ကြယ်လေးပွင့်။ကြယ်ထိန်းချုပ်သူ
Vol. 17 Ch. 244
ငြိမ်ဝပ်ပိပြားရေးအရာရှိ၏ နေအိမ်၌ -
ချန်လွေ့၏ အသက်စွမ်းအင် လုံးဝပျောက်ကွယ်သွားသည်။ ပါ့ဂ်လီအို မျက်လုံးမှိတ်ပြီး သေမည့်အချိန်ကို စောင့်နေလိုက်သည်။ ဒိုဒိုသည် ကြောက်လန့်စွာဖြင့် တုန်ခါနေရင်း မျက်နှာကို ဖုံးအုပ်ထားကာ မလွှတ်ရဲပေ။ အကယ်၍ ချန်လွေ့သာ သေဆုံးသွားခဲ့လျှင် သဟဇီဝစာချုပ် ချုပ်ဆိုထားသော ပါ့ဂ်လီအိုသာမက ဒိုဒိုအပါအဝင် ကျွန်-သခင်စာချုပ် ချုပ်ဆိုထားသည့် အစေခံများလည်း အသက်ဆုံးရှုံးသွားမည် ဖြစ်သည်။
ရိုမန်နှင့် ဒေလီယာတို့သည် အသီနာဘေး၌ စိုးရိမ်တကြီး ရပ်နေသည်။ယခုတွင် ရိုမန်၏ မျက်နှာပေါ်၌ ပျော်ရွှင်မြူးတူးမှုများ ရှိမနေတော့ဘဲ ဝမ်းနည်းမှုသာ ရှိနေသည်။သူနှင့် ဒေလီယာတို့အတွက် ချန်လွေ့သည် မိတ်ဆွေနှင့်အပေါင်းအဖော် ဖြစ်ရုံသာမက ကျေးဇူးရှင်လည်း ဖြစ်သည်။ ပုံမှန်စနောက်မှုများနှင့် ထေ့လုံးများမှာ မိတ်ဆွေများအကြား ကစားပွဲတစ်ခုသာ ဖြစ်သည်။ အရေးကြီးအခိုက်အတန့်၌ ရိုမန်သည် ချန်လွေ့အတွက် တုံ့ဆိုင်းမှုမရှိဘဲ စတေးခံပေလိမ့်မည်။
ထိုအချိန်၌ ပျောက်ကွယ်သွားသော ချန်လွေ့၏ အသက်စွမ်းအင် ရုတ်တရက် ပြောင်းလဲသွားပြီး အခန်းတစ်ခုလုံး၌ ထူးဆန်းသော အငွေ့အသက်တစ်ခု ပြည့်နှက်သွားသည်။ ထိုအငွေ့အသက်တွင် အစွမ်းထက်သောအားတစ်ခု ပါဝင်နေပြီး နတ်ဆိုးဘုရင်အဆင့် ထိပ်သီးပိုင်းအထိ ထိုးတက်သွားသည်။ သို့သော် ၎င်းသည် မရပ်တန့်သေးဘဲ အရှိန်မြန်စွာဖြင့် ဆက်လက် တိုးပွားနေသေးသည်။
ပါ့ဂ်လီအို၏ မျက်လုံးများ စူးရှစွာ ပွင့်သွားပြီး ကပ်ဘေးတစ်ခုမှ အသက်ရှင်ကျန်သော ကံကောင်းမှုသည် သတိတရားအဖြစ် ပြောင်းလဲသွားသည်။ချန်လွေ့၏ အငွေ့အသက် စွမ်းအားသည် ကိစ္စကောင်းတစ်ခု မဟုတ်နိုင်ပေ။၎င်းသည် ချန်လွေ့၏ အသိစိတ် ချေမှုန်းခံရပြီးနောက် ပင်ကိုဗီဇ၏ စွမ်းအား ဖြစ်ဖို့များလေသည်။
အဆိပ်နဂါးသည် စွမ်းအားကို တိတ်တဆိတ် စုစည်းလိုက်သည်။ချန်လွေ့ နိုးလာသည့် အခါ ကိုင်တွယ်ရန် သူအဆင်သင့် ဖြစ်နေပြီ ဖြစ်သည်။
