← Chapters

အမှန်တရား။ပြုံးရင်း ငိုသော ကဝေမ

Vol. 18 Ch. 263

အမှန်တရား။ပြုံးရင်း ငိုသော ကဝေမ

Vol. 18 Ch. 263

ပွက်လောရိုက်သွားခြင်းသည် ကြီးမားသော်လည်း လှည်းသမားသည် ဆယ်လင်းဘက်မှ ဖြစ်သည်။ထို့ကြောင့် သူသည် စပ်စုသင့်မသင့်ကို သိသည်။ဆယ်လင်းက လူတစ်ယောက်ကို ကျောပေါ်တင်ပြီး ရောက်လာသည့်တိုင် သူဘာမျှမမေးဘဲ လှည်းကို မြို့ထဲသို့ တည့်တည့် မောင်းသွားလိုက်သည်။

ဆယ်လင်း၏ လုပ်ဆောင်ချက်မှာ အတော်လေး ကောင်းမွန်လှသည်။ ကတ်စတာမိသားစု၏ ဘေးဘက်တံခါး အစောင့်မှာလည်း သူ၏လူ ဖြစ်နိုင်ပေသည်။ နောက်ကျနေပြီ ဖြစ်သော်လည်း သူသည် ဘာမျှမပြောဘဲ ချန်လွေ့တို့ကို ပေးဝင်ခဲ့သည်။သူသည် အနီးအနား၌ လူရှိမရှိကိုပင် ကူညီစစ်ဆေး ပေးခဲ့သေးသည်။

ဝင်းအတွင်း၌ ချန်လွေ့က ဆယ်လင်းကို မေးသည်။

“ ဂါ့စ် နိုးလာဖို့ ဘယ်လောက်ကြာဦးမှာလဲ။ ”

“ ပုံမှန်အခြေအနေဆိုရင်တော့ သုံးရက် ကြာလိမ့်မယ်။ ”

ကျွန်-သခင် စာချုပ် ချုပ်ဆိုထားသော ဆယ်လင်းက ရိုရိုသေသေ ပြန်ဖြေသည်။

“ တကယ်လို့ သခင်က သူ့ကိုအခု နှိုးချင်တယ်ဆိုရင်တော့ နည်းလမ်းတစ်ခု ရှိပါတယ်။ ”

“ ရပါပြီ။သူ့ကို ဒီလိုပဲ အိပ်ခိုင်းထားလိုက်။ ”

ချန်လွေ့ ခဏစဉ်းစားပြီး ပြောလိုက်သည်။

“ မင်း အရင် နားလို့ရပြီ။ဆက်ခံသူရာထူးအတွက် သင့်တော်မယ် ထင်တာတွေလုပ်။ ငါမင်းကို လုံးဝထောက်ခံပေးမယ်။ ”

“ ကျေးဇူးတင်ပါတယ်။သခင်။ ”

ထင်ထားသကဲ့သို့ မဟုတ်သော်လည်း ဆယ်လင်း၏ နောက်ဆုံးပန်းတိုင်မှာ မိသားစု အတွက် ဖြစ်သည်။ထို့ပြင် သူ၏လက်ရှိသခင်မှာ သုံးသွယ်-အထူးပြု ယန္တရားဆရာသခင် သာမက မဟာနတ်ဆိုးဘုရင်အဆင့်စွမ်းအားနှင့် မယုံနိုင်စရာ တိုက်ခိုက်ရေး စွမ်းအားများကို ဖုံးကွယ်ထားလေသည်။သူသည် အနာဂတ်၌ နတ်ဆိုးဧကရာဇ် သို့မဟုတ် နတ်ဆိုးအရှင်သခင် မဖြစ်နိုင်ဟု မပြောနိုင်ပေ။အစွမ်းထက်သူကို နာခံပြီး မှီခိုခြင်းသည် နတ်ဆိုးဘုံ၌ သာမန်သာဖြစ်သည်။ထို့ပြင် ကျွန်-သခင် စာချုပ်မှာ ပယ်ဖျက်၍မရပေ။ ထို့ကြောင့် ဆယ်လင်းသည် မည်သည်မှ မကြံစည်ရဲပေ။

