သန္နိဋ္ဌာန်
Vol. 17 Ch. 243
အမှောင်လမြို့ အရှေ့မြောက် ရပ်ကွက်၌ ဖြစ်သည်။
အသစ်ဆောက်လုပ်နေသော ငြိမ်ဝပ်ပိပြားရေး အရာရှိ၏စံအိမ် လုံးဝပြီးစီးသွားလေပြီ။ ၎င်းကို အမှောင်လမြို့ရှိ ချန်လွေ့၏ အိမ်အစစ်အမှန်၌ သတ်မှတ်၍ရသည်။ သို့သော်လည်း အသီနာသည် အိမ်အသစ်သို့ ပြောင်းရွှေ့နေရခြင်းကို ပျော်ရွှင်မှု မရှိပေ။သူသည် အိပ်ယာထက်၌ လှဲလျောင်းနေသော ချန်လွေ့ကိုသာ တိတ်တဆိတ် ကြည့်နေ၏။
တစ်လကုန်ဆုံးသွားခဲ့လေပြီ။ ထိုအချိန်သည် နတ်ဆိုးများအတွက်ပင် မစားမသောက်ဘဲနေရန် ခက်ခဲသည်။ သို့သော်လည်း လူသားတစ်ယောက်ဖြစ်သော ချန်လွေ့သည် သတိလစ်နေသည်မှာ တစ်လရှိပြီ ဖြစ်သည်။ သူ့အပေါ်၌ အစ်ဇဘယ်လာ ထည့်သွင်းထားခဲ့သော ဗိုဒိုမှာလည်း ဝိညာဉ်စွမ်းအား ပေါက်ကွဲသွားစဉ်က ကြေမွသွားပြီ ဖြစ်သည်။
နတ်ဆိုးဘုံ၌ “ အစက်ချဆေးလုံးကြီး ” ကဲ့သို့ အရာမျိုး မရှိပေ။ သို့သော်လည်း နတ်ဆိုးဘုံ၌ ၎င်းနှင့်ဆင်တူသည့် သွေးစုပ်ပင်ကဲ့သို့ အပင်များမှ ဆင်းသက်လာသော လက်တံများ ရှိသည်။ ၎င်းကို ပါ့ဂ်လီအိုက လျို့ဝှက်နည်းလမ်းဖြင့် ပြင်ဆင်ပြီးသည့်အခါ သွေးစုပ်ခြင်းမှ သွေးသွင်းခြင်းသို့ ပြောင်းလဲသွားသည်။ ၎င်းသည် အသက်ကို ထိန်းသိမ်းရန်အတွက် အာဟာရများ ထောက်ပံ့ပေးသော “ အစက်ချဆေးလုံးကြီး ” ကဲ့သို့ ဖြစ်သွားသည်။
ပါ့ဂ်လီအို ပြောသည့်အတိုင်းဆိုလျှင် နတ်ဆိုးဘုံအပင်မှတစ်ဆင့် အာဟာရများကို အဆက်မပြတ် ထောက်ပံ့ပေးနေသရွေ့ ချန်လွေ့သည် မနိုးလာခင်အထိ နှစ်ပေါင်း ထောင်သောင်းနှင့်ချီ အိပ်စက်နေနိုင်မည် ဖြစ်သည်။
နှစ်ပေါင်း ထောင်သောင်းချီ တဲ့လား။ အသီနာသည် နဂါးတစ်ကောင်မဟုတ်ပေ။ ထိုအချိန်ထိသာ ချန်လွေ့ အိပ်ပျော်နေမည်ဆိုလျှင် သူ မနိုးလာခင်မှာပင် အသီနာ၏အသက် အဆုံးသတ်သွားပေမည်။
အသီနာသည် များများစားစား မစဉ်းစားခဲ့ပေ။ အကြောင်းရင်းမှာ သူသည် အသီနာ ဖြစ်၍ပင်။
ဒီလူက ငါ့ဘေးနားမှာပဲ ရှိနေတယ်။ သူ စကားတစ်ခွန်းမှ မပြောရင်တောင်၊ အိပ်စက်နေရာကနေ မနိုးလာရင်တောင် သူ့ဘေးမှာ နေနေသရွေ့ ငါ့အတွက် ပျော်ရွှင်မှု တစ်ခုပဲ။ သူ့ရဲ့ နူးညံ့တဲ့အပြုံးကို ပြန်မြင်နိုင်တဲ့အထိ ငါအသက်မရှည်ရင်တောင် သူ့ဘေးမှာ နေပြီးတော့ သူ့ရဲ့အိပ်ပျော်နေတဲ့မျက်နှာကို စိုက်ကြည့်နေရရင် လုံလောက်ပါတယ်။
သူနဲ့ငါက တစ်ယောက်တည်း မဟုတ်ဘူး။ အသီနာ ရုတ်တရက် ထူးထူးဆန်းဆန်း ပြုံးလိုက်သည်။ တစ်နေ့ကျလို့ သူ့ရဲ့ဝိညာဉ် ဒီလောကကနေ ထွက်သွားခဲ့လျှင် သူအထီးကျန်နေမှာ မဟုတ်ဘူး။
အသီနာဘေးမှ ဒေလီယာသည် အိပ်ယာဘေး၌ တစ်ချိန်လုံးထိုင်နေသော သူငယ်ချင်းကို အကြံပေးချင်ခဲ့သည်။ ထိုအပြုံးကို မြင်သည့်အခါ သူဘာမှ မပြောဖြစ်ခဲ့ပေ။ လူတိုင်းတွင် တွယ်တာစရာ ရှိကြပြီး သူသည် အသီနာအား ကောင်းကောင်း နားလည်လေသည်။
ငြိမ်ဝပ်ပိပြားရေး အရာရှိ၏ အိမ်အသစ်၌ ပါ့ဂ်လီအိုနှင့် ရိုမန်တို့သည် နေ့တိုင်း အရက်သောက်ပြီး စစ်တုရင် ကစားနေကြသည်။ ရံဖန်ရံခါ ရိုမန်က “ အဲဒီကောင် သေမှာ မဟုတ်ပါဘူး။ သူက နှစ်ပေါင်းထောင်နဲ့ချီ ပြဿနာ ရှာဦးမှာ ” ဟု ပြောတတ်သည်။ သို့သော်လည်း အခြေအနေသည် ယခင်ထက်ပို၍ ထိုင်းမှိုင်းနေသည်။ ပါ့ဂ်လီအိုလည်း စကားနည်းသွားသည်။ သူသည် အချိန်အများစုတွင် အရက်သာ သောက်နေသည်။ ယေဘုယျအားဖြင့် ပြောရလျှင် ချန်လွေ့၏စကားအရ “ ကြယ်တာရာ ကူးပြောင်းခြင်း ” အချိန် ကျော်လွန်သွားပြီ ဖြစ်သည်။သို့သော်လည်း အမည်မသိ အကြောင်းရင်းများကြောင့် လှုပ်ရှားမှုများ ရှိမနေသေးပေ။
