← Chapters

မြူဆွယ်ခြင်း

Vol. 18 Ch. 256

မြူဆွယ်ခြင်း

Vol. 18 Ch. 256

ချန်လွေ့တို့နှစ်ယောက် လုပ်ကြံခံရကြောင်း သိလိုက်ရာ ဒီရော် ထိတ်လန့်သွား၏။သူသည် လုပ်ကြံခံရဖူးသည့်အတွက် ၎င်းကို စာနာနိုင်သည်။ထို့နောက် သူသည် ဖားလာမိုနှင့် မာရီယာနီတို့အား အရှက်မရှိဘဲ စက်ဆုပ်စရာကောင်းသည်ဟု အပြစ်တင်လိုက်သည်။ ချန်လွေ့နှင့် ခီရာတို့အား စိတ်အေးနေရန် ပြောပြီးနောက် ဒီရော်သည် အတွင်းမြို့သို့ ချက်ချင်းသွားပြီး ဖခင်ဖြစ်သူ ခရော့ထံ တိုင်တန်းမည်ဟုပြောတာ အစောင့်တစ်ဖွဲ့နှင့် အတူ အလောတကြီး ထွက်သွားလိုက်သည်။

ထိုကဲ့သို့ တိုင်တန်းမှုသည် အသုံးမဝင်ကြောင်း ချန်လွေ့သိသော်လည်း ဒီရော်ကို ပေးသွားလိုက်သည်။ခီရာ၏စိတ်ဓာတ် အနည်းငယ်ကျဆင်းနေသည်ကို မြင်သွားပြီး ချန်လွေ့က ရှက်နေသည့်မျက်နှာဖြင့် ပြောသည်။

“ ခီရာ။ဒီနေ့ အဖြစ်အပျက်ကို မစိုးရိမ်နဲ့တော့။ ”

ခီရာက ချန်လွေ့သည် စားသောက်ဆိုင်မှ မကျေနပ်စရာအနည်းငယ်ကို ပြောနေကြောင်း သိလိုက်ပြီး ခေါင်းခါသည်။

“ တောင်းပန်ရမယ့်လူက ကျွန်မပါ။ ”

“ ဒီအကြောင်း ထပ်မပြောကြရအောင်။ဒီမှာ မင်းအတွက်။ ”

ခီရာက သေတ္တာကိုယူပြီး ကြည့်လိုက်သည်။၎င်းမှာ အနုစိတ်လှသော ရင်ထိုးတစ်ခုဖြစ်ပြီး သူ၏မျက်လုံးများ အရောင်ဝင်းလက်သွား၏။

“ ဒါက ကျွန်မတို့ ခုနကတွေ့ခဲ့တဲ့..... ”

“ မင်း ဒါကို တော်တော်လေး သဘောကျနေတာကို ငါတွေ့ခဲ့တယ်။အဲဒါကြောင့် မင်း သတိမထားမိနေတုန်းက တိတ်တိတ်လေး ဝယ်ခဲ့တာ။ ”

ချန်လွေ့ ပြုံးလိုက်သည်။

“ ယူထားလိုက်လေ။နည်းနည်း အံ့အားသင့်သွားတယ်လို့ သဘောထားလိုက်။ ”

“ ကျေးဇူးပါပဲ။ဆာ။ ”

ခီရာ၏နှုတ်ခမ်းများ မြင့်တက်သွားပြီး ပြုံးလိုက်သည်။

ချန်လွေ့ ခေါင်းညိတ်သည်။

“ ဒီအပြုံးက မင်းရဲ့ ပုံမှန်အပြုံးထက် ပိုပြီးတော့လှတယ်။ငါတော်တော်လေး သဘောကျတယ်။ ”

ခီရာ၏မျက်နှာ ပူနွေးသွားပြီး အနားယူမည်ဟု ဆင်ခြေပေးကာ ကမန်းကတန်း ထွက်သွားခဲ့သည်။သူ၏နောက်ဘက်မှ “ အာသာ ”၏ မရိုးဖြောင့်သော ရယ်သံထွက်လာလေ၏။

ထိုလူ၏ ရယ်သံကို ကြားရပြီးနောက် တစ်နည်းနည်းဖြင့် ကဝေမ၏ နှလုံးခုန် မြန်လာခဲ့သည်။

ချန်လွေ့ မျှော်လင့်ထားသည့်အတိုင်းပင် ဒီရော်၏ တိုင်တန်းမှုသည် အချည်းနှီး ဖြစ်ခဲ့သည်။သို့သော်လည်း ခရော့သည် သူ၏ကလေး သုံးယောက်နှင့် သူတို့ ထောက်ခံထားသော ယန္တရားပညာရှင်များကို အတွင်းမြို့သို့ ယာယီပို့ရန် ဆုံးဖြတ်ချက် ချခဲ့သည်။

အတွင်းမြို့တော်၌ တင်းတင်းကြပ်ကြပ် အစောင့်အကြပ်ထူပြီး လူသာမန်များနှင့် အလုပ်မရှိသူများကို ဝင်ခွင့်မပေးပေ။၎င်းသည် လုပ်ကြံမှုများ ထပ်မဖြစ်နိုင်အောင် တားဆီးပေးနိုင်သည်။