ဆယ်လင်းထွက်သွားပြီးနောက် ချန်လွေ့သည် သတိလစ်နေသော ဂါ့စ်နှင့် ဖာတီလုတို့ကို နေရာချပေးလိုက်သည်။ထို့နောက် ခီရာကို ခေါ်သွားပြီး ထိုင်ခိုင်းသည်။

“ ခီရာ။တစ်ခုခု မပြောချင်ဘူးလား။ ”

ခီရာ၏မျက်နှာပေါ်၌ ပုံမှန်အပြုံးမျိုး မရှိတော့‌ဘဲ ထိတ်လန့်မှုနှင့် ကြောက်ရွံ့မှုသာ ရှိနေသည်။သူသည် ခေါင်းကိုငုံ့ထား၏။အချိန်အတော်ကြာမှသာ ခီရာ စကားပြောလာသည်။

“ တောင်းပန်ပါတယ်။ ”

“ မင်းက ငါ့ကို အရိပ်နက်အင်ပါယာကနေ ထွက်သွားပြီးတော့ သွေးရောင်အင်ပါယာဆီသွားဖို့ အကြံပေးခဲ့တယ်။ ”

ချန်လွေ့ မျက်မှောင်ကြုတ်လိုက်သည်။

“ တစ်နည်းပြောရရင် မင်းကိုထိန်းချုပ်ထားတဲ့ အဖွဲ့အစည်းက အရိပ်နက်အင်ပါယာရဲ့ အဆင့်တော်တော်များများမှာ ပျံ့‌နှံ့နေတာပေါ့။ကတ်စတာ မိသားစုက ဖာတီလု တာဝန်ယူထားရတဲ့ အစိတ်အပိုင်း သေးသေးလေး တစ်ခုပဲ။ငါပြောတာ ဟုတ်လား။ ”

ခီရာက နှုတ်ခမ်းကိုကိုက်ပြီး စကားပြောရန် ပြင်လိုက်စဉ် ချန်လွေ့က ဖြတ်ပြောလိုက်သည်။

“ တောင်းပန်စရာ မလိုပါဘူး။မင်းက ငါ့အတွက် လုပ်နေတယ်ဆိုတာ ငါသိပါတယ်။ မဟုတ်ရင် မင်းကငါ့ကို ထွက်သွားဖို့ ပြောမှာ မဟုတ်ဘူး။လက်ရှိ အခြေအနေအရတော့ မင်းဆက်ပြီး ဖုံးကွယ်ထားမယ်ဆိုရင် ငါ့ကို ကူညီရာမရောက်ဘူး။ငါ့ကို ထိခိုက်အောင် လုပ်သလို ဖြစ်နေမှာ။မင်းရဲ့ နောက်ကွယ်မှာရှိတဲ့ အင်အားစုက တော်တော်လေး စွမ်းအားကြီးရမယ်။မင်းကငါ့ကို ပျောက်ကွယ်သွားစေချင်တာလား။ဒါမှမဟုတ် မရှင်းပြဘဲ သေ‌သွားစေချင်တာလား။ ”

ခီရာ၏မျက်လုံးများ နီသွားသော်လည်း အသံလုံးဝမထွက်ပေ။သူ၏သေးသွယ်သော ပုခုံးသည် မုန်တိုင်းကြောင့် အချိန်မရွေး လွင့်သွားနိုင်သော သိမ့်သိမ့်တုန်နေသည့် ပန်းကလေးကဲ့သို့ တုန်ခါနေ၏။ထိုကဲ့သို့ အားနည်းမှုနှင့် အကူအညီမဲ့နေမှုသည် အမှောင်လမြို့မှ ဆွဲဆောင်မှုရှိသော အစေခံမလေးနှင့် လုံးဝမတူညီပေ။

“ ရှင့်....ရှင့်ရဲ့ပုခုံးကို ခဏ ငှားလို့ရမလား။ ”

နောက်ဆုံး၌ ခီရာသည် ကြက်သီးများထနေရင်း ပြောလိုက်သည်။

ချန်လွေ့ သက်ပြင်းချပြီး စိတ်ထဲ၌ သနားမိသွားပြီး ခီရာအား ပွေ့ဖက်လိုက်သည်။ ယခုတစ်ခေါက်တွင် ချန်လွေ့သည် လုံဝလျို့ဝှက်ကြံစည်နေခြင်း မဟုတ်ပေ။

