← Chapters

အကြံအစဉ်

Vol. 18 Ch. 265

အကြံအစဉ်

Vol. 18 Ch. 265

ချန်လွေ့သည် ဖိအားကိုတောင့်ခံရင်း ပြောသည်။

“ ဒီတစ်ခေါက် ယန္တရားပညာပြိုင်ပွဲမှာ ဝင်ပြိုင်ဖို့အတွက် ကိုယ်က ကတ်စတာမိသားစုရဲ့ သားအကြီးဆုံး ဒီရော်ရဲ့ ဖိတ်ခေါ်မှုကို လက်ခံပြီးတော့ ကတ်စတာမိသားစုက ဆက်ခံသူ ကစားပွဲမှာ ပြိုင်ပွဲဝင် တစ်ယောက် ဖြစ်လာခဲ့တယ်။ဒါပေမဲ့ မမျှော်လင့်ဘဲနဲ့ စိတ်ဝင်စားစရာတစ်ခုကို ရှာတွေ့သွားခဲ့တယ်.... ”

ချန်လွေ့သည် ခီရာနှင့်အမှောင်လမြို့နှင့် ပတ်သက်သော သတင်းအချက်အလက်များကို မပြောပြခဲ့ဘဲ ဘယ်ဇီဘတ် တော်ဝင်မိသားစု ဇာတ်လမ်းကိုသာ ရွေးချယ်ပြောခဲ့သည်။ ထိုထဲတွင် ဘရော့ခ်အေပေါ်၌ သူ၏ထင်မြင်ချက်လည်း ပါဝင်သည်။ခရစ္စတီးနားက သေသေချာချာ နားထောင်ခဲ့သည်။သူ၏မျက်နှာကို မမြင်နိုင်သော်လည်း သူ၏မျက်လုံးများသည် ပို၍လေးနက်လာကြောင်း ချန်လွေ့ ခံစားမိသည်။

ချန်လွေ့ပြောသည့် အသေးစိတ်အချက်အလက်ကို နားထောင်ပြီးနောက် ခရစ္စတီနားက လေးလေးနက်နက် ပြောသည်။

“ ဒီအကြောင်းကို အရှင်မ ဆီကနေ ကျွန်မ ကြားထားပြီးပြီ။သူလည်း ဆက်နွှယ်နေတဲ့ သဲလွန်စတွေ အများကြီးကို ရှာတွေ့ထားတယ်။ဒါပေမဲ့ အသေးစိတ်ကိုတော့ မသိရဘူး။အခု ရှင်က ဘယ်ဇီဘတ် နတ်ဆိုးအရှင်သခင့်အဆင့် တစ်ယောက် အကြောင်းကို ပြောတော့ ဒီသဲလွန်စတွေက ချိတ်ဆက်သွားကြပြီ။ရှင်ထင်တာ မှန်တယ်။ဘရော့ခ်နဲ့ ဘယ်ဇီဘတ် တော်ဝင်မိသားစုက ကြံရာပါတွေ ဖြစ်မယ်။ ”

ချန်လွေ့က မေးသည်။

“ ဘရော့ခ်ကို အမြစ်ဖြုတ်ပစ်လို့ရနိုင်လား။ ”

ခရစ္စတီးနား ခေါင်းခါလိုက်သည်။

“ ဘရော့ခ်က ဉာဏ်များတယ်။ပုံမှန်အားဖြင့် သူက လွယ်လွယ်နဲ့ ဘာသဲလွန်စမှ ချန်ထားလေ့ မရှိဘူး။သူကဧ ဧကရီရဲ့ဦးလေး မင်သား ဖလောရင့်စ်ရဲ့ သမက်လည်း ဖြစ်သလို အင်ပါယာရဲ့ ထိပ်တန်း ဗိုလ်ချုပ်လည်း ဖြစ်တယ်။သူက စစ်တပ်မှာ နာမည်ကျော်သလို အမှောင်လမြို့မှာလည်း သူ့ရဲ့ အင်အားစုတွေ ကြီးကြီးမားမား အမြစ်တွယ်နေတယ်။အဲဒါကြောင့် သူ့ကို လုံးဝရှင်းပစ်ဖို့ ခက်ခဲမယ်။အနည်းဆုံးတော့ အခုလက်ရှိပေါ့။ပြီးတော့လည်း သူက အဲဒီအင်အားစုရဲ့ အရေးကြီး အစိတ်အပိုင်း တစ်ခုလောက်ပဲ ဖြစ်မယ်။တစ်ခုလုံးတော့ မဖြစ်နိုင်ဘူး။ ”

