← Chapters

အလောင်းအစား

Vol. 17 Ch. 253

အလောင်းအစား

Vol. 17 Ch. 253

နောက်တစ်နေ့၌ ဆီမီးဖိုင်နယ်(အကြို ဗိုလ်လုပွဲ) စတင်ခဲ့ပြီး ၎င်းမှာ ပဏာမအဆင့်၏ အဆက်ဖြစ်သည်။ ယှဉ်ပြိုင်သူ အယောက်၂၀၀ သည် ရှေးမှော်မျှော်စင်မှ မှတ်တမ်းတင်လာခဲ့သော မှော်စက်ဝန်းကို အသုံးပြုကာ ပစ္စည်းကိရိယာတစ်ခု ဖန်တီးပြုလုပ်ရမည် ဖြစ်သည်။

အယောက်၂၀၀ အထဲ၌ ၁၀ယောက်ကို ဖိုင်နယ်အတွက် ရွေးချယ်မည် ဖြစ်သည်။ ပစ္စည်းကိရိယာသည် ထူးကဲအဆင့် ရောက်ရှိမည်ဆိုလျှင် ထိုပြိုင်ပွဲဝင်သည် ဖိုင်နယ်သို့ တစ်ခါတည်း တက်ရောက်နိုင်ပေမည်။

ဆရာသခင်များအတွက် ထူးကဲအဆင့်သည် သာမန်သာ ဖြစ်သော်လည်း ယန္တရားပညာရှင် သို့မဟုတ် အကြီးတန်း ယန္တရားပညာရှင် တစ်ယောက်အတွက်ပင် ထူးကဲအဆင့် ပစ္စည်းကိရိယာ ဖန်တီးပြုလုပ်ရခြင်းမှာ ဆရာသခင်များ ဒဏ္ဍာရီလာအဆင့် ပစ္စည်းကိရိယာ ဖန်တီးပြုလုပ်ရသကဲ့သို့ပင် ခက်ခဲလေသည်။

ပုံမှန်အားဖြင့် ထိပ်တန်း ယန္တရားဆရာသခင် တစ်ယောက်သည် ထူးကဲအဆင့်နှင့် အတော်လေး နီးကပ်သော တစ်ဝက်-ထူးကဲအဆင့်ကို ထုတ်လုပ်နိုင်သည်။ အခြေအနေ ထူးခြားသူများ သို့မဟုတ် ထူးချွန်သော စွမ်းဆောင်ရည် ရှိသူများသည် ထူးကဲအဆင့် ပစ္စည်းကိရိယာကို ဖန်တီးပြုလုပ်နိုင်သည်။ သို့သော်လည်း သူတို့သည် မှတ်တမ်းတင်ထားသော မှော်စက်ဝန်းဖြင့် အစီအရင် ပြုလုပ်ရမည် ဖြစ်သည့်အတွက် ပို၍ခက်ခဲလှသည် ။

အတော်လေး ခက်ခဲလှပေသည်။ နောက်ဆုံးအဆင့်သို့ တက်နိုင်သည့်သူများမှာ လက်ရွေးစင်များထဲမှ လက်ရွေးစင်များပင် ဖြစ်၏။

ပြိုင်ပွဲနေရာသည် ပြိုင်ကွင်း၌ဖြစ်သည်။ ပြိုင်ပွဲဝင် အယောက် ၂၀၀ကို အုပ်စုလေးစုဖွဲ့လိုက်ပြီး အုပ်စုတစ်စုလျှင် အယောက်၅၀ ရှိသည်။ပြိုင်ပွဲဝင် တစ်ယောက်ချင်းစီသည် ပရိသတ်အားလုံးအရှေ့၌ ပစ္စည်းကိရိယာကို ဖန်တီးပြုလုပ် ရမည်ဖြစ်ပြီး အထူးဒိုင်လူကြီးများနှင့် ကြီးကြပ်ရေးမှူးများလည်း ရှိသည်။ လိမ်လည်မှုများ တွေ့ရှိမည်ဆိုလျှင် ထိုပြိုင်ပွဲဝင်သည် ထုတ်ပယ်ခံရမည်ဖြစ်ပြီး လူသိရှင်ကြား ကြေညာမည်။ထို့နောက်တွင် ထိုသူသည် ယန္တရားအစည်းအရုံးမှ ကျင်းပသော မည်သည့်ပြိုင်ပွဲ၊ မည်သည့်ပွဲတော်ကိုမျှ ပါဝင်နိုင်တော့မည် မဟုတ်ပေ။

