လျို့ဝှက်ဆန်းကြယ်သော မာနူ
Vol. 18 Ch. 270
ဆာဘရီနာ စောင့်ကြည့်နေကြောင်း သိသွားသည့်အခါ ချန်လွေ့သည် ဘာကိုမျှ တမင်တကာ မပြောင်းလဲဘဲ ဆက်လက်သောက်စားကာ ဖာတီလုနှင့် ပရောပရည် လုပ်နေလိုက်သည်။ထိုပရောပရည်လုပ်နေခြင်းမှာ သခင်နှင့် ရုပ်သေးကြားရှိ သရုပ်မှုတစ်ခုသာ ဖြစ်လေသည်။ချန်လွေ့၏ ထိန်းချုပ်မှုဖြင့် ဖာတီလုသည် ရံဖန်ရံခါ ရိုင်းပျမှုများ မောက်မာမှုများကို ပြသရာ စောင့်ကြည့်နေသော အမျိုးသမီးက တိတ်တဆိတ် ခေါင်းခါနေခဲ့သည်။
၅ရက်မြောက်နေ့ ရောက်သည့်အခါ ဆာဘရီနာသည် “ဗို့ဇ်မြို့”မှ အမှန်တကယ်ပင် အလျင်အမြန် ရောက်လာသည်။ထိုနေ့ရက်များ၌ စောင့်ကြည့်ခဲ့ပြီး ဗို့ဇ်မြို့၌လည်း မည်သည့်လှုပ်ရှားမှုမျှ မရှိသည့်အတွက် ဆာဘရီနာ၏ သတိထားမှု အတော်လေး လျော့ကျသွားသည်။ထို့နောက် သူသည် တရားဝင် ပေါ်ထွက်လာတော့သည်။
အမှန်အတိုင်းပြောရလျှင် ဆာဘရီနာ၏ ခန္ဓာကိုယ်မှာ အမှန်တကယ်ပင် ကြည့်ကောင်းလှသည်။ သူသည် ရင့်ကျက်သော်လည်း ဆွဲဆောင်မှုများ ပြည့်နှက်နေသည်။ချန်လွေ့၏အမြင်၌ ကြယ်ကြွေတမန်မြို့တော်မှ “ လေဒီနတ်ဆိုးထောင်ခြောက် အစ်ဇဘယ်လာ ” သာ သူ့ထက်သာမည် ဖြစ်သည်။
ဖာတီလုသည် ဆာဘရီနာနှင့်ယှဉ်လျှင် မဖွံ့ဖြိုးသေးသော ကလေးတစ်ယောက်သာ ဖြစ်သည်။နတ်ဆိုးများ၏သက်တမ်းမှာ အထူးသဖြင့် တော်ဝင်မိသားစုများသည် အလွန်ရှည်လျားသည်။ထို့ကြောင့် သမီးနှင့်အမေ အတူတူရပ်နေလိုက်သောအခါ ညီအစ်မကဲ့သို့ပင် ဖြစ်နေသည်။
ယခင်တစ်ခေါက် [ သရုပ်ခွဲမျက်လုံး ] မှ ဖော်ပြသော အချက်အလက်အရ သူလျှိုသည် ဆာဘရီနာဖြစ်ကြောင်း သေချာသွားခဲ့လေပြီ။ချန်လွေ့က ဖာတီလုက တမင်တကာ ထိတွေ့သောအချိန်၌ပင် ဆာဘရီနာ ဆက်လက်စောင့်ကြည့်နေသည့်အတွက် သူ့တွင် အစွဲအလမ်းတစ်ခုခု ရှိနေသလားဟု ချန်လွေ့ တွေးလိုက်မိသည်။
ချန်လွေ့သည် ဒဏ္ဍာရီလာ သမီး-အမေ စွဲလမ်းသူ မဟုတ်သော်လည်း အမှန်အတိုင်း ပြောရမည်ဆိုလျှင် သူတို့နှစ်ယောက် အတူတူရပ်လိုက်သောအခါ အတော်လေး ကြည့်ပျော်ရှုပျော် ရှိလေသည်။သို့သော်လည်း ထိုသားအမိ၌ ရက်စက်ခြင်း၊ မောက်မာခြင်း၊အကြင်နာကင်းမဲ့ခြင်း ကဲ့သို့သော မှတ်ချက်များလည်း ရှိသည်။သူတို့တွင် နောက်ခံနှင့် စွမ်းအားများ မရှိလျှင် ချန်လွေ့သည် သူတို့နား မကပ်ရဲပေ။