“ ဟမ့်။အဲဒါက ကတ်သရင်း ဘရော့ခ်ကို ကြောက်နေလို့ပဲ။အရင်တစ်ခေါက်တုန်းက မင်း သားကောင်ဖြစ်ခဲ့ရတာကို သူသိပေမဲ့ မင်းကို နန်းတော်ထဲမှာ အကျဉ်းချထားခဲ့တယ် မဟုတ်လား။ ”

ချန်လွေ့သည် အလှပဆုံးသော ဧကရီအား အသေအချာပင်အလွန်စိတ်ပျက်နေသည်။

“ နတ်ဆိုးဘုံမှာ ဉာဏ်အကောင်းဆုံး ဆိုတာကလည်း အထင်ကြီးစရာ မကောင်းပါဘူး။ ”

အုပ်ချုပ်သူတစ်ယောက်အနေဖြင့် စဉ်းစားစရာ အများအပြား ရှိနေသည်။စိတ်ရှိသလို လုပ်ဆောင်တတ်သည့် ခြေသလုံးအိမ်တိုင်သမား ဖြစ်ရခြင်းသည် ပို၍လွယ်ကူသည်။ ကိစ္စများသည် မရိုးရှင်းကြောင်း ချန်လွေ့လည်း သဘောပေါက်သည်။အကယ်၍ ဘရော့ခ်ကိုသာ အလွယ်တကူ ရှင်းပစ်နိုင်မည်ဆိုလျှင် ကတ်သရင်း၏ ဉာဏ်ပညာနှင့် ခွန်အားဖြင့် ဘရော့ခ်သည် ယခုအချိန်အထိ အသက်ရှင်နေမည် မဟုတ်ပေ။

“ ရိုင်းလိုက်တာ။ရှင်က ဧကရီရဲ့နာမည်ကို ပြောရဲတယ်ပေါ့။ ”

ခရစ္စတီးနားက ချန်လွေ့သည် မိမိကို ချီးကျူးခဲ့ကြောင်း သိသော်လည်း မကျေမနပ် အပြစ်တင်လိုက်သည်။သူ၏အသံတွင် မာန်အနည်းငယ် ပါဝင်နေပြီး ပျောက်ကွယ်သွားပြီဟုထင်ရသော သတ်ဖြတ်ချင်စိတ်များ ပို၍ပြင်းထန်လာပြန်သည်။

“ ဘယ်လိုပဲဖြစ်ဖြစ် သူကြားမှာမှ မဟုတ်တာ။ ”

ချန်လွေ့ ဂရုစိုက်မနေဘဲ ပုခုံးတွန့်လိုက်သည်။ခရစ္စတီးနား၏ မျက်လုံးထဲ၌ ထူးဆန်းသောအကြည့် ဖျပ်ခနဲ ဖြစ်သွားသည်။သို့သော်လည်း မျက်နှာလွှားက ကာထားသည့်အတွက် ၎င်းကို မမြင်နိုင်ခဲ့ပေ။

“ ဒီတော့....ရှင်သာဆိုရင် ဘာလုပ်မှာလဲ။ ”

“ ကြည့်ရတာ မင်းက အရေးကြီးကိစ္စ ဆွေးနွေးမှပဲ အမူအရာကောင်းကောင်း ပြတဲ့ပုံပဲ။ကိုယ်တို့တွေ အကင် အတူတူ စားခဲ့တဲ့အချိန်ကို မှတ်မိလား။ ”

