← Chapters

ဇီဝချီတုပမှုအတတ်ပညာ "လိပ်အသက်ရှူနည်းစနစ်"

Vol. 1 Ch. 14

ဇီဝချီတုပမှုအတတ်ပညာ "လိပ်အသက်ရှူနည်းစနစ်"

Vol. 1 Ch. 14

သာမာန်လူများအတွက် လိပ်အသက်ရှူနည်းပညာကို လေ့ကျင့်ခြင်းသည် စွမ်းအင်နှင့် အချိန်ကို ဖြန်းတီးခြင်းဖြစ်သည်။

သို့သော် စူးချန်ခုန်းအတွက် ကျင့်ကြံနည်းစနစ်က အစွမ်းထက်သည်ဖြစ်စေ မထက်သည်ဖြစ်စေ အရေးမကြီးပါ။ သူ့တန်ဖိုးထားတဲ့အရာက ကျန်းမာရေးကို ထိန်းသိမ်းခြင်း—အသက်ကို ရှည်စေသည့် စွမ်းရည်ပင်။

သက်တမ်းပိုရှည်လေ စူးချန်ခုန်း၏ စွမ်းရည်နှင့် အရည်အချင်းများ အားကောင်းလာလေလေဖြစ်သည်။ သူ့အသက်ကို သက်တမ်းတိုးဖို့ တတ်နိုင်သမျှ အားထုတ်ဖို့ လိုအပ်ပြီး ဒီလိပ်အသက်ရှူနည်းစနစ်ဟာ စူးချန်ခုန်း အတွက် အလွန်သင့်လျော်တယ်လို့ ဆိုနိုင်ပါသည်။

ကျောက်ပုဖန်သည် အောက်ဘက်မှ လူအုပ်ကြားတွင် စိတ်ဝင်စားမှု ကင်းမဲ့နေသည်ကို တွေ့လိုက်ရသည်။ သူလည်း အနည်းငယ် အကူအညီမဲ့သလို ခံစားခဲ့ရပြီး လက်တွေ့တွင် ဤလိပ်အသက်ရှူနည်းကို ကျောက်မိသားစုသည် စျေးနှုန်းချိုသာစွာဖြင့် အိမ်ခြေရာမဲ့ထံမှ ရယူထားခြင်းဖြစ်သည်။

လိပ်အသက်ရှူနည်းစနစ်ကို လေ့ကျင့်ခဲ့သော ကျောက်မိသားစုဝင်များ ရှိပါ၏။ ၎င်းသည် အတွင်းအား ပုံစံတစ်ခုဖြစ်သော်လည် ကျင့်ကြံခြင်းသည် အလွန်နှေးကွေးပြီး ချီစွမ်းအင်၏ခံစားချက်ကိုဖန်တီးရန်မှာ အလွန်ခက်ခဲနေပြီဖြစ်သည်။ ချီစွမ်းအင်ကိုထုတ်လုပ်ရန်မှာ ကောင်းကင်ဘုံသို့တက်ရသလောက်ပင် ခက်ခဲသည်မှာ ပြောစရာပင် မလိုတော့ပေ။

ကျောက်မိသားစုတွင် အနည်းဆုံး မည်သူမျှ လိပ်အသက်ရှူနည်းစနစ်ကို ချီစွမ်းအင်ထုတ်လုပ်သည့်အထိ နက်နက်ရှိုင်းရှိုင်း မလေ့လာခဲ့ကြပေ။

"လိပ်အသက်ရှူနည်းစနစ်၊ ငွေ ၁၀၀ က စပြီး တင်ပါမယ်။"

ကျောက်ပုဖန်သည် ဤလိပ်အသက်ရှူနည်းစနစ် လက်စွဲစာအုပ်အတွက် ယနေ့ကမ်းလှမ်းသည့် ပစ္စည်းများကြားတွင် အလွန်စျေးသက်သာသော ငွေ ၁၀၀ ဖြင့် လေလံပွဲကို စတင်ခဲ့သည်။

