← Chapters

တောင်းဆိုချက်

Vol. 18 Ch. 260

တောင်းဆိုချက်

Vol. 18 Ch. 260

သုံးသွယ်-အထူးပြု ယန္တရားဆရာသခင်သည် သေချာပေါက် လက်လွတ်၍မရသော အင်ပါယာတိုင်း လိုချင်ကြသည့် ပါရမီရှင်တစ်ယောက် ဖြစ်ပေသည်။

ယခုတွင် ထိုသူသည် မိမိ၏အရှေ့၌ ရှိနေလေပြီ။ထို့ကြောင့် ထိပ်တန်းပဏ္ဍိတ တစ်ယောက်အနေဖြင့် မဟာကတ်သရင်းသည် ထိုကဲ့သို့ အခွင့်အရေးမျိုးကို လက်လွတ်ခံမည် မဟုတ်ပေ။

ဆုလာဒ်သည် ခြေလှမ်းအစသာ ဖြစ်၏။

ကတ်သရင်း၏ ဆုလာဒ်ကတိကို ကြားသည့်အခါ ချန်လွေ့၏ ပထမဆုံးအတွေးမှာ ခရစ္စတီးနားအား မိမိထံ “ ချီးမြှင့် ” ပေးရန် ဖြစ်သည်။သို့သော်လည်း ထိုတောင်းဆိုချက် မဖြစ်နိုင်သည်မှာ သေချာသည်။အဆောင်ပစ္စည်း အရိပ်နက်ဝတ်ရုံ၏ အသိအမှတ်ပြုခြင်းကို ခံထားရသော ခရစ္စတီးနားသည် နတ်ဆိုးဧကရာဇ်အဆင့် သို့မဟုတ် နတ်ဆိုးအရှင်သခင်အဆင့် စွမ်းအားကို ပိုင်ဆိုင်ထားသည်။ထို့ကြောင့် သူသည် နောက်ထပ် ဧကရီ အလောင်းအလျာ ဖြစ်မည်မှာ သေချာနေသည်။

ယန္တရား မဟာဆရာသခင်အဆင့် အတွက်ပင် ကတ်သရင်းသည် အင်ပါယာ၏ ဧကရီလောင်းကို ညှိနှိုင်းသည့်ပစ္စည်းအဖြစ် အသုံးပြုရန် သဘောတူမည်မဟုတ်ပေ။ ထို့ကြောင့် ထိုအတွေးကို အတွေးအဖြစ်သာ ထားလိုက်ရသည်။

ချန်လွေ့က ကတ်သရင်းကို အရိုအသေ ပေးလိုက်သည်။

“ အရှင်မ။ အရှင်မမှာ ဓမ္မတေးသစ်သီးနဲ့ အရိပ်မြူနှင်းပန်း ရှိလားဆိုတာ သိချင်ပါတယ်။ ”

ကတ်သရင်း ခဏတွေးပြီး ပြန်ဖြေသည်။

“ ငါဧကရီမှာ ဓမ္မတေးသစ်သီး မရှိဘူး။ဒါပေမဲ့ အဲဒါကို နိုင်ငံအနှံ့ရှာဖွေခိုင်းလို့ရတယ်။ ငါဧကရီမှာ အရိပ်မြူနှင်းပန်းတစ်ပွင့် ရှိတယ်။ဒါပေမဲ့ နွမ်းခြောက်သွားပြီ။အစေ့သုံးစေ့ပဲ ကျန်တော့တယ်။ဒါက ဆရာသခင်အတွက် အဆင်ပြေနိုင်ပါ့မလား မသိဘူး။ ”

“ တစ်စေ့ဆို လုံလောက်ပါပြီ။ ”

ချန်လွေ့ ခေတ္တ တုံ့ဆိုင်းသွားပြီး တိတ်တဆိတ် အံကြိတ်ကာ စိတ်ပိုင်းဖြတ်ပြီး ပြောလိုက်တော့သည်။

“ ကျုပ်ကို တစ်စုံတစ်ယောက်က တော်ဝင်အမျိုးသမီး ခရစ္စတီးနားဆီ တစ်စုံတစ်ခု ကိုယ်တိုင်ပေးဖို့ အပ်နှင်းထားတယ်။ဒါက ဆုလာဒ်အနေနဲ့ တတိယတောင်းဆိုချက်အဖြစ် သတ်မှတ်လို့ရပါတယ်။အရှင်မ သဘောတူမယ်လို့ မျှော်လင့်ပါတယ်။ ”

ကတ်သရင်း၏ ဇာမျက်နှာလွှားနောက်ကွယ်မှ မျက်လုံးများ အရောင်တောက်သွားပြီး ပတ်ဝန်းကျင်လေထု ရုတ်တရက် ပြောင်းလဲသွားသည်။ချန်လွေ့သည် မိမိကို စိုက်ကြည့်နေသော အေးစက်ပြီး လျှပ်စစ်စီးနေသော မျက်လုံးများနှင့် မိမိတစ်ကိုယ်လုံးကို ဖုံးလွှမ်းသွားသော ဖိအားယဲ့ယဲ့လေးတစ်ခုကို ခံစားလိုက်ရသည်။မယ်ဂရီဇ် အခြေအနေရှိ လက်ရှိစွမ်အားဖြင့်ပင် ချန်လွေ့ တုန်လှုပ်သွား၏။၎င်းသည် အဝေးမှ တစ်ချက်ကြည့်ရုံသာ ဖြစ်သည်။