နန်းတော်ထဲရှိ ရှီရာသည် မှုန်မှိုင်းနေသည်။ သူသည် အသီနာကဲ့သို့ စိတ်ထား မရှိပေ။ အတိအကျပြောရလျှင် သူသည် အကာအကွယ်လိုအပ်နေသော လူဘေးနား၌ အသီနာကဲ့သို့ တစ်နေ့လုံး မနေနိုင်ပေ။ သူ့တွင် နယ်မြေတစ်ခုလုံးနှင့် ဖခင်ဖြစ်သူ မသေခင်က သူပြုလုပ်ထားခဲ့သော ကျိန်ဆိုမှု ရှိနေသေးသည်။ သူသည် တစ်စုံတစ်ခုကို စွန့်လွှတ်ပြီး ရေခဲတုံးကဲ့သို့ မတုန်မလှုပ် တည်ငြိမ်မှုကို ထိန်းသိမ်းထားရမည် ဖြစ်သည်။ သို့သော်လည်း လူတိုင်းက တော်ဝင်မင်းသမီး မကြာခဏ ဂနာမငြိမ်ဖြစ်နေကြောင်း ခံစားရသည်။ တစ်ခါတစ်ရံ၌ သူသည် အထိန်းအချုပ် လွတ်ပြီး ဒေါသပေါက်ကွဲ ထွက်သွားတတ်သည်။ မြို့တော်၏ အရေးယူမှုသည် တော်ဝင်မင်းသမီးအား မသက်မသာ ခံစားနေရစေသည်ဟု သူတို့ ထင်ခဲ့ကြသည်။
ရှီရာ ကြီးပြင်းလာသည်ကို ကြည့်ခဲ့ရသော ဂါ့စ်တစ်ယောက်တည်းသား ခြားနားမှုကို သိသည်။ တော်ဝင်မင်းသမီးသည် ဝမ်းနည်းနေခြင်း ဖြစ်သည်။
သို့သော်လည်း နောက်ထပ်မင်းသမီးသည် မမျှော်လင့်ထားသော ခိုင်မာမှုကို ပြသခဲ့သည်။ လိုလီလေးသည် တစ်ချိန်တည်းမှာပင် အများကြီး ရင့်ကျက်သွားသကဲ့သို့ ဖြစ်သွားသည်။ မင်းသမီး လက်လီစတိုး၏ စီးပွားရေး နိမ့်ဆင်းမသွားဘဲ မူရင်းအစီအစဉ်အတိုင်း ဖြစ်သွားကာ ဆိုင်ခွဲတစ်ခုကိုပင် အောင်အောင်မြင်မြင် ဖွင့်လှစ်နိုင်ခဲ့သည်။
အဲလစ်သည် ကိစ္စတစ်ခုကို စွဲစွဲမြဲမြဲ ယုံကြည်နေသည်။ အစ်ကိုက သေချာပေါက် နိုးလာမှာ။ သူက ပိုပြီးတော့လှ၊ ပိုပြီးတော့ကြီးတဲ့ ကိတ်မုန့်ကို နောက်မွေးနေ့မှာ လုပ်ပေးမယ်လို့ ကတိပေးထားတယ်။
အမှန်တကယ်၌ ထိုနေ့က မူးနေသော လိုလီလေးသည် အရာအားလုံးကို မမေ့သွားခဲ့ဘဲ အဓိကစကားများကိုသာ ရွေးပြီးမှတ်မိနေခဲ့သည်။ သူသည် လူစီဖာတော်ဝင်မိသားစု၏ “ ထူးဆန်းသော ပါရမီများ ” ရှိသည့်သူတစ်ယောက်ဖြစ်သည်မှာ အသေအချာပင် ဖြစ်လေသည်။
ချန်လွေ့၏ အခြေအနေမှာလည်း သိပ်ပြီးမကောင်းလှပေ။
အသူရာ၏အသံ ထွက်လာသည်။
“ နောက်ဆုံးမြင်ကွင်းက တော်တော်လေး ကာမရာဂ သောင်းကျန်းတာပဲ။ မင်းရဲ့အတွင်း အမှောင်လောကထဲမှာ ဒီလောက်တောင် ပြင်းပြတဲ့ လိုအင်ဆန္ဒတွေ ရှိနေတယ်။ မင်းတွေးလိုက်တဲ့ဘယ်သူ့ကိုမဆို၊ မင်းရဲ့စိတ်ထဲကျန်ခဲ့တဲ့ ဘယ်သူ့ကိုမဆို၊ ပြီးတော့လည်း ဒီလောက က မဟုတ်ဘဲ အခြားလောကမှာရှိတဲ့ ရုပ်ရှင်တွေ၊ ဇာတ်လမ်းတွေထဲက မိန်းမတွေအားလုံးကို မင်းက အကြိမ်ပေါင်း မရေတွက်နိုင်အောင် အနိုင်ကျင့်ဖျက်ဆီးခဲ့တယ်။ဒါက အံ့ဩစရာ မကောင်းဘူးလား။တကယ်တော့ ဒါတွေက ငါဖန်တီးတဲ့ ပုံရိပ်ယောင် မဟုတ်ဘူး။မင်းရဲ့ စစ်မှန်တဲ့အတွင်းစိတ်က တုံ့ပြန်တာပဲ။ ”
ချန်လွေ့ စကားတစ်ခွန်းမှ မပြောဘဲ အသူရာအား ပြင်းပြင်းထန်ထန် စိုက်ကြည့်နေသည်။ သူ၏ သွေးနီရောင်မျက်လုံးများ၌ သတ်ဖြတ်ချင်စိတ်များ ပြည့်နှက်နေသည်။
“ ငါ့ကို သတ်ချင်တာလား။ ”
