← Chapters

ပြန်တွေ့ကြပြီနော်

Vol. 18 Ch. 264

ပြန်တွေ့ကြပြီနော်

Vol. 18 Ch. 264

နောက်တစ်နေ့ အရိပ်နက်အင်ပါယာ အတွင်းမြို့ထဲရှိ နန်းတော်၌ ဖြစ်သည်။

ချန်လွေ့သည် ရင်ဘတ်၌ ရွှေရောင်အနားကွတ်နှင့် လနှစ်စင်းပါသော တံဆိပ်ပြားပါသည့် ယန္တရားဆရာသခင် ဝတ်ရုံကို ဝတ်ဆင်ထားပြီး ဧကရီ ကတ်သရင်းပေးခဲ့သော လက်မှတ်ကို ဂိတ်တံခါးရှိ အစောင့်များထံ ပေးခဲ့သည်။

အစောင့်များသည် နှစ်တစ်သောင်းအတွင်း နတ်‌ဆိုးဘုံ၏ ပထမဆုံး သုံးသွယ်-အထူးပြု ယန္တရားဆရာသခင်ကို အတော်လေး လေးစားသမှု ပြုကြသည်။လက်မှတ်ကို လက်ခံပြီးနောက် မျက်နှာလွှားဇာကာထားသော နန်းတွင်းသူတစ်ယောက်က ချန်လွေ့ကို နန်းတော်ဆီသို့ ခေါ်သွား၏။

အရိပ်နက်အင်ပါယာ၏ လုပ်ပိုင်ခွင့်အမြင့်ဆုံးသော တော်ဝင်နန်းတော်သည် ထင်ထားသလောက် ဇိမ်ခံပစ္စည်းများနှင့် မပြည့်နေခဲ့ပေ။ခြုံကြည့်ရမည်ဆိုလျှင် မနွမ်းလျဘဲ ရှေးဆန်သကဲ့သို့ ခံစားရပြီး ကောင်းမွန်သော အနုပညာများကိုလည်း တွေ့မြင်နိုင်ပေသည်။

တော်ဝင်နန်းတော်၏ အရွယ်အစားမှာ အတော်လေး ကြီးမားလှပြီး အတော်လေး ရှုပ်ထွေးသော ဝင်္ကပါများလည်း ရှိသည်။၎င်းသည် အမှောင်လမှ နန်းတော် အသေလေးနှင့် လုံးဝကွာခြားလှသည်။နန်းတွင်းသူသည် ချန်လွေ့အား တစ်နာရီနီးပါး ခေါ်သွားပြီး နောက်ဆုံး၌ ချောင်ကျသော ခြံဝင်းတစ်ခုထဲသို့ ရောက်ရှိလာခဲ့သည်။

“ ဆရာသခင်။အထဲဝင်ပါ။လေဒီက ခဏနေရင် ရောက်လာမှာပါ။ ”

နန်းတွင်းသူက ဦးညွှတ်ပြီး နောက်ဆုတ်သွားလိုက်သည်။

ချန်လွေ့သည် စိတ်ကို တည်ငြိမ်စေပြီး ခြံဝင်းထဲသို့ လမ်းလျှောက်သွား၏။

ခြံဝင်းသည် အတော်လေး တိတ်ဆိတ်လှပြီး အပင်များ၊သစ်ပင်များနှင့် အသက်ဓာတ် ပြည့်ဝနေပုံရသည်။[ နိဗ္ဗာန် ]၏ လွှမ်းမိုးမှုကြောင့် ထိုအပင်များသည် ပုံမှန်ထက် စိမ်းလန်းစိုပြည်နေပုံရသည်။ချန်လွေ့သည် သစ်ပင်များကို အသာအယာ ပွတ်သပ်ပြီး ခန္ဓာကိုယ်ထဲရှိ နိဗ္ဗာန်မီးတောက်ကို တွေးမိလိုက်သည်။ထို့နောက် ထိုအချိန်က သူ၏ ခန္ဓာကိုယ်ထဲ ပေါင်းစပ်သွားသော သွေးနီရဲရဲကို တွေးမိသွားသည်။ထို့နောက်တွင် ထိုတဲအိမ်ထဲရှိ နောက်ထပ်ပေါင်းစပ်မှုတစ်ခုကိုလည်း တွေးမိလိုက်သည်.....

