← Chapters

ဒဏ္ဍာရီလာအဆင့် ပစ္စည်းကိရိယာ။နတ်ဆိုးဘုံကို တုန်လှုပ်သွားစေသော သုံးသွယ်-အထူးပြု ဆရာသခင်

Vol. 18 Ch. 259

ဒဏ္ဍာရီလာအဆင့် ပစ္စည်းကိရိယာ။နတ်ဆိုးဘုံကို တုန်လှုပ်သွားစေသော သုံးသွယ်-အထူးပြု ဆရာသခင်

Vol. 18 Ch. 259

အရိပ်နက်အင်ပါယာ ပြိုင်ကွင်း၌ ဖြစ်သည်။

ပရိသတ်ထိုင်ခုံပေါ်တွင်ရှိသော ဆယ်လင်း၏အပြုံး ရုတ်တရက် အေးခဲသွားပြီး ပရိသတ်များ၏ တီးတိုးပြောသံများနှင့် အံ့အားသင့်မှုများ လျော့ကျသွားကာ အလုပ်စားပွဲ၌ အလုပ်များနေကြသော ပုံရိပ်နှစ်ခုကိုသာ စိုက်ကြည့်နေကြတော့သည်။

သာမန် ယန္တရားပညာရှင်ပြိုင်ပွဲ၌ ယန္တရားဆရာသခင်နှစ်ယောက် ပေါ်ထွက်လာခဲ့လေပြီ။

ထို့ပြင် ထိုနှစ်ယောက်မှာ နှစ်သွယ်-အထူးပြု ဆရာသခင်များ ဖြစ်ကြသည်။

သွေးရောင်အင်ပါယာ၏ ယန္တရားအစည်းအရုံး ဥက္ကဋ္ဌဖြစ်သော နတ်ဆိုးဘုံရှိ အတော်ဆုံး ယန္တရားဆရာသခင် နိတ်မှလွဲ၍ နတ်ဆိုးဘုံ၌ အခြား နှစ်သွယ်-အထူးပြု ဆရာသခင်များကို မကြားရသည်မှာ နှစ်ထောင်ပေါင်းများစွာ ကြာမြင့်ခဲ့ပြီ ဖြစ်သည်။သို့သော်လည်း ယခုတွင် သူတို့နှစ်ယောက် ပေါ်ထွက်လာခဲ့လေသည်။

အရေးကြီးပုဂ္ဂိုလ် ထိုင်ခုံများမှ ဆရာသခင်အားလုံး ကြက်သေသေသွားကြသည်။ယခင် ဆရာသခင်ပြိုင်ပွဲ၌‌ပင် နှစ်သွယ်-အထူးပြု ဆရာသခင်များမှာ အလွန်အမင်း ရှားပါးလှသည်။

ဟောဖို့ဒ်ကဲ့သို့ပင် ချန်လွေ့သည်လည်း ထိုအချိန်၌ သားရေထုတ်လုပ်ရေးကိုသာ အာရုံစိုက်နေခဲ့သည်။ဖန်တီးပြုလုပ်ရန်အတွက် အမြင့်ဆုံး အခြေအနေမှာ နောက်ထပ်အသက်တစ်ခုကို ဖန်တီးရန်အတွက် အလုပ်အပေါ်၌ အသက်နှင့် ကိုယ်ပိုင်ခံစားချက်ကို ပေါင်းထည့်ရမည်ဟု ဆရာသခင်တာတာနှင့် ဆရာသခင်စကိုင်းတို့ ပြောခဲ့ဖူးသည်။သူ၏လက်ရှိအခြေအနေသည် ထိုအဆင့်ထိ မရောက်သေးပေ။ထို့ကြောင့် ချန်လွေ့သည် ခံစားချက်များကိုသာ ပေါင်းစပ်ရတော့သည်။

သူ ပုံသွင်းထုလုပ်ခဲ့သော ပထမဆုံး မဟာဓားမှာ အသီနာအပေါ် ချစ်ခင်မြတ်နိုးစိတ်အတွက်ဆိုလျှင် ယခုဝတ်ရုံသည် အခြားတစ်ယောက်အား လွမ်းဆွတ်တမ်းတခြင်းအတွက် ဖြစ်ပေသည်။

အရိပ်နက်ဝတ်ရုံကိုပိုင်တဲ့ အမျိုးသမီးက အခု အရိပ်နက်အင်ပါယာမှာ ရှိနေတယ်။ငါသူ့ကို ထပ်ပြီး တွေ့နိုင်ဦးမှာလား။

သူ အထီးကျန်နေတဲ့အခါ အဲဒီတေးသံကို တီးမှုတ်ပြီးတော့ လရောင်အောက်မှာ တစ်ယောက်တည်း ကခုန်နေဦးမှာလား။