“ အာသာ။အားလုံးက ခင်ဗျားအပေါ်မှာ မူတည်နေတယ်။ကျုပ်ကို စိတ်မပျက်ပါစေနဲ့။ ”

ဒီရော်က အလေးအနက် ပြောလိုက်သည်။ ဆီမီးဖိုင်နယ်သည် တကယ့်စွမ်းရည်များနှင့် ယှဉ်ပြိုင်ရမည့်အချိန် ဖြစ်သည်။ ယခုတွင် သူ၏အကျိုးအမြတ်များမှာ “အာသာ” နှင့် ချည်နှောင်ထားပြီး ဖြစ်သည့်အတွက် နောက်ပြန်လှည့်၍ မရတော့ပေ။ နိုင်ရင်နိုင်၊ ရှုံးရင်ရှုံးပင် ဖြစ်သည်။

ခီရာလည်း ပြောလိုက်သည်။

“ ဆာ-အာသာ။အကောင်းဆုံး လုပ်ခဲ့ပါ။ ”

“ မင်းငါ့ကို နမ်းမယ်ဆိုရင် ငါပိုပြီး အစွမ်းထက်လာမယ်ထင်တယ်။ ”

ချန်လွေ့ စနောက်လိုက်သည်။

ခီရာ မကြားချင်ယောင်ဆောင်လိုက်သည်။သူ၏ မျက်နှာပေါ်၌ ရှက်သွေးဖြာသွားသလို ဖြစ်သွားပြီး ချန်လွေ့ အနည်းငယ် အံ့အားသင့်မိသွားသည်။ ဒီကဝေမကလည်း ရှက်တတ်တာလား။ ဒါက သရုပ်ဆောင်နေတာ ဆို‌ရင်တော့ သူရဲ့ သရုပ်ဆောင် စွမ်းရည်က ထပ်ပြီးတော့ တိုးတက်လာတာပဲ။ သဘာဝအတိုင်းလို ဖြစ်တော့မယ်။

ချန်လွေ့သည် ကွင်းထဲသို့ လမ်းလျှောက်သွားပြီး မဲနှိုက်သောနေရာသို့ ရောက်ရှိလာသည်။ သူသည် နံပါတ်(၃)ကို ရွေးခဲ့မိပြီး တတိယအုပ်စုသို့ ရောက်ရှိသွားသည်။

“ တတိယအုပ်စုလား။ ”

အေးစက်စက် အသံတစ်သံ ထွက်လာသည်။၎င်းမှာ ဆာဗစ်ဖြစ်ပြီး သူ၏လက်ထဲမှ မဲနှိုက်ထားသော နံပါတ်ကို ဝှေ့ရမ်းပြလိုက်သည်။ဆာဗစ်လည်း တတိယအုပ်စုတွင် ဖြစ်သည်။

“ တိုက်ဆိုင်လှချည်လား။ ”

ချန်လွေ့ ပြုံးဖြီးဖြီး လုပ်လိုက်သည်။

“ လောကကြီးက တော်တော်‌လေး ကျဉ်းတာပဲ။ ငါတို့တွေ ဖိုင်နယ်(ဗိုလ်လုပွဲ)ကို အတူတူ တက်နိုင်လောက်မယ် ထင်တယ်။ ”

ဆာဗစ် အံကြိတ်ပြီး ပြောလိုက်သည်။

“ ဖိုင်နယ်ကို အတူတူ တက်မယ် ဟုတ်လား။ မင်းက ထိုက်တန်လို့လား။ငါမင်းကို ပုရွက်ဆိတ် တစ်ကောင်လိုမျိုး လူတိုင်းရဲ့အရှေ့မှာ တက်နင်းမှာ။ ”

“ သူများတွေကို အထင်မသေးနဲ့။ မင်းက ကိုယ့်ကိုယ်ကိုယ် အဟုတ်ကြီးထင်နေတဲ့ ငတုံးပဲ။နည်းနည်းလေး ချီးကျူးခံလိုက်ရတာနဲ့ပဲ ကိုယ့်ကိုယ်ကိုယ် ပါရမီရှင်လို့ ထင်နေတယ်။ ”