ထိုအချိန်၌ ချန်လွေ့၏အငွေ့အသက်သည် ကြောက်မက်ဖွယ်ရာ အတိုင်းအတာတစ်ခုအထိ ရောက်ရှိသွားပြီး ခန္ဓာကိုယ်ပေါ်၌ ဝီးခနဲ အနက်ရောင်မီးတောက် တောက်လောင်သွားသည်။ သန့်စင်ပြီးနွေးထွေးသော မီးတောက်၌ အသက်စွမ်းအင်များ ပြည့်နက်နေသည်။ ပြုပြင်ထားသော သွေးစုပ်အပင်များပင် ဖော်ပြ၍မရသော အသက်စွမ်းအင်များ ပြသနေသည်။၎င်းမှာ နိဗ္ဗာန်မီးတောက်ပင် ဖြစ်လေသည်။
နောက်ဆုံး၌ ပါ့ဂ်လီအို သက်ပြင်းချလိုက်သည်။ နိဗ္ဗာန်သွေးသည် အလွန်ထူးခြားလှသည်။ အခြားအစွမ်းများနှင့်မတူဘဲ ၎င်းသည် အတွင်းနတ်ဆိုးများ၏ ဝိပါက် ဖြစ်သည်။ ချန်လွေ့၏အသိစိတ်ကို ပင်ကိုဗီဇက သိမ်းပိုက်လိုက်မည်ဆိုလျှင် နိဗ္ဗာန်မီးတောက်ကို လုံးဝအသုံးပြုနိုင်မည် မဟုတ်ပေ။
စူပါစနစ်ထဲရှိ နေအဖွဲ့အစည်း အတွင်း၌ လောင်ကျွမ်းနေသော အနက်ရောင် မီးတောက်မှ တောက်ပနေသောစွမ်းအားများသည် နေအဖွဲ့အစည်းတစ်ခုလုံးကို လှည့်ပတ်နေသည်။ ထိုစွမ်းအားကြောင့် ပြန့်ကျဲနေသော အမှုန်များသည် အလျင်အမြန် စုဝေးသွားကြပြီး “ နေ ” ကို ဝိုင်းရံနေသော ဂြိုလ်အရေအတွက် ပိုများလာကာ ဧရာမ ကြယ်စင်စုတစ်ခု ဖြစ်လာသည်။
ဥက္ကာပျံတွေ ပေါ်ထွက်လာသလိုမျိုး ....မဟုတ်သေးဘူး... အဲဒါတွေက ကြယ်တံခွန် တွေ ဖြစ်မယ်။
အလယ်ဗဟိုရှိ “နေ”၏ အပူရှိန်သည် ကြယ်တံခွန်၏ဒြပ်သားကို အရည်ပျော်စေပြီး ရေခဲအူတိုင်တစ်ဝိုက် ကြယ်တံခွန် မှုန်ဝါးဝါးများနှင့် ပါးလွှာသော အမှုန်စီးကြာင်းများ ပါဝင်သည့် အမြှီးတစ်ခုလည်း ဖြစ်ပေါ်လာသည်။
ကြယ်တံခွန်များမှ အမြှီးရှည်များ ထွက်လာပြီးနောက် အချို့သည် အာကာသ အနက်ထဲသို့ ပြေးဝင်သွားကြကာ ကျယ်ပြန့်လှသော အာကာသထဲရှိ ခရီးသည်များ ဖြစ်သွားကြလျက် နောက်ဆုံး ရောက်ရှိမည့်ဘူတာကို စောင့်နေကြတော့သည်။ အချို့ကြယ်တံခွန်များသည် အနီးအနားရှိ ဂြိုလ်များနှင့် ဝင်တိုက်မိသွားပြီး အတွင်းထဲရှိ ဇီဝပစ္စည်းများနှင့် ရေများ ကောင်းကင်မှ ဖျန်းကျလာသည်။
နေအဖွဲ့အစည်း၏ ပြောင်းလဲမှုနှင့် လည်ပတ်မှု အမြန်နှုန်းမှာ အရှိန်မြန်နေသည်။ ကြယ်တံခွန်များ အတိုက်ခံရသော ထိုဂြိုလ်များမှာ မျက်စိဖြင့် မြင်နိုင်သော အမြန်နှုန်းဖြင့် ပြောင်းလဲလာကြသည်။ တဖြည်းဖြည်းနှင့် နေအဖွဲ့အစည်း အမြန်နှုန်းသည် ပုံမှန်ပြန်ဖြစ်သွားသည်။
အနက်ရောင်မီးတောက်အတွင်း၌ မီးထဲမှ ပြန်လည်မွေးဖွားလာသော လူသား ပုံရိပ်သည်လည်း ပိုမိုထင်ရှားလာသည်။