ချန်လွေ့က မျက်လုံးကို အသာအယာ ပိတ်လိုက်သည်။သို့သော်လည်း သူ၏လက်ထဲရှိ ချုပ်အပ်များသည် မျက်လုံးပါသကဲ့သို့ပင် ရှုပ်ထွေးသော ရင်းနှီးပတ်သက်မှုတစ်ခုကို ထိုးချုပ်နေတော့သည်။

တမ်းတမှုများသည် တဖြည်းဖြည်းချင်း သူ၏ နှလုံးသားအောက်ခြေသို့ ပြန်ရောက်ရှိသွားပြီးနောက် ဝတ်ရုံလည်း ပြီးစီးလုနီးပါး ဖြစ်သွားခဲ့သည်။

တစ်ဖက်တွင်လည်း အနိုင်ရရန် ပြင်းထန်သော ယုံကြည်ချက်ရှိနေသော ဟောဖို့ဒ်သည် ရှိသမျှ ထုတ်သုံးပြီး ဟိုက်ဒြာသားရေကို အဓိကသုံးထားသော သားရေချပ်ကာတစ်ခုကို ပြီးစီးသွားခဲ့သည်။

ဟောဖို့ဒ်က သားရေချပ်ကာအား ဒိုင်လူကြီး စားပွဲဆီ ပို့ပြီးနောက် လက်ဗလာနှင့် အလုပ်စားပွဲအရှေ့တွင် ရပ်နေသော ချန်လွေ့ကို တွေ့လိုက်သည်။ထို့ကြောင့် သူ သရော်ပြုံးပြုံးလိုက်မိသည်။

“ မင်းရဲ့လက်နက် ပြီးသွားပြီလား။ ”

“ ဟင်အင်း ”

ဟောဖို့ဒ် သရော်ပြုံးပြုံးလိုက်သည်။

“ ဟင်အင်း ဟုတ်လား။ငါက နှစ်သွယ်-အထူးပြု ဆိုတာကိုသိသွားတော့ မင်းရဲ့ယှဉ်ပြိုင်ချင်တဲ့ သတ္တိမရှိတော့လား။ ”

“ နှစ်သွယ်-အထူးပြုက ဘာမှမဟုတ်ဘူး။ငါ ခုနကလုပ်တဲ့ ချပ်ကာက... ”

ချန်လွေ့ အသာလေး ပြုံးလိုက်သည်။

“ မင်းမပြီးခင် တစ်မိနစ်အလိုလောက်မှာ ပြီးသွားတာ။အဲဒါကြောင့် ပို့ပြီးသွားပြီ။ ”

ဟောဖို့ဒ်က ၎င်းသည် သတ္တုအစောင့်နှင့် ခေါင်းဆောင်းများကဲ့သို့ ချပ်ကာဖြစ်လိမ့်မည်ဟု ထင်ခဲ့သည်။ချန်လွေ့၏ နှစ်သွယ်-အထူးပြုကို ဂုဏ်ဖျက်ခြင်းကို နားထောင်ပြီးနောက် မနာလိုဖြစ်နေသည်ဟု ဟောဖို့ဒ် သေချာထင်လိုက်သည်။ဟောဖို့ဒ်က ထေ့ငေါ့ ပြောဆိုတော့မည် ပြင်လိုက်စဉ် ဒိုင်လူကြီးများက ရလာဒ်ကို ကြေညာလိုက်သည်။

ဟောဖို့ဒ်ရဲ့လက်ရာ။“ ဟိုက်ဒြာ အမျက် ” ။ မှော်သားရေချပ်ကာ။ဂုဏ်သတ္တိတွေကတော့ ကြံ့ခိုင်မှု( ဟိုက်ဒြာသားရေရဲ့ ဝိသေသလက္ခဏာအရ ထပ်တိုးရရှိတဲ့ ရုပ်ပိုင်းဆိုင်ရာနဲ့ မှော်ဆိုင်ရာ ခုခံမှု )။ အလှမ်းဝေးတိုက်ခိုက်မှုရဲ့ ထိခိုက်မှုကို ၁၇% တိုးစေတယ်။ မှော်အသုံးပြုအမြန်နှုန်းကို ၁၈% တိုးစေတယ်။ထူးကဲအဆင့်။