ချန်လွေ့သည် ဆိုးဝါးသော ပျင်းရိခြင်း တော်ဝင်မိသားစုဝင်တစ်ယောက်ရဲ့ လွှမ်းမိုးမှုကို ခံခဲ့ရပုံရသည်။“ဆရာသခင် အာသာ၏ ဝိသေသလက္ခဏာများ” မှာ “ ဝါသနာသုံးခု ဖြစ်သော ယန္တရား၊မိန်းမလှနှင့် အရက် ” ဟူ၍ဖြစ်ကြသည်။ကံကောင်းစွာပင် သူသည် အိမ်ထောင်သည်အမျိုးသမီးများနှင့် မုဆိုးမများကို သဘောကျသည်အထိ မဖြစ်ခဲ့ပေ။
သူသည် မိန်းမလှများကို ချစ်မြတ်နိုးသည့်အတွက် ဆာဘရီနာအား မယဉ်မကျေး ကြည့်ရလေသည်။၎င်းသည် ဖုံးကွယ်ခြင်းဖြစ်ပြီး ချီးမွမ်းမှုကို ဖော်ပြရန် ဟန်ဆောင်ခြင်းလည်း ဖြစ်သည်။သူ လျစ်လျူရှုခဲ့လျှင် ဆာဘရီနာ သံသယ ဝင်သွားနိုင်ပေသည်။
ထင်ထားသည့်အတိုင်းပင် ဆာဘရီနာသည် အတော်လေး ရိုင်းပျသော အကြည့် များကြောင့် မျက်နှာမလွှဲခဲ့ဘဲ စွဲမက်စရာကောင်းအောင် ရယ်လိုက်သည်။
“ ဆရာသခင်က နတ်ဆိုးဘုံကို တုန်လှုပ်စေခဲ့တဲ့ နာမည်ကျော်တစ်ယောက်ပဲ။၊ဒီနေရာကို ဖိတ်ခေါ်ရတာ နည်းနည်း ရုတ်တရက် ဖြစ်သွားတယ်။ဆရာသခင် စိတ်မရှိဖို့ မျှော်လင့်ပါတယ်။ ”
ချန်လွေ့ ပြုံးရင်း ပြောသည်။
“ မဒမ်လို ဆွဲဆောင်မှုရှိတဲ့ အမျိုးသမီးတစ်ယောက် အရှေ့မှ ကျုပ်ဒေါသထွက် ချင်ရင်တောင် ထွက်လို့မရပါဘူး။ကျုပ်က မစ်-ဖာတီလုရဲ့ အကျဉ်းသား မဟုတ်လား။ဒါနဲ့ အခုဆိုရင် ကျုပ်က မဒမ်ရဲ့ အကျဉ်းသား ဖြစ်သွားပါပြီ။ ”
ဖာတီလုက မနှစ်မြို့ဖွယ်ကောင်းစွာ ကြားဖြတ်ပြောလိုက်သည်။
“ ရှင့်လိုမျိုး သက်တောင့်သက်သာရှိတဲ့ အကျဉ်းသားတစ်ယေက်ကို ကျွန်မဘယ်မှာ ရှာလို့ရနိုင်မလဲ။ ”
ချန်လွေ့ ပြုံးဖြီးဖြီး လုပ်လိုက်သည်။
“ ဒါပေမဲ့ ကျုပ်ရဲ့ နှလုံးသားထဲမှာတော့ မိန်းမလှနဲ့ ဝိုင်ကောင်းကောင်းက ယန္တရားပညာလောက် ဆွဲဆောင်မှု မရှိဘူး။ကျုပ်အခု အစိုးရိမ်ဆုံးက မစ်-ဖာတီလုက ကျုပ်ကိုပေးထားတဲ့ ကတိကို ဖြည့်ဆည်းနိုင်လား မနိုင်ဘူးလား ဆိုတာကိုပဲ။ ”