အခန်းအတွင်း ကုတင်ပေါ်ရှိ ချန်လွေ့၏ခန္ဓာကိုယ်မှ နိဗ္ဗာန်မီးတောက်သည် အလင်းလုံးအဖြစ် ပြောင်းလဲသွားပြီး အတွင်းထဲရှိ အနက်ရောင်အားအင်သည် အဆက်မပြတ် တိုးပွားပြီး ဆင့်ကဲပြောင်းလဲနေသည်။ချန်လွေ့၏အငွေ့အသက်သည် နတ်ဆိုးဘုရင်အဆင့်ကို လုံးဝကျော်လွန်သွားသည်။နောက်ဆုံး၌ ဖုန်းခနဲ အသံမြည်ပြီး အခန်းထဲရှိ လူအားလုံးက လေဟာနယ် ခဏတာပျက်ယွင်းသွားသကဲ့သို့ ပုံရိပ်ယောင်များ တစ်ပြိုင်နက်တည်း မြင်လိုက်ကြသည်။ထို့နောက် နိဗ္ဗာန်မီးတောက် ပျောက်ကွယ်သွားသည်။
နှစ်လကြာ ပိတ်နေသော မျက်လုံးများသည် နောက်ဆုံး၌ ဖြည်းဖြည်းချင်း ပွင့်လာသည်။
သူ၏အနက်ရောင်မျက်လုံးသည် အနည်းငယ် ထူးခြားနေပြီး ခံစားချက် လုံးဝ မရှိနေသကဲ့သို့ ဖြစ်နေသည်။ သို့သော်လည်း ၎င်းသည် ခဏသာ ဖြစ်ပြီး ချက်ချင်းပင် မူလအတိုင်း ပြန်ဖြစ်သွားသည်။ ပထမဆုံး ချန်လွေ့ တွေ့သည်မှာ အပျော်လွန်ပြီး ငိုနေသော ဆံပင်နီကောင်မလေးတစ်ယောက်၏ မျက်နှာလှလှလေးကိုပင် ဖြစ်သည်။
“ အသီနာ။မင်းဘာလို့ တအားပိန်နေတာလဲ..... ”
ထိုစကားများ ကြားလိုက်ရသည်နှင့် အသီနာသည် ချန်လွေ့ဆီသို့ ခုန်ဝင်ပြီး တင်းတင်းကြပ်ကြပ် ပွေ့ဖက်ထားလိုက်တော့သည်။
“ အသီနာ။နေဦး။ငါ အသက်ရှူလို့မရ.... ”
“ ဗိုက်ဆာနေတယ်။ ငါ့တစ်ကိုယ်လုံး အားမရှိဘူး။ အချစ်လေး။ စားဖို့တစ်ခုခု သွားယူပေးပါလား... ”
“ အား။ အားလုံး ဒီကိုရောက်နေတာပဲ။ ကျုပ် အိပ်ပျော်သွားတာ ဘယ်လောက် ကြာပြီလဲ။ ”
“ ရိုမန်။ မျိုးမစစ်ကောင်။ မင်း အဲဒီဘောပင်ကို ဘာလို့ကိုင်ထားတာလဲ။ ညစ်ပတ်စရာ ကောင်းအောင် ပြုံးနေလိုက်သေးတယ်။ ”
“ ပါ့ဂ်လီအို။ ခင်ဗျားက တကယ်ကြီး အဲဒီမျိုးမစစ်ကောင်ကို ကျုပ်မျက်နှာပေါ်မှာ လက်မှတ်ထိုးဖို့ ကူညီပေးတယ်ပေါ့။ ”
“ ဒေလီယာ။မင်းရဲ့လူကို ဆွဲပါဦး။ ”
“ ဒေလီယာ။မင်းတောင် .....အဟင့်..ရွှတ်.... ”
နူးညံ့ပြီး တလှုပ်လှုပ်ဖြစ်သော အရိပ်တစ်ခုသည် ခန်းမထဲသို့ တွားတွားကာ အဆိပ်နဂါး ဝိုင်ထားလေ့ရှိသော နေရာသို့ ရောက်လာသည်။သူသည် ပုလင်းကိုဖွင့်ကာ အေးအေးဆေးဆေး သောက်နေတော့သည်။
သေခြင်းမှ လွတ်မြောက်လာသော ဆာ-ချွဲကျိကောင်သည် စိတ်အခြေအနေ ကောင်းနေပြီး ကဗျာဆန်ဆန် သက်ပြင်းချလိုက်သည်။ အံ့ဩစရာတွေ၊ ဖရိုဖရဲတွေ ပြည့်နှက်နေတဲ့ နေ့ရက်တစ်ခု စတင်ပြီပဲ။