တောင့်ခံထားသော ရှိုက်သံများမှတစ်ဆင့် ထိန်းချုပ်၍မရဘဲ ငိုမိသွားတော့သည်။ ပထမဆုံး အကြိမ်အဖြစ် ခီရာသည် ယောက်ျားတစ်ယောက်၏ လက်ထဲ၌ အလွန်နာကျင်နေ၏။ထိုသူသည် ရုပ်မချောပေ။ရုပ်ဆိုးသည်ဟုလည်း မသတ်မှတ်နိုင်ပေ။ သို့သော်လည်း သူ၏ပွေ့ဖက်မှုသည် နွေးထွေးလှပြီး ခီရာအား စိတ်အေးချမ်း သွားစေသည်။

နှစ်ပေါင်းများစွာ နာကျင်မှုများကို ပထဆုံးအကြိမ်အဖြစ် ဖွင့်ထုတ်လိုက်ခြင်းဖြစ်သည်။ ချန်လွေ့၏ ရင်ဘတ်သည်လည်း စိုရွှဲသွား၏။ချန်လွေ့ လုပ်နိုင်သည့်အရာမှာ ထိုလှပသောခန္ဓာကိုယ်ကို ပွေ့ဖက်ထားရုံသာ ဖြစ်သည်။သူ၏စိတ်ထဲ၌ ညစ်ညမ်းသော အတွေးများ ရှိမနေဘဲ ပြင်းပြသော စာနာသနားမှုသာ ရှိနေ၏။

ရှီရာသည် ခံစားချက်အားလုံးကို အေးစက်ပြီး မထုံတတ်‌သေးမျက်နှာထဲ၌ ဖုံးကွယ်ထားသည်ဆိုလျှင် ခီရာသည် နာကျင်မှုအားလုံးကို ဖိနှိပ်ရန်အတွက် အပြုံးကို အသုံးချနေခြင်းပင် ဖြစ်သည်။သူသည် ငိုကြွေးရန်အတွက် ပြုံးနေခြင်း ဖြစ်သည်။

သူ ပိုပြီး ဆွဲဆောင်မှုရှိအောင် ပြုံးလေလေ သူပိုပြီး နာနာကျင်ကျင် ငိုကြွေးလေလေ ဖြစ်သည်။

ကမ္ဘာလောကမှ ဖော်ပြသော ကဝေမဆိုသည်မှာ ကောက်ကျစ်၊ဆိုးယုတ်ပြီး ဖရိုဖရဲဖြစ်သော စုန်းမတစ်ယောက်ဖြစ်ပြီး အလင်းရောင် ရှာဖွေသူများကို ကျရှုံး‌စေရန်အတွက် ခန္ဓာကိုယ်ကို အသုံးချပြီး မြူဆွယ်သူ ဖြစ်သည်။အချို့ နာမဝိသေသနများသည် မှန်ကန်သော်လည်း ကမ္ဘာလောက၌ ခန္ဓာကိုယ်ကို အသုံးချသော အမျိုးသမီးများသည် ကဝေမထက် မနိမ့်ကျပေ။အခြားရှုထောင်မှုကြည့်မည်ဆိုလျှင် အမှောင်ထုနှင့်အလင်းသည် ဆက်နွှယ်နေ၏။အမှောင်ထုသည် မှိန်ပျနေသော အလင်းဖြစ်ပြီး အလင်းသည် တလက်လက်တောက်နေသော အမှောင်ထု ဖြစ်သည်။

ရင်ဘတ်ထဲမှ နာကျင်မှုကို မျက်ရည်များအဖြစ် ဖွင့်ချပြီးနောက် ကဝေမ၏ အက်ကွဲကွဲအသံ ပြတ်တောင်းပြတ်တောင်း ထွက်လာ၏။

“ ကျွန်မရဲ့အမေက ကဝေမဖြစ်နေပြီးတော့ အဖေက.... ဘယ်ဇီဘတ် တော်ဝင်မိသားစုဝင် ဖြစ်နေတယ်။ ”

ချန်လွေ့ အံ့ဩသွား၏။ ငါထင်ထားတာက မှားနေတာပဲ။ခီရာရဲ့အဖေက လီဗျာသန် မဟုတ်ဘဲ ဘယ်ဇီဘတ် တော်ဝင်မိသားစုဝင် ဖြစ်နေတယ်။

