← Chapters

ယန္တရားပညာ ထောက်ခံချက်ရရှိခြင်း

Vol. 17 Ch. 250

ယန္တရားပညာ ထောက်ခံချက်ရရှိခြင်း

Vol. 17 Ch. 250

ချန်လွေ့၏ တည်ငြိမ်သော အပြုအမူက ဒီရော်ကို စိတ်သက်သာရာ ရစေခဲ့သည်။ ထို့နောက် ဒီရော် အလျင်အမြန် ပြောလိုက်သည်။

“ ဆာ။ကျုပ် အခန်းတစ်ခန်း ပြင်ဆင်ထားပြီးပါပြီ။အရင်ဆုံး အနားယူလိုက်ပါဦး။ လိုအပ်တာတစ်ခုခု ရှိရင် အစေခံကို အမိန့်ပေးလိုက်ပါ။ ”

ဒီရော်သည် စွမ်းရည်မရှိသော်လည်း ငတုံးတစ်ယောက် မဟုတ်ပေ။သူ့ကို အမှောင်လမြို့က ထောက်ပံ့ပေးခြင်းမှာ မရိုးရှင်းကြောင်း သူသိသည်။ယခုသည် အမှောင်လမြို့ စွမ်းအားကို အသုံးချပြီး အမွေဆက်ခံရန်အတွက် အချိန်ကောင်းပင် ဖြစ်သည်။

မိသားစု အင်အားကို သူရရှိပြီးသည်နှင့် သူစိတ်ပြောင်းပြီး အမှောင်လမြို့ကို ကျောခိုင်းချင်လျှင် ကြယ်ကြွေတမန် အင်ပါယာမှ အရှင်မ သေးသေးလေးသည် သူ့ကို ဘာမှလုပ်နိုင်မည် မဟုတ်ပေ။

“ နားဖို့က လောစရာမလိုပါဘူး။ကျုပ် ယန္တရားအစည်းအရုံးဆီ အရင်သွားဖို့ စီစဉ်ထားတယ်။ ”

ချန်လွေ့က ခီရာကို မေးလိုက်သည်။

“ ခီရာ။ယန္တရားအစည်းအရုံး ဘယ်မှာရှိလဲဆိုတာ သိလား။ ”

“ ဟုတ်ကဲ့။ ”

“ မစောင့်နေတော့ဘူး။အခုပဲ သွားကြမယ်။ငါ အရင်ဆုံး ယန္တရားပညာ ထောက်ခံချက်ရရှိဖို့ လိုအပ်တယ်။ပြီးမှ အခြေအနေကို ကြည့်လိုက်မယ်။ ”

“ ဆာ့အတွက် ခက်ခဲမှာပဲ။ ”

ဒီရော်က လေဟာနယ်လက်စွပ်တစ်ကွင်းကို အလျင်အမြန် ထုတ်လိုက်သည်။

“ ငွေလေး နည်းနည်းပါးပါးပါ။လက်ခံပေးပါ။ဆာ။နောက်ပိုင်း ခင်ဗျားရဲ့အကူအညီ လိုအပ်မှာတွေ အများကြီး ရှိပါတယ်။ ”

ချန်လွေ့သည် လက်စွပ်ကိုယူပြီး စိတ်ဖြင့် စစ်ဆေးကြည့်လိုက်သည်။ထိုထဲတွင် သလင်းကျောက်နက် ဒင်္ဂါးများ အပြည့်ရှိနေပြီး တစ်သိန်းနီးပါး ရှိသည်။သူသည် အမှန်ပင် ရက်ရောလှသည့် ထိပ်တန်း စီးပွားရေးမိသားစု သခင်လေး တစ်ယောက်ပင် ဖြစ်လေသည်။ချန်လွေ့ ခေါင်းညိတ်ပြလိုက်သည်။

“ မစ္စတာ ဒီရော်။ကျေးဇူးပါပဲ။ကျုပ်ဒါကို လက်ခံလိုက်ပါ့မယ်။ ”

အခြားနေအိမ်တစ်ခုမှ ထွက်ခွာပြီးနောက် ချန်လွေ့သည် ခီရာနောက် လိုက်သွားပြီး လှည်းတစ်စီးငှားကာ ယန္တရားအစည်းအရုံးသို့ သွားတော့သည်။

ယန္တရားအစည်းအရုံးမှာ အင်ပါယာသုံးခုက အသိအမှတ်ပြုထားသော နာမည်ကျော် အဖွဲ့အစည်းတစ်ခု ဖြစ်သည်။ဆေးရည်ပညာရှင် မဟာမိတ်အဖွဲ့နှင့် ပူးပေါင်းပြီး ၎င်းကို အဂ္ဂိရတ်ပညာရှင် အစည်းအရုံးဟု စုပေါင်းခေါ်ကြသည်။၎င်းကို မည်သည့် တိုင်းပြည်ကမှ မပိုင်ဆိုင်ပေ။အင်ပါယာသုံးခု၏ မြို့တော်တစ်ခုစီ၌ သက်ဆိုင်ရာ အဖွဲ့အစည်းတစ်ခုစီ ရှိကြပြီး ကိစ္စအမျိုးမျိုးအတွက် တာဝန်ယူကြသည်။အထူးသဖြင့် ဆေးရည်ပညာရှင် သို့မဟုတ် ယန္တရားပညာရှင် တို့အတွက် ထောက်ခံချက် ပြုလုပ်ပေးခြင်းနှင့် ဆရာသခင်များအတွက် ဖြစ်သည်။