“ ကံမစမ်းချင်နဲ့။အရင်အကြောင်း ထပ်ပြောရင် ကျွန်မရဲ့ သတ်ဖြတ်ချင်စိတ်ကို မထိန်းနိုင်အောင် လုပ်တာနဲ့တူတူပဲ။ ”

ခရစ္စတီးနား၏ မျက်လုံးထဲမှ အေးစက်မှုကို မျက်နှာလွှားမှတစ်ဆင့် ခံစားနိုင်နေသည်။

“ ကျွန်မရဲ့ ကိုယ်ရေးကိုယ်တာ အာဃာတကို ဘေးဖယ်ထားလို့ရတယ်။အခု ကျွန်မရှင့်ကို ဒီကိစ္စအကြောင်း စိတ်ရင်းနဲ့ မေးနေတာ။ ”

“ ပိုးအိမ်ကနေ ပိုးမျှင်တွေ ရစ်သလိုပေါ့။အရင်ဆုံး အဲဒီလူ၏ဘက်က အင်အားစုတွေကိုဖယ်ရှားရမယ်။ ”

ချန်လွေ့ နောက်မနေတော့ပေ။ဘရော့ခ်ကို ဖြေရှင်းရာ၌ ချန်လွေ့သည် အကြံဉာဏ်များနှင့်ပတ်သက်၍ တွန့်တိုမည် မဟုတ်ပေ။

“ သူ့ကို ထောက်ခံတဲ့သူတွေကို အကျိုးအမြတ်တွေအတွက် အချင်းများအောင် လုပ်ရမယ်။ဒါမှမဟုတ် ဧကရီက သူတို့ကို ယုံကြည်ကြောင်း ဖော်ပြပြီးတော့ အချင်းချင်း သံသယဝင်အောင် လုပ်ရမယ်။ဘရော့ခ်မှာ [ ဝိညာဉ်လက်ထိပ် ] အစွမ်းရှိတယ်။ဒါကြောင့် သူက လူတွေအများကြီးကို သေချာပေါက် ထိန်းချုပ်နိုင်မှာပဲ။သူက အရေးကြီးပုဂ္ဂိုလ် တွေကို သေသေချာချာ အာရုံစိုက်နေမှာပဲ။ဒါပေမဲ့ [ ဝိညာဉ်လက်ထိပ် ]ရဲ့ အရေအတွက်က အကန့်အသတ်ရှိတယ်။အဲဒါကြောင့် ဘရော့ခ်ကို ရှုထောင့်အားလုံးကနေ သီးသန့်ထားပြီးတော့ အဲဒီအစွမ်းရဲ့ သက်ရောက်မှုကို ပုံကြီးချဲ့လို့ရတယ်။ ”

ချန်လွေ့ ကောင်းမွန်စွာ ပြောခဲ့သည်။အခြားလောကမှ ဘိုးဘေးများ ချန်ခဲ့သော စစ်ပွဲအနုပညာသည် အမှန်တကယ်ပင် ထူးခြားလှသည်။ခရစ္စတီးနား၏မျက်လုံးထဲ၌ ခဏခဏ တအံ့တဩနှင့် အရောင်လက်ခနဲ ဖြစ်နေခဲ့သည်။

“ ဒါဆို..... စစ်တပ်ကို ဘယ်လိုလုပ်မှာပဲ။ဒါက အရေးကြီးဆုံးအပိုင်းပဲ။ဂျာဂယ်ခံတပ်ကို အခု ဘရော့ခ်ရဲ့ သွေးဓားဗိုလ်ခြေက စောင့်ကြပ်နေတာ။အဲဒါက သွေးရောင်အင်ပါယာရဲ့ တိုက်ခိုက်မှုကနေ ကာကွယ်ဖို့အတွက် အရေးကြီးဆုံး ခံစစ်နေရာပဲ။ကျွန်မတို့ သူ့ကို ချောင်ပိတ်လိုက်ရင် အကျိုးဆက်တွေက အကြီးအကျယ် ဒုက္ခရောက်နိုင်တယ်။ ”