အသူရာ မဲ့ပြုံးပြုံးလိုက်သည်။
“ စွမ်းအားဆိုတာ လိုအင်ဆန္ဒကနေ လာတာ။လိုအင်ဆန္ဒ အမျိုးမျိုးကြောင့် မင်းရဲ့စွမ်းအားက အခုဆို တော်တော်လေး ကြီးမားနေပြီ။ငါမင်းကို မယှဉ်နိုင်ဘူးဆိုတာ ဝန်ခံပါတယ်။ဒါပေမဲ့ မင်းဘာလို့ မလှုပ်ရှားရဲတာလဲ။ ”
“ ငါ့ကို ပိုပြီးကျရှုံးအောင် လုပ်ဖို့ကြိုးစားနေတာလား။ ”
ချန်လွေ့ အံကြိတ်လိုက်သည်။
“ ဒီအမှောင်ပုံရိပ်ယောင်တွေက ငါ့ရဲ့ တိုက်ခိုက်ချင်စိတ်ကို ဖျက်ဆီးဖို့ထက် မပိုဘူး။ ငါမင်းရဲ့ စကားတွေနဲ့ စိတ်ပြောင်းမှာ မဟုတ်ဘူး။ငါမင်းကို ဖျက်ဆီးပစ်ဖို့အတွက် အဆုံးထိကို ကြံ့ကြံ့ခံနေမယ်။ ”
“ မင်း နားမလည်သေးဘူးလား။ ”
အသူရာ သက်ပြင်းချလိုက်သည်။
“ ငါက တကယ်တမ်း မင်းပဲ။ လူတစ်ယောက်ရဲ့ နှလုံးသားထဲက လိုအင်ဆန္ဒဆိုတာ အဆုံးမရှိဘူး။ အတွင်းနတ်ဆိုးဆိုတာကလည်း လူတိုင်းရဲ့ လိုအင်ဆန္ဒကနေ မွေးဖွားလာတာ။ နတ်ဆိုးဘုံရဲ့ တော်ဝင်မိသားစု(၇)စုဖြစ်တဲ့ မာန၊ကာမ၊လောက၊ အမျက်....စတဲ့နာမည်တွေလိုမျိုးပဲ။ဒါတွေကို အခြားလောကတစ်ခုမှာ ဒုစရိုက်ကြီး (၇)ပါးလို့ ခေါ်ကြတယ်။အဲဒါတွေက လူတိုင်းရဲ့နှလုံးသားထဲမှာ ရှိနေကြတယ်။မင်းငါ့ကို သတ်လို့ရမှာ မဟုတ်ဘူး။ ”
ချန်လွေ့ အော်ဟစ်ပြီး [ အရှိန်အဝါဓားသွား ] ဖြင့် ဝှေ့ရမ်းလိုက်ရာ အသူရာ ရှောင်တိမ်းလိုက်သည်။ သို့သော်လည်း ကျန်ရှိသည့်လှိုင်းကြောင့် သူ၏လက် ပြတ်ထွက်သွားသည်။ သို့သော်လည်း အသူရာ ရယ်နေသေးသည်။
“ ပဏ္ဍိတဆိုတဲ့သူတွေတောင် အတွင်းနတ်ဆိုး ဖြစ်လာတာကို မရှောင်ရှားနိုင်ဘူး။ မင်းက စိတ်ကို သန့်စင်ချင်တော့ရော ဘာဖြစ်လဲ။ မင်း စိတ်ကို သန့်စင်လေလေ မင်းရဲ့နှလုံးသားထဲက အမှောင်ခြမ်းကို ပိုပြီး ခံစားမိလေလေပဲ။ မင်းက ပြောင်းလဲလို့မရတဲ့ အဲဒီအမှောင်ခြမ်းတွေကနေ လွတ်မြောက်ဖို့အတွက်နဲ့ ငါ့ကိုသတ်တယ်။မင်း ငါ့ကို သတ်တဲ့အချိန်တိုင်း မင်းရဲ့စွမ်းအား တိုးလာမယ်။ဒါပေမဲ့ မင်းရဲ့စိတ်စွမ်းအားကတော့ နိမ့်ကျသွားမှာပဲ။ ”
ချန်လွေ့သည် ကြမ်းတမ်းသော သတ်ဖြတ်ချင်စိတ်ကို ဖိနှိပ်လိုက်သည်။
“ ပါးစပ်ပိတ်ထား။ ငါ ခုခံတာကို လက်လျှော့မှာ မဟုတ်ဘူး။ မင်းက နတ်ဆိုးအရှင်သခင်အဆင့် ဝိညာဉ်ဆိုရင်တောင် တစ်နေ့ကျရင် ခြေကုန်လက်ပန်း ကျသွားမှာပဲ။ ”
“ နတ်ဆိုးအရှင်သခင်အဆင့် ဟုတ်လား။ မင်းက ငါ့ကို ဂလော်ဖင်းရဲ့ဝိညာဉ်ကနေ မွေးဖွားလာတဲ့ နိမ့်ကျတဲ့အရာတစ်ခုလို့ ထင်နေတာလား။ ”
အသူရာက အထင်သေးစွာဖြင့် သရော်ပြုံးပြုံးလိုက်သည်။
“ နတ်ဆိုးအရှင်သခင်အဆင့်က ပုရွက်ဆိတ်သာသာပဲ။ ငါ့မှာရှိတဲ့စွမ်းအားက အနာဂတ်မှာ မင်းအတွက် ဒီနေရာတစ်ခုလုံးကို သိမ်းပိုက်ဖို့အတွက် လုံလောက်တယ်။ နတ်ဆိုးဘုံဖြစ်ဖြစ်၊ မြေပေါ်လောကပဲဖြစ်ဖြစ် သူတို့တွေက မင်းရဲ့ ခြေထောက်အောက်မှာ အညံ့ခံပြီးတော့ တုန်လှုပ်နေရမယ်။ခွန်အားက အရာအားလုံးရဲ့ အဆုံးအဖြတ်ပဲ။အဲဒီအချိန်ကျရင် မင်း မိန်းမတွေ ကြိုက်သလောက် ယူလို့ရတယ်။ ”
အသူရာ၏ စကားများသည် ချန်လွေ့ကို အံ့အားသင့်သွားစေသည်။
“ မင်းက ဘာကောင်ကြီးလဲ။ ”
“ ငါမသိဘူး။အစကတော့ ငါက ပျောက်ကွယ်တော့မယ့် စွမ်းအင် အနည်းငယ်လေးပဲ။ ငါက မင်းရဲ့ အတွင်း အမှောင်လာကထဲကနေ အသိစိတ်နဲ့ စွမ်းအားရလာပြီးတော့ မင်းအခုနားလည်တဲ့ အတွင်းနတ်ဆိုး ဖြစ်လာတာ။ ”