အတွင်းမြို့ရှိ ကတ်စတာမိသားစု၏ စံအိမ်မှာ အလွန်ပင် ကျယ်ဝန်းလှသည်။ ချန်လွေ့သည် ခီရာအား ဝင်းတစ်ခုအတွင်း၌ နေရန် ခေါ်သွားခဲ့သည်။သူတို့ထပ်ပြီး ဈေးဝယ်မထွက်ကြသော်လည်း ယခင်အဖြစ်အပျက်ပြီးနောက်တွင် သူတို့နှစ်ယောက်၏ အပြန်အလှန် နားလည်မှု ရှိလာဟန်တူသည်။ခီရာ၏မျက်နှာပေါ်ရှိ ပုံမှန် ညတုတု အပြုံးသည်လည်း အတော်အတန် လျော့ကျသွားသည်။

ဗိုလ်လုပွဲမစခင် တစ်ရက်အလို၌ ဖြစ်သည်။မနေ့က ချန်လွေ့သည် ချန်ပီယံဟောင်းဖြစ်ပြီး အလယ်ဆင့်နတ်ဆိုးစွမ်းအားရှိသော ပြိုင်ဘက်မဟာနတ်ဆိုး ရောဘတ်နှင့် တွေ့ဆုံခဲ့သည်။ထိုသူသည် ပိန်ပါးပြီး ကျစ်လစ်ပုံပေါ်သည်။ချန်လွေ့ကို တွေ့သည့်အခါ ရောဘတ်သည် ရင်းနှီးပုံမရပေ။ထို့ပြင် သူသည် ဘာမျှမပြောဘဲ လှည့်ထွက်သွားခဲ့သည်။“ နယ်ပယ်တစ်ခုတည်း၌ မကျေချမ်းမှုများ အမြဲရှိသည် ”ဟူသော အရိပ်အယောင်ပင် ဖြစ်လေသည်။

ညရောက်လာလေပြီ။ကောင်းကင်ရှိ လရောင်သည် ခရမ်းရောင်ဖျော့ဖျော့ တောက်ပနေ၏။ခီရာနှင့် ဒီရော်၏ညီမ ဆယ်လင်းတို့ အဆင်ပြေနေကြသည်။ သိပ်မကြာခင်က ဆယ်လင်းသည် ခီရာအား အဝတ်အစားအသစ်များ သွားကြည့်ရန် ခေါ်သွားခဲ့သည်။ချန်လွေ့သည် ဝင်းထဲရှိ ကျောက်ပြားပေါ်တွင်ထိုင်ကာ ဝိုင်တစ်ခွက်ကိုင်ထားရင်း ဖြည်းဖြည်းချင်း သောက်နေ၏။

ကိုယ့်နည်းကိုယ့်ဟန်နှင့် ပြုလုပ်ခြင်း၊ ရဲတင်ခြင်း၊ မိန်းမလှများနှင့် ဝိုင်ကောင်းကောင်းများကို ကြိုက်နှစ်သက်ခြင်းတို့သည် အာသာ၏ စရိုက်လက္ခဏာကို ဖော်ပြပေးသော အဓိကစကားလုံးများ ဖြစ်ကြသည်။ထိုပုံရိပ်ကို ထိန်းသိမ်းရန် သူသည် ယခုတွင် နေ့တိုင်းသောက်သည်။ပုံမှန်အားဖြင့် တစ်ယောက်တည်း သောက်လေ့ရှိ၏။

သောက်နေရင်း သူသည် လူအများအပြားကို သတိရမိသည်။သူသိပ်ချစ်ရသော သူ၏မိန်းကလေးကို လွမ်းသည်။သူချစ်ခဲ့နိုင်သော မိန်းကလေးကို လွမ်းသည်။ညီမလေးဟု သဘောထား၍ရသော လိုလီလေးကို သူသတိရသည်။သူ၏ နှာဘူးကျပြီး စိတ်ရှုပ်စရာ ကောင်းသော မိတ်ဆွေများကို သတိရသည်။သူ၏ ပုံမှန်မိတ်ဆွေများကိုလည်း သတိရသည်။

ချန်လွေ့သည် ယန္တရားပြိုင်ပွဲကြောင့် စွမ်းအား လေ့ကျင့်ရေးကို လျစ်လျူမရှုခဲ့ပေ။ ဤအချိန်အတောအတွင်း၌ လေ့ကျင့်ရေးကွင်း၏ ဥပဒေသကို သန့်စင်ရုံနှင့် ချိတ်ဆက်ခြင်းအပြင် လေ့ကျင့်ရေးကွင်း၌လည်း မြေဆွဲအား၊ပင်လယ်လှိုင်းကြမ်း၊ ပင်လယ်နက်စသည့် ဥပဒေသအမျိုးမျိုးဖြင့် လေ့ကျင့်ခဲ့သည်။စိတ်လေ့ကျင့်ရေးမှာ အလီယော့သ် အ‌ခြေအနေ ပြီးဆုံးစွားခြင်းကြောင့် မရပ်တန့်သွားပေ။အချိန်မရွေး ပြန်လည်ရှင်သန်လာနိုင်သော အသူရာ၏ “ လှုံ့ဆော်မှု ” ကြောင့် စိတ်လေ့ကျင့်ရေးသည် နေ့စဉ်လုပ်ငန်းစဉ်တစ်ခု ဖြစ်လာပြီး ချန်လွေ့၏ နေ့စဉ်စကားများနှင့် အပြုအမူများမှာလည်း သွယ်ဝိုက်လေ့ကျင့်ရေး အခြေအနေတစ်ရပ် ဖြစ်သည်။

