အစ်အောက်ကြည့်ခြင်း နှင့် လုပ်ကြံခံရခြင်း
Vol. 17 Ch. 255
အရိပ်နက်မြို့တော် အပြင်မြို့ရှိ အကြွယ်ဝဆုံးသော တောင်ပိုင်းဘလော့၌ ဖြစ်သည်။
ချန်လွေ့နှင့် ခီရာတို့ အေးအေးဆေးဆေး လျှောက်လည်နေကြသည်။ ချန်လွေ့သည် ယန္တရားပညာရှင် ဝတ်စုံနှင့်သာဖြစ်သော်လည်း လူအများအပြားက သူသည် ယန္တရားပြိုင်ပွဲ၌ နာမည်ကျော်ခဲ့ပြီး မြို့တော်၏ပါရမီရှင် ဆာဗစ်၏လက်များကို လောင်းကြေးနိုင်ခဲ့သော “ အာသာ ” ဖြစ်ကြောင်း မှတ်မိကြသည်။ မည်သည့်နယ်ပယ်၌မဆို နတ်ဆိုးဘုံသည် အစွမ်းထက်ဆုံးကို လေးစားကြပြီး အရှုံးသမားကိုမူ သနားရန်မထိုက်တန်ပေ။ အထူးသဖြင့် အမြဲမာနထောင်လွှားသော ဆာဗစ်ကိုပင် ဖြစ်သည်။ လူအများအပြားသည် ချန်လွေ့အား အတော်လေး တလေးတစား ပြုမူလာကြသည်။
မြို့တော်ရှိ လူအများစုမှာ တော်ဝင်မျိုးနွယ်နှင့် တော်ဝင်မိသားစုများ ဖြစ်သည်။ ထိုသူများ၏ မျက်လုံးထဲ၌ ၎င်းသည် ယန္တရားပညာရှင်ပြိုင်ပွဲသာ ဖြစ်သည်။ ဆရာသခင်ပြိုင်ပွဲ မဟုတ်ပေ။ နောက်ခံမရှိသော ချန်လွေ့ကိုလည်း အလားအလာ အနည်းငယ်ရှိသော ပါရမီရှင်ဟု သတ်မှတ်၍ရသော်လည်း ၎င်းသည် ဤမျှသာ ဖြစ်သည်။ ထို့ကြောင့် သူတို့သည် ထူးထူးခြားခြား စိတ်အားထက်သန်မှုမျိုး မပြကြပေ။ ယန္တရားအစည်းအရုံးမှ ဆရာသခင် ရှိုဆာမှာတော့ ချန်လွေ့ကို တပည့်လက်ခံရန် ကမ်းလှမ်းခဲ့သည်။ ချန်လွေ့သည် တိုက်ရိုက် မငြင်းပယ်ခဲ့ဘဲ ဖိုင်နယ်ပြီးလျှင် ပြန်ဖြေမည်ဟု ရိုရိုသေသေ ပြောလိုက်သည်။
ချန်လွေ့ဘေးမှ ခီရာသည် လူအများအပြားကို ဆွဲဆောင်နိုင်ခဲ့သည်။ ဂါဝန်ရှည်ဝတ်ထားသော ကဝေမသည် အံ့ဩဖွယ်ရာ စိတ်နေသဘောထားနှင့် အလှတရားများ ပြသနေ၏။ သူ၏မျက်နှာပေါ်၌လည်း ယုံကြည်ချက်ရှိသော အပြုံးတစ်ခု ရှိနေပြီး တော်ဝင်အမျိုးသမီး တစ်ယောက်ကဲ့သို့ပင် ဖြစ်နေသည်။သူ၏ ကဝေမဟူသော ညှို့ငင်မှုကို အပြည့်အဝ ပြသနေလေသည်။၎င်းသည် သူ၏ သာမန် အစေခံဝတ်ရုံနှင့် လုံးဝကွဲပြားသော အလှတရားပင် ဖြစ်သည်။