ကတ်သရင်း၏စွမ်းအားသည် နတ်ဆိုးအရှင်သခင်ဖြစ်သော မြေဒြပ်စင်ဘုရင်ထက် များစွာသာလွန်ပြီး ဂလော်ဖင်းထက်ပင် သာလွန်သည်ဟု ချန်လွေ့ ခံစားလိုက်ရသည်။

ချန်လွေ့ကို အေးစက်သော လျှပ်စီးများ ဝိုင်းရံပြီးနောက် ပြန်သွားကာ ဖိအားလည်း ဖြည်းဖြည်းချင်း လျော့ကျသွားသည်။ဝါဖျော့ဖျော့ အလင်းရောင်တစ်ခု ပျံသန်းလာပြီး ချန်လွေ့အရှေ့၌ လွင့်မျောနေသည်။ကတ်သရင်း နူးညံ့သိမ်မွေ့ပြီး ထူးဆန်းသောအသံ ဆက်လက်ထွက်ပေါ်လာသည်။

“ သူက အမှားလုပ်ထားလို့ တားမြစ်နန်းတော်မှာ တံခါးပိတ် လေ့ကျင့်နေရတယ်။ ဘယ်သူမှ သူ့ကို တွေ့လို့မရဘူး။ဒါပေမဲ့ ဆရာသခင်က တောင်းဆိုတယ်ဆိုတော့ ခြွင်းချက် လုပ်ပေးပါ့မယ်။နောက်သုံးရက်နေရင် ဒီလက်မှတ်ကိုယူပြီး နန်းတော်ဆီ လာခဲ့ပါ။တစ်စုံတစ်ယောက်က ဆရာသခင်ကို သူနဲ့တွေ့ဖို့ ခေါ်သွားလိမ့်မယ်။ ”

“ ကျေးဇူးတင်ပါတယ်။အရှင်မ။ ”

ချန်လွေ့ ပျော်ရွှင်သွားပြီး လက်မှတ်ကိုယူကာ ဧကရီကတ်သရင်းအား ထပ်မံဦးညွှတ်လိုက်သည်။ဓမ္မတေးသစ်သီးအကြောင်း မည်သည့်သတင်းမှ မကြားရသေးသော်လည်း အရိပ်မြူနှင်းပန်းကို နောက်ဆုံး၌ ရှာတွေ့သွားလေပြီ။တတိယ တောင်းဆိုချက်မှာ.....အတော်လေး အန္တရာယ်များလှသည်။သို့သော်လည်း ကတ်သရင်းသည် လူအများကြီးအရှေ့၌ ဆုလာဒ်သုံးခုပေးရန် ကတိပေးထားသည့် အတွက် ဧကရီတစ်ယောက်အနေဖြင့် ကတိတည်ရတော့သည်။

“ ဒါ‌ဆိုရင် ဆရာသခင်ကို ဒီအင်ပါယာရဲ့ ယန္တရားအစည်းအရုံဆီ ဝင်ဖို့ ဖိတ်ခေါ်ပါတယ်။ ဆရာသခင် ဒါကိုလက်ခံချင်ပါသလား။ ”

မူလက ကတ်သရင်းသည် စကားပလ္လင်ခံပြီး သုံးသွယ်-အထူးပြု ဆရာသခင်နှင့် အပြန်အလှန် ရင်းနှီးမှု ရချင်ခဲ့သည်။သို့သော်လည်း တစ်နည်းနည်းဖြင့် သူ နည်းဗျူဟာပြောင်းသွားပြီး တည့်တည့် ပြောလိုက်တော့သည်။

ပုံမှန်ဆိုလျှင် ဖိတ်ခေါ်မှု ပြုလုပ်ရမည့် အ‌သင့်တော်ဆုံးသူမှာ အစည်းအရုံး ဥက္ကဋ္ဌဖြစ်သော ဆရာသခင် အန်ဒါဆန်ပင် ဖြစ်လေသညိ။

အစည်းအရုံးထဲဝင်လျှင် လွတ်လပ်မှုကို များစွာ အဟန့်အတားဖြစ်စေနိုင်ကြောင်း ချန်လွေ့ သိသော်လည်း သူသည် အမျိုးမျိုးသော အခွင့်အရေးများကို ရရှိမည်ဖြစ်သည်။ယခုတွင် ကတ်သရင်းသည် ခရစ္စတီးနားနှင့် မိမိ တွေ့ဆုံရန် သဘောတူခဲ့ပြီး လူပုံအလယ်၌ ပြောခဲ့သည်။အကယ်၍ ချန်လွေ့ ထွက်သွားလျှင် အရိပ်မြူနှင်းပန်းနှင့် ခရစ္စတီးနားနှင့် အတူ တွေ့ဆုံခွင့်ကိုပင် ဆုံးရှုံးရမည် ဖြစ်သည်။ထို့ကြောင့် သူချက်ချင်း သဘောတူလိုက်သည်။

ကတ်သရင်းက အသာလေး ခေါင်းညိတ်သည်။သုံးသွယ်-အထူးပြု ဆရာသခင်က ဧကရီ၏ ယန္တရားအစည်းအရုံးသို့ ဝင်ရန် သဘောတူကြောင်း မြင်လိုက်သည့်အခါ ပရိသတ်များက နွေးနွေးထွေးထွေး လက်ခုပ်တီး ဩဘာပေးကြတော့သည်။