အရိပ်နက်အင်ပါယာ၏ ယန္တရားအစည်းအရုံးမှာ အပြင်မြို့၏ မြောက်ဘက်ပိုင်းတွင် တည်ရှိပြီး နယ်မြေအကျယ်ကြီးကို အုပ်စိုးထားသော အဆောက်အအုံကြီးတစ်ခု ဖြစ်သည်။ယန္တရားအစည်းအရုံးသည် တော်ဝင်စစ်ပွဲ၏ သက်ရောက်မှုကို ခံခဲ့ရသည်။မဟာကတ်သရင်း နန်းတက်ပြီးသည့်အခါ ၎င်းကို အသစ်ပြန်ပြင် တည်ဆောက်ခဲ့သည်။ထို့ကြောင့် ယခုကဲ့သို့ ခမ်းနားသည့် အငွေ့အသက်ရှိနေခြင်း ဖြစ်သည်။

ယန္တရားပြိုင်ပွဲကြောင့် ထိုနေရာ၌ အတော်လေး လူစည်ကားနေသည်။လူတိုင်းသည် ပြိုင်ပွဲအကြောင်း ဆွေးနွေးနေကြ၏။

“ ဒီတစ်ခေါက်က အရင်နဲ့မတူဘူး။အနိုင်ရရှိတဲ့ ထိပ်ဆုံးသုံးယောက်က အစည်းအရုံးကနေပေးတဲ့ ရှားပါး အဂ္ဂိရတ်ကုန်ကြမ်းတွေကိုလည်း ရမယ်။အကြီးတန်း ဆရာသခင်တွေရဲ့ တပည့်ဖြစ်ခွင့်လည်း ရကြမယ်။ ”

“ လွန်ခဲ့တဲ့ ၁၀နှစ်တုန်းက ပြိုင်ပွဲအနိုင်ရရှိခဲ့တဲ့ ရောဘတ်လည်း ပြန်ဝင်ပြိုင်လောက်တယ်။ ”

“ အရင်က အနိုင်ရတဲ့သူလား။သူက ဘာလို့ ဆရာသခင် မဖြစ်သေးတာလဲ။ ”

“ မင်းဘာသိလို့လဲ။ယန္တရားပညာရှင်နဲ့ ယန္တရားဆရာသခင်က စကားတစ်လုံးပဲ ကွာခြားတယ် ထင်နေတာလား။ယန္တရားပညာရှင်တွေထဲမှာ တစ်ဘဝလုံး ဆရာသခင်အဆင့် မရောက်တဲ့သူတွေ မရေမတွက်နိုင်အောင် ရှိတယ်။၁၀နှစ်အတွင်း အကြီးတန်း ယန္တရားပညာရှင်ကနေ ဆရာသခင်အဆင့်ကို ရောက်တယ်ဆိုတာက တော်တော်လေးကို ထူးချွန်တဲ့ ပါရမီရှင်လို့ သတ်မှတ်လို့ ရနေပြီ။ ”

“ ရောဘတ်က ဆရာသခင်အဆင့်ရောက်ဖို့ နီးကပ်နေပြီလို့ ကြားတယ်။သူက ဒီပြိုင်ပွဲကိုအသုံးချပြီး နာမည်ကြီးအောင် လုပ်ချင်တာနေမယ်။ပြီးရင် ဆရာသခင်အဖြစ် ထောက်ခံချက် ယူလိုက်မယ်။ ”

“ ဆရာသခင် လီယိုရဲ့တပည့် ဆာဗစ်ကလည်း မြို့တော်ရဲ့ တက်သစ်စ ပါရမီရှင်ပဲ။ ဒီ‌တစ်ခေါက် ဒိုင်လူကြီးတွေထဲမှာ ဆရာသခင် လီယိုလည်း ပါတယ်။ဆာဗစ်ကို တော်တော်လေး မြင့်မြင့် မျှော်လင့်လို့ ရတယ်လို့ ငါထင်တယ်။ ”

“ ငါတော့ ရောဘတ်ကို ယုံကြည်တုန်းပဲ။ ဆာဗစ်ရဲ့ မာနထောင်လွှားတဲ့ပုံစံက အမြင်ကပ်စရာ ကောင်းတယ်။သူရဲ့ ကြမ်းတမ်းတဲ့ အပြုအမူတွေကြောင့် လူတွေအများကြီးကို အာခံမိထားတယ်လို့ ငါကြားတယ်။ ”

“ တိုးတိုးပြော။ဆာဗစ် အထဲဝင်သွားတာကို ခုနက ငါတွေ့လိုက်တယ်။အဲဒီကောင်က တော်တော် သဘောထားသေးတာ။ငါတို့ပြောတာ ကြားသွားရင် ပြဿနာ တက်နိုင်တယ်။ ”

ပထမထပ်၏ ဧည့်သည်စောင့်ခန်းတွင် သင်္ကေတများ ရှိကြသည်။အဂ္ဂိရိတ် ကုန်ကြမ်းပစ္စည်းစတိုးဆိုင်သည် ဒုတိယထပ်တွင်ရှိပြီး တတိတထပ်တွင် လဲလှယ်ဌာန ရှိသည်။ယန္တရားပညာ ထောက်ခံချက်ပေးသည့်နေရာသည် စတုတ္ထထပ်တွင် ရှိ၏။ ပဉ္စမထပ်မှာ အထူးနေရာတစ်ခုဖြစ်ပြီး အတွင်း ဝန်ထမ်းများသာ ဝင်ရောက်၍ရသည်။ အတွင်းထဲ၌ ဆရာသခင် များစွာရှိနေသည်။