ဆာဘရီနာသည် ယခင်နေ့ရက်များ၌ ချန်လွေ့၏ စရိုက်ကို စောင့်ကြည့်ခဲ့ရာ ကောလာဟလများ အတိုင်းတွင် ချန်လွေ့၌ “ ဝါသနာသုံးမျိုး ” ရှိသည်။ဆာဘရီနာ ရယ်ပြီး ပြောလိုက်သည်။
“ နတ်ဆိုးဘုံတစ်ခုလုံးမှာ အဆောင်ပစ္စည်း ဘယ်နှစ်ခု ရှိလို့လဲ။ပြီးတော့ ဒါက အဆောင်ပစ္စည်း (၇)ခုထဲမှာရှိတဲ့ နာမည်အကြီဆုံးထဲက တစ်ခုမဟုတ်လား။ မစိုးရိမ်ပါနဲ့။ဆရာသခင်။ကျွန်မ လှည်းတစ်စီး ပြင်ဆင်ထားပြီးပါပြီ။ဒီမြို့လေးကနေ အရင်ထွက်သွားပြီးတော့ သက်တောင့်သက်သာရှိတဲ့နေရာကို သွားရအောင်။ ”
သူတို့သုံးယောက်သည် လှည်းပေါ်သို့ အတူတူ တက်လိုက်ကြသည်။ချန်လွေ့သည် လမ်းတစ်လျှောက်၌ အတော်လေး စည်းကမ်းကျနနေသည်။သူသည် ရံဖန်ရံခါ ဆာဘရီနာအား ကျေနပ်အောင် လုပ်သည့်အခါ ဖာတီလုက မနာလို ဖြစ်သည်။၎င်းသည် သူတို့၏ ပုံမှန်စရိုက်များ ဖြစ်ကြသည့်အတွက် ဆာဘရီနာက သမီးဖြစ်သူကို သံသယဝင်ပေ။သူသည် ချန်လွေ့အား ရံဖန်ရံခါ မြူဆွယ်ပြီး ချန်လွေ့၏ဇစ်မြစ်ကို အစ်အောက် ကြည့်နေလေသည်။
ချန်လွေ့သည် မိမိသည် လှည့်လည်သွားလာနေသော ယန္တရားပညာရှင် တစ်ယောက်ဖြစ်ပြီး နောက်ပိုင်းတွင် အမှောင်လအုပ်စိုးသူ ရှီရာက ရှာတွေ့သွားကြောင်း ကိုသာ ပြောပြခဲ့သည်။ရှီရာသည် ချန်လွေ့သည် ခေါ်ယူချင်သော်လည်း ချန်လွေ့သည် အမှောင်လကဲ့သို့ သေးငယ်ပြီး အလားအလာမကောင်းသော နေရာ၌ မနေချင်ပေ။ ထို့ကြောင့် သူသည် ကတ်စတာမိသားစုမှ ဒီရော်ကို ကူညီပေးမည့် ကိစ္စကို အခွင့်ကောင်းယူပြီး အမှောင်လမှ ထွက်သွားကာ ယန္တရားပြိုင်ပွဲကို အသုံးချ၍ နာမည်ကျော်သွားခဲ့သည်။
ထိုသရုပ်တွင် ဟာကွက် အများအပြား ရှိသော်လည်း ခရစ္စတီးနားက ၎င်းကို သေသေချာချာ တွေးတောပြီး လိုအပ်သည့် ပြင်ဆင်မှုအားလုံးကို ပြုလုပ်ခဲ့သည်။ ယခုတွင် ချန်လွေ့ ယခင်က “ လှည့်လည်သွားလာ ”ခဲ့သော နေရာများသို့ တစ်စုံတစ်ယောက် လွှတ်ခဲ့လျှင်ပင် မည်သည့် ဟာကွက်ကိုမျှ ရှာတွေ့မည်မဟုတ်ဘဲ ထိုကဲ့သို့ တစ်စုံတစ်ယောက် ရှိခဲ့သည်ကိုသာ တွေ့ရမည် ဖြစ်သည်။
၎င်းသည် တိုင်းပြည်တစ်ခု၏ အင်အားဖြစ်သည်။ချန်လွေ့ တစ်ယောက်တည်းသာ ဆိုလျှင် မည်မျှအစမ်းထက်စေကာမူ ထိုကဲ့သို့ရလာဒ်မျိုးကို လုံးဝပြုလုပ်နိုင်မည် မဟုတ်ပေ။