မယ်ဂရီဇ် အခြေအနေသည် နိယာမများကို သန့်စင်ရန်ဖြစ်ပြီး “ နိယာမ ” များမှာ စိတ်ဝိညာဉ်နှင့် မှော်ပညာများသာ မဟုတ်ဘဲ ဧရိယာကြီးကြီးမားမား တစ်ခု ပါဝင်သည်။ ဗုဒ္ဓသာသာ၌ “ အရာအားလုံးက နိယာမတွေနဲ့ ဆက်နွှယ်နေတယ် ” ဟူသော ဆိုရိုးတစ်ခုရှိကြောင်း ချန်လွေ့ မှတ်မိလိုက်သည်။ထိုထဲတွင် အာသီသ(၅)မျိုး၊ နေရာ(၁၂)မျိုးနှင့် ဘုံ(၁၈)မျိုးတို့ ပါဝင်ကြသည်။သို့သော်လည်း ချန်လွေ့သည် နာမည်များကိုသာ မှတ်မိပြီး အသေးစိတ်ကို မမှတ်မိပေ။နိယာများကို ချန်လွေ့ နားလည်မှာ “ လောက ” ဟုခေါ်နိုင်သော အရာအားလုံးနှင့် သဘာဝဖြစ်စဉ်များ ဖြစ်သည်။

“ လောက ” သည် “ ပိုင်နက် ” နှင့် တစ်ခုခု တူညီရမည်၊ သို့မဟုတ် ကွာခြားမှု အနည်းငယ်သာ ရှိလိမ့်မည်ဟု ချန်လွေ့ ခံစားမိနေသည်။ပိုက်နက်စွမ်းအားကို ချန်လွေ့ အမှန်တကယ် သဘောပေါက်သွားမည့် နေ့ရက်သည် မယ်ဂရီဇ် အခြေအနေ ပြီးစီးမည့် နေ့ရက်ပင် ဖြစ်သည်။

သို့သော်လည်း ပိုင်နက်စွမ်းအားကို အနိမ့်‌ဆုံး နတ်ဆိုးဧကရာဇ်အဆင့်မှသာ တတ်ကျွမ်းနိုင်သည်။ထို့ပြင် နတ်ဆိုးဧကရာဇ်အဆင့်၌ပင် ပိုင်နက်-အတု သာ ဖြစ်သည်။ယခုတွင် ချန်လွေ့သည် မဟာနတ်ဆိုးဘုရင်အဆင့်သာ အမြင့်ဆုံး ဖြစ်သည်။ပါ့ဂ်လီအိုက အယူအဆအချို့ ပြောပြခဲ့သော်လည်း ချန်လွေ့ နားမလည်နိုင်သေးပေ။

မယ်လွန်မိသားစုကို လိမ်လည်ပြီး ရရှိလာခဲ့သော ဘုံဘုရင်သစ်သီးအကြောင်း ချန်လွေ့ တွေးမိလိုက်သည်။၎င်းဟည် အရုဏ်ဦးနှင်းခဲ အတွင်း၌ ဖြစ်ပေါ်လာသော အမြုတေ ဖြစ်သည်။၎င်းကို စားသုံးပြီးလျှင် သုံးစွဲသူ၏ အသိစိတ်အတိုင်း ပိုင်နက်ခံစားချက်နှင့် ဆင်တူသော စိတ်ဝိညာဉ်အမှတ်အသားတစ်ခု ဖန်တီးပေးကာ အသုံးပြုသူအား ပိုင်နက်စွမ်းအားကို ပိုမိုနားလည်စေပြီး တိုးမြှင့်ရန် ကူညီပေးနိုင်သည်။

ငါ ဘုံဘုရင်သစ်သီးကို စားကြည့်ရင်ကောင်းမယ်။

ဒါပေမဲ့ ဘုံဘုရင်သစ်သီးရဲ့ စွမ်းအားက ကြီးမားလွန်းတယ်။နတ်ဆိုးဧကရာဇ်နဲ့ အထက်အဆင့်တွေနဲ့ ခံနိုင်ရည်ရှိတာ။ငါ ဒီပြဿနာကို ကြယ်တာရာ ဝါးမျိုခြင်းနဲ့ ကြယ်တာရာ ကူးပြောင်းခြင်းနဲ့ ဖြေရှင်းနိုင်မလား မသိဘူး။ဘယ်လိုပဲဖြစ်ဖြစ် ဘုံဘုရင်သစ်သီးက သုံးလကြာပြီးရင် အစွမ်းပျယ်သွားမှာ။

ယခုယန္တရားပြိုင်ပွဲကိစ္စကို အရင်ဖြေရှင်းတာ ပိုကောင်းမှာပါလေ။

ချန်လွေ့ ဝိုင်တစ်ငုံ သောက်လိုက်သည်။ရင်သပ်ရှုမောဖွယ် ပုံရိပ်တစ်ခုက သူ့ဆီသို့ လမ်းလျှောက်လာသည်ကို မြင်လိုက်ရာ ချန်လွေ့ ရုတ်တရက် မျက်မှောင်ကြုတ်သွားသည်။၎င်းသည် ခီရာ မဟုတ်ပေ။

ထိုအမျိုးသမီး အနီးကပ်လာသည်။၎င်းမှာ မာရီယာနီပင် ဖြစ်လေသည်။

[ နိဗ္ဗာန် ] ပါရမီကြောင့် အက်စ်မိုဒက်စ် တော်ဝင်မိသားစုဝင်များသည် ယောက်ျားဖြစ်စေ၊ မိန်းမဖြစ်စေ နတ်ဆိုးဘုံတစ်ခုလုံး၌ အချောအလှဆုံး ဖြစ်ကြသည်။မာရီယာနီသည် ကိုယ်လုံးကိုယ်ပေါက်လှပပြီး ကွေ့ကောက်သော ရင်သားနှင့် တင်ပါးများ ရှိသည်။ မျက်ခုံးများမှာ ထူလှသည့်အတွက် အနည်းငယ် စိုးမိုးခြယ်လှယ်ပုံရသည်။