ချန်လွေ့နှင့်ခီရာတို့က စတုတ္ထထပ်‌ဆီ တစ်ခါတည်း သွားလိုက်ကြသည်။ တာဝန်ကျသော ကဝေမတစ်ယောက်က မေးသည်။

“ ရှင်တို့နှစ်ယောက်လုံး အဂ္ဂိရတ်ပညာ ထောက်ခံချက်ရယူဖို့ လာတာလား။ ”

ချန်လွေ့ ပြန်ဖြေသည်။

“ ယန္တရားပညာ ထောက်ခံချက်လာယူတာ ကျုပ်တစ်ယောက်တည်းပါပဲ။ဘယ်လိုမျိုး ထောက်ခံချက် ရယူနိုင်မလဲ။ ”

“ ဘယ်ဘက်လမ်းကို ဦးတည်ပြီးတော့ တည့်တည့်ဝင်သွားလိုက်။ သလင်းကျောက်နက်ဒင်္ဂါး ၅၀ ပေးပြီးရင် သူက ရှင့်ကို ထောက်ခံချက်ပေးဖို့အတွက် စာမေးပွဲ ဖြေခိုင်းလိမ့်မယ်။ ”

ကဝေမသည် သူ့ထက်ပိုလှသော မျိုးနွယ်တူကို မနာလိုသည့် မျက်လုံးများဖြင့် ‌ဖျပ်ခနဲ ကြည့်လိုက်သည်။

“ ဒီက မိန်းကလေးကတော့ ထောက်ခံချက်အတွက် မဟုတ်ဘူးဆိုရင် ညာဘက်ကိုသွားပြီး နားနေခန်းမှာ စောင့်နေပေးပါ။ ”

ယန္တရားပညာ ထောက်ခံချက်ရဖို့အတွက် သလင်းကျောက်နက်ဒင်္ဂါး ၅၀ တောင် ပေးရတာလား။တော်တော် ဈေးကြီးတာပဲ။ ချန်လွေ့သည် သူတို့ကို စိတ်ထဲ၌ “ ညစ်ပတ်သည့် ကုန်သည်များ ” ဟု အပြစ်တင်လိုက်သည်။ခီရာအား ‌နားနေခန်းတွင် စောင့်ခိုင်းပြီးနောက် ချန်လွေ့သည် ဘယ်ဘက်လမ်းသို့ တည့်တည့် လျှောက်သွားလိုက်သည်။

ဆရာသခင် ရှိုဆာသည် အသက်ကြီးကြီး သေရွာပြန်တစ်ယောက် ဖြစ်သည်။သူသည် အရက်နံ့များထွက်လျက် ပျင်းရိစွာ တရေးတမော မှေးနေလေသည်။ သူ၏ဘေးတွင် လက်ထောက်နှစ်ယောက် ဖြစ်ပုံရသော မဟာနတ်‌ဆိုးငယ်ငယ်ရွယ်ရွယ် နှစ်ယောက် ရှိသည်။

လက်ထောက်တစ်ယောက်က ချန်လွေ့ကို အလုပ်သင်ဝတ်ရုံနှင့် တွေ့သည့်အခါ ချက်ချင်းပင် မေးသည်။

“ ယန္တရားပညာ ထောက်ခံချက်ရဖို့ လာတာလား။အရင်ဆုံး ထောက်ခံချက်အတွက် သ‌လင်းကျောက်နက်ဒင်္ဂါး ၅၀ အရင်ပေးရပါမယ်။ ”

ချန်လွေ့ ခေါင်းညိတ်ပြီး ပြင်ဆင်ထားသော သလင်းကျောက်နက်ဒင်္ဂါးများကို ကမ်းပေးလိုက်သည်။ လက်ထောက်ဖြစ်သူက ၎င်းတို့ကို သေသေချာချာ ရေတွက်ပြီးနောက် ပြောသည်။

“ ဒီပုံစံကို အရင်ဖြည့်ထားလိုက်။ ဆရာသခင် ရှိုဆာက ထောက်ခံချက်ရဖို့ ဘာလုပ်ရမလဲဆိုတာ ပြောပြလိမ့်မယ်။ မင်း အောင်မယ်ဆိုရင် ယန္တရားပညာရှင်ဝတ်ရုံနဲ့ တံဆိပ်ပြားတစ်ခု ရမယ်။ မအောင်မြင်ဘူးဆိုရင်တော့ တစ်နှစ်အတွင်း ဒီကိုထပ်လာလို့ မရဘူး။ ”

ချန်လွေ့သည် ပုံစံကို ယူပြီးကြည့်လိုက်ရာ အမည်၊မျိုးနွယ်၊အသက်၊အထူးပြု အစရှိသည်တို့အပြင် တခြားမရှိကြောင်း တွေ့လိုက်ရသည်။ ၎င်းသည် ချန်လွေ့အား အခြားလောက၌ အလုပ်လျှောက်ရာတွင် မြောက်မြားလှစွာသော ကိုယ်ရေးအကျဉ်းများ ဖြည့်ရခြင်းကို သတိရသွားစေသည်။ အာသာ၏ အချက်အလက်များဖြင့် ပုံစံကို ဖြည့်ပြီးနောက်တွင် လက်ထောက်တစ်ယောက်က ဆရာသခင် ရှိုဆာကို နှိုးလိုက်သည်။