“ ငါတို့ လမ်းလျှောက်နေတာကြာပြီ။ဗိုက်ဆာပြီ။ဒါ မကောင်းဘူး။မင်း ဒါနဲ့အရင် ဗိုက်ဖြည့်ထားလိုက်။ငါတို့ စားသောက်ဆိုင် လိုက်ရှာကြမယ်။ ”
ချန်လွေ့သည် မြို့တော်၏ လမ်းဘေး သွားရေစာ တစ်မျိုးဖြစ်သော ချိုချဉ်ချောင်း တစ်ချောင်း ယူလိုက်သည်။
အခြားအင်ပါယာနှစ်ခုနှင့်ယှဉ်လျှင် အရိပ်နက်အင်ပါယာရှိ တော်ဝင်မိသားစုသည် လူနေမှုဘဝနှင့် ပျော်ရွှင်မှုကို အဓိက အာရုံစိုက်ကြသည်။ဝါသနာအလျောက် မြို့တော်၌ စားစရာနှင့် ကုန်ပစ္စည်း အမျိုးအစားများ ပေါကြွယ်ဝနေပြီး ဖျော်ဖြေရေးများလည်း များစွာရှိနေသည်။
ခီရာသည် ချိုချဉ်ချောင်းကို ယူပြီး တစ်ကိုက်ကိုက်ကာ ပြုံးပြပြီး ခေါင်းညိတ် လိုက်သည်။ ထို့နောက် သူတို့နှစ်ယောက်သည် အဆင့်မြင့် စားသောက်ဆိုင် တစ်ဆိုင်ဆီသွားကာ တိတ်ဆိတ်သော အခန်းတစ်ခန်း ငှားလိုက်သည်။ထို့နောက် ဟင်းပွဲအနည်းငယ်နှင့် ဝိုင်တစ်ပုလင်း မှာကာ ဖြည်းဖြည်းချင်း သုံးဆောင်တော့သည်။
စားစရာနှင့် အရက်များနှင့် ဗိုက်ပြည့်သွားသည့်အခါ ချန်လွေ့သည် ကျေနပ်စွာဖြင့် ဗိုက်ကိုပုတ်လိုက်သည်။
“ တော်တော်လေး ကျေနပ်စရာကောင်းတဲ့ ဘဝတစ်ခုပဲ.... ”
ခီရာကို ပါးစပ်ကိုဖုံးပြီး ပြုံးလိုက်သည်။
“ ဆာ-အာသာ ရောက်လာပြီးကတည်းက အရာအားလုံး ပိုပြီးလွယ်ကူသွားတယ်လို့ ကျွန်မ ထင်တယ်။ရှင့်ရဲ့ လက်ထောက်ဖြစ်တဲ့ ကျွန်မကလည်း အပိုသက်သက်ပဲ။ နောက်ပိုင်းတာဝန်တွေက အခုလိုမျိုး လွယ်ကူမယ်ဆိုရင် ကောင်းမှာပဲ။ ”
“ မင်း တကယ် ဖြစ်ချင်တယ်ဆိုရင် ဒါပြီးတာနဲ့ ငါ့နောက်လိုက်ဖို့ တော်ဝင်မင်းသမီးကို ငါပြောလို့ရတယ်။ ”
ချန်လွေ့က ဂရုမစိုက်ဟန်ဖြင့် ပြောလိုက်သည်။
“ ဘယ်လိုပဲဖြစ်ဖြစ် ငါက အမှောင်လမြို့က မဟုတ်ဘူးလေ။ပြီးတော့လည်း ဒီလို အရေးကြီးတဲ့ အချိန်မှာ ဒီလိုတောင်းဆိုတာကို သူငြင်းမယ်လို့ ငါမထင်ဘူး။ ”
ခီရာ တုန်လှုပ်သွားသည်။
“ ဆာ-အာသာက အမှောင်လမြို့က မဟုတ်ဘူးလား။ ”
