သတ်ဖြတ်ခြင်း နှင့် စိတ်ဝိညာဉ်ကွင်းဆက်
Vol. 18 Ch. 262
ဖာတီလု၏ [ နတ်မိစ္ဆာမျက်လုံး ] ချက်ချင်း ပျက်သွားသည်ကိုမြင်သွားပြီး တာပုလီ စိတ်ထဲ၌ ထိတ်လန့်သွားခဲ့သည်။ယခင်တိုက်ခိုက်စဉ်အတွင်း သူသည် မြေနှင့်လေ မှော်ပညာကို အသုံးပြုကြည့်ခဲ့ရာ ချန်လွေ့အပေါ်၌ အနည်းငယ်သာ သက်ရောက်မှု ရှိခဲ့သည်။ထို့ကြောင့် သူသည် နည်းဗျူဟာ ချက်ချင်းပြောင်းပြီး ကိုယ်ထိလက်ရောက် တိုက်ခိုက်တော့သည်။
ချန်လွေ့ လက်ဝှေ့ရမ်းလိုက်ရာ တာပုလီက မိမိ၏ အမြန်နှုန်း ချက်ချင်း နှေးကွေးသွားကြောင်း ခံစားလိုက်ရသည်။ မြေမှော်ပညာ [ အရှိန်လျှော့ ] ပဲ။ဒါက [ မြေမှော်ကျွမ်းကျင်မှု ] ရှိတဲ့ ငါ့ထက်တောင် ပိုပြီးအစွမ်းထက်နေတယ်။
သေရေးရှင်ရေး အခြေအနေ ဖြစ်နေပြီဖြစ်ကြောင်း ဖာတီလု သိသည်။ထို့ကြောင့် သူသည် ညာမျက်လုံးမှ နာကျင်မှုကို ဂရုမစိုက်နိုင်တော့ပေ။သူသည် [ ရေ မှော်ကျွမ်းကျင်မှု ] ကို အသက်သွင်းလိုက်ပြီး သူ၏ပတ်ပတ်လည်၌ ရေခဲချွန်များ ဒါဇင်ခန့် ပေါ်ထွက်လာကာ ချန်လွေ့ဆီသို့ ပစ်လွှတ်လိုက်ကြသည်။
ချန်လွေ့သည် မြေပြင်ကို လက်ညှိုးထိုးလိုက်သည်။ထို့နောက် ဖာတီလုနှင့် တာပုလီတို့က မိမိတို့၏ခန္ဓာကိုယ်သည် သုံးလေးဆ ပိုလေးလာကြောင်း ခံစားလိုက်ရသည်။ ရေခဲချွန်များသည်လည်း မြေဆွဲအား ရုတ်တရက် တိုးမြင့်သွားခြင်းကို ခံလိုက်ရပြီး ချန်လွေ့ဆီ မရောက်နိုင်ခင်မှာပင် မြေပြင်ပေါ်သို့ ပြုတ်ကျသွားခဲ့သည်။
သူက [ မြေဆွဲအား ] ကို မန္တန်မရွတ်ဘဲနဲ့ အသုံးပြုနိုင်တယ်။သူက မှော်ပညာရော ရုပ်ပိုင်းဆိုင်ရာရော ကျွမ်းကျင်တာပဲ။သူက ယန္တရားဆရာသခင် တစ်ယောက် ဟုတ်သေးရဲ့လား။ တာပုလီ ပို၍ပင် အံ့အားသင့်သွားသည်။သူသည် မြင့်တက်လာသော မြေဆွဲအားကို ခံနိုင်ရုံသာ ခံနိုင်ပြီး ဖာတီလုအား ခုခံမှု တိုးမြင့်စေရန်အတွက် [ ကျောက်အရေပြား ] အသုံးပြုပေးလိုက်သည်။
ဖာတီလုက ခက်ခက်ခဲခဲနှင့် လက်ကိုဝှေ့ရမ်းလိုက်ရာ သူ၏ပတ်ပတ်လည်၌ ဖောက်ထွင်းမြင်ရသော သလင်းကျောက်စက်ဝိုင်းတစ်ခု ပေါ်ထွက်လာပြီး ရှုပ်ယှက်ခတ်လျက် အကာအရံတစ်ခု ဖြစ်သွားခဲ့သည်။
[ သလင်းကျောက် တံတိုင်း ]။ ၎င်းမှာ အစွမ်းထက်ဆုံး ခုခံမှု ရေ မှော်ပညာဖြစ်သည်။ ၎င်းသည် ဖာတီလု၏ [ ရေ မှော်ကျွမ်းကျင်မှု ] အသုံးပြုနိုင်သော အဆင့်အမြင့်ဆုံး မှော်ပညာဖြစ်သည်။
