← Chapters

နောက်မှတ်တိုင် အရိပ်နက် အင်ပါယာ

Vol. 17 Ch. 246

နောက်မှတ်တိုင် အရိပ်နက် အင်ပါယာ

Vol. 17 Ch. 246

ညနက်ပိုင်း အမှောင်လနန်းတော် ကောင်စီခန်းမ။

ချန်လွေ့ အံ့ဩသွားသည်။

“ အကြီးအကဲ ဂါ့စ် ပျောက်နေတာလား။ ”

ရှီရာ တည်တံ့သွားပြီး ခေါင်းညိတ်လိုက်သည်။

“ အဲဒါက လွန်ခဲ့တဲ့ နှစ်ရက်တုန်းက အရိပ်နက်အင်ပါယာ မြို့တော်ကနေ ခီရာပို့လိုက်တဲ့ အရေးကြီးသတင်းပဲ။ ”

“ ရှီရာက အရိပ်နက် မြို့တော်ဆီ သွားတာလား။ ”

ချန်လွေ့ ‌အံ့ဩသွားပြန်သည်။ဒါကြောင့် ငါသူ့ကို မတွေ့ရတာကိုး။

ကိစ္စမှာ ဤသို့ဖြစ်သည်။ ယခင်တစ်ခေါက် အမှောင်လမြို့သို့ ဗိုလ်ချုပ်ဂျော့ခ်ျ ရောက်လာစဉ်က ဒီရော် အမည်ရှိ လူငယ်တစ်ယောက်ကို ကယ်တင်ခဲ့သည်။ ထိုလူငယ်မှာ အရိပ်နက် အင်ပါယာရှိ ထိပ်တန်း စီးပွားရေးမိသားစုဖြစ်သော ကတ်စတာမိသားစု၏ သားအကြီးဆုံးလည်း ဖြစ်သလို ဆက်ခံသူလည်း ဖြစ်သည်။ မိသားစု ပဍိပက္ခဖြစ်မှုကြောင့် သူသည် အသတ်ခံရလုနီးပါး ဖြစ်သွားခဲ့သည်။သူ ထွက်ပြေးနေစဉ် ဗိုလ်ချုပ်ဂျော့ခ်ျက သူ့ကို ကယ်တင်ခဲ့သည်။ရှီရာနှင့် ဂျော့ခ်ျတို့၏ အကြံအစည်မှာ ဒီရော်အား စီးပွားရေးကို ဆက်ခံရန်အတွက် ထောက်ပံ့ပေးမည်ဖြစ်ပြီး ၎င်းသည် အမှောင်လမြို့ စီးပွားရေးဖွံ့ဖြိုးမှုအတွက် ကြီးမားသော အကူအညီတစ်ရပ်ပင် ဖြစ်သည်။

ချန်လွေ့ သတိလစ်နေစဉ် ရှီရာသည် စိတ်ချရသော လက်ထောက်ဖြစ်သည့် ဂါ့စ်အား ဒီရော်ကို အဖော်ပြုစေကာ အရိပ်နက် မြို့တော်ဆီသွားပြီး မိသားစုကို ပြန်လည်ထိန်းချုပ်နိုင်ရန် ကူညီခိုင်းခဲ့သည်။ခီရာလည်း ပါသွား၏။

အကြောင်းရင်းမှာ ဒီရော်သည် တိုက်တိုက်ဆိုင်ဆိုင်ပင် ခီရာနှင့်တွေ့သွားပြီး တုန်လှုပ်သွားသည်။ ထို့နောက် သူ ချစ်မိသွားတော့သည်။ပွင့်ပွင့်လင်းလင်း စိတ်ကူးယဉ် ဆန်သော သခင်လေးသည် လှပသော ကဝေမလေးအား အထင်ကြီးစေရန်အတွက် ဇွဲလုံ့လနှင့် အစွဲအလမ်းနှင့်အတူ ကြိုးစားတော့သည်။ သို့သော်လည်း သူသည် အကြိမ်ကြိမ် ကျဆုံးခဲ့သည်။လူတိုင်းသဘောကျသော ထိုကဝေမသည် ငြိမ်ဝပ်ပိပြားရေး အရာရှိချန်လြွေ၏ အစေခံဖြစ်ကြောင်း သိသွားသည့်တိုင် ဒီရော် လက်မလျှော့ခဲ့ပေ။သူသည် ခီရာအား အရိပ်နက်မြို့တော်သို့ သူနှင့်အတူ ခေါ်သွားရန် တော်ဝင်မင်းသမီးထံ ခွင့်တောင်းခဲ့သည်။