သို့သော်လည်း သူ ပို၍စိုးမိုးခြယ်လှယ်လေလေ ယောက်ျားသားများအား သိမ်းပိုက်ချင်စိတ် ပိုများစေလေလေ ဖြစ်သည်။အကြောင်းမှာ သူတို့သည် စိုးမိုးခြယ်လှယ်သော မိန်းမတစ်ယောက်က အိပ်ယာထက်၌ မည်ကဲ့သို့ဖြစ်ပျက်မည်ကို မြင်ချင်လို၍ ဖြစ်သည်။

မာရီယာနီသည် ပုခုံးပေါ်သော ဂါဝန်ရှည် ဝတ်ဆင်ထားသည်။သူသည် လရောင်အောက်၌ ပို၍ပင် ဆွဲဆောင်မှုရှိနေပြီး ချန်လွေ့ဆီသို့ ဖြည်းဖြည်းချင်း လမ်းလျှောက်လာလေသည်။

“ ဆရာသခင် အာသာ ”

“ အာသာ ” သည် ဆရာသခင် ထောက်ခံချက် မရရှိသေးသော်လည်း ထိုကဲ့သို့စွမ်းရည်မျိုးကို ပြသခဲ့ပြီး ဖြစ်သည်။ထိုကဲ့သို့ တမင်ချီးမွမ်းမှုက ချန်လွေ့ကို အနည်းငယ် ပြုံးသွားစေသည်။

ထိုချီးမွမ်းမှုကို မငြင်းပယ်ကြောင်း တွေ့လိုက်ရသည့်အခါ မာရီယာနီ အနည်းငယ် တည်ငြိမ်သွားသည်။သို့သော်လည်း ချန်လွေ့သည် ဆရာသခင် အဆင့် ရောက်နေသည်မှာ ကြာပြီဖြစ်သည်ကို မာရီယာနီ မသိခဲ့ပေ။ထို့ကြောင့် ချန်လွေ့သည် ထိုက်တန်ပေသည်။

“ တစ်ယောက်တည်း သောက်ရတာ မပျင်းဘူးလား။အတူတူ သောက်ချင်လား။ ”

မာရီယာနီသည် မိမိ၏ သစ္စာခံမှုကို ရချင်သည့်အတွက် ဖြစ်မည်ကို ခန့်မှန်းမိခဲ့သည့် အတွက် ချန်လွေ့ ခေါင်းညိတ်လိုက်သည်။

မာရီယာနီက စိတ်ထဲ၌ ပျော်ရွှင်သွားသည်။သူ ထိုင်ချပြီး တစ်ခွက်ထုတ်ကာ လောင်းထည့်လိုက်သည်။

“ အရင်နေ့တုန်းက ကျွန်မ မသိခဲ့လို့ စကားတွေ ရိုင်းပျခဲ့မိတယ်။ရှင့်ကို စော်ကားသလို ဖြစ်သွားရင် ခွင့်လွှတ်ပေးပါ။ဆရာသခင်။ဒီတစ်ခွက်ကို တောင်းပန်တဲ့အနေနဲ့ မှတ်ယူပေးပါ။ ”

မာရီယာနီက ဝိုင်တစ်ခွက်သောက်ပြီး ချန်လွေ့ အနားကပ်ထိုင်လိုက်သည်။ သူ၏ခန္ဓာကိုယ်မှ ကိုယ်သင်းနံ့သည် ချန်လွေ့၏နှာခေါင်းထဲသို့ ဝင်ရောက်လာသည်။

“ မဒမ်-မာရီာယာနီ။လိုရင်းကိုပဲ ပြောရအောင်။ ”

ချန်လွေ့က ဖြည်းဖြည်းချင်း ဝိုင်တစ်ငုံသောက်လိုက်သည်။

“ ကျုပ်က ရှည်ရှည်ဝေးဝေးတွေ ပြောနေတာ မကြိုက်ဘူး။ ”

မာရီယာနီက ပြောသည်။

“ ဆရာသခင်ရဲ့စွမ်းရည်က အကြိုဗိုလ်လုပွဲမှာ သိသိသာသာချည်းပါပဲ။ရောဘတ်က ချန်ပီယံဟောင်း ဖြစ်ပေမဲ့လည်း ကျွန်မ အထင်တော့ သူက ဆရာသခင်နဲ့ယှဉ်ရင် နိမ့်ကျတယ်။သူ့ကို...မနက်ဖြန်ကျရင် ဖိုင်နယ်မှာ နိုင်ခွင့်ပေးမယ်လို့ မျှော်လင့်ပါတယ်။

“ အိုး ”

ချန်လွေ့ စိတ်မလှုပ်ရှားသည်ကို သတိထားမိသည့်အတွက် မာရီယာနီ အမြန်ပြောလိုက်သည်။

“ ဆရာသခင်လည်း သိမှာပါ။ဒီတစ်ခေါက် ပြိုင်ပွဲက ကတ်စတာမိသားစု ဆက်ခံသူနဲ့ သက်ဆိုင်နေတယ်။ဒီတစ်ခေါက် ဆရာသခင်က ကျွန်မတို့ကို အနိုင်ပေးမယ်ဆိုရင် ကျေးဇူးတင်တဲ့အနေနဲ့ ဆုလာဒ် ကြီးကြီးမားမား ပေးမှာပါ။ဒီရော်က ဆရာသခင်ကို ပေးတာတွေ ကျွန်မက နှစ်ဆပေးနိုင်တယ်။‌ဆရာသခင်ကိုတောင်....ကျွန်မကိုယ်ကျွန်မ ပေးအပ်နိုင်တယ်။ ”