ငြိမ်သက် တိတ်ဆိတ်နေလျက်။ ပရိသတ်ထဲတွင် မည်သူမျှ ကမ်းလှမ်းချက် မပြုလုပ်ခဲ့ပါ။

ယခင်က ဈေးခေါ်ခဲ့သောသော ယန်စုန့်သည်လည်း မျက်နှာထားမဲ့နေလျက်။

အလွန်ထူးကဲသော မီးတောက်နီအတတ်ကဲ့သို့သော အတွင်းအား ကျင့်ကြံနည်းစနစ်အတွက် ယန်စုန့်သည် ငွေတစ်ထောင်ကို ဝယ်ယူရန် ဆန္ဒရှိသော်လည်း ဤလိပ်အသက်ရှူနည်းစနစ်ကို လေ့ကျင့်ခြင်းဖြင့် အချိန်နှင့် စွမ်းအင်ကို ဖြုန်းတီးရာကျမည်ဖြစ်သည်။ ယန်စုန့်သည် ပိုက်ဆံအကုန်ခံပြီး ဝယ်ဖို့နေနေသာသာ အလကားပေးရင်တောင် လေ့ကျင့်မှာမဟုတ်ပါ။

"ဒါက စျေးမပြိုင်ဘဲနဲ့ တကယ် အဆုံးသတ်သွားတော့မှာလား" မည်သူမျှ မတုံ့ပြန်တော့ ကျောက်ပုဖန်သည် အနည်းငယ် အရှက်ကွဲသွားသလို ခံစားလိုက်ရသည်။

"ကျွန်တော် ငွေ ၁၀၁ တုံးပေးမယ်။"

ကျောက်ပုဖန်သည် လိပ်အသက်ရှူနည်းစနစ်ကို လေလံမတင်တော့‌ကြောင်း ကြေညာရန် တွန့်ဆုတ်နေချိန်တွင် ခပ်ဩဩ အသံတစ်ခုထွက်ပေါ်လာသည်။

အနှီလူက ထုံးစံအတိုင်း စူးချန်ခုန်းဖြစ်သည်။ သူသည် မျောက်မျက်နှာဖုံးကို ၀တ်ဆင်ထားပြီး သူ၏ဆံပင်များက စုတ်ဖွာနေလျက်။

တစ်ယောက်ယောက်က လေလံစဆွဲတာနဲ့ ကျောက်ပုဖန်ရဲ့ နှလုံးသားက လှုပ်ကနဲ ရွှင်မြူးသွားပြီး "ထိုင်ခုံနံပါတ် ၂၇ က ဧည့်သည်က ငွေ၁၀၁တုံးပါ။ တစ်ယောက်ယောက်များ လေလံဆွဲချင်သေးလား ခင်ဗျ။"

စူးချန်ခုန်းက သူ့ထိုင်ခုံမှာ ငြိမ်ငြိမ်လေးထိုင်နေသော်ငြား သူ့စိတ်က အနည်းငယ် စိတ်မအေးနိုင်။ တစ်စုံတစ်ယောက်သာ သူနှင့် ယှဉ်ပြိုင်မည်ဆိုပါက သူသည် ငွေပိုသုံးရရုံသာမက သူ၏အရင်းအနှီးငွေ တစ်ရာ့ငါးဆယ်သာသာရှိသော ထည့်စဉ်းစားပါက ဆန့်ကျင်ဘက်လေလံကိုလည်း မတတ်နိုင်တော့ပေ။

သို့သော် စူးချန်ခုန်းက သက်သက် အတွေးလွန်နေခြင်းပင်။ ဤလိပ်အသက်ရှူနည်းကို အလွန်စိတ်ဝင်စားမှုနည်းပါးသောကြောင့်ဖြစ်သည်။

"လိပ်အသက်ရှူနည်း လျှို့ဝှက်ချက်လက်စွဲစာအုပ်ကို ရရှိသွားတဲ့ ဧည့်သည် နံပါတ် ၂၇ ကို ဂုဏ်ပြုပါတယ်ဗျာ။"