အသံတိတ်ညစိမ့်မြေသို့ သွားစဉ် “ တော်ဝင်အမျိုးသမီး ”၏ ပါရမီနဲ့ စိတ်နေသဘောထားသည် ချန်လွေ့ကို အနည်းငယ် ဆွဲဆောင်လာခဲ့သည်။ထို့နောက် ဝိုင်ဗန်အသိုက်ထဲရှိ ရုတ်တရက် မတော်တဆဖြစ်မှုက သူတို့၏ ပတ်သက်မှုကို ရှေ့ဆက်သွားစေပြီး တစ်ခါတည်း အဆုံးအထိ ရောက်ရှိသွားခဲ့သည်။ချန်လွေ့က မိမိသည် ပေါ့ပြက်သော လူတစ်ယောက်ဖြစ်သည်ကို ဝန်ခံသည်။ခရစ္စတီးနား၏ ပြီးပြည့်စုံသော အသွင်အပြင်နှင့် ခန္ဓာကိုယ်သည် သူ့ကို ထိန်းမရ ဖြစ်စေခဲ့သည်။သူ၏ပထမဆုံး မိန်းမဖြစ်သော ချစ်ရသည့် အမျိုးသမီးကို ကာကွယ်ရန်အတွက် သူသည် နတ်ဆိုးဧကရာဇ် စွမ်းအားရှိသော ဘရော့ခ်နှင့် တိုက်ခိုက်ခဲ့သည်။ယခုတွင် စဉ်းစားကြည့်ရာ ၎င်းသည် အမှန်တပယ်ပင် စိတ်လိုက်မာန်ပါ ဖြစ်လွန်းလှသည်။(တဏှာကြောင့် ဉာဏ်ကွယ်သွားတာလား။ )

သူ သေတော့မည့်အချိန်၌ သူ့ကို သတ်သင့်သည့် ခရစ္စတီးနားက သူ့ကို အဖိုးတန် နိဗ္ဗာန်သွေး ပေးအပ်ခဲ့သည်။၎င်းသည် စိတ်လိုက်မာန်ပါ ပြုလုပ်ခြင်း ဖြစ်နိုင်သော်လည်း ၎င်းသည် အနီရောင် ပုလွေတိုအား ချန်လွေ့၏နှလုံးသားထဲသို့ အမှန်တကယ် ရောက်သွားစေသည်။

နိဗ္ဗာန်မီးတောက်ကို ကျွမ်းလောင်သည့်အခါတိုင်း ချန်လွေ့သည် ခရစ္စတီးနားအား အလိုလို တွေးမိသည်။အချင်းချင်း အကြွေးမတင်တော့ကြောင်း ပြောခဲ့သော အမျိုးသမီး၊ ပြန်ဆုံလျှင် သတ်ပစ်မည်ဟုပြောခဲ့သော အမျိုးသမီးကို ချန်လွေ့ ထပ်ပြီး တွေ့ချင်နေခဲ့သည်။

ယခုတွင် သူ၏ဆန္ဒ ပြည့်ဝတော့မည့်အချိန်တွင် နှလုံးသားထဲ၌ ဖော်ပြ၍မရသော ခံစားချက်တစ်ခု ရှိနေသည်။မျှော်လင့်ခြင်း၊ စိုးရိမ်ခြင်း၊ ကြောက်လန့်ခြင်း......တိကျသော အသုံးအနှုန်းများဖြင့် ဖော်ပြ၍ မရနိုင်တော့ပေ။

မျိုးနွယ် - ကာမတော်ဝင်မိသားစု(သန္ဓေပြောင်း)။

စွမ်းအားအကဲဖြတ်မှု - [ A ]

ခန္ဓာအမျိုးအစား - [ A ]

ခွန်အား - [ A ]

စိတ်ဝိညာဉ် - [ A ]

မြန်ဆန်မှု - [ A ]

[ သရုပ်ခွဲမျက်လုံး ]၌ ရုတ်တရက် ပေါ်ထွက်လာသော အချက်အလက်သည် ချန်လွေ့၏ လက်ကို တုန်သွားသည်။ချန်လွေ့ ဖြည်းဖြည်းချင်း နောက်ပြန်လှည့်လိုက်၏။