ချန်လွေ့၏လက်ရာကို ဆွေးနွေးကြသည့်အချိန်မှာ ယခင်တစ်ယောက်ထက် ပို၍တိုတောင်းသည်။“ ကြယ်များကို တမ်းတခြင်း ” ။မှော်ဝတ်ရုံ။ဂုဏ်သတ္တိတွေကတော့ ရေခုခံမှု ( ဖန်းရှောင်ငါး သားရေရဲ့ ဝိသေသလက္ခဏာအရ ရုပ်ပိုင်းဆိုင်ရာတိုက်ခိုက်မှု ထိခိုက်မှုကို လျော့ချပေးတယ်။ရေ မှော်ထိခိုက်မှုကို ကြီးကြီးမားမား လျှော့ချပေးတယ် )။အမြန်နှုန်းကို ၃၀% တိုးစေတယ်။တိုက်ခိုက်နှုန်းကို ၃၅% တိုးစေတယ်။တစ်ဝက်-ဒဏ္ဍာရီလာအဆင့်။

ဟောဖို့ဒ် ချက်ချင်း မတုံ့ပြန်နိုင်ခဲ့ပေ။ မှော်ဝတ်ရုံတဲ့လား။သတ္တိုချိန်းကြိုး ဝတ်ရုံလား။

မဖြစ်နိုင်ဘူး။ရေခုခံမှုနဲ့ ကာကွယ်မှု ဂုဏ်သတ္တိတွေက သေချာပေါက် ဖန်းရှောင်ငါးကပဲ.....။ ဟောဖို့ဒ်သည် သားရေ-အထူးပြု ဆရာသခင်တစ်ယောက် ဖြစ်သည်။ထို့ကြောင့် ထိုဝတ်ရုံ၏ ကုန်ကြမ်းပစ္စည်းကို ချက်ချင်း သဘောပေါက် လိုက်သည်။သူ၏ မျက်နှာကို မယုံကြည်နိုင်သော ထိတ်လန့်မှုများ ဖုံးလွှမ်းသွားခဲ့သည်။

“ မင်းက ဘယ်လိုလုပ်ပြီးတော့ တစ်ဝက်-ဒဏ္ဍာရီလာအဆင့် သားရေဝတ်ရုံကို လုပ်နိုင်ရတာလဲ။ ”

ဟောဖို့ဒ် ရေရွတ်လိုက်သည်။

အာသာလည်း နှစ်သွယ်-အထူးပြုပဲ။ပြီးတော့ သူက တစ်ဝက်-ဒဏ္ဍာရီလာအဆင့် ပစ္စည်းကိရိယာ နှစ်ခုကို တစ်ဆက်တည်း လုပ်နိုင်ခဲ့တယ်။ငါ ဘယ်လိုလုပ်ပြီး ပြိုင်ရတော့မှာလဲ။

ပရိသတ်ထိုင်ခုံရှိ ဆယ်လင်း၏မျက်နှာ ဖြူဖျော့သွသည်။ယခင်ကကဲ့သို့ အရာအားလုံးက မိမိ၏ ထိန်းချပ်မှုအောက်တွင် ရှိနေသော ခံစားချက်သည် ချက်ချင်းပင် ကြေမွပြီး အစိတ်စိတ်ဖြစ်သွားသည်။

ဒိုင်လူကြီး ထိုင်ခုံပေါ်ရှိ ဆရာသခင်များကလည်း အထူးပြုနှစ်မျိုး ကျွမ်းကျင်သော ထိုအံ့ဖွယ် လူငယ်လေးကို အံ့အားသင့်သွားကြသည်။ သူက တစ်ဝက်-ဒဏ္ဍာရီလာအဆင့် ပစ္စည်းကိရိယာကို တစ်ဆက်တည်း ပြုလုပ်နိုင်ခဲ့တယ်။သူ့ကို အထူးပြုနှစ်မျိုးရှိတဲ့ အကြီးတန်းဆရာသခင် တစ်ယောက်လို့တောင် သတ်မှတ်လို့ရတယ်။

သို့သော်လည်း ရှိနေကြသော ဆရာသခင်များမှ ထိပ်တန်းအဆင့်များ ဖြစ်ကြသည်။ ထို့ကြောင့် တစ်ဝက်-ဒဏ္ဍာရီလာအဆင့် ပစ္စည်းကိရိယာကို ဖန်တီးနေစဉ်အတွင်း ချန်လွေ့သည် အထူးအခြေအနေသို့ ရောက်ရှိသွားကြောင်း သူတို့ သတိထားမိကြသည်။အမှန်တကယ်၌ ချန်လွေ့သည် ထိပ်တန်းဆရာသခင် တစ်ယောက်ဖြစ်ရန်အတွက် စွမ်းရည်နှင့်နားလည်သဘောပေါက်မှု လိုအပ်နေသေးသည်။သို့သော်လည်း ဤလူငယ်၌ ကြီးမားသော အလားအလာ ရှိနေခြင်းကိုမူ သံသယဖြစ်စရာမရှိပေ။ဤအတိုင်းသာ ဆက်ပြီး တိုးတက်သွားမည်ဆိုလျှင် သူသည် နတ်ဆိုးဘုံရှိ အတော်ဆုံးယန္တရားဆရာသခင်ဖြစ်သော နိတ်ကို ကျော်တက်သွားမည်မှာ အနှေးနှင့်အမြန်ပင် ဖြစ်လေသည်။