ချန်လွေ့က ဆာဗစ်အား မထီမဲ့မြင် ကြည့်လိုက်သည်။

“ ငါက ထူးကဲအဆင့် ပစ္စည်းကိရိယာကို လုပ်နိုင်ရင်လုပ်နိုင်မှာ။ ”

“ ကံကောင်းပြီး ဒီအဆင့်ထိ ရောက်လာတဲ့ ပုရွက်ဆိတ်ကများ ထူးကဲအဆင့် ပစ္စည်းကိရိယာကို လုပ်နိုင်မယ် ဟုတ်လား။ ”

ဆာဗစ်က အထင်အမြင်သေးစွာဖြင့် သရော်ပြုံးပြုံးလိုက်သည်။

“ မင်း အလောင်းအစား လုပ်ရဲလား။ယန္တရားပညာရှင်တွေရဲ့ အရေးကြီးအဆုံးဖြစ်တဲ့ လက်တွေနဲ့ လောင်းကြေးထပ်ရဲလား။မင်း လောင်းရဲလား။ ”

ချန်လွေ့ တုံ့ဆိုင်းနေသည်ကိုမြင်ပြီး ဆာဗစ်က မှော်စွမ်းအားသုံးကာ အသံမြှင့်၍ လူအားလုံး၏ အာရုံကိုဆွဲဆောင်လိုက်သည်။

“ အားလုံးပဲ။ကျုပ်ကို သက်သေခံပေးကြပါ။ ကျုပ်က အာသာလို့ အမည်ရတဲ့ ယန္တရားပညာရှင်နဲ့ အလောင်းအစားတစ်ခု လုပ်မှာပါ။ ဆီမီးဖိုင်နယ်မှာ သူက ထူးကဲအဆင့် ပစ္စည်းကိရိယာကို လုပ်နိုင်မယ်ဆိုရင် ကျုပ်က ကျုပ်ရဲ့လက်ကို ဖြတ်မယ်။ သူ မလုပ်နိုင်ဘူးဆိုရင် ကျုပ်က သူ့ရဲ့လက်ကို ဖြတ်ပစ်မယ်။ ”

နတ်ဆိုးဘုံသားများသည် တိုက်ခိုက်ရန် အသင့်ဖြစ်နေကြသူများ ဖြစ်ကြသည်။ထိုကဲ့သို့ စိတ်လှုပ်ရှားစရာ အလောင်းအစားမျိုးကို ကြားရသည့်အခါ ပရိသတ်များ ပဲတင်သံ ထပ်သွားတော့သည်။

ချန်လွေ့ မျက်မှောင်ကြုတ်လိုက်သည်။

“ ရက်စက်လှချည်လား။ ”

“ မင်း မလောင်းရဲဘူးဆိုရင် ဒီပြိုင်ပွဲကနေ အခုထွက်သွားလိုက်တော့။ပြီးရင် ငါ့ခြေထောက် အောက်ကနေ ခွေးတစ်ကောင်လိုမျိုး တွားတွားသွားလိုက်။ ”

ဆာဗစ်သည် ထိုနေ့က “ ဂန္ဓမာဖျက်ဆီးသူ ” ကြောင့် ဆုံးရှုံးခဲ့ရမှုကို လက်စားချေချင် သည့်အတွက် ပြင်းပြင်းထန်ထန် ပြောလိုက်သည်။

မြို့တော်၏ ပါရမီရှင်သည် ထိုအမည်မသိ ယန္တရားပညာရှင်နှင့် ရန်ညှိုးရှိနေကြောင်း လူအများအပြား သိကြသည်။သူသည် ထိုအခွင့်အရေးကို အသုံးချကာ လက်စားချေခြင်း ဖြစ်သည်။သူ၏ ဂုဏ်သတင်းနှင့် နာမည်ကျော်မှုများအရ သူ အနိုင်ကျင့်နေသည်မှာ အသေအချာပင် ဖြစ်သည်။