ချန်လွေ့၏မျက်လုံးများသည် တအိအိဖြစ်နေသော မာရီယာနီ၏ ရင်သားများထံသို့ ရောက်ရှိသွားပြီး အစအဆုံး ကြည့်လိုက်သည်။၎င်းကို မကြည့်ရလျှင် နှမြောစရာပင် ဖြစ်သည်။မာရီယာနီက မိမိကိုယ်မိမိ ယန္တရားပညာရှင်တစ်ယောက်၏ တန်ဖိုးဖြတ်ခံနေရသော ပစ္စည်းတစ်ခုဟု ခံစားနေရသည်။သူသည် ဒုတိယဗိုလ်ချုပ် ဝါရန်၏ ညီမဖြစ်သည်။ယခင်က ဝါရန်သည် အမှားကြီးတစ်ခု လုပ်ခဲ့မိပြီး သေမလို ဖြစ်သွားခဲ့သည်။သူ၏အာဏာ တည်မြဲစေရန်အတွက် မာရီယာနီသည် ကတ်စတာမိသားစုနှင့် မလက်ထပ်ချင်ဘဲ လက်ထပ်လိုက်ရသည်။ လက်ထပ်လိုက်ပြီးနောက် သူသည် ယောက်ျားအပေါ် စိုးမိုးခြယ်လှယ်ခဲ့သည်။ယခုတွင် သူသည် မရိုးမဖြောင့် အကြည့်ခံနေရသည့်အတွက် မသက်မသာ ခံစားနေရသော်လည်း သူ၏မျက်နှာ အပြုံးနေလေသည်။

ချန်လွေ့ လွတ်လွတ်လပ်လပ် ကြည့်ပြီးသွားပြီးနောက်တွင် ဖြည်းဖြည်းချင်း ပြောသည်။

“ ဒီအကြောင်းကို ဖားလာမိုတောင် မသိသေးမှာ စိုးမိတယ်။သူ ဘက်ပြောင်းသွားမှာ မကြောက်ဘူးလား။ ”

“ သူက လုပ်ရဲမှာလား။ ”

မာရီယာနီ၏မျက်လုံးများ စူးရှသွားပြီး ပုံမှန်အမူအရာ ဖြစ်သွားသည်။ထို့ကြောင့် သူက နှစ်လိုဖွယ်ကောင်းအောင် ပြုံးလိုက်သည်။

“ အဲဒီလူက ငကြောက်ပဲ။သူက ဆရာသခင်လိုမျိုး တကယ့်ယောက်ျားနဲ့ ဘယ်လိုလုပ် ယှဉ်နိုင်မှာလဲ။ဆရာသခင် ကတိပေးမယ်ဆိုရင် ဒီညအပါအဝင် အနာဂတ်မှာလည်း ဆရာသခင်ရဲ့ လျို့ဝှက်ချစ်သူတစ်ယောက်‌အနေနဲ့နေဖို့ ကတိပေးတယ်။ကျွန်မရဲ့အစ်ကို ဝါရန်က အင်ပါယာရဲ့ ဒုတိယဗိုလ်ချုပ် ဖြစ်ပြီးတော့ အက်စ်မိုဒက်စ် မိသားစုဝင်လည်း ဖြစ်တယ်။ဆရာသခင်ကို အဆင့်အတန်းမြင့် နန်းတော် ယန္တရားဆရာသခင် တစ်ယောက်ဖြစ်အောင် ကျွန်မ အကြံပြုပေးနိုင်တယ်။ ”

စကားပြောနေရင်း မာရီယာနီ၏ မျက်လုံးများ အရောင်တောက်နေပြီး သူ၏ဝင်သက်ထွက်သက်မှာလည်း ပူနွေးလာသည်။

“ ကျွန်မ ရှင့်ကို လျို့ဝှက်ချက်တစ်ခု ပြောပြမယ်။ဖားလာမိုက အိပ်ယာထဲမှာဆို အသုံးမကျတဲ့ အမှိုက်တစ်စပဲ။ကျွန်မက တကယ့်ယောက်ျားတွေရဲ့ အစွမ်းအစကို ခံစားကြည့်ချင်တာ.... ”

ချန်လွေ့သည် ဖားလာမိုအတွက် အနည်းငယ် သနားမိသွားသည်။ သူက သူ့မိန်းမရဲ့ ထိန်းချုပ်မှုကို လည်း ရှိရတယ်။မိန်းမရဲ့ မျောက်မထားတာလည်း ခံရတယ်။

“ တကယ်တော့ ကျုပ် ကတိပေးရင်တောင် ရောဘတ် အနိင်ရမယ် မထင်ဘူ။ဟောဖို့ဒ်က ကျုပ်ထက် အစွမ်းထက်တယ်။မဒမ်။ခင်ဗျားမှာ ခန္ဓာကိုယ်တစ်ခုပဲ ရှိတယ်။ခင်ဗျားက အဲဒါကို လူနှစ်ယောက်ဆီမှာ ရောင်းဖို့ စီစဉ်ထားတာလား။ဒါမှမဟုတ် ခင်ဗျား ဒီမှာ မြူဆွယ်တာ မအောင်မြင်ရင် တခြားဖက်ကို သွားစမ်းကြည့်ဖို့လား။ ”

မာရီယာနီ၏ မျက်လုံးများ ရုတ်တရက် အေးစက်သွားသည်။

“ ဆရာသခင်က ဘာကိုပြောချင်တာလဲ။ ”

“ ခင်ဗျား နားမလည်သေးဘူးလား။ ”

