ဂန္ဓမာဖျက်ဆီးသူ
Vol. 17 Ch. 251
ချန်လွေ့သည် လုပ်ရိုးလုပ်စဉ်များကို ဆောင်ရွက်ပြီးနောက် ယန္တရားပညာရှင် ဝတ်ရုံအသစ်ကို ဝတ်လိုက်သည်။ သူ၏ရင်ဘတ်ပေါ်ရှိ တံဆိပ်ပြားသည်လည်း ကြယ်နှစ်ပွင့် ဖြစ်သွားကာ ၄င်းသည် စစ်မှန်သော ယန္တရားပညာရှင်တစ်ယောက်ကို ကိုယ်စားပြုလေသည်။ ချန်လွေ့သည် ထူးထူးခြားခြား စိတ်အားတက်ကြွသွားခဲ့သည်။
ရုံးခန်းမှ ထွက်လာပြီး နားနေခန်းသို့ ရောက်သည့်အခါ ခီရာကို လူငယ်လေး တစ်ယောက် စကားပြောနေသည်ကို ချန်လွေ့ တွေ့လိုက်ရသည်။ခီရာသည် အနည်းငယ် စိတ်မရှည် ဖြစ်နေပြီး ထွက်သွားချင်နေသည်။ သို့သော်လည်း သူ့ကို ထိုလူက နှောင့်ယှက်နေ၏။
“ ခီရာ ”
ချန်လွေ့ နှုတ်ဆက်ပြီး ရှေ့တက်သွားလိုက်သည်။
“ ဆာ-အာသာ ”
ခီရာက နောက်သို့ အမြန်ဆုတ်ပြီး ချန်လွေ့နောက် ရပ်နေလိုက်ကာ ထိုလူ၏ နှောင့်ယှက်မှုမှ လွတ်မြောက်စေရန် အခွင့်အရေး ယူလိုက်သည်။
ထိုလူသည် ပိန်းပါးပြီး စိတ်ကြီးဝင်နေပုံရကာ မျက်နှာပေါ်၌ “ ငါက စောက်ဆရာကြီး ” ဟူသောအထာ ပေါ်နေသည်။
မျိုးနွယ် - မဟာနတ်ဆိုး( သန္ဓေပြောင်း )
စွမ်းအားအကဲဖြတ်မှု - [ D ]
ခန္ဓာအမျိုးအစား - [ D ]
စွမ်းအား - [ E ]
စိတ်ဝိညာဉ် - [ D ]
မြန်ဆန်မှု - [ E- ]
ချန်လွေ့မျက်မှောင်ကြုတ်လိုက်သည်။
“ မင်းက ဘယ်သူလဲ။ ”
ထိုလူသည် ချန်လွေ့ထံမှ အမြင့်ဆင့်နတ်ဆိုး အငွေ့အသက်ကို ခံစားလိုက်ရသည်။ ချန်လွေ့ကိုယ်ပေါ်မှ ယန္တရားပညာရှင် ဝတ်စုံကို ကြည့်ပြီးနောက် ထိုသူပို၍ပင် စိတ်ကြီးဝင်သွားသည်။
“ မိုက်မဲလိုက်တဲ့ကောင်။ငါမင်းကို ဘယ်သူလဲဆိုတာတောင်မမေးရသေးဘူး။ ”
“ ဆာ-အာသာ ”က မစ္စတာ ဒီရော်ကတ်စကာ ငှားထားတဲ့ အကြီးတန်းအတိုင်ပင်ခံ တစ်ယောက်ပါ။ ”
ခီရာ အလျင်အမြန် ရှင်းပြလိုက်သည်။
“ ဒါက ဆရာသခင်လီယိုရဲ့ တပည့်ပါ။ ယန္တရားပြိုင်ပွဲမှာ အနိုင်ရဖို့ ရေပန်းစားနေတဲ့ ပြိုင်ပွဲဝင်တစ်ယောက်ပေါ့။ ”
လက်စသတ်တော့ သူက ဆာဗစ်ကိုး။သူက ကြားထားတဲ့အတိုင်း စိတ်ကြီးဝင်ပြီးတော့ မရိုးသားဘူးပဲ။
“ အကြီးတန်းအတိုင်အပင်ခံ ဟုတ်လား။ ”
ဆာဗစ်၏မျက်နှာသည် ပို၍ပင် ရှုံ့တွသွားသည်။
“ ဒီရော် ငှားထားတဲ့ လူပဲကို။ ဒီရော်က ငါ့ကို ဒီည ညစာစားပွဲအတွက် ဖိတ်ထားတာ မဟုတ်လား။ ငါ့ရဲ့ စကားတစ်ခွန်းတည်းနဲ့ မင်းကို ချက်ချင်း အလုပ်ပြုတ်အောင် ငါလုပ်နိုင်တယ်။ မင်း ပါးနပ်တယ်ဆိုရင် လစ်လိုက်တော့။ဒီမိန်းကလေးနဲ့ ငါ စကားပြောနေတာကို လာမနှောင့်ယှက်နဲ့။ မဟုတ်လို့ကတော့ နောက်မှ ငါ့ဖိနပ်ကို လျက်ရင်တောင် နောက်ကျသွားလိမ့်မယ်။ ”
ခီရာ မျက်မှောင်ကြုတ်လိုက်သည်။