ယခင်အဆင့်မှ ပထမနေရာနှင့် ၁၉၂ နေရာကြားရှိ ပြဿနာသည် ရလာဒ် ထွက်ပေါ်ပြီးသား ဖြစ်သည်။ထို့ပြင် ဆာဗစ်သည် မြို့တော်ရှိ နာမည်ကျော်ပြီး ပါရမီရှိသော ယန္တရားပညာရှင်တစ်ယောက် ဖြစ်သည်။

“ ယန္တရားပညာရှင် တစ်ယောက်အနေနဲ့ ဒီပြိုင်ပွဲကနေ ငါထွက်မှာ မဟုတ်ဘူး။ ”

ချန်လွေ့ အံကြိတ်လိုက်သည်။

“ ကောင်းပြီလေ။ငါလောင်းမယ်။ ”

အရေးကြီးပုဂ္ဂိုလ်များ ထိုင်ခုံရှိ ဆရာသခင် အနည်းငယ် မျက်မှောင်ကြုတ် သွားသည်။ ထိုထဲမှတစ်ယောက်သည် အရိပ်နက်အင်ပါယာ၏ ယန္တရားအစည်းအရုံး ဥက္ကဋ္ဌလည်းဖြစ်၊ အင်ပါယာ၏ ထိပ်တန်းဆရာသခင် တစ်ယောက်လည်း ဖြစ်သည်။ သူက ဘေးနားမှ ဆရာသခင် လီယိုကို ပြောလိုက်သည်။

“ ဆာဗစ်က အစည်းအရုံးက ပျိုးထောင်ထားပေးတဲ့ လူတော် တစ်ယောက်ပဲ။ ဒီလိုပွဲမျိုးကို အသုံးချပြီးတော့ သူ့ရဲ့ကိုယ်ရေးကိုယ်တာ ရန်ညှိုးတွေအတွက် လက်စားချေတာက အစည်းအရုံးနဲ့ ဂုဏ်သိက္ခာအတွက်ရော၊ သူ့အတွက်ရော ထိခိုက်လိမ့်မယ်။ ”

ဆရာသခင် လီယိုသည် ဆာဗစ်အတွက် အမြဲပင် ကာကွယ်ပေးသည့်အတွက် သူပြောလိုက်သည်။

“ လူငယ်တွေက အားအင်တက်ကြွဖို့အတွက် စိတ်လိုက်မာန်ပါ လုပ်ရမယ်။သူတို့ကို ချုပ်တည်းထားမယ်ဆိုရင် ဒီနေလိုမျိုး အောင်မြင်မှုတွေ ရလာနိုင်မှာ မဟုတ်ဘူး။သူ အာသာကို အနိုင်ယူသွားပြီးရင် ကျုပ်တို့တွေ အလောင်းအစားရဲ့ ပြစ်ဒဏ်ကို လျှော့ပေါ့ပေးလို့ ရတာပဲ။ ”

အန်ဒါက လီယိုကိုကြည့်ပြီး သက်ပြင်းချကာ ထပ်ပြီးမပြောတော့ပေ။

ရမ္မနစ်ဂီက ဆာဗစ်နှင့် အလောင်းအစား ပြုလုပ်ခဲ့သော “ အာသာ ” သည် သူနှင့်အတူ မြို့တော်သို့လာသော လူငယ်လေးဖြစ်ကြောင်း မှတ်မိသွားပြီး ပို၍ပင် မျက်မှောင်ကြုတ်လိုက်သည်။ ဒီလူငယ်က တကယ်ပဲ ပြိုင်ပွဲဝင်ပြိုင်တာပဲ။ ဆီမီးဖိုင်နယ်အဆင့် ထိတောင် ရောက်နေပြီ။ဘယ်လိုပဲဖြစ်ဖြစ် သူက အလားအလာရှိတဲ့ လူတော်တစ်ယောက်ပဲ။ သူက တော်ဝင်မျိုးနွယ်အတွက် အသုံးဝင်နိုင်တယ်။ နောက်တော့ ငါသူ့ကို ကာကွယ်ပေးဖို့ နည်းလမ်းတစ်ခု ရှာရမယ်။