ချန်လွေ့က ဝိုင်တစ်ခွက် ဖြည်းဖြည်းချင်း သောက်လိုက်သည်။

“ မဒမ်။ခင်ဗျား မြူဆွယ်တာ ကျဆုံးသွားပြီ။ကျုပ်က ခင်ဗျားလို မိန်းမမျိုးကို စိတ်မဝင်စားဘူး။ဟောဖို့ဒ်ကို မချဉ်းကပ်ခင် သူကြိုက်တာကို အရင်သိအောင်လုပ်ထားဖို့ အကြံပေးတယ်။ဥပမာပြောရရင်တော့ ကျုပ်က မိန်းမတွေကိုကြိုက်တာ ခင်ဗျား မှန်တယ်။ဒါပေမဲ့ ကျုပ်က ဂျီးများတယ်။ကျုပ်ကြိုက်တဲ့သူဆိုရင် ဘယ်လိုပဲဖြစ်ဖြစ် ရအောင်လုပ်တယ်။ကျုပ် သဘောမကျဘူးဆိုရင် ကျုပ်အရှေ့မှာ ကိုယ်တုံးလုံးနဲ့ မြူဆွယ်ရင်တောင် ကျုပ်အတွက် အရိုးခြောက်နဲ့ ဘာမှမထူးဘူး။ ”

မာရီယာနီသည် ရင်ဘတ်ထဲ၌ ကြီးကြီးမားမား အရှက်ရသွားပြီး ရုတ်တရက် မတ်တပ်ရပ်လိုက်သည်။သူ၏ ဆွဲမက်ဖွယ်ကောင်းသော အကြည့်တွင် မီးတောက်များ တောက်လောင်နေ၏။

“ ရှင် ဒီနေ့ ရွေးချယ်ခဲ့တာကို နောင်တရလိမ့်မယ်။ ”

မာရီယာနီက အံကြိတ်ရင်းပြောတာ ဒေါသတကြီး ထွက်သွားလိုက်သည်။

ချန်လွေ့ စိတ်ထဲ မထားခဲ့ပေ။မာရီယာနီ၏ မြူဆွယ်မှုနဲ့ အပျော့ဆွဲဆွဲခြင်းသည် ပြိုင်ပွဲအတွက်သာဖြစ်ကြောင်း သူသိသည်။ပြိုင်ပွဲပြီးသွားသည်နှင့် သူသည် လျစ်လျူရှုခံရသော ယန္တရားပညာရှင်တစ်ယောက် ဖြစ်သွားမည်ဖြစ်ပြီး အသတ်ခံရနိုင်ပေသည်။ထို့ပြင် ထိုကတိများ မှန်ကန်သည့်တိုင် ချန်လွေ့ သဘောမတူနိုင်ပေ။

ချန်လွေ့က နောက်ထပ် ဝိုင်တစ်ငုံသောက်ပြီး အသာလေး ပြောလိုက်သည်။

“ ထွက်လာဖို့ အချိန်ရောက်ပြီ။မင်း အဲဒီမှာ စောင့်ကြည့်နေတာ တော်တော်ကြာပြီ။ ”

စူးစူးရှရှ ရယ်သံတစ်သံ ထွက်လာသည်။

“ ဆရာသခင်ကတော့ ဆရာသခင်ပါပဲ။ကျွန်မရဲ့ ယောက်မက စိုးမိုးခြယ်လှယ်တာ နေသားကျနေပြီ။ဒီနေ့လို ရုတ်တရက် အရှက်ကွဲခံရတော့ သူက ဒေါသထွက်ပြီး သွေးအန်နေမှာ စိုးမိတယ်။အစ်ကိုလေးတော့ သနားစရာပဲ။သူထပ်ပြီး သဲအိတ် ဖြစ်ဦးမှာပဲ။ ”

စကားပြောလာသော မိန်းကလေးမှာ ဒီရော်၏ ညီမလေး ဆယ်လင်းဖြစ်သည်။ ဆယ်လင်းသည် သာမန်ဂါဝန်တို တစ်ထည် ဝတ်ထားကာ မျက်လုံးဝိုင်းဝိုင်းနှင့် လှပသော ချစ်စရာကောင်းသော မျက်နှာရှိသည်။သူ၏အလှတရားသည် မာရီယာနီထက် နိမ့်ကျသော်လည်း မိန်းကလေးတစ်ယောက်၏ ငယ်ရွယ်မှုအပြည့်ရှိသည်။အထူးသဖြင့် သူ၏ရင်ဘတ်ပေါ်ရှိ ဝိုင်းစက်နေသည့်.....သေစေနိုင်သော လက်နက်ပင် ဖြစ်သည်။

အကယ်၍ လိုလီလေးတစ်ယောက်သာ ဤနေရာ၌ ရှိနေမည်ဆိုလျှင် သေချာပေါက် မနာလို ဖြစ်ပေလိမ့်မည်။

“ မစ်-ဆယ်လင်း ”

ချန်လွေ့ ရယ်လိုက်သည်။

“ ခီရာ ဘယ်မှာလဲ။ ”

“ သူက ကျွန်မရဲ့ အဝတ်လဲခန်းမှာ အဆင်တန်ဆာတွေ၊ အဝတ်အစားတွေ စမ်းဝတ်ကြည့်နေတယ်။သူ့ကို တစ်စုံနှစ်စုံပေးမယ်လို့ ကျွန်မ ကတိပေးခဲ့တယ်။ဒါက ရှင့်ကို ကျေနပ်စေမယ်လို့ မျှော်လင့်ပါတယ်။ဆရာသခင်။ ”