သူက တကယ်ကြီး အစ်အောက်ကြည့်နေတာပဲ။ ချန်လွေ့သည် ခီရာ၏ လျို့ဝှက်ချက် များကို အခက်အခဲမရှိ အစ်အောက်ကြည့်နိုင်ရန် ခီရာကို ထိုကဲ့သို့အတွေးများဆီ ဦးတည်ပေးရန် ရည်ရွယ်ထားခဲ့သည်။
“ မဟုတ်ဘူး။ ”
ချန်လွေ့ ချက်ချင်း ပြန်ဖြေသည်။
“ သူက ငါ့ရဲ့လုပ်ရပ်အတွက် အံ့ဩဖွယ်ရာ ပစ္စည်းသုံးမျိုးနဲ့ လဲလှယ်ခဲ့တယ်။ ကတ်စတာမိသားစုကိစ္စ ပြီးစီးသွားတာနဲ့ သူနဲ့ငါကြားမှာ ဘာပတ်သက်မှုမှ ရှိတော့မှာ မဟုတ်ဘူး။ ”
ခီရာသည် ၎င်းကို သံသယမဝင်ပေ။အကြောင်းမှာ သူသည် အမှောင်လမြို့၌ သုံးလေးနှစ် နေခဲ့ပြီး သတင်းအချက်အလက် တော်တော်များများကို သိရှိသွားပြီး၍ ဖြစ်သည်။တော်ဝင်မင်းသမီး၌ ဤကဲ့သို့ ထူးချွန်သော ယန္တရားပညာရှင်တစ်ယောက် ရှိနေကြောင်းကို သူတစ်ခါမှ မကြားဖူးခဲ့ပေ။
အကယ်၍ သူ၏အဆင့်သာ ရောဘတ်ထက် အမှန်တကယ် ကျော်လွန်သွားမည်ဆိုလျှင် သူသည် ဆရာသခင်အဆင့် ရောက်ရှိရန်အတွက် အကွာအဝေး အနည်းငယ်သာ လိုတော့သည်။
“ ဒီလိုမျိုး ယုတ္တိမတန်တာမျိုးကို ကျွန်မ မမျှော်လင့်ရဲပါဘူး။ ”
ခီရာ အနည်းငယ် တုံ့ဆိုင်းသွားပြီးနောက် ခေါင်းခါလိုက်သည်။
“ ပြီးတော့လည်း ကျွန်မရဲ့ လက်ရှိသခင်က အမှောင်လမြို့ရဲ့ ငြိမ်ဝပ်ပိပြားရေး အရာရှိလေ။ ”
“ ရောဂါတစ်ခုခုကြောင့် သတိလစ်နေတဲ့ အမှိုက် လူသားလား။ ”
ချန်လွေ့က တမင်တကာပင် စက်ဆုပ်စွာ ပြောလိုက်သည်။အမှန်တကယ်မှာ နိမ့်ချတတ်သော စိတ်ထားရှိသည့် ချန်လွေ့သည် မိမိအား ခီရာ အနည်းငယ် ခုခံပြောဆိုပေးမည်ကို မျှော်လင့်နေခြင်း ဖြစ်သည်။
“ သူက အမှိုက်မဟုတ်ပါဘူး။ ”
ခီရာ ကန့်ကွက်လိုက်ပြီး ပြန်စဉ်းစားနေသည်။
“ သူက.... နည်းနည်းကြောင်တဲ့ လူကောင်းတစ်ယောက်ပါ။ ”
ကောင်းပြီ။ အနည်းဆုံးတော့ ငါက “ လူကောင်း ” ဇုန်ထဲမှာပဲ။ သနားစရာ ကောင်းလိုက်တာ။
ချန်လွေ့သည် ရှေ့ဆက်ပြောရန်အတွက် စကားလမ်းကြောင်း ပြောလိုက်သည်။
“ ငါ့စကားတွေက လွန်သွားတယ်ဆိုတာ ဝန်ခံပါတယ်။ တော်ဝင်မင်းသမီးက အဲဒီလူသားရဲ့ အကြံဉာဏ်တချို့ ငါ့ကို ပြပြီးပြီ။ မဆိုးပါဘူး။ သူ့အကြောင်း ထားလိုက်တော့။ မင်း ငါ့နောက်လိုက်ချင်တယ်ဆိုရင် ကျန်တာတွေကို ငါ့တာဝန် ထားလိုက်လို့ ရပါတယ်။ ”