အခြားမည်သူမျှ လေလံဆွဲခြင်းမရှိသည်ကို တွေ့လိုက်ရသဖြင့် ကျောက်ပုဖန်သည် လိပ်အသက်ရှူနည်းအတွက် စူးချန်ခုန်း လေလံအောင်ခဲ့ကြောင်းကိုသာ ကြေညာနိုင်ခဲ့သည်။

လိပ်အသက်ရှူနည်းပညာသည် ငွေ ၁၀၀ မှ စတင်သောစျေးနှုန်းဖြင့် စူးချန်ခုန်းမှ ငွေ ၁၀၁ တုံး ဖြင့်ဝယ်ယူခဲ့သည်။

စူးချန်ခုန်းတက်လာပြီး ကျောက်ပုဖန်၏လက်မှ လိပ်အသက်ရှူနည်းလျှို့ဝှက်ချက်လက်စွဲစာအုပ်ကို ယူကာ ငွေစက္ကူ ၁၀၁ ရွက်ကို ပေးချေလိုက်သည်။

"ဒီလိပ်အသက်ရှူနည်းက ငါ့အတွက် အဲ့ဒီ မီးတောက်နီအတတ်ထက် ပိုတန်ဖိုးရှိကောင်းရှိနိုင်တယ်။"

စူးချန်ခုန်းသည် လက်စွဲစာအုပ်ကို သူ့ရင်ခွင်ထဲသို့ ထည့်လိုက်ပြီး သူ့နှလုံးသားထဲ တိတ်တဆိတ် ပီတိဖြာနေ၏။

ဇီဝချီအတုယူခြင်းအတတ်၊ လိပ်အသက်ရှူနည်းပညာသည် အခြားသူများ၏အမြင်တွင် ပြင်းထန်ပြီး လွှမ်းမိုးတတ်သည့် မီးတောက်နီအတတ်ထက် များစွာ နိမ့်ကျသော်လည်း စူးချန်ခုန်းအတွက်မူ အသင့်တော်ဆုံး အကောင်းဆုံးဖြစ်သည်။

"ဒီလေလံပွဲက အခု အဆုံးသတ်လိုက်ပြီ။ လာရောက်အားပေးကြတဲ့ ဧည့်သည်တော်များအားလုံးကို ကျေးဇူးတင်ပါတယ်ခင်ဗျာ။ ကျွန်တော်တို့ရဲ့ ကျောက်မိသားစုက ခမ်းနားတဲ့ ပွဲတော်ကြီးကို ပြင်ဆင်ထားပြီး လေးစားအပ်သော ဧည့်သည်တော်များအားလုံး ကျွန်တော်တို့နဲ့အတူ ဂုဏ်ပြုကြလိမ့်မယ်လို့ မျှော်လင့်ပါတယ်။"

မကြာခင်မှာပဲ လေလံပွဲပြီးသွားတော့ ကျောက်ပုဖန်က သူ့၏ စိတ်ရင်းနှင့် ကျေးဇူးတင်ကြောင်း ဖော်ပြလိုက်သည်။

"သခင်လေးကျောက်၊ ကျွန်တော့်မှာ တခြားကိစ္စရှိသေးလို့ အခု ပြန်ပါတော့မယ်"

အချို့သော ဧည့်သည်များသည် နေ့လယ်စာစားရန် ကျန်နေခဲ့ပြီး အချို့က နှုတ်ဆက်ကာ ထွက်ခွာသွားကြသည်။

စူးချန်ခုန်းသည် သူမည်သူမည်ဝါဖြစ်သည်ကို ဖုံးကွယ်ရန် မျက်နှာဖုံးတပ်ထားကာ ပစ်မှတ်ထားခံရမည်ကို ကြောက်ရွံ့သောကြောင့် ထုံးစံအတိုင်း စားဖို့သောက်ဖို့ မနေရဲပေ။ သူလည်းထပြီး ကျောက်စံအိမ်၏ အထွက်ပေါက်ဆီသို့ ဦးတည်သွားခဲ့ရာ ကျောက်မိသားစု တပည့်တစ်ဦးထံမှ ဝင်ကြေး ပြန်အမ်းငွေ ၅ တုံးကို ရခဲ့သည်။

