← Chapters

ကိတ်မုန့် ဖန်တီးခြင်း။ပျော်ရွှင်စရာ မွေးနေ့ ညစာစားပွဲတစ်ခု

Vol. 17 Ch. 241

ကိတ်မုန့် ဖန်တီးခြင်း။ပျော်ရွှင်စရာ မွေးနေ့ ညစာစားပွဲတစ်ခု

Vol. 17 Ch. 241

လိပ်ပြာနီနှင့် ချော်ရည်ပြာကိစ္စများမှာ စောင့်၍ရသည့်အတွက် ချန်လွေ့အလျင်မလိုပေ။ ရာသီဥတု သာယာနေသည့်အတွက် ချန်လွေ့သည် ဇနီးလောင်းနှင့် သူငယ်ချင်း တစ်အုပ်ကို မြောက်ပိုင်းရှိ ယွမ်ဇီတောင်သို့ခေါ်သွားပြီး ပျော်ပွဲစားထွက်သွားသည်။

မူလက အသီနာသည် ရေကန်ပြာသို့သွားရန် အကြံပြုခဲ့သည်။သို့သော်လည်း ပါ့ဂ်လီအိုသည် သူ၏ဖင်ကို အသားမာဖြစ်စေခဲ့သည့် နေရာကို စိတ်ကုန်နေပြီး သွားရန်ငြင်းဆန်သည်။ထို့ကြောင့် နောက်ဆုံး၌ သူတို့သည် ယွမ်ဇီတောင်သို့သွားရန် ဆုံးဖြတ်လိုက်ကြသည်။

ငြိမ်ဝပ်ပိပြားရေး အရာရှိစံအိမ် မပြီးစီးသေးသည့်အတွက် ပြိုင်ကွင်းမြေအောက်ခန်း၌ နေ့တိုင်းနေရသော ပါ့ဂ်လီအိုသည် အလွန်စိတ်ညစ်လာခဲ့သည်။ တစ်ခါတစ်ရံ သူသည် အပြင်ထွက် အရက်ဆိုင်ထိုင်ပြီး ဟော့ပေါ့စားလေ့ရှိသော်လည်း တော်တော်လေး မသက်မသာ ခံစားနေရသေးသည်။ရိုမန်မှာမူ ငြိမ်ချက်သားကောင်းနေသည်။ဒေလီယာ ရှိနေသရွေ့ သူသည် အံ့အားသင့်စရာကောင်းလောက်အောင် ငြိမ်နေသည်။ ဒီခေါင်းမာတဲ့ နဂါးကိုလည်း ငါ အဖော်တစ်ယောက်လောက် ရှာပေးလိုက်ရင် ကောင်းမလား။

သို့သော်လည်း ထိုနဂါး၏အကြိုက်သည် အနည်းငယ် ထူးခြားသည်။သူသည် လှပ‌ပြီး မာကြောသော ကြေးခွံများနှင့် ချွန်ထက်ပြီးသန့်ရှင်းသော သွားများကို သဘောကျဟန်တူသည်။ထိုကဲ့သို့ ပြင်းထန်သော အကြိုက်မျိုးသည် အခြားသူများကို ပြောစရာစကား မဲ့သွားစေသည်။

ဒါပေမဲ့ လူစုပြီး ဘဝအကြောင်း ပြောနေရတာက ( တကယ်တော့ သောက်လိုက် ရယ်လိုက် လုပ်နေတာ ) တကယ်တမ်း ကောင်းမွန်တဲ့ နေ့ရက်တစ်ရက်ပဲလေ။

ဘဝမှာ တစ်ချိန်လုံး အကျပ်အတည်းဖြစ်နေရင် ပျင်းစရာကြီး မဟုတ်လား။

လူတိုင်း ပျော်ပျော်ရွှင်ရွှင် သောက်စား‌နေကြသော မြင်ကွင်းကိုကြည့်ရင်း ချန်လွေ့၏ စိတ်ထဲ၌ တက္ကသိုလ်တက်နေစဉ်အတွင်း ရည်းစားနှင့် သူငယ်ချင်းတစ်သိုက်နှင့်အတူ တောင်တက်ကာ အကင်စားကြသည့် နေရာများဆီ ပြန်ရောက်သွားသကဲ့သို့ပင် ခံစားလိုက်ရပြီး ပြုံးလိုက်မိသည်။

သူ၏ချစ်သူ အသီနာ၊စာချုပ်အပေါင်းအဖော် ပါ့ဂ်လီအို၊ အစေခံ ဒိုဒိုတို့အပြင် ရိုမန်နှင့် ဒေလီယာတို့သည်လည်း အပေါင်းအဖော်နေရာ၌ ပါဝင်နေကြသည်။လူများအကြား ပတ်သက်ဆက်နွှယ်မှုများမှာ အံ့ဩဖွယ်ကောင်းလှသည်။တစ်ခါတစ်ရံ အချင်းချင်း ရင်းနှီးရန်အတွက် မည်သည့် ထူးထူးခြားခြား အကြောင်းအရင်း၊ရှင်းပြချက်မျှ မလိုအပ်ပေ။

အိမ်ထောင်သည်မိန်းမ အသည်းစွဲနှင့် မုဆိုးမ အသည်းစွဲဖြစ်‌သူသည် စိတ်မချရကာ မရင့်ကျက်သော်လည်း နောက်ကျောကို ဓားနှင့်ထိုးတတ်သော ကာဆဲလက်ကဲ့သို့ လူဆိုးမဟုတ်ဘဲ မိတ်ဆွေတစ်ယောက်အတွက် ကိုယ့်ကိုယ်ကိုယ် စတေးနိုင်သော ခပ်ကြမ်းကြမ်း လူတစ်ယောက် ဖြစ်သည်။

“ ဦးလေး။ အကင် ဘယ်တော့ စားလို့ရမလဲ။ခင်ဗျား ကျုပ်ကို ကောင်းကောင်း မဆက်ဆံရင် ကျုပ်ရဲ့အဒေါ်နောက်ကို ဘယ်လိုလိုက်မှာလဲ။ ”

ရိုမန်က သွားကြားညှပ်နေသည့်အသားကို ဖယ်ပြီး ပြောသည်။ ဒီကောင်က အသားကင် ဒါဇင်ကျော်လောက်စားပြီးပြီ။ဒါလည်း သူ့ဗိုက်မပြည့်သေးဘူး။[ သရုပ်ခွဲမျက်လုံး ] က မှားသွားတာလား။ဒီကောင်က တကယ်တမ်း အစားကြူး တော်ဝင်မိသားစုဝင် များလား။