“ ဒီဝတ်ရုံရဲ့ ဉာဏ်ကွန့်မြူးမှုက အမျိုးသမီးတစ်ယောက်ရဲ့ ကြယ်လိုမျိုး မျက်လုံးတွေကနေ လာတာ.... ”

ချန်လွေ့က တည်တည်ငြိမ်ငြိမ် ပြောလိုက်သည်။အသက်ပြင်းပြင်းရှူနေသော ဟော‌ဖို့ဒ်ကို ကြည့်ရင်း ချန်လွေ့က စေတနာဖြင့် သတိပေးလိုက်သည်။

“ အချိန်မကျသေးပါဘူး။မင်းမှာ အခွင့်အရေးတစ်ခု ရှိပါသေးတယ်။ ”

ဟောဖို့ဒ်က ချန်လွေ့အား ပြင်းပြင်းထန်ထန် စိုက်ကြည့်လိုက်သည်။

“ မင်းက ငါ့ထက် ကံကောင်းပြီးတော့ ပိုကောင်းတဲ့ အခြေအနေကို ရရှိသွားလို့ပဲ။သိပ်ပြီး ဂုဏ်ယူမနေနဲ့။တစ်ဝက်-ဒဏ္ဍာရီလာအဆင့် ဆိုတာကလည်း ထူးကဲအဆင့်ထဲမှာပဲ။မင်းက ဒဏ္ဍာရီလာအဆင့် ပစ္စည်းကိရိယာကို ဖန်တီးနိုင်မယ်‌ဆိုရင် ငါ စိတ်ပါလက်ပါနဲ့ အရှုံးပေးလိုက်မယ်။ ”

“ ထိပ်တန်းဆရာသခင်အတွက်တောင် စစ်မှန်တဲ့ ဒဏ္ဍာရီလာအဆင့် ပစ္စည်းကိရိယာမျိုးကို လုပ်နိုင်ဖို့ ခက်ခဲတယ်။ပြီးတော့ ငါက အခြေအနေ ကောင်းသွားတယ်ဆိုတာ မှန်ပါတယ်။ငါက အဲဒီ ထိပ်တန်းအဆင့်ကို မရောက်သေးဘူး။ ”

ချန်လွေ့၏စကားများကြောင့် ဆရာသခင်အများအပြားက ချီးမွမ်းသည့်သဘောဖြင့် ခေါင်းညိတ်လိုက်ကြသည်။ သူက သူ့ရဲ့အပြစ်တွေကို သေသေချာချာ မြင်နိုင်တာပဲ။ ဒါတစ်ခုတည်းက အထုတ်ခံလိုက်ရတဲ့ မြို့တော်ရဲ့ပါရမီရှင် ဆာဗစ်ထက် အများကြီး ပိုသာတယ်။

သို့သော်လည်း ချန်လွေ့၏ နောက်ထပ်စကားက လူတိုင်းကို အံ့ဩသွားစေသည်။

“ ဒါဆိုရင် ငါမင်းကို လုံးဝကွဲပြားတဲ့ နောက်ထပ်နည်းလမ်းတစ်ခုနဲ့ အနိုင်ယူမယ်။ ”

ထို့သို့ပြောပြီးနောက် ချန်လွေ့သည် အလုပ်စားပွဲ‌ဆီ လမ်းလျှောက်သွားကာ ကိရိယာ အမြောက်အမြား ထုတ်လိုက်သည်။

ထိုကိရိယာများကိုကြည့်ရင်း အရေးကြီးပုဂ္ဂိုလ် ထိုင်ခံများမှ ဆရာသခင်များအားလုံး အံ့အားသင့်သွားကြသည်။နားလည်မှုရှိသော ပရိတ်သတ်များ အပါအဝင် ဆရာသခင်အားလုံးနီးပါး၏ မျက်နှာများ မယုံကြည်နိုင် ဖြစ်သွားကြသည်။

ပလ္လင်ပေါ်ရှိ မဟာကတ်သရင်းသည်ပင် အနည်းငယ် စိတ်လှုပ်ရှားသွားပြီး ပိုးဇာလွှားနောက်ကွယ်ရှိ မျက်လုံးများမှ ရောင်ခြည်များ ထွက်လာတော့သည်။