ဖာတီလုသည် မတုံးအပေ။သူက သူ၏ [ နတ်မိစ္ဆာမျက်လုံး ] အကြီးအကျယ် ထိခိုက်သွားကြောင်း သဘောပေါက်သည်။ထို့ကြောင့် သူသည် ခုခံမှုကိုသာ အသုံးပြုနေရသည်။ယခုတွင် သူ၏ တစ်ခုတည်းသော မျှော်လင့်ချက်မှာ ထိုကြောက်မက်ဖွယ်ရာ ရန်သူအား တာပုလီ အနိုင်ရရန် သို့မဟုတ် တွန်းလှန်နိုင်ရန် ဖြစ်သည်။ယုတ်စွအဆုံး တာပုလီသည် သူ့ကို ခေါ်ကာ ထွက်ပြေးနိုင်ရပေမည်။
ချန်လွေ့သည် တာပုလီကို လျစ်လျူရှုပြီး သလင်းကျောက်တံတိုင်းကို ထိုးနှက်လိုက်သည်။ [ သလင်းကျောက်တံတိုင်း ] သည် အမှန်တကယ်ပင် အစွမ်းအထက်ဆုံး ခုခံမှု ရေ မှော်ပညာ ဖြစ်သည်။လီဗျာသန်တော်ဝင်မိသားစု၏ [ ရေကျွမ်းကျင်မှု ] နှင့် ပေါင်းလိုက်သည့်အခါ ချန်လွေ့၏စွမ်းအား မြင့်မားသော်လည်း ထိုထိုးချက်သည် [ သလင်းကျောက် တံတိုင်း ] ကို အနည်းငယ်သာ တုန်ခါသွားစေသည်။၎င်းသည် အက်ကြောင်း အနည်းငယ်ကိုသာ ဖြစ်သွားစေသည်။
ချန်လွေ့သည် လက်ဝါးကို ဓားသွားတစ်ခုအဖြစ် ပြောင်းပြီး တစ်ချက်တည်းဖြင့် [ သလင်းကျောက် တံတိုင်း ]၏ အပြင်လွှာကို နှစ်ပိုင်းပြတ်သွားအောင် ပြုလုပ်လိုက်သည်။ ဖာတီလုက ၎င်းကို မှော်စွမ်းအားဖြင့် အသည်းအသန် အားဖြည့်သော်လည်း နောက်ထပ် ပြင်းထန်သည့် ခုတ်ချက်နှစ်ချက်ဖြင့်ဆိုလျှင် [ သလင်းကျောက်တံတိုင်း ] ကွဲကြေသွားမည် ဖြစ်သည်။
ထိုအချိန်၌ ချန်လွေ့ ရုတ်တရက် မျက်မှောင်ကြုတ်လိုက်ပြီး ခီရာအရှေ့၌ ချက်ချင်း ပေါ်ထွက်လာကာ နောက်ဆုံးအခိုက်အတန့်၌ တာပုလီ ပစ်လွှတ်လိုက်သော [ မှော်လက်သီး ] ကို ကာကွယ်လိုက်သည်။ဖာတီလုကို ကယ်တင်ရန်အတွက် ခီရာကို တိုက်ခိုက်ခဲ့သော တာပုလီ၏ နည်းဗျူဟာမှာ အတော်လေး အကျိုးရှိခဲ့သည်ဟု ပြော၍ရပေသည်။ယုတ်စွအဆုံး ၎င်းသည် ဖာတီလုအား အန္တရာယ်မှ ယာယီ ကယ်တင်နိုင်ခဲ့လေသည်။
ကြီးပြင်းလာကတည်းက ဖာတီလုသည် မိခင်ဖြစ်သူ၏ တောင်ပံအောက်တွင် အမြဲနေခဲ့ရသည့်အတွက် ငယ်ငယ်ကတည်းက မာနကြီး မောက်မာသောစရိုက် ဖြစ်လာခဲ့သည်။မစ်ရှင် တစ်ခု လုပ်ရသည့်တိုင် သူ့ကို တာပုလီက အမြဲကာကွယ်ပေးသည်။ ထို့ကြောင့် ဖာတီလုသည် ထိုကဲ့သို့ အန္တရာယ်ကို တစ်ခါမျှ မခံစားခဲ့ရပေ။ထို့ကြောင့် သူသည် ငိုလုနီးပါး ဖြစ်သွားခဲ့သည်။ခီရာကို ချန်လွေ့ ကယ်လိုက်ပြန်သည်ကို တွေ့လိုက်ရသည့်အခါ ဖာတီလု၏ရင်ဘတ်ထဲရှိ မနာလိုမှုနှင့် အမုန်တရားတို့သည် ပို၍ကြီးထွားလာခဲ့သည်။သူ အော်ပြောလိုက်၏။