ခြံဝင်းထဲမှာ နောက်ထပ်လူတစ်ယောက် ရှိနေပြီးသားပဲ။

ပြီးပြည့်စုံသော အချိုးအစားနှင့် ရှေးဝတ်ရုံဖြင့်ပင် ဖြစ်သည်။သူ၏ ရှည်လျားသော ဆံပင်အနက်ရောင်ကို ချည်နှောင်ထားပြီး မျက်နှာကို ဇာမျက်နှာလွှားဖြင့် အုပ်ထားကာ တော်ဝင်ပြီး လျို့ဝှက်ဆန်းကြယ်သောစရိုက် ပေါ်လွင်နေသည်။

တကယ် သူပဲ။

နှလုံးခုန်မြန်လာသည်ဟု ချန်လွေ့ခံစားလိုက်ရပြီး လှုပ်ရှားနေသောစိတ်ကို ကြိုးစားထိန်းပြီး နောက်ပြန်လှည့်ကာ အရိုအသေ ပေးလိုက်သည်။

“ ခင်ဗျားက တော်ဝင်အမျိုးသမီး ခရစ္စတီးနာလား။ကျုပ်က အာသာပါ။ မိတ်ဆွေ တစ်ယောက်က ခင်ဗျားကို တစ်စုံတစ်ခု‌ပို့ပေးခိုင်းလိုက်တယ်။ ”

ခရစ္စတီနားသည် စကားမပြောဘဲ ချန်လွေ့ကို တိတ်တိတ်ဆိတ်ဆိတ် ကြည့်နေလိုက်သည်။ဇာမျက်နှာလွှားနောက်ကွယ်ရှိ တည်ငြိမ်သော အကြည့်က ချန်လွေ့၏ [ ရုပ်ဖျက်ခြင်း ] ကို ဖောက်ထွင်းမြင်နိုင်သကဲ့သို့ ဖြစ်နေသည်။

ချန်လွေ့ အနည်းငယ် စိုးရိမ်သွားသည်။ထို့နောက် ချက်ချင်းပင် လေဟာနယ်လက်စွပ်ထဲ၌ ပုလင်းသုံးလေးလုံးထုတ်ပြီး ဘေးနားရှိ ကျောက်စားပွဲပေါ် တင်ထားလိုက်၏။

“ ဒီလေးပုလင်းက ထာဝရ ဆေးရည်တွေ။ဒါတွေအားလုံးကို ထပ်တိုးအစွမ်း ရဖို့အတွက် အကုန် သောက်ရမယ်။ဒီပုလင်းက ပြန်လည်ရှင်သန်ခြင်း ဆေးရည်။ဒီပုလင်းက အသက်ရှည် ဆေးရည်။ ”

ထိုဆေးရည်မည်း ခြောက်ပုလင်းသည် ဆေးဝါးပညာရပ်၌ အောင်မြင်မှုအမြင့်မားဆုံးကို ကိုယ်စားပြုပြီး နတ်ဆိုးဘုံတစ်ခုလုံးကို တုန်လှုပ်သွားစေနိုင်လောက်သည်။ ခရစ္စတီးနာသည် ၎င်းတို့ကို အသာလေး ကြည့်လိုက်သည်။ထို့နောက် ချန်လွေ့အား ပြန်ကြည့်သည်။

အချိန်အတော်ကြာပြီးမှသာ သူ စကားပြောသည်။ချန်လွေ့မှတ်မိသကဲ့သို့ပင် လေသံအေးအေးလေးနှင့်ဖြစ်သည်။

“ လောကမှာ ထာဝရဆိုတာ ရှိလား။ ”

ထိုမေးခွန်းသည် ချန်လွေ့ကို ကြက်သေသေ သွားစေသည်။ထိုမေးခွန်း၏ ရည်ရွယ်ချက်ကို ချန်လွေ့ အဖြေရှာနေစဉ် ခရစ္စတီးနား၏အသံ ထွက်လာပြန်သည်။

“ ကျွန်မမေးတာကို သေသေချာချာဖြေ။ ”