ချန်လွေ့၏ လက်ရှိအခြေအနေအရ ခီရာ၏ လျို့ဝှက်ချက်ကို ရှာမတွေ့သေးပေ။ ရှီရာသည် ဒီရော်၏ တောင်းဆိုချက်ကို သဘောတူလိုက်သည်။ ခီရာ၊ဂါ့စ်နှင့် ဒီရော်တို့သည် အရိပ်နက်မြို့တော်သို့ အတူတူပြန်ခဲ့ကြသည်။ သို့သော်လည်း ယခုတစ်ခေါက်၌ ခီရာသည် ဂါ့စ်၏ လက်ထောက်အနေဖြင့် သွားကြောင်း ရှီရာ ရှင်းပြသည်။ အကယ်၍ ဒီရော်သာ ကတ်စတာမိသားစုကို အောင်အောင်မြင်မြင် ထိန်းချုပ်နိုင်လျှင် ခီရာကို ဒီရော်ထံ လွဲပြောင်းရန်အတွက် အရာရှိကိုပြောရန် စဉ်းစားမည် ဟုလည်း ရှီရာ ပြောခဲ့သည်။

ထိုကတိမှာ အတော်လေး မရိုးသားပေ။ အကြောင်းမှာ ထိုအချိန်၌ ချန်လွေ့ သတိလစ်နေ၍ ဖြစ်သည်။ အကယ်၍ ချန်လွေ့ မနိုးလာခဲ့လျှင် ကတ်စတာမိသားစုကို ဒီရော် အမှန်တကယ် ထိန်းချုပ်နိုင်သည့်တိုင် ချန်လွေ့၏ အတည်ပြုချက်မရှိဘဲ ခီရာသည် ငြိမ်ဝပ်ပိပြားရေးအရာရှိ၏ အစေခံသာ ဖြစ်နေဦးမည် ဖြစ်သည်။

ချန်လွေ့၏ မကျေနပ်မှုကို မြင်ပြီးနောက် ရှီရာ အသာလေး မျက်မှောင်ကြုတ် လိုက်သည်။

“ ဘာဖြစ်လို့လဲ။မင်းရဲ့အစေခံမလေးနဲ့ ခွဲခွာရမှာကို မကြိုက်တာလား။ ”

“ အဲဒီခီရာက တော်ဝင်မင်းသမီး ကျုပ်ကို အတင်းပေးထားတဲ့ တာဝန်တစ်ခုပါပဲ။ ”

ချန်လွေ့က ခါးသက်သက်နှင့် ခေါင်းခါလိုက်သည်။သို့သော်လည်း ရှီရာ၏လေသံ၌ မနာလိုမှုအနည်းငယ် ရှိနေပုံရသည်။မိန်းမတွေများ။

အမှန်တကယ်၌ နတ်ဆိုးဘုံ၌ အစေခံများ လွှဲပြောင်းခြင်းသည် ပုံမှန်သာ ဖြစ်သည်။ ချန်လွေ့သည်လည်း ခီရာကို အဲလစ်ထံမှ ရရှိလာခဲ့ခြင်း ဖြစ်သည်။ယခုကဲ့သို့ နိုင်ငံရေးအရာဆိုလျှင် ပြောနေစရာပင် မလိုပေ။ အမှန်အတိုင်းပြောရလျှင် ချန်လွေ့သည် အမှန်တကယ် စိတ်မကောင်း ဖြစ်နေသည်။ ခီရာနှင့်အတူ အတော်ကြာကြာ နေပြီးပြီ ဖြစ်သည့်အတွက် ထိုအတွေးသေးသေးများ ပျောက်ကွယ်သွားပြီး သံယောစဉ်နှင့် ရင်းနှီးမှုများသာ ကျန်ရစ်ခဲ့သည်။ ယုတ်စွအဆုံး အမှန်တရား ပေါ်မလာခင်အထိ သူတို့နှစ်ယောက်မှာ ကျွန်-သခင် ဆက်ဆံရေးရှိကြသော မိတ်ဆွေများ ဖြစ်နေကြသေးသည်။