“ တာပုလီ။အဲဒီ နိမ့်ကျတဲ့မိန်းမက သတ်လိုက်။ ”
“ မစ်-ဖာတီလု။ကျွန်မ သူ့ကို တားထားပေးမယ်။အရင် ထွက်ပြေးလိုက်ပါ။ ”
တာပုလီသည် ခီရာအား အမှန်တကယ် သတ်ပစ်မည် မဟုတ်ပေ။သို့မဟုတ်ပါက ချန်လွေ့သည် ဖာတီလုအား စောင့်ထိန်းစရာမလိုဘဲ တိုက်ခိုက်မည် ဖြစ်သည်။ထို့ပြင် တာပုလီသည် ထိုသူကို မယှဉ်နိုင်ကြောင်း ရေးရေးလေး ခံစားနေမိသည်။ထို့ကြောင့် ဖာတီလုကို အရင်ဦးစွာ ထွက်ပြေးခိုင်းခြင်း ဖြစ်သည်။အခြေအနေမကောင်းလျှင် သူသည် ခီရာကိုတိုက်ခိုက်ပြီး ပြိုင်ဘက်ကို အချိန်ဆွဲထားနိုင်ပေမည်။
ချန်လွေ့သည် တာပုလီ၏ ကြိုးပမ်းမှုကို အောင်မြင်ခွင့် ပေးလိမ့်မည် မဟုတ်ပေ။သူ သရော်ပြုံးပြုံးလိုက်ပြီး လက်ငါးချောင်း ဖြန့်လိုက်သည်။ရုတ်တရက်ပင် အဖြူရောင် အလင်းတစ်ခု လက်ခနဲ ဖြစ်သွားပြီး အလင်းလုံးတစ်လုံးက တာပုလီဆီသို့ ဝီးခနဲ ပြေးဝင်သွား၏။
တာပုလီသည် ထိုအလင်းလုံးမှ ကြောက်မက်ဖွယ်ရာ ဖျက်ဆီးမှုစွမ်းအားကို ခံစားမိသည်။[ အရှိန်လျှော့ ] အစွမ်း ကျန်ရှိနေသေးသည့်အတွက် သူသည် ၎င်းကို တိုက်ရိုက် မခုခံရဲပေ။ ထို့ကြောင့် သူ ပါးစပ်ဖွင့်လိုက်ရာ အဖြူရောင် မြူနှင်းတစ်ခုက အလင်းလုံးဆီ လှိမ့်သွားသည်။[ အရုဏ်ဦးပစ်ချက် ] ရုတ်တရက် နှေးကွေးသွားပြီး မျက်လုံးဖြင့် မြင်နိုင်သော အမြန်နှုန်းအထိ ရောက်ရှိသွားသည်။ နောက်ဆုံး၌ ၎င်းသည် အဖြူရောင်အငွေ့အတွင်း ပျောက်ကွယ်သွားခဲ့သည်။၎င်းမှာ ဘယ်ဇီဘတ် တော်ဝင်မိသားစု၏ သွေးမျိုးဆက် ပါရမီဖြစ်သော [ ဝါးမျိုခြင်း ] ပင် ဖြစ်သည်။
သို့သော်လည်း [ အရုဏ်ဦးပစ်ချက် ]၏ စွမ်းအားသည် အလွန်ကြီးမားလှသည့်အတွက် တာပုလီသည် ၎င်း မပေါက်ကွဲခင် ဝါးမျိုရန် အတော်လေး ကြိုးစားအားထုတ်လိုက်ရသည်။ တာပုလီသည် ၎င်းကို ကိုယ်ပိုင်စွမ်းအဖြစ် ချက်ချင်း မပြောင်းလဲနိုင်ခဲ့ပေ။သူ၏စွမ်းအင် ကုန်ခမ်းသွားပြီး ပြန်မပြည့်သေးခင်၌ ချန်လွေ့၏ပုံရိပ်သည် သူ့အရှေ့၌ ချက်ချင်း ပေါ်ထွက်လာခဲ့သည်။