“ မင်းက ထောက်ခံချက်ရဖို့ လာတာလား။ ”

အနှိုးခံလိုက်ရသော သေရွာပြန် ဆရာသခင်သည် မကျေမနပ် ဖြစ်နေပုံရသည်။သူသည် စွေစောင်းပြီး ငိုက်မြည်းနေသော မျက်လုံးများဖြင့် ရှေ့မှ မဟာနတ်ဆိုးကို ကြည့်လိုက်သည်။

တက္ကသိုလ်စာမေးပွဲ၌ အမြဲစိုးရိမ်နေသော ချန်လွေ့သည် ယခုတွင်လည်း အနည်းငယ်စိတ်ပူနေ၏။

“ ဒါက ကျုပ် ပထမဆုံး ဝင်ဖြေတာပါ။ စည်းကမ်း တစ်ခုခု ချိုးဖောက်မိရင် ခွင့်လွှတ်ပေးဖို့ မျှော်လင့်ပါတယ်။ ”

“ အပိုတွေ ပြောမနေနဲ့။ ”

ရှိုဆာ သမ်းလိုက်သည်။

“ အရင်ဆုံး ငါမေးတဲ့ မေးခွန်းသုံးခုကိုဖြေ။ပထမမေးခွန်းက ဂေါ်မုတ်ခရမ်းတစ်ခုကနေ အညစ်အကြေးတွေကို နှစ်လမ်းဘယ်နှစ်မျိုးနဲ့ ဖယ်ရှားလို့ရလဲ။ ”

ချန်လွေ့ ခဏစဉ်းစားပြီး ပြန်ဖြေလိုက်သည်။

“ နှစ်နည်း ရှိပါတယ်။ ”

သူ၏နောက်မှ လက်ထောက်နှစ်ယောက် တစ်ပြိုင်နက်တည်း ခေါင်းခါလိုက်ကြသည်။ ပထမမေးခွန်းမှာ အလွယ်ဆုံးဖြစ်သည်။ဂေါ်မုတ်ပေါ်တွင် သန့်စင်မှုကို ထိခိုက်စေသော စိမ်းပြာရောင် သလင်းကျောက် အများအပြား ရှိနေတတ်သည်။၎င်းတို့ကို ဖယ်ရှားရန် နည်းလမ်းသုံးမျိုးရှိသည်။စံအဖြေများမှာ အောက်ပါအတိုင်းဖြစ်သည်။

(၁) ကိရိယာတစ်မျိုးဖြင့် တိုက်ရိုက်ဖယ်ရှားခြင်း။

(၂) အက်စစ်ပျော်ရည်တစ်မျိုးထဲ၌ စိမ်ခြင်း။

(၃) ရှားပါးသော သလင်းကျောက်စား ပုရွက်ဆိတ်တစ်ကောင်ကို အသုံးပြုခြင်း။

ချန်လွေ့၏အဖြေမှာ ထိုနည်းလမ်းသုံးမျိုးနှင့် လုံးဝကွဲပြားသည်။ပထမတစ်နည်းမှာ ကျောက်ခဲအရည်ပါသည့် ပျော်ရည်တစ်မျိုးကို အသုံးပြုခြင်း ဖြစ်သည်။ ဒုတိယတစ်မျိုးမှာ အပူချိန်နိမ့်သော ပတ်ဝန်းကျင်တစ်ခု၌ ထားထားပြီးနောက် ခွဲခြမ်းအစက်ချဆေး နှင့် ဆိတ်ဒိန်ခဲကို အသုံးပြုကာ သန့်စင်ခြင်း ဖြစ်သည်။

ဆရာသခင် ရှိုဆာ၏ ပျင်းရိနေသော မျက်လုံးများ အနည်းငယ် လက်ခနဲ ဖြစ်သွားပြီး အမှန်တကယ်ပင် ခေါင်းညိတ်လိုက်သည်။

“ အဖြေမှန်တယ်။ ”

နောက်ဘက်မှ လက်ထောက်နှစ်ယောက်စလုံး အံ့အားသင့်သွားကြသည်။သူတို့သည် ထိပ်တန်း အကြီးတန်း ယန္တရားပညာရှင်များ မဟုတ်သော်လည်း ထောက်ခံချက် ရရှိထားသော ပညာရှင်များ ဖြစ်ကြသည်။ ဒါက ဘယ်လိုလုပ် မှန်တာလဲ။ စံအဖြေတွေမှာ ပြဿနာ တစ်ခုခု ရှိလို့လား။

ဆရာသခင် ရှိုဆာက နောက်ထပ် မေးခွန်းထပ်မေးသည်။ အချို့မှာ အဆင်ပြေသော်လည်း အချို့သည် လက်ထောက် ယန္တရားပညာရှင် နှစ်ယောက်ကိုပင် ခေါင်းမူးသွားစေသည်။ ထိုထဲမှ မေးခွန်းတစ်ခုမှာ မှော်အစီအရင်သုံးခုတွင် အနုတ်သဘော ဂုဏ်သတ္တိများကို မည်သို့ကာကွယ်ရမည်ကို မေးခြင်း ဖြစ်သည်။ ၎င်းသည် လက်ထောက်နှစ်ယောက်အား ချွေးစေးများပြန်သွားစေသည်။ အနုတ် သဘော ဂုဏ်သတ္တိမပါတဲ့ မှော်အစီအရင် သုံးခုတဲ့လား။ဒါက ယန္တရားပညာရော ဟုတ်သေးရဲ့လား။