စားစရာတစ်နပ် စားပြီးနောက် ချန်လွေ့က မိမိ “အိပ်ပျော်” ခဲ့သည်မှာ နှစ်လကျော်ခဲ့ကြောင်း သိသွားသည်။
အသီနာ၏ ပိန်လှီနေသော မျက်နှာကို ကြည့်ရင်း ချန်လွေ့၏နှလုံးသားထဲ၌ အဆုံးမရှိသော ချစ်စိတ်များ ပြည့်နှက်သွားသည်။ သူ့ဘေးမှာနေပြီးတော့ အသက်ရှင်ရတာ တကယ်ကောင်းတာပဲ။
နောက်ဆုံး၌ အန္တရာယ်အရှိဆုံး [ စိတ်သန့်စင်ခြင်း ] ပြီးဆုံးသွားလေပြီ။
နတ်ဆိုးအရှင်သခင် ဝိညာဉ်ကို “ ကြယ်တာရာ ကူးပြောင်းခြင်း ” ဖြင့် လုံးဝကူးပြောင်းသွားပြီးပြီ ဖြစ်သည်။ ထို့ကြောင့် ချန်လွေ့၏ စွမ်းအားသည် [ အလီယော့သ် ] အခြေအနေကို ဖောက်ထွက်ပြီး အဆင့်အသစ်ဖြစ်သော [ မယ်ဂရီဇ် ] အခြေအနေသို့ ရောက်ရှိသွားခဲ့သည်။
ကြယ်စင်စုနတ်ဘုရားကျောင်း၏ အခြေအနေပြဇယား၌ သုံးဖက်မြင် လူသားခန္ဓာကိုယ် ပေါ်ရှိ အလင်းလုံးများ လေးလုံးဖြစ်သွားသည်။၎င်းတို့မှာ အဖြူရောင် “ အယ်လ်ခိတ် ”၊ အဝါရောင် “ မိုင်ဇာ ”၊ အပြာရောင် “ အလီယော့သ် ” နှင့် အနီရောင် “ မယ်ဂရီဇ် ” တို့ဖြစ်ပြီး အလင်းလုံးအသစ်မှာ သူ၏ရင်ဘတ် အလယ်၌ တည်ရှိနေသည်။
ဂုဏ်ပုဒ် - ကြယ်ထိန်းချုပ်သူ။
ဆင့်ကဲပြောင်းလဲခြင်းအဆင့် - ကြယ်လေးပွင့်။
အတွေ့အကြုံတန်ဖိုး - ၁၀% ။
အရှိန်အဝါ တန်ဖိုး - ၃၀၀၀၀။
စွမ်းအားအကဲဖြတ်မှု - [ B - ]
ကြယ်လေးပွင့် ဆင့်ကဲပြောင်းလဲခြင်းအဆင့် ရောက်ရှိပြီး ရလာသော ဂုဏ်ပုဒ်အသစ် ကြယ်ထိန်းချုပ်သူသည် တော်တော်လေး ကောင်းလှသည်။ သို့သော်လည်း အရှိန်အဝါတန်ဖိုးသည် ချန်လွေ့ကို အံ့အားသင့်သွားစေသည်။ သုံးသောင်းတည်းလား။ ငါမှတ်မိသလောက်ဆိုရင် အများကြီး ကျန်ပါသေးတယ်။ သိပ်မကြာခင်တုန်းက ဆရာသခင်နှစ်ယောက်ကို ကုန်ကြမ်းပစ္စည်းတွေ သန့်စင်ပေးဖို့အတွက် ရှိသမျှ အရှိန်အဝါသစ်သီး အကုန်လုံး ကုန်သွားတယ်။ အရှိန်အဝါပန်းပွင့်ရဲ့ သက်ရောက်မှု အပြင်ကို ငါ့ရဲ့အရှိန်အဝါက သိန်းတစ်ထောင်နီးပါး ရှိတာပါ။ ဘာလို့ သုံးသောင်းပဲ ကျန်တော့တာလဲ။