ချန်လွေ့ ခဏစဉ်းစားပြီး ပြန်ဖြေသည်။

“ ကျုပ် သိရသလောက်ဆိုရင် နတ်ဆိုးဘုံရဲ့ လနှစ်စင်းနဲ့ တောက်ပနေတဲ့ ကြယ်တွေက တစ်နေ့ကျရင် ပျက်သုဉ်းမှာပဲ။နှစ်ထောင်ချီဖြစ်ဖြစ်၊ နှစ်သောင်းချီဖြစ်ဖြစ် လျှပ်တပြက်ပါပဲ။ ထာဝရဆိုတာ မရှိတဲ့အတွက်ကြောင့် တစ်ဒင်္ဂတွေကို ပိုပြီးတော့ တန်ဖိုးထားသင့်တာ။ ”

“ တစ်ဒင်္ဂအလှတရား ”

ခရစ္စတီးနား ခေါင်းညိတ်ပြီး ချန်လွေ့၏ ဒဏ္ဍာရီလာအဆင့် လက်ကောက်၏အဓိပ္ပာယ်ကို ညွှန်းလိုက်သည်။

“ ဘဝရဲ့ဂုဏ်ကျက်သရေက မတည်မြဲဘူး။အချိန်ကြာလာတာနဲ့အမျှ ထာဝရတည်ရှိမှု တွေလည်း ဖြည်းဖြည်းချင်း ပျက်စီးသွားမှာ။မမေ့နိုင်တဲ့ မှတ်ဉာဏ်တွေလည်း တူတူပဲ။နားလည်ပြီလား။ ”

ချန်လွေ့ မျက်မှောင်ကြုတ်လိုက်သည်။

“ ခင်ဗျားရဲ့စကားတွေက အမြော်အမြင် ရှိတဲ့ပုံပဲ။ဒါပေမဲ့ ကျုပ် သိပ်ပြီးနားမလည်ဘူး။ ”

“ ရှင် နားလည်သင့်တယ်။ ”

ခရစ္စတီးနားက ချန်လွေ့ကို နက်နက်ရှိုင်းရှိုင်း စိုက်ကြည့်လိုက်သည်။

“ မမေ့နိုင်ဘူးလို့ ရှင်ထင်နေတာ တစ်ခုရှိမယ်။ဒါပေမဲ့ တစ်နေ့ကျရင် အဲဒါတွေကို မေ့သွားမှာပဲ။ရှင်အခု နားမလည်ရင်တောင် နောက်ပိုင်းကျရင် နားလည်လာလိမ့်မယ်။ ”

ချန်လွေ့ သက်ပြင်းချလိုက်သည်။

“ အချိန်နဲ့......ယူသွားလို့မရတဲ့ အရာတွေ ရှိတယ်။အသက်သေသွားရင်တောင် အမှတ်အသားက ကျန်ရစ်နေဦးမှာပဲ။ ”

“ မှားယွင်းတဲ့နေရာမှာ ဇွဲသန်နေတာက ..... သက်သက် တုံးအတာပဲ။ရှင့်ရဲ့ တုံးအမှုကို ကုသလို့ မရတော့ဘူးနဲ့တူတယ်။ ”

ခရစ္စတီးနား ခေါင်းခါလိုက်သည်။

“ ဒီတော့ ရှင် ဒီနေ့ ဒီကိုလာတယ်ဆိုတော့ သေဖို့ အဆင်သင့်ပဲလား။ ”

“ ကိုယ့်ရဲ့ [ ရုပ်ဖျက်ခြင်း ] က တကယ် မအောင်မြင်ခဲ့ဘူးပဲ။ ”

ချန်လွေ့က မိမိ၏သရုပ်မှန်ကို ခရစ္စတီးနား သိသွားကြောင်း မသိခဲ့ဘဲ ခါးသက်သက် ပြုံးနေလိုက်သည်။

“ ကြည့်ရတာ ဘယ်လိုပုံပဲလုပ်လုပ် တုံးအတယ်ဆိုတာကို ကိုယ် မဖယ်ရှားနိုင်တဲ့ပုံပဲ။ ”

သူစကားပြောပြီးနောက် သတ်ဖြတ်ချင်စိတ် ရေးရေးလေးက သူ့ကို ဝိုင်းရံလိုက်သည်။ ထိုအငွေ့အသက်သည် အလွန်အားနည်းသော်လည်း ထိုထဲ၌ပါရှိသော ကြောက်မက်ဖွယ်ရာ စွမ်းအားက ချန်လွေ့ကို မလှုပ်နိုင်အောင် ဖြစ်နေစေသည်။