“ ဖြေရှင်းနည်း တစ်ခု ရှိတယ်။ ”

ချန်လွေ့က လေးလေးနက်နက် ပြောသည်။

“ အဲဒါက ဧကရီ ကတ်သရင်း သတ္တိရှိမရှိ အပေါ်မှာ မူတည်တယ်။ ”

“ ဟုတ်တယ်။ ”

ဖြေရှင်းနည်းတစ်ခု ရှိကြောင်း ကြားလိုက်သည့်အခါ ခရစ္စတီးနားက ချက်ချင်း လွတ်ခနဲပြောလိုက်သည်။

“ ဒါက အရှင်မ ကျွန်မကို ခဏခဏ ပြောတဲ့ ပြဿနာပဲ။ဖြေရှင်းနည်းတစ်ခု ရှိရင်တော့ သူစမ်းကြည့်မယ်လို့ ယုံကြည်တယ်။ ”

“ ကိုယ်မင်းကို ပြောပြလို့ရတယ်။ ”

ချန်လွေ့က ခရစ္စတီးနားကို မျက်မှောင်ကြုတ်ပြီး ကြည့်လိုက်သည်။

“ ဒါပေမဲ့ ဒါကို ကိုယ်ပြောခဲ့တယ်လို့ ဧကရီကို မင်းမပြောရဘူး။အရင်က ကိုယ်ပြောခဲ့တာတွေ အပါအဝင်ပေါ့။မင်းစဉ်းစားခဲ့တာလို့ပဲ ပြောလိုက်။မင်း တော်ဝင်လက်စွပ် ဝတ်ထားတယ်မလား။အမ်။မရှိတော့ဘူးလား။ဒါဆိုရင် မိသားစုနာမည်နဲ့ သစ္စာဆိုလိုက်။ ”

“ သေချာလား။ ”

ခရစ္စတီးနား၏ မျက်လုံးများ ထူးဆန်းသွားပုံရသည်။ချန်လွေ့၏ အတည်ပြုချက် ရရှိ ပြီးနောက် ခရစ္စတီးနား သစ္စာဆိုလိုက်သည်။

ချန်လွေ့က မိသားစုနာမည်ဖြင့် သစ္စာဆိုခြင်း၏ အရှိန်အဝါကိုသိသည့်အတွက် စိတ်သက်သာရာ ရသွားခဲ့သည်။

“ စစ်တပ်က ဗိုလ်ချုပ်ရှိတယ်ဆိုတာကိုပဲ သိပြီး ဧကရီ ရှိတာကို မသိဘူးလို့ ဧကရီက စိုးရိမ်နေတာ။ဆုလာဒ်ပေးတာက သက်ရောက်မှု ရှိပေမဲ့ အသစ်အဆန်း မဟုတ်ဘူး။ ဧကရီက စစ်တပ်ရဲ့ စိတ်.....ဝိညာဉ်ကို လက်ထဲမှာ မြဲမြဲမြံမြံ ထိန်းချုပ်ထားရမှာ။ နတ်ဆိုးတွေရဲ့ လက်ရှိ သမာရိုးကျစစ်တပ်စနစ်မှာ အားနည်းချက်တွေ အများကြီး ရှိနေတယ်။သူက ဒီနေရာကနေ စတင်ပြီးတော့ စစ်တပ်ကို စည်းစနစ်ကျနအောင် ပြန်လည်ဖွဲ့စည်းဖို့ စဉ်းစားရမယ်..... ”

ချန်လွေ့၏ နည်းလမ်းမှာ ကမ္ဘာမြေမှ စစ်ဘက်ဆိုင်ရာ နည်းစနစ်အချို့ကို ခိုးယူပြီး “ နိုင်ငံရေးအရာရှိ ” ရာထူး ထပ်ပေါင်းရန် ဖြစ်သည်။ထိုနည်းလမ်းမျိုးကို လောကကူးသော ဝတ္ထုအများအပြား၌ တွေ့မြင်နိုင်ပေသည်။၎င်းသည် “ရှေးဆန်” သော်လည်း အလွန်ပင် ဖြစ်နိုင်ချေရှိသည်။