အန်ဒါဆန်၊ရမ္မနစ်ဂီ၊ရှိုဆာနှင့် အခြားဆရာသခင်များ ပျော်ရွှင်နေကြပြီး ဆရာသခင်လီယို တစ်ယောက်တည်းမှာ အင်တင်တင်နှင့် ပြုံးနေရသည်။ထိုဆရာသခင်များကြား၌ သူတစ်ယောက်တည်းသာ ချန်လွေ့နှင့် ပြဿနာ ရှိခဲ့သည်။သို့သော်လည်း ချန်လွေ့၏ စွမ်းရည်နှင့် ပါရမီတို့မှာ ထင်ရှားနေပြီး ဧကရီ ကိုယ်တိုင်ကပင် သူ့ကို ကိုယ်တိုင်ဖိတ်ကြားခဲ့သည်။ ထို့ကြောင့် သူသည် ယန္တရားနယ်ပယ်၌ တလက်လက်တောက်နေသော ကြယ်တစ်ပွင့်ဖြစ်လာမည်မှာ အသေအချာပင် ဖြစ်သည်။လီယိုသည် ချန်လွေ့နှင့် ဆက်လက်၍ ဆက်ဆံရေးမကောင်း ဖြစ်နေမည်ဆိုလျှင် နောက်ပိုင်း၌ ဆိုးဝါးသော ဘဝတစ်ခုကို ပိုင်ဆိုင်ရပေလိမ့်မည်။

ယန္တရားပြိုင်ပွဲ၏ ဗိုလ်လုပွဲသည် အာရုံစိုက်မှု အများအပြားနှင့်အတူ ကောင်းကောင်းမွန်မွန် အဆုံးသတ်သွားခဲ့သည်။နှစ်ပေါင်း တစ်သောင်းအတွင်း ပထမဆုံး သုံးသွယ်-အထူးပြု ဆရာသခင်နှင့် ဒဏ္ဍာရီလာအဆင့် ပစ္စည်းကိရိယာ “ တစ်ဒင်္ဂအလှတရား ” တို့၏ အဖြစ်အပျက်များသည် အရိပ်နက်အင်ပါယာမှတစ်ဆင့် နတ်ဆိုးဘုံတစ်လျှောက် ပျံ့နှံ့သွားတော့သည်။၎င်းသည် ဒဏ္ဍာရီများ၏ မျိုးဆက်သစ်အစ ဖြစ်နိုင်ပေသည်။

ချန်လွေ့သည် ဆရာသခင် အန်ဒါဆန်နှင့် အခြားသူများနှင့်အတူ အစည်းအရုံး ရုံးခန်းဆီ လိုက်သွားပြီးနောက် ဆရာသခင်တစ်ယောက်ကို ကိုယ်စားပြုသည့် ဝတ်ရုံနှင့် တံဆိပ်ပြားတစ်ခု လက်ခံရရှိခဲ့သည်။ထိုတံဆိပ်ပြားတွင် ရွှေရောင်အနားကွပ်ပါသော ခရမ်းရောင် လနှစ်စင်းပါရှိပြီး အထူးဂုဏ်ကျက်သရေကို ကိုယ်စားပြုသည်။

နောက်ဆုံး၌ ချန်လွေ့သည် အလိုချင်နေဆုံးဖြစ်သော မိုးကြိုးနဂါး သလင်းကျောက်နှင့် ကြယ်ဆီးနှင်းခဲကို ရရှိခဲ့သည်။အရှိန်အဝါများမှလွဲ၍ “ မိုးခြိမ်းသံ ” အတွက် လိုအပ်သော ကုန်ကြမ်းများ ပြည့်စုံသွားလေပြီ။အစည်းအရုံးကိုဝင်ထားသော သုံးသွယ်-အထူးပြု ဆရာသခင်အတွက် ဦးစားပေး ဆက်ဆံမှုများအပြင် ချန်လွေ့သည် အကျိုးအမြတ်အဖြစ် သလင်းကျောက်နက်ဒင်္ဂါးများနှင့် ကုန်ကြမ်းပစ္စည်းများကို နှစ်တိုင်း ရရှိမည် ဖြစ်သည်။အတွင်းကုန်ကြမ်းများ ဝယ်ယူနိုင်ခွင့်၊ လျှော့ဈေးရရှိနိုင်ခွင့်နှင့် ရှေးမှော်မျှော်စင်သို့ ဝင်ရောက်လေ့လာခွင့်လည်း ရရှိမည် ဖြစ်သည်။

ချန်လွေ့ ပြုလုပ်ရမည်မှာ အစည်းအရုံးအတွက် တစ်နှစ်အတွင်း တစ်ဝက်-ဒဏ္ဍာရီလာအဆင့် ပစ္စည်းကိရိယာ သုံးခုနှင့် ဒဏ္ဍာရီလာအဆင့် ပစ္စည်းကိရိယာတစ်ခု ရောင်းချရန်အတွက် ထောက်ပံ့ပေးရန် ဖြစ်သည်။ရောင်းရသော ဝင်ငွေ၏‌ ၃၀%သည် အစည်းအရုံးသို့ ရောက်ရှိသွားမည်ဖြစ်ပြီး ၇၀%ကိုမူ ယန္တရားဆရာသခင်က ရရှိမည် ဖြစ်သည်။