ဆာဘရီနာသည် အားလုံးကို စိတ်ထဲ၌ မှတ်ထားခဲ့သည်။နှစ်ရက်ကြာပြီးနောက် လှည်းသည် ခရီးပန်းတိုင်သို့ ရောက်ရှိသွားခဲ့သည်။၎င်းသည် နယ်စပ်မြို့လေး မဟုတ်ဘဲ သွေးရောင်နွယ်နယ်မြေ၏ အချက်အချာဖြစ်သော သွေးရောင်နယ်မြို့ ဖြစ်နေသည်။
သွေးရောင်နွယ်မြို့သည် အမှောင်လမြို့ထက် ငယ်သော်လည်း ပို၍ကြွယ်ဝချမ်းသာသည်။အရိပ်နက်မြို့တော်ပြီးလျှင် ၎င်းသည် ဒုတိယပင် ဖြစ်သည်။လှည်းကို အတော်လေး ချောင်ချသော ဝင်းအရှေ့၌ ရပ်ထားလိုက်သည်။ ၎င်းသည် သွေးရောင်နွယ်မြို့ရှိ ဆာဘရီနာ၏ ပိုင်ဆိုင်မှု ဖြစ်ရပေမည်။
ထိုအိမ်ယာ၏ ပိုင်ရှင်မှာ သွေးရောင်နွယ်မြို့တော်ဝန် လက်အောက်၌ အလုပ်လုပ်နေသော အကြီးတန်း ဆေးရည်ပညာရှင်ဖြစ်ပြီး ဆာဘရီနာ၏ သရုပ်မှာ ထိုသူ၏ ဇနီးဖြစ်သည်။ သို့သော်လည်း ထိုအမှောင်နတ်သူငယ် ဆေးရည်ပညာရှင်မှာ အဇ်ဂါလော မဟုတ်ကြောင်း သေချာသည်။ထိုသူသည် ဆာဘရီနာ၏ ထိန်းချုပ်မှုအောက်ရှိ ရုပ်ဖျက်ထားသူ တစ်ယောက် ဖြစ်ရပေမည်။ဆေးရည်ပြာရှင်၏ ဂုဏ်သတင်းမှာ အမြဲပင် ဆိုးဝါးလှသည်။ ထို့ကြောင့် မြို့တော်ဝန်၏ လူများနှင့် ပုံမှန်ဝယ်သူများမှလွဲ၍ လူအများစုသည် ထိုအိမ်ယာကို ရှောင်တိမ်သွားကြသည်။အတိုင်းအတာ တစ်ခုအထိ ၎င်းသည် ထိခိုက်မှုရှိသော အကာအကွယ် တစ်ခု ဖြစ်လေသည်။
ဆာဘရီနာသည် အမြဲပင် သတိထားနေခဲ့သည်။ဆက်သွယ်ရေးလှိုင်းအားလုံးမှ သတင်းများက ထိုဆရာသခင်၌ ပြဿနာမရှိကြောင်း ညွှန်ပြနေသော်လည်း အကယ်၍ ဆာဘရီနာသည် ဆရာသခင်အား အဆောင်ပစ္စည်း ပေးလိုက်လျှင် သို့မဟုတ် သူရှိနေသော အင်အားစု၏ ပိုနက်ရှိုင်းသောအဆင့်နှင့် ထိတွေ့ခိုင်းမည်ဆိုလျှင် ပေါ့သေးသေးကိစ္စ မဟုတ်တော့ပေ။[ ဝိညာဉ်လက်ထိပ် ] သည် စိတ်ကိုသက်ရောက်စေပြီး ထိုပါရမီရှင်၏ တိုးတက်မှုကို ထိခိုက်နိုင်သောကြောင့်သာ မဟုတ်လျှင် ဆာဘရီနာသည် အလုပ်ရှုပ်မခံဘဲ ထိန်းချုပ်ခြင်းအစွမ်းသာ သုံးလိုက်ပေမည်။
သုံးလေးရက်ကြာပြီးနောက် ချန်လွေ့ မနေနိုင်တော့ဘဲ ထဖောက်တော့သည်။