ချန်လွေ့ ခေါင်းခါလိုက်ပြီး ရိုမန်အပေါ် ယခင်က အမြင်ကောင်းများကို ရုတ်သိမ်းလိုက်သည်။ ထိုသူ၏မျက်နှာ၌ “ အရှက်မရှိ ” ဟူသော စာလုံးကို ထူထူရေးထားသည်မှာ သေချာသည်။မြို့တော်သို့ ရိုမန်အားအဖော်ပြုပြီး သူ၏ ဦးလေးဖြစ်ရန် ချန်လွေ့ စနောက်ခဲ့သည့် အချိန်မှစ၍ ရိုမန်သည် ၎င်းကိုအသုံးပြုပြီး အသီနာအရှေ့၌ ခဏခဏ ပြဿနာရှာလေသည်။

အသီနာသည် ချန်လွေ့၏ဟာရမ်ထဲ၌ မင်းသမီး ညီအစ်မနှစ်ယောက်၊ အစေခံတစ်ယောက်နှင့် တော်ဝင်အမျိုးသမီးတစ်ယောက် ထပ်တိုးလာခြင်းကို သည်းခံနိုင်သည်ဟု ပြောခဲ့သော်လည်း သူ၏စကားများနှင့် လုပ်ရပ်များမှာ ဆန့်ကျင်ဘက်ဖြစ်နေသည်။ ထို့ပြင် ထိုငတုံးမလေးသည် ချန်လွေ့အပေါ်၌ ဗိုဒိုအသုံးပြုခဲ့သော အစ်ဇဘယ်လာကို သဘောမကျပေ။ ထို့ကြောင့် ရိုမန်၏ အဒေါ်ဖြစ်သည့်တိုင် အသီနာသည် ထိုကဲ့သို့မိန်းမမျိုးကို သူ၏လူနှင့် အတူတူ ပေးနေခွင့်ပြုမည် မဟုတ်ပေ။

ထိုသို့ ရိုမန်ပြောလိုက်သည်နှင့် ဦးလေးဖြစ်သူသည် အသီနာ၏ ဆွဲဆိတ်မှုကြောင့် ခါး၌နာကျင်မှုတစ်ခု ခံစားလိုက်ရသည်။ ချန်လွေ့၏ သနားစရာ ကြွက်သားများသည် ၃၆၀ ဒီဂရီ အလှည့်ခံလိုက်ရပြီး ချန်လွေ့ နာကျင်စွာ အော်ဟစ်လိုက်သည်။ ချန်လွေ့သည် မိမိ၏အကင်များကိုစားပြီး ကျေးဇူးမသိတတ်သူကို အဆိပ်ခတ်ပြီး ဆွံ့အသွားအောင် လုပ်ချင်မိသွားသည်။

ထိုကဲ့သို့ နာကျင်ရသော်လည်း ပျော်စရာကောင်းသော ပျော်ပွဲစားသို့ ချို၃ချောင်း ကြံ့နှစ်ကောင်က ပြင်းပြင်းထန်ထန် ချဉ်းကပ်လာသည်။၎င်းတို့ ရပ်တန့်သွားသည့်အခါ အပေါ်မှ လူနှစ်ယောက် ခုန်ဆင်းလာပြီး သူတို့ဆီသို့ အလျင်အမြန် လမ်းလျှောက်လာသည်။

ခေါင်းဆောင်ကို မြင်သည့်အခါ ချန်လွေ့၏စိတ်ထဲ၌ တင်းကြပ်သွားသည်။ တစ်ဖက်လူသည် သူ့ဆီသို့ လာနေသည်မှာ သေချာသည်။

တိုက်ခိုက်ရန်အတွက်ဆိုလျှင် ရှီရာကိုယ်တိုင် လာသည့်တိုင် ပါ့ဂ်လီအို ရှိနေသည့်အတွက် ချန်လွေ့ စိတ်အေးနေနိုင်သည်။ပြဿနာမှာ တစ်ဖက်လူသည် တိုက်ခိုက်ရန်လာခြင်း မဟုတ်ပေ။ထို့ကြောင့် ပါ့ဂ်လီအိုသည် အလှပြသက်သက်သာ ဖြစ်နိုင်လေသည်။

ရန်သူအရေအတွက် - ဝတ်စုံနှင့် လူနှစ်ယောက်။

ဘော့စ်အသေးစား - မင်းသမီးဝတ်စုံနှင့် လိုလီ။

လူဆိုး - အစေခံဝတ်စုံနှင့် ကဝေမ။

“ ချန်လွေ့။ ငါနင့်ကို ရှာနေတာကြာပြီ။ နင်က ဒီမှာ တစ်ယောက်တည်း ပျော်နေတယ်ပေါ့။ ”

လိုလီလေးက ချန်လွေ့သည် သူ့အား သလင်းကျောက်နက်ဒင်္ဂါး ကုဋေနှင့်ချီ အကြွေးတင်ထားသကဲ့သို့ပင် မကျေမနပ် ဖြစ်နေလေသည်။

တစ်ယောက်တည်း ဟုတ်လား။ မင်းရဲ့အတွက်အချက်က ဒိုဒိုထက် ဆိုးနေပြီလား။ ချန်လွေ့က စိတ်ပျက်လက်ပျက်နှင့် မတ်တပ်ရပ်လိုက်သည်။သို့ရာတွင် အသီနာသည် သူ့ထက် အရင်မြန်နေပြီး နှုတ်ဆက်လိုက်သည်။

“ အဲလစ် ”

အသီနာကို မြင်သည့်အခါ လိုလီလေး၏ ဒေါသထွက်နေသော မျက်နှာသည် တောက်ပနေသော အပြုံးမျက်နှာအဖြစ် ပြောင်းလဲသွားပြီး ချန်လွေ့အား လူစီဖာ တော်ဝင်မိသားစု၌ ပုတ်သင်ညိုအစွမ်း ရှိသည်ဟု ထင်မိသွားစေသည်။

“ အသီနာ။ငါဝင်လာလို့ ဘာမှမဖြစ်ပါဘူးနော်။ ”