ယခုတွင် ရှီရာသည် ခီရာအား ကုန်ပစ္စည်းတစ်ခု ကဲ့သို့ပင် “ ကုန်သွယ် ” ခဲ့သည်။၎င်းသည် ယောက်ျားတစ်ယောက်၏ ပိုင်ဆိုင်မှုအတွက် အရှက်ရစရာ ဖြစ်သည်မှာ သေချာပေါက်ပင် ဖြစ်လေသည်။

ကံကောင်းစွာဖြင့် ရှီရာသည် ချန်လွေ့၏ လုပ်ပိုင်ခွင့် ( ခံစားချက် ) ကို ထည့်စဉ်းစားပြီး အုပ်စိုးသူတစ်ယောက်၏ အာဏာကို အသုံးချကာ ခီရာအား ‌ဒီရော်ထံ တိုက်ခိုက်မပေးခဲ့ပေ။ ခီရာသည် လက်ထောက်တစ်ယောက်သာ ဖြစ်သည်။

အပေါ်ယံ၌ ဂါ့စ်၏စွမ်းအားသည် အမြင့်ဆင့် နတ်ဆိုးသာ ဖြစ်သည်။ အမှန်တကယ်၌သူသည် လျို့ဝှက်နည်းလမ်းဖြင့် နတ်ဆိုးဘုရင်အဆင့်အထိ တက်နိုင်သည်။ ထို့ပြင် သူသည် ပါးနပ်သည်။ ဂါ့စ်၏ ထောက်ပံ့မှုကြောင့်သာ မဟုတ်လျှင် ရှီရာသည် အမှောင်လမြို့အား မြန်မြန် ထိန်းချုပ်နိုင်မည် မဟုတ်ပေ။ မူလက ဂါ့စ်သည် စားစရာအခြေစိုက်စခန်းကို တာဝန်ယူထားရသည်။ကတ်စတာ မိသားစု၏ အရေးကြီးမှုကြောင့် ရှီရာသည် ထိုဝှက်ဖဲကို လွှတ်လိုက်ရသည်။ သို့သော်လည်း မမျှော်လင့်ထားဘဲနှင့် ရည်ရွယ်ချက် မအောင်မြင်ရုံသာမက ဂါ့စ်လည်း လျို့ဝှက်ဆန်းကြယ်စွာ ပျောက်ဆုံးသွားခဲ့သည်။

ချန်လွေ့ ခဏစဉ်းစားပြီး ပြောလိုက်သည်။

“ ဒီတစ်ခေါက် အရိပ်နက် မြို့တော်ဆီ ကျုပ်ကို သွားခွင့်ပေးပါ။ ”

“ မရဘူး။ ”

ရှီရာ ချက်ချင်း ငြင်းပယ်လိုက်သည်။သူ စိုးရိမ်နေသည်မှာ ချန်လွေ့၏အရည်အချင်းကို မဟုတ်ဘဲ ချန်လွေ့၏ လုံခြုံရေးကိုပင် ဖြစ်သည်။

“ မြို့တော်ရဲ့အရေးယူမှုက ထိုက်သင့်သလောက် အကျိုးသက်ရောက်မှု မရှိဘူး။ အဲဒါကြောင့် သူတို့တွေ အမှောင်လမြို့ကို အနီးကပ် စောင့်ကြည့်နေကြမှာပဲ။ကျုပ် နိုးလာတာကို လူတိုင်း မသိကြသေး‌ဘူး။လူအများစုက ကျုပ်ကို သတိလစ်နေတယ်လို့ပဲ ထင်နေကြတာ။အဲဒါကြောင့် ကျုပ် အမှောင်ထဲမှာ ပုန်းကွယ်နေပြီးတော့ ဒါကိုဆောင်ရွက်ဖို့ ပိုအဆင်ပြေသွားတယ်။ ”