မေးခွန်းသုံးခုကျော်နေသည်မှာ ကြာပြီဖြစ်ကြောင်း ချန်လွေ့ သတိထားမိခဲ့သည်။ သို့သော်လည်း လေးစားသမှုနှင့် ဘာမျှမပြောခဲ့ပေ။ ဆရာသခင် ရှိုဆာသည် ချန်လွေ့အား ထူးဆန်းသောအပြုံးဖြင့် ကြည့်ရင်း ပြောလိုက်သည်။

“ မင်းရဲ့ဆရာက ဘယ်သူလဲ။ ”

နောက်မှ လက်ထောက်နှစ်ယောက် ကြောင်သွားကြသည်။ လက်စသတ်တော့ အဲဒါက ခက်ခဲပြီးတော့ ယန္တရားဆရာသခင်တွေပဲ သုံးနိုင်တဲ့ အမည်မသိနည်းလမ်းတွေကိုး။ ဒီအလုပ်သင်က ဒီလို အဆင့်မြင့်တဲ့ နည်းလမ်းတွေကို သိထားပုံထောက်ရင် ဆရာသခင်တစ်ယောက်ရဲ့ လက်အောက်မှာ သင်ကြားနေတာပဲ ဖြစ်ရမယ်။

“ ကျုပ်ရဲ့ဆရာက နာမည်မမေးဖို့ ပြောထားတဲ့ အဘိုးကြီးတစ်ယောက်ပါ။သူက ဆရာသခင် ဟုတ်မဟုတ် ဆိုတာကိုတောင် ကျုပ်မသိဘူး။ ”

ချန်လွေ့က အကျင့်အတိုင်း ဝေဝေဝါးဝါးနှင့် လိမ်ညာပြောလိုက်သည်။

“ ကောင်းပြီ။မင်း နှုတ်မေးနှုတ်ဖြေ အောင်သွားပြီ။ရလာဒ်က (A)။ဒုတိယတစ်ခုက ရေးဖြေ။ ”

ဆရာသခင် ရှိုဆာ ဆက်မပြောတော့ဘဲ ချန်လွေ့အား စာရွက်တစ်ရွက်နှင့် ဘောပင်တစ်ချောင်း ထုတ်ပေးရန် လက်ထောက်တစ်ယောက်ကို ခြေဟန်လက်ဟန်ပြလိုက်သည်။

“ မီးမှော်အစီအရင် စက်ဝန်းတစ်ခုဆွဲ။မှော်အစီအရင်အဆင့် ပိုမြင့်လေလေ တိကျမှု ပိုမြင့်လေလေ၊ ရလာဒ် ပိုမြင့်လေလေပဲ။ ”

၎င်းသည် ချန်လွေ့အတွက် အေးဆေးပင် ဖြစ်သည်။[ အထူးစိစစ်မှု ]မှ အချက်အလက်ကို အသုံးပြုပြီး ချန်လွေ့သည် မှော်အစီအရင်ကို အလျင်အမြန်ဆွဲကာ မီးထိခိုက်မှုများ ပေါင်းထည့်လိုက်သည်။ထို့နောက် ဆရာသခင် ရှိုဆာအား ပေးလိုက်၏။

“ မြန်လှချည်လား။ ”

ရှိုဆာသည် စာရွက်ကို တစ်ချက်ကြည့်လိုက်သည်။၎င်းသည် သူထင်ထားသကဲ့သို့ အလွယ်ကူဆုံးဖြစ်သော မီးတောက်အလင်းရောင် မဟုတ်ဘဲ ရှုပ်ထွေးသော ထပ်တိုး မီးထိခိုက်မှုတစ်ခု ဖြစ်သည်။ တိကျရုံသာမက အဓိကနေရာများကိုလည်း အမှတ်အသားပြုလုပ်ထားသည်။ ၎င်းသည် ပြဋ္ဌန်းစာအုပ်မှ အတိုင်းပင် ဖြစ်သည်။ အကယ်၍ သူသည် ထိုအလုပ်သင်ကို စောင့်ကြည့်မနေခဲ့လျှင်၊ စာရွက်နှင့်ဘောပင်ကို သူကိုယ်တိုင် မပေးခဲ့လျှင် ထိုအလုပ်သင်သည် ခိုးချသည့်ပစ္စည်း တစ်မျိုးမျိုးကို အသုံးပြုခဲ့သည်ဟု သူထင်မိပေလိမ့်မည်။

အမှန်တကယ်၌ ချန်လွေ့သည် ထိမ်ချိန်ထားဆဲပင် ဖြစ်သည်။ဆရာသခင် တာတာထံမှ သူသင်ယူထားခဲ့သော တိုးမြင့်မှော်စက်ဝန်းကို ရေးဆွဲခဲ့မည်ဆိုလျှင် ဆရာသခင် ရှိုဆာ၏မျက်လုံးများ ပြူးထွက်သွားနိုင်ပေသည်။