“ ရှင် ဘာလို့ ကျွန်မကို ကောင်းကောင်း ဆက်ဆံရတာလဲ။ ”
ခီရာသည် သနားစရာကောင်းနေပြီး ဆွဲဆောင်မှု ရှိနေသည်။
“ ကျွန်မရဲ့ ခန္ဓာအမျိုးအစားက ထူးခြားတယ် ဆိုတာကို ရှင်သိပါတယ်။ကျွန်မက ဘယ်ယောက်ျားကိုမှ ပြုစုလို့ မရဘူးလေ။ ”
“ ငါက နည်းနည်းလေး အပေါ်စီးဆန်တဲ့ ခေါင်းမာတဲ့လူတစ်ယောက်ပဲ။ငါ့မျက်လုံးနဲ့ ကြည့်လို့ရတဲ့သူတွေကို သဘောကျတယ်။ကြည့်လို့မရရင်တော့ သူတို့ ဘယ်လောက်ပဲ ကြီးကျယ်ခမ်းနားပါစေ၊ သူတို့တွေ နာကျင်ခံစားရအောင် နည်းလမ်းရှာတယ်။ ဆာဗစ်က အကောင်းဆုံး ဥပမာပဲ။ ”
ထိုစကားများအရ “ အာသာ ” သည် မိမိကို စွဲလမ်းသွား၍ ဆာဗစ်ကို ဖြေရှင်းခဲ့ခြင်း မဟုတ်ကြောင်း ခီရာ ယုံကြည်သည်။ အာသာသည် ဆာဗစ်အား အဆင်အခြင်မဲ့ ဖြေရှင်းပြီး ခီရာအား အန္တရာယ်မှ ဆွဲထုတ်ပေးခဲ့ခြင်း ဖြစ်သည်။ထို့ပြင် ယန္တရားပြိုင်ပွဲ၌လည်း သူသည် နောက်ခံအဖြစ် ဆရာသခင်တစ်ယောက်ရှိသော မြို့တော် ပါရမီရှင်အား ထောင်ခြောက်ဆီ မျှားခေါ်ပြီး ဆာဗစ်၏ အနာဂတ်ကို လုံးဝဖျက်ဆီးပစ်ခဲ့သည်။ပြိုင်ပွဲအပြီး သိပ်မကြာခင်၌ ဆင်ခြေဖုံးဒေသတွင် ဆာဗစ်၏ အလောင်းကို ရှာတွေ့ကြောင်း သတင်းများလည်း ထွက်လာခဲ့သည်။
“ အာသာ ” ပြောသည့်အတိုင်းပင် အထက်စီးဆန်ခြင်း၊ ရက်စက်ခြင်း ၊ ကာကွယ်ခြင်း တို့သည် ခေါင်းမာသော အမျိုးအစားထဲ၌ ပါဝင်ပေသည်။
“ ငါ့ကိုပြုစုပေးဖို့ မိန်းကလေး တစ်ယောက် လိုချင်တယ်ဆိုရင် အခုငါ ဒီရော်ကို ပြောလိုက်တာနဲ့ သူက မင်းထက်လှတဲ့ မိန်းမတွေကို ခေါ်လာပေးနိုင်တာပဲ။ ”
ချန်လွေ့က ပွင့်ပွင့်လင်းလင်း ပြောလိုက်သည်။
“ မင်းက ငါ့မျက်လုံးထဲမှာ ကြည့်ပျော်ရှုပျော်ရှိတယ်။ပြီးတော့ ငါမင်းကို သဘောကျတယ်။ ငါ့ကို ပြုစုပေးဖို့ ဘာဖို့ မလိုဘူး။ဒီလောက်တောင် ရိုးရှင်းတယ်။ ”
ခီရာ ကြက်သေသေသွားပြီး ခေါင်းညိတ်လိုက်သည်။ထို့နောက် ဆွဲဆောင်မှုရှိစွာ ပြုံးလိုက်ပြန်သည်။