ယန္တရားဆရာသခင်များ၏ လက်ရာများကို ရောင်းချသည့် ထိုစနစ်ကြောင့်သာ ယန္တရားအစည်းအရုံးသည် ဆယ်စုနှစ်ကျော် တောင်ခံနိုင်ခဲ့ခြင်း ဖြစ်သည်။ ဈေးနှုန်းမြင့်မားသော်လည်း သမိုင်းကြောင်း ဂုဏ်သတင်းနှင့် “ အစည်းအရုံးက လုပ်သမျှဟာ ထူးခြားကောင်းမွန်နေရမယ် ” ဟူသော အခြေအနေတို့ကြောင့် ဆရာသခင်တို့၏ လက်ရာအထောက်အပံ့များ ခဏအတွင်း အရောင်းထွက်ခဲ့ကြသည်။

ယန္တရားအစည်းအရုံး၏ အရင်းအမြစ်နှင့် ဝန်ဆောင်မှုတို့နှင့်အတူ ချန်လွေ့ရရှိသော အဆင့်အတန်းနှင့် အပြုအစုပါ ပေါင်းလိုက်သည့်အခါ အရှိန်အဝါ လုံလောက်သည်နှင့် ကုန်ကြမ်းများကို စုဆောင်းကာ “ မိုးခြိမ်းသံ ” သို့မဟုတ် အခြားပစ္စည်းကိရိယာများကို ဆက်လက် ပြုလုပ်နိုင်မည် ဖြစ်သည်။၎င်းသည် အစည်းအရုံးထဲဝင်ရန် ချန်လွေ့ စဉ်းစားခဲ့သော အကြောင်းရင်းများထဲမှ တစ်ခုဖြစ်သည်။

ကတ်စတာ မိသားစုဆီ ပြန်ရောက်သည့်အခါ ချန်လွေ့သည် အကောင်းဆုံးအပြုအစုကို လက်ခံရရှိခဲ့ပြီး နေမကောင်းဖြစ်နေသော လက်ရှိ မိသားစုအကြီးအကဲ ခရော့သည်ပင် လာရောက်နှုတ်ဆက်သည်။ခရော့သည် သုံးသွယ်-အထူးပြု ဆရာသခင်၏ ဩဇာသက်ရောက်မှုကို သိသည်။သူသည် ဒီရော်နဲ့ အမြင်နှင့် တွေ့ဆုံမှုကို အံ့အားသင့်သွားခဲ့သည်။

ယခုတွင် ထိုဆရာသခင်သည် ယန္တရားအစည်းအရုံးနှင့် အင်ပါယာတစ်ခုလုံး၌သာ ကျယ်ပြန့်သော အနာဂတ် ရှိနေသည်။နတ်ဆိုးဘုံတစ်ခုလုံး အတိုင်းအတာထိပင် ရှိနိုင်ပေသည်။ကတ်စတာမိသားစုသည် မူလက ယန္တရားပညာရှင်မှ စတင်ခဲ့သည်။ ထို့ကြောင့် ပြိုင်ပွဲပြီးဆုံးသွားသည်နှင့် ထိုဆရာသခင်နှင့် ဆက်ဆံရေးကို မဖြတ်တောက်သင့်ပေ။သူတို့သည် မူလအတိုင်း ပူးပေါင်းမှုကို ထိန်းသိမ်းထားရမည်ဖြစ်ပြီး ဆရာသခင်၏ အကျိုးအမြတ်ကို ကတ်စတာမိသားစုနှင့် အဖြစ်နိုင်ဆုံး ချည်နှောင်ရမည်ဖြစ်သည်။ယုတ်စွအဆုံး ထူးခြားသော ရင်းနှီးမှုတစ်ခုကို ထိန်းသိမ်းထားရန် လိုအပ်လှပေသည်။

အကြီးမားဆုံး အကျိုးအမြတ် ရရှိသူ ဖြစ်သည့်အလျောက် ကတ်စတာမိသားစု၏ သားအကြီးဆုံးက ဆက်ခံသူဖြစ်မည်မှာ သေချာနေသည်။ဒီရော်လည်း သေချာပေါက် အားတက်နေသည်။မိသားစု၏ ကြီးလေးသော တာဝန်ကို ခရော့ မလွဲပြောင်းပေးသရွေ့ ဒီရော်သည် ဆက်ခံသူသာ ဖြစ်သည်။မိသားစု၏ ပိုင်ရှင်အစစ်အမှန် မဟုတ်ပေ။ထို့ပြင် ချန်လွေ့၏ လက်ရှိဂုဏ်သတင်းဖြင့် ဒီရော်သည် မဆန့်ကျင်နိုင်ပေ။ထိ့ကြောင့် သူသည် အလွန်ရင်းနှီးသော ဆက်ဆံရေးကို ပြသပြီး ဆရာသခင်အား သေချာအာရုံစိုက်ထားခဲ့သည်။

ဆရာသခင် “ အာသာ ” သည် အတွင်းမြို့ရှိ ကတ်စတာမိသားစု၌ ရှိနေကြောင်း သိရှိပြီးနောက် အဆုံးမရှိသော တော်ဝင်မျိုးနွယ်များနှင့် အရာရှိများ လာရောင်လည်ပတ်ကြသည်။ခရော့သည် သေသေချာချာပင် ပျော်ရွှင်နေသည်။သူသည် ဆရာသခင်နှင့် မိသားစုအကြား “ရင်းနှီးသော” ဆက်ဆံရေးကို ပြသခဲ့သည်။ ချန်လွေ့သည်လည်း စိတ်ရှည်ရသည်။နာမည်ကြီးတစ်ယောက် ဖြစ်ရသည်မှာ လွယ်လှသည် မဟုတ်ပေ။