ကျောက်စံအိမ်အပြင်ဘက်တွင် ငွေ ၁၂၀၀ ဖြင့် "မီးတောက်နီအတတ်" ကိုရရှိခဲ့ပြီး အနက်ရောင် မြေခွေးမျက်နှာဖုံးနှင့်လူက တုန်းလင်မြို့မှထွက်ခွာလာစဉ် မျက်လုံးကျဉ်းကျဉ်းနှင့် အနက်ရောင်ဝတ်စုံ ဝတ်ထားသော ယန်စုန့်က အဝေးမှနောက်သို့ လိုက်သွားခဲ့သည်ကို စူးချန်ခုန်း တွေ့လိုက်ရသည်။

"ယန်စုန့်က မီးတောက်နီအတတ်ကို လက်လျှော့ဖို့ ဆန္ဒမရှိပါဘူးပဲ။ သူတို့ နှစ်ယောက်ကြား သွေးထွက်သံယို ပဋိပက္ခတွေ ဖြစ်နိုင်တယ်။ ယန်စုန့်က ကျွမ်းကျင်တဲ့ ဓားဖမ်းသူ။ မြေခွေးမျက်နှာဖုံးနဲ့လူကတော့ မီးတောက်နီအတတ်အတွက် ငွေတစ်ထောင်ကျော် သုံးစွဲနိုင်သူဟာ သာမန်လူ မဟုတ်တာတော့ သေချာတယ်။ ငါ ခပ်ခွာခွာနေလိုက်ရင် ပိုကောင်းပါတယ်လေ။"

ဒါကိုမြင်လိုက်ရတော့ စူးချန်ခုန်းက ယန်စုန့်ဟာ ​​သူ့ရဲ့မာနကို ခဝါချဖို့ ဆန္ဒမရှိသလို မြေခွေးမျက်နှာဖုံးနဲ့လူ သယ်ဆောင်သွားတဲ့ မီးတောက်နီအတတ်ကို မျက်စိကျနေတယ်ဆိုတာ နားလည်သွားခဲ့သည်။

သူတို့ နှစ်ယောက်က ထူးဆန်းလှသဖြင့် ပြိုင်ဆိုင်မှု ပြင်းထန်နိုင်ဖွယ် ရှိသည်။ သို့သော် စူးချန်ခုန်းသည် ၎င်းတို့၏ ထိပ်တိုက်ရင်ဆိုင်မှု၏ အကျိုးကျေးဇူးများကို ရိတ်သိမ်းရန် ရည်ရွယ်ချက်မရှိပေ။ နှစ်ဦးသဘောတူညီပြီး တတိယလူဖြစ်သည့် စူးချန်ခုန်းကို သူတို့ ရှာတွေ့သွားပါက သူ့အား တွန်းလှန်ရန်ပင် နှစ်ယောက်သား ပူးပေါင်းလိုက်မှဖြင့် အန္တရာယ်ရှိပေလိမ့်မည်။

မီးတောက်နီအတတ်သည် စူးချန်ခုန်းအတွက် လုံးဝမဖြစ်မနေ လိုအပ်တာ မဟုတ်တဲ့အတွက် စွန့်စားဖို့ မထိုက်တန်ပါ။

"သွားမယ်။ အရင်ထွက်သွားမယ်"

ထိုအတွေးဖြင့် စူးချန်ခုန်းသည် ယန်စုန့်နှင့် မြေခွေးမျက်နှာဖုံးနှင့်လူ၏ ဆန့်ကျင်ဘက်သို့ ဦးတည်သွားခဲ့သည်။

တုန်းလင်မြို့မှ ထွက်လာပြီးနောက် သုံးလေးမိုင်အကွာတွင် စူးချန်ခုန်း၏ မျောက်ဝံမျက်နှာဖုံးအောက်က မျက်နှာထက်တွင် အေးစက်သော အရိပ်အယောင် ထွက်ပေါ်လာသည်။ သူ အနည်းငယ် မျက်မှောင်ကြုတ်ကာ အရှိန်လျှော့ပြီး နောက်သို့ လှည့်ကြည့်လိုက်၏။