ဒါက အလုပ်သင်ရော ဟုတ်သေးရဲ့လား။ ရှိုဆာကိုယ်တိုင်သည်ပင် ထိုကဲ့သို့မြန်မြန် မဆွဲနိုင်ပေ။ သူ့ဆရာက ဒါကို အထူးတလည် သင်ထားပေးလို့ နေမှာပါလေ။ ရှိုဆာသည် ချန်လွေ့၏ ဝတ်ရုံရှေ့ရှိ တံဆိပ်ပြားကို တစ်ချက်ကြည့်ပြီး ထူးထူးဆန်းဆန်း မကျေမနပ် ဖြစ်သွားသည်။ထို့နောက် သူသည် လက်ထောက်များဆီသို့ စာရွက်နှင့်ဘောပင် ပစ်ပေးပြီး ပြောလိုက်သည်။

“ အမ်း....မင်းရဲ့ရေးဖြေက အောင်တယ်လို့ သတ်မှတ်လို့ရတယ်။ရလာဒ်က [ A ] ပဲ။ ”

လက်ထောက်များသည် မှော်စက်ဝန်းကို တစ်ချက်ကြည့်ပြီး အံ့အားသင့်သွားကြသည်။ သူတို့သည် ရှိုဆာကို အထင်သေးသွားကြသည်။ အောင်တယ်လို့ သတ်မှတ်လို့ ရတယ်ဆိုတာ ဘာကိုပြောတာလဲ။

“ နောက်ဆုံးကတော့ အသုံးအဆောင် ပုံသွင်းထုလုပ်တာပဲ။ ”

ရှိုဆာက ချန်လွေ့၏ ကိုယ်ရေးအကျဉ်းကို ကောက်ယူပြီး ကြည့်လိုက်သည်။

“ အာသာက.... မင်းက အထူးပြုမှာ သတ္တုနဲ့ အသုံးအဆောင်လို့ ရေးထားတာ ငါတွေ့တယ်။မင်းက တကယ်ကြီး နှစ်မျိုးရေးထားတာပဲ။လူလေး။လောဘကြီးတာက မင်းအတွက် မကောင်းဘူးဆိုတာ သိသင့်တယ်။ဒီတော့ ငါတို့တွေ ဘေးက ပုံသွင်းထုလုပ်ခန်းဆီ သွားကြမယ်။မင်းမှာ အခွင့်အရေး သုံးကြိမ်ရမယ်။အမြင့်ဆင့် အဆင်တန်ဆာကို မင်းတစ်ကြိမ်လုပ်နိုင်တာနဲ့ တရားဝင် ယန္တရားပညာရှင် ဖြစ်ပြီ။ ”

အမြင့်ဆင့် အသုံးအဆောင်လား။ ချန်လွေ့ ကသိကအောင့်ဖြစ်သွားသည်။လမ်းပေါ်၌ အခြေခံ ဗဟုသုတများနှင့် အဆင့်မြင့်ဗဟုသုတများကို ပေါင်းစပ်ပြီးသွားပြီး သန့်စင်ရုံ၏ လုပ်ဆောင်ချက်လည်း ရှိသည့်အတွက် သူ၏လက်ရာသည် အရည်အသွေးအားဖြင့် တော်တော်လေး အဆင့်မြင့်နေပြီဖြစ်သည်။တစ်နည်းပြောရလျှင် သူသည် ဆရာသခင်တစ်ယောက် ဖြစ်နေလေပြီ။ထို့ကြောင့် အမြင့်ဆင့်အသုံးအဆောင်သည် သူ့အတွက် ပြဿနာ မဟုတ်တော့ပေ။

ချန်လွေ့သည် ရှိုဆာနှင့် လက်ထောက်နှစ်ယောက် နောက်သို့ လိုက်ပြီး ပုံသွင်းထုလုပ်ခန်းသို့ သွားသည်။၎င်းသည် ကိရိယာ အပြည့်အစုံရှိနေသော အသုံးအဆောင် ပုံသွင်းထုလုပ်ခန်းဖြစ်သည်။ရှိုဆာသည် လက်ထောက်များအား ကုန်ကြမ်းတစ်ပုံယူရန် အချက်ပြပြီး ပြောသည်။

“ မင်းပေးခဲ့တဲ့ သလင်းကျောက်နက် ဒင်္ဂါး၅၀ကို ဈေးကြီးတယ် မထင်နဲ့။တကယ်တော့ အဲဒါက ထောက်ခံချက်ရရှိဖို့ ဖြေရတဲ့စာမေးပွဲအတွက်လိုအပ်တဲ့ ကုန်ကြမ်းတွေအတွက် အများကြီးပါတယ်။ ”

“ ပထမတစ်ကြိမ်နဲ့ အောင်မြင်မယ်ဆိုရင် သလင်းကျောက်နက်ဒင်္ဂါး ၁၀ပြား မင်းကို ပြန်ပေးမယ်။မင်းမှာ ပိုက်ဆံပိုရှိတယ်ဆိုရင်တော့ ပိုကောင်းတဲ့ ကုန်ကြမ်းတွေ တောင်းလို့ရတယ်။အမြင့်ဆင့် အဆင်တန်ဆာ လုပ်နိုင်ဖို့ ဖြစ်နိုင်ချေ ပိုများတာပေါ့။ ”