ခီရာသည် ဗိုလ်လုပွဲမတိုင်ခင်က ပြောခဲ့သော ကိစ္စအကြောင်းကို ရှောင်နေပုံရသည်။ သူသည် ချန်လွေ့ သိချင်သည်ကို မပြောပြပေ။ခီရာ စိတ်လှုပ်ရှားသွားကြောင်း ချန်လွေ့ သိသည်။ထို့ကြောင့် တစ်ခါတည်း တင်းတင်းကြပ်ကြပ် ဖိအားမပေးခဲ့ပေ။ အချိန်ကျလာသည်အထိ စောင့်ဆိုင်းခြင်းသည် ပိုကောင်းပေသည်။

နန်းတော်၌ ခရစ္စတီးနားနှင့် သွားတွေ့ရန် မတိုင်ခင် တစ်ရက်အလို နေ့လယ်ခင်း၌ မမျှော်လင့်ထားသူတစ်ဦးက ချန်လွေ့ဆီ ရောက်လာသည်။၎င်းမှာ ကတ်စတာမိသားစု၏ တတိယအမျိုးသမီး ဆယ်လင်းပင် ဖြစ်ပေသည်။

ခီရာသည် ချန်လွေ့နှင့် စကားပြောနေခဲ့သည်။ဆယ်လင်း လာသည်ကို တွေ့သည့်အခါ ခီရာသည် ဆင်ခြေတစ်ခုပေးပြီး အခန်းထဲ၌ သွားနားသည်။ဆယ်လင်း၏မျက်နှာပေါ်၌ ချိုမြိန်သော အပြုံးတစ်ခု ရှိနေပြီး ယနေ့ဆုံးရှုံးမှုကို ဂရုစိုက်ဟန် မတူပေ။

ချန်လွေ့ ပြုံးလိုက်သည်။

“ တတိယမိန်းကလေး ဒီကိုလာတာ ဘာအကြံ ပေးမလို့လဲ မသိဘူး။ ”

“ ကျွန်မမှာ ဘာအကြံမှ မရှိပါဘူး။ကျွန်မက အရှုံးသမား တစ်ယောက်ပါပဲ။အခုတော့ ကျွန်မရဲ့ အစ်ကိုနှစ်ယောက်က ကျွန်မကို သတိထားမိသွားကြပြီ။ကျွန်မ ဖုံးကွယ်ထားလို့ မရတော့ဘူး။ ”

ဆယ်လင်း သက်ပြင်းချလိုက်သည်။

“ အစကတော့ ဟောဖို့ဒ် သေချာပေါက် နိုင်မယ်လို့ ကျွန်မ ထင်ထားခဲ့တာ။ဒါပေမဲ့ ဆရာသခင်လိုမျိုး ထူးချွန်တဲ့သူတစ်ယောက်နဲ့ ကြုံတွေ့ရလိမ့်မယ်လို့ မထင်ထားမိခဲ့ဘူး။ ကျွန်မက ကံဆိုးတာလို့ပဲ ပြောလို့ရတော့မယ်။ ”

“ ဆရာသခင် ဟောဖို့ဒ် ဘယ်မှာလဲ။ ”

“ နှစ်သွယ်-အထူးပြု ဆရာသခင်တစ်ယောက်အနေနဲ့ ပုံမှန်ဆိုရင် သူ့ကို လူတိုင်းက တန်ဖိုးထားကြရမှာ။ဒါပေမဲ့ သူက ရှင့်ရဲ့လောင်းရိပ်မိသွားလို့ သူစိတ်မဝင်စားတော့ဘဲနဲ့ စော‌စော ထွက်သွားခဲ့တာ။ ”

ဆယ်လင်း ပြုံးရင်း ပြောလိုက်သည်။

“ ကျွန်မက အခု ဆရာသခင်ဆီမှာ အရှုံးသမား တစ်ယောက်အနေနဲ့ အညံ့ခံနေတာပါ။ ကျွန်မကို ရှင်ကြိုက်သလို လုပ်နိုင်ပါတယ်။ဆရာသခင်... ”

ချန်လွေ့သည် လည်အဟိုက်ရှိ နှင်းကဲ့သို့ ဖြူဖွေးသော ပြည့်ဖြိုးမှုကို ဖျပ်ခနဲကြည့်ပြီး တည်တည်ငြိမ်ငြိမ် ပြောလိုက်သည်။

“ လိုရင်းကိုသာ ပြောပါ။ ”

“ ကျွန်မက ခီရာထက် နိမ့်ကျနေသေးတဲ့ပုံပဲ။ ”

ဆယ်လင်းက ချန်လွေ့ကို ကြေကွဲဝမ်းနည်းလျက် စိုက်ကြည့်လိုက်သည်။

“ ကျွန်မ ဒီကိုလာတာက ပထမဆုံးအနေနဲ့ ဆရာသခင်ဆီမှာ အရှုံးလာခံတာပါ။ ဒုတိယတစ်ခုကတော့ ဆရာသခင်ရဲ့ အရင်ကတိက မကျုံးဝင်သေးလား‌ဆိုတာကို မေးချင်တာပါ။ ”

“ ဂါ့စ် ဘယ်မှာလဲ။ ”

ဆယ်လင်းသည် မိသားစု ထိန်းချုပ်ရန်အတွက် ထောက်ပံ့ပေးမည့်ကတိကို ပြောခြင်းဖြစ်ကြောင်း ချန်လွေ့ သိသည်။သို့သော်လည်း ချန်လွေ့ တည့်တည့် ပြန်မဖြေခဲ့ပေ။