မျက်နှာဖုံးစွပ်ထားသည့် အမျိုးသားသုံးဦးသည် အဆောတလျင်မရှိသော်လည်း တစိုက်မတ်မတ် သူ့နောက်သို့ လိုက်နေကြသည်။

"လူကြီးမင်းတို့၊ ကျွန်တော့်နောက်ကို ပေးစရာ အကြံဉာဏ်တွေများ ရှိလို့လား"

စူးချန်ခုန်းက မေးလိုက်သည်။

မျက်နှာဖုံးစွပ်ထားသည့် ဤလူသုံးယောက်သည် ကျောက်စံအိမ်နှင့် တုန်းလင်မြို့မှ ထွက်လာကတည်းက သူ့နောက်သို့ လိုက်လာခဲ့သည်မှာ သိသာပါသည်။

ဝက်မျက်နှာဖုံးဝတ်ထားတဲ့ အလယ်ကလူက ထူးဆန်းစွာ ရယ်မောပြီး "မင်း လိပ်အသက်ရှူနည်းပညာကိုဝယ်ဖို့ ကျောက်စံအိမ်မှာ ငွေတစ်ရာသုံးတယ်။ ကြည့်ရတာ မင်းက ဈေးပေါပုံမပေါ်ဘူး။ ငါက မကြာသေးခင်က ငွေပြတ်နေတာလေ။ ငါလည်း မင်းလို ဝဝဖြီးဖြီး သိုးလေးတွေကို ကြိုက်တယ်။"

ကျောက်စံအိမ်လေလံပွဲတွင် စူးချန်ခုန်း လိပ်အသက်ရှူနည်းပညာကို ဝယ်ယူလိုက်ခြင်းမှာ သူတို့သုံးဦးကို သတိပြုမိစေပြီး သူတို့ လိုက်လာတာက သိသာတဲ့ ရည်ရွယ်ချက်တစ်ခုရှိနေပါသည်။

စူးချန်ခုန်းသည် အတော်ပင် ပြောစရာစကားမဲ့နေလေပြီ။ သူက အဲ့တာအတွက်နဲ့ တကယ်ပဲ ပစ်မှတ်ထားခံနေရတာလား။

"မြေခွေးမျက်နှာဖုံးနှင့်လူက မီးတောက်နီအတတ်အတွက် ငွေတစ်ထောင်ကျော်သုံးနေချိန်မှာ ကျွန်တော်က လိပ်အသက်ရှူနည်းပညာ မိတ္တူတစ်အုပ်ပဲဝယ်ခဲ့တာပါ။ ကျွန်တော့်ကိုလိုက်မယ့်အစား သူ့ကို ဘာလို့ သွားမလုတာလဲ။"

လေလံပွဲတွင် အခြားသူတစ်ဦးက ငွေကြေးမြောက်မြားစွာ ပုံအောနေစဉ် သူသည် လိပ်အသက်ရှူနည်းအတွက် ငွေ ၁၀၀ မျှသာ သုံးစွဲခဲ့သည်။ ပိုများတဲ့နောက်ကို လိုက်မယ့်အစား သူ့ကို ပစ်မှတ်ထားနေကြသည်။

ဝက်မျက်နှာဖုံးနှင့် လူက ထူးထူးခြားခြား ရယ်မောကာ ဆိုသည်။ "မီးတောက်နီအတတ်အတွက် ငွေတစ်ထောင်ကျော်သုံးတဲ့လူက သာမန်လူမဟုတ်ဘူး။ သူ့နောက်ကို ယန်စုန့်လည်း လိုက်သွားတယ်။ ငါတို့ ညီအစ်ကို သုံးယောက်က အသတ်ခံရဖို့ စိတ်ကူးမရှိဘူးလေ။ တစ်ဖက်မှာ မင်းဟာ လိပ်အသက်ရှူနည်းပညာကို အများကြီးသုံးပြီး ခူးဆွတ်ဖို့ ရင့်မှည့်နေတဲ့ လူချမ်းသာ ငနုံလေးပဲ။ မဟုတ်ရင် ဘယ်သူဖြစ်မှာလဲ"

