေးမှာတော့ မဟုတ်ပါ။

မော့ထျဲက မျက်မှောင်ကျုံ့လျက် ဆို၏။ "အိမ်တော်အရှင်ချန်ခင်ဗျ၊ ကျွန်တော်တို့ သံနက်အိမ်တော်က ရိုးရိုးသားသား နေထိုင်ပြီး ခြစ်ကုတ်စုဆောင်းတာ မရှိသလောက်ပါပဲဗျာ။ အပိုငွေ ဘယ်မှာ ရှာလို့ရပါမလဲ။"

"အရှင်၊ အဲ့ဒီ ကောက်ကျစ်တဲ့ လူယုတ်မှာတွေနဲ့ သွားပြီး လေကုန်ခံမနေပါနဲ့ဗျာ။ သတ္တိရှိရင် လာစမ်းပါစေ။ သူတို့ ဘာနဲ့ ရင်ဆိုင်ရမလဲဆိုတာ မြင်အောင် ပြလိုက်မယ်။"

သံနက်အိမ်တော်မှ ဓားကိုင်ထားသော အမျိုးသားတစ်ဦးက ဒေါသတကြီး အော်ဟစ်လိုက်သည်။

ဒီဓားပြတွေက ပါးစပ်လေးဟလိုက်ရုံနဲ့ သံနက်အိမ်တော်က ပိုက်ဆံလွှဲပေးမယ်လို့ ထင်နေသလား။ ဒီလောက်လွယ်မှာ မဟုတ်ဘူး။

မုတ်ဆိတ်မွေးနှင့် လူထွားကြီး ချန်ကျွမ်းက ပြုံးလိုက်သည်။ သံနက်အိမ်တော်မှာ လူများစွာရှိပြီး ဓားလက်နက် ကိုယ်စီကိုင်ဆောင်ထားကြရာ သူက ငွေကို ပြဿနာမရှာဘဲ ရချင်တယ်ဆိုရင်တော့ ခွန်အားကို ပြသဖို့ လိုပါသည်။

"ဟီး ဟီး ဟီး "

ရုတ်​တရက်​ ချန်ကျွမ်း​အောက်​က မြင်း​က အကျယ်​ကြီး ​ဟီး​လိုက်​သည်​။ ချန်ကျွမ်းသည် ခြေကွင်းကို အားပြင်းပြင်းနှင့် ကန်လိုက်ရာ မြင်း၏ ခြေလက်များ ကွေးသွားပြီး မြေပြင်ပေါ်သို့ ထိလုနီးပါးပင်။

အိမ်တော်အရှင်ချန် ကိုယ်တိုင်က အားကို အသုံးပြုကာ ရှေ့သို့ တွန်းပို့ရင်း လျှပ်စီးကြောင်းကဲ့သို့ ပစ်လွှတ်ပြီး ခြောက်မှ ခုနစ်*ကျောင်း အကွာအဝေးကို လွှမ်းခြုံကာ သံနက်အိမ်တော်၏ တင်းကျပ်စွာ ပိတ်ထားသော တံခါးဆီသို့ တွန်းပို့လိုက်သည်။ နားကွဲလောက်သော အော်သံကြီးဖြင့် သူသည် လူမျက်နှာအရွယ်ရှိ သံတူအား တံခါးဆီသို့ ပြင်းထန်စွာ လွှဲရမ်းလိုက်သည် ။

(T/N *ကျောင်း= တရုတ် အကွာအဝေး အတိုင်းအတာ ယူနစ်တစ်မျိုး။ ၁ကျောင်း = ၃.၃ မီတာ)

"ဒုန်း"

စူးစူးဝါးဝါး ပေါက်ကွဲသံတစ်ခု ထွက်ပေါ်လာလေ၏။ ထူထဲသော သံနက်အိမ်တော်ကြီး၏ ထူထဲသော သစ်သားတံခါးကြီး၏ သံချပ်အောက်တွင် ပြင်းထန်စွာ တုန်လှုပ်သွားကာ အက်ကွဲကြောင်းများစွာဖြင့် ပွင့်ထွက်နေသော အက်ကွဲကြောင်းများနှင့်အတူ စူးချန်ခုန်းသည် သူ၏ ခြေဖဝါးအောက်က အုတ်များကို တုန်လှုပ်သွားသလို ခံစားလိုက်ရသည်။

" ဒုန်း! ဒုန်း! ဒုန်း! ဒုန်း! ဒုန်း!"