“ ကျွန်မ သတင်းရထားတယ်။ဂါ့စ်ကို တောင်ပိုင်းဆင်ခြေဖုံးက အိမ်တစ်အိမ်မှာ တစ်စုံတစ်ယောက် တွေ့ထားတယ်။ဆရာသခင် သူ့ကို တွေ့ချင်တယ်ဆိုရင် ကျွန်မ လမ်းပြပေးနိုင်တယ်။ ”

ဆယ်လင်း မျက်လုံးလည်လိုက်သည်။

“ သူက မစားသင့်တာတစ်ခုခု စားမိသွားပြီးတော့ သတိလစ်နေတယ်လို့ ကြားတယ်။ အဲဒါကြောင့် သူပျောက်သွားတာ ဖြစ်မယ်။ ”

“ ဟုတ်လား။ ”

ချန်လွေ့က ဆယ်လင်းကို မထုတ်ဖော်ခဲ့ဘဲ စကားအတိုင်းလိုက်ကာ မေးလိုက်သည်။

“ ဒါဆို သူနိုးလာတဲ့အခါ ပြဿနာ မရှိလောက်တော့ဘူး မဟုတ်လား။ ”

“ ပြဿနာ မရှိလောက်တော့ဘူးလို့ ထင်ပါတယ်။ဆရာသခင် လိုချင်တဲ့အတိုင်း ကျွန်မရဲ့ စိတ်ရင်းကို သက်သေပြဖို့အတွက် ဂါ့စ်ကို ရှာတွေ့ပြီးပြီ။ဒါဆိုရင် အရင်ညက ဆရာသခင်ရဲ့ကတိ...... ”

“ မင်းက ရည်မှန်းချက်ကြီးပြီးတော့ တစ်ချိန်တည်းမှာပဲ စွမ်းဆောင်ရည်ရှိတယ်။မင်းက ဒီရော်နဲ့ ဖားလာမိုတို့ထက် ကတ်စကာမိသားစုကို ထိန်းချုပ်ဖို့ ပိုပြီးသင့်တော်တယ်။ ”

ချန်လွေ့၏ စကားများက ဆယ်လင်း၏မျက်လုံးများကို တောက်ပသွားစေသည်။

“ ဒါပေမဲ့ ရည်မှန်းချက်ကြီးတာက နှစ်ဖက်ဓားသွားလိုမျိုးပဲ။ဒီဓားက ကျုပ်ကို ပြန်ထိခိုက်မှာ စိုးရိမ်တယ်။ ”

ဆယ်လင်းသည် “ စာအုပ်တစ်အုပ်ကို အဖုံးနဲ့ မဆုံးဖြတ်နဲ့ ” ဟူသော စကားဖြင့် ထိုက်တန်လှပေသည်။အကျိုးအမြတ်အတွက် သူသည် ခန္ဓာကိုယ်အပါအဝင် မည်သည်ကိုမဆို ပေးဆပ်ရဲသည်။သို့သော်လည်း အခြားတစ်ဖက်မှကြည့်လျှင် ဆယ်လင်းသည် သတ္တိရှိသည်။ဉာဏ်ပညာနှင့် နည်းဗျူဟာများ ရှိသည်။၎င်းတို့မှာ သူ၏အစ်ကိုနှစ်ယောက်ထက် သာလွန်ပေသည်။သူသည် ဆက်ခံသူအတွက် အကောင်းဆုံး အလောင်းအလျာ ဖြစ်သင့်ပေသည်။

ဒီရော်သည် ယခု၌ ချန်လွေ့အား ခယနေသော်လည်း ပန်းတိုင်ရောက်ရှိသွားသည့်အခါ သစ္စာဖောက်မည့်အတွေး ရှိနေသည်။

လက်ရှိတွင် ချန်လွေ့၏ နတ်ဘုရား-ဝါးမျို မျက်နှာဖုံးသည် အခြားတစ်ယောက်ကို ထိန်းချုပ်နိုင်သေးသည်။ထို့ကြောင့် ချန်လွေ့သည် ဆယ်လင်း သို့မဟုတ် ဒီရော်အပေါ်၌ အသုံးပြု၍ ရသည်။သို့သော်လည်း နတ်ဘုရား-ဝါးမျို မျက်နှာဖုံး၌ အားနည်းချက် အသေးလေးတစ်ခု ရှိသည်။၎င်းဖန်တီးလိုက်သော ရုပ်သေးသည် ပုံမှန်အတိုင်း အသက်ရှင်ပြီး သခင်ဖြစ်သူကို လုံးဝနာခံသော်လည်း စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုရှိသည်။ ၎င်းသည် တိကျမှုရှိသော ဘဝပုံစံတစ်ခု၌သာ အသုံးချ၍ရသည်။သခင်၏ ထိန်းချုပ်မှုမပါဘဲ ရုပ်သေးသည် ဦးနှောက်ကို အသုံးမပြုနိုင်ပေ။လိပ်ပြာနီနယ်မြေမှ စနိုးဒင်သည် ဥပမာတစ်ခု ဖြစ်သည်။

ထို့ပြင် ရုပ်သေးသည် ပြန်ပြောင်း၍မရပေ။ရုပ်သေး ဖြစ်ပြီးသည်နှင့် မသေမချင်း ဖယ်ရှား၍ရမည် မဟုတ်ပေ။