“ အန္တရာယ် များလွန်းတယ်။မင်းမှာ ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့ စွမ်းအားတောင် မရှိဘူး။ ”

ရှီရာ ခေါင်းခါလိုက်သည်။ချန်လွေ့က အခုပဲ သတိလစ်နေရာကနေ နိုးလာတာ။ငါသူ့ကို ပိုပြီး အန္တရာယ်ရှိတဲ့၊ ပိုပြီးခန့်မှန်းလို့မရတဲ့ အရိပ်နက် မြို့တော်‌ဆီကို မလွှတ်နိုင်ဘူး။

“ အရတ်စ်နဲ့ အက်ဂ်ယောတို့က နတ်ဆိုးဘုရင်အဆင့်ဆီ အဆင့်တက်သွားကြပြီ။ အရတ်စ်က ဝတ်ရုံကို ဂရုစိုက်ဖို့နေခဲ့ပြီးတော့ စစ်တန်းလျားကို လေ့ကျင့်ပေးတဲ့ နေရာမှာ အသီနာကို ကူညီပေးလို့ရတယ်။အက်ဂ်ယောက ကျုပ်ကို ကာကွယ်ပြီး လိုက်ပို့ပေးနိုင်တယ်။ ပြီးတော့ အမွေအနှစ်ကြောင့် ကျုပ်မှာ အခုဆိုရင် အနိမ်ဆင့် နတ်ဆိုးစွမ်းအား ရှိနေပြီ။ ”

ချန်လွေ့ ခေါင်းညိတ်လိုက်သည်။

“ ပြီးတော့လည်း အစီအစဉ်ရဲ့ အရေးအကြီးဆုံး အစိတ်အပိုင်းအတွက် ကျုပ်ကိုယ်တိုင်သွားဖို့ စီစဉ်ထားတယ်။အမှောင်လမြို့က နလန်ပြန်ထူမယ့် လက္ခဏာတွေ ပြသနေပေမဲ့လည်း လက်တွေ့မှာတော့ အရေးကြီးအခိုက်အတန့် ဖြစ်နေတယ်။ မြို့တော်က ဖိနှိပ်ဖို့အတွက် နည်းလမ်းတွေ ထပ်သုံးပြီးတော့ အရေးယူမှာပဲ။ ကျုပ်တို့တွေဆက်ပြီး အောက်ကနေမယ်ဆိုရင် ကျုပ်တို့ ခုခံနိုင်မယ် ဆိုရင်တောင် အနှေးနဲ့အမြန် ကျရှုံးသွားမှာပဲ။ ”

“ မင်းကိုယ်တိုင် သွားမှာလား။ ”

ရှီရာ အံ့အားသင့်သွားသည်။၎င်းသည် အန္တရာယ်အများဆုံးအပိုင်းဖြစ်ပြီး အချိန်မရွေး ‌သူသေသွားနိုင်သည်။ထို့ပြင် အမှောင်လမြို့မှ မည်သည်ကိုမှလည်း ထောက်ပံ့ပေး၍ မရပေ။

နတ်ဆိုးဘုံတွင် နတ်ဆိုးဘုရင်အဆင့်သည် စစ်မှန်သောစွမ်းအား၏ ပထမ ခြေလှမ်းဖြစ်သည်။ နတ်ဆိုးဧကရာဇ်နှင့် နတ်ဆိုးအရှင်သခင် မရောက်သေးသရွေ့ စစ်မှန်သော အစွမ်းထက်ပုဂ္ဂိုလ်ဟု သတ်မှတ်၍မရပေ။ အနိမ့်ဆင့်နတ်ဆိုး တစ်‌ယောက်၏ စွမ်းအားမှာမူ ပြက်လုံးတစ်ခုမျှသာ ဖြစ်သည်။