“ အစကတော့ ကျွန်မအမေက အစေခံတစ်ယောက်ပဲ။ဒါပေမဲ့ သူ့ကို အဖေက အဓမ္မကျင့်ခဲ့တယ်။ပြီးတော့.....ကျွန်မ ရလာခဲ့တယ်။ကျွန်မရဲ့ ဝါးမျိုခြင်းခန္ဓာကလည်း ဘယ်ဇီဘတ်တို့ရဲ့ [ ဝါးမျိုခြင်း ] ပါရမီကနေ ဆင်းသက်လာတာ ဖြစ်မယ်။ ကံမကောင်းတာက ကျွန်မက ဘယ်ဇီဘတ် တော်ဝင်မိသားစုဝင် မဟုတ်ဘဲနဲ့ ကဝေမ ဖြစ်နေတယ်။တကယ်လို့ ကျွန်မက ဘယ်ဇီဘတ် သွေးမျိုးဆက်နဲ့ မွေးဖွားလာမယ်ဆိုရင် ကျွန်မအမေရဲ့ဘဝက ဒီလောက် သနားစရာကောင်းမှာ မဟုတ်ဘူး။ ”

“… ဖာတီလုရဲ့အမေ ဆာဘရီနာက နောက်ပိုင်း အဖေနဲ့လက်ထပ်ပြီးတော့ မယားကြီး ဖြစ်လာခဲ့တယ်။သူက ကျွန်မနဲ့ ကျွန်မအမေကို ခဏခဏ နှိပ်စက်ပြီးတော့ အနိုင်ကျင့်တယ်။သူ ဖာတီလုကို မွေးဖွားပြီးတော့ ကျွန်မအမေနဲ့ ကျွန်မအပေါ်ကို [ ဝိညာဉ်လက်ထိပ် ] သုံးခဲ့တယ်။အဲဒါနဲ့ ကျွန်မတို့လည်း သူတို့ရဲ့ ကျေးကျွန် ဖြစ်လာပြီးတော့ သေရတာထက်ပိုဆိုးတဲ့ဘဝမှာ နေနေခဲ့ရတယ်..... ”

“… ဘယ်ဇီဘတ်ဘုရင် ဂလော်ဖင်းကို သန်းခေါင်နေအရှင် အနိုင်ယူခဲ့တဲ့နှစ်တုန်းက ဂလော်ဖင်း ဘယ်ရောက်သွားလဲ ဆိုတာနဲ့ အဆောင်ပစ္စည်း ဘယ်မှာလဲဆိုတာကို မသိခဲ့ကြဘူး။ကျွန်မကို သတင်းအချက်အလက် စုဆောင်းဖို့နဲ့ နတ်ဘုရား-ဝါးမျိုမျက်နှာဖုံးရဲ့ အပိုင်းအစကို ရှာဖွေဖို့အတွက် အမှောင်လမြို့ဆီ ပို့လိုက်တာ.... ”

“… ဘယ်ဇီဘတ် အဖြစ်အပျက်တစ်ခု တော်ဝင်နန်းတော်မှာ ဖြစ်ခဲ့တယ်။ အဆောင်ပစ္စည်းရဲ့ အစိတ်အပိုင်းကို နတ်ဘုရား-ဝါးမျို မျက်နှာဖုံး အဓိကအပိုင်းရှိတဲ့ ဘယ်ဇီဘတ်တော်ဝင်မိသားစုဝင် တစ်ယောက်က ရှာတွေ့သွားတယ်လို့ ပြောကြတယ်။ဒါပေမဲ့ ကျွန်မ ဘာသတင်းမှ မရခဲ့ဘူး...”

နောက်ဆုံး၌ ချန်လွေ့ သဘောပေါက်သွားပြီး စိတ်ထဲမှ ပဟေဠိများ တစ်ခုပြီးတစ်ခု ပြေလည်သွားတော့သည်။

ခီရာရဲ့ ဝါးမျိုခြင်းခန္ဓာက သူ့အဖေဆီကနေ ဆက်ခံထားတာကိုး။ပြီးတော့လည်း သူတို့သားအမိရဲ့ ဘဝက တော်တော်လေး သနားစရာကောင်းတယ်။သူတို့က ဆာဘရီနာရဲ့ [ ဝိညာဉ်လက်ထိပ် ] နဲ့ ထိန်းချုပ်တာကိုတောင် ခံနေရတယ်။ခီရာ အမှောင်လမြို့ဆီလာရတဲ့ ရည်ရွယ်ချက်က ဂလော်ဖင်းနဲ့ နတ်ဘုရား-ဝါးမျို မျက်နှာဖုံး တည်နေရာကို ရှာဖွေဖို့ပဲ။