လီဗျာသန် တော်ဝင်မိသားစု၏ [ ဝိညာဉ်လက်ထိပ် ] သည် မျက်နှာဖုံးကဲ့သို့ အားနည်းချက် မရှိပေ။အသုံးပြုခံသူ၏ ဉာဏ်ပညာသည် ပုံမှန်အတိုင်း ရှိနေပြီး စွမ်းအားနှင့်ဝိညာဉ်ကို ချုပ်နှောင်ခံလိုက်ရကာ အဆင့်တက်ရန် ခက်ခဲမှုကို တိုးမြှင့်လိုက်ရသည်။ဥပမာပြောရလျှင် ဒေလီယာသည် ရိုမန်ထက် စွမ်းအားကြီးပြီး နတ်ဆိုးဘုရင်အဆင့် ထိပ်သီးပိုင်း၌ ရပ်တန့်နေခဲ့သည်။အခုတွင် သူ့ကို ရိုမန်က လိုက်မှီနေပြီဖြစ်သည်။အဆိပ်နဂါး၏ အထူးလေ့ကျင့်မှုနှင့် အရုဏ်ဦးနှင်းခဲကြောင့် ဒေလီယာသည် မဟာနတ်ဆိုးဘုရင်အဆင့်သို့ တက်ရောက်သွားနိုင်ခဲ့သည်။ သို့သော်လည်း [ ဝိညာဉ်လက်ထိပ် ] အခတ်ခံထားရသောသူ အဆင့်တက်တိုင်း လက်ထပ်၏ လက်ကျန်စွမ်းအများ အတော်များများ လျော့နည်းသွားမည် ဖြစ်သည်။သူ၏စွမ်းအားသည် [ ဝိညာဉ်လက်ထိပ် ] အသုံးပြုသူထက် သာလွန်သွားလျှင် ၎င်းတို့သည် အသုံးဝင်တော့မည် မဟုတ်ပေ။

[ ဝိညာဉ်လက်ထိပ် ] နှင့် နတ်ဘုရား-ဝါးမျို မျက်နှာဖုံးတို့သည် သုံးစွဲသူထက် စွမ်းအားနိမ့်သော သူများကိုသာ အသုံးပြု၍ရသည်။အသင့်တော်ဆုံး ထိန်းချုပ်သည့်နည်းလမ်းမှာ ကျွန်-သခင်စာချုပ်ပင် ဖြစ်သည်။စိတ်နဲ့စွမ်းအားကို ထိခိုက်မည်မဟုတ်ဘဲ စွမ်းအားခြားနားချက်၌လည်း အကန့်အသတ် မရှိပေ။ သခင်ဖြစ်သူသည် ကျွန်ဖြစ်သူ၏အသက်အား တစ်စုံတစ်ခုပေးဆပ်၍ ယူနိုင်သည်( တိုက်ရိုက်သတ်လျှင် ပေးဆပ်စရာ မလိုအပ်တော့ပေ)။ထို့ပြင် သခင်ဖြစ်သူ သေသွားသည့်အခါ ကျွန်ဖြစ်သူလည်း သေဆုံးသွားမည် ဖြစ်သည်။

ကျွန်-သခင် စာချုပ်သည် ပုံမှန်အားဖြင့် နှစ်ဖက်စလုံး၏ သဘောတူညီမှု လိုအပ်သည်( ဖိအားပေး အညံ့ခံခိုင်း၍လည်း ရသည် )။ထို့ပြင် လူတစ်ယောက်လျှင် စာချုပ်တစ်ခုသာ သယ်ဆောင်နိုင်သည်။ထို့ကြောင့် လူအများအပြားသည် မတော်တဆမှုများ မဖြစ်စေရန်အတွက် အစေခံအမြောက်အမြား ထားထားကြသည်။

ကတ်စတာမိသားစုသည် ထိပ်တန်း စီးပွားရေးမိသားစု ဖြစ်သည်။ထိန်းချုပ်သူသည် ပြောင်းလွယ်ပြင်လွယ်သော စိတ်နှင့် နည်းလမ်းများ ရှိရပေမည်။ချန်လွေ့သည် ကတ်စတာမိသားစုကို အမှန်တကယ် ထိန်းချုပ်ပြီး ဖွံ့ဖြိုးစေကာ မိမိနှင့် အမှောင်လမြို့အတွက် အသုံးချ၍ရစေမည့် လူတစ်ယောက် လိုအပ်နေသည်။အကယ်၍ သူသည် နတ်ဘုရား-ဝါးမျို မျက်နှာဖုံးကို အသုံးပြုခဲ့လျှင် ထိန်းချုပ်ရန်အတွက် နေရစ်ခဲ့ရမည် ဖြစ်သည်။သို့မဟုတ်ပါက သူထွက်သွားလျှင် ရုပ်သေး၏ စိတ်တစ်ခုတည်းဖြင့် အဆင်ပြေနိုင်မည် မဟုတ်ပေ။

“ တကယ်လို့ မစ်-ဆယ်လင်းက ကျုပ်ကို လာမယ့်ပြဿနာတွေကို ဖြေရှင်းပေးနိုင်မယ်ဆိုရင် မင်းကို မိသားစုခေါင်းဆောင်ဖြစ်အောင် ကျုပ် ကူညီထောက်ပံ့ပေးနိုင်တယ်။ကျုပ်ရဲ့ လက်ရှိဂုဏ်သတင်းနဲ့ ယန္တရားအစည်းအရုံးမှာရှိတဲ့ ရာထူးနဲ့ဆိုရင် ကျုပ် မင်းရဲ့အစ်ကိုနှစ်ယောက်ကို မသတ်ရင်တောင် စကားတစ်ခွန်း ပြောလိုက်ရုံနဲ့ မင်းရဲ့အဖေ စိတ်ပြောင်းသွားဖို့ များတယ်။ ”