“ ဆာ-ဆာဗစ်။ တောင်းပန်ပါတယ်။ ကျွန်မရဲ့ ခန္ဓာအမျိုးအစားက ထူးခြားတယ်လို့ ပြောခဲ့ပြီးပြီလေ..... ”
မူလက ဂါ့စ်သည် ခီရာ၏ ခန္ဓာကိုယ်အမျိုးအစားကို မထုတ်ဖော်ခဲ့ပေ။ အကြောင်းမှာ သူသည် ခီရာအား ဒီရော်ကို မူနေရင်း မြူဆွယ်စေချင်သည့်အတွက်ကြောင့် ဖြစ်သည်။
ဂါ့စ် ပျောက်ကွယ်သွားပြီး ရောဘတ်က ဖားလာမိုဘက်သို့ ပြောင်းသွားသည့်အခါ ဒီရော်သည် ဆာဗစ်နှင့် ရင်းနှီးမှုတစ်ခု တည်တောက်ရန် ကြိုးပမ်းရတော့သည်။ ခီရာကို ဆာဗစ်တွေ့သွားသည့်အခါ မမေ့နိုင်တော့ဘဲ ခီရာကို လဲလှယ်မှုသတ်မှတ်ချက် တစ်ခုအဖြစ် ပေးရန်ပင် တောင်းဆိုခဲ့သည်။ ဒီရော်သည် မိန်းမလှများကို စွဲလမ်းသော်လည်း မိသားစု ဆက်ခံသူဖြစ်မည့် အကျိုးအမြတ်ရှေ့တွင် သူသည် ဒုတိယတစ်ခုကိုသာ တုံ့ဆိုင်းမှုမရှိ ရွေးချယ်ခဲ့သည်။
ဒီရော်သည် ဆာဗစ်အား စည်းရုံးနိုင်ရန် အတွက် ခီရာကို အသုံးပြုချင်သော်လည်း ခီရာသည် အမှောင်လမြို့မှ ဖြစ်သည်။ ထို့ကြောင့် သူသည် ဆုံးဖြတ်ချက် မချနိုင်ခဲ့ပေ။ထို့ပြင် ဆာဗစ်နှင့်လည်း အမှန်တကယ် ချိတ်ဆက်၍ မရသေးသည့်အတွက် ဆာဗစ်သည် အကြီးမားဆုံ ငါးစာကို ပစ်ပေးရန် တွန့်ဆုတ်နေခဲ့သည်။
ယခုတွင် အမှောင်လမြို့မှ တာဝန်ရှိသူ ရောက်ရှိလာပြီဖြစ်သည့်အတွက် ထိုကဲ့သို့ အကျိုးအမြတ်အောက်တွင် အာသာသည် မိမိကို သေချာပေါက် စတေးမည်ဖြစ်ကြောင်း ခီရာသိသည်။ ခီရာသည် ထိုနေရာတွင် ဆာဗစ်တွက် ပက်ပင်းတိုးသွားခဲ့သည်။သူသည် ဆာဗစ် နှောင့်ယှက်သည်ကို မခံနိုင်တော့သည့်အတွက် ဆာဗစ် လက်လျှော့ရန်အတွက် သူ့တွင်ရှိသော ဝါးမျိုခြင်း ခန္ဓာအမျိုးအစားအကြောင်းကို ပြောပြခဲ့သည်။
“ ငါ့ကို ကလေးမှတ် မနေနဲ့။ငါယုံမယ် ထင်နေလား။ ”
ဆာဗစ် သရော်ပြုံးပြုံးလိုက်သည်။
“ မင်းက ဒီရော်ရဲ့ မယားငယ် ဖြစ်တော့ရော ဘာဖြစ်လဲ။ ကတ်စတာမိသားစုရဲ့ ဆက်ခံသူ တိုက်ပွဲအကြောင်းကို ငါသိပြီးပြီ။ ငါသူနဲ့ သဘောတူ စာချုပ်ချုပ်ပြီးတော့ သူ့ရဲ့ထောက်ခံသူအနေနဲ့ ဝင်ပြိုင်ဖို့ သဘောတူမယ်ဆိုရင် သူ့ရဲ့မိန်းမနဲ့ ငါအိပ်ချင်တယ်ဆိုရင်တောင် သူငါ့ကို ချက်ချင်း လွှဲပေးမှာပဲ။ ”
“ အဲဒီစကားကို မဒမ် အန်နာဆီ ကျုပ်ပို့ပေးလိုက်မယ်။ သူက ကိုယ်လုပ်တော်ရဲ့သမီး ဖြစ်ပေမဲ့လည်း ဘဏ္ဍာရေးအရာရှိရဲ့ ဂုဏ်သတင်းကို ကိုယ်စားပြုတာပဲ။ ”
ချန်လွေ့က လက်ထဲမှ မှတ်တမ်းတင် ကျောက်တုံးကို လှုပ်ယမ်းပြပြီး တည်တည်ငြိမ်ငြိမ် ပြောလိုက်သည်။ ဆာဗစ်၏မျက်နှာ ချက်ချင်းပင် ပြောင်းလဲသွား၏။
“ ဒါပေမဲ့ ခင်ဗျားက ခီရာကိုပဲ လိုချင်တာဆိုရင် ကျုပ် ဆုံးဖြတ်ပေးလို့ရတယ်။ ဘာလို့လည်းဆိုတော့ ကျုပ်က....သူ့ရဲ့ပိုင်ရှင်လို့ ပြောလို့ရလို့ပဲ။သေချာတာကတော့ ဒီရော်က ဆုံးဖြတ်ချက် မချနိုင်ဘူး။ဒါပေမဲ့ ကျုပ်ကတော့ ဆုံးဖြတ်ချက်ချလို့ရတယ်။ ”