ပျောက်ကွယ်တော့မယ့် စွမ်းအင်လား။ အဲဒါက ဘာများလဲ။ ချန်လွေ့ သိချင်သွားသည်။ အသူရာ ထိုသို့ ပြောလိုက်သည့်အခါ ချန်လွေ့သည် အနည်းငယ် ထူးဆန်းသည်ဟု ခံစားလိုက်ရသည်။ အရင် အသူရာက ဒီလိုမျိုး သီးခြားအသိစိတ် မရှိပါဘူး။ အဲဒီ “ အရင် ” ဆိုတာက..... အသံတိတ်ည စိမ့်မြေဆီကို ငါမသွားခင်တုန်းက ဖြစ်မယ်။
“ ငါ့ရဲ့ဇစ်မြစ်ကို အခု မဖြေရှာလို့ ဘာမှအဓိပ္ပာယ် မရှိဘူး။မင်းသိရမှာ တစ်ခုပဲရှိတယ်။ ခုခံမှုကို လက်လျှော့ပြီး ငါ့ရဲ့ပူးပေါင်းဖို့ ရွေးချယ်ပြီးတော့ အလင်းလို့ခေါ်တဲ့ဟာနဲ့ ပိတ်ဆို့နေတဲ့ အမှောင်နှလုံးသားကို အာခံမယ်ဆိုရင် အားလုံးရဲ့ အထက်မှာရှိတဲ့ စစ်မှန်ပြီးအစွမ်းထက်တဲ့ စိတ်စွမ်းအားနဲ့ ခွန်အားကို ရရှိလိမ့်မယ်။ ”
အသူရာ၏အသံ၌ ရုတ်တရက် ဆွဲဆောင်မှုများ အပြည့်ဖြစ်နေသည်။
“ အနည်းဆုံးတော့ နတ်ဘုရားတစ်ပိုင်း အဆင့်ကို မင်းရနိုင်တယ်။ပြီးတော့ နတ်ဘုရားတစ်ယောက် ဖြစ်သွားနိုင်ချေလည်း ရှိတယ်။မင်းက နတ်ဘုရား ဖြစ်သွားမယ်ဆိုရင် မင်းချစ်ရတဲ့ မိန်းမတွေနဲ့ အပေါင်းအဖော်တွေကို ထာဝရ ရှင်သန်အောင် လုပ်ပေးနိုင်တယ်။ မင်း အေးအေးဆေးဆေးနဲ့ ဘဝကို ပျော်သလို နေလို့ရတယ်။ ”
နတ်ဘုရားတစ်ပိုင်း။ နတ်ဘုရား ဟုတ်လား။ ချန်လွေ့သည် အသက်ရှူသံ အနည်းငယ် လေးလံသွားပြီး အသူရာထံသို့ လမ်းလျှောက်မိသွားသည်။ အသူရာ ဂုဏ်ယူစွာ ပြုံးလိုက်သည့်အခါ၌ ဓားသွား အလင်းရောင်တစ်ခု ဖျပ်ခနဲ ဖြစ်သွားပြီး သူ၏ ခန္ဓာကိုယ်သည် ထိပ်ပိုင်းမှ အောက်ခြေအထိ ခုတ်ပိုင်းခံလိုက်ရသည်။
“ ငါမင်းကို မယုံဘူး။ ”
“ မင်းမှာ ဒီလိုမျိုး ခိုင်မာတဲ့ စိတ်စွမ်းအား ရှိလိမ့်မယ်ဆိုတာ မယုံနိုင်ခဲ့ဘူး။မင်းက တကယ့်ကို ငါရွေးချယ်ထားတဲ့သူပဲ။ ”
အသူရာနှစ်ပိုင်းသည် ထပ်ဆင့်ပြုလုပ်ပြီး အေးစက်စက် ရယ်လိုက်သည်။
“ ကံမကောင်းတာကတော့ မင်းရဲ့နှလုံးသားထဲမှာ အမှောင်ထု ရှိနေသရွေ့ ငါ့ကို ဘယ်တော့မှ သတ်လို့ရမှာ မဟုတ်ဘူး။ မင်းရဲ့နှလုံးသားကို ကြည့်လိုက်ဦး။ မင်း တစ်ချိန်လုံး ထွက်ပြေးနိုင်မှာ မဟုတ်ဘူး။ ”
“ တစ်နေ့ မင်းထွက်ပြေး မလွတ်မြောက်နိုင်တဲ့ အချိန်ကျရင်....... ”
စကားမဆုံးသေးခင်မှာပင် အသူရာသည် လေထုထဲသို့ ပျောက်ကွယ်သွားသည်။
ချန်လွေ့သည် ဟင်းလင်းပြင်ထဲသို့ ရောက်ရှိသွားပြန်သည်။ သူသည် အလွန်အမင်း ပင်ပန်းနွမ်းနယ် နေပုံရသည်။ အသူရာ၏ စကားများသည် သူ၏နားထဲ၌ မြည်ဟည်းနေ၏။
“ မင်းရဲ့နှလုံးသားထဲမှာ အမှောင်ထု ရှိနေသေးသရွေ့ ငါ့ကို လုံးဝသတ်လို့ရမှာ မဟုတ်ဘူး။ ”
အတွင်းနတ်ဆိုးပြောတာ မှန်ချင်မှန်မယ်။ ငါရဲ့စိတ်ကို သန့်စင်လေလေ အတွင်းစိတ်ရဲ့ အမှောင်ခြမ်းကို မြင်ရလေလေ။ သတ်ဖြတ်တာက ရှောင်ပြေးရုံ သက်သက်ပဲ။ဒါပေမဲ့ အမှောင်ထုကို နာခံပြီး ပေါင်းစပ်လိုက်ရင် ငါ့ကိုယ်ငါ ဆုံးရှုံးသွားလိမ့်မယ်။ အတွင်းနတ်ဆိုးတွေကို သတ်မယ်ဆိုရင်လည်း ငါ့ကိုယ်ငါ တစ်ဆင့်ချင်း ဆွဲချနေသလိုပဲ။ ငါ ဘယ်လို လုပ်သင့်လဲ။
အချိန် အလျင်အမြန် ကုန်ဆုံးသွားပြီး နောက်ထပ်တစ်လ ကုန်ဆုံးသွားပြန်၏။