“ စနစ်အဆင့်မြှင့်ခြင်း ”တိုင်း၌ အတွေ့အကြုံတန်ဖိုးနှင့် အခြေအနေအပြင် အရှိန်အဝါ ပမာဏအများအပြား လိုအပ်ကြောင်း ချန်လွေ့ ရုတ်တရက် သတိရသွားသည်။ အရင်တစ်ခေါက် ရှီလန်တောင်ရဲ့ မြေအောက်လောကမှာ မိုင်ဇာအခြေအနေကို ငါရောက်ခဲ့တုန်းက ငါ့ရဲ့အရှိန်အဝါ တစ်သောင်း ကုန်သွားတယ်။အခြေအနေ မြင့်လာတိုင်း အရှိန်အဝါကုန်ကျမှု တိုးလာတယ်။အလီယော့သ် အခြေအနေက အရှိန်အဝါ တစ်သိန်းလောက် ကုန်ကျတဲ့ပုံပဲ။ဒါဆိုရင် ဒီတစ်ခေါက်က ဆယ်သိန်းလား။ တကယ်လို့ ငါက “ မယ်ဂရီဇ် ” အခြေအနေကနေ ဖောက်ထွက်ပြီးတော့ “ဖက်ဒါ” အခြေအနေဆီကို ရောက်ချင်တယ်ဆိုရင် အရှိန်အဝါ သိန်းတစ်ထောင်လောက် ကုန်မှာ မဟုတ်လား။
ဝါး။ ဒါက တော်တော်များတာပဲ။ ဒါပေမဲ့လည်း အဆင့်မြှင့်ဖို့အတွက် သန်းတစ်ထောင် လိုတယ်ဆိုရင်တောင် ငါရအောင် ရှာရမှာပဲ။
အဆင့်မြှင့်ပြီးနောက် အဓိကအာရုံစိုက်ရမည့်အရာမှာ အစွမ်းသစ်ပင် ဖြစ်သည်။ အစွမ်းသစ်ပင်သည် ငါးလွှာသို့ ရောက်ရှိနေပြီ ဖြစ်သည်။ ထပ်တိုးအစွမ်းများ မရှိသော်လည်း အစွမ်းအသစ်လေးခုကြောင့် ချန်လွေ့၏မျက်လုံးများ လင်းလက် သွားသည်။
[ မှော်-ဆန့်ကျင် ] ( အလိုအလျောက်အစွမ်း )
- မှော်ထိခိုက်မှုနှင့် အနှုတ်လက္ခဏာ သက်ရောက်မှုများကို ၅၀%အထိ လျှော့ချပေး။
- သက်ရောက်မှုအား [ ထိခိုက်မှုစုပ်ယူခြင်း ] ဖြင့် ထပ်ပေါင်း၍ရ။
[ ကြယ်တာရာလမ်းလွှဲ ] ( အသုံးချအစွမ်း ]
- ရန်သူ၏တိုက်ခိုက်မှုများကို ၁၀စက္ကန့်ကြာ လမ်းကြောင်းပြောင်းပေး။
- တစ်နာရီလျှင် တစ်ကြိမ်သာ အသုံးပြု၍ရ။
- တစ်ခါသုံးလျှင် အရှိန်အဝါ ၅၀၀ ကုန်ကျ။
[ ကြယ်တာရာဂိတ် ] ( အသုံးချအစွမ်း )
- ကြယ်အမှတ်တစ်ခု မှတ်ထားပြီးနောက် အသုံးပြုသူသည် ကြယ်တာရာကိုဖွင့်ကာ သက်ရောက်မှုရှိသောအဝန်းအဝိုင်းအတွင်း ကြယ်အမှတ်ဆီ ပြန်လာ၍ရ။
- အသုံးပြုသူမှလွဲ၍ အခြားသူများ အသုံးပြု၍မရ။
- ကြယ်အမှတ်သည် တစ်လအထိခံနိုင်ပြီး ပြန်လည်အသုံးပြု၍ရ။
- ကြယ်အမှတ် မှတ်သားလျှင် အရှိန်အဝါ ၁၀၀၀ ကုန်ကျ။
- တစ်ကြိမ်အသုံးပြုလျှင် အရှိန်အဝါ ၅၀၀ ကုန်ကျ။
[ ကြယ်စင်စု ပိုင်နက် ] ( အသုံးချအစွမ်း )
- ကြယ်စင်စုပိုင်နက်ကို ဆင့်ခေါ်။
- အသုံးပြုသူ၏ စွမ်းရည်များ ၃၀% တိုးသွား။
- ရန်သူ၏ စွမ်းရည်များ ၃၀% လျော့သွား။
- ၃၀မိနစ်အထိ အသုံးပြုနိုင်။
- ၂၄နာရီအတွင်း တစ်ကြိမ်သာ အသုံးပြု၍ရ။
- ပိုင်နက်၏ သက်ရောက်မှုနှင့် အတိုင်းအတာမှာ အသုံးပြုသူ၏ ဆင့်ကဲ ပြောင်းလဲခြင်းနှင့် စွမ်းအားနှင့် တိုက်ရိုက်အချိုးကျ။
- တစ်ခါအသုံးပြုလျှင် အရှိန်အဝါ ၁၀၀၀ ကုန်ကျ။