ချန်လွေ့ပြောသည်မှာ မမှားပေ။သူသည် ခီရာ၏ တရားဝင် ပိုင်ရှင်ဖြစ်သည်။ထို့ပြင် ရှီရာ၏ အမိန့်တွင်လည်း ခီရာအား လုံးဝနာခံရန် အထူးတောင်းဆိုချက်တစ်ခု ပါဝင်နေသည်။
ခီရာ တုန်လှုပ်သွား၏။ သူအစိုးရိမ်ဆုံးအရာ အမှန်တကယ် ဖြစ်လာခဲ့လေပြီ။ ဆာဗစ်သည် ခီရာ၏ အမူအရာကို မြင်သွားပြီး “ အကြီးတန်းအတိုင်ပင်ခံ ” ချန်လွေ့အား အမြင်ပြောင်းသွားသည်။
“ မင်းငါ့ကို ခီရာ ပေးမယ်ဆိုရင် ဒီရော်ရဲ့ တောင်းဆိုချက်ကို သဘောတူဖို့ ငါစဉ်းစားပေးမယ်။ မင်းလည်း ယန္တရားပညာရှင်တစ်ယောက်ပဲ။ငါ့ဆရာက ဆရာသခင် လီယိုဆိုတာ မင်းသိမှာပါ။ မင်း ငါ့နောက်လိုက်မယ်ဆိုရင် ကတ်စတာမိသားစုမှာ နေတာထက် ပိုပြီးတော့ အစွမ်းထက်လာလိမ့်မယ်။ ”
“ ကောင်းတာပေါ့။ ”
ချန်လွေ့သည် မျက်နှာဖြူဖျော့နေသော ခီရာအား ဖျပ်ခနဲကြည့်ပြီး ပြုံးလိုက်သည်။
“ ဒါပေမဲ့ သူပြောတဲ့ ဝါးမျိုခြင်း ခန္ဓာအမျိုးအစားက တကယ်ပဲဆိုတာကိုတော့ ကျုပ် သတိပေးရမယ်။ကျုပ် နတ်ဆိုးဘုရားသခင်ကို တိုင်တည်ပြီး ကျိန်ဆိုရဲတယ်။ ”
“ မင်းက တကယ့်ကို ပါးနပ်တဲ့သူပဲ။ခန္ဓာအမျိုးအစားက အမှန်ဟုတ်ဟုတ် မဟုတ်ဟုတ် အရေးမကြီးဘူး။ငါ့မှာ ဒီလိုမိန်းမတွေကို ကိုယ်တွယ်မယ့် နည်းလမ်းတစ်ခု ရှိတယ်။ ”
ခီရာကို ရယူနိုင်ကြောင်း မြင်သွားပြီး ဆာဗစ်က ကောက်ကျစ်စွာ ပြုံးလိုက်သည်။
“ သူက ကစားစရာ ကောင်းကောင်းတစ်ခု ဖြစ်လာမှာပါ။ ”
ချန်လွေ့ စိတ်ဝင်စားနေသည်ကို ကြည့်လိုက်ပြီး ဆာဗစ်က တစ်စုံတစ်ခုကို ထုတ်ပြသည်။
“ ဒါက သိပ်မကြာခင်တုန်းက ငါကြိုးကြိုးစားစား ဖန်တီးခဲ့ရတဲ့ မှော်ပစ္စည်းတစ်မျိုးပဲ။ ဒါက လုပ်ဆောင်ချက် အမျိုးမျိုးရှိတယ်။ ဒါက ကစားစရာကို အသက်ချမ်းသာပေးဖို့ ပြောတဲ့အထိ ဖြစ်အောင် လုပ်နိုင်တယ်......။ ငါသူ့ကို ငြီးငွေ့သွားပြီးရင် သူ့ကို မင်းဆီ အသက်ရှင်ရက် ပြန်ပေးလောက်မှာပါ။ ”
ထိုအရာကို ချန်လွေ့ကြည့်လိုက်ရာ အံ့အားသင့်သွားသည်။ ဒါက တကယ်ကြီး..... လိင်ကစားစရာပဲ။ပြီးတော့လည်း ဒါက “ လျှပ်စစ်-စွမ်းအားသုံး ” ကြီး။
ဒီယန္တရားပါရမီရှင် ဆိုတဲ့လူက တကယ့်ကို “ ညစ်ညမ်းတဲ့ပါရမီရှင် ” ပဲ။
ထိုသူ၏ ညစ်ပတ်သော စိတ်ထားနှင့် ဆင်တူစွာပင် ထိုပစ္စည်း၏ လုပ်ဆောင်ချက် မှာလည်း ပျော်စရာအတွက်မဟုတ်ဘဲ အနိုင်ကျင့်ရန်အတွက် ဖြစ်သည်။ထိုအရာ၏ ဒီဇိုင်းပုံစံမှာ အမှန်တကယ်ပင်..... ညစ်ညမ်းလှသည်။ ၎င်းကို အမျိုးသမီးအပေါ်၌ အတင်းအသုံးပြုမည်ဆိုလျှင် သေသည်ထက် သေချာပေါက် ပိုဆိုးပေလိမ့်မည်။