နောက်ဘက်တွင် ထိုင်နေသော ဆရာသခင် ရှိုဆာမှာမူ မျက်လုံးများ အရောင်တောက်သွား၏။ သူသည် ဘာမှဂရုမစိုက်ဘဲ ပုလင်းတစ်လုံးထုတ်ကာ ဝိုင်တစ်ငုံသောက်ပြီး စောင့်မျှော်နေလိုက်သည်။ ဒီပြိုင်ပွဲက ပိုပိုပြီး စိတ်ဝင်စားစရာ ကောင်းလာပြီ။

ပြိုင်ပွဲ စတင်လေပြီ။ ဧရာမပြိုင်ကွင်းထဲ၌ အလုပ်စားပွဲ ၅၀ ပြုလုပ်ထားသည်။ ကျန်ရှိသော ကိရိယာများကို ယှဉ်ပြိုင်သူများက ပြင်ဆင်ရသည်။ ချက်ချင်းပင် ထုရိုက်သံများ အဆက်မပြတ် ထွက်လာတော့သည်။ပရိသတ်များက လက်မှုပညာ အတတ်များကို စိတ်လှုပ်ရှားရန်အတွက် ကြည့်နေကြသော်လည်း ယန္တရားနယ်ပယ်၌မူ ၎င်းသည် သွေးများကို မမြင်နိုင်သော သေခြင်း ရှင်ခြင်း တိုက်ပွဲတစ်ခုပင် ဖြစ်သည်။

ထိုကဲ့သို့ အရေးကြီးသော အခိုက်အတန့်၌ သူတို့သည် ပညာရပ်များကိုသာ ယှဉ်ပြိုင်နေကြခြင်း မဟုတ်ဘဲ စိတ်ခွန်အားနှင့် စိတ်စွမ်းအားကို ယှဉ်ပြိုင်နေကြခြင်းလည်း ဖြစ်သည်။

ပထမအုပ်စုအတွက် အချိန်ပြည့်သွားခဲ့သည်။ လူအများအပြားသည် နာကျင်စွာဖြင့် မျက်နှာကို အုပ်ထားလိုက်ကြသည်။သူတို့သည် အရှုံးသမားများပင် ဖြစ်လေသည်။ ထိုပစ္စည်းကိရိယာများကို အကဲဖြတ်ရမယ့် ဆရာသခင်သုံးယောက်ထံသို့ နံပါတ်စဉ် အတိုင်း ပေးပို့လိုက်သည်။

ပထမအုပ်စုတွင် ထူးကဲအဆင့် ပစ္စည်းကိရိယာ နှစ်ခုရှိပြီး အရည်အသွေးအမြင့်ဆုံးကို အနိုင်ရရန် အလားအလာရှိသော ရောဘတ်က ပြုလုပ်ထားသည်။ချန်ပီယံဟောင်းသည် အမှန်တကယ်ပင် ထူးချွန်ပုံရသည်။

ဒုတိယအုပ်စုထဲရှိ အယောက်၅၀တွင် ထူးကဲအဆင့် ပစ္စည်းကိရိယာ တစ်ခုမျှ မပေါ်ထွက်လာခဲ့ပေ။ ပစ္စည်းကိရိယာ အရည်အသွေးမှာလည်း အတော်လေး နိမ့်ကျသည်။ အမှန်တကယ် သူတို့ ညံ့ကြသည်မဟုတ်ပေ။ကြီးမားလှသော ဖိအားများကြောင့် ပုံမှန်အတိုင်း မစွမ်းဆောင်နိုင်ကြခြင်း ဖြစ်သည်။

တတိယအုပ်စု စတင်လေပြီ။ ဆာဗစ်က ချန်လွေ့ကို ပြုံးဖြီးဖြီး လုပ်ပြရင်း အလုပ်စားပွဲဆီသို့ လမ်းလျှောက်သွားသည်။

ဆာဗစ်၏ ပါရမီရှင်ဟူသော ဂုဏ်ပုဒ်သည် အတုအယောင် မဟုတ်ပေ။ သူ၏ အထုံသည် အမှန်တကယ်ပင် ထူးခြားလှသည်။ဆရာသခင် လီယို၏ သေသေချာချာ လမ်းညွှန်ပေးမှု အောက်တွင် စင်ပေါ်သို့ရောက်သွားသည်နှင့် ဆာဗစ်၏ စိတ်ပိုင်းဆိုင်ရာနှင့် အသွင်အပြင် ချက်ချင်းပြောင်းလဲသွားတော့သည်။ အလောင်းအစားနှင့် အမုန်းတရားများကို ဘေးဖယ်ထားပြီး အာရုံအားလုံးကို သူ၏အထူးပြုဖြစ်သော လက်ထဲရှိ သားရေ၌သာ စူးစိုက်ထားလိုက်သည်။