“ ကျွန်မက ရှင့်ရဲ့ဇနီးဖြစ်သွားရင် မယုံကြည်ရသေးဘူးလား။ ”

“ ဘယ်လိုထင်လဲ။ ”

ချန်လွေ့ ပြန်မေးလိုက်သည်။ဆယ်လင်းသည် သူ၏အစ်ကိုကိုသတ်ပြီး အခြားအစ်ကိုတစ်ယောက်ကို အပြစ်ပုံချနိုင်သည်။ဂါ့စ်ကို ပျောက်ကွယ်သွားအောင် ပြုလုပ်နိုင်သည်။လမ်းပေါ်၌ ချန်လွေ့ကို လုပ်ကြံရန် လူလွှတ်နိုင်သည်။ မိသားစုခေါင်းဆောင်နေရာအတွက် သူ၏ခန္ဓာကိုယ်ကို အလဲအလှယ်အနေဖြင့် အသုံးချနိုင်သည်။အကျိုးစီးပွားများကိုသာ အခြေခံထားသည့် လက်ထပ်မှု တစ်ခုသာ‌ဆိုလျှင် လုံးဝ ယုံကြည်စိတ်ချ၍ရမည် မဟုတ်ပေ။

“ ဒါက ရှင့်အတွက် စိန်ခေါ်မှုတစ်ရပ်ပဲ မဟုတ်လား။ဆရာသခင်။ ”

ဆယ်လင်း ပြုံးလိုက်ရင်း အဓိပ္ပာယ်နှစ်ခွဖြင့် ပြောလိုက်သည်။

“ ရှင် ကျွန်မကို သိမ်းပိုက်နိုင်မယ်ဆိုရင် ကျွန်မက ရှင့်ရဲ့ သစ္စာအရှိဆုံးဇနီးနဲ့ အစေခံ ဖြစ်လာမှာပါ။ ”

ချန်လွေ့သည် သိမ်းပိုက်ခြင်း ဆိုသည်ကို လုံးဝစိတ်မဝင်စားပေ။ထို့ကြောင့် သူသည် ၎င်းကို အလကားသက်သက် မဖြစ်ချင်ပေ။ချန်လွေ့ ခေါင်းညိတ်ပြီး ပြောသည်။

“ ‘အစေခံ’ ဆိုတဲ့စကားလုံးကို ကျုပ် သဘောကျတယ်။ ”

“ ဒီဟာသက မရယ်ရဘူးနော်။ ”

ဆယ်လင်း၏ အနီရောင်ဖျော့‌ဖျော့ မျက်လုံးမှ အေးစက်မှု အရိပ်အယောင် ပြသလာသည်။သူ၏ခန္ဓာကိုယ်ကို ကမ်းလှမ်းခြင်းမှာ သက်သက်တစ်ခု၊ ဝိညာဉ်က်ု ကမ်းလှမ်းခြင်းသည် သက်သက်တစ်ခုပင် ဖြစ်သည်။ဆယ်လင်းတွင် ကြီးမားသော ရည်ရွယ်ချက်များရှိပြီး ၎င်းသည် ကတ်စတာ မိသားစုနှင့် အဆုံးသတ်နိုင်မည် မဟုတ်ပေ။ သူက ဘယ်လိုလုပ်ပြီးတော့ တခြားသူရဲ့ ကျေးကျွန် အဖြစ်ခံပြီးတော့ ထာဝရ ထိန်းချုပ်ခံမှာလဲ။ပြီးတော့ “ အာသာ ” က ယန္တရားဆရာသခင် တစ်ယောက်ပဲလေ။

ယခုတွင် ဂါ့စ်ကို မကယ်တင်နိုင်သေးပေ။ချန်လွေ့လည်း ချက်ချင်း မဆန့်ကျင်ချင်‌သေးသည့်အတွက် အသာလေး ပြုံးလိုက်သည်။

“ ဒါက ဟာသဆိုတော့ မင်းဘာလို့ အတည်ကြီး မှတ်နေတာလဲ။ဒါပေမဲ့ ယုံကြည်မှုပြဿနာက ကျုပ်တို့ ပူးပေါင်းမှုအတွက် အဓိကသော့ချက်ပဲ။ဒါပေမဲ့ မင်းရဲ့ စိတ်ရင်းကို ကျုပ်စမ်းသပ်ပြီးပြီ။ ”

“ ဒီလို လုပ်ရအောင်။ကျုပ် ဂါ့စ်ဆီ အရင်သွားမယ်။ပြီးရင် ကျုပ်တို့ပူးပေါင်းမှုအတွက် အရေးကြီးဆုံး ယုံကြည်မှုပြဿနာကို ဆွေးနွေးဖြေရှင်းမယ်။ ”

ဆယ်လင်း၏မျက်နှာပေါ်သို့ အပြုံး ပြန်ရောက်ရှိလာသည်။

“ အခု ဆရာသခင်ဆီကို လာလည်တဲ့သူတွေ အများကြီး ရှိနေတယ်။ မှောင်လာတဲ့အချိန်ကျရင် ဘေးဘက်တံခါးကနေ အပြင်ထွက်ရအောင်။ ”

All Chapters