လက်နှစ်ဘက်စလုံးက တူနှင့် ကိုင်ဆောင်ထားပြီး သွေးပြန်ကြောများက ကြိုးများကဲ့သို့ ပြူးထွက်နေပြီး သာမန်လူတစ်ယောက်၏ ပေါင်လုံးကဲ့သို့ ထူထဲကာ လူမျက်နှာလောက်ရှိသော သံတူနှင့် ချန်ကျွမ်းသည် တံခါးကို ရက်စက်ကြမ်းကြုတ်သော သားရဲတစ်ကောင်နှယ် ထပ်ခါထပ်ခါ ထုရိုက်နေသည်။

ထုရိုက်မှုတိုင်းသည် တံခါးကို အသံအကျယ်ကြီး မြည်ဟည်းစေပြီး ၎င်း၏ဘောင်ကို တုန်လှုပ်စေခဲ့သည်။

"ကလောက်"

ကြည့်ရှုသူအားလုံး၏ ထိတ်လန့်ကြောက်ရွံ့သော အကြည့်အောက်တွင် ချန်ကျွမ်းသည် တူကို အခေါက်ရေ တစ်ဒါဇင်ကျော်လောက် ထုရိုက်သည်။ လေးလံသောတံခါးသည် ဒဏ်ကိုခံနိုင်ရည်မရှိတော့ဘဲ ပြိုကျကာ အပေါက်ကြီးတစ်ခုဖြစ်သွားလေတော့သည်။ တံခါးသော့တံတွေ ကွေးပြီး လျော့ရဲလာကာ တံခါးက ပွင့်သွားလေပြီ။

ဝင်ပေါက်ကိုစောင့်ကြပ်နေသော သံနက်အိမ်တော်၏အဖွဲ့ဝင်များသည် ကျောရိုးတစ်လျှောက် အေးစက်သွားသည်ကို ခံစားလိုက်ရသည်။

သံတူကိုကိုင်ဆောင်ထားသော ချန်ကျွမ်းသည် သံနက်အိမ်တော်၏တံခါးများကို ဖွင့်လိုက်သည်။ သူသည် သာမာန်လူ မဟုတ်ပါ။

"သိုင်းပညာရှင်ပဲ... အနည်းဆုံးတော့ နတ်ဘုရားခွန်အားနယ်ပယ်မှာရှိတဲ့ သူတစ်ယောက်ပဲ"

မော့ထျဲတောင်မှ သူ့သူငယ်အိမ်တွေ ကျုံ့သွားသလို ခံစားလိုက်ရပြီး သူ့ရင်ထဲမှာ အေးစက်လာလေ၏။

သိုင်းပညာတွင် စွမ်းအားအမျိုးမျိုးရှိသော်လည်း ပထမဆုံးနယ်ပယ်မှာ ခန္ဓာကိုယ်သန့်စင်ခြင်းနယ်ပယ်ဖြစ်သည်။

ခန္ဓာကိုယ် သန့်စင်ခြင်း နယ်ပယ်ကို ခွန်အားသန့်စင်ခြင်း၊ အတွင်းပိုင်း ခွန်အား၊ နတ်ဘုရား စွမ်းအားနှင့် နတ်ဘုရား ရဲစွမ်းသတ္တိ ဟူ၍ အဆင့်လေးဆင့် ခွဲခြားထားသည်။

၎င်းတို့အနက် ခွန်အားသန့်စင်ခြင်းနယ်ပယ်တွင် ပြိုင်ဘက်များစွာကို အနိုင်ယူနိုင်စွမ်းရှိပြီး သာမန်လူများ၏ ခွန်အားနှင့် တက်ကြွမှုထက် သိသာစွာပင် ၎င်းတို့၏ ဖျတ်လတ်မှုကို ပေါင်းစပ်ထားသည်။ နှစ်ပေါင်းများစွာ သို့မဟုတ် ဆယ်စုနှစ်တစ်ခုကြာ လေ့ကျင့်ပြီးနောက် ပုံမှန်လူများသည် ဤအဆင့်သို့ ရောက်နိုင်သည်။