မြေခွေးမျက်နှာဖုံးတပ်ထားသောလူနှင့် ယန်စုန့်တို့ နှစ်ဦးစလုံးသည် ရှုပ်ထွေးသော သူများဖြစ်ကြသည်။ သူတို့နှင့်အတူ ကံကြမ္မာသွေးဆောင်ခြင်းသည် သေဒဏ်ကျဖွယ်ရှိသည်။ စူးချန်ခုန်းအနေဖြင့် အသေးအဖွဲဟု ထင်ရသော လိပ်အသက်ရှူနည်းပညာတွင် အလွန်အကျွံ သုံးစွဲခြင်းသည် ဥာဏ်ပညာ ကြီးမားသော်လည်း ချမ်းသာကြွယ်ဝသူဖြစ်ပြီး အစောင့်အကြပ်မရှိပါက ကိုင်တွယ်ရ ခက်ခဲသော သူဖြစ်မှာမဟုတ်ကြောင်း ပြောပြနေသလိုပင်။ မြန်မြန်ဆန်ဆန် ဆွေးနွေးပြီးနောက် ညီအစ်ကိုသုံးယောက်သည် စူးချန်ခုန်းကို သူတို့၏ပစ်မှတ်အဖြစ် ရွေးချယ်ခဲ့ပြီး ထိုအချိန်မှစ၍ သူ့နောက်သို့လိုက်လာခဲ့တာ ဖြစ်သည်။

"ခင်ဗျားတို့ လိပ်အသက်ရှူနည်းပညာကို စိတ်ဝင်စားလား။ ဒါက လွယ်လွယ်ကူကူ ဖြေရှင်းလို့ ရပါတယ်။ ခင်ဗျားတို့ အတွက် လိပ်အသက်ရှူနည်းပညာမိတ္တူ လုပ်ပေးနိုင်တယ်။ ဒါဆို လူတိုင်းအတွက် အရှုံးမရှိဘဲ အမြတ်ချည်းပဲလေ။ ကျွန်တော်တို့အားလုံး ရင်းရင်းနှီးနှီး ဆက်ဆံမယ်ဆိုရင် စီးပွားရေးအတွက် ကောင်းပါတယ်။ အဲဒါနဲ့ ပတ်သက်ပြီး အဆင်မပြေရင် တိုကင်တစ်ခုအနေနဲ့ ငွေနည်းနည်းစီ ပေးလိုက်တာလည်း ကောင်းပါတယ်။"

စူးချန်ခုန်းသည် ဤအလွန်ရိုးသားသော အဆိုပြုချက်ကို တင်ပြပြောဆိုခဲ့သည်။

လိပ်အသက်ရှူနည်းပညာသည် အဖိုးတန်ပြီး အဖိုးမဖြတ်နိုင်သော ကျင့်ကြ့နည်းတစ်ခုမဟုတ်ပေ။

သိုင်းခံပညာ လျှို့ဝှက်လက်စွဲများကို အခြားသူများထံ ပေးအပ်သော်ငြား မူရင်းပိုင်ရှင်အတွက် အမှန်တကယ် အဆုံးအရှုံး မရှိပေ။ ဤလူများသည် လိပ်အသက်ရှူနည်းပညာကို စိတ်ဝင်စားသောကြောင့် သူတို့ထံရောင်းချရန် မိတ္တူအနည်းငယ်ပြုလုပ်ခြင်းသည် လက်စွဲစာအုပ်ဝယ်ယူခြင်း၏ ကုန်ကျစရိတ်အချို့ကို ပြန်လည်ရရှိစေမည်ဖြစ်သည်။ ရှဉ့်လဲလျှောက်သာ ပျားလဲစွဲသာ အခြေအနေဖြစ်မှာပါ။

All Chapters