“ ဒါဆို ဆာက ကျွန်မကို ဘာလုပ်စေချင်တာလဲ။ ”
“ မင်းရဲ့ ဒီအပြုံးကို ငါသဘောမကျဘူး။ဒါက ဟန်ဆောင်လွန်းတယ်။ ”
ချန်လွေ့ ခေါင်းခါလိုက်သည်။
“ မင်းက မှော်-ဆန့်ကျင် လက်ပတ်တစ်ခုကို ဝတ်ထားရတယ်လို့ ရှီရာဆီကနေ ငါကြားထားတယ်။စိတ်မပူပါနဲ့။ငါက ဒီလိုနည်းလမ်းနဲ့ မိန်းမတွေကို ထိန်းချုပ်တာ မုန်းတီးတယ်။ ငါက ယန္တရားပညာရှင် တစ်ယောက်လေ။ငါမင်းကို အဲဒီလက်ပတ် ဖယ်ရှားပေးနိုင်တယ်။မင်းငါ့ကို သဘောမကျဘူးဆိုရင် ငါ့ဆီကနေ ထွက်သွားပြီးတော့ လွတ်လွတ်လပ်လပ် နေလို့ရတယ်။ငါက အဲဒီလို လူမျိုးပဲ။ ”
၎င်းသည် အမှန်တကယ်မှာ ရှေ့တက်ရန်အတွက် နောက်ဆုတ်ခြင်း နည်းဗျူဟာ တစ်ခုပင် ဖြစ်သည်။ခီရာ၏ ရည်ရွယ်ချက်ကို နားလည်ချင်လျှင် သူ့ကို လွတ်လပ်ခွင့်ပေးခြင်းတစ်ခုလုံးသည် အလိမ်အညာ မဟုတ်ပေ။ဤကဝေမသည် အလွန်ဆွဲဆောင်မှုရှိလှသော်လည်း ချန်လွေ့သည် ချိန်ကိုက်ဗုံးတစ်လုံးကို မသိမ်းထားချင်ပေ။
“ လွတ်လွတ်လပ်လပ် ဟုတ်လား။ ”
ထိုကဲ့သို့ လူမျိုးကို ခီရာ ယခုမှ ပထမဆုံးအကြိမ် တွေ့ဖူးပုံရသည်။၎င်းသည် အခြားရည်ရွယ်ချက်များ မရှိဘဲ သဘောကျခြင်းအတွက်သာ ဖြစ်သည်။သူသည် မိမိအား ကူညီပေးချင်ရုံသာ ဖြစ်သည်။
ကဝေမ ခဏမျှ ကြက်သေသေသွားပြီး သူ၏အပြုံးသည် အနည်းငယ် ခါးသက် သွား၏။ အမှောင်လမြို့ရှိ နေ့ရက်များအပါအဝင် ချန်လွေ့သည် ခီရာနှင့် အချိန်အတော်ကြာ အတူတူ ဖြတ်သန်းပြီးခဲ့ပြီး ဖြစ်သည်။ သို့သော်လည်း ထိုကဲ့သို့ ခါးသက်သော အပြုံးမျိုးကို ချန်လွေ့ ယခုမှ တွေ့ဖူးခြင်း ဖြစ်သည်။
ပုံမှန် မျက်နှာချိုသွေးနဲ့ နောက်ကွယ်မှာ ပြောပြလို့မရဘဲ့ ခါးသက်မှုတွေ ရှိနေတာ များလား။
ချန်လွေ့က တစ်ခုခုကို တွေးမိသွားပြီး မတ်တပ်ရပ်၍ လမ်းလျှောက်လာကာ ခီရာ၏ လက်များကို ဆုပ်ကိုင်လိုက်သည်။အဆင့်ကျော်သွားခြင်း မရှိဘဲ ချန်လွေ့သည် မှော်စွမ်းအားကို ဖိနှိပ်ထားသော အနက်ရောင် မှော်-ဆန့်ကျင် လက်ပတ်ကို အသာလေး ကိုင်လိုက်သည်။
ချန်လွေ့ အသေအချာ ပြောသည်။