“ မဒမ်။တော်လောက်ပြီ။ကျုပ်က မစ်-ဖာတီလုနဲ့အတူ ဒီကိုလာပြီးတော့ လမ်းမှာတောင် သူ့ကို ကာကွယ်ပေးခဲ့တယ်။ဒါတွေအားလုံးက ခင်ဗျားရဲ့အိမ်မှာ အဖမ်းခံရဖို့အတွက် မဟုတ်ဘူး။ကျုပ် အဆောင်ပစ္စည်း လိုချင်တယ်။ကျုပ် မှော်စက်ဝိုင်းတွေ လိုချင်တယ်။ကျုပ် ယန္တရားအလုပ်ရုံ လိုချင်တယ်။ ”
ထိုကဲ့သို့ တုံ့ပြန်မှုမျိုးကို ဆာဘရီနာ မျှော်လင့်ထားပြီးသား ဖြစ်သည်။အကယ်၍ ချန်လွေ့သည် လက်ရှိအခြေအနေ၌ တည်တည်ငြိမ်ငြိမ် ဖြစ်နေမည်ဆိုလျှင် ဆာဘရီနာ သံသယဝင်နိုင်ပေသည်။၎င်းကို ချန်လွေ့ ခန့်မှန်းမိပြီးသား ဖြစ်သည်။သူလျှို ဖြစ်ရခြင်းသည် အမြဲပင် ပညာရပ်ဆန်သော အလုပ်တစ်ခု ဖြစ်ပေသည်။
“ ဆရာသခင်။မစိုးရိမ်ပါနဲ့။ဖာတီလုကနေ ဆရာသခင် တစ်ခုခုကို ကြိုသိထားပြီးပြီလို့ ထင်ပါတယ်။အဲဒါကြောင့် ကျွန်မ စိတ်မကောင်းပါဘူး။ဒါပေမဲ့ ဆရာသခင်ကို မလွှတ်ပေးနိုင်သေးဘူး။အဆောင်ပစ္စည်းကတော့..... ထင်ယောင်မှား နတ်ဆိုးဒိုင်းက လီဗျာသန်တော်ဝင်မိသားစုအတွက် အရေးပါဆုံး အဆောင်ပစ္စည်းပဲ။ပြီးတော့ အဲဒါက ကျွန်မဆီမှာ မရှိနေဘူး။အခုလက်ရှိ ကျွန်မက ဆက်သွယ်ရေးလှိုင်းကနေတစ်ဆင့် ပိုင်ရှင်ဆီကနေ တောင်းနေပါတယ်။အဲဒါကြောင့် စိတ်ရှည်ရှည်နဲ့ စောင့်နေပေးပါ။ သိပ်မကြာခင်မှာ အဆောင်ပစ္စည်းဖြစ်ဖြစ် ပြီးပြည်စုံတဲ့ ယန္တရားအလုပ်ရုံတစ်ခုဖြစ်ဖြစ် ဆရာသခင်ရဲ့အရှေ့မှာ ပေါ်ထွက်လာမှာပါ။ ”
ထိုသို့ ဆာဘရီနာပြောပြီး နေ့လယ်ခင်းတွင် ဆေးရည်လာဝယ်ပုံရသော ဧည့်သည် တစ်ယောက်က အိမ်ယာထဲ ရောက်ရှိလာသည်။သို့သော်လည်း ထိုသူသည် ချန်လွေ့ကို အကျယ်ချုပ်ချုပ်ထားသော အိမ်ရှိရာ ဝင်းထဲသို့ အမှန်တကယ်ပင် ရောက်ရှိလာလေသည်။
၎င်းသည် ပြုံးနေသော အသက်၃၀အရွယ်ရှိ သက်လတ်ပိုင်း အမျိုးသားတစ်ယောက် ဖြစ်ပြီး မျက်လုံးနှစ်ဖက်မှာ အကွဲရာ အကွေးလေးနှစ်ခုကဲ့သို့ ဖြစ်နေကာ မျက်လုံးများကို ရေးရေးလေးသာ မြင်ရပေသည်။သို့သော်လည်း နတ်ဆိုးများ၏ အသက်ကို အသွင်အပြင်ဖြင့် တိုင်းရာ၍မရပေ။စွမ်းအားကိုလည်း ထိုနည်းလည်းကောင်းပင် ဖြစ်သည်။
မျိုးနွယ် - မနာလိုခြင်း တော်ဝင်မိသားစု( သန္ဓေပြောင်း )
စွမ်းအားအကဲဖြတ်မှု - [ A+ ]
ခန္ဓာအမျိုးအစား - [ A ]