“ ဘာမှမဖြစ်ပါဘူး။လာခဲ့လေ။ဒီအကင်က နှင့်အတွက်။ ”

အသီနာ၏စိတ်ထဲ၌ အဲလစ်၏အနေအထားသည် ဒေလီယာနှင့် အတူတူပင် ဖြစ်သည်။ သူ၏မိတ်ဆွေကောင်းများအားလုံး အတူတူ‌ရှိနေသည့်အတွက် ပိုများလေ ပိုကောင်းလေပင် ဖြစ်သည်။

“ ဒါတွေအားလုံးက..နင့်ရဲ့ သူငယ်ချင်းတွေလား။ ”

အဲလစ်သည် သူ၏ပတ်ပတ်လည်ရှိ မျက်နှာစိမ်းများကို စိတ်ဝင်တစား ကြည့်နေသည်။ သူတို့ရဲ့ တုံ့ပြန်ပုံတွေက တည်တည်ငြိမ်ငြိမ်ပဲ။သူတို့က အမှောင်လမြို့က မဟုတ်လောက်ဘူး။ မဟုတ်ရင် ငါ့လို မင်းသမီးလေးကို တွေ့တဲ့အခါ ဘယ်သူမှ မလေးမစားလုပ်မှာ မဟုတ်ဘူး။

အသီနာ ခေါင်းညိတ်လိုက်သည်။ သူတို့သည် မိတ်ဆွေများဖြစ်ကြောင်း ကြားလိုက်သည်နှင့် အဲလစ်သည် လူတိုင်းအား ဦးညွှတ်လိုက်သည်။

“ ကျွန်မကို အဲလစ်လို့ ခေါ်လို့ရပါတယ်။ခီရာနဲ့ကျွန်မတို့ ရှင်တို့ဆီ ဝင်လာလို့ရမလား။ ”

လိုလီလေးသည် သခင်မကောင်း တစ်ယောက် ဖြစ်ဟန်တူသည်။သူသည် ခီရာကိုပင် ခေါ်လာသည်။ သို့သော်လည်း ခီရာ၏ တကယ့်သခင်မှာ အကင်ဖြစ်ပုံရသည်။

ချန်လွေ့ အမြန် မိတ်ဆက်ပေးလိုက်သည်။

“ သူတို့က သိပ်မကြာခင်ကမှ မှော်ဆရာခံတပ်ကနေ အမှောင်လမြို့ဆီလာတဲ့ အသီနာရဲ့ မိတ်ဆွေတွေပဲ။ သူက ပါ့ဂ်လီအို။ သူက နီကိုး။ ဒီသူတောင်းစားကတော့ လန်နွန်။ သူက အမှောင်လမြို့အုပ်စိုးသူ မင်းသမီးရှီရာရဲ့ ညီ‌မလေးဖြစ်တဲ့ မင်းသမီးလေးအဲလစ်ပါ။သူကတော့....ခီရာ။ ”

“ ဒီအရက်ပုလင်းကို သောက်လိုက်။ဒါဆိုရင် မင်းက ငါတို့အဖွဲ့ဝင်ဖြစ်ပြီ။ ”

ပါ့ဂ်လီအိုသည် ရေကန်ပြာဘေး၌ ချန်လွေ့ကို သတိလစ်အောင်လုက်ပြီး နမ်းခဲ့သော မင်းသမီးလေးကို မှတ်မိသည်။ သူ ပြုံးဖြီးဖြီးလုပ်ရင်း အရက်တစ်ပုလင်း ပစ်ပေးလိုက်သည်။

အဲလစ်၏မျက်လုံးများ တောက်ပသွားသည်။ “ အသီနာ၏မိတ်ဆွေများ ” ဟု အမည်ရသော ဒုစရိုက်ဂိုဏ်းကို ပါ့ဂ်လီအိုက ဦးဆောင်သကဲ့သို့ဖြစ်နေကြောင်း အဲလစ်သိသည်။ အဲလစ်သည် ပုလင်းကိုယူပြီး ပြုံးပြလိုက်သည်။

“ ကျေးဇူးတင်ပါတယ်။ကိုကြီး ပါ့ဂ်လီအို။ ”

ပါ့ဂ်လီအို ပြုံးဖြီးဖြီး လုပ်လိုက်ပြီး ထိုအသုံးအနှုန်းအကြောင်း ဘာမှ မပြောပေ။ အဲလစ်သည် ထိုကဲ့သို့ အခြေအနေကို အမှန်ကတယ် သ‌ဘောကျသည်။လိုလီလေးသည် အလွန်ဆက်ဆက်ထိမခံသော ကလေးမလေးတစ်ယောက် ဖြစ်သည်။သူသည် အလိမ်အညာများ၊မရိုးသားမှုများကို မြင်တွေ့ခဲ့ဖူးသည်။ထို့ကြောင့် ထိုသူများသည် သူ၏သရုပ်မှန်ကို အမှန်တကယ် ဂရုမစိုက်ကြောင်း သူ သေချာ ပြောနိုင်သည်။

လိုလီလေးသည် အလုပ်ကြမ်းပိုးဖြစ်သော အစ်မဖြစ်သူ၏ ကာကွယ်ထိန်းချုပ်မှု အောက်တွင် အချိန်အတော်ကြာ နေခဲ့သည်။သူသည် အဆင့်အတန်းတူတူနှင့် သံသယမရှိသော လူမှုအသိုက်အဝန်းငယ်လေးများကို အားကျသည်။ယခုတွင် အသီနာအပြင် သူ၏အဆင့်အတန်းကို ဂရုမစိုက်သော အခြားမိတ်ဆွေများလည်း ရှိနေသည်။ ထို့ကြောင့် လိုလီလေး အလွန်စိတ်လှုပ်ရှားနေသည်။ သူစိမ်း ပေးသောအရာများကို မစားမသောက်သင့်ကြောင်း စကားများကို သူဂရုမစိုက် တော့ပေ။သူ ချက်ချင်းပင် အရက်ပုလင်းကို မော့သောက်လိုက်သည်။

ချန်လွေ့ အလျင်အမြန် ထပြီး တားသည်။

“ မင်းသမီးလေး သောက်လို့မသင့်ပါဘူး။ ”