ခရစ္စတီးနား၏လေသံ အေးစက်သွား၏။

“ တုံးအတာက ရှင်အသက်ဆုံးရမယ့် အကြီးမားဆုံး အကြောင်းရင်းပဲ။ ဆေးရည်မည်းတွေအတွက် ကျွန်မရှင့်ကို နောက်ဆုံးစကား ပြောခွင့်ပေးလိုက်မယ်။ ”

ချန်လွေ့ ကြောက်မနေပေ။အကြောင်းရင်းမှာ သူသည် အမှောင်လမြို့ရှိ တော်ဝင်မင်းသမီး၏ သတ်ဖြတ်ချင်စိတ်ဖြင့် အစမ်းသပ်ခံပြီးသည့် အတွက်ကြောင့်ပင်။ ခရစ္စတီးနား၏ သတ်ဖြတ်ချင်စိတ်သည် ကြောက်စရာကောင်းသော်လည်း “တိုက်ပွဲများစွာ” ကို ကျော်ဖြတ်ခဲ့သော ချန်လွေ့အဖို့ ထိုသတ်ဖြတ်ချင်စိတ်သည် မပြင်းထန်ကြောင်း သေချာ ခံစားမိသည်။သို့မဟုတ်ပါက သူ့ကို မှတ်မိသွားသည်နှင့် ခရစ္စတီးနား ချက်ချင်း တိုက်ခိုက်မည်ဖြစ်ပြီး အပိုပြောမည် မဟုတ်ပေ။

ယခင်တစ်ခေါက် တစ်ညတာ တူတူနေပြီးနောက် ခရစ္စတီးနားက မိမိအား အချစ်ကြီး ချစ်သွားလိမ့်မည်၊ ခရစ္စတီးနားကို သိမ်းပိုက်လိုက်နိုင်ပြီဟု ထင်သည်အထိ ချန်လွေ့ အတ္တပေမ မဆန်ပေ။

သူ့ကို တော်ဝင်မင်းသမီး မသတ်နိုင်မည့် အကြောင်းရင်းများစွာ ရှိနေသည်။ ဥပမာပြောရလျှင် အရိပ်နက်အင်ပါယာ၏ ယန္တရားအစည်းအရုံးထဲ ဝင်ခါစသာရှိသော သုံးသွယ်-အထူးပြု ယန္တရားဆရာသခင်ဟူသော ဂုဏ်ပုဒ်။အဆင့်မြင့်ဆုံးသော ဆေးရည်မည်း။နောက်ဥပမာတစ်ခုမှာ ဆရာသခင် “ အာသာ ” ကို ဧကရီက နန်းတော်သို့ လူသိရှင်ကြား ဝင်ခွင့် ပြုခဲ့ခြင်း ဖြစ်သည်။သူ တစ်ခုခု ဖြစ်သွားလျှင် လူထုနှင့် ဧကရီ တို့ကို ရှင်းပြရန် ခက်ခဲပေလိမ့်မည်။ချန်လွေ့ ဖြစ်ချင်နေသော အခြားအကြောင်း တစ်ခုကြောင့်လည်း ဖြစ်နိုင်ပေသေးသည်။

သတ်ဖြတ်ချင်စိတ်သည် အလိမ်အညာ ဖြစ်ဟန်တူသော်လည်း သူကံမကောင်းလျှင် သေသွားနိုင်ပေသည်။ လီရွှမ်ပါက မိုးကောင်းကင်ကို အပြစ်ပြောလို့ မိုးကြိုးပစ်ခံလိုက်ရတာတဲ့။ အဲဒီဇာတ်လမ်းက စိတ်ကူးယဉ်သက်သက် ဖြစ်ပေမဲ့ ငါသေချာ သတိထားရမယ်။“ ငါတို့ရှေ့မှာ အချစ်စစ် ရှိခဲ့ဖူးတယ်.... ” လိုမျိုး တစ်ခုခု ပြောခဲ့မိရင် အဲဒါက ငါ့ရဲ့နောက်ဆုံးစကား ဖြစ်သွားနိုင်တယ်။

“ ကိုယ်က နတ်ဆိုးဘုံတစ်ခုလုံးကို လှုပ်ခါနိုင်လောက်ပြီထင်လို့ အရိပ်နက်အင်ပါယာမှာ မင်းကို လာတွေ့တာ။ကံမကောင်းစွာနဲ့ပဲ ဒါမလုံလောက်သေးဘူး။ ”