တိုင်းတာခြင်း၊ ဖြတ်တောက်ခြင်း၊ ကော်ကပ်ခြင်း၊ အပ်ချုပ်ခြင်းနှင် အခြား လုပ်ငန်းစဉ်များ တစ်ခါတည်း ပြီးစီးသွားသည်။ တဖြည်းဖြည်း အခြေအနေ ကောင်းလာသည်ဟု ဆာဗစ် ခံစားလိုက်မိသည်။သူ၏ပုံမှန် စွမ်းဆောင်ရည်ထက် သာလွန်သော လက္ခဏာအချို့ ရှိနေသည်။ သူ အလွန်ပျော်ရွှင်သွားသော်လည်း သူ၏စိတ်ကို တည်ငြိမ်အောင် လုပ်လိုက်သည်။ ထို့နောက် အနုစိတ်သော သားရေချပ်ကာတစ်ခု ဖြည်းဖြည်းချင်း ဖြစ်ပေါ်လာလေသည်။

နောက်တစ်ခုမှာ အရေးကြီးဆုံးဖြစ်သော မှော်စက်ဝန်း ဖြစ်သည်။ရှေးမှော်မျှော်စင်၌ ဆာဗစ်သည် တိုးမြှင့် မှော်စက်ဝန်းတစ်ခုကို မှတ်တမ်းတင်ခဲ့သည်။ သူ၏ မှော်အစီအရင်၌ ယန္တရားပညာရှင်အများစု ဖြစ်လေ့ရှိသော ချို့ယွင်းချက် အနည်းငယ်ရှိနေသော်လည်း မှော်အစီအရင်ကို ကောင်းကောင်းမွန်မွန် ထည့်သွင်းနိုင်ခဲ့သည်။

“ ဆာဗစ်ရဲ့ လက်ရာ။ ရေ မှော်ခုခံမှုကို ၁၆% တိုးစေတယ်။မြေ မှော်ခုခံမှုကို ၁၇‌% တိုးပွားစေတယ်။ထူးကဲအဆင့်။ ”

အကဲဖြတ် ဆရာသခင်သုံးယောက်၏ တညီတညွတ်တည်း ထောက်ခံမှုနှင့်အတူ ဆာဗစ်က ဂုဏ်ယူစွာ ပြုံးလိုက်သည်။

အရေးကြီးပုဂ္ဂိုလ် ထိုင်ခံပေါ်မှ ဆရာသခင် လီယိုလည်း ဂုဏ်ယူမိသွားသည်။ ထိုသားရေချပ်ကာသည် ထူးကဲအဆင့်၌ အရည်အသွေးနိမ့်သော်လည်း မည်သို့ပင်ဆိုစေကာမူ ထူးကဲအဆင့်သို့ ရောက်ရှိပြီး ဖြစ်သည်။ထို့ကြောင့် ဆာဗစ်၏ အဆင့်ကို ထိပ်တန်း ယန္တရားပညာရှင်ဟု သတ်မှတ်၍ရပေသည်။

ဥက္ကဋ္ဌ အန်ဒါဆန်လည်း ခေါင်းညိတ်လိုက်သည်။ လီယိုပြောတာ မှန်ချင်မှန်နိုင်တယ်။ လူငယ်တွေက အားအင်တက်ကြွဖို့အတွက် စိတ်လိုက်မာန်ပါ လုပ်ရမယ်။ဆာဗစ်က မာနထောင်လွှားပေမဲ့ သူ့မှာ တကယ့်အရည်အချင်းတွေ ရှိတယ်။သူက ပါရမီရှင် တစ်ယောက်ဆိုတော့ သူ့ရဲ့ စရိုက်ကလည်း ထူးခြားနေမှာပဲ။