နတ်ဆိုးဘုံမှာ သွေးနှောမရှိဘူး။ခီရာရဲ့အမေက အဆင့်နိမ့်ကနေ လာတာ။ပြီးတော့ သူက ကဝေမတစ်ယောက်ကို မွေးခဲ့တယ်။အဲဒါကြောင့် ခီရာရဲ့ အဆင့်အဆန်းက “မိသားစု” ထဲမှာ တော်တော်လေး နိမ့်ကျနေခဲ့တာ။သူ့ရဲ့အဖေတောင် သူ့ကို သမီးတစ်ယောက် အနေနဲ့ တစ်ခါမှ မဆက်ဆံခဲ့ဘူး။ခီရာတို့သားအမိကို ဆာဘရီနာက [ ဝိညာဉ်လက်ထိပ် ] သုံးပြီး ထိန်းချုပ်၊နှိပ်စက်တာကိုတောင် သူခွင့်ပြုပေးခဲ့တယ်။

“ ကျွန်မရဲ့အဖေက ရည်မှန်းချက်ကြီးတယ်။သူက အမြဲတမ်း ဘယ်ဇီဘတ် တော်ဝင်မိသားစုရဲ့ ဂုဏ်ကျက်သရေကို ပြန်ရချင်နေခဲ့တာ။ရှင်က နောက်ခံ ကောင်းကောင်း မရှိတဲ့ သုံးသွယ်-အထူးပြု ယန္တရားဆရာသခင်တစ်ယောက်လေ။ သူက ဒီလိုလူတော်မျိုးကို လက်လွှတ်ခံမှာ မဟုတ်ဘူး။အဲဒါကြောင့် ကျွန်မက ရှင့်ကို ဧကရာဇ် ရိုင်ဇန်ဆီသွားဖို့ အကြံပေးခဲ့တာ။ဒါပေမဲ့ သူတို့ ဒီလောက်မြန်မြန် ရောက်လာမယ် မထင်ထားခဲ့ဘူး။ ”

ချန်လွေ့က ခီရာ၏ခေါင်းပေါ်မှ ချိုကွေးလေးကို အသာလေး ပွတ်သတ်လိုက်သည်။

“ ခီရာ။အရိပ်နက်အင်ပါယာက အန္တရာယ်မကင်းဘူးလို့ မင်းပြောတယ်ဆိုတော့ မင်းရဲ့အဖေက အရိပ်နက် အင်ပါယာထဲမှာလား။ ”

“ မသိဘူး။ကျွန်မက သူ့ရဲ့လူတွေဆီကို မှော်အဆက်အသွယ်အဆောင် ကနေတစ်ဆင့် တစ်လတစ်ခါ နှစ်လတစ်ခါ သတင်းပို့ရတာ။သူက ကျွန်မကို တစ်ခါမှ လာမတွေ့ဘူး။ သူ့မှာ သမီးတစ်ယောက် ရှိတာကို မေ့သွားပြီးတော့ ခီရာလို့ခေါ်တဲ့ အသုံးချစရာ ပစ္စည်းတစ်ခုပဲ ရှိတယ်လို့ မှတ်မိတော့တာထင်တယ်။ကျွန်မရဲ့ ဝါးမျိုခြင်း ခန္ဓာအမျိုးအစားကြောင့်သာမဟုတ်ရင် အခုဆို ကျွန်မက လိင်ပိုင်းဆိုင်ရာ အလဲအလှယ်တစ်ခု ဖြစ်သွားလောက်ပြီ။ ”