ယခင်နှစ်လကျော်အတွင်း၌ အမှောင်လမြို့သည် အတော်များများ ပြောင်းလဲသွားသည်။ တော်ဝင်မင်းသမီးရှီရာ၏ ကြိုးစားအားထုတ်မှုနှင့် မယ်လွန် မိသားစု၏ “ အကူအညီ ” တို့ကြောင့် လိပ်ပြာနီနယ်မြေမှ စားစရာအထောက်အပံ့ လျော့ချလိုက်သော်လည်း အမှောင်လ မြို့သူ/သားများ အစိုးရိမ်ဆုံးဖြစ်သော ငတ်မွတ်ခေါင်းပါးမှု ဖြစ်မလာခဲ့ပေ။ တော်ဝင်မင်းသမီးနောက်လိုက်ခြင်းသည် မှန်ကန်ခဲ့ပုံရလေသည်။
အမှောင်လမြို့ ညဈေးမှာလည်း အဆင်ပြေပြေ ဖြစ်လာသည်။ ၎င်းသည် အလွန်အမင်း နာမည်ကျော်လာခဲ့သည်။ မိသားစုအများအပြားက ထိုကြွယ်ဝသော စီးပွားရေး လုပ်ငန်းကို တပ်မက်လာကြသည်။ ချန်လွေ့၏ ယခင်အကြံအစည်အရ အမှောင်လမြို့ ညဈေးကို အရှေ့နှင့်အနောက်ဟူ၍ နှစ်ပိုင်း ပိုင်းထားပြီး ၎င်းတို့ကို ဗဟို၌ စုစည်းခြင်း ဖြစ်သည်။ ယခင်ကကဲ့သို့ လူသူကင်းမဲ့သော မြင်ကွင်းများ ပြောင်းလဲသွားသည်။ ကုန်သည်များကလည်း သူတို့၏စတိုးဆိုင်များကို ပိုကောင်းအောင်လုပ်ပြီး အခြေချ နေထိုင်ကြသည်။ လမ်းတစ်လျှောက် လုပ်ငန်းများပင် တိုးပွားလာသည်။ အနောက်ဘက် လမ်းကြောင်းမှတစ်ဆင့် အမှောင်လမြို့သို့ ခရီးအသွားအပြန်လုပ်သော ကုန်သည် အရေအတွက်များလည်း တဖြည်းဖြည်း တိုးပွားလာသော်လည်း ပြတ်တောင်းပြတ်တောင်းသာ ဖြစ်သည်။ အကျဉ်းချုံးပြောရလျှင် ၎င်းသည် အစကောင်းတစ်ခု ဖြစ်သည်။
မြို့တော်၏ အရေးယူမှု အခြေအနေကြောင့် ကုန်သွယ်မှု အခွန်များမှာလည်း နှစ်ဆတိုးသွားသည်။
သုံးလေးလ အထူးလေ့ကျင့်ပြီးနောက် အသီနာ ဦးဆောင်သော မြို့စောင့်တပ်သည် လုံးဝအသစ်စက်စက် ဖြစ်သွားသည်။ သူတို့၏ တက်ကြွနေသောပုံစံများသည် ယခင်ကဲ့သို့ ပျင်းရိမှုများနှင့် တခြားစီ ဖြစ်နေသည်။ မြို့စောင့်တပ်နှင့် ဝတ်ရုံဂိုဏ်းတို့၏ ပူးပေါင်းမှုအောက်တွင် အမှောင်လမြို့၌သာမက နယ်မြေအခြားနေရာများရှိ သူခိုးဓားပြများနှင့် အခြားပြစ်မှုများ တဖြည်းဖြည်း လျော့ကျလာသည်။ ပြိုင်ကွင်းမှာမူ ယခင်ကထက် ပို၍စည်ကားလာသည်။၎င်းသည် လူအများ၏ အပိုစွမ်းအင်များနှင့် တိုက်ခိုက်ချင်စိတ်များ ထွက်ပေါက်ရှာသော နေရာတစ်ခု ဖြစ်လာသည်။
၎င်းတို့သည် အမှောင်လမြို့အတွက် ကောင်းမွန်သော ပြောင်းလဲမှုများ ဖြစ်သည်။ ၎င်းတို့ကို မြို့တော်က မသိရန် မဖြစ်နိုင်ပေ။ ချန်လွေ့၏ အစီအစဉ်အရဆိုလျှင် အဓိကလှုပ်ရှားမှုတစ်ခုကို တရားဝင် အကောင်အထည်ဖော်ရမည် ဖြစ်သည်။ သို့သော်လည်း အစီအစဉ်သည် ပြောင်းလဲမှုများနှင့် မလိုက်နိုင်ပေ။ နောက်ကွယ်မှ ကြိုးကိုင်သူသည် အရာအားလုံးကို စဉ်းစားခဲ့သော်လည်း သူကိုယ်တိုင် နှစ်လကြာ သတိလစ်နေလိမ့်မည်ဟု မထင်မှတ်ထားခဲ့ပေ။
ချန်လွေ့ အိပ်ပျော်နေဆဲဖြစ်သည်။ ပါ့ဂ်လီအို ပြုပြင်ထားသော သွေးစုပ်အပင်များ ကြောင့်သာ မဟုတ်လျှင် ချန်လွေ့သည် စွမ်းအင်ကုန်ခမ်းခြင်းကြောင့် အမှန်တကယ် သေဆုံးသွားနိုင်ချေများသည်။ သို့သော်လည်း ယခုတွင် သူသည် သေသည်နှင့် သိပ်မခြားနားတော့ပေ။ သူ၏ အသက်လှုပ်ရှားမှုများ ပို၍အားနည်းလာပြီး အချိန်မရွေး သေဆုံးသွားနိုင်သည့် အန္တရာယ် ရှိနေသည်။
အမှန်တကယ်၌ သူ၏အသိစိတ်မှာ သေလုနီးပါး ဖြစ်နေပြီ ဖြစ်သည်။
အသူရာ...