ကိုယ်ခန္ဓာ သန့်စင်မှု၏ ဒုတိယအဆင့်ဖြစ်သော အတွင်းပိုင်း ခွန်အားနယ်ပယ်သည် ခွန်အားပိုမိုတိုးလာသည်ကို မြင်တွေ့ရသည်။ အတွင်းအင်္ဂါများက တောင့်တင်း ခိုင်မာလာသည် ခံနိုင်ရည်အားသိသိသာသာ တိုးလာပြီး နွားတို့ မြင်းတို့နှင့် ယှဉ်နိုင်သည်။

တတိယအဆင့်၊ နတ်ဘုရားခွန်အားနယ်ပယ်တွင် စွမ်းအားသည် သိသိသာသာတိုးလာပြီး သာမန်လူတစ်ဦး၏ စွမ်းရည်ထက် နှစ်ဆမှ သုံးဆအထိ မြှင့်လာရာ သာမန်ယူဆချက်များကို ဖြိုဖျက်ပစ်နိုင်သည်။

စတုတ္ထအဆင့်၊ နတ်ဘုရား ရဲစွမ်းသတ္တိအဆင့်သည် ခန္ဓာကိုယ်သန့်စင်မှု၏ ကြီးမြတ်သော အောင်မြင်မှုကို ကိုယ်စားပြုသည်။ အသားသည် တင်းတင်းမာမာဖြစ်လာပြီး လက်တစ်ဖက်တည်းနှင့် ကျင်းတစ်ရာ အလေးချိန်ရှိကာ နတ်ဘုရားအစွမ်းနှင့် ကျင်းတစ်ထောင်ရှိသော အရာဝတ္တုများကို ကိုင်ဆောင်နိုင်စွမ်းရှိသည်။ ပေါ့ပေါ့ပါးပါး ရိုက်ချက်တစ်ချက်က အရိုးများကို ချိုးနိုင်ပြီး ကြွက်သားများကို ပြတ်တောက်စေကာ အသားများကို လွင့်ထွက်သွားစေနိုင်သည်။ အမြင့်မြတ်ဆုံးသော ရဲစွမ်းသတ္တိဖြင့် သာမန်လူများ၏အမြင်တွင် လူသားပုံသဏ္ဍာန်ရှိသော ရက်စက်ကြမ်းကြုတ်သော သားရဲကဲ့သို့ ကြောက်မက်ဖွယ်ကောင်းသည့် အသွင်အပြင်ကို မြင်တွေ့ရမည်ဖြစ်သည်။

သိုင်းခံပညာကို လေ့ကျင့်သူအများစုသည် ခွန်အား သန့်စင်ခြင်းနယ်ပယ်သို့ပင် မရောက်နိုင်ကြပေ။ သံတူကြီးကိုင်ဆောင်ထားသော ဤချန်ကျွမ်းသည် လေးလံသော အိမ်တံခါးများကို အတင်းအဓမ္မ ရိုက်ချိုးပစ်လိုက်သည်။ ထိုသို့သော ခွန်အားသည် နားမလည်နိုင်လောက်အောင် နတ်ဘုရားစွမ်းအားနယ်ပယ်ထက် သာလွန်နေပေသည်။

သံနက်အိမ်တော်၏ တံခါးများကို ရိုက်ချိုးဖွင့်လိုက်ပြီးနောက် ချန်ကျွမ်းသည် ပြုံးပြုံးပြုံးပြုံးနှင့် သူ့ပခုံးထက် သံတူတင်ရင်း ရင်ကော့ကာ သံနက်အိမ်တော်ထဲသို့ ဝင်လာခဲ့သည်။