ဆရာသခင် ရှိုဆာကမူ ပို၍ပင် စိတ်လှုပ်ရှားသွားသည်။ အသေအချာပဲ။အဲဒါတွေက အသုံးအဆောင်အထူးပြုအတွက် ကိရိယာတွေ။ယန္တရားပညာရှင် ထောက်ခံချက် စာမေးပွဲတုန်းက ဒီကောင်လေးက တမင် အစွမ်းတွေလျှိုထားပြီးတော့ အမြင့်ဆင့် မှော်လက်စွပ်တစ်ကွင်း လုပ်ခဲ့တယ်။

ချန်လွေ့သည် ရှေးမှော်မျှော်စင်၏ တတိယထပ်နှင့် စတုတ္ထထပ်များမှ နက်နဲသော မှော်စက်ဝန်းများကို ရရှိခဲ့ပြီး အတော်များများကို ဖြေရှင်းနိုင်ခဲ့သည်။သန့်စင်ရုံအတွင်း နေ့ရက်များ၌ ချန်လွေ့သည် အချိန်ဥပဒေသကို ရက်တစ်ရာအထိ သုံးလေးကြိမ် အသုံးပြုကာ စမ်းသပ်လေ့လာခဲ့သည်။၎င်း၏သက်သေမှာ ယခင် တစ်ဝက်-ဒဏ္ဍာရီလာအဆင့် ပစ္စည်းကိရိယာ နှစ်ခုပင် ဖြစ်သည်။

ချိပ်ပိတ်ကြောင့် ပဉ္စမထပ်ကို မဝင်ရောက်နိုင်ခဲ့ပေ။တံခါးရှိ အမြဲပြောင်းလဲနေသော ချိပ်ပိတ်တွင် အဆုံးမရှိသော လျို့ဝှက်ဆန်းကြယ်မှုများ ပါဝင်နေပုံရသည်။၎င်းကို [ အထူးစိစစ်မှု ] ကပင် အဖြေမရှာနိုင်ခဲ့ပေ။အလွန်ကြီးမားသော ခံစားချက်တစ်မျိုးကိုသာ ခွဲခြမ်းစိတ်ဖြာနိုင်ခဲ့သည်။ထိုခံစားချက်သည် အမှန်တရား၏ ရေခဲတုံး ထိပ်ပိုင်း ကလေးသာဖြစ်ပြီး အမှန်တရားတစ်ခုလုံးကို လုံးဝမမြင်နိုင်သေးပေ။

အခြေအနေတစ်ခု ရောက်ရှိသွားသော ချန်လွေ့သည် ပတ်ဝန်းကျင်မှ မည်သည့် ဆူညံမှုကိုမျှ မကြားရတော့ပေ။သူသည် အနိုင်အရှုံးကိစ္စကိုပင် မေ့လျော့သွားခဲ့သည်။ သူ၏စိတ်သည် ဖန်တီးပြုလုပ်ခြင်း၌ လုံးဝနစ်မြှုပ်ထားနေခဲ့သည်။

… ရေခဲလိုအေးစက်တဲ့ တော်ဝင်အစ်မ။အမြဲတမ်းပြုံးနေတဲ့ ညီမလေး။အပြုံးထဲမှာ နာကျင်မှုကို ဖုံးကွယ်ထားတဲ့ ကဝေမ....

ဘယ်ဘဝမှ မပြည်စုံဘူး။ရွေးချယ်စရာတွေ၊မျှော်လင့်ချက်တွေ၊စိတ်ပျက်အားငယ်မှုတွေ အများကြီး ရှိနေတယ်။ပျော်ရွှင်မှုနဲ့ နာကျင်မှု၊ ရွှင်ပျမှုနှင့် ပြဿနာ၊ ဒါတွေအားလုံးက ရောယှက်နေတယ်။

အချိန်က နောက်ဆုံးမှာ စိတ်ကို တည်ငြိမ်စေတယ်။နောက်ပြန်လှည့်ကြည့်လိုက်ရင် ရှည်လျားတဲ့ဘဝက လျှပ်တပြက် အတွင်းမှာလိုပဲ။

တဒင်္ဂပဲဖြစ်ပေမဲ့ ငါ့နှလုံးသားထဲမှာ ထာဝရ ရှိနေတယ်။စကြဝဠာထဲက ပျက်သုဉ်းသွားတဲ့ ကြယ်တွေလိုမျိုးပဲ။သူတို့အသက်တွေရဲ့ ခမ်းနားကြီးကျယ်တဲ့ မီးပွင့်မီးပွားတွေက အချိန်ကိုတောင် ရပ်တန့်နိုင်တယ်။