“ အခု ငါမင်းကို ဒီအကျဉ်းကျနေရတာကနေ လွတ်မြောက်အောင် ကူညီပေးမယ်။ ”
“ မလုပ်နဲ့။ ”
ခီရာ လန့်ဖျပ်သွားပြီး လက်ရုပ်သိမ်းလိုက်သည်။
“ မချွတ်လိုက်နဲ့။ ”
“ မင်း ဘာလို့ ဒါကို မဖယ်ရှားချင်တာလဲ။ ”
ချန်လွေ့ မကျေမနပ် ပြောလိုက်သည်။ကံကောင်းစွာပင် ဤကဲ့သို့ ဈေးကြီးကြီးအခန်း၌ အထူးမှော် အသံအကာအရံ ရှိသည်။သို့မဟုတ်ပါက အနီးအနားမှ လူများသည် ခီရာသည် အော်သံကို ကြားသွားပေလိမ့်မည်။
“ မင်းက အမှောင်လမြို့ဆီ ပြန်ချင်သေးတာလား။မင်းက ငါပေးတဲ့လွတ်လပ်မှုအစား နိမ့်ကျတဲ့ အစေခံပဲ ဖြစ်ချင်တာလား။ ”
“ ခီရာက နဂိုကတည်းက နိမ့်ကျတဲ့ အစေခံ တစ်ယောက်ပါပဲ..... ”
ခီရာ၏ မျက်လုံးထဲ၌ နာကျင်မှု အရိပ်အယောင်တစ်ခု ဖျပ်ခနဲ အရောင်လက် သွားသည်။သို့သော်လည်း ခီရာသည် ပို၍ပင် ဆွဲဆောင်မှုရှိစွာ ပြုံးလိုက်သည်။
“ လူကြီးမင်းရဲ့ စေတနာက အလကားသက်သက် ဖြစ်သွားလိမ့်မယ်။ ”
ချန်လွေ့သည် ခီရာအား အကုန်လုံးပြောပြအောင် မလုပ်နိုင်ခဲ့သော်လည်း ဆက်စပ်သော သတင်းအချက်အလက် သုံးခုကို ရရှိခဲ့သည်။
၁။ ခီရာက ကိုယ့်ဆန္ဒအတိုင်း လုပ်လို့မရဘူး။သူက အမှောင်လမြို့ဆီ ပြန်ရမှာဖြစ်လို့ မှော်-ဆန့်ကျင်လက်ပတ်ကို ဝတ်ထားရမယ်။
၂။ ခီရာမှာ သေချာပေါက်ကို အမှောင်လမြို့အတွက် မပြီးစီးသေးတဲ့ တာဝန်တစ်ခု ရှိတယ်။တခြား အဆက်အသွယ်တွေလည်း ရှိရမယ်။
၃။ ခီရာမှာ ရည်ရွယ်ချက်တချို့ ရှိနိုင်တယ်။ဒါပေမဲ့ အဲဒါတွေကို အလွယ်တကူ ထုတ်ပြောလို့မရဘူး။
အကယ်၍ ချန်လွေ့သည် ဤကဲ့သို့ ခံစားချက် နည်းဗျူဟာကို အသုံးချပြီး ခီရာ၏ ရည်ရွယ်ချက်ကို ဖြည်းဖြည်းချင်း ရှာတွေ့သွားမည်ဆိုလျှင်လည်းမဆိုးလှပေ။၎င်းသည် ခွင့်လွှတ်နိုင်စရာဆိုလျှင် ချန်လွေ့သည် မတုံ့ဆိုင်းဘဲ ကူညီမည် ဖြစ်သည်။
ထိုအချိန်၌ ချန်လွေ့ ရုတ်တရက် သတိထားမိသွားသည်။အခန်းသည် အသံလုံသော်လည်း [ သရုပ်ခွဲမျက်လုံး ] ၏ အဝန်းအဝိုင်းအတွင်းရှိ ရှာဖွေမှုများကို မတားဆီးနိုင်ပေ။