အသူရာ ရှိနေသေးသည်။ သို့သော်လည်း တစ်ယောက်ထက်ပိုသည်။ ချန်လွေ့ကို အဘက်ဘက်မှ ဝိုင်းနေသော အသူရာထောင်နှင့်ချီ ရှိနေသည်။
“ ဒီလောက်အထိ တိုက်ခိုက်နိုင်လို့ ငါမင်းကို ချီးကျူးရမယ်။ ဒါပေမဲ့ မင်းရဲ့ခုခံမှုနဲ့ စိတ်စွမ်းအားက ဘယ်လောက်ပဲ အားကောင်းပါစေ၊ မင်းစိတ်ထဲမှာရှိတဲ့ လောကထဲကနေ လွတ်မြောက်နိုင်မှာ မဟုတ်ဘူး။ အခုတော့ မင်းလုံးဝ မလွတ်မြောက်နိုင်တော့ဘူး။ ”
အသူရာ ရယ်လိုက်သည်။
“ မကြာခင် မင်းက ငါတို့ထဲကတစ်ယောက် ဖြစ်လာမယ်။မင်းရဲ့နည်းနည်းကျန်တဲ့ အသိစိတ်နဲ့ ငါပေါင်းစပ်လိုက်မယ်ဆိုရင် ငါ့ရဲ့ဝိညာဉ်က ပြီးပြည့်စုံသွားပြီ။မင်းမှာရှိတဲ့ အရာအားလုံးကို ငါပိုင်ဆိုင်တော့မှာ။ ”
အသူရာသည် အလကား မသေသွားခဲ့ပေ။ သူ အသတ်ခံလိုက်ရတိုင်း စွမ်းအားတိုးလာသည်။ အကြိမ်ပေါင်းများစွာ အသတ်ခံရပြီးနောက် အသူရာသည် ကြောက်မက်ဖွယ်ကောင်းလောက်အောင် ဆင့်ကဲပြောင်းလဲလာပြီး ကိုယ်ပွားခြင်းကို တပ်ကျွမ်းသွားခဲ့သည်။ ထို့နောက် သူ၏စွမ်းအားနှင့် ကိုယ်ပွားအရေအတွက်မှာ အဆုံးမရှိနီးပါး တိုးမြင့်သွားခဲ့သည်။ ထို့ပြင် အသူရာသည် တိုက်ခိုက်မှုများမှတစ်ဆင့် ချန်လွေ့၏ အသိစိတ်ကို ဝါးမျိုနိုင်နေသည်။
တိုက်ပွဲပေါင်းများစွာ ခက်ခက်ခဲခဲ တိုက်ခိုက်ပြီးနောက် ချန်လွေ့တွင် အသိစိတ် အနည်းငယ်သာ ကျန်တော့သည်။ ထို့ပြင် သူသည် ဝိုင်းရံခြင်း ခံထားနေရသည်။
မျှော်လင့်ချက်မဲ့နေသည်မှာ အသေအချာပင် ဖြစ်လေသည်။
“ ဒီနေ့ရက်တွေမှာ ကိစ္စတစ်ခုကို ငါစဉ်းစားနေခဲ့တာ။ ”
ချန်လွေ့သည် အသူရာ တစ်လှမ်းချင်း လှမ်းလာသည်ကို ကြည့်ရင်း သက်ပြင်းလိုက်သည်။
“ ဒီအခြေအနေအထိ ရောက်လာပြီဆိုတော့ ငါ့ရဲ့နောက်ဆုံးကျန်တဲ့ အသိစိတ် နှလုံးသားနဲ့ အဖြေကိုရှာပါရစေ။ ”
အသူရာ စက်ဝိုင်းသည် တဖြည်းဖြည်း သေးလာသော်လည်း ချန်လွေ့၏စိတ် တည်ငြိမ်နေသည်။ သူသည် ယခင်ကကြည့်ခဲ့ဖူးသည့် [ The Matrix Revolution ] အမည်ရှိ ရုပ်ရှင်ဇာတ်ကားကို ရုတ်တရက် သတိရမိသွားသည်။ ထိုထဲ၌ စမစ်သ် အမည်ရှိ “ ဗိုင်းရပ်စ် ” သည် သူ့အရှေ့မှ အသူရာကဲ့သို့ပင် အဆုံးမရှိ ကိုယ်ပွားနိုင်သည်။ တကယ်လို့ ငါက တကယ်ပဲ ဇာတ်လိုက်ဆိုရင် ခဏနေ ကံကောင်းခြင်းတွေ ပေါ်လာပေးပါ။
အောင်မြင်မလား၊ ကျရှုံးမလားဆိုတာကတော့ ဒီအပေါ်မှာပဲ လောင်းကြေး ထပ်လိုက်ပြီ။
မနက်စောစော၌ အခန်းထဲရှိ ပင်ပန်းနွမ်းနယ်နေသော အသီနာသည် ထူးဆန်းသော အငွေ့အသက် တစ်ခုကို ရုတ်တရက် ခံစားလိုက်ရပြီး သူ၏နွမ်းလျနေသော မျက်လုံးများ ရုတ်တရက် ပွင့်သွားသည်။ သူ၏လက်ရှိ နတ်ဆိုးဘုရင်အဆင့် ထိပ်သီးပိုင်းဖြင့် သူသည် မူလက အားနည်းနေသော ချန်လွေ့၏ ခန္ဓာကိုယ်ပေါ်ရှိ အငွေ့အသက်မှာ ပြိုလဲလုနီးပါး ဖြစ်နေကြောင်း ခံစားမိလိုက်သည်။
“ ပါ့ဂ်လီအို ”
အသီနာ၏နှလုံးသား ရုတ်တရက် တင်းကြပ်သွားပြီး ငိုသံဖြင့် အော်ဟစ်လိုက်သည်။
“ မြန်မြန်လာ။ ”
လေပြည်တစ်ခု ဖြတ်သွားပြီး အခန်းထဲသို့ ပါ့ဂ်လီအို ရောက်ရှိလာသည်။အဆိပ်နဂါး၏ စူးရှသော မျက်လုံးဖြင့် ချန်လွေ့ အခြေအနေမကောင်းသည်ကို တစ်ချက်ကြည့်ရုံဖြင့် သိသွားသည်။
“ ဘယ်လိုဖြစ်သွားတာလဲ။ ”
မူလက ပါ့ဂ်လီပိုသည် ချန်လွေ့ ရှုံးနိမ့်သွားခဲ့လျှင် မိမိ၏မူလအသိစိတ်ကို အသက်သွင်းရန် ပြင်ဆင်ထားခဲ့သည်။ မမျှော်လင့်ထားဘဲ အခြေအနေသည် ထင်ထားသည်ထက် ပိုစောနေသည်။ သူ၏အသက်သည် အမှန်တကယ်ပင် အဆုံးသတ်နေသည်။ ချန်လွေ့၏ သတိလစ်နေခြင်းသည် လုံးဝလက္ခဏာ မရှိပေ။ ထို့ကြောင့် ပြန်လည်ရှင်သန်ခြင်း ဆေးရည်တစ်ပုလင်းကိုပင် မလဲလှယ်နိုင်ပေ။