တာပုလီက သူသည် ပြိုင်ဘက်ဖြစ်သူ၏ တိုက်ခိုက်အတွက် ပြင်ဆင်ပြီးသွားပြီဟု ထင်ထားသည့်အတွက် ထိတ်လန့်သွားသည်။သူ၏ပြိုင်ဘက်သည် တစ်ရစပ် တယ်လီပို့ခုန်နိုင်မည်ဟု သူ မထင်ထားခဲ့ပေ။ပို၍ဆိုးသည်မှာ အရေးကြီးသော အခိုက်အတန့်၌ ဖြစ်နေခြင်းပင်။ဓားသွားကဲ့သို့ လက်ဝါးသည် သူ၏ခေါင်းဆီသို့ ရောက်ရှိလာသည်။တာပုလီသည် အလျင်အမြန်ပင် ခေါင်းကို ဘေးဘက်သို့သာ ရွေ့လိုက်နိုင်သည်။သို့သော်လည်း သူ၏လှုပ်ရှားမှု အနည်းငယ် နှေးကွေးသွားသည့်အတွက် ပုခုံးမှတစ်ဆင့် ညာလက် ဖြတ်ခံလိုက်ရသည်။
ထိုပြင်းထန်သော ခုတ်ချက်သည် တာပုလီကို နာကျင်စွာ အော်ဟစ်သွားစေသည်။သူသည် နောက်သို့ခုန်ဆုတ်ပြီး အလှမ်းဝေးအောင် ပြုလုပ်လိုက်သည်။သူ မြေပေါ်သို့ ကျတော့မည့်အချိန်၌ နောက်ထပ် အလင်းလုံးတစ်ခု ပေါ်ထွက်လာပြီး သူ့ဆီသို့ ပြေးဝင်လာ၏။
တာပုလီသည် [ ဝါးမျိုခြင်း ] ကို အသုံးမပြုနိုင်တော့ပေ။ထို့ကြောင့် သူသည် ၎င်းကို လက်တစ်ဖက်တည်းဖြင့်သာ အစွမ်းကုန် ခုခံရတော့သည်။အလင်းလုံးကို ထိသွားသည့် အခါ သူ၏ခန္ဓာကိုယ် ချက်ချင်း တုန်ခါသွားပြီး လက်ပြတ်နေရာမှာ သွေးများ ပန်းထွက်ကာ ခြေထောက်သည်လည်း နောက်ဘက်သို့ ဖြည်းဖြည်းချင်း ဆုတ်သွားသည်။
တာပုလီသည် အလင်းလုံးကို ခုခံရန် အစွမ်းကုန် ကြိုးစားနေစဉ် ဖိအားနှစ်ဆ တိုးသွားသည်ဟု ရုတ်တရက် ခံစားလိုက်ရသည်။ထို့နောက် ၎င်းသည် တစ်ဆက်တည်း သုံးလေးဆ တိုးမြင့်လာသည်။အကြောင်းမှာ ထိုအလင်းလုံးကို တာပုလီ အတင်းခုခံနေစဉ် အတွင်း နောက်ထပ်သုံးလုံး တစ်ပြိုင်တည်း ပစ်လွှတ်လိုက်ခြင်းကြောင့် ထပ်ပေါင်းသွားခဲ့ခြင်း ဖြစ်သည်။ထို့ကြောင့် ထိုစွမ်းအားသည် လေးဆတိုးသွားသကဲ့သို့ မရိုးရှင်းပေ။
ထိုကြောက်မက်ဖွယ်ရာဖိအားသည် တာပုလီ၏ ခုခံမှုကို ချက်ချင်းပင် ပြိုလဲသွားစေသည်။ တလက်လက်တောက်ပနေသော အဖြူရောင်အလင်းများ ပျောက်ကွယ်သွားပြီးနောက် မြေပြင်ပေါ်၌ အလွန်ကြီးမားသော ပျက်စီးမှုကြီးတစ်ခု ဖြစ်ပေါ်လာပြီး မီတာ ဒါဇင်ကျော်အထိ ကြောက်မက်ဖွယ်ရာ ပျက်ယွင်းမှုတစ်ခု ဖြစ်စေခဲ့သည်။တာပုလီ မြေပြင်ပေါ်သို့ လဲကျသွား၏။သူ၏ခန္ဓာကိုယ်အပြည့် ချပ်ကာလည်း ကြေမွသွားပြီး သူ၏ဒဏ်ရာမှတစ်ဆင့် အရိုးဖြူများကိုပင် မြင်နေရသည်။သို့သော်လည်း သူ မသေသေးပေ။