နန်းတော်မှာ စားသောက်ပွဲလည်း မရှိဘူး။ တကယ်လို့ လိုလီလေးအရက်မူးပြီး ပြန်သွားတော့ သူ့ရဲ့အစ်မ တွေ့သွားရင် တရားခံဖြစ်တဲ့ငါ့ကို လာရှာပြီးတော့ ဖြားယောင်းပြီး ပြန်ပေးဆွဲတယ်လို့ စွပ်စွဲမှာ မဟုတ်လား။

အဲလစ်၏မျက်လုံးများ ဝိုင်းစက်သွားသည်။ သူ ဒေါသထွက်ချင်သော်လည်း မိတ်ဆွေ အသစ်များအရှေ့၌ မထီလေးစားမပြုလုပ်သင့်ကြောင်း ရုတ်တရက် တွေးမိလိုက်သည်။ ထို့ကြောင့် သူ၏ဝိုင်းစက်နေသော မျက်လုံးများ၌ မျက်ရည်များ ဝဲလာသည်။

“ တကယ်တော့....ဒီနေ့က ငါ့ရဲ့ မွေးနေ့ပါ။ ငါ့ရဲ့ ဆန္ဒသေးသေးလေးကို မဖြည့်ဆည်းပေးနိုင်ဘူးလား..... ”

အဲလစ်ဘေးနားမှ အသီနာ သိမ့်သိမ့်တုန်သွားသည်။

“ မင်းသမီးလေး။နင့်ရဲ့မွေးနေ့က..... ”

အဲလစ်သည် ကတုန်ကယင်ဖြင့် အသီနာအား ပွေ့ဖက်လိုက်သည်။ သူ၏အသံ၌ ရှိုက်သံပါလာသည်။

“ အသီနာ။နင်သိပါတယ်။ ငါ့အစ်မက ငါ့မွေးနေ့ကို မမှတ်မိတာ သုံးနှစ်ဆက်တိုက် ရှိပြီ..... ”

အသီနာ၏မျက်လုံးများ ပျော့ပျောင်းသွားသည်။ သူသည် လိုလီလေး၏ ကျောကိုပုတ်ပြီး ချန်လွေ့အား ပြောသည်။

“ မင်းသမီးလေးပြေတာာ မှန်တယ်။တော်ဝင်မင်းသမီးက အရမ်းအလုပ်များနေတာ။ အဲဒါကြောင့် မင်းသမီးလေးကိုပဲ ပျော်ရွှင်အောင် လုပ်ပေးလိုက်ကြရအောင်။ ”

ချန်လွေ့သည် “ မိမိ၏အရိပ်နှင့် လမင်းနှင့်အတူ ” ပြုလုပ်ခဲ့သော မွေးနေ့ပွဲများကို တွေးမိသွားပြီး သနားသွားကာ ခေါင်းညိတ်လိုက်သည်။

“ ကောင်းပြီလေ။ဒီတစ်ခါပဲ ရမယ်။ ”

အသီနာ ပြောတဲ့အတိုင်း ငါသူ့ကို ဒီနေ့တစ်ရက်တော့ ပျော်ခွင့်ပေးလိုက်မယ်။

အသီနာကို ပွေ့ဖက်နေရင်း အဲလစ်၏မျက်လုံးများ အရောင်တောက်သွားကာ သူ၏ရှိုက်သံသည် ချက်ချင်းပင် အားတက်သွားသည်။ သူသည် သုံးပေခန့် ခုန်လိုက်ပြီး အဆို့ကိုဖွင့်ကို ပုလင်းတစ်ဝက်ကို တစ်ခါတည်း သောက်ချလိုက်သည်။လောကကြီးကို ဖရိုဖရဲဖြစ်စေချင်နေသော ရိုမန်သည် ချက်ချင်းပင် လက်ခုပ်တီးလိုက်ပြီး ပါ့ဂ်လီအိုက ပုလင်းကို မြှောက်လိုက်သည်။

မသမာသော အရက်သမားနှစ်ယောက်၏ လှုံ့ဆော်မှုကြောင့် အဲလစ်သည် ခေါင်းမော့ပြီး ပုလင်းအကုန် သောက်လိုက်ပြန်သည်။ ထိုသစ်သီးဝိုင်များ၌ အရက်ပမာဏ နည်းပါးသော်လည်း နောက်ပိုင်းသက်ရောက်မှုများမှာ သိသိသာသာ ပြင်းထန်လှသည်။ မကြာမီတွင် အဲလစ်၏မျက်နှာ နီရဲလာသည်။ မြေပြင်ပေါ်ရှိ ပုလင်းလွတ်များကိုကြည့်ရင်း ချန်လွေ့သည် လိုလီလေး၏ အရက်သောက်နိုင်စွမ်းကို အတော်လေး အံ့ဩသွားသည်။

ဒီပုံမှန်မဟုတ်တဲ့ လှုံ့ဆော်မှုတွေကို တော်ဝင်မင်းသမီး မေးခွန်းထုတ်မယ်ဆိုရင် အပြစ်ခံရမယ့်လူက ငါပဲဖြစ်မှာ.....။ ချန်လွေ့ ခေါင်းခါလိုက်ပြီး ပြောစရာစကား မဲ့သွားသည်။

ချစ်စရာလည်းကောင်း၊ အရက်သောက်လည်းကောင်းပြီး သူတို့အား ခဏခဏ အစ်ကို၊အစ်မဟု ခေါ်သည့်အတွက် အဲလစ်သည် အလျင်အမြန်ပင် ထိုအသိုက်အဝန်းထဲသို့ ရောနှောသွားသည်။ တစ်ဖက်တွင် ခီရာသည် ထူးထူးဆန်းဆန်းပင် စကားတစ်လုံးမှ မပြောပေ။ သူသည် ချန်လွေ့အား အမှန်တကယ် သစ္စာရှိပြီး ရိုးသားသော အစေခံတစ်ယောက်ကဲ့သို့ပင် ကူညီပေးနေသည်။

“ ဒါကဘာလေးလဲ။တော်တော်လေး ချစ်စရာကောင်းတဲ့ နတ်ဆိုးသားရဲပဲ။ ”