ဆာဗစ်သည် ချန်လွေ့ကို ကြည့်နေလိုက်သည်။ ချန်လွေ့သည် လက်ထဲရှိတူဖြင့် စိတ်မပါတပါနှင့် ထုရိုက်နေသည်ကို မြင်လိုက်ရသည်။ချန်လွေ့သည် သူ့ဘက်သို့ ခဏခဏကြည့်နေပြီး သူပြုလုပ်ထားခဲ့သည့် ထူးကဲအဆင့် ပစ္စည်းကိရိယာကြောင့် ထိတ်လန့်နေပုံရသည်။ယခုတွင် အခြားသူများလည်း တစ်ယောက်ပြီးတစ်ယောက် ပြီးစီးသွားကာ အချိန်ကုန်လာပြီ ဖြစ်သည်။သူ အမှန်တကယ် ထူးကဲအဆင့် ပစ္စည်းကိရိယာကို ပြုလုပ်နိုင်မည်ဆိုလျှင်ပင် နောက်ကျသွားလေပြီ။

ပုရွက်ဆိတ်တစ်ကောင်က ငါ့လိုမျိုး ပါရမီရှင်တစ်ယောက်ကို တိုက်ခိုက် ချင်တာလား။ ဆာဗစ်၏ မျက်လုံးများ ပို၍ခက်ထန်သွားသည်။နောက်ကျရင် ငါမင်းရဲ့ လက်တွေကို ဖြတ်မယ်။ပြီးရင် မင်းကို အရှင်လတ်လတ် ပြန်ပေးဆွဲခိုင်းမယ်။ဟုတ်တယ်။ အရှင်လတ်လတ် ပြန်ပေးဆွဲမယ်။ဒီရန်သူကို လွယ်လွယ်နဲ့ သတ်လို့မဖြစ်ဘူး။ အရင်တစ်ခါတုန်းက ငါ အရှက်ကွဲခဲ့တာကို နည်းနည်းချင်း ပြန်ယူရမယ်။

ချန်လွေ့ကို မည်သို့သတ်ရန် ဆာဗစ်စဉ်စားနေစဉ် သူ့ကို ချန်လွေ့ ပြုံးပြနေသည်ကို ရုတ်တရက် မြင်လိုက်သည်။ထိုအပြုံးတွင် အထင်သေးမှုများ အပြည့်ဖြစ်နေပြီး....... သူက ပုရွက်ဆိတ်ဖြစ်သည့်အတွက် ချန်လွေ့ လုံးဝဂရုမစိုက်သကဲ့သို့ ဖြစ်နေသည်။ ဆာဗစ်၏ ရင်ဘတ်ထဲ၌ မသက်မသာခံစားမှု ရေးရေးလေး ဖြစ်လာသည်။

ထိုအချိန်၌ ချန်လွေ့၏လက်ထဲရှိတူ ရုတ်တရက် အရှိန်မြန်လာပြီး သံပလာယာဖြင့် ညှပ်ထားသော ဓားပုံစံကို ဖရိုဖရဲ ထုရိုက်တော့သည်။ကျယ်လောင်သော တချွမ်းချွမ်း အသံများသည် အခြားအလုပ်စားပွဲများအားလုံးကို ဖုံးလွှမ်းလုနီးပါး ဖြစ်သွားခဲ့သည်။

ထိုအသံသည် အရေးကြီးပုဂ္ဂိုလ်ထိုင်ခုံရှိ ဆရာသခင်များကိုလည်း ဆွဲဆောင် နိုင်သွားသည်။ သတ္တုအထူးပြုဖြစ်သော အရိပ်နက်အင်ပါယာရှိ ထိပ်တန်းဆရာသခင် အန်ဒါဆန်သည် ချန်လွေ့၏ ပြင်းပြင်းထန်ထန် တူထုရိုက်ပုံများကို စိုက်ကြည့်ပြီး စိတ်လှုပ်ရှားသွားသည်။

ဆာဗစ်၏ ဆရာဖြစ်သော ဆရာသခင် လီယိုသည် သားရေအထူးပြုဖြစ်သော်လည်း လူတော်များကို မြင်တတ်သည်။သူ၏မျက်နှာပေါ်ရှိ အံ့အားသင့်မှု ပို၍ကြီးထွား လာသည်။ ဆရာသခင် ရမ္မနစ်ဂီက အသာလေး ခေါင်းညိတ်လိုက်သည်။သူ၏ ယခင်က စိုးရိမ်မှုများ ပျောက်ကွယ်သွားတော့သည်။