“ မလိုပါဘူး။ကျေးဇူးပါပဲ။ဒီပိုက်ဆံတွေ စုဖို့အတွက် ကျုပ် တော်တော်လေးကို ကြိုးစားခဲ့ရတယ်။ ”

ချန်လွေ့သည် ရှိုဆာ၏ အကြံပေးချက်ကို ငြင်းလိုက်သည်။၎င်းသည် အလိမ်အညာ ဖြစ်သည်မှာ အသေအချာပင်ဖြစ်သည်။ချန်လွေ့၏ သိုလှောင်ခန်းထဲရှိ သလင်းကျောက်နက်ဒင်္ဂါးများသည် ယန္တရားအစည်းအရုံး အဆောက်အအုံထက် ပို၍ပင် မြင့်သည်။အဓိကမှာ ချန်လွေ့သည် ထူးကဲအဆင့် သို့မဟုတ် တစ်ဝက်-ထူးကဲအဆင့် ဖြစ်သွားပြီး အာရုံစိုက်ခံရမှုကို မလိုချင်၍ဖြစ်သည်။

စကားပြောပြီးနောက် ချန်လွေ့သည် လိုအပ်သော ကုန်ကြမ်းများကိုယူပြီး စတင်ပုံသွင်းထုလုပ်တော့သည်။သူ စလုပ်သည်နှင့် ‌လက်ထောက်နှစ်ယောက် ထူးထူးဆန်းဆန်း ဖြစ်သွားကြသည်။ ဒီအလုပ်သင်တပည့်က တော်တော်လေး ကျွမ်းကျင်တာပဲ။သူ့ရဲ့ တိကျမှုတွေက ငါတို့နဲ့တောင် ယှဉ်လို့ရတယ်။အာသာက ထောက်ခံချက်ရဖို့အတွက် ပြဿနာ မရှိလောက်ဘူး ထင်တယ်။

ထိုလူနှစ်ယောက် မြင်သည်များမှာ အပေါ်ယံအဆင့်သာ ဖြစ်သည်။ဆရာသခင် ရှိုဆာက ပို၍မြင်ခဲ့သည်။သူသည် အပေါ်ယံ၌ သာမန်သာဖြစ်သည်။သို့သော်လည်း စိတ်ထဲ၌ မုန်တိုင်းများ ထန်နေ၏။ဒီလိုခံစားချက်၊ဒီလိုမျိုး ချီ က အလုပ်သင်တပည့် တစ်ယောက်မှာမပြောနဲ့၊ အတွေ့အကြုံရှိပြီး ယန္တရားပညာရှင်တစ်ယောက်မှာတောင် မရှိနိုင်ဘူး။ချန်လွေ့သည် ရေမှော်စွမ်းအားကို တိုးမြှင့်ပေးသည့် မှော်လက်စွပ်တစ်ကွင်း ပုံသွင်းထုလုပ်နေခြင်း ဖြစ်သည်။အစပိုင်းရှိ အဓိကကိုယ်ထည် ထုလုပ်ခြင်း၌ ချောမွေ့သော်လည်း မှော်စက်ဝန်း ထွင်းထုရာ၌ အပြစ်အနာအဆာများ ဖြစ်သွားသည်။ကံကောင်းစွာပင် ထိုအားနည်းချက်ကို ကျောက်မျက်များ ထည့်သွင်းပြီး ဖာထေးနိုင်ခဲ့သည်။

ထိုလက်စွပ်၏ ဂုဏ်သတ္တိမှာ ရေမှော်ပညာ အသုံးပြုနှုန်းကို ၅ဆ တိုးမြှင့်ပေးခြင်း ဖြစ်ပြီး ရေ မှော်ပညာ၏ ထိခိုက်မှုကို တစ်ဆခွဲခန့် တိုးမြင့်စေသည်။၎င်းသည် စံပုံစံ အမြင့်ဆင့် အဆင်တန်ဆာတစ်ခုပင် ဖြစ်သည်။

“ ဆရာသခင်။ပြီးသွားပါပြီ။ ”

ချန်လွေ့သည် နဖူးမှ ချွေးများကို သုတ်လိုက်သည်။၎င်းသည် တစ်ဝက်-ထူးကဲအဆင့် အဆန်တန်ဆာ ဖြစ်နိုင်ခဲ့သည့်အတွက် မလွယ်ကူခဲ့ပေ။

ဆရာသခင် ရှိုဆာသည် လက်ထဲမှ လက်စွပ်ကို သေသေချာချာ ကြည့်ပြီး ဖော်ပြ၍မရသော ကိုးရိုးယားရားနိုင်မှုကို ခံစားလိုက်ရသည်။ အရသာရှိသော စွပ်ပြုတ်တစ်အိုးထဲသို့ ကြွက်ချေးတစ်တုံး ပြုတ်ကျသွားသကဲ့သို့ပင် ဖြစ်နေသည်။ သူက စိတ်ရှုပ်နေသည့်လေသံဖြင့် ပြောလိုက်သည်။

“ အမြင့်ဆင့် အဆင်တန်ဆာ ပုံသွင်းထုလုပ်တာ ပြီးသွားပြီ။ရလာဒ်က [ A ] ပဲ။ အာသာက ယန္တရား‌ပညာ ထောက်ခံချက် ရရှိသွားပြီ။ ”