သို့သော်လည်း ထိုအနိမ့်နတ်ဆိုး ဆိုသည့်အရာမှာ အနည်းဆုံး မဟာနတ်ဆိုး ဘုရင်အဆင့် ရောက်နေပြီဖြစ်ကြောင်း ရှီရာ မသိခဲ့ပေ။

“ အလှည့်အပြောင်း ဖြစ်ဖို့အတွက် အရေးကြီးတဲ့ အချက်တွေကို ဆုပ်ကိုင်နိုင်ဖို့ အရဲစွန့်ရမယ်။ ”

ချန်လွေ့သည် စိတ်ပိုင်းဖြတ် ထားခဲ့သည်။

“ ကျုပ်ထက် သင့်တော်တဲ့သူ ဘယ်သူမှ မရှိဘူး။ကျုပ် ဆုံးဖြတ်ပြီးသွားပါပြီ။ ”

ထိုကဲ့သို့ လေသံမာမာသည် ရှီရာကို မပျော်မရွှင် မဖြစ်သွားစေဘဲ သူ၏နှလုံးသား လှုပ်ရှားသွားစေသည်။အချိန်အတော်ကြာပြီးနောက် ရှီရာက တိုးညှင်းစွာ သက်ပြင်းချလိုက်သည်။

“ မင်း ဒီလောက်အထိ လုပ်စရာ မလိုပါဘူး။ ”

ထိုစကားသည် အဓိပ္ပာယ်နှစ်ခွ ရှိသည်။ အမှန်တကယ်၌ ချန်လွေ့၏အသိဉာဏ်၊ သားရဲထိန်းကျောင်းစွမ်းရည်၊ ဆရာသခင်အဆင့် လက်နက်နှင့်ချပ်ကာ ပြုလုပ်ခြင်း စွမ်းရည်ဖြင့်ဆိုလျှင် သူသည် အမှောင်လအတွက် ထိုကဲ့သို့ အရဲစွန့်ပေးစရာ မလိုအပ်ကြောင်း ရှီရာ သဘောပေါက်သည်။သူသည် အမှောင်လမြို့မှ ထွက်သွားပြီး ပို၍အစွမ်းထက်သော ပို၍အန္တရာယ်ကင်းသော အင်အားစုတစ်ခုထံ၌ ဝင်၍ပင်ရသည်။

သူဘာလို့ ဒီမှာနေပြီးတော့ ဒီလိုအန္တရာယ်များတဲ့ အကြံအစဉ်ကို ကိုယ်တိုင် ဆောင်ရွက်ချင်ရတာလဲ။

“ တော်ဝင်မင်းသမီးကို ရှိသမျှနဲ့ ကူညီပေးဖို့ ဗိုလ်ချုပ်ဂျော့ခ်ျကို ကျုပ် သတိပေးထားတယ်။ ”

ချန်လွေ့ ပုခုံးတွန့်လိုက်သည်။

“ ကျုပ်က ကတိတည်တဲ့ လူတစ်ယောက်ပါ။ ”

အဲဒါကြောင့်ပဲလား။အသီနာရဲ့အဖေ့ကို.....ကတိပေးထားတာကြောင့်ပဲလား။

ရှီရာ အနည်းငယ် စိတ်မကောင်း ဖြစ်သွားသည်။

“ ဒါဆိုရင် ငါမင်းကို ကတိပေးတယ်။ ”

မည်သည့်အတွက်ကြောင့်မသိ။ ရုတ်တရက်ကြီး ရှီရာသည် ချန်လွေ့အား နန်းတော်ဥယျာဉ်သို့ ပထမဆုံး ဆင့်ခေါ်ခဲ့သည့်အချိန်ကို သတိရသွားသည်။ ထိုစကားများကို ယခုပြောလိုက်မည်ဆိုလျှင်.....