အသီနာက အသည်းအသန် ခေါင်းခါသည်။
“ ကျွန်မ မသိဘူး။ရုတ်တရက် ဒီလိုဖြစ်သွားတာ။သူ့ကို မြန်မြန် ကယ်ပေးပါ။ ”
အဆိပ်နဂါးသည် လျို့ဝှက်နည်းလမ်းကို တစ်ခါတည်း အကြိမ်ကြိမ် သုံးသည်။ သို့သော်လည်း ချန်လွေ့၏ လက်ကျန် အသက်စွမ်းအားကို မပြိုလဲသွားအောင် မလုပ်နိုင်ခဲ့ပေ။ သူ ခါးသက်သပ်ပြုံးလိုက်သည်။
“ ဒါပဲလား။ ”
သူတို့နှစ်ယောက်သည် သဟဇီဝစာချုပ် ချုပ်ဆိုထားသည့်အတွက် ချန်လွေ့သေလျှင် ပါ့ဂ်လီအိုလည်း အသက်ရှင်မည် မဟုတ်ပေ။
အသိစိတ် လေဟာနယ်ထဲ၌ ဟင်းလင်းပြင်သည် ပျောက်ဆုံးနေသည်မှာ ကြာပြီဖြစ်သော နေအဖွဲ့အစည်းအဖြစ်သို့ ပြန်လည်ရောက်ရှိလာသည်။ ဟင်းလင်းပြင်၌ လွင့်မျောနေသော အသူရာ ထောင်နှင့်ချီသည် တစ်ပြိုင်နက်တည်း ရယ်လိုက်ကြသည်။ ယခုတွင် သူတို့သည် ချန်လွေ့၏ အသိစိတ်ကို သိမ်းပိုက်နိုင်ခဲ့သည်။ ချန်လွေ့၏ ခန္ဓာကိုယ်နှင့် ထူးဆန်းသောစွမ်းအားများကို သူပိုင်ဆိုင်ရတော့မည် ဖြစ်သည်။
ထူးဆန်းစွာပင် အသူရာသည် အသိစိတ်ကို အသုံးပြုပြီး ကြယ်စင်စု နတ်ဘုရားကျောင်းထဲ မသွားနိုင်ပေ။ နေအဖွဲ့အသည်းထဲရှိ စစ်မှန်သော စွမ်းအားကိုလည်း မခံစားနိုင်ပေ။
“ ဘာလို့လဲ။ ”
မြောက်မြားလှစွာသော အသူရာများက မရေမရာ မေးလိုက်သည်။
“ ဒါတွေအားလုံးကို ငါပိုင်ရမှာလေ။ ”
ခဏကြာပြီးနောက် အသံတစ်သံ ထွက်လာသည်။
“ ဘာလို့လဲဆိုတော့ မင်းကငါ့ကို တကယ် အနိုင်မယူနိုင်ခဲ့လို့ပဲ။ ”
ဟင်းလင်းပြင်ထဲ၌ ရင်းနှီးသော ပုံရပ်တစ်ခု ဖြည်းဖြည်းချင်း ဖြစ်ပေါ်လာသည်။
“ ချန်လွေ့။မင်းတကယ်ပဲ မပျက်စီးသွားဘူးပဲ။ ”
အသူရာ၏အသံ၌ အံ့အားသင့်မှုများ ပါဝင်နေသည်။ချန်လွေ့၏ အနီရောင် မျက်လုံးများကို မြင်သည့်အခါ သူပုံမှန်ပြန်ဖြစ်သွားသည်။
“ မင်းရဲ့အသိစိတ်က ကုန်ဆုံးနေပြီ။မင်းက ဒီနေရာနဲ့ ပေါင်းစပ်သွားမယ်ဆိုရင် ငါက စူပါစနစ်ရဲ့ ပိုင်ရှင်အစစ်အမှန် ဖြစ်လာမှာ။ ”
“ သိပ်နောက်ကျသွားပြီ။ဘာလို့လဲဆိုတော့ ငါ သဘောပေါက်သွားလို့ပဲ။ ”
ချန်လွေ့၏မျက်လုံးထဲရှိ သွေးနီရောင် ပျောက်ကွယ်သွားပြီး မူလအတိုင်း ကြည်လင်ပြတ်သားလာသည်။
“ မကြာခင် မင်း ကျရှုံးလိမ့်မယ်။ ”
အသူရာက အထင်သေးစွာဖြင့် ပြုံးလိုက်သည်။
“ လေလုံးထွားနေတာပဲ။ ”
“ တကယ်တော့ ခုနကမင်းပြေတာ မှန်ပါတယ်။မင်းက ငါ့ရဲ့အတွင်းလောကထဲက အမှောင်ထိုကို အကျယ်ချဲ့ခဲ့တယ်။ငါ့ရဲ့စိတ်ကို သန့်စင်လေလေ ငါ့ဆီကနေ အမှောင်ထုကို ပိုပြီးခံစားရလေလေပဲ။ဗီဇနဲ့ အကြောက်တရားကြောင့် ငါထွက်ပြေးခဲ့တယ်။ အဲဒါကြောင့် မင်းကို ဘယ်လောက်ပဲသတ်သတ်၊ မင်းက အမြဲတမ်း အသက်ပြန်ရှင်လာပြီးတော့ အစွမ်းပိုထက်လာတာ။ ”
အသူရာ အော်ပြောလိုက်သည်။
“ ဟုတ်တယ်။မင်းငါ့ကို ဘယ်တော့မှ အနိုင်ယူနိုင်မှာ မဟုတ်ဘူး။အဓိပ္ပာယ်မရှိ ခုခံမနေနဲ့တော့။ ”
ထို့နောက် အသူရာ ထောင်နှင့်ချီသည် [ အရုဏ်ဦးပစ်ချက် ] ဖြင့် ချန်လွေ့ကို အဘက်ဘက်မှ တိုက်ခိုက်တော့သည်။ ၎င်းသည် ချန်လွေ့၏ခန္ဓာကိုယ်ကို ဖောက်ထွင်းသွားသော်လည်း ချန်လွေ့ ဘာမှမဖြစ်ပေ။
“ အခုတော့ ငါ့ရဲ့နှလုံးသားကို ငါတကယ် ရင်ဆိုင်နိုင်ပြီ။မင်းရဲ့တိုက်ခိုက်မှုက ငါ့ကို ပိုပြီးတော့ အစွမ်းထက်စေဖို့ပဲရှိတယ်။ ”
ချန်လွေ့ ခေါင်းခါလိုက်သည်။