လိုလီလေးသည် ပျော်နေသည့်အချိန်၌ အရာအားလုံးကို ချစ်စရာကောင်းသည်ဟု ထင်မှတ်နေသည်။ ထို့နောက် သူသည် ဒိုဒိုထံသို့ အကင်တစ်တုံး ပစ်ပေးလိုက်သည်။ ဒိုဒိုကို သခင်ဖြစ်သူက ခွင့်ပြုချက်မရှိဘဲ စွမ်းအားမထုတ်ပြရန် တိတ်တဆိတ် သတိပေးထားသည်။ သို့သော်လည်း သူသည် စားစရာများကို မငြင်းဘဲ ချက်ချင်း မျိုချလိုက်သည်။ ထို့နောက် လိုလီလေးသည် ပို၍စိတ်လှုပ်ရှားသွားပြီး ပစ္စည်းများ ပစ်ပေးသည်။ အရက်ပုလင်းများပင် ပါလာသည်။

၎င်းသည် စားပွဲထိုးလုပ်နေရပြီး ခိုးသောက်နေ‌ရဟော ဆာ-ဒိုဒိုအား မျက်ရည်ဝဲသွားစေသည်။ နတ်ဆိုးဘုရင်အဆင့် နတ်ဆိုးသားရဲဖြစ်သည့်အလျောက် သူသည် အရက်တစ်ပုလင်းကြောင့် လှပပြီး ချစ်စရာကောင်းသော မင်းသမီးလေးအား မြှောက်ပင့်တော့သည်။ ၎င်းသည် အနည်းငယ် မူးဝေနေသော လိုလီလေးအား အော်ရယ်စေသည်။

ချန်လွေ့ ခဏစဉ်းစားပြီး ဆရာသခင်တာတာနှင့် ဆွေးနွေးတိုင်ပင်ကာ ပြုလုပ်ထားသော ထူးဆန်းသည့် မှော်ပစ္စည်းတစ်မျိုးကို ထုတ်လိုက်သည်။ ၎င်း၏လုပ်ဆောင်ချက်မှာ မုန့်ဖုတ်ခြင်း ဖြစ်သည်။

မှန်ပေသည်။ မုန့်ဖုတ်ခြင်းပင်။

အပူချိန်ထိန်းချုပ်မှုပါသော မီးမှော်စက်ဝိုင်းနှင့်.. အခြားရှုပ်ထွေးသော ပစ္စည်းများနှင့် အတူ နတ်ဆိုးဘုံ မီးဖိုတစ်ခုဖြစ်သွားလေသည်။

အများအပြား ကြိုးစားအားထုတ်ပြီး ဒီဇိုင်းဆွဲထားရသော ထိုပစ္စည်း၏ ရည်ရွယ်ချက်ကိုသိပြီးနောက် ဆရာသခင်တာတာသည် ချန်လွေ့ကို ဆွဲခေါ်ပြီး ထိုပျင်းစရာပစ္စည်းကို ခေါင်း‌ပေါ်ရွက်ခိုင်းလုမတတ် ဖြစ်သွားခဲ့သည်။သို့သော်လည်း လောကကူးပြောင်းလာသော လူတစ်ယောက် ဖြစ်သည့်အလျောက် ချန်လွေ့သည် အမှောင်နတ်ဆိုးကလေး ဆရာသခင်အား စကားအနည်းငယ်ဖြင့် အလွယ်တကူ အနိုင်ယူခဲ့သည်။

“ စစ်မှန်တဲ့ ယန္တရားပညာဆိုတာက ဘဝကိုဖျက်‌ဆီးဖို့မဟုတ်ဘူး။ ဘဝကို အကျိုးပြုဖို့ပဲ။ ”

“ ဒါက ယန္တရားပညာရဲ့ တကယ့်အဓိပ္ပာယ်ပဲ။ ”

“ ဥပမာပြောရရင် အခုလက်ရှိ တွင်တွင်ကျယ်ကျယ် သုံးနေကြတဲ့ မှော်မီးအိမ်ဆိုတာက လွန်ခဲ့တဲ့ နှစ်ပေါင်း ၇သောင်းလောက်က ယန္တရားဆရာသခင် မာတင်နီမင်း ဖန်တီး ထားတာပဲ။ ရိုးရှင်းတယ်။ ဒါပေမဲ့ ခေတ်အဆက်ဆက် လက်ဆင့်ကမ်းခဲ့ကြတယ်။ အသုံးမဝင်ဘူးလို့ ထင်တဲ့အရာတွေမှာ အသိပညာတွေ ရှိနေတယ်ဆိုတဲ့ စကားပုံအတိုင်းပဲ။ ”

အမှောင်နတ်သူငယ် ဆရာသခင်နှင့် အမှောင်နတ်ဆိုးလူပု ဆရာသခင်တို့ တွေးတောနေကြစဉ် ချန်လွေ့က သူ၏ဆရာသည် သာမန်လူများအားလုံး အသုံးပြုနိုင်သော မှော်ပညာဖြင့် မောင်းနှင်နိုင်သည့် ယာဉ်တစ်မျိုးကို ဖန်တီးခဲ့ကြောင်း၊ မှော်ပညာဖြင့် အဝတ်များကို သန့်စင်စေနိုင်သည့် ပစ္စည်းများကို ဖန်တီးခဲ့ကြောင်း ပြောပြီး အလွန်အားပြင်းသော ဗုံးတစ်လုံး ပစ်ချလိုက်သည်။

“ သတ်ဖို့၊တိုက်ခိုက်ဖို့ ပစ္စည်းတွေ လုပ်မယ့်အစား အနာဂတ်မျိုးဆက်သစ်တွေအတွက် အကျိုးရှိစေမယ့်အရာတွေကို ဘာလို့ မဖန်တီးကြတာလဲ။ ”

အရူးလုပ်ခံနေရသော ထိပ်သီးဆရာသခင် နှစ်ယောက်၏မျက်လုံးများ အရောင်တောက်သွားသည်။ အမှန်တကယ်၌ ချန်လွေ့၏ရည်ရွယ်ချက်မှာ ရိုးရှင်းသည်။သူသည် အသီနာအတွက် ကိတ်မုန်ပြုလုပ်ပေးချင်ခြင်းသာ ဖြစ်သည်။ သို့သော်လည်း သူ၏စကားသည် အနာဂတ်၌ နတ်ဆိုးဘုံ၏ “ စက်မှုတော်လှန်ရေး ” ကို မီးမြှိုက်ပေးသကဲ့သို့ ဖြစ်သွားလိမ်မည်ဟု မထင်ထားခဲ့ပေ။