ဆယ်လင်းက ချစ်စရာကောင်းလောက်အောင် ပြုံးပြလိုက်သည်။

“ ဒါဆို မစ်-ဆယ်လင်းက ခီရာကို အဝတ်လဲခန်းမှာ ချန်ထားပြီးတော့ ဒီကို ကိုယ်တိုင်လာရတယ်ဆိုတော့ ကျုပ် ဘာများ ကူညီပေးနိုင်မလဲ။ ”

ဆယ်လင်း ပြုံးဖြီးဖြီးလုပ်လိုက်သည်။

“ ရှင်က စကားပလ္လင်ခံတာကို မကြိုက်တာ သိပါတယ်။အဲဒါကြောင့် ကျွန်မ တည့်တည့်ပဲ ပြောတော့မယ်။တကယ်တော့ ကျွန်မရဲ့ ရည်ရွယ်ချက်ကလည်း မာရီယာနီနဲ့ တူတူပဲ။ရှင် ပထမနေရာကို လက်လွှတ်ပေးဖို့ မျှော်လင့်ပါတယ်။တကယ်ဆို ရှင့်ရဲ့ အရည်အချင်းနဲ့ ဆိုရင် ဒီလိုပြိုင်ပွဲအဆင့်မှာ သက်သေပြဖို့ မလိုပါဘူး။ဒါပေမဲ့ ဒီအောင်နိုင်မှုက ကျွန်မအတွက် တော်တော်လေး အရေးကြီးတယ်။အဲဒါကြောင့် ကျွန်မက ဆရာသခင်ကို အရှက်မရှိအကူအညီ လာတောင်းတာပါ။ ”

“ ဒီတောင်းဆိုချက်က ကျုပ်ကို တကယ်အံ့ဩသွားစေတာပဲ။ ”

ချန်လွေ့ အံ့အားသင့်သွားသည်။

“ ပြိုင်ဘက်က သူ့ရဲ့ ညီလေး ဖားလာမို တစ်ယောက်ပဲ ရှိတယ်လို့ ဒီရော် ပြောတာကြားတယ်။ သူ့ရဲ့ညီမလေး ဆယ်လင်းက ဒါကို သိပ်ပြီးစိတ်အားမထက်သန်ဘူး ပြောတယ်။မိန်းကလေးက ဆက်ခံသူနေရာအတွက် ဒီလောက်ထိ စဉ်းစားမယ်လို့ မထင်ထားခဲ့ဘူး။ ”

“ ကျွန်မလည်း ရည်မှန်းချက် မကြီးလို့ မရဘူးလေ။ကျွန်မရဲ့ အစ်ကိုအကြီးဆုံးက စွမ်းဆောင်ရည် ညံ့ဖျင်းလွန်းတယ်။သူရဲ့လက်ထဲမှာဆို မိသားစုက အနှေးနဲ့အမြန် ပျက်စီးသွားမှာပဲ။အစ်ကိုလေးကလည်း အတူတူလောက်ပဲ။သူ့မှာ စွမ်းဆောင်ရည်ရှိတဲ့ ဇနီးတစ်ယောက် ရှိပေမဲ့လည်း သူက အက်စ်မိုဒက်စ် တော်ဝင်မိသားစုက ဖြစ်နေတယ်။ အဲဒါကြောင့် သူက မိသားစုကို ဆက်ခံလိုက်ရင် ကတ်စတာ မိသားစုနာမည်ကို အက်စ်မိုဒက်စ်နဲ့ အစားထိုးသွားမှာ အနှေးနဲ့အမြန်ပဲ။ကျွန်မတစ်ယောက်ပဲ ကတ်စတာမိသားစုကို ရှေ့ဆက်အောင် လုပ်နိုင်မှာ။ ”

ဆယ်လင်း ပြုံးရင်း ပြောလိုက်သည်။

“ ကျွန်မ စဉ်းစားပြီးပြီ။ရှင်က တကယ်အညံ့ခံမယ်ဆိုရင်တော့ အကျိုးအမြတ်တွေ မနည်းစေရဘူး။ခုနက ကျွန်မရဲ့ယောက်မ မာရီယာနီက ကပ်စေးနဲလွန်းတယ်။ဆုလာဒ်ရဲ့ နှစ်ဆ‌ပဲ ပေးတယ်။ကျွန်မ ဆယ်ဆပေးနိုင်တယ်။ပြီးတော့ တစ်ဝက်ကို အခုချက်ချင်း ပေးမယ်။ ”

ချန်လွေ့၏မျက်လုံးများ အနည်းငယ် အရောင်လက်သွားသည်။ ဒီရော် ငါ့ကိုပေးမယ့် ဆုလာဒ်ကို မြိုးမြိုးမြက်မြက် ဆိုတာ သေချာတယ်။ဒါပေမဲ့ ဆယ်လင်းက ချက်ချင်းပဲ ဆယ်ဆပေးမယ် ပြောတယ်။ပြီးတော့လည်း အခုပဲ တစ်ဝက်ကို ပေးမယ် ပြောတယ်။ ဒီလိုသတ္တိမျိုးက သာမန်လူတွေမှာ မရှိနိုင်ဘူး။ကြည့်ရတာ ဒီကောင်မလေးက မရိုးရှင်းဘူးပဲ။ဒီရော်နဲ့ ဖားလာမို့တို့က အန္တရာယ်မရှိဘူးလို့ ထင်ရတဲ့ သူတို့ရဲ့ညီမလေးကို လျှော့တွက်ခဲ့တာပဲ။