ခီရာ၏ မျက်နှာအမူအရာ အတော်လေး ပြောင်းလဲသွားပြီး ခန္ဓာကိုယ် အနည်းငယ် တုန်ခါလာသည်။ ထိုပစ္စည်းကို ထုတ်လိုက်ရသည့် ဆာဗစ်၏ အဓိက ရည်ရွယ်ချက်မှာ ခီရာ၏အမူအရာကို မြင်လို၍ဖြစ်သည်။သူ၏ မူမမှန်သောစိတ် ကြီးကြီးမားမား ကျေနပ်သွားသည်။ဆာဗစ်သည် ထိုထိပ်တန်း ကဝေမနှင့် မည်ကဲ့သို့ ပျော်ပါးရမည်ကို သူ၏စိတ်ထဲ၌ တွေ့နှင့်နေလေပြီ။
ထိုအချိန်၌ ဆာဗစ်သည် ရုတ်တရက် လက်ထဲ၌ ပေါ့ပါးသွားသကဲ့သို့ ခံစားလိုက်ရပြီး “ လိင်ကစားစရာ ” လည်း ပျောက်ကွယ်သွား၏။
“ ကောင်းပြီ။ခီရာ။သွားကြမယ်။ ”
ချန်လွေ့သည် ခီရာ၏လက်ကိုဆွဲပြီး လှည့်ထွက်သွားတော့သည်။
ဆာဗစ် ကြက်သေသေသွားသည်။ သူ နောက်ဆုံး၌ အသိဝင်လာပြီး ကြိမ်းမောင်းချင် သော်လည်း သူ၏ခန္ဓာကိုယ် ရုတ်တရက် တုန်လှုပ်နေပြီး အားတစ်မျိုးမျိုး၏ ဖိနှိပ်ခြင်းကို ခံနေရသကဲ့သို့ ဖြစ်နေသည်။သူ လုံးဝ မလှုပ်ရှားနိုင်ပေ။
ထို့နောက် ချက်ချင်းမှာပင် ကြီးမားသော ပစ္စည်းတစ်ခုကြောင့် သူ၏စအိုဝ၌ ပြင်းပြင်းထန်ထန် စုတ်ပြဲသွားသကဲ့သို့ပင် နာကျင်ခံစားလိုက်ရသည်။ရုတ်တရက် သူသည် ကမ္ဘာကြီး တုန်ခါလောက်အောင် အော်ဟစ်လိုက်ပြီးနောက် မြေပြင်ပေါ်သို့ လဲကျသွားသည်။ ဆာဗစ်သည် သူ၏တင်ပါးကို ဖုံးကွယ်ရန် ကြိုးစားသော်လည်း လက်ကိုမလှုပ်ရှားနိုင်ခဲ့ပေ။
အရှိန်နှင့် နက်ရှိုင်းမှုသည် အတော်လေး ကြောက်မက်ဖွယ်ကောင်းလှပြီး ဆာဗစ်၏ ဘောင်းဘီကို ဖောက်ထွင်းသွားခဲ့သည်။ ထို့ပြင် ထိုအရာသည် အမှန်တကယ်ပင် ပွင့်သွားပြီး အလိုအလျောက် လှုပ်ရှားနေသည့်အတွက် နှာဘူး ဆာဗစ်အား ပို၍ပင် နာကျင်စေသည်။ သို့သော်လည်း သူ၏ခန္ဓာကိုယ်ကို လှုပ်ရှား၍မရပေ။သူသည် ချက်ချင်းပင် ကျယ်လောင်စွာ အော်ဟစ်လိုက်တော့သည်။ သူ၏နောက်ဘက်ရှိ အဝတ်တွင်လည်း သွေးများဖြင့် စွန်းထင်းသွား၏။
“ ဒါက ကတ်စတာမိသားစုနဲ့ ဘဏ္ဍာရေးအရာရှိ ကိုယ်စားအတွက်ပဲ။ကျုပ်မှာ မှတ်တမ်းကျောက်တုံးရှိနေသေးတာ မမေ့နဲ့ဦး။ ”
ချန်လွေ့သည် ခိုက်ခိုက်တုန်နေသော ဆာဗစ်ကို စက်ဆုပ်စွာကြည့်ပြီးနောက် သရော်ပြုံးပြုံးလိုက်သည်။
“ နားနေခန်းက ဘယ်လောက် အသံလုံလဲဆိုတာ ကျုပ်မသိဘူး။ခင်ဗျား ကြိုက်သလောက်အော်ပြီး အကူအညီ တောင်းလို့ရတယ်။မြို့တော်ရဲ့ ပါရမီရှင်က သူလုပ်ထားတဲ့ပစ္စည်းနဲ့ ဖင်မှာထိုးထည့်ခံရတဲ့ ရဲစွမ်းသတ္တိရှိတဲ့ပုံစံကို လူတိုင်း မြင်ပါစေပေါ့။ ”
ဆာဗစ်၏ခန္ဓာကိုယ် ပို၍ပင် တုန်လှုပ်သွားသည်။ သူ၏ခန္ဓာကိုယ်တစ်ခုလုံးသည် နာကျင်မှုနှင့် ကြောက်ရွံ့မှုကြောင့် ချွေးစီးများပြန်နေ၏။ သို့သော်လည်း သူသည် ၎င်းကိုကြိတ်မိတ်ခံပြီး ကျယ်ကျယ် မအော်ရဲပေ။ သူ၏အရှေ့တွင်ရှိသော အာသာ၏ ကောက်ကျစ်မှုသည် ကြောက်မက်ဖွယ် ကောင်းလှပေသည်။ဤကဲ့သို့ ရှက်စရာအခြေအနေ၌ လူတိုင်း သူ့ကိုမြင်သွားကြလျှင် အာသာ ပြင်းပြင်းထန်ထန် အပြစ်ပေးခံရသည့်တိုင် ပါရမီရှင်ဖြစ်သော သူသည် မြို့တော်၌ ရယ်စရာတစ်ခု ဖြစ်သွားပေလိမ့်မည်။