သူ၏ မထင်မရှား အမြင်ဖြင့် ချန်လွေ့ ချဉ်းကပ်လာပြီး လက်မြှောက်လိုက်သည်ကို ရေးရေးလေး မြင်လိုက်ရသည်။တာပုလီသည် အနှိုင်းမဲ့တိုက်ကွက်ကို အသုံးမပြုရသေးသည့် အတွက် နောင်တရနေသည်။ခုနက ပြိုင်ဘက်ဖြစ်သူသည် ဖာတုလီအား ကာကွယ်နေသည်ကို အခွင့်ကောင်းယူကာ ပြင်းပြင်းထန်ထန် ဖိနှိပ်ခဲ့သည်။အရေးကြီးဆုံးအရာမှာ တရစပ် တယ်လီပို့ခုန်ခြင်းက သူ့ကို သတိလက်လွတ် ဖြစ်သွားစေခြင်းပင် ဖြစ်သည်။ရလာဒ်အနေဖြင့် သူသည် အကြီးမားဆုံးစွမ်းအားကို အသုံးမပြုနိုင်သေးခင်မှာပင် ပြိုင်ဘက်ဖြစ်သူက အခွင့်ကောင်းယူပြီး သေစေနိုင်လောက်သော တိုက်ခိုက်မှုတစ်ခု ပြုလုပ်ခဲ့သည်။အကယ်၍ သူသာ တဖန် တိုက်ခိုက်နိုင်ခဲ့မည်ဆိုလျှင်.....
ချန်လွေ့သည် တာပုလီအား သူ၏စိတ်ကူးကို ဖြစ်ခွင့်မပေးခဲ့ပေ။သူ၏လက်ကို အထက်မှအောက်သို့ လွှဲချလိုက်ပြီးနောက်တွင် တာပုလီ၏ခေါင်း ပြတ်သွားခဲ့သည်။
တိုက်ပွဲဆိုသည်မှာ သရုပ်ပြမှုတစ်ခု သို့မဟုတ် တစ်ယောက်တစ်လှည့် ချနိုင်သည့် အလှည့်ကျဂိမ်းတစ်ခု မဟုတ်ပေ။ မင်းက သေစေနိုင်လောက်တဲ့ တိုက်ကွက်ကိုသုံးပြီးပြီ။ ဒါဆို ငါလည်း သေစေနိုင်တဲ့ တိုက်ကွက်တစ်ကွက် သုံးမယ်မျိုး မဟုတ်ဘူး။
သေရေးရှင်းရေး တိုက်ပွဲအတွင်း အထိရောက်ဆုံး နည်းလမ်းမှာ ရန်သူကို အလဲထိုးရန်ပင် ဖြစ်သည်။
အစွမ်းချင်းယှဉ်လျှင် တာပုလီသည် ချန်လွေ့ကို ယှဉ်နိုင်မည် မဟုတ်ပေ။အကြောင်းမှာ ချန်လွေ့၌ အသုံးမပြုရသေးသော အစွမ်းအများအပြား ရှိနေသောကြောင့်ပင် ဖြစ်သည်။
တာပုလီ၏လက် ပြတ်သွားစဉ်က အခြေအနေ မကောင်းကြောင်း ဖာတီလု သိခဲ့သည်။ ထို့ကြောင့် သူသည် သလင်းကျောက်တံတိုင်းကို ဖယ်ရှားကာ ထွက်ပြေးသွားခဲ့သည်။ သို့သော်လည်း သူဝေးဝေး မပြေးနိုင်ခင်မှာပင် လေပြင်းတိုက်ခတ်မှုတစ်ခုကို ခံစားလိုက်ရသည်။ထို့နောက်တွင် သူ၏လည်ပင်းသည် ညှပ်ကဲ့သို့လက်ဖြင့် အညှပ်ခံလိုက်ရသကဲ့သို့ပင် တင်းကြပ်သွားပြီး သူ၏လှုပ်ရှားနေသော ပုံရိပ်သည်လည်း ရုပ်ချည်းရပ်တန့်သွားခဲ့သည်။
ထိုလက်ပေါ်ရှိ ကြောက်မက်ဖွယ်ရာ စွမ်းအားသည် ဖာတီလုအား မည်သည့်ခုခံမှုမှ မပြုလုပ်နိုင်အောင် ဖြစ်နေစေသည်။သူသည် အသက်ရှူမဝသကဲ့သို့ ခံစားလာရသည်။