ချန်လွေ့သည် အကျိုးသင့်အကြောင်းသင့် မဟုတ်သော စကားလုံးများက ခရစ္စတီးနား၏ သတ်ဖြတ်ချင်စိတ်ကို အနည်းငယ် လှုပ်ခါသွားစေသည်။အဘယ်ကြောင့်ဆိုသော် အသိတိတ်ည စိမ့်မြေ၌ ချန်လွေ့သည် နတ်ဆိုးလောကကို တုန်လှုပ်စေနိုင်သော စွမ်းအားဖြင့် မိမိကို ခေါ်သွားမည်ဟု ပြောခဲ့ဖူးသောကြောင့်ပင်။

ထိုစဉ်က ခရစ္စတီးနားသည် ချန်လွေ့ ကြွားလုံးထုတ်နေခြင်းဟုသာ ထင်ခဲ့သည်။သို့သော်လည်း ယခုတွင်.... ထိုလူသည် အမှန်တကယ်ပင် နတ်ဆိုးဘုံတစ်ခုလုံးကို တုန်လှုပ်သွားစေခဲ့သည်။နှစ်တစ်သောင်းကျော် ပျောက်ဆုံးနေသော သုံးသွယ်-အထူးပြု ယန္တရားဆရာသခင်ဟူသော ဂုဏ်ပုဒ်ကို ထည့်မစဉ်းစားသည့်တိုင် ပျောက်ဆုံးသွားပြီဖြစ်သော မဟာဆရာသခင်အဆင့် ဆေးရည်မည်းများ ရှိနေသေးသည်။ထို့ပြင် ၎င်းတို့သည် အမြင့်ဆုံးအဆင့် ဖြစ်ကြသည်။

သူက ငါ့ကို တွေ့ဖို့အတွက် ဧကရီဆီမှာ လူသိရှင်ကြား ခွင့်တောင်းလို့ရအောင် ယန္တရားပညာပြိုင်ပွဲမှာ တောက်ပဖို့ အစွမ်းကုန် တမင်ကြိုးစားခဲ့တာလား။

ပြီးတော့ ဒီအဖိုးတန် ဆေးရည်မည်း ခြောက်ပုလင်းကို ငါ့ဆီ “ လွှဲပေး ” ဖို့လား။

သူက အရင်လို ငတုံး ဖြစ်နေတုန်းပဲ။

“ ဆေးရည်မည်းတွေကို ရှင်ဘယ်က ရလဲဆိုတာ ကျွန်မ မသိပေမဲ့ ...... ”

၎င်းတို့သည် ခရစ္စတီးနား၏ စိတ်ကို သက်ရောက်မှုရှိအောင် မလုံလောက်ခဲ့ပေ။သူ၏ တည်ငြိမ်နေသော မျက်လုံးများ လုံးဝ မပြောင်းလဲသွားခဲ့ပေ။

“ ......ရှင် တကယ့် မဟာဆရာသခင်တစ်ယောက် ဖြစ်သွားရင်တောင် တစ်စုံတစ်ခုကို ပြောင်းလဲဖို့အတွက် မလုံလောက်သေးဘူး။ဒါပေမဲ့.... ”

“ ဒါပေမဲ့ ကိုယ့်မှာ ခွန်အား မရှိရင်လား။မင်းရဲ့ မျက်လုံးထဲမှာ ခွန်အားတစ်မျိုးပဲ ရှိတာလား။ ”

ချန်လွေ့ မေးလိုက်မိသည်။၎င်းမှာ သူ၏နှလုံးသား အောက်ခြေမှလာသော မေးခွန်းတစ်ခု ဖြစ်သည်။

“ ကျွန်မရဲ့ မျက်လုံးထဲမှာ ခွန်အားပဲ ရှိတာမဟုတ်ဘူး။ကျွန်မရဲ့ မျက်လုံးထဲမှာ ခွန်အားရှိရမှာ။ ”