ခီရာ၏ခန္ဓာကိုယ် တုန်လှုပ်သွားပြီး သနားစရာ ကောင်းလောက်အောင် ရယ်လိုက်သည်။

“ တကယ်တော့....အမှောင်လမြို့မှာ သူလျှိုလုပ်ရတဲ့ဘဝက ကျွန်မအတွက် အလွယ်ဆုံးဘူး။ပြေးလွှားနေစရာ မလိုဘူး။အရင်ကလိုမျိုး လူတွေကို မြူဆွယ်စရာ မလိုဘူး။ဆာဘရီနာနဲ့ သူရဲ့သမီး နှိပ်စက်တာကို မခံရဘူး....။ပြီးတော့ မင်းသမီးလေးနဲ့ လူသားက ကျွန်မကို ကောင်းကောင်း ဆက်ဆံတယ်။သူတို့က ကျွန်မရဲ့ သူငယ်ချင်းတွေလိုမျိုးပဲ..... ”

မင်းသမီးလေးက ကောင်းပါတယ်။လူသားကတော့.....အခုမင်းကို လိမ်ညာနေတဲ့ပုံပဲ။ ဒါပေမဲ့ ငါ့ရဲ့သရုပ်မှန်ကို အခုပြောပြလို့ မဖြစ်ဘူး။ ချန်လွေ့ သက်ပြင်းချလိုက်သည်။

“ ဒီတော့ မင်းက အမှောင်လမြို့ဆီ ပြန်ချင်တယ်ပေါ့။ ”

“ ကျွန်မမှာ [ ဝိညာဉ်လက်ထိပ် ] ရှိနေတယ်။အဲဒါကြောင့် ဘယ်ပဲသွားသွား သူတို့ရဲ့ ထိန်းချုပ်မှုကနေ လွတ်မှာမဟုတ်ဘူး။ကျွန်မရှင်နဲ့ တူတူနေရင် ရှင့်အတွက်ပဲ ဝန်ထုတ်ဝန်ပိုးဖြစ်မှာ။ပြီးတော့ ကျွန်မအမေကလည်း သူတို့ရဲ့ထိန်းချုပ်မှုအောက်မှာ ရှိနေသေးတယ်။ဖာတီလုနဲ့ ဆာဘရီနာတို့က ဝိညာဉ်ချိတ်ဆက်မှု သန္ဓေပြောင်းပါရမီ တစ်ခု ရှိတယ်။ဖာတီလု အသတ်ခံလိုက်ရရင် ဆာဘရီနာ သေချာပေါက်သိမှာပဲ။ကျွန်မ အမှောင်လမြို့ဆီ သွားတုန်းက သူ နတ်ဆိုးဧကရာဇ်အဆင့် ရောက်တော့မယ်။ဒါပေမဲ့ သူက ပိုင်နက်စွမ်းအားကို သဘောမပေါက်သေးဘူး။ရှင် တာပုလီကို သတ်နိုင်ပေမဲ့ ဆာဘရီနာကိုတော့ လုံးဝယှဉ်နိုင်မှာ မဟုတ်ဘူး။ပြီးတော့လည်း ကျွန်မရဲ့ ကြောက်စရာ အဖေ ရှိနေသေးတယ်..... ”

“ ဖာတီလုက ရက်စက်တယ်။သူ့ကို လွှတ်ပေးလိုက်ရင် သူမင်းကို ခွင့်လွှတ်မှာ မဟုတ်ဘူး။မင်းနဲ့ မင်းရဲ့အမေကို သေချာပေါက် လက်စားချေမှာပဲ။ ”

ချန်လွေ့ မျက်မှောက်ကြုတ်သွားသည်။

“ ငါမင်းရဲ့အမေကို ကယ်နိုင်မယ်ဆိုရင်.... ”

“ မဖြစ်နိုင်ဘူး။ ”

ခီရာ ခေါင်းခါလိုက်သည်။

“ ရှင် ဆာဘရီနာကို သတ်နိုင်ပြီးတော့ [ ဝိညာဉ်လက်ထိပ် ] ကို ဖယ်ရှားနိုင်ရင်တောင် ရှင့်ရဲ့စွမ်းအားက နတ်ဆိုးအရှင်သခင်အဆင့် မရောက်သေးသရွေ့ ကျွန်မရဲ့အဖေကို အနိုင်ယူနိုင်မှာ မဟုတ်ဘူး။ ”

“ မင်းရဲ့အဖေက နတ်ဆိုးအရှင်သခင်အဆင့်လား။ ”