လမ်းတစ်လျှောက်တွင် ဓားနှင့် အခြားလက်နက်များ ကိုင်ဆောင်ထားသည့် သံနက်အိမ်တော်မှလူများသည် တိုက်ခိုက်ခြင်းမပြုဘဲ ဝန်းရံရန်သာ ဝံ့ရဲကြပြီး ကြောက်စိတ်ဖြင့် ချွေးတလုံးလုံးထွက်နေကြသည်။ ချန်ကျွမ်းသည် မယုံနိုင်လောက်အောင် ကြောက်စရာကောင်းသော ပုဂ္ဂိုလ်ဖြစ်သည်ကို မည်သူမဆို မြင်နိုင်ပြီး သူ့ကို ဆန့်ကျင်သည့် လုပ်ရပ်သည် သူ့လက်ထဲတွင် သေသွားဖွယ်ရှိသည်။

"ဒီ ချန်ကျွမ်းက သိုင်းပညာရှင်လည်း ဖြစ်တယ်။ ဘယ်သူက ပိုသန်ပြီး သူ့ကို ဘယ်လို ရန်ပြုမယ်ဆိုတာ ငါမသိဘူး။"

စုချန်ခုန်းသည် ချန်ကျွမ်း သံနက်အိမ်တော်သို့ အတင်းအကြပ် ဝင်လာသည်ကို တွေ့မြင်ရသောအခါတွင် သူသည် သိုင်းပညာရှင်ဟုခေါ်ဆိုနိုင်သည့် စွမ်းအားရှင်တစ်ဦးကို ပထမဆုံးအကြိမ် ရင်ဆိုင်ရသောကြောင့် သူလည်း အလွန်အံ့အားသင့်သွားသည်။

ထို့အပြင် ချန်ကျွမ်းသည် သိုင်းပညာအထက်တန်းလွှာအဆင့်တွင် ပါ၀င်သည်။

ဝူချင်းရှီနှင့် သံဖြတ်ဓားနည်းပညာကို လေ့ကျင့်ရင်း စုချန်ခုန်းသည် ချန်ကျွမ်းနှင့် မည်သို့ယှဉ်မည်ကို စဉ်းစားနေသည်။ ရလဒ်ကတော့ မရေရာမသေချာပေ။

စူးချန်ခုန်းသည် ရှေ့သို့ အလျင်အမြန် တက်လှမ်းရန် ရည်ရွယ်ချက်မရှိပေ။ သံနက်အိမ်တော်၏ အပြင်ဘက်တွင် ဓားပြပေါင်း ဒါဇင်နှင့်ချီ ရှိနေပြီး တစ်ယောက်ချင်းစီက မယုံနိုင်လောက်အောင် ရက်စက်ကာ ချန်ကျွမ်း အစောပိုင်းက ပြောခဲ့သည့်အတိုင်း သူသည် အနက်ရောင် မြင်းတပ်ဂိုဏ်း၏ တတိယမြောက် ခေါင်းဆောင်ဖြစ်သည်။

လက်ရှိ အနက်ရောင် မြင်းတပ်ဂိုဏ်းမှ အမျိုးသားများသည် ဂိုဏ်း၏ အင်အားအပြည့်နှင့် အလှမ်းဝေးနေပါသေးသည်။ ချန်ကျွမ်းထက် သန်မာသော သိုင်းပညာရှင်များ ရှိနေနိုင်သည်။

ဓားရှည်ကိုင်ဆောင်ထားသော အခြားသူများကို ဂရုမစိုက်ဘဲ ချန်ကျွမ်းသည် မျက်နှာထက်ဝယ် အပြုံးလေးဖြင့် နံရံမြင့်မှ ဆင်းလာသော မော့ထျဲဆီသို့ လှမ်းကြည့်ကာ ဆို၏။ "အိမ်တော်အရှင် မော့၊ ခင်ဗျားရဲ့ အဖြေကို ပြောပြပါ။ အကာအကွယ်ကြေးကို နာခံစွာ ပေးချေလိုက်။ ခင်ဗျားတို့ ဘေးကင်းလိမ့်မယ်။ မဟုတ်ရင်တော့... ဟဲဟဲ ဟဲ!"