[ A ] သုံးလုံး။လက်ထောက်နှစ်ယောက်စလုံး၏ ထိုယန္တရားပညာအရှင် အသစ်အပေါ် အမြင်များ ပြောင်းလဲသွားသည်။ဆရာသခင် ရှိုဆာက ချန်လွေ့ကို နက်နက်ရှိုင်းရှိုင်း ကြည့်ပြီး ရုတ်တရက် ပြောလိုက်သည်။

“ ဒီယန္တရားပြိုင်ပွဲမှာ မင်းလည်း ဝင်ပြိုင်လို့ရတယ်။ ”

လက်ထောက်များ ကြက်သေသေသွားကြသည်။သူက ဘယ်လောက်ပဲတော်တော် လူသစ်တစ်ယောက်ပဲလေ။ သူက ယန္တရားပြိုင်ပွဲမှာ ဘာဝင်ပြိုင်လုပ်မှာလဲ။ ပြီးတော့လည်း ဆရာသခင် ရှိုဆာက သူ့ကို ဝင်ပြိုင်ဖို့တောင် ပြောခဲ့တယ်။

လက်ထောက်တစ်ယောက်က သတိရသွားပြီး ဆရာသခင် ရှို‌ဆာအား သတိပေးလိုက်သည်။

“ ဆရာသခင်.....။ပဏာမအဆင့်က နောက်သုံးရက်နေရင် စတော့မှာ။စာရင်းသွင်းဖို့က ပိတ်သွားပြီထင်တယ်။ ”

ဆရာသခင် ရှိုဆာက လက်ထောက်နှစ်ယောက်ကို စိုက်ကြည့်ပြီး ချန်လွေ့အား တစ်ခုခု ‌ပစ်ပေးလိုက်သည်။

“ ဒါက မင်းအတွက်။သလင်းကျောက်နက် ဒင်္ဂါး ၁၀ပြားကို ပြန်မပေးတော့ဘူး။ဒါပေမဲ့ ဒါနဲ့ ပြိုင်ပွဲကို မင်းတိုက်ရိုက် ဝင်ပြိုင်လို့ရတယ်။ ”

ချန်လွေ့ ကြည့်လိုက်ရာ ၎င်းသည် ဆရာသခင် ရမ္မနစ်ဂီ ပေးခဲ့သော တံဆိပ်ပြားနှင့် အတူတူပင် ဖြစ်နေသည်။ ဆရာသခင် ရမ္မနစ်ဂီက ပိုပြီးတော့ ဣန္ဒြေရသေးတယ်။သူက ဒါကို အလကား ပေးခဲ့တယ်။ဒီဆရာသခင် ရှိုဆာကတော့ သလင်းကျောက်နက်ဒင်္ဂါး ၁၀ပြား လိမ်သွားတယ်။သူက ဒါကို အိပ်ကပ်ထဲထည့်ပြီး အရက်ဝယ်မလို့လား။

၎င်းကို တွေ့လိုက်ရာ လက်ထောက်နှစ်ယောက် မျက်လုံးပြူးသွားကြသည်။ ထိုတံဆိပ်ပြားသည် အစည်းအရုံးထဲရှိ ဆရာသခင်တစ်ယောက်၏ အကြံပြုချက်ကို ကိုယ်စားပြုသည်။ယှဉ်ပြိုင်သူသည် ပဏာမအဆင့်ကို ကျော်ဖြတ်နိုင်သည်။ ဆရာသခင်တစ်ယောက်စီသည် လူတစ်ယောက်ကိုသာ အကြံပြု၍ရသည်။၎င်းကို ထုတ်ပြလိုက်လျှင် လူများက သလင်းကျောက်နက်ဒင်္ဂါး ၁၀၀ ဆိုသည့်တိုင် အလုအယက်ဝယ်ကြမည် ဖြစ်သည်။သို့သော်လည်း ဆရာသခင် ရှိုဆာသည် ၎င်းကို ယန္တရားပညာရှင်အသစ်လေးအား သလင်းကျောက်နက်ဒင်္ဂါး ၁၀ပြားဖြင့် အမှန်တကယ်ပင် ပေးခဲ့လေသည်။

“ မင်းတို့နှစ်ယောက် သူ့ကိုခေါ်သွားပြီး လုပ်ရိုးလုပ်စဉ်တွေ ဖြည့်ခိုင်းလိုက်။ငါ သောက်တော့မယ်။ ”

ထိုသို့ပြောပြီးနောက် ဆရာသခင် ရှိုဆာသည် လေဟာနယ်လက်စွပ်ထဲမှ ဝိုင်ပုလင်းကိုထုတ်ပြီး တစ်ငုံသောက်ကာ ထိုသုံးယောက်ကို လျစ်လျူရှု ထားလိုက်သည်။သူသည် ပုံသွင်းထုလုပ်ခန်းထဲမှ ယိုင်တိယိုင်တိုင် လမ်းလျှောက်ထွက်သွားပြီး မကျေမနပ် ရေရွတ်နေလိုက်သည်။

“ ဒီကောင်က အနည်းဆုံး တစ်ဝက်-ထူးကဲအဆင့် အသုံးအဆောင်ကိုတောင် လုပ်နိုင်တယ်။ဒါပေမဲ့ သူက ကုန်ကြမ်းပစ္စည်းတွေကို တမင်ဖြုန်းတီးခဲ့တယ်။သူ့ကို ဘယ်မွန်းစတားအိုကြီးက သင်ပေးခဲ့တာလဲဆိုတာ ငါသိချင်မိတယ်.... ”

All Chapters