အဓိကအကြောင်းပြောရမည်ဆိုလျှင် အထူးကောက်ပဲသီးနှံအမှုန့်၏ တဆေးကို အသုံးပြုပြီး ကိတ်မုန့်ဖုတ်ရန် သင့်တော်သည့် အပူချိန်၌ ထားလိုက်လျှင် ရိုးရှင်းသော ကိတ်မုန့်တစ်ခု ရရှိပြီ ဖြစ်သည်။

အမှန်တကယ်၌ မီးဖိုပြီးစီးသည်မှာ သုံးရက်ခန့် ရှိတော့မည် ဖြစ်သည်။ချန်လွေ့သည် အသီနာအား အံ့အားသင့်သွားစေရန်အတွက် တိတ်တဆိတ် စမ်းသပ်နေခြင်း ဖြစ်သည်။အကြိမ်ပေါင်းများစွာ ကျဆုံးပြီး နောက်ဆုံး၌ ချန်လွေ့သည် မီးခို၏သခင်အဖြစ် အသိအမှတ်ပြုခံရကာ အပူချိန်ကို ကျွမ်းကျွမ်းကျင်ကျင် ထိန်းချုပ်နိုင်သွားခဲ့သည်။

ရနံ့သည် အသီနာအပါအဝင် လူတိုင်းကို ဆွဲဆောင်လိုက်နိုင်သည်။ ရွှေရောင်ကိတ် ထွက်လာသည့်အခါ ချန်လွေ့သည် နို့လတ်လတ်ဆတ်ဆတ်အား နတ်ဆိုးဘုံရှိ အထူးအပင်တစ်ပင်ဖြစ်သော ဆီဖြူပင်နှင့် ရောလိုက်သည်။ ထို့နောက် ပြင်ဆင်ထားသော လက်လုပ်ပိုက်အိတ်ကို အသုံးပြုကာ ကိတ်မုန့်ပေါ်၌ ရိုးရှင်းသော ပုံစံကွက်များနှင့် စာသားများကို ဖန်တီးလိုက်သည်။

“ အဲလစ်....မွေးနေ့မှာ......ပျော်ရွှင်ပါစေ။ ”

ဘေးမှ စိတ်ရှုပ်စရာတူလေး အသံကျယ်ကျယ် ဖတ်လိုက်ရာ အားလုံး သဘောပေါက်သွားသည်။

အဲလစ်၏မျက်နှာသည် စိတ်လှုပ်ရှားမှုကြောင့် ပို၍ပင် နီမြန်းသွားသည်။ သူသည် ထိုကိတ်မွှေးမွှေးလေးကို သွားရည်ယိုနေသည်မှာ ကြာပြီဖြစ်သည်။ သူသည် ပြေးဝင်သွားပြီး အတုံးကြီးတစ်တုံး ပြေးယူရန်ပင် စဉ်းစားမိခဲ့သေးသည်။ ၎င်းသည် မိမိအတွက် ပြုလုပ်ထားခြင်းဖြစ်လိမ့်မည်ဟု သူ မထင်မှတ်ထားခဲ့ပေ။

“ အဲလစ်။ဒီနှစ် မင်းရဲ့အသက် ဘယ်လောက်ရှိပြီလဲ။ ”

“ တော်တော်ရိုင်းတာပဲ။ အမျိုးသမီးတစ်ယောက်ရဲ့အသက်ကို လွယ်လွယ်နဲ့မေးလို့ မရဘူး ဆိုတာ နင်မသိဘူးလား။ ”

အဲလစ်သည် ချန်လွေ့အား မထီမဲ့မြင်ကြည့်လိုက်ပြီး မိမိကိုယ်မိမိ ဆယ်ကျော်သက် မိန်းကလေးမဟုတ်ဘဲ “ အမျိုးသမီး ” အကန့်၌ ပြောင်ပြောင်တင်းတင်း ထားလိုက်သည်။

ချန်လွေ့ ခေါင်းခါပြီး ပြောသည်။

“ ဒါဆို ဆိုးတာပဲ။ မွေးနေ့ကိတ်က မပြည့်စုံတော့ဘူး။ အဲဒါကြောင့် အရေးကြီးတဲ့ ထုံးတမ်းတွေကို ချန်ထားရတော့မယ်။ ”

“ အာ.... ”

မွေးနေ့ဟုခေါ်သော “ ကိတ် ” နှင့်ပတ်သက်သည့် အရေးကြီးထုံးတမ်းတစ်ခုရှိကြောင်း အဲလစ် ကြားလိုက်ရသည်။ အနည်းငယ် ရှက်သွားပြီးနောက် သူသည် ဂါဝန်အစွန်းကို အသာအယာ ပွတ်သပ်ပြီး ပြောလိုက်သည်။

“ ငါက မနှစ်တုန်းက ၁၃ နှစ်ပြည့်တာ။ ”

မနှစ်ကအကြောင်း ဘယ်သူမေးလို့လဲ။ ချန်လွေ့ ပြောစရာစကား မဲ့သွားသည်။ ထားလိုက်ပါတော့။ ၁၄နှစ် မဟုတ်လား။ပုံမှန် လိုလီလေး တစ်ယောက်ပါပဲ။

ဖယောင်းတိုင်ကဲ့သို့ မီးတောက်‌နိုင်သော အပင်၁၄ပင်စိုက်ပြီးနောက် လိုလီလေးက တိုးတိုးလေး ဆုတောင်းလိုက်သည်။ထို့နောက် အဲလစ်သည် ချန်လွေ့ပြောသည့်အတိုင်း “ဖယောင်းတိုင်” ၁၄တိုင်ကို မှုတ်သတ်လိုက်သည်။တစ်ချိန်တည်းမှာပင် နူးညံ့လှသော နတ်ဆိုးဘုံဗာရှင်း ခရင်မ်များသည် မျက်နှာချင်းဆိုင်ရှိ စိတ်ရှုပ်စရာ တူလေး၏မျက်နှာ၌ သွားကပ်သည်။ဦးလေးဖြစ်သူက တမင်ရည်ရွယ်ထားသည်မှာ သေချာပေသည်။

နောက်တစ်ဆင့်မှာ ကိတ်မုန့်ခွဲဝေခြင်းပင် ဖြစ်သည်။လူတိုင်းပြုံးနေကြပြီး မိမိ၏လက်နှင့် ခွဲခဲ့သော မွေးနေ့ကိတ်အား ဝေမျှနေခြင်းကို ကြည့်နေရင်း အဲလစ်၏မျက်လုံးများ ရုတ်တရက် နီမြန်းသွားသည်။