ထိုကဲ့သို့ အလှည့်အပြောင်းက ခီရာကို မယုံကြည်နိုင် ဖြစ်သွားစေသည်။ထို့နောက် သူ့ကို ချန်လွေ့ ဆွဲခေါ်သွားပြီး မသိလိုက်ဘဲ လမ်းလျှောက်သွားတော့သည်။
ဆာဗစ်၏ခန္ဓာကိုယ် လှုပ်ရှား၍မရသေးပေ။သူသည် ထိုကဲ့သို့ သွက်ခါပါဒဖြစ်ခြင်း အလျင်အမြန် ပျောက်ကွယ်သွားရန်ကိုသာ မျှော်လင့်နေ၏။သူ၏ရင်ထဲရှိ အမုန်တရားကို စကားဖြင့်ပင် ဖော်ပြ၍မရတော့ချေ။ သူသည် အာသာ၊ခီရာနှင့် ကတ်စတာမိသားစုကိုပင် လက်စားချေရန် ကျိန်ဆိုလိုက်တော့သည်။
ချန်လွေ့သည် နားနေခန်းတံခါးကိုပိတ်ပြီး “ မနှောင့်ယှက်ရ ” ဆိုင်းဘုတ်ကို ချိတ်ဆွဲလိုက်ကာ ခီရာကို ခေါ်သွားသည်။ တိုက်ဆိုင်စွာပင် သူသည် မြို့တော်သို့ သူနှင့်အတူသွားခဲ့သော မွန်ရိုးနှင့် ဖီနီတို့နှင့် တွေ့ဆုံခဲ့ရသည်။
ဖီနီက ချန်လွေ့ကို တွေ့ပြီး တအံ့တဩနှင့် ပြောလိုက်သည်။
“ အာသာ။ရှင်က ဘာလို့ ဒီကိုရောက်နေတာလဲ။ ”
ချန်လွေ့ အသာလေး ပြုံးလိုက်သည်။
“ ငါ အခုပဲ ယန္တရားပညာ ထောက်ခံချက် ရလာတာ။ ”
“ ဝိုး။ကောင်းတာပေါ့။ ”
ဖီနီ ချန်လွေ့၏ ဝတ်ရုံအသစ်နှင့် တံဆိပ်ပြားကိုကြည့်ပြီး မနာလိုဖြစ်သွားသည်။
“ ရှင် ဆာဗီကို တွေ့လိုက်လား..။မျောက်မျက်နှာနဲ့ ငပိန်တစ်ယောက်လေ။ ”
ဖီနီက နားနေခန်းတံခါးကို ကြည့်လိုက်သည်။
“ ဒီမှာ သူရှိနေတယ်လို့ အစေခံပြောတာကို ကျွန်မ ကြားခဲ့တယ်။ဆရာသခင် လီယိုက သူ့ကို ရှာနေတဲ့ပုံပဲ။ ”
ချန်လွေ့သည် ရုတ်တရက် သဘောပေါက်သွားသလို ဖြစ်သွားသည်။
“ ဒါဆို အဲဒီမျောက်မျက်နှာနဲ့ ငပိန်က ဆာဗစ်ပေါ့။ခုနက သူငါ့ကို အသစ်ဖန်တီးထားတဲ့ မှော်ပစ္စည်းတစ်မျိုးပြတယ်။အဲဒါကို “ ဂန္ဓမာ ( တရုတ်လိုဆို စအို ) ဖျက်ဆီးသူ ” လို့ခေါ်တယ်။ဒါပေမဲ့ သူက အဲဒါကို ကိုယ်တိုင်စမ်းသပ်ဖို့အတွက် နေရာရှာမယ်ဆိုပြီး အောက်ထပ်ကို ဆင်းသွားတဲ့ပုံပဲ။ ”
“ ဂန္ဓမာဖျက်ဆီးသူ ဟုတ်လား။ ”
ဖီနီက သိချင်စိတ်ဖြင့်မေးပြီး ပြုံးလိုက်သည်။
“ ရှင်လည်းသူ့ကို မျောက်မျက်နှာနဲ့ ငပိန်လို့ ခေါ်တာလား။ ဒါပေမဲ့ သူ့ကို မကြားစေနဲ့။ အဲဒီလူက မာနလည်းကြီးသလို သဘောထားလည်း သေးသိမ်တယ်။ဒါပေမဲ့ ကျွန်မသူ့ကို မကြောက်ဘူး။ သူ ရှင့်ကို အနိုင်ကျင့်ရဲရင် ကျွန်မကိုသာပြော။ကျွန်မ ရှင့်ကို ကူညီပေးမယ်။ဒါက ရှင့်မိန်းမလား။ ”
ချန်လွေ့သည် လက်ကိုင်ခံထားရသော ခီရာအားကြည့်ပြီး ရေးရေးလေး ခေါင်းညိတ်လိုက်သည်။