ဖာတီလုသည် လှပသော်လည်း ချန်လွေ့သည် ၎င်းကို တန်ဖိုးထားသင့်သည်ဟု မခံစားရဘဲ ရွံရှာစက်ဆုပ်မှုကိုသာ ခံစားရသည်။ချန်လွေ့က ဖာတီလု၏ လည်ပင်းကို ချိုးပစ်ရန် ပြင်လိုက်စဉ် ခီရာက ရုတ်တရက် အော်ပြောလိုက်သည်။
“ မလုပ်ပါနဲ့။ ”
ချန်လွေ့ ခဏတုံ့ဆိုင်းသွားပြီး လက်ထဲမှ စွမ်းအားကို ရုပ်သိမ်းကာ ဖာတီလုအား ဖြည်းဖြည်းချင်း အောက်ချလိုက်သည်။
ဖာတီလုသည် သေခြင်း ဂငယ်ကွေ့ ပြန်ရောက်လာသည်ဟု ခံစားလိုက်ရသည်။ သူ၏နဖူး၌လည်း ချွေးစေးများ ပြန်နေ၏။သူသည် ခီရာနှင့် ချန်လွေ့အား စိတ်ထဲ၌ အတော်လေး မုန်းတီးနေသော်လည်း မထုတ်ဖော်ပြသရဲပေ။ဤနေရာမှ မည်သို့ ထွက်ရမည်ကိုသာ စဉ်းစားနေပြီး တစ်စုံတစ်ယောက်ကိုရှာကာ ထိုစုံတွဲကို အစိတ်စိတ်အမွှာမွှာဖြစ်အောင် ချေမွပြီး လက်စားချေချင်နေခဲ့သည်။
ချန်လွေ့သည် ဖာတီလု၏အတွေးများကို သေသေချာချာ သိသည်။ထို့ကြောင့် သူ သရော်ပြုံးပြုံးလိုက်ပြီးနောက်တွင် ဖာတီလုသည် လည်ပင်းနောက်ဘက်၌ နာကျင်မှုတစ်ခု ခံစားလိုက်ရပြီး သတိလစ်သွားခဲ့သည်။ဖာတီလုအား သတိလစ်အောင် ပြုလုပ်ပြီးနောက် ချန်လွေ့သည် သူတို့နှစ်ယောက်အား ထောင်ခြောက်ဆီ မျှားခေါ်ခဲ့သော အလွန်အံ့အားသင့်နေသည့် ကတ်စတာမိသားစု၏ တတိယမြောက် အမျိုးသမီး ဆယ်လင်းကို ကြည့်လိုက်သည်။ချန်လွေ့၏ ပြတ်ပြတ်သားသား သတ်ဖြတ်မှုများကို မြင်ပြီးနောက် ဆယ်လင်းသည် ပုံမှန်အတိုင်း တည်တည်ငြိမ်ငြိမ် မနေနိုင်တော့ပေ။သူသည် သူ့ကိုယ်သူ ထွက်ပြေးရန် ပြောနေသော်လည်း သူ၏ခြေထောက် တုန်ခါနေပြီး ခြေတစ်လှမ်းပင် လှမ်း၍မရချေ။
“ မစ်-ဆယ်လင်း။နေ့လယ်က ပြောခဲ့တာကို ဆက်ပြောရအောင်..... ”
ချန်လွေ့ ဖြည်းဖြည်းချင်း လမ်းလျှောက်လာသည်။ခြေလှမ်းတိုင်းသည် ဆယ်လင်း၏ နှလုံးသားကို တက်နင်းသကဲ့သို့ ဖြစ်နေ၏။
“ အညံ့ခံမလား။သေမလား။မင်း တစ်ခုကိုပဲ ရွေးလို့ရမယ်။ ”
အသက်ပင် မရှူရဲသော ဆယ်လင်းသည် သုံးလေးခေါက် ပင့်သက်ရှိုက်ပြီးနောက် တည်ငြိမ်အောင် ပြုလုပ်သည်။တစ်ဖက်လူ၏ လေသံသည် တည်ငြိမ်သော်လည်း နတ်ဆိုးဘုရင်နှင့် မဟာနတ်ဆိုးဘုရင်အဆင့်တို့၏ အသက်များကို ခြွေယူခဲ့သော ကြောက်မက်ဖွယ်ရာ ပုံရိပ်သည် ဆယ်လင်း၏ စိတ်ထဲ၌ အိပ်မက်ဆိုးပမာ တွယ်ကပ်နေလေပြီ။၎င်းသည် အလွန်အမင်း ကြောက်စရာကောင်းလှပြီး တစ်ခုရွေး မေးခွန်းများသည် သူ၏နားထဲ၌ အသက်ကိုယူတော့မည့်သဖွယ် အသံထွက်နေလေသည်။