ထိုအချိန်က ချန်လွေ့သည် လူတိုင်းအထင်သေးကြသော လူသားတစ်ယောက်သာ ဖြစ်သည်။ စွမ်းအား မရှိသော လူသားတစ်ယောက်။ ပါရမီမရှိသော လူသား တစ်ယောက်ဟု သတ်မှတ်ရပေမည်။

ထိုစဉ်က ရှီရာသည် ချန်လွေ့အား နယ်မြေအတွက် အသုံးဝင်နိုင်သော ပစ္စည်းတစ်ခု အနေဖြင့်သာ သတ်မှတ်ထားခဲ့သည်.....။

ထိုအချိန်တွင် အသီနာနှင့် ချန်လွေ့တို့သည် သိကျွမ်းခါစသာ ဖြစ်သည်.....။

ဘဝသည် တစ်လမ်းသွား လက်မှတ်ဖြစ်ပြီး နောက်လှည့် လက်မှတ်လည်းမရှိ၊ အပြန်လက်မှတ်လည်းမရှိဟု ထိုလူသား ပြောခဲ့ဖူးသည်။

ရှီရာသည် အချို့ကို နားမလည်သော်လည်း လိုအပ်သည့်အရာအားလုံးကို သဘောပေါက်ခဲ့သည်။

သူက သူ့ရဲ့အိပ်ယာဘေးမှာ ငါပေးခဲ့တဲ့အမိန့်ကို ကြားခဲ့တယ်။ဒါပေမဲ့ မျက်ရည်စက် တွေကို သူသိနေမလား။

ထိုအချိန်မှစ၍ ရှီရာသည် နှလုံးသား နက်နက်ရှိုင်းရှိုင်း တစ်နေရာ၌ မရှိသင့်သောအရာတစ်ခု ရှိနေကြောင်း ရေးရေးလေး သဘောပေါက်သွားသည်။

“ တကယ်လို့..... ”

ရှီရာ ရုတ်တရက် ပြောလိုက်သည်။သို့သော်လည်း ချက်ချင်းပင် နောင်တရသွားခဲ့ပြီး စကားဆက်မပြောတော့ပေ။

“ ဗိုလ်ချုပ်ဂျော့ခ်ျ မတောင်းဆိုရင်တောင်.... ”

ချန်လွေ့သည် ပါးနပ်သောအပြုံးဖြင့် ပြန်ဖြေလိုက်သည်။

“ ကျုပ် ဒီလိုပဲ လုပ်မှာပါ။ ”

ရှီရာ၏ မပျော်ရွှင်မှုသည် ချက်ချင်းပင် ထူးဆန်းသော သက်သာမှုတစ်ခုဖြင့် အစားထိုးသွားသည်။ သို့သော်လည်း သူ၏လေသံသည် ပို၍ဆိုးဝါးသွားပုံရသည်။

“ ဟမ့်။အဲဒါက မင်းရဲ့ အကြံအစည်ပဲလေ။အခု နောက်ပြောင်နေမယ့်အစား အကြံအစည်ကို အသေးစိတ် ဘယ်လိုကိုင်တွယ်ရမလဲဆိုတာ စဉ်းစားနေ‌သင့်တယ်။ ”

“ အကြံအစည်က ပြောင်းလဲမှုတွေနဲ့ မလိုက်နိုင်ဘူး။အဲဒီအပိုင်းကို နည်းနည်း ပြန်စဉ်းစားရဦးမယ်။ ကတ်စတာ မိသားစုအတွက်ကျတော့ အရိပ်နက်မြို့တော်ဆီ သွားပြီးတော့မှ အခြေအနေကို စုံစမ်းလိုက်မယ်။ ”

တော်ဝင်မင်းသီး၏အသံသည် အေးစက်ပုံရသော်လည်း သူ၏ခရမ်းရောင်မျက်လုံးထဲ၌ ဖျပ်ခနဲဖြစ်သွားသော အံ့အားသင့်မှု အနည်းငယ်သည် မဟာနတ်ဆိုးဘုရင်အဆင့် ရောက်နေပြီ ဖြစ်သောအရာရှိကို မဖုံးကွယ်ထားနိုင်ခဲ့ပေ။ ချန်လွေ့ ပြုံးဖြီးဖြီး လုပ်လိုက်သည်။