ချန်လွေ့ အံ့အားသင့်သွားသည်။

“ သူ့ရဲ့ဝမ်းကွဲက အမှောင်လမြို့ကို ပုန်ကန်ခဲ့တဲ့ ဘယ်ဇီဘတ်ဘုရင် ဂလော်ဖင်းပဲ။သူက ပုန်ကန်မှုကနေ လွတ်မြောက်လာတဲ့ လူတွေထဲက တစ်ယောက်ပဲ။ပြီးဆော့ ဆာဘရီနာကလည်း အရိပ်နက်ဗိုလ်ချုပ်မှူးကြီး ဘရော့ခ်လီဗျာသန်ရဲ့ ညီမပဲ။ဘရော့ခ်က ဦးလေး ဖလောရင့်စ်ရဲ့ သားမက်။သူ့မှာ စစ်တပ်အင်အားရှိတယ်။ပြီးတော့ သူရဲ့လွှမ်းမှိုးမှုကလည်း အရိပ်နက်အင်ပါယာမှာ တော်တော်လေး ကြီးမားတယ်။ရှင် ဒီက အမြန်ဆုံး ထွက်သွားပြီးတော့ သွေးရောင် အင်ပါယာဆီ သွားသင့်တယ်။မဟာရိုင်ဇန်က နတ်ဆိုးဘုံမှာ အစွမ်းထက်ဆုံးပဲ။သူ့ရဲ့လက်အောက်မှာဆိုရင် ရှင်ပိုပြီး လုံခြုံမှာ။ ”

“ ငါသွားလိုက်ရင် မင်း ဘာလုပ်မှာပဲ။ဖာတီလုက မင်းနဲ့မင်းအမေကို သေချာပေါက် ရက်ရက်စက်စက် နှိပ်စက်မှာ။ငါမင်းကို ဘယ်တော့မှ တစ်ယောက်တည်း ချန်မထားဘူး။ငါ အရင် စဉ်းစားလိုက်ဦးမယ်။ ”

ချန်လွေ့ခေါင်းခါပြီး ပင့်သက်ရှိုက်လိုက်သည်။ထို့နောက် သူ၏လက်ထဲမှ ခီရာကို လွှတ်ပေးပြီး ဖြည်းဖြည်းချင်း မတ်တပ်ရပ်လိုက်သည်။သူသည် စဉ်းစားနေဟန်တူပြီး ခေါက်တုံ့ခေါက်ပြန် လမ်းလျှောက်နေတော့သည်။

နတ်ဆိုးအရှင်သခင်အဆင့် ဘယ်ဇီဘတ်၊ ဘရော့ခ်၊ ဆာဘရီနာ.....။ ကိစ္စအတော်များများသည် ချိတ်ဆက်နေကြောင်း ချန်လွေ့ ရေးရေးလေး ခံစားလိုက်မိသည်။အကယ်၍ အမှောင်လမြို့သည် စစ်တုရင်ကစားပွဲ အသေးလေးဆိုလျှင် အရိပ်နက်အင်ပါယာသည် ဧရာမ စစ်တုရင်ကစားပွဲတစ်ခု ဖြစ်လေသည်။

ဟုတ်တယ်။ဒါက စစ်တုရင် ကစားပွဲဆိုတော့ နတ်ဆိုးဘုရင်တစ်ယောက်၏ “ နယ်ရုပ် ” တစ်ရုပ်ဖြစ်တဲ့ငါက အားလုံးကို ဖြေရှင်းနိုင်မှာ မဟုတ်ဘူး။အင်အားစုအချို့ကို ငါအသုံးချရမယ်။ဥပမာပြောရရင် ရန်သူရဲ့ရန်သူက ငါ့ရဲ့ခွန်အား ဖြစ်လာနိုင်တယ်။သူတို့ရဲ့ “ ဘုရင် ” ကိုလည်း အခြား “ဘုရင်”တစ်ယောက်နဲ့ ဖြေရှင်လို့ရနိုင်တယ်။

ကြည့်ရတာ မနက်ဖြန် နန်းတော်ကို သွားရမှာက နောက်ထပ် အရေးကြီးကိစ္စတစ်ခု ဖြစ်လာတော့မယ် ထင်တယ်။