ထိုအချိန်၌ ချန်လွေ့၏စိတ်သည် ယခင်က မရှိခဲ့ဖူးသော အခြေအနေတစ်ခုထံ ရောက်ရှိသွားသည်။[ အထူးစိစစ်မှု ] ၏ ရေးတေးတေး ခံစားချက်မှာလည်း အနည်းငယ် ထင်ရှားလာပြီး ဉာဏ်အလင်းရခြင်းနှင့် ဆင်တူသော အံ့ဩဖွယ်ရာ စိတ်အခြေအနေ တစ်ခုကို ထုတ်လုပ်လိုက်သည်။၎င်းသည် ထွင်းစာများ၊မှော်စက်ဝန်းများနှင့် ဘာမျှမဆိုင်ပေ။ထိုခံစားချက်သည် အဖိုးတန်လှသည်။၎င်းသည် ချန်လွေ့၏ အတွင်းစိတ်ကို ပျော်ရွှင်မှု ပေးစွမ်းနိုင်လေသည်။

အလုပ်စားပွဲမှ ထူးထူးဆန်းဆန်း တွန်းကန်နေသော ရောင်ခြည်ကွင်းများ ထွက်ပေါ်လာပြီး ဆယ်မီတာ အချင်းဝက်ကျော်အထိ ပျံ့နှံ့သွားပြီးနောက် ရပ်တန့်သွားခဲ့သည်။၎င်းသည် အဆက်မပြတ် ပုံသဏ္ဍာန်နှင့် အရောင်များ ပြောင်းလဲနေသည်။ထိုမြင်ကွင်းကြောင့် အရေးကြီးပုဂ္ဂိုလ် ထိုင်ခံများမှ ဆရာသခင်များကို မတ်တပ်ရပ်ပြီး အလင်းရောင်ဗဟိုရှိ ချန်လွေ့ကို သေသေချာချာ စိုက်ကြည့်နေကြတော့သည်။သေချာနေသည်မှာ သူတို့သည် ချန်လွေ့ပြီးစီးတော့မည့် အသုံးအဆောင်ကြိုးကို စိုက်ကြည့်နေကြခြင်း ဖြစ်သည်။

ဟောဖို့ဒ်သည် ထိတ်လန့်မှုနှင့် ခါးသက်မှုဖြင့် အရောင်စုံနေသော အလုပ်စားပွဲကို ငေးကြောင်ကြည့်နေခဲ့သည်။ ဒီလက္ခဏာ...က ဒဏ္ဍာရီလာအဆင့် ပစ္စည်းကိရိယာပဲ။

ထိုပြိုင်ဘက်၏ အသုံးအဆောင် အထူးပြုသည်လည်း ဆရာသခင်အဆင့် ဆိုသည်မှာ သေချာနေပေသည်။

သုံးသွယ်-အထူးပြုက မလုံလောက်သေးဘူးလား။သူက ဒဏ္ဍာရီလာအဆင့် ပစ္စည်းကိရိယာကိုတောင် ဖန်တီးနေပြီလား။ပြိုင်ကွင်းတစ်ခုလုံး တိတ်ဆိတ်သွားပြီး လူတိုင်း အသက်အောင့်ထားလိုက်ကြကာ ဒဏ္ဍာရီလာအဆင့် ပစ္စည်းကိရိယာ မွေးဖွားလာခြင်းကို တွေ့မြင်ရရန်အတွက် အသင့်ပြင်ထားလိုက်ကြသည်။

အလင်းရောင် ပျောက်ကွယ်သွားပြီး ချန်လွေ့သည်လည်း အထူးအခြေအနေမှ နိုးထလာခဲ့သည်။ပရိသတ်အားလုံး၏ မျက်လုံးများသည် ကြိုးအနီနှင့် ထူးဆန်းသော အသုံးအဆောင်ကိုသာ အာရုံစိုက်နေကြသည်။

အရေးကြီးပုဂ္ဂိုလ် ထိုင်ခုံများမှ ဆရာသခင်များ တစ်ယောက်ပြီးတစ်ယောက် ချန်လွေ့နှင့် ဒဏ္ဍရီလာအဆင့် အသုံးအဆောင်ထံ ရောက်ရှိလာကြသည်။၎င်းမှာ ကျင့်ဝတ်ထုံးတမ်းနှင့် လေးစားမှု တစ်မျိုးပင် ဖြစ်သည်။၎င်းတစ်ခုတည်းကပင် ထောက်ခံချက်မလိုဘဲ ချန်လွေ့ကို လူသိများထင်ရှားသော ဆရာသခင်များအဆင့်ထဲ၌ တိုက်ရိုက်ထား၍ ရလေပြီ။

နာမည် - “ တစ်ဒင်္ဂအလှတရား ”

[ မှော်ကြိုးနီ လက်ကောက် ]

( နတ်ဆိုးဘုံရှိ ပထမဗားရှင်း )

[ ဂုဏ်သတ္တိများ ]