လိုလီလေး အနည်းငယ် စိတ်ခံစားနေရသည်ကို ချန်လွေ့ သတိထားမိလိုက်ပြီး မွေ့နေ့သီချင်းဆိုရန် မေ့ခဲ့ကြောင်း သတိရသွားသည်။ထို့နောက် သူသည် “ ကိတ်မုန့်တစ်ခုကို သုံးပိုင်းပိုင်းပြီး ကလေး၅ယောက်ကို ခွဲဝေခြင်း ” အမည်ရသော ဆုကြေးပါသည့် ခန့်မှန်းရသော ကစားနည်းတစ်ခုကို ပြောပြသည်။ လောက မတူသည့်အတွက် အဖြေများလည်း မတူပေ။ အများစုမှာ ထူးဆန်းကြသည်။ နောက်ဆုံး၌ လူတိုင်း ဆုရကြသည်။သို့သော်လည်း ချန်လွေ့သည် မူရင်းအဖြေနှင့် အပြောင်အပြက် အဖြေဖြစ်သော “ ကလေးတစ်ယောက်ကို ဓားနဲ့သတ်ပြီးတော့ ကန့်လန့်ဖြတ်လိုက် ” ဟူသောအဖြေကို မရခဲ့ပေ။

အသီနာ၏ မနာလိုသောမျက်လုံးများကိုကြည့်ပြီး ချန်လွေ့ခေါင်းခါလိုက်သည်။ တရားမျှတသော သူ၏ဇနီးလောင်းသည်ပင် ယခုတွင် လိုလီလေးအား မနာလိုဖြစ်နေသည်။ ဟာရမ်လမ်းကြောင်းသည် အဝေးကြီး လိုနေသေးပုံရသည်။ ချန်လွေ့သည် အသီနာ၏နားထဲသို့ တိုးတိုးလေး ပြောလိုက်ပြီး သူ၏မွေးနေ့ကိတ်သည် ပို၍ကောင်းပြီး ပို၍ပုံစံကွက်များပါမည်ဖြစ်ကြောင်း ကတိပေးလိုက်သည်။ထိုအခါမှသာ ချန်လွေ့၏ ချစ်သူ ပြုံးတော့သည်။

ရိုမန်သည် အကြားအာရုံ အကောင်း‌ဆုံးဖြစ်သည်။စုံတွဲတစ်တွဲ၏ အတွင်းစကားများကို ခိုးနားထောင်ပြီးနောက် သူသည် ချက်ချင်းပင် ခေါင်းဆောင်ဖြစ်သူအား လက်စားချေတော့သည်။ သူသည် ချန်လွေ့အား မိတ်ဆွေထက်ပို၍ ချစ်သူကို ပိုတန်ဖိုးထားကြောင်းနှင့် ချန်လွေ့၏အမှားများကို ပုံကြီးချဲ့ကာ အပြစ်ပြောနေလိုက်သည်။

ချန်လွေ့သည် ရှိသမျှလူတိုင်း၏ မွေးနေ့များကို မှတ်ထားလိုက်ပြီး မွေးနေ့၌ ကိတ်မုန့် လုပ်ပေးမည်ဖြစ်ကြောင့် ကတိပေးလိုက်သည်။ထိုအချိန်မှသာ လူအုပ်၏ဒေါသကို ပြေလျော့သွားစေသည်။လိမ္မာဟန်ဆောင်နေသော ညှို့ငင်တတ်သည့် အစေခံ ခီရာကို ချန်လွေ့မေးလိုက်သည့်အခါ ခီရာသည် ထူးထူးဆန်းဆန်း မှင်တက်သွားသည်။

“ ကျွန်မလည်း ရမှာလား။ ”

ချန်လွေ့‌ ခေါင်းညိတ်ပြီး ဓားစာခံလည်းဖြစ် အစေခံလည်းဖြစ်သော ခီရာကို ချီးမြှောက် ပေးလိုက်သည်။ တော်ဝင်မင်းသမီးက ငါ့ကို အထူးအမိန့်ပေးပြီးတော့ အမှောင်ဆန္ဒဆိုတဲ့ လိင်အရုပ်ပေးထားပေမဲ့လည်း ငါမင်းကို အခု ကိုင်တွယ်ဖို့ အချိန်မရှိဘူး။ ဒါပြီးသွားရင်တော့.....ဟီးဟီး....

ဒါပေမဲ့ ရှီရာ၏အကြံအတိုင်းသာဆိုရင် ဒါက နည်းနည်း ရက်စက်လွန်းတယ်......။ ထားလိုက်တော့ နောက်မှပဲ ဒီကဝေမကို ဘယ်လ်ုလုပ်ရမလဲဆိုတာ စဉ်းစားတော့မယ်။

ပျော်ပျော်ရွှင်ရွှင် ညံဆူသံများ ပြီးပြီးနောက် မွေးနေ့ပွဲအဖြစ် ပြောင်းလဲသွားခဲ့သော ပျော်ပွဲစား အဆုံးသတ်သွားတော့သည်။မူးနေသော အဲလစ်သည် ဒယီးဒိယိုင်နှင့် ချန်လွေ့ထံသို့ လမ်းလျှောက်လာပြီး အရက်နံ့သည် ချန်လွေ့၏နှာခေါင်းထဲသို့ တည့်တည့်ဝင်လာသည်။

“ အစ်ကို ချန်လွေ့။ ငါ လျို့ဝှက်ချက် သေးသေးလေးတစ်ခု ပြောပြမယ်။ဒီနေ့က တကယ်တော့.... ငါ့ရဲ့မွေးနေ့ မဟုတ်ဘူး။ ”

ထွီး။ငါသိသားပဲ။ ချန်လွေ့ နှုတ်ခမ်းစူပြီး မသိချင်ယောင်ဆောင်လိုက်သည်။ ဒီကောင်မလေးက နည်းနည်းတော့ အသိစိတ်ရှိသားပဲ။အပြစ်ကို အမှန်အတိုင်း ဝန်ခံတယ်။ဒါပေမဲ့ အရင်နှစ်တွေတုန်းက အဲလစ်က မွေးနေ့တွေမှာ အမှန်တကယ် မပျော်ခဲ့ဘူးလို့ အသီနာလည်း ပြောတာပဲ။