ချန်လွေ့၏ အမူအရာ ထူးခြားသွားကြောင်း ခီရာ သတိထားမိလိုက်ပြီး ပါးနပ်စွာဖြင့် တိတ်တိတ် နေလိုက်သည်။ ချန်လွေ့သည် ခီရာအရှေ့၌ မတ်တပ် ရပ်လိုက်သည်။ ထိုအချိန်၌ တံခါးသည် ဒုန်းခနဲ တွန်းပွင့်ခံလိုက်ရပြီး သူတို့ဆီသို့ ပုံရိပ်တစ်ခုက လျှပ်စီးသဖွယ် ပစ်ဝင်လာသည်။
ချန်လွေ့ လက်ဝှေ့ရမ်းလိုက်ရာ အမှောင်နတ်သူငယ်သည် သူ၏အမြန်နှုန်း ရုတ်တရက် နှေးကွေးသွားကြောင်း ခံစားလိုက်ရသည်။သူ တုံ့မပြန်နိုင်ခင်မှာပင် လက်ထဲမှဓားသညိ ရုတ်တရက်ပင် တစ်ဖက်လူ၏လက်ထဲ ရောက်ရှိသွားသည်။တစ်ချိန်တည်းမှာပင် သူ၏ ရင်ဘတ်၌ နာကျင်မှုတစ်ခု ခံစားရလိုက်သည်။၎င်းမှာ သူ၏ဓားဖြင့် ထိုးစိုက် ခံလိုက်ရခြင်းပင် ဖြစ်သည်။
ချန်လွေ့သည် အမှောင်နတ်သူငယ်ကို လျှပ်စီးကဲ့သို့ အမြန်နှုန်းဖြင့် သတ်ပစ်ပြီးနောက် သူ၏ ညာဘက်က ဘေးဖက်ကို ဖမ်းဆုပ်လိုက်ရာ တယ်လီပို့ခုန်လာသည့် မဟာနတ်ဆိုးတစ်ယောက်ကို မိသွားသည်။ချန်လွေ့သည် ချက်ချင်းပင် ထိုမဟာနတ်ဆိုးကို ပင့်တင်ပြီး တစ်ချိန်တည်းမှာပင် ဘယ်လက်သီး ပစ်သွင်းလိုက်သည်။ အဝါရောင် အလင်းတန်း ဖျပ်ခနဲဖြစ်သွားပြီးနောက် ချန်လွေ့ဆီ အပြေးလာသော မဟာနတ်ဆိုးသည် ရင်ဘတ်၌ လက်သီးရာတစ်ခု ရသွားကာ နောက်ပြန်လွင့်သွား၏။
မျက်စိတစ်မှိတ်အတွင်းမှာပင် အမြင့်ဆင့်နတ်ဆိုး ထိပ်သီးပိုင်းများဖြစ်ကြသော လုပ်ကြံသူ သုံးယောက်ထဲ၌ နှစ်ယောက်သေဆုံးကာ တစ်ယောက် ဒဏ်ရာရသွားခဲ့သည်။ မဟုတ်ပေ။ သုံးယောက်စလုံး သေသွားခဲ့လေပြီ။ အခြေအနေ မဟန်ကြောင်း သိရှိပြီးနောက် ချန်လွေ့မိထားသော မဟာနတ်ဆိုးသည် မစစ်မေး ရသေးခင်မှာပင် ပါးစပ်ထဲမှ အဆိပ်အိတ်ကို ကိုက်ဖောက်ကာ အဆိပ်ကြောင့် သေဆုံးသွားခဲ့သည်။
ကြည့်ရတာ ဒီလူတွေက သေချာလေ့ကျင့်ထားတဲ့ အသေခံ တိုက်ခိုက်ရေး သမားတွေပဲ။ သူတို့ကို လွှတ်လိုက်တဲ့သူက ပြိုင်ပွဲကနေ ရန်ငြိုးရှိတဲ့ ဆရာသခင် လီယို လွှတ်လိုက်တာလည်း ဖြစ်နိုင်တယ်။တခြားပြိုင်ပွဲဝင်တွေလည်း ဖြစ်နိုင်တယ်။ ဖားလာမိုတို့ စုံတွဲလည်း ဖြစ်နိုင်တယ်။