ပထမဆုံး အလိုအလျောက်အစွမ်း [ မှော်-ဆန့်ကျင် ] သည် အတော်လေး အစွမ်းထက်လှသည်။ ၎င်းသည် ရန်လိုသော မှော်အစွမ်းကို ထက်ဝက်လျော့ချပေးနိုင်သည်။ ထို့ပြင် ၎င်းကို [ ထိခိုက်မှုစုပ်ယူခြင်း ] ၃၀% ဖြင့် ထပ်အုပ်၍ရသည်။ ထိုကဲ့သို့ မူမမှန်သော အလိုအလျောက်အစွမ်းနှင့်အတူ နတ်ဘုရား-ဝါးမျိုမျက်နှာဖုံး၏ မှော်ဝါးမျိုခြင်းအစွမ်းဖြင့် ပေါင်းလိုက်လျှင် မှော်ပညာ ကျွမ်းကျင်သော ရန်သူများသည် ငိုရုံသာ တတ်နိုင်တော့မည် ဖြစ်သည်။
အသုံးချအစွမ်း “ ကြယ်တာရာလမ်းလွှဲ ” သည် ချန်လွေ့အား ကျင်းယုံ၏ သိုင်းဝတ္ထုများမှ မုယုံမိသားစုရဲ့ အနှိုင်းမဲ့တိုက်ကွက်တစ်ခုဖြစ်သော “ ကြယ်ရွေ့လျားသိုင်း ” ကို သတိရသွားစေသည်။ သို့သော်လည်း ကြယ်ရွေ့လျားသိုင်းသည် ပြိုင်ဘက်ဖြစ်သူ၏စွမ်းအားကို အမှီပြုပြီး ထိုစွမ်းအားများကို ပြိုင်ဘက်ဖြစ်သူထံ တန်ပြန်လွှဲပြောင်းသောသိုင်း ဖြစ်သည်။[ ကြယ်တာရာလမ်းလွှဲ ]၏ အစွမ်းများမှာ ကုလုံရေးသော “ အစားထိုးခြင်း ” နှင့် ပို၍နီးစပ်ပေသည်။
၎င်းသည် ၁၀စက္ကန့်သာ ဖြစ်သော်လည်း ရန်သူများ၏ အနှိုင်းမဲ့တိုက်ကွက်များကို ရင်ဆိုင်ရာ၌ မမျှော်လင့်ထားသော အံ့ဩဖွယ်ရာအစွမ်းများ ရှိလာမည်မှာ သေချာပေါက်ဖြစ်သည်။
တတိယအစွမ်းဖြစ်သော [ ကြယ်တာရာဂိတ် ] သည် ရေမှော်ပညာ၏ [ လေဟာနယ်ဂိတ် ] အမြင့်ဆုံးအဆင့်နှင့် ဆင်တူသည်။ ၎င်းသည် မှော်ကိုဩဒိနိတ်တစ်မျိုးမျိုးကို သတ်မှတ်သည်။ထို့နောက် လေဟာနယ်ကို ဖြတ်သန်းပြီး တယ်လီပို့ ခုန်နိုင်သည်။ခရစ္စတီးနားက နိဗ္ဗာန်ကို အောင်မြင်သွားကြောင်း တွေ့သွားသည့်အခါ ဘရော့ခ် ထွက်ပြေးရန် အသုံးပြုခဲ့သော မှော်ပညာနှင့် အတူတူပင် ဖြစ်သည်။သို့သော်လည်း [ လေဟာနယ်ဂိတ် ] သည် အသုံးပြုသူ အကန့်အသတ်မရှိဘဲ [ ကြယ်တာရာဂိတ် ] ၌မူ အသုံးပြုသူတစ်ယောက်တည်းသာ တယ်လီပို့ခုန်၍ ရသည်။ သို့သော်လည်း ၎င်းသည် ရွာပြန်ရန်အတွက် အဖိုးတန်အစွမ်းတစ်ခုပင် ဖြစ်သည်။
ချန်လွေ့အား အံ့ဩသွားစေဆုံးအရာမှာ [ ကြယ်စင်စု ပိုင်နက် ] ဖြစ်ပြီး နတ်ဆိုးဧကရာဇ်အဆင့် အထက်ပိုင်းများသာ သဘောပေါက်နိုင်သော အထူးစွမ်းအားတစ်မျိုးဖြစ်သည့် “ ပိုင်နက် ”ကို သတိရသွားစေသည်။