ခွန်အား - [ A- ]
စိတ်ဝိညာဉ် - [ A+ ]
မြန်ဆန်မှု - [ A+ ]
နတ်ဆိုးဧကရာဇ်အဆင့် ထိပ်သီးပိုင်းပဲ။ဒါက အနိမ့်ဆုံး အကဲဖြတ်မှုပဲ ရှိသေးတယ်။ ဖာတီလုရဲ့ အမူအရာကိုကြည့်ရရင် ဒီလူက ဆာဘရီနာ၏ ဦးလေး၊ ဖာတီလု “ အဘိုး မာနူ ” လို့ခေါ်တဲ့ လျို့ဝှက်ဆန်းကြယ်တဲ့ အစွမ်းထက်ပုဂ္ဂိုလ် ဖြစ်ရမယ်။
ဒီအဘိုးကြီးက တော်တော်လေး အိုနေပြီ။ဒါပေမဲ့ သူက အသက်ငယ်ဟန်ဆောင်ဖို့အတွက် အသက်၃၀အရွယ် ဦးလေးအနေနဲ့ ပေါ်ထွက်လာသေးတယ်။ ချန်လွေ့သည် ထေ့ငေါ့ပြောနေခြင်း ဖြစ်သော်လည်း အလွန်စိုးရိမ်နေ၏။မည်သို့ပင် ဆိုစေကာမူ ဤမာနူသည် နတ်ဆိုးအရှင်သခင်အဆင့် ပုဂ္ဂိုလ်တစ်ယောက် ဖြစ်နိုင်ပေသည်။
ဖာတီလု၏အဖေ အဇ်ဂါလောဘယ်ဇီဘတ် နှင့် မာနူလီဗျာသန်။ချန်လွေ့ ရင်ဆိုင်ရမည့် ပြိုင်ဘက်များမှာ ထင်ထားသည်ထက် ပိုအစွမ်းထက်နေကြသည်။သို့သော်လည်း ချန်လွေ့သည် ဤနေရာသို့ ရောက်နေပြီ ဖြစ်သည့်အတွက် နောက်ပြန်လှည့်၍ မရနိုင်တော့ပေ။အကြောင်းတရားသည် မြန်မြန်သေခြင်းကိုသာ ဖြစ်စေနိုင်သည်။ သူ၏ပြိုင်ဘက်သည် သူ၏သုံးသွယ်-အထူးပြုကြောင့်သာ ပြန်ပေးဆွဲခဲ့ခြင်း ဖြစ်သည်။အနာဂတ်၌ ချန်လွေ့သည် ယန္တရားပညာရပ်၌ မဟာဆရာသခင်တစ်ယောက် ဖြစ်လာနိုင်ချေ များပေသည်။ထို့ကြောင့် သာမန်အခြေအနေ၌ သူတို့သည် ချန်လွေ့ကို ထိခိုက်အောင် လုပ်မည်မဟုတ်ပေ။ထိုအကြောင်းကြောင့်သာ မဟုတ်လျှင် ဆာဘရီနာသည် စိတ်ရှည်ရှည်ထားပြီး သမီးဖြစ်သူကို မည်သည့်အတွက်ကြောင့် အမြင့်ဆင့်နတ်ဆိုး ( အများဆုံး နတ်ဆိုးဘုရင်အဆင့် ) တစ်ယောက်နှင့်အတူ ပရောပရည်လုပ်ခွင့်ပေးမည်နည်း။
ချန်လွေ့သည် ပုံမှန်အတိုင်း ပြန်လည် တည်ငြိမ်သွားသည်။ ဘာကြောက်စရာ လိုလို့လဲ။ငါက နတ်ဆိုးအရှင်သခင်အဆင့်တွေကို မတွေ့ဖူးတာမှ မဟုတ်တာ။ နှစ်ယောက်က ငါ့မိတ်ဆွေတွေ။နောက်တစ်ယောက်ကိုတော့ ငါကိုယ်တိုင် သတ်ပစ်ခဲ့တာပဲ။
မာနူက ချန်လွေ့ကို ဖျပ်ခနဲကြည့်ပြီး ပို၍ပင် ပြုံးလိုက်သည်။
“ ဆရာသခင်က တကယ့်ကို ထူးခြားတာပဲ။ကျုပ်က ပုံမှန်မဟုတ်တာကို သတိထားမိပြီးတော့ ခပ်မြန်မြန်ပဲ တည်တည်ငြိမ်ငြိမ် နေနိုင်ခဲ့တယ်။ နှစ်တစ်သောင်းအတွင်း ယန္တရားနယ်ပယ်မှာ ထပ်တန်း ပါရမီရှင်ဆရာသခင်ဆိုတဲ့ ဂုဏ်ပုဒ်နဲ့ တကယ့်ကို ထိုက်တန်ပါပေတယ်။ ”