ချန်ကျွမ်းသည် အေးစက်စွာ ရယ်မောလိုက်ပြီး သူ့လက်ထဲက လေးလံသော တူကို ကိုင်ရင်း သူ့စကားထက် ခြိမ်းခြောက်မှုက ပိုများနေသည်။

အနက်ရောင် မြင်းတပ်ဂိုဏ်းမှ ဒါဇင်ပေါင်းများစွာသော လူတို့သည် အပြင်တွင် စောင့်ဆိုင်းနေပြီး ချန်ကျွမ်းရဲ့ အမိန့်ပေးလိုက်သည်နှင့် သူတို့ဟာ သံနက်အိမ်တော်ထဲကို ပြေးဝင်ပြီး သတ်ခြင်းကို စတင်မှာပင်။

“အရှင်…” လူတိုင်းက မော့ထျဲကို ကြည့်ပြီး သူ့ဆုံးဖြတ်ချက်ကို စောင့်မျှော်နေကြသည်။

မော့ထျဲသည် သက်ပြင်းတစ်ချက်ချရင်း အတွင်းပိုင်းကို ငုံ့ကြည့်လိုက်သည်။ အကယ်၍ ပဋိပက္ခတစ်ခု အမှန်တကယ် ပေါ်ပေါက်လာပါက သံနက်အိမ်တော်သည် သမိုင်းမှပင် ပျောက်ကွယ်သွားမည်မှာ သေချာပါသည်။

"အကြီးအကဲချန်၊ ကျွန်တော်တို့ရဲ့ သံနက်အိမ်တော်က အနက်ရောင် မြင်းတပ်ဂိုဏ်းရဲ့ ရန်သူဖြစ်ဖို့ ရည်ရွယ်ချက် မရှိပါဘူး။ ကျေးဇူးပြု၍ ကျွန်တော်တို့ကို ချမ်းသာပေးပါ" ဟူ၍ မော့ထျဲက အောက်ကျို့တဲ့အမူအရာနဲ့ အနည်းငယ် ဦးညွှတ်ပြောဆိုလိုက်သည်။

မော့ထျဲ၏ တုံ့ပြန်မှုသည် ချန်ကျွမ်းကို မအံ့သြစေပါ။ သံနက်အိမ်တော်တွင် ထောက်ပံ့ရန် လူတစ်ရာကျော်ရှိပြီး အနက်ရောင် မြင်းတပ်ဂိုဏ်းနှင့် တိုက်ခိုက်ရန် သတ္တိ သို့မဟုတ် စွမ်းရည်မရှိသောကြောင့် လက်အောက်ခံခြင်းသည်သာ တစ်ခုတည်းသော ရွေးချယ်မှုဖြစ်သည်။

"တော်လောက်ပြီ။ ငါတို့ အနက်ရောင် မြင်းတပ်ဂိုဏ်းကို ခေါင်းတစ်လုံးအတွက် အကာအကွယ် ပိုက်ဆံပေး။ လူတစ်ဦးစီအတွက် ငွေငါးတုံး၊ နှစ်ကုန်ရင် တစ်ခါ စုဆောင်းတယ်။ မင်းရဲ့ သံနက်အိမ်တော်မှာ လူတစ်ရာကျော်ရှိတယ်။ ငါတို့က တစ်ရာနဲ့ မြှောက်မယ်ဆိုတော့ စုစုပေါင်း ငွေငါးရာပဲ" ချန်ကျွမ်းက မျက်နှာထက်တယ် အပြုံးလေးနှင့် ဆို၏။

"တစ်​​ယောက်​ကို ငွေငါး​တုံး...?"

ဤအရာက လူတိုင်း၏ နှလုံးသားထဲတွင် ဒေါသကို နှိုးဆွလိုက်လည်း သူတို့က ယင်းကို မဖော်ပြဝံ့ပေ။

ငွေငါးတုံးဆိုတာ လူတော်တော်များများက တစ်နှစ်မှာတောင် အဲဒီလောက်ငွေ မရကြပါ။

မော့ထျဲ၏မျက်နှာအမူအရာသည် ပြောင်းသွားသော်လည်း နာခံမှုရှိရှိ ပေးဆပ်ခြင်းဖြင့်သာ ယနေ့အန္တရာယ်ကို ကျော်လွှားနိုင်သည်။ ထို့နောက်တွင်မှ တာဝန်ရှိသူများထံ သတင်းပို့ခြင်း သို့မဟုတ် အခြားအစီအစဥ်များ ပြုလုပ်နိုင်သည်ကို သူနားလည်ပါသည်။

All Chapters