ထိုစွမ်းအားသည် အလတ်လွှာနှင့် အထက်လွှာကြားရှိ ကြီးမားသော ခြားနားချက်ဖြစ်သည်။ သီဝရီအရဆိုလျှင် မယ်ဂရီဇ် အခြေအနေသည် မဟာနတ်ဆိုးဘုရင် အဆင့်နှင့် ညီမျှသည်။တစ်နည်းပြောရလျှင် ချန်လွေ့သည် မဟာနတ်ဆိုးဘုရင်အဆင့်၌ ပိုင်နက်ကို အသုံးပြုနိုင်ခြင်း ဖြစ်သည်။၎င်းကိုတွေးနေရင်း ချန်လွေ့ စိတ်လှုပ်ရှားမိသွားသည်။
အသစ်စက်စက်ရထားသော အစွမ်းလေးခုအပြင် အစွမ်းသစ်ပင်ပေါ်ရှိ အစွမ်းအချို့လည်း ပြောင်းလဲသွားသည်။ ၎င်းသည် အလီယော့သ် အခြေအနေတွင် အစွမ်းနှစ်ခု ဆင့်ကဲပြောင်းလဲသွားသောအချိန်၌ [ အသက်အောင့် ] မှ [ စစ်မှန် အသက်အောင့် ] သို့ ဆင့်ကဲပြောင်းလဲသွားခြင်းကဲ့သို့ပင် ဖြစ်လေသည်။
[ စစ်မှန် အရုဏ်ဦးပစ်ချက် ]
- အလှမ်းဝေးတိုက်ကွက်။
- လမ်းကြောင်းနှင့်အရေအတွက်ကို အလိုရှိသလို ထိန်းချုပ်နိုင်။
- ထိန်းချုပ်မှုစွမ်းရည်သည် အသုံးပြုသူ၏ စွမ်းအားနှင့် တိုက်ရိုက်အချိုးကျ။
- တစ်ခါသုံးလျှင် အရှိန်အဝါ ၁ဝခု ကုန်ကျ။
[ စစ်မှန် ရုပ်ဖျက်ခြင်း ]
- အသွင်အပြင်နှင့်အသံကို လိုသလို ပြောင်းလဲနိုင်။
- လျို့ဝှက်စွမ်းရည် [ ယုံကြည်မှု ]ကို အသက်သွင်းလျှင် တစ်ဖက်လူ၏ ယုံကြည်မှုရရှိရန် ပိုမိုလွယ်ကူ။
- တစ်မိနစ်လျှင် အရှိန်အဝါတစ်ခု ကုန်ကျ။
[ အရုဏ်ဦးပစ်ချက် ] တွင် နောက်ဆုံး၌ အချိန်နှင့် အရေအတွက် ကန့်သတ်ချက် မရှိတော့ပေ။ထို့ပြင် ၎င်းကို လိုက်ဒုံးကျည်နှင့် အနီးပစ်သေနတ် အဖြစ်လည်း ပြောင်းလဲ၍ရသည်။ [ အစစ်အမှန်ရုပ်ဖျက်ခြင်း ] အတွက် အသံအပြောင်းအလဲမှာ အလွန်အသုံးဝင်ပြီး လျို့ဝှက်စွမ်းရည်တစ်ခုဖြစ်သော [ ယုံကြည်မှု ] လည်း ရှိသည်။၎င်းကို လိမ်လည်ရာနှင့် ဟန်ဆောင်ရာ၌ မရှိမဖြစ်ဟု သတ်မှတ်၍ရသည်။
လက်ရှိ၌ ချန်လွေ့၏စွမ်းအားသည် မဟာနတ်ဆိုးဘုရင်အဆင့် ကနဦးပိုင်းနှင့် ဆင်တူသော်လည်း အမှန်တကယ် တိုက်ခိုက်ရေးစွမ်းအားမှာ ထိုထက်အများကြီး သာလွန်သည်။
“ ဟေး။ဘာတွေ စိတ်ကူးယဉ်နေတာလဲ။ ”
ရိုမန်၏ ပျင်းရိရိအသံကြောင့် ချန်လွေ့၏ အတွေးများ ပြတ်တောက်သွားသည်။
“ မင်းက မိန်းမအကြောင်းတွေ စိတ်ကူးနေတာလား။မင်းကိုနမ်းလိုက်တဲ့ မင်းသမီးလေး အကြောင်းလား။တကယ့်ကို လက်လွတ်စပယ်နိုင်တဲ့ တိရစ္ဆာန်ကောင်ပဲ။မင်းမှာ တစ်ယောက် ရှိနေတာတောင် တခြားသူတွေကို မျက်စိကျနေသေးတယ်။အသီနာ။မင်း အဲလို မထင်ဘူးလား။ ”