ချန်လွေ့ တိတ်တဆိတ် တုန်လှုပ်သွား၏။ခုနက ငါ့ရဲ့ခံစားချက် ပြောင်းလဲသွားတာက တစ်ခဏပဲ။ မာနူမှာ ဒီလောက်အသေးစိတ်တဲ့ အကဲဖြတ်မှု ရှိနေမယ်ဆိုတာ ငါမယုံနိုင်ဘူး။ ဒါက ခရစ္စတီးနားကို ငါပထမဆုံး တွေ့ခဲ့ရသလိုပဲ။ဒီလူက ငါထင်ထားတာထက် ပိုအစွမ်းထက်မယ့်ပုံပဲ။
“ ဆာ။ကျုပ်ရဲ့ အာရုံခံတွေက ထူးခြားတယ်လေ။ခင်ဗျားက ပုံမှန်မဟုတ်တာကို ကျုပ်တကယ် သတိထားမိခဲ့တယ်။ ”
ချန်လွေ့ စိတ်ကို တည်ငြိမ်အောင် ပြုလုပ်လိုက်သည်။
“ ဒါပေမဲ့ ခင်ဗျားတို့တွေ ကျုပ်ကို ဒီနေရာဆီ ခေါ်လာရတဲ့ အကြောင်းရင်းက ကျုပ်ရဲ့ ပါရမီအစွမ်းအစကြောင့် ဖြစ်ရမယ်။ဒါက ကျုပ်အတွက် အခွင့်အလမ်းတစ်ခုလည်း ဖြစ်ချင်ဖြစ်နိုင်တယ်။အဲဒါကြောင့် ကျုပ် ကြောက်နေစရာ မလိုပါဘူး။ ”
“ ဆရာသခင် ဒီနေ့လို အောင်မြင်မှုတွေ ရလာတာက မတော်တဆမဟုတ်တာ သေချာတယ်။ဒီလိုပြတ်သားမှုနဲ့ဆိုရင် ဆရာသခင်ရဲ့ အနာဂတ် အောင်မြင်မှုတွေက နတ်ဆိုးဘုံတစ်ခုလုံးကို တောက်ပသွားစေမှာ သေချာတယ်။ ”
မာနူက ထောက်ခံလျက် ခေါင်းညိတ်လိုက်သည်။သို့သော်လည်း သူ၏စကားများမှာ ရှေးရိုးဆန်နေပုံရသည်။
“ ဆရာသခင်ရဲ့အရှေ့မှာ ကြီးကြီးမားမား ဆုံးဖြတ်ချက်တစ်ခု ချရမှာရှိတယ်။အဲဒါက ထိပ်ဆုံးကို ရောက်ဖို့ ဆရာသခင်အတွက် သော့ချက် ဖြစ်နိုင်တယ်။ဒါတွေအားလုံးက ဆရာသခင် ဘယ်လိုဆုံးဖြတ်မလဲဆိုတဲ့အပေါ်မှာ မူတည်ပါတယ်။ ”
“ တကယ်တော့ ကျုပ်လည်း နည်းနည်း ခန့်မှန်းမိပါတယ်။ ”
ထိုမြေခွေးအိုကြီးကို ရင်ဆိုင်ရာ၌ ငတုံး ဟန်ဆောင်ခြင်းသည် အလုပ်ဖြစ်မည် မဟုတ်ပေ။ထို့ကြောင့် ချန်လွေ့က ပွင့်ပွင့်လင်းလင်း ပြောသည်။
“ အခြေအမြစ်မရှိတဲ့ ယန္တရားဆရာသခင် တစ်ယောက်အနေနဲ့ ကျုပ်ကို ငွေကြေး ထောက်ပံ့ပေးနိုင်မယ့် အင်အားစုတစ်ခုကို ရွေးချယ်ရမယ်။ဘယ်သူက ပစ်မှတ်လဲဆိုတာ ကျုပ်ဂရုမစိုက်ဘူး။ကျုပ်ဂရုစိုက်တာက ဘယ်အင်အားစုက ကျုပ်ကို လိုချင်တာတွေ ပေးနိုင်မလဲ ဆိုတာနဲ့ မဟာဆရာသခင်အဆင့်ကို တက်လှမ်းနိုင်ဖို့ ရှေ့ကိုခြေတစ်လှမ်းတိုးအောင် လုပ်ပေးနိုင်မလား ဆိုတာပဲ။ ”