“ ဒါနဲ့ ငါ လုပ်စရာ ရှိသေးတယ်။အရင် သွားလိုက်ဦးမယ်။ ကံကောင်းပါစေ။ ဖီနီ။ မင်းလည်း မကြာခင် ယန္တရားပညာရှင်တစ်ယောက် ဖြစ်မယ်ဆိုတာ သေချာတယ်။ ”
“ ကောင်းပြီလေ။ကျွန်မ ဒီကို အဘိုးနဲ့ ခဏခဏ လာတာ။နောက်တစ်ခေါက်လည်း ရှင်နဲ့တွေ့မယ်လို့ မျှော်လင့်ပါတယ်။ ”
ချန်လွေ့သည် ဖီနီကို နှုတ်ဆက်ပြီး ခီရာ၏လက်ကို ကိုင်ကာ ယန္တရားအစည်းအရုံးမှ အလျင်အမြန် ထွက်သွားလိုက်သည်။
ဘလော့မှ ထွက်ခွာသွားပြီးနောက် သူတို့ အရှိန် လျှော့လိုက်သည်။ခီရာက လက်ကို အသာလေး ပြန်ဆွဲယူပြီး ပြောသည်။
“ ကျေးဇူးပါပဲ။ ”
ကဝေမက သူ၏ကံကြမ္မာကို ရှောင်လွှဲ၍ မရတော့ပြီဟု မူလက ထင်ခဲ့သည်။အကယ်၍ ဂါ့စ်သာဆိုလျှင် ဆာဗစ်ကို သိမ်းသွင်းရန်အတွက် သူ့ကို စတေးမည်မှာ သေချာသည်။ မမျှော်လင့်ဘဲနှင့် ထိုသူသည် ဤကဲ့သို့ မထင်မှတ်ထားသော ဆုံးဖြတ်ချက်ကို ချခဲ့သည်။သူသည် ဆာဗစ်အား လုံးဝလက်လျှော့အောင် လုပ်ခဲ့ရုံသာမက ထိုကဲ့သို့ ရက်စက်သောနည်းလမ်းဖြင့်လည်း အပြစ်ပေးခဲ့သည်။ သို့သော်လည်း ခီရာက ထိုသူသည် မည်သည့်အတွက်ကြောင့် ထိုကဲ့သို့ ပြုလုပ်ခဲ့ကြောင်းကို စဉ်းစား၍မရပေ။
ချန်လွေ့ ခေါင်းခါလိုက်သည်။
“ ကိစ္စမရှိပါဘူး။ အဲဒီနှာဘူးကောင်က ငါ့ကို စိတ်ရှုပ်အောင်လုပ်လို့ မမေ့နိုင်တဲ့ပညာ တစ်ခု ပေးလိုက်တာ။ ”
အဲဒီလူက ဒီသင်ခန်းစာကို ဘယ်တော့မှ မေ့လောက်မှာ မဟုတ်တော့ဘူး။
ခီရာက ချန်လွေ့အား ခဏမျှ ကြည့်လိုက်သည်။အကြောင်းတစ်ခုခုကြောင့် အနည်းငယ် ရုပ်ဆိုးသော ထိုမျက်နှာသည် ရုပ်ချောသောသူများထက် ပို၍ကြည့်ကောင်းသည်ဟု ခီရာ ခံစားမိလိုက်သည်။သူ သေသေချာချာ မေးသည်။
“ ဒါပေမဲ့ အခု ကျွန်မတို့ကို ဆာဗစ်ကို လုံးဝအာခံလိုက်ပြီ.....။ကျွန်မတို့ ဘာဆက်လုပ်မှာလဲ။ ”
“ စိတ်မပူပါနဲ့။ငါ့မှာ ငါ့နည်းလမ်း ရှိပါတယ်။မင်းက ငါ့ရဲ့ လက်ထောက်ပဲ။ငါက အပြည့်အဝ တာဝန်ယူရမှာပေါ့။ ”
ချန်လွေ့ ရယ်လိုက်သည်။
“ မင်းအခု လုပ်ရမယ့်အလုပ်က.... အရိပ်နက်မြို့တော်ကို ငါမရောက်ဖူးသေးဘူး။မင်းက ဒီကိုရောက်နေတာ ကြာပြီဆိုတော့ လမ်းပြလုပ်ပေးရင် အဆင်ပြေမယ် မဟုတ်လား။ ”
“ ပြေတာပေါ့။ ”
ခီရာ ပြုံးပြလိုက်သည်။၎င်းသည် ပုံမှန်ကဲ့သို့ စွဲမက်စရာမကောင်းသော်လည်း ပို၍လှပပုံပေါ်သည်။
ချန်လွေ့နှင့် ခီရာတို့သည် အချိန်အတော်ကြာ လျှောက်လည်ပြီး အရိပ်နက်မြို့တော်ရှိ နာမည်ကြီး စားစရာများကို စားကြည့်ပြီးနောက် အခြားနေအိမ်သို့ ဖြည်းဖြည်းချင်း ပြန်လာခဲ့သည်။
အခြားနေအိမ်၌ ဒီရော်သည် စိုးရိမ်နေပြီ ဖြစ်သည်။သူတို့နှစ်ယောက်ကို တွေ့သည့်အခါ ဒီရော် ခပ်မြန်မြန် နှုတ်ဆက်လိုက်သည်။