ခီရာသည် မှော်ပညာ၌ ကျွမ်းကျင်သူ တစ်ယောက်ဖြစ်သည်။သူ၏အမြင်တွင် ချန်လွေ့သည် မြေမှော်ပညာ နှစ်ခုဖြစ်သည့် [ အရှိန်လျှော့ ] နှင့် [ မှော်လက်သီးပျံ ] တို့ကို မန္တန်ရွတ်ဖတ်စရာမလိုဘဲ အသုံးပြုခဲ့သည်။ထို့ပြင် ချန်လွေ့၌ အစွမ်းထက်သော အနီးကပ်တိုက်ခိုက်မှု စွမ်းရည်လည်း ရှိသည်။သူသည် လုပ်ကြံသူသုံးယောက်ကို ချက်ချင်းပင် ရှင်းပစ်နိုင်ခဲ့သည်။
အမြင့်ဆင့်နတ်ဆိုး ထိပ်သီးပိုင်းများ ဖြစ်ကြလျှင်လည်း ယန္တရားပညာရှင်နှင့် လုပ်ကြံသူကြားရှိ တိုက်ခိုက်ရေးစွမ်းအားမှာ သိသိသာသာ ထင်ရှားလှသည်။ သို့သော်လည်း လုပ်ကြံသူသည် သေဆုံးသွားပြီး ယန္တရားပညာရှင်မှာ ကျန်းကျန်းမာမာ ရှိနေသည်။ “ အာသာ ” ရဲ့ တကယ့်စွမ်းအားက နတ်ဆိုးဘုရင်အဆင့် ရောက်နေဖို့ များတယ်။ပြီးတော့ သူက ရုပ်ပိုင်းဆိုင်ရာရော၊ မှော်ပညာရောမှာ ကျွမ်းကျင်တယ်။
နတ်ဆိုးဘုရင်အဆင့် ထိပ်သီးပိုင်း စွမ်းအားရှိတဲ့ ယန္တရားပညာရှင် ဆိုတာက ယန္တရားဆရာသခင် တစ်ယောက်ဖြစ်ဖို့ ခြေတစ်လှမ်းပဲ လိုတော့တယ်။ ကံမကောင်းစွာနဲ့ပဲ ဒါနဲ့မလုံလောက်သေးဘူး။ ခီရာ အသာလေး သက်ပြင်းချ လိုက်သည်။ ရုတ်တရက် သူ၏လက် နွေးထွေးသွားပြီး ၎င်းမှာ ချန်လွေ့က ဆုပ်ကိုင်လိုက်၍ ဖြစ်သည်။
“ ဒီနေရာက အန္တရာယ်မကင်းဘူး။ သွားရအောင်။ မင်းမှာ အခု ဘာစွမ်းအား မရှိဘူး။ ပိုပြီးတော့ဒုက္ခပေးတဲ့ လုပ်ကြံသူတွေ ရောက်လာမယ်ဆိုရင် မင်းကို ထိခိုက်မှာ စိုးတယ်။ ”
ထိုစကားမှာ “ လုပ်ကြံသူများကိုကြောက်၍ ထွက်သွားချင်သည် ” ဟု အဓိပ္ပာယ်ရသော်လည်း ခီရာ၏ နှလုံးသားထဲ၌ နွေးထွေးမှုတစ်ခု ခံစားရလိုက်သည်။ သူသည် ချန်လွေ့၏လက်ကို မလွှတ်ဘဲ အတူလိုက်သွားတော့သည်။
လုပ်ကြံခြင်းသည် တစ်စုံတစ်ယောက် တမင်ရည်ရွယ်ထားသော အကြံအစည် ဖြစ်ရပေမည်။ ချန်လွေ့သည် စားသောက်ဆိုင်ကို အပြစ်မတင်ဘဲ ရှုပ်ပွဲနေသည်များကို ရှင်းလင်းခိုင်းလိုက်သည်။ ထို့နောက် ချန်လွေ့သည် မရပ်တန့်နေဘဲ ခီရာနှင့်အတူ ဒီရော်၏ အခြားနေအိမ်သို့ တစ်ခါတည်း ပြန်သွားခဲ့သည်။