ဆရာသခင် ရှိုဆာက တစ်ခါတည်း အရက် သုံးလေးငုံသောက်မိသွားပြီး ချောင်းဆိုးသွား၏။ သို့သော်လည်း သူ၏မျက်လုံးများသည် ချန်လွေ့၏ စားပွဲပေါ်သို့ စိတ်လှုပ်တရှားနှင့် စိုက်ကြည့်နေသည်။ ဒီကောင် ပုံစံထဲမှာ ရေးထားခဲ့တာက အမှန်ပဲ။ နှစ်သွယ်-အထူးပြု။ ပြီးတော့ သူ့ရဲ့နည်းလမ်းကလည်း.....ဆရာသခင်အဆင့်နဲ့ တော်တော်လေး နီးစပ်နေပြီ။

ဆာဗစ်သည် “ ရိုးရိုးရှင်းရှင်း ထုရိုက်နေသော ” ချန်လွေ့ကို ကြည့်ပြီး လှောင်ပြုံး ပြုံးလိုက်သည်။ဓားပုံပေါ်လာသည့်အခါ ချန်လွေ့သည် ပျာယာခတ်လျက် မှော်အစီအရင် ထည့်သွင်းသည်။ နောက်ဆုံး၌ ပုံတုံးတုံး ဓားတစ်လက် ရရှိလာတော့သည်။

ဒါက သူ့ရဲ့အစွမ်းအစလား။ဟာသပဲ။ဒါက တစ်ဝက်-ထူးကဲအဆင့်တောင် ရောက်မယ် မထင်ဘူး။အရင် ငါစိုးရိမ်ခဲ့တာတွေက မလိုအပ်တဲ့ပုံပဲ။

“ ဟားဟား ”

ဆာဗစ်သည် ဟက်ဟက်ပက်ပက် ရယ်လိုက်သည်။သူ စကားပြောမည် ပြင်လိုက်စဉ် အခြားအသံတစ်သံ ရုတ်တရက် ထွက်ပေါ်လာသည်။

“ အဲဒီဓား ယူလာခဲ့။တစ်ချက် ကြည့်ကြည့်မယ်။ ”

၎င်းမှာ အရေးကြီးပုဂ္ဂိုလ် ထိုင်ခုံပေါ်ရှိ ဥက္ကဋ္ဌဖြစ်သော ထိပ်တန်း ယန္တရားဆရာသခင် အန်ဒါဆန်ပင် ဖြစ်လေသည်။ ဆာဗစ်၏ ဟက်ဟက်ပက်ပက် ရယ်သံလည်း ရုပ်ချည်းရပ်တန့်သွား၏။ ဒီကောင်ရဲ့ အမှိုက်ဓားက ဘယ်လိုလုပ်ပြီးတော့ ဆရာသခင် အန်ဒါဆန်ရဲ့ အာရုံစိုက်မှုကို ရသွားတာလဲ။

ချန်လွေ့ကို ကြီးကြပ်ရမည့် တာဝန်ရှိသူက လျစ်လျူရှုမရဲဘဲ ထိုဓားကို အရေးကြီးပုဂ္ဂိုလ် ထိုင်ခုံပေါ်ရှိ ဆရာသခင် အန်ဒါဆန်ထံသို့ ချက်ချင်း ပို့ပေးလိုက်သည်။ အန်ဒါဆန်က ထိုဓားကို အသာအသာ ပွတ်သပ်ပြီး အသာလေး ခေါင်းညိတ်သည်။

“ ဓားကောင်းတစ်လက်ပဲ။ ”

အရေးကြီးပုဂ္ဂိုလ် ထိုင်ခုံမှ လှုပ်ရှားမှုများကို အာရုံစိုက်နေသော ဆာဗစ်၏ မျက်နှာအမူအရာ ရုတ်တရက် ပြောင်းလဲသွား၏။၊ အမြဲတမ်း ပိုပြီးလိုချင်နေတဲ့ ဆရာသခင် အန်ဒါဆန်ကိုတောင် “ ဓားကောင်းတစ်လက်ပဲ ” လို့ ပြောအောင် လုပ်နိုင်တယ်ဆိုတော့.....ဒီဓါးက...ဧကန္တ...

All Chapters