“ ဆာ-အာသာ။ဘာဖြစ်သွားတာလဲ။ဆာဗစ်က ကျုပ် ဒီညဖိတ်မှာကို ဆိုးဆိုးဝါးဝါး ငြင်းပယ်ခဲ့တယ်။ပြီးတော့လည်း ကျုပ်ကို သတိထားဖို့ ပြောသွားခဲ့တယ်။ ”
ချန်လွေ့ ပုခုံးတွန့်လိုက်သည်။
“ ဘာလို့လဲဆိုတော့..... အဲဒီမြို့တော်ရဲ့ပါရမီရှင် ဆိုတဲ့လူကို ကျုပ်စစ်ဆေးကြည့်ပြီးပြီ။ သူက ဒီပြိုင်ပွဲရဲ့ နောက်ဆုံးအနိုင်ရရှိသူ မဖြစ်နိုင်ဘူး။ပြီးတော့လည်းသူ သူက သည်းမခံနိုင်လောက်အောင် ကလိမ်ကကျစ်နိုင်တယ်။အဲဒါကြောင့် ကျုပ်သူ့ကို ခင်ဗျားအစား သင်ခန်းစာပေးခဲ့တယ်။ ”
“ ဘာပြောတယ်။ ”
ဒီရော်သည် နားကြားမှားသည်ဟု ထင်မိသွားပြီး အော်ပြောလိုက်သည်။
“ ခင်ဗျားက သူ့ကို သင်ခန်းစာ ပေးခဲ့တယ် ဟုတ်လား။ခင်ဗျား ရူးနေတာလား။ ”
“ ကျုပ် မရူးပါဘူး။ကျုပ်က ဒါကို ကတ်စတာမိသားစုနဲ့ ဘဏ္ဍာရေးအရာရှိတို့ရဲ့ ဂုဏ်သိက္ခာအတွက် လုပ်ခဲ့တာ။ ”
ချန်လွေ့က မှတ်တမ်းကျောက်တုံးကို ထုတ်လိုက်ရာ ဆာဗစ်၏အသံ ထွက်လာသည်။ ထိုထဲ၌ ဒုတိယတစ်ဝက်သည် အကောင်းဆုံးဖြစ်၏။
“ ငါသူနဲ့ သဘောတူ စာချုပ်ချုပ်ပြီးတော့ သူ့ရဲ့ထောက်ခံသူအနေနဲ့ ဝင်ပြိုင်ဖို့ သဘောတူမယ်ဆိုရင် သူ့ရဲ့မိန်းမနဲ့ ငါအိပ်ချင်တယ်ဆိုရင်တောင် သူငါ့ကို ချက်ချင်း လွှဲပေးမှာပဲ။ ”
ဒီရော် စိတ်ကုန်သွားသည်။ဆာဗစ်၏ စကားများကြောင့်သာမက ချန်လွေ့သည်လည်း ဆာဗစ်ကို လုံးဝအာခံလိုက်ပြီ ဖြစ်သည့်အတွက် သူ၏ နောက်ဆုံးမျှော်လင့်ချက် နစ်မြုပ်သွားတော့သည်။
ဒီရော်၏ စိတ်ကုန်သွားသော မျက်နှာကိုမြင်ပြီး ချန်လွေ့ ရယ်လိုက်သည်။
“ စိတ်မပူပါနဲ့။ကျုပ် ရွေးထားတဲ့ သူတစ်ယောက်ရှိတယ်။သူက ဆာဗစ်လို လူမျိုးထက် သေချာပေါက် သာတယ်။ကံကောင်းမယ်ဆိုရင် ပြိုင်ပွဲမှာ အနိုင်ရနိုင်ချေ များတယ်။မဟုတ်ရင် ဆာဗစ်ကို ကျုပ်ဘာလို့ လက်လျှော့မှာလဲ။ ”
၎င်းကို ကြားလိုက်ရာ ဒီရော်၏မျှော်လင့်ချက် တောက်လောက်သွားပြန်၏။
“ ဘယ်သူများလဲ။ ”
ချန်လွေ့က သူ အသစ်စက်စက် ရရှိထားသော ယန္တရားပညာရှင် တံဆိပ်ပြားကို လက်ညှိုးထိုးပြလိုက်သည်။
“ ကျုပ်ပဲ။ ”
“ ခင်ဗျားလား။ ”
ဒီရော်၏ မျှော်လင့်ချက်မီးတောက် ချက်ချင်းပင် ငြိမ်းသွားခဲ့သည်။
မင်းက ယန္တရားပညာရှင်ဖြစ်တော့ရော ဘာဖြစ်လဲ။အခုပဲ ထောက်ခံချက်ရတားတဲ့ လူသစ် ယန္တရားပညာရှင်က ပဏာမအဆင့်တောင် ကျော်ဖြတ်နိုင်မှာ မဟုတ်ဘူး။
“ စိတ်အေးအေးထားပါ။ ”
ချန်လွေ့က ယုံကြည်ချက်ရှိရှိဖြင့် ပြောလိုက်သည်။
“ တော်ဝင်မင်းသမီးက ကျုပ်ကို ဘာလို့ လွှတ်လိုက်လဲဆိုတာ သိလား။အဲဒါက ဒီယန္တရားပညာ ပြိုင်ပွဲအတွက်ပဲ။ဒီလိုအရေးကြီးတဲ့ အခိုက်အတန့်မှာ သူက ပြဿနာရှာမယ့် ငတုံးတစ်ယောက်ကို လွတ်မယ်လို့ ခင်ဗျား ထင်လား။ အလုပ်သင် ဖြစ်ပြီးတော့ အခုမှ ထောက်ခံချက်ရတာက ကျုပ်တို့ပြိုင်ဘက်တွေကို ပေါ့ပေါ့တန်တန် တွေးအောင် လုပ်လိုက်တာပဲ။ ”