“ အရင်ဆုံး ပြောပြမယ်။ငါက မင်းအတွက် ဒီလိုစွန့်စားတာမဟုတ်ဘူး။ ငါ့ရဲ့အစီအစဉ်အတိုင်း လုပ်နေရင်း မင်းရဲ့အမေကို ကယ်ပြီးတော့ မင်းတို့နှစ်ယောက်ရဲ့ [ ဝိညာဉ်လက်ထိပ် ] တွေကို “အဆင်ပြေပြေ” ဖယ်ရှားပေးလိုက်နိုင်မှာမျိုးပဲ။ ”

ချန်လွေ့ စိတ်ပိုင်းဖြတ်ပြီးနောက် စကားရပ်ကာ ပြုံးလိုက်သည်။

“ မင်းငါ့ကို ဘယ်လို ကျေးဇူးဆပ်မှာလဲ။ ”

ချန်လွေ့၏အစီအစဉ်မှာ အမှန်တကယ်ပင် ခီရာအတွက်သာ မဟုတ်ဘဲ ဒေလီယာအတွက်လည်း ဖြစ်သည့်အပြင် အရိပ်နက်အင်ပါယာ၏ ဧကရီလောင်းအတွက်လည်း ဖြစ်နိုင်သည်။ ပြောရရင် သူက အခု အရိပ်နက်အင်ပါယာကို ရောက်လာပြီဆိုတော့ ဗိုလ်ချုပ် ဘရော့ခ်နဲ့ ပြန်တွေ့ရတာပေါ့။

ခီရာ ခေါင်းမော့လိုက်ရာ ချန်လွေ့၏ ပြတ်သားသော အကြည့်နှင့် ဆုံသွား၏။

ထိုလူ၏မျက်နှာပေါ်၌ ခပ်ညစ်ညစ်အပြုံး ရှိနေသော်လည်း ထိုသူသည် အတည်ပြောနေပြီး စိတ်ပိုင်းဖြတ်ထားကြောင်း ခီရာသိသည်။

ခီရာ၏မျက်လုံးများ စိုရွဲသွားပြန်သည်။သို့သော်လည်း သူ၏မျက်နှာ၌ ပထမဆုံး အကြိမ်အဖြစ် ဟန်ဆောင်ခြင်းလုံးဝမပါသော စစ်မှန်သော အပြုံးတစ်ပွင့် ပေါ်ထွက်လာခဲ့သည်။

“ ဒါဆိုရင် ကျွန်မလည်း ပြောမယ်။အဲဒါက ကျေးဇူးဆပ်ဖို့အတွက်ပဲ မဟုတ်ဘူး။ရှင် အောင်မြင်တာပဲဖြစ်ဖြစ်၊ မအောင်မြင်တာပဲ ဖြစ်ဖြစ်...ဘယ်လိုပဲဖြစ်ဖြစ်၊ တစ်စုံတစ်ယောက်က ကျွန်မကို ဖယ်ရှားလို့တော့ ရမှာ မဟုတ်ဘူး။ ”

သူတို့နှစ်ယောက် အချင်းချင်းကြည့်ပြီး ပြုံးလိုက်ကြသည်။သူတို့သည် နှလုံးသားချင်း ပို၍နီးစပ်သွားသကဲ့သို့ ခံစားသွားရသည်။

ခီရာက ကိစ္စတစ်ခုကို ရုတ်တရက် သတိရလိုက်သည်။

“ ဖာတီလု ကရော။အကျဉ်းချတာက ရေရည်အတွက် မသင့်တော်ဘူး။သူ ပျောက်သွားတာကို ဆာဘရီနာ သိသွားမယ်ဆိုရင် သူက ဝိညာဉ်ချိတ်ဆက်မှုကို သုံးပြီးတော့ ဒီနေရာကို ရှာတွေ့သွားမှာ။ ”

“ ဖာတီလုကို အကျဉ်းချမယ်လို့ဘယ်သူပြောလဲ။ ”

ချန်လွေ့က လျို့ဝှက်ဆန်းကြယ်စွာ ပြောသည်။

“ သူက ငါ့အစီအစဉ်ရဲ့ အဓိကသော့ချက်တစ်ခုပဲ။ဒါပေမဲ့ အားလုံးကိုတော့ မနက်ဖြန်ပြီးမှ ဆုံးဖြတ်ချက် ချလို့ရမယ်။ ”

မနက်ဖြန်က နန်းတော်မှာ “ သူ့ ” ကို တွေ့ရမယ့် နေ့ပဲ။

All Chapters