အမှောင်လမြို့သို့ ချန်လွေ့ရောက်မလာခင်က မြို့ကိစ္စများနှင့် မြို့တော်မှဖိအားများ၏ ဝိုင်းရံမှုခံထားရသော ရှီရာသည် ညီမဖြစ်သူ၏မွေးနေ့ပွဲကို ကျင်းပရန်အတွက် အချိန်မရှိခဲ့ပေ။ ဂါ့စ်၏ သတိပေးချက်ကြောင့်သာ လက်ဆောင်တစ်ခုပေးခြင်းဖြစ်ဖြစ်၊ ဂါ့စ်အား မွေးနေ့ပွဲ သေးသေးလေးတစ်ခု ကိုယ်စားပြုလုပ်ခိုင်းခြင်းဖြစ်ဖြစ်သာ အလွန်ဆုံးရှိခဲ့သည်။

“ ဒါပေမဲ့ ငါ တကယ်ပြောတာ။ဒီလောက် တစ်ခါမှ မပျော်ဖူးဘူး....။နောက်နှစ် ငါ့ရဲ့ တကယ့်မွေးနေ့ပွဲမှာ ဒီလိုမျိုး ကျင်းပလို့ ရမလား။ ”

ချန်လွေ့ ခေါင်းညိတ်သည်။

“ ဒါပေါ့။မင်းအတွက် ပိုပြီးတော့ကြီး၊ ပိုပြီးတော့လှတဲ့ ကိတ်မုန့်တစ်ခု လုပ်ပေးမယ်လို့ ကတိပေးတယ်။ ”

“ ကျေးဇူးပါပဲ။အစ်ကို... ”

အဲလစ်၏ခန္ဓာကိုယ်သည် ချန်လွေ့ဘက်သို့ ကျသွားသည်။ချန်လွေ့လည်း အလျင်အမြန် ဖမ်းလိုက်ရာ ချစ်စရာ ရှူးဖိနပ်နီလေးက ခြေဖျားထောက်ပြီး အရက်နံ့များ ဖုံးလွှမ်းနေသော ချစ်စရာမျက်နှာသည် ချန်လွေ့၏မျက်နှာသို့ ချဉ်းကပ်လာသည်။အဲလစ်သည် ချန်လွေ့အား အမှန်တကယ်ပင် ပြွတ်ခနဲ နမ်းလိုက်သည်။

အမှောင်လမြို့၏ ‌မင်းသမီးလေးသည် ငြိမ်ဝပ်ပိပြားရေး အရာရှိ၏ ချစ်သူရှေ့၊ သူ၏သူငယ်ချင်းနှင့် လူအားလုံးရှေ့၌ ချန်လွေ့အား နမ်းခဲ့လေသည်။

ထိုသို့နမ်းပြီးနောက် အရက်အစွမ်းပြလာပြီး လိုလီလေး မထိန်းနိုင်တော့ဘဲ ချန်လွေ့၏ လက်ထဲ၌ အိပ်ပျော်သွားတော့သည်။

ထိုအချိန်၌ ချန်လွေ့သည် နေရာအနှံ့မှ မျက်လုံးများက သူ့ကိုစိုက်ကြည့်နေသကဲ့သို့ ခံစားလိုက်ရသည်။ ချန်လွေ့ အားကိုးရာမဲ့သွားသည်။ ဒါကဘာကြီးလဲ။အရက်ကို ဆင်ခြေပြပြီးတော့ ပရောပရည်လုပ်တာလား။ လူတိုင်းအရှေ့မှာ ငါထပ်ပြီးတော့ အနမ်းခံလိုက်ရတာလား။

နေပါဦး။ “ ထပ်ပြီးတော့ ” ဆိုတဲ့ စကားလုံးက ကွက်တိပဲ။ပါ့ဂ်ဂ်လီအိုရဲ့ မြူးနေတဲ့ မျက်လုံးကို ကြည့်ရတာ သူက အရင်တစ်ခေါက်တုန်းက မူးဝေတုတ်ချောင်းကို တွေးမိလိုက်တာပဲ ဖြစ်ရမယ်။သူက နှာခေါင်းပိတ်ပြီး ငါ့ကို အစ်ကိုလို့ မခေါ်လို့ တော်သေးတယ်။

ချန်လွေ့၏မျက်လုံးများသည် ဒေါသတကြီးဖြစ်နေသော ( မနာလိုတာ ပိုများမယ် ) ရိုမန်နှင့် မျက်မှောင်ကြုတ်နေသော ဒေလီယာတို့ကို ကျော်ဖြတ်သွားပြီး ထူးထူးဆန်းဆန်း မျက်နှာဖြစ်နေသော အသီနာထံသို့ ရောက်ရှိသွားပြီး ကြက်သီးထသွားသည်။ မဖြစ်ဘူး။ အဲဒီအဖြစ်အပျက်အကြောင်း မပြောအောင် အဆိပ်နဂါးကို နှုတ်ပိတ်ရမယ်။....အဲဒီအကြောင်း အသီနာသိလို့ မဖြစ်ဘူး။

နောက်ဆုံး၌ တစ်စုံတစ်ယောက်သည် ဒိုဒိုကို လျစ်လျူရှုလိုက်ပြီး ခီရာ၏ အနည်းငယ် အံ့အားသင့်နေသောမျက်နှာကို ကြည့်လိုက်သည်။

ဒါက ဘယ်လိုအမူအရာမျိုးလဲ။သူက လျို့ဝှက်ချက်တစ်ခုခုလိုမျိုး .....ဖောက်ပြန်တာ မျိုးကို တွေ့သွားသလိုလိုနဲ့။

ပြဿနာက ငါက ဒီမင်းသမီးလေးနဲ့ ဘာမှမဖြစ်တာပဲ။ဒါ....ဒါပေမဲ့ ဒီသံသယကိုတော့ ရှင်းလင်းအောင် ငါဘယ်လိုလုပ်ရမလဲ မသိတော့ဘူး။

ချန်လွေ့ ပို၍ပင် ငိုချင်သွားသည်။ ဒီအစေခံမလေးကို ငါသတ်လိုက်ရမလား။ ဒါက ရက်စက်လွန်းတယ်။

ထားလိုက်တော့။နောက်မှပဲ.....ကြည့်လုပ်လိုက်တော့မယ်။

All Chapters