ထိုအလိမ်အညာများသည် ဒီရော်အား အနည်းငယ် ယုံကြည်သွားစေသည်။ထို့နောက် ချန်လွေ့ ထပ်ပြောသည်ကို သူကြားလိုက်သည်။
“ စာရင်းသွင်းတာ ပိတ်သွားပေမဲ့ ခင်ဗျားမှာ ကျုပ်ကို ပါဝင်ခွင့်ပေးနိုင်မယ့် နည်းလမ်းတစ်ခု ရှိမယ်လို့ ကျုပ်ထင်တယ်။အဲဒါကြောင့် အရင်သွားပြီးတော့ ပြင်ဆင်ထားလိုက်။ ”
“ ကောင်းပါပြီ။ ”
ဒီရော် အံကြိတ်လိုက်သည်။လက်ရှိအခြေအနေအရ ဆာဗစ်၏ ပတ်သက်မှုသည် လုံးဝပြိုကွဲသွားပြီဖြစ်သည့်အတွက် ကြံရာမရသည့်အဆုံး မည်သည်ကိုမဆို သူစမ်းကြည့်မည်သာ ဖြစ်သည်။
ထိုသုံးရက်အတွင်း ချန်လွေ့သည် အထူးလေ့ကျင့်ရေးဟု ခေါင်းစဉ်တပ်ပြီး ဒီရော်အား ကုန်ကြမ်းပစ္စည်းစာရင်းတစ်ခုပေးကာ ရယူခိုင်းခဲ့သည်။
ဒီရော်သည် ချန်လွေ့နှင့် ထောက်ခံမည့်စာချုပ် ချုပ်ဆိုခဲ့ပြီး ဖခင်ဖြစ်သူ ခရော့ဆီ လွှဲအပ်ပြီးပြီ ဖြစ်သည်။ထို့ကြောင့် သူဘာကိုမျှ ပြောင်းလဲ၍ မရတော့ပေ။ တစ်နည်းပြောရလျှင် သူတို့သည် တစ်လှေတည်းစီးပြီး တစ်ခရီးတည်း သွားနေကြသူများ ဖြစ်သွားကြလေပြီ။ထို့ကြောင့် ဒီရော်သည် ချန်လွေ့၏ တောင်းဆိုချက်ကို လျစ်လျူမရှုရဲပေ။သို့သော်လည်း ချန်လွေ့ လိုအပ်သည့် ကုန်ကြမ်းပစ္စည်းအများစုမှာ အလွန်ရှားပါးသည့်အတွက် ပစ္စည်းအများစုကိုသာ အမြန်ရနိုင်ခဲ့သည်။အလွန့်အလွန်ရှားပါးလှသော ကုန်ကြမ်းပစ္စည်းများကိုမူ ချက်ချင်း မရနိုင်ခဲ့ပေ။
မည်သို့ပင်ဆိုစေကာမူ ချန်လွေ့သည် ကျိတ်၍ရယ်နေတော့သည်။ ထိုကုန်ကြမ်းပစ္စည်းများအားလုံးသည် “ မိုးခြိမ်းသံ ” အတွက် လိုအပ်သည့်အရာများ ဖြစ်ကြသည်။ဒီရော်၏ “ အကူအညီ ” ဖြင့် ချန်လွေ့သည် အမယ်ထဲတွင်ပါဝင်သော ကုန်ကြမ်းပစ္စည်းအများစုကို စုဆောင်းနိုင်ခဲ့သည်။ယခုတွင် “ မိုးခြိမ်းသံ ” ပုံကြမ်းအတွက် အရှိန်အဝါ သိန်းတစ်ရာနှက့် အမယ်သုံးမျိုးသာ လိုအပ်တော့သည်။
ကံဆိုးစွာပင် ဓမ္မတေးသစ်သီးနှင့် အရိပ်မြူနှင်းပန်းကို ယခုအထိ ရှာမတွေ့သေးပေ။
သို့သော်လည်း “ အထူးလေ့ကျင့်ရေး ” မှာ အလိမ်အညာ မဟုတ်ပေ။ထိုနေ့ရက်များ၌ ချန်လွေ့သည် လေ့ကျင့်ရေးကွင်းနှင့် ချိတ်ဆက်ပြီး သန့်စင်ရုံ၌ စိတ်နှစ်ထားကာ သူ၏လက်စွမ်းကို ဆက်တက် တိုးမြှင့်နေခဲ့သည်။ သူသည် ဆရာသခင်အဆင့် ရောက်ရှိသွားပြီ ဖြစ်သော်လည်း ယှဉ်ပြိုင်လာသူများမှာ နတ်ဆိုးဘုံ နေရာအသီးသီးမှ လာရောက်ကြခြင်း ဖြစ်သည်။ အချို့တွင် လျို့ဝှက်ပါရမီများ ရှိနိုင်သည့်အတွက် သူ သတိထားကမည် ဖြစ်သည်။
သုံးရက် ကုန်ဆုံးသွားခဲ့သည်။လူတိုင်း စောင့်မျှော်နေကြသော ယန္တရားပညာပြိုင်ပွဲကြီး နောက်ဆုံး၌ စတင်လေပြီ။