ခရစ္စတီးနား၏ လေသံသည် အလွန်တင်းမာနေသည်။

“ စစ်ပွဲကြောင့် ဖျက်ဆီးခံရတဲ့ အိမ်တွေအများကြီးကို ရှင်မြင်ဖူးလား။အိမ်လှလှလေး တစ်လုံးက ချက်ချင်းပဲ မိုင်ထောင်ချီကျယ်တဲ့ မီးလောင်ပြင်ကြီး ဖြစ်သွားခဲ့တယ်။ လူတွေက လျှောက်သွားနေရပြီးတော့ အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရတယ်။လူသတ်သမားတွေ ကြားမှာ ငိုကြွေးနေတဲ့ မရေမတွက်နိုင်တဲ့ ပြည်သူတွေ ရှင်ကြားဖူးလား။စစ်ပွဲထဲ၌ မရဏကောက်ရိတ်ဓားက သွေးတွေရဲ့ ငိုကြွေးတာတွေ၊ဆုတောင်းတာတွေကိုလျစ်လျူရှု ပြီးတော့ အပြစ်မဲ့ အသက်တွေကို ရိပ်သိမ်းခဲ့တယ်။ဒီလိုမျိုး သွေးတွေနဲ့ ငိုကြွေးနေတဲ့ မြင်ကွင်းတွေကို ကျွန်မကိုယ်တိုင် တွေ့ကြုံခံစားရပြီးပြီ။အဲဒါကတွေက မနေ့က လိုမျိုးပဲ။အခုတော့ အရိပ်နက်အင်ပါယာက ကြီးပွားနေပြီးတော့ ပြည်သူတွေကလည်း ရောင့်ရဲတင်းတိမ်နေကြတယ်။ခွန်အား မရှိဘူးဆိုရင် ဒီလိုခက်ခက်ခဲခဲ ရထားတဲ့ ငြိမ်ချမ်းမှုကို ဘယ်လိုထိန်းသိမ်းထားနိုင်မှာလဲ။ ”

ထို့သို့ပြောနေရင်း ခရစ္စတီးနား၏ အသက်ရှူသံ ပို၍ပို၍ ပြင်းထန်လာသည်။ချန်လွေ့၏ [ သရုပ်ခွဲမျက်လုံး ]၌လည်း တန်ဖိုး စတင်ပြောင်းလဲလာသည်။စွမ်းအားအကဲဖြတ်မှုသည် [ A ] မှ.... မဆုံးဖြတ်နိုင်သို့ ပြောင်းလဲသွား၏။

သူက တကယ် နတ်ဆိုးအရှင်သခင် အဆင့်ပဲ။

“ ရှင့်ရဲ့ ကြံ့ကြံ့ခံမှုက မိန်းမတစ်ယောက် ဒါမှမဟုတ် သုံးလေးယောက်ကို ကာကွယ်ဖို့‌ဆိုရင် ကျွန်မရဲ့ ကြံ့ကြံ့ခံမှုက အိပ်မက်ပေါင်းများစွာနဲ့ မဆုပ်မနစ် ကြိုးပမ်းနေတဲ့ လူပေါင်းထောင်နဲ့ချီကို ကာကွယ်ဖို့ပဲ။ဒါက ကျွန်မရဲ့ အကြီးမားဆုံးသော ကြံ့ကြံ့ခံမှုပဲ။ဒါနဲ့ယှဉ်ရင် အရာအားလုံးက အသေးအမွှားတွေပဲ။ရှင် သဘောပေါက်လား။ ”

ချန်လွေ့သည် ခရစ္စတီးနားအား ပထမဆုံးအကြိမ်အဖြစ် လေးလေးနက်နက် စိုက်ကြည့်လိုက်သည်။ခရစ္စတီးနားနှင့် ရှီရာတို့သည် အမှန်တကယ်ပင် ဆင်တူလှသည်။ကွာခြားချက်မှာ ခရစ္စတီးနား၏ ကြံ့ကြံ့ခံမှုက ပို၍ပြင်းထန်နေခြင်း ဖြစ်သည်။သူ၏ယုံကြည်မှုသည် ပို၍ခိုင်မာပြီး မြဲမြံ၏။

ခွန်အားဆိုသည်မှာ တာဝန်ကြောင့် မွေးဖွားလာခြင်း ဖြစ်သည်။

၎င်းသည် တာဝန်သက်သက်မဟုတ်ဘဲ အမှန်တကယ် ကြံ့ကြံ့ခံခြင်း ဖြစ်သည်။ထိုအပိုင်း၌ ရှီရာသည် ခရစ္စတီးနားကို မယှဉ်နိုင်ပေ။