- မှော်တိုက်ခိုက်မှုအားလုံးကို ၄၂% တိုးစေနိုင်။

- မှော်အသုံးပြုအမြန်နှုန်းကို ၃၅% တိုးစေနိုင်။

- စိတ်ဝိညာဉ်ဖြည့်တင်းနှုန်းကို တိုးစေနိုင်။

- ထပ်တိုးမှော် - မှော်ဒိုင်းကာ ( မှော်စွမ်းအားအသုံးမပြုဘဲ အသက်ဝင်နိုင်သည်။ ၂၄နာရီအတွင်း တစ်ကြိမ်သာအသုံးပြု၍ရသည် )။

ဆရာသခင်များက ထိုအဆင်တန်ဆာသည် ထူးခြားကောင်းမွန်လှသည်ဟု ချီးမွမ်းကြသည်။၎င်းသည် မှော်ပညာရှင်တစ်ယောက်အတွက် ပြီးပြည့်စုံသော လက်နက်တစ်ခု ဖြစ်ပြီး အရေးကြီးသော အခိုက်အတန့်၌ မှော်ဒိုင်းကိုအသုံးပြုကာ အသက်ကို ကယ်တင်နိုင်လေသည်။

ချန်လွေ့လည်း အလွန်ဂုဏ်ယူမိသွားသည်။၎င်းသည် သူ၏ပထမဆုံး ဒဏ္ဍာရီလာအဆင့် ပစ္စည်းကိရိယာဖြစ်ပြီး အတော်လေး အားထုတ်ခဲ့ရသည်။သို့သော်လည်း ခုနက သူရှိနေခဲ့သော အခြေအနေမှာ တန်ဖိုးရှိလှသည်။သူ၏သက်လုံနှင့် စိတ်ဝိညာဉ် ထိပ်ဆုံး၌ရှိနေလျှင်ပင် နောက်ထပ် ဒဏ္ဍာရီလာအဆင့် ပစ္စည်းကိရိယာတစ်ခုကို ထပ်မံပြုလုပ်နိုင်တော့မည် မဟုတ်ပေ။

ယန္တရားဆရာသခင်ပြိုင်ပွဲ၏ ချန်ပီယံမှာ သေချာသွားလေပြီ။၎င်းမှာ နတ်ဆိုးဘုံတစ်ခုလုံးကို တုန်လှုပ်သွားစေခဲ့သော အံ့ဩဖွယ်ရာတစ်ခုကို ဖန်တီးခဲ့သော လောလောလတ်လတ် ထောက်ခံချက် ရရှိထားသည့် ယန္တရား ဆရာသခင် တစ်ယောက်ပင် ဖြစ်လေသည်။ဗိုလ်လုပွဲအဆင့်၌ သူသည် တစ်ဝက်-ဒဏ္ဍာရီလာအဆင့် ပစ္စည်းကိရိယာနှစ်ခုနှင့် ဒဏ္ဍာရီလာအဆင့် ပစ္စည်းကိရိယာတစ်ခုကို ဖန်တီးနိုင်ခဲ့သည်။ ထို့ပြင် ထိုပစ္စည်းကိရိယာ သုံးမျိုးမှာလည်း မတူညီသော အထူးပြုများ ဖြစ်ကြသည်။

နတ်ဆိုးဘုံရှိ လူသာမန်များကြားထဲ၌ကျော်ကြားမှုကို မရှာဖွေသော ဆရာသခင်များ ပုန်းအောင်းနေနိုင်ကြသော်လည်း အထူးပြုသုံးမျိုးရှိသော ဆရာသခင်မှာမူ နတ်ဆိုးဘုံတစ်ခုလုံး၌ တစ်ဦးတစ်ယောက်တည်း ဖြစ်ရပေမည်။

ယန္တရားပညာရပ် နယ်ပယ်၌ အထူးပြုသုံးမျိုးစလုံး ကျွမ်းကျင်သော ထိပ်တန်း ဆရာသခင်များသည် မဟာဆရာသခင်အဆင့် ဝင်ရောက်နိုင်ရန် အခွင့်အရေးများသည်ဟု ဆိုရိုးတစ်ခု ရှိသည်။သို့သော်လည်း ကိုယ်ပိုင်နားလည်မှုနှင့် စွမ်းအင်အကန့်အသတ် များကြောင့် နှစ်သွယ်-အထူးပြုရှိသော ထိပ်တန်းဆရာသခင်အဆင့် ရောက်ရှိသွားသူများမှာ နည်းပါးလှသည်။ဥပမာတစ်ခုပြရလျှင် နတ်ဆိုးဘုံရှိ အတော်ဆုံး ယန္တရားဆရာသခင် နိတ် ဖြစ်သည်။သို့သော်လည်း နိတ်သည် မဟာဆရာသခင်အဆင့်နှင့် နီးစပ်ရုံသာရှိသည်။တကယ့် မဟာဆရာသခင်တစ်ယောက် မဟုတ်ပေ။