ဤနေရာ၌ သူတို့ကို နိုင်ငံရေးအရာရှိဟု ခေါ်ခြင်းထက် “စိတ်ဝိညာဉ်အရာရှိများ”ဟု နာမည်ပေးလိုက်သည်။သူတို့၏အပေါ်ယံတာဝန်မှာ “အခြေခံအဆင့်”၏ အသံများကို နားထောင်ရန်၊ စစ်တပ်ကို နှစ်သိမ့်ရန်နှင့် အကျဉ်းသားများကို ဖြေရှင်းရန် ဖြစ်သည်။ အမှန်တကယ်၌ သူတို့၏တာဝန်မှာ ဧကရီ၏ သာလွန်မှုအကြောင်း စစ်သားများကို အယုံသွင်းရန် ဖြစ်သည်။

အယောက်၁၀၀အဖွဲ့တိုင်းတွင် စိတ်ဝိညာဉ်အရာရှိ တစ်ယောက် ထားရှိမည်ဖြစ်ပြီး အဆင့်အလိုက် သွားသင့်သည်။အဆင့်နိမ့်သူများသည် အဆင့်နိမ့်သူများကို နာခံရပြီး အဆင့်အမြင့်ဆုံးကို မဟာစိတ်ဝိညာဉ်အရာရှိဟု ခေါ်ရမည်ဖြစ်ပြီး ဗိုလ်ချုပ်နှင့် အဆင့်တူတူ ဖြစ်သည်။ဤနည်းလမ်းဖြင့် စစ်တပ်အင်အားကို ပိုင်းခြားနိုင်ပေမည်။ ဗိုလ်ချုပ်သည် စစ်တပ်ကို တိုက်ခိုက်ရန် အမိန့်ပေးခွင့် ရှိသည်။သို့သော်လည်း သူ၏လုပ်ပိုင်ခွင့်ကို စိတ်ဝိညာဉ်အရာရှိတစ်ယောက်က ထိန်းချုပ်မည်ဖြစ်ပြီး ဗိုလ်ချုပ်အား စစ်တပ်အင်အား အများအပြား ကိုင်ဆုပ်ထားခြင်းကို တားဆီးနိုင်ပေမည်။

ချန်လွေ့ ပြောပြီးသည့်အခါ ခရစ္စတီးနားသည် ထိတ်လန့်နေရာမှ သတိပြန်လည်လာပြီး သေချာစဉ်းစားနေလိုက်သည်။ခဏကြာပြီးနောက် သူ ပြန်ပြောသည်။

“ ဒီလိုစစ်ဘက်‌ဆိုင်ရာ နည်းစနစ်က တော်တော်လေး ဆန်းသစ်တယ်။ပြောရမယ်‌ဆိုရင် ဒါက နတ်ဆိုးဘုံရဲ့ စစ်တပ်ကို ပြန်ဖွဲ့စည်းနိုင်စေမယ်။ဒါပေမဲ့ အခုအချိန်တော့ ဒါကို လျို့ဝှက်ချက် တစ်ခုအနေနဲ့ ဝှက်ထားရမယ်။အချိန်ကျလာတဲ့အခါမှ စစ်တပ်တစ်ခုလုံးဆီ ပျံ့နှံ့စေဖို့အတွက် အဓိကအချက် တစ်ခု နှစ်ခုကို စတင်အကောင်အထည် ဖော်မယ်။ဒါဆိုရင် ဘရော့ခ်တောင် ဘာမှ လုပ်လို့မရတော့ဘူး။ ”

“ ကြည့်ရတာ အခုအချိန်အတွက်တော့ ကိုယ့်ရဲ့အသက်ကို ကယ်လိုက်နိုင်တဲ့ပုံပဲ။ ”

ချန်လွေ့သည် စိတ်သက်သာရာ ရသွားပုံရသည်။

“ ရှင်က နန်းတော်ထဲကို သုံးသွယ်-အထူးပြု ယန္တရားဆရာသခင်အနေနဲ့