“ တကယ်လား။ ”
မာနူက ပြန်မဖြေဘဲ ဟန်လုပ်ပြုံးနေဆဲပင် ဖြစ်သည်။
“ ခင်ဗျား ကျုပ်ရဲ့ အစွမ်းအစကို သံသယ ဝင်တာလား။ ”
ချန်လွေ့သည် အစော်ကား ခံလိုက်ရသကဲ့သို့ ဖြစ်သွားပြီး စိတ်လှုပ်ရှားသွားသည်။
“ ကျုပ်ရဲ့တိုက်ခိုက်ရေးစွမ်းအက ခင်ဗျားတို့ရဲ့ အမြင်မှာ ပုရွက်ဆိတ်လောက်ပဲဆိုတာ ငြင်းစရာ မရှိပါဘူး။ရိုင်းတာတော့ မဟုတ်ဘူး။ဒါပေမဲ့ ခင်ဗျားတို့အားလုံးက ယန္တရား နယ်ပယ်မှာဆိုရင် ပုရွက်ဆိဆိတ်တွေပဲ။အခုလက်ရှိ နတ်ဆိုးဘုံရဲ့ ထိပ်တန်း ယန္တားဆရာသခင်နိတ်တောင် ဆရာသခင်ပြိုင်ပွဲ စည်းကမ်းအတိုင်းပြိုင်ရင် ကျုပ်ကို လုံးဝရှုံးနိမ့်မှာသေချာတယ်။ ”
ထိုသရုပ်ဆောင်မှု၏ အစိတ်အပိုင်းကြီးသည် အမှန်တကယ်ဖြစ်သော ဆရာသခင် တာတာကို အခြေခံထားခြင်း ဖြစ်သည်။မာနူက တိတ်တဆိတ် ခေါင်းညိတ်ပြီး ပြောသည်။
“ ဆရာသခင်။ကျုပ်ကို အထင်လွဲနေပါပြီ။ဆရာသခင်ရဲ့ ယန္တရားပြိုင်ပွဲမှာ တောက်ပမှုက နတ်ဆိုးဘုံတစ်ခုလုံးကို ပျံ့နှံ့သွားပါပြီ။ယန္တရားဆရာသခင် တော်တော်များများက ဆရာသခင်ကို လွန်ခဲ့တဲ့ နှစ်တစ်သောင်းအတွင်း ပထမဆုံး ယန္တရား မဟာဆရာသခင် တစ်ယောက် အဖြစ်လာနိုင်ဆုံးလို့ ထင်နေကြတယ်။ဆရာသခင်ရဲ့ စွမ်းဆောင်ရည်နဲ့ ပါရမီကို ကျုပ် သံသယဝင်နေတာ မဟုတ်ပါဘူး။ ”
မာနူက ပြုံးရင်း ရှေ့သို့ ခြေလှမ်းသုံးလေးလှမ်း လှမ်းလိုက်သည်။သို့သော်လည်း သူ၏အသံ တိုးသွား၏။
“ ကျုပ် ဆရာသခင်ကို အဆောင်ပစ္စည်း ပေးပြီးတော့ လေ့လာခိုင်းလို့ရတယ်။ နတ်ဆိုးဘုံရှိမှာရှိတဲ့ အကောင်းဆုံးအလုပ်ရုံကို ထောက်ပံ့ပေးမယ်။ဆရာသခင် လိုချင်တဲ့ ကုန်ကြမ်းပစ္စည်းတွေ၊ကိရိယာတွေအားလုံးကို ထောက်ပံ့ပေးမယ်။ဒါပေမဲ့ ဆရာသခင် ရွေးချယ်မှုတစ်ခု လုပ်ရမယ်။ ”
“ ဘာရွေးချယ်မှုလဲ။ ”
မာနူ မျက်နှာလှည့်လိုက်ပြီး မှေးနေသော ညာမျက်လုံး အသာလေးပွင့်သွားကာ ထူးဆန်းသော အနက်ရောင်အလင်းတစ်ခု ထုတ်လွှတ်လိုက်သည်။ကြီးမားသော ဖိအားတစ်ခုက ချန်လွေ့ကို ချက်ချင်းပင် ဝိုင်းရံသွား၏။
“ ကျုပ်ဆီမှာ အညံ့ခံရမယ်။ ”