ထို့ပြင် တစ်ဝက်-ဒဏ္ဍာရီလာအဆင့် နှစ်ခုနှင့် ဒဏ္ဍာရီလာအဆင့် တစ်ခု ဖြစ်သည့်အတွက် နိတ်ကိုယ်တိုင် ယှဉ်ပြိုင်လျှင်ပင် ယန္တရားဆရာသခင် ပြိုင်ပွဲစည်းမျဉ်းအရ အရှုံးသာပေးရပေမည်။

ဤကဲ့သို့ ပါရမီအပြည့်ရှိသော သုံးသွယ်-အထူးပြု ယန္တရားဆရာသခင် “ အာသာ ” သည် လွန်ခဲ့သော နှစ်ထောင်ပေါင်းများစွာအတွင်း ပထမဆုံး မဟာဆရာသခင် တစ်ယောက် ဖြစ်လာနိုင်မည့် အလားအလာအရှိဆုံး အလောင်းအလျာ တစ်ယောက် ဖြစ်နိုင်ပေသည်။

ပရိသတ်ထိုင်ခုံထဲရှိ ခီရာသည် လကို မြောက်မြားလှစွာသော ကြယ်များက ဝိုင်းရံနေသကဲ့သို့ပင် ဆရာသခင်များ ဝိုင်းရံခံနေရသော ချန်လွေ့ကို ပြုံးရင်း ကြည့်နေလိုက်သည်။သူ၏နှလုံးသားထဲ၌ ဂုဏ်ယူနေပြီး ထိုအောင်မြင်မှုကို မျှဝေခံစားနိုင်နေသည်။စိတ်အလှုပ်ရှားဆုံးမှာ ဒီရော် ဖြစ်ပြီး သူ၏စိတ်လှုပ်ရှားမှုမှာ အဆုံးစွန်အထိ ရောက်ရှိသွားခဲ့သည်။ သုံးသွယ်-အထူးပြု ဆရာသခင်။သူက တကယ်ပဲ အစွမ်းတွေလျှိုထားတာပဲ။ဒီလိုဆိုရဲ့ မိသားစုဆက်ခံသူဆိုတဲ့ ငါ့ရဲ့နေရာ ခိုင်မာသွားပြီ။

ဖားလာမို၏မျက်နှာသည် စိတ်ဓာတ်ကျဆင်းနေသော်လည်း ဆယ်လင်း၏အမူအရာမှ အတော်လေး ရှုပ်ထွေးနေသည်။ အာသာမှာ ဒီလိုစွမ်းရည်တွေ တကယ်ရှိတာပဲ။ဒါကြောင့် သူက ယုံကြည်ချက်ရှိနေတာကိုး။ဒါပေမဲ့ မနေ့က ဝင်းထဲမှာ ငါ့တောင်းဆိုချက်ကို သူမငြင်းခဲ့ဘူး။အဲဒီတုန်းက သူပြောတဲ့အတိုင်းဆိုရင် ငါ့မှာ အခွင့်အရေးတစ်ခု ရှိသေးတယ်။ ဒီရော်နှင့် ဖားလာမိုတို့ကိုကြည့်ရင်း ချစ်စရာကောင်မလေး၏ မျက်လုံးထဲ၌ သတ်ဖြတ်ချင်စိတ်များ ဖျပ်ခနဲ လက်သွားခဲ့သည်။

“ ဂုဏ်ယူပါတယ်။ဆရာသခင် အာသာ။ ”

အရေးကြီးပုဂ္ဂိုလ်ထိုင်ခုံအလယ်ရှိ ပလ္လင်မှ သိမ်မွေ့နူးညံ့သော အမျိုးသမီး အသံတစ်သံ ထွက်လာသည်။၎င်းမှာ ဧကရီကတ်သရင်းဖြစ်ပြီး ပရိသတ်များ ချက်ချင်းပင် တိတ်ဆိတ်သွား၏။

“ ရှင့်ရဲ့ အံ့ဩလောက်စရာ စွမ်းဆောင်ရည်နဲ့ ဖန်တီးခဲ့တဲ့ အံ့ဩဖွယ်တွေက ကျွန်မဧကရီအပါအဝင် ပရိတ်သတ်အားလုံးကို မယုံနိုင်လောက်အောင် ဖြစ်သွားစေတယ်။ ကျွန်မ ရှင့်ကို ထပ်ပြီးတော့ ဆုလာဒ်သုံးခုပေးမယ်။ရှင် ဘာလိုချင်လဲ။ ”

All Chapters