“ လူတိုင်းမှာ မွေးကတည်းက လိုအင်ဆန္ဒတွေ ရှိကြတယ်။ ပြီးတော့ လိုအင်ဆန္ဒက အသက်ဆုံးတဲ့အထိ လောင်ကျွမ်းသွားမှာပဲ။လိုအင်ဆန္ဒက လူမှုအဖွဲ့အစည်း အဆင့်မြင့်ဖို့အတွက် တွန်းအားတစ်ခုလည်း ဖြစ်တယ်။သူတော်စင်တွေ၊ ခမ်းနားတဲ့ သူတွေတောင် လိုအင်ဆန္ဒတွေ ရှိကြတယ်။ နေ့နဲ့ညလိုမျိုးပဲ။ လူတိုင်းမှာ အမှောင်ခြမ်းနှင့် အလင်းခြမ်း ရှိကြတယ်။ ကိုယ့်ရဲ့စိတ်ဆန္ဒနဲ့ ဇွဲလုံးဝကို ထိန်းချုပ်နိုင်သရွေ့ လိုအင်ဆန္ဒမီးတောက်တွေက လောင်ကျွမ်းဖို့နဲ့ ကျဆုံးဖို့မဟုတ်ဘဲ လမ်းကြောင်းဖို့နဲ့ သန့်စင်ဖို့ ဖြစ်လာနိုင်တယ်။ ”
အသူရာထောင်နှင့်ချီသည် ဟိန်းဟောက်ရင်း ချန်လွေ့ကို ဝိုင်းရံကာ ပေါင်းစပ်ချင်ခဲ့သည်။ သို့သော်လည်း သူတို့၏ခန္ဓာကိုယ်သာ ဖောက်ဝင်သွားကြသည်။ ချန်လွေ့၏ခန္ဓာကိုယ်ကို ဖြတ်သွားတိုင်း အသူရာ၏ခန္ဓာကိုယ်သည် ပူလောင်နေသော မီးတောက်တစ်ခုကို ရင်ဆိုင်ရသည့်နှင်းကဲ့သို့ အလျင်အမြန် အရည်ပျော်သွားသည်။
ထိုအချိန်၌ ချန်လွေ့၏လက်ဝါး၌ အရောင်ဖျော့ဖျော့ တောက်လာပြီး အားကုန်သုံးကာ ရိုက်ထည့်လိုက်သည်။
၎င်းသည် အသူရာကိုမဟုတ်ဘဲ သူ့ကိုယ်သူ ဖြစ်သည်။
[ အရှိန်အဝါဓားသွား ] ကြောင့် ချန်လွေ့၏ မျက်ခုံးပေါ်ရှိ သွေးစက်များ တဖြည်းဖြည်း ကျယ်ပြန့်လာသည်။
တစ်ချိန်တည်းမှာပင် အသူရာ ထောင်နှင့်ချီသည် နာကျင်စွာ အော်ဟစ်လိုက်ကြပြီး သူတို့၏ခေါင်းပေါ်၌ ကြီးမားသော အက်ကြောင်းများ တစ်ပြိုင်နက်တည်း ဖြစ်လာကြသည်။ထိုထဲမှ အလင်းရောင် ဖျော့ဖျော့များပင် တောက်ပနေသည်။သူတို့ ဟစ်ကြွေးလိုက်ကြသည်။
“ ဒါ မဖြစ်နိုင်ဘူး။မင်းကိုယ်မင်း သတ်သေတယ် ဆိုရင်တောင် ငါ့ကို ထိခိုက်နိုင်မှာ မဟုတ်ဘူး။ ”
“ နှလုံးသားရဲ့စွမ်းအားက အဆုံးမရှိဘူး။ဇွဲလုံ့လ ရှိနေသရွေ့ အရာအားလုံးကို ကျော်ဖြတ်နိုင်တယ်။ ”
ချန်လွေ့သည် ခေါင်းမှစီးကျနေသော သွေးများကို လျစ်လျူရှုလိုက်သည်။
“ ငါ့ရဲ့အတွင်းနှလုံးသားထဲက အမှောင်ထုဖြစ်ဖြစ်၊ ငါ့ရဲ့မသိစိတ်ထဲက အမှောင်ထု ဖြစ်ဖြစ်၊ သူတို့အားလုံးကို ငါ့ရဲ့စိတ်စွမ်းအားနဲ့ ထိန်းချုပ်ထားတယ်။ ဒါက ကိုယ့်ကိုယ်ကိုယ် သတ်သေတာ မဟုတ်ဘူး။ ဒါကို သန္နိဋ္ဌာန်လို့ ခေါ်တယ်။ အတိအကျပြောရရင်တော့ ဒါက တကယ့် [ စိတ်သန့်စင်ခြင်း ] ပဲ။ ”
ရှီရာက ကြောက်ရွံ့စွာဖြင့် အော်ပြောသည်။
“ မဟုတ်ဘူး။ မဖြစ်နိုင်ဘူး။ ငါက လုံးဝသုတ်သင်ခံရမှာ မဟုတ်ဘူး။ မင်းရဲ့နှလုံးသားမှာ...... ”
အော်သံများကြား၌ အသူရာ၏ခန္ဓာကိုယ် ထောင်ပေါင်းများစွာသည် အဖြူရောင်များ တောက်ပလာသည်။သူတို့သည် အက်ကွဲလာပြီး နောက်ဆုံး၌ အမှုန်အဖြစ် ပြောင်းလဲသွားကာ လုံးဝကြေမွပြီး ပျောက်ကွယ်သွားတော့သည်။
ချန်လွေ့၏ခန္ဓာကိုယ်သည် ပါးလွှာပြီး ပြိုလဲနေသည်။သို့သော်လည်း သူ၏ မျက်လုံးများမှာ တည်ငြိမ်နေဆဲပင် ဖြစ်သည်။ အသူရာ၏ မပြီးဆုံးသွားသော စကားများမှာ သူ၏နှလုံးသားထဲ၌ အမှောင်ထုရှိနေသရွေ့ အသူရာသည် တစ်နေ့၌ ပြန်လည်ဖြစ်တည်လာမည် ဖြစ်သည်။ သို့သော်လည်း ချန်လွေ့သည် ထိုအတွင်းနတ်ဆိုးအား လက်ထဲ၌ စွဲကိုင်ထားသောဓားဖြင့် ထပ်မံသတ်ပစ်နိုင်မည်ဟု မြဲမြံစွာ ယုံကြည်နေသည်။
သူ၏ခန္ဓာကိုယ် လုံးဝချေမှုန်းခံလိုက်ရပြီး ပြာပုံအဖြစ် ပြောင်းလဲသွားခဲ့သည်။
ထိုအချိန်၌ ကြယ်စင်စုနတ်ဘုရားကျောင်းထဲရှိ ကြယ်တာရာကူးပြောင်းခြင်း တိုးတက်နှုန်းဇယားသည် ၁၀၀% ရောက်ရှိသွားကာ တွီခနဲအသံ ထွက်လာသည်။
သူ၏ အခြေအနေပြဇယားရှိ အတွေ့အကြုံတန်ဖိုးမှာလည်း ၁၀၀% သို့ ရောက်ရှိနေသည်။
ပျောက်ကွယ်သွားတော့မည့် ပြာများ ရုတ်တရက် မီးထတောက်သွားသည်။
အနက်ရောင်မီးတောက်တစ်ခု.....
ပို၍စွမ်းအားကြီးလာရန်အတွက် မိမိ၏ အားနည်းချက်ကို လက်ခံရပေမည်....