ဆယ်လင်း မတုံ့ဆိုင်းနေတော့ပေ။သူသည် လက်သီးကို ကျစ်ကျစ်ဆုပ်ပြီးနောက် ပါးစပ်မှ သွေးတစ်လုပ် အန်လိုက်သည်။သူသည် မူလ ကျွန်-သခင် စာချုပ်ကို အတင်းပယ်ဖျက်လိုက်ပြီး အစေခံတစ်ယောက်ကို သတ်ပစ်လိုက်သည်မှာ အသေအချာပင် ဖြစ်သည်။ထို့နောက် သူသည် ဒူးတစ်ဖက်ထောက်ပြီး လက်ထဲ၌ လျို့ဝှက်ဆန်းကြယ်သော မှော်စာတစ်ခု ထွက်ပေါ်လာသည်။၎င်းမှာ ကျွန်-သခင် စာချုပ်ပင် ဖြစ်၏။
“ သတ္တိရှိတယ်။မင်းရဲ့ သခင်အနေနဲ့ ကတ်စတာ မိသားစုက မင်းရဲ့လက်ထဲ၌ ဖော်ပြလို့မရအောင် ဖွံ့ဖြိုးတိုးတက်လာမယ်ဆိုတာ ငါ အာမခံတယ်။ ”
ထိုသို့ပြောပြီးနောက် ချန်လွေ့သည် ကျွန်-သခင် စာချုပ်ကို လက်ခံလိုက်သည်။ ရုတ်တရက်ပင် သူ၏အခြေအနေပြကားချပ်၌ အသိပေးချက်အသစ်တစ်ခု ပေါ်ထွက်လာသည်။ စိတ်ဝိညာဉ်ကွင်းဆက် အသစ်တစ်ခုကို ရှာတွေ့၏။ စိတ်ဝိညာဉ်ကွင်းဆက် စနစ်ကို အသက်သွင်းမည်လား။
အသက်သွင်းခြင်းကို အတည်ပြုပြီးနောက် ဇယားကွက် အသေးလေးတစ်ခု ပေါ်ထွက်လာပြီး ထိုထဲ၌ သင်္ကေတများနှင့် နာမည်များ ပါရှိသည်။ချန်လွေ့က ၎င်းကို အသိစိတ်ဖြင့် အာရုံစိုက်ကြည့်လိုက်ရာ မှတ်ချက်များပင် ပါရှိနေလေသည်။
(၁) ညီတူကွင်းဆက် (၁/၄)။
နာမည် - ပါ့ဂ်လီအို။
မျိုးနွယ် - နဂါး။
[ A ] အဆင့် ကွင်းဆက်။အသက်မျှဝေခြင်း။အချင်းချင်း ထိခိုက်မှု မဖြစ်စေ။လုပ်ဆောင်ချက် တိုးမြှင့်မှု။
မှတ်ချက်။ ။ ဖယ်ရှား၍ရ( လက်ရှိ ကြယ်ဆင့်ကဲပြောင်းလဲခြင်းဖြင့် မရရှိနိုင် )။
ချန်လွေ့သည် “ လုပ်ဆောင်ချက် တိုးမြှင့်မှု ” ကို ငေါ့တော့တော့ ခံစားလိုက်ရသည်။ ဘာလို့ တဲ့တိုး မပြောတာလဲ။ဒါက နဂါးတစ်ကောင်လိုမျိုး ကြာကြာ လိင်ဆက်ဆံလို့ရတာ မဟုတ်လား။
အဆုံးနားရှိ မှတ်ချက်က ချန်လွေ့၏အာရုံကို ဖမ်းစားသွားသည်။ ငါ့ရဲ့ ကြယ်ဆင့်ကဲပြောင်းလဲခြင်းက အဆင့်တစ်ခုအထိ ရောက်သွားမယ်ဆိုရင် ပါ့ဂ်လီအိုနဲ့ သဟဇီဝစာချုပ်ကို ဖယ်ရှားလို့ရမှာတဲ့လား။
(၂) ကျွန်-သခင်ကွင်းဆက် (၇/၁၂)။
မှတ်ချက်။ ။ [ B ] အဆင့်ကွင်းဆက်( ဖယ်ရှား၍ရ။အရှိန်အဝါတစ်သောင်း လိုအပ်သည် )။