ဒါကြောင့် ဆယ်လင်းထောက်ခံတဲ့ မထင်မရှား ယန္တရားပညာရှင် ဟောဖို့ဒ် အံ့ဩစရာ ရလာဒ်တွေနဲ့ ဗိုလ်လုကို ရောက်လာပြီးတော့ ဖျက်မြင်း နှစ်ကောင်ထဲက‌ တစ်ကောင် ဖြစ်လာတာကိုး။ဒါက ကံကောင်းလို့ မဟုတ်နိုင်ဘူး။

ချန်လွေ့ စိတ်ဝင်စားဟန် ပြသသော်လည်း ခေါင်းခါလိုက်သည်။

“ မစ်-ဆယ်လင်းရဲ့ စေတနာကို ကျုပ် ကျေးဇူးတင်ပါတယ်။ဒါပေမဲ့ ကျုပ်က မစ္စတာ ဒီရော်နဲ့ စာချုပ်ချုပ်ထားတယ်။ကျုပ် ကတိမဖျက်ချင်ဘူး။ ”

“ တကယ်တော့ ကျွန်မက ရှင့်ကို စမ်းသပ်နေတာပါ။ဆရာသခင်က ကျွန်မကို တကယ် စိတ်မပျက်စေခဲ့ဘူးပဲ။နတ်ဆိုးဘုံမှာ ကတိတည်တဲ့သူ မရှိသလောက်ပဲ။ ”

ဆယ်လင်း မကျေမနပ် မဖြစ်သွားဘဲ သူ၏အပြုံး၌ အရွယ်နှင့်မလိုက်သော ရင့်ကျက်မှုနှင့် တည်ငြိမ်မှု အနည်းငယ် ရှိနေသည်။

“ ဒီလိုယောက်ျားမျိုးက ဆယ်လင်းကတ်စတာ ဆိုတဲ့ ကျွန်မနဲ့ ထိုက်တန်တယ်။

ချန်လွေ့ အမှန်တကယ် အံ့အားသင့်သွားသည်။ဆယ်လင်း၏မျက်လုံးများ ထူးထူးဆန်းဆန်း အရောင်တောက်သွား၏။

“ ရှင် ကျွန်မကို မိသားစုခေါင်းဆောင်နေရာ ရအောင် ကူညီပေးနိုင်မယ်ဆိုရင် ကျွန်မရဲ့ယောက်ျား တကယ် ဖြစ်နိုင်မယ်။ကတ်စတာမိသားစုတစ်ခုလုံးက ရှင့်အပိုင် ဖြစ်လာလိမ့်မယ်။မိသားစုရဲ့ အရင်းအမြစ်တွေကို သုံးပြီးတော့ ရှင့်ရဲ့စွမ်းရည်တွေကို တိုးမြှင့်လို့ရမယ်။ပြီးတော့လည်း လျှောက်သွားပြီးတော့ ကံစမ်းစရာ မလိုတော့ဘူး။ကျွန်မ ထင်တာမှန်မယ်ဆိုရင် ရှင့်ရဲ့အဆင့်က တကယ့်ဆရာသခင်အဆင့် ရောက်နေပြီ။ ကတ်စတာမိသားစု ကိုယ်တိုင်ကလည်း ယန္တရားပညာရှင် တစ်ယောက်ကနေ စတင်လာတာ။အဲတော့ ကွက်တိပဲပေါ့။ဒီလိုစွမ်းရည်နဲ့ ဒီလိုအလားအလာနဲ့ဆိုရင် ကျွန်မက မိသားစုခေါင်းဆောင် ဖြစ်ရင်တောင် ရှင့်ရဲ့မိန်းမဖြစ်တာက မမှားဘူး။ရှင်က ကိုယ့်နည်းကိုယ့်လမ်းနဲ့ ကိစ္စတွေ လုပ်ရတာကို ကြိုက်တာ ကျွန်မသိတယ်။အဲဒါကြောင့် ကျွန်မရှင့်ကို မကန့်သတ်ဘူး။ရှင် မိန်းမတွေ အများကြီး ယူလို့ရတယ်။ဒါပေမဲ့ ရှင်က ကတ်စတာမိသားစုဝင်တစ်ယောက် ဖြစ်လာရမယ်။ပြီးတော့လည်း ကျွန်မတို့ရဲ့ ကလေးတွေကလည်း မဟာနတ်ဆိုး ကတ်စတာမိသားစုဖြစ်လာပြီးတော့ ကတ်စတာမိသားစုကို ထိန်းချုပ်ရမယ်။ကျွန်မရဲ့ အဖေ ခရော့ကလည်း ဒါကိုမြင်ရင် ဝမ်းသာမယ်လို့ ထင်တယ်။သူ တကယ်လို့ ဝမ်းမသာရင်တောင်၊ ဒါမှမဟုတ် မိသားစုကို ကျွန်မလို ကောင်မလေးတစ်ယောက် မထိန်းချုပ်စေချင်ရင်တောင် အခြေအနေတွေက သေချာသွားရင် အမှန်တရားကို သူရင်ဆိုင်ရမှာပဲလေ။ ”

ချန်လွေ့သည် ဝိုင်ခွက်ကို ချလိုက်ပြီး မျက်လုံးထဲ၌ အနည်းငယ် တည်ကြည်လေးနက်သွားသည်။သူသည် ဆယ်လင်းအား ယခုမှ ပထမဆုံးအကြိမ် စသိရသကဲ့သို့ ခံစားလိုက်ရသည်။ ဒီချစ်စရာကောင်းပြီး အပြစ်ကင်းသလို ထင်ရတဲ့ ကောင်မလေးက တော်တော်လေး ရည်မှန်းချက်ကြီးတာပဲ။

All Chapters