ထိုကဲ့သို့ ကြံ့ကြံ့ခံနိုင်ရန်အတွက် သူသည် အများအပြား စတေးခဲ့ရပြီး လက်လျှော့ခဲ့ရပေမည်။

ထူးဆန်းသော ရုတ်တရက် ခံစားချက်တစ်ခုသည် ချန်လွေ့၏ မူလဇာတ်ညွှန်းကို အစားထိုးသွားသည်။ချန်လွေ့ ရုတ်တရက် ရယ်ပြီး သတ်ဖြတ်ချင်စိတ်ကို လျစ်လျူရှုလိုက်သည်။

“ ကိုယ်အခု နားလည်ပြီ။မင်းလည်း ငတုံးတစ်ယောက်ပဲကိုး။ ”

ရှီရာသာဆိုလျှင် ချန်လွေ့အား ရိုင်းပျသည့်အတွက် သေချာပေါက် အပြစ်တင်မည် ဖြစ်သည်။ခရစ္စတီးနားသည် မငြင်းဆန်ဘဲ ချန်လွေ့အား အသာလေး ဖျပ်ခနဲ ကြည့်လိုက်သည်။

“ ရှင် နားလည်တာ ကောင်းပါတယ်။ဒါပေမဲ့ ကျွန်မရဲ့ တုံးအမှုက ရှင်နဲ့မတူဘူး။ ”

“ အခြေခံအားဖြင့်တော့ တူတူပါပဲ။ ”

ချန်လွေ့ ပုခုံးတွန့်လိုက်သည်။

“ ဒီတစ်ခေါက်လာတာက စိတ်လိုက်မာန်ပါ ဖြစ်နေမလားလို ထင်ခဲ့တာ။ဒါပေမဲ့ တန်တဲ့ပုံပဲ။ ”

ခရစ္စတီးနားက ချန်လွေ့အား ပြောခဲ့သည့်စကားများမှာ သူတို့နှစ်ယောက် မဖြစ်နိုင်ကြောင်းသာ ဖြစ်သည်။ထိုစကားကို ကြားသည့်အခါ ခရစ္စတီးနား မျက်မှောင်ကြုတ်လိုက်သည်။

“ တော်တော် ခေါင်းမာတဲ့လူပဲ။ရှင့်ကို ကျွန်မ တကယ် မသတ်ရဲဘူးလို့ ထင်နေတာလား။ ”

“ အမှန်ပဲ။ကိုယ်လုပ်တာတွေက မလုံလောက်သေးဘူး။အများကြီး လိုသေးတယ်။ အဲဒါကြောင့် သေလို့မဖြစ်သေးဘူး။သနားညှာတာဖို့ တောင်းဆိုပါတယ်။ ”

ချန်လွေ့၏ တည်ငြိမ်သော အပြုံးတွင် ကြောက်ရွံ့သော လက္ခဏာ၊ အသနားခံသည့်လက္ခဏာ လုံးဝမရှိပေ။

“ ကိုယ်တို့ နောက်ထပ်တွေ့တဲ့အခါ နောက်ဆုံးစကားအနေနဲ့ ထားထားသင့်တဲ့ အရေးကြီးသတင်းအချက်အလက် တစ်ခု ရှိတယ်။ ”

ခရစ္စတီးနားသည် ချန်လွေ့၏ စကားထဲမှ လှည့်ကွက်များကို လျစ်လျူရှုပြီး မေးလိုက်သည်။

“ ဘာသတင်း အချက်အလက်လဲ။ ”

“ မင်းရဲ့သတ်ဖြတ်ချင်စိတ်ကို အရင်ဆုံး ဖယ်ရှားပေးလို့ရမလား။ဒီလိုကြီးပြောနေရတာ နေလို့မကောင်းဘူး။ ”

“ ပြောမှာသာ ပြောစမ်းပါ။ ”

ချန်လွေ့က ခရစ္စတီးးသည် တမင်တကာ စနောက်နေသည်ဟု သံသယဝင်နေသည်။ ၎င်းမှာ “ လက်စားချေခြင်း ” ဖြစ်ရပေမည်။သို့သော်လည်း ၎င်းသည် ကောင်မလေးတစ်ယောက် ကဲ့သို့ပင် ဖြစ်နေ၏။

All Chapters