စလီ၊ မှင်စာ။
ဒိုဒို၊ ချွဲကျိကောင်( သန္ဓေပြောင်း )။
တင်မ်၊ မဟာနတ်ဆိုး ( သန္ဓေပြောင်း )။
ရွိုင့်စ်၊ မဟာနတ်ဆိုး။
အရတ်စ်၊မဟာနတ်ဆိုး(သန္ဓေပြောင်း)။
ဗာဆာရှာ၊ မဟာနတ်ဆိုး။
ဆယ်လင်း၊ မဟာနတ်ဆိုး(သန္ဓေပြောင်း)။
(၃) ရုပ်သေးကွင်းဆက်(၁/၂)။
မှတ်ချက်။ ။ [ C ]အဆင့် ကွင်းဆက်(ဖယ်ရှား၍မရ)။
စနိုးဒင်၊ မဟာနတ်ဆိုး(သန္ဓေပြောင်း)။
ယခုတွင် ကျွန်-သခင် စာချုပ်ကို ဖယ်ရှား၍ ရနိုင်ပုံရသည်။သို့သော်လည်း ချန်လွေ့သည် လက်ရှိ၌ ထိုကဲ့သို့ ပြုလုပ်မည် မဟုတ်သည်မှာ သေချာသည်။
စိတ်ဝိညာဉ်ကွင်းဆက်စနစ် ဆိုသည်မှာ စာချုပ်၏ ရုပ်ပုံကားချပ်နှင့် စိတ်ထိန်းချုပ်မှုတစ်ခု ဖြစ်သည်။၄ နှင့် ၁၂ သည် အမြင့်ဆုံး အကန့်အသတ်ကို ကိုယ်စားပြုသည်။ညီတူစာချုပ်ကို လေးယောက်အထိ ချုပ်ဆိုနိုင်သည်။ကျွန်-သခင် စာချုပ်မှာ ၁၂ ယောက် ဖြစ်သည်။ အကန့်အသတ် ၂ယောက်သာရသော နတ်ဘုရား-ဝါးမျို မျက်နှာဖုံးမှလွဲ၍ ကျန်ရှိသော အထက်ကန့်သတ်ချက်များကို ကြယ်ဆင့်ကဲပြောင်းလဲခြင်းဖြင့် တိုးမြှင့်နိုင်ပေသည်။
အသိပေးချက်တစ်ခု ပေါ်လာပြန်သည်။ကြယ်ဆင့်ကဲပြောင်းလဲခြင်းသည် ကွင်းဆက်တိုးမြှင့်မှုကို ဆောင်ရွက်ရန် အဆင့်နိမ့်လွန်းသည်။ ဒါက အသုံးအနှုန်းအသစ်ပဲ။ကံမကောင်းစွာနဲ့ပဲ ငါ့ရဲ့ ကြယ်ဆင့်ကဲပြောင်းလဲခြင်းက ဒါကို သုံးနိုင်ဖို့အတွက် အဆင့်နိမ့်လွန်းတယ်။ဒါက စိတ်ဝိညာဉ်ကွင်းဆက်ကနေတစ်ဆင့် တစ်ယောက်နဲ့တစ်ယောက် အကျိုးရှိစေနိုင်မယ့် လုပ်ဆောင်ချက်တစ်ခု ဖြစ်နိုင်တယ်။
စိတ်ဝိညာဉ် စာချုပ်ဆိုသည်မှာ ချန်လွေ့သည်လည်း “ စာချုပ် ” တစ်ခု ပြုလုပ်နိုင်ခြင်းကို ဆိုလိုသည်။သေချာသည်မှာ ညီတူစာချုပ် တစ်ခုတည်းသာ အသုံးဝင်နိုင်သည်။ အခြားသူများကို ကျွန်-သခင် စာချုပ် ကမ်းလှမ်းရန် မဖြစ်နိုင်သည်မှာ သေချာပေသည်။
ချန်လွေ့သည် စူပါစနစ်မှ ပြန်ထွက်လာပြီး ဖာတီလုကို ကောက်ချီကာ ဆယ်လင်းအား အလောင်းများကို ရှင်းခိုင်းပြီးနောက် ဂါ့စ်ကို အပြင်သယ်ထုတ်ရန်အတွက် အိမ်ကြီးထဲသို့ ဝင်သွားတော့သည်။ထို့နောက် ချန်လွေ့က ခီရာကို ပြောသည်။
“ သွားရအောင်။ပြန်ရောက်ရင် ငါတို့မှာ ကောင်းကောင်း ဆွေးနွေးစရာတစ်ခု ရှိတယ်။ ”