“ ဒီတစ်ခေါက် ကျုပ် ကြီးကြီးမားမား အကျိုးပြုပြီး ပြန်လာမယ်ဆိုရင် တော်ဝင်မင်းသမီးက ကျုပ်ရဲ့ သိပ်မလွန်တဲ့ တောင်းဆိုချက်တွေကို သဘောတူနိုင်မလား။ ”

“ မင်းက အခု လွန်နေပြီ။ ”

ထိုသို့ စိတ်ရှုပ်စရာ အပြုံးပြုံးလိုက်သည်နှင့် ထိုလူတွင် မကောင်းသော အကြံအစည် ရှိနေကြောင်း ရှီရာ သိလိုက်သည်။

“ ငါက အရှင်မဆိုတာ မမေ့နဲ့ဦး။ ”

ခင်ဗျားက အရှင်မဖြစ်သော ဘာဖြစ်လဲ။ ခင်ဗျားက မင်းသမီးဖြစ်တော့ ဘာဖြစ်လဲ။ခင်ဗျား ညီမလေးရဲ့ စုဆောင်းမှုတွေထဲမှာ အမျိုးသမီး သူဌေးတွေနဲ့ အလုပ်သမားတွေကြား ပရောပရည်လုပ်တဲ့ ဇာတ်လမ်းတွေ မနည်းဘူးဆိုတာ ခင်ဗျားသိမှာ မဟုတ်ဘူး။ ဒါတွေကိုတော့ ငါ့စိတ်ထဲမှာပဲ ပြောလို့ရတောပေါ့။

“ ကျုပ်ရဲ့အကျိုးပြုမှုအတွက် အရှက်မရှိ ဆုလာဒ်တောင်းတယ်လို့ပဲ သဘောထားလိုက်ပါ။ မဖြစ်နိုင်လုနီးပါးတာဝန်ကို ပြီးမြောက်ဖို့အတွက် ကျုပ်ရဲ့ အသက်ကို ရင်းပြီးတာတောင် ကျုပ်ရဲ့ မလွန်တဲ့ တောင်းဆိုချက် သေးသေးလေးကို တော်ဝင်မင်းသမီး တကယ် သဘောမတူဘူးလား။ ”

“ သိပ်ပြီး ပျော်‌မနေနဲ့ဦး။ ”

ရှီရာသည် အလွန်စိတ်ရှုပ်သွားပြီး အံကြိတ်လိုက်သည်။

“ ဆုလာဒ်က ဘာပဲဖြစ်ဖြစ်ပါ...။နောက်မှ ပြောကြတာပေါ့။ ”

ထိုသို့ပြောလိုက်သည်နှင့် ငြိမ်ဝပ်ပိပြားရေး အရာရှိ၏မျက်နှာသည် ရုတ်တရက် စိတ်လှုပ်ရှားသွားသည်။သို့သော်လည်း ထိုနှာဘူးကျသော မျက်လုံးများကို ကြည့်ရသည်မှာ ကိုးရိုးကားရား နိုင်လှပေသည်။

နောက်ပိုင်း....ပိုပြီး ဆုလဒ်တွေ ရှိလာမှာလား။

အတွေးများ “ မသန့်စင်မှု ”ဆီ ဆင့်ကဲပြောင်းလဲသွားသော တစ်စုံတစ်ယောက်၏ အာခေါင် ခြောက်သွေ့သွားခဲ့သည်။

မဟုတ်သေးဘူး။ ငါက ရိုးသားတဲ့ အိုတာခု တစ်ယောက် ဖြစ်နေရမှာ။အဲဒါ ရိုမန်ကြောင့် ဖြစ်မယ်။တံငါနားနီး တံငါ၊ မုဆိုးနားနီး မုဆိုး ဆိုတဲ့အတိုင်း ငါသူရဲ့ အကြာကြီး အတူတူနေပြီးတော့ ညစ်ညမ်းလာတာပဲ ဖြစ်မယ်။ပြန်သွားရင် သူ့ရဲ့ မကောင်းမှုတွေကို ဒေလီယာဆီ ငါသွားပြောပြရမယ်။[ နတ်မိစ္ဆာမျက်လုံး ] အောက်မှာ [ မိစ္ဆာမျက်လုံး ] ကြက်သီးထနေပါစေ။