လူများအား နာကျင်အောင် ပြုလုပ်ချင်းသည် မရိုးဖြောင့်သော အဖွဲ့သားတစ်ယောက်၏ ပျော်ရွှင်ကြောင်း ပြသခြင်းပုံစံ ဖြစ်သော်လည်း ချန်လွေ့သည် ရိုမန်ထံမှ မနာလိုမှုကို သေသေချာချာ သတိထားမိသည်။သေချာသည်မှာ ရိုမန်သည် အိပ်စက်ပြီးနောက် မဟာနတ်ဆိုးအဆင့် ရောက်ရှိသွားသော ချန်လွေ့ကို မနာလိုနေခြင်းပင် ဖြစ်သည်။ ဒေလီယာနှင့် ရိုမန်တို့သည် နေ့ရောညပါ အထူးလေ့ကျင့်ကြသော်လည်း ခြေတစ်လှမ်း နောက်ကျနေခဲ့သေးသည်။
ကံကောင်းစွာပင် အသီနာသည် ရိုမန်၏ ရန်စမှုကို လျစ်လျူရှုရှိသည်။သူသည် ချန်လွေ့အား ပြုံး၍သာ ကြည့်နေသည်။သူ၏အနီရောင် မျက်လုံးများထဲ၌ ပျော်ရွှင်မှုနဲ့ ချစ်ခင်မှုဖြင့် ပြည့်နှက်နေသည်။သူ၏အမြင်၌ သူချစ်ရသောသူ နိုးထလာပြီ ဖြစ်သည့်အတွက် ကျန်သည့်အရာအားလုံး အဆင်ပြေပြီ ဖြစ်သည်။
“ ချစ်စိတ်မွှန်နေတဲ့ မိန်းမတွေက ငတုံးတွေပဲ။ ”
ရိုမန် ခေါင်းခါပြီး နောက်လှည့်ကြည့်လိုက်ရာ စိတ်ရှုပ်နေပုံရသော ဒေလီယာကို မြင်လိုက်ရသည်။ ထို့ကြောင့် သူသည် ဒေလီယာ၏လက်များကို အလျင်အမြန် ဆုပ်ကိုင်ပြီး ချက်ချင်းပင် စကားလမ်းကြောင်း ပြောင်းလိုက်သည်။
“ အချင်းချင်း သစ္စာရှိတဲ့ ငါတို့လို စုံတွဲဟောင်းက စစ်မှန်တဲ့ ပျော်ရွှင်မှုပဲ။ ”
“ သစ္စာရှိတယ် ဟုတ်လား။ ”
ချန်လွေ့၏ မျက်လုံးထဲ၌ ထူးဆန်းသော အရောင်များတောက်ပနေရင်း ပြုံးဖြီးဖြီး လုပ်လိုက်သည်။
“ ဒေလီယာ။ငါမင်းကို တစ်ခု ပြောပြမယ်။လူတစ်ယောက်ရဲ့ အချစ်သမိုင်းကြောင်းပေါ့။ ”
“ ခေါင်းဆောင် ”
ချန်လွေ့ စကားပြောမပြီးခင်မှာပင် ရိုမန်သည် ချန်လွေ့ကို လက်မထောင်ပြသည်။
“ မင်းက အမြဲတမ်း သစ္စာအရှိဆုံး မိတ်ဆွေတစ်ယောက်ဆိုတာ ငါသိပါတယ်။ဒီအကြောင်းကို မပြော...... ”
ကံဆိုးစွာပင် သူ၏စကားမဆုံးခင်၌ ဆွဲဆိတ်ခံရ၍ ခါးတွင် နာကျင်မှုတစ်ခု ခံစားလိုက်ရသည်။ဒေလီယာ၏ သာယာသောအသံ ထွက်ပေါ်လာသည်။
“ ခေါင်းဆောင်။ဆက်ပြောပေးပါ။ ”
ခဏကြာပြီးနောက် အခန်းဒေါင့်နား၌ မူးပြီးခွေနေသော ဆာ-ဒိုဒိုသည် တစ်စုံတစ်ယောက်၏ အော်သံကြောင့် နိုးထလာသည်။သူသည် ပြတင်းပေါက် အပြင်ဘက်ရှိ ကောင်းကင်ကို ကြည့်ရင်း သမ်းဝေကာ ချိုမြိန်သောအိပ်မက်ကို ဆက်လက်မက်နေလိုက်တော့သည်။