ရှီရာ မျက်မှောင်ကြုတ်လိုက်သည်။

“ ဘာဖြစ်တာလဲ။ ”

“ ဘာမှ မဖြစ်ပါဘူး။ ”

ချန်လွေ့ အလျင်အမြန် ခေါင်းလိုက်သည်။သူ အမှန်အတိုင်းသာ ပြောခဲ့လျှင် ရှီရာ၏ အမှုန့်ခြေခြင်းကို ခံရပြီး ဘာမျှကျန်တော့မည် မဟုတ်ပေ။

“ တော်ဝင်မင်းသမီး။ဒီလိုဆိုမှတော့.... ”

ချန်လွေ့သည် သစ္စာရှိ အစေခံတစ်ယောက်အတိုင်း တရိုတသေ ဦးညွှတ်ပြီး လေးလေးနက်နက် ပြောလိုက်သည်။

“ အရှင်မ သဘောတူတယ်လို့ မှတ်ထားလိုက်ပါ့မယ်။အရင်တစ်ခါတုန်းက တစ်ခုတည်းသော အက အပါအဝင်ပေါ့။ကျုပ် ပြန်လာတဲ့အခါကျရင် အဲဒီမဟာ အကြံအစည်ကို သိမ်းယူဖို့အချိန်ရောက်ပြီလို့ ထင်ပါတယ်။ ”

မဟာအကြံအစည်။သိမ်းယူဖို့။ဟုတ်လား။

အဓိပ္ပာယ်နှစ်ခွနဲ့ မျိုးမစစ်ကောင်။အဲဒီသောက်အကြံအစည်ကနေ မင်းက ဘာကို သိမ်းယူချင်တာလဲ။

နောက်ဆုံး၌ ရှီရာသည် ခံစားချက်များကို မထိန်းချုပ်နိုင်တော့ဘဲ ချန်လွေ့အား ဒေါသတကြီး ကြည့်လိုက်သည်။အခြေအနေကို ကြည့်ရသည်မှာ ရှီရာသည် ထိုပြုံးနေသောမျက်နှာအား [ အလင်းအမှောင် မီးတောက် ]ဖြင့် အရိုးစုဖြစ်အောင် အသည်းအသန် လုပ်ချင်နေသည်။

နန်းတော်မှ ထွက်လာပြီးနောက် ချန်လွေ့သည် ရေခဲအလှလေး၏ စိတ်ရှုပ်နေသည့် မျက်နှာကို တွေးတောသတိရနေဆဲပင် ဖြစ်သည်။လူများအား မိုင်ပေါင်းထောင်ချီ တွန်းပို့သော အေးစက်မှုနှင့် ယှဉ်လျှင် ချန်လွေ့သည် ထိုအမူအရာကို ပိုသဘောကျသည်။ နောက်တစ်ကြိမ်၌ အပြုံးတစ်ခု ဖြစ်လာခဲ့လျှင် ပိုကောင်းမည်ဖြစ်သည်။

နောက်မှတ်တိုင်မှာ အရိပ်နက်အင်ပါယာ ဖြစ်သည်။ချန်လွေ့ ရပ်တန့်လိုက်ပြီး ညကောင်းကင်ကို မော့ကြည့်လိုက်သည်။ ခရမ်းရောင်လနှစ်စင်းနောက်တွင် တောက်ပနေသောကြယ်များ ရှိနေကြသည်။

အဲဒီအမျိုးသမီးရဲ့ မျက်လုံးတွေကလည်း ဒီလိုမျိုး လှပတဲ့ ညကောင်းကင်လိုမျိုးပဲ။

ရုတ်တရက်ပင် ချန်လွေ့၏ နှလုံးသားနက်နက်ထဲ၌ မြှုပ်နှံထားသော အတိတ်ဖြစ်ရပ်များသည် သူ၏ခေါင်းထဲ၌ အလိုလို ထွက်ပေါ်လာသည်။

ဒီတစ်ခေါက် ငါ.....သူ့ကို ပြန်တွေ့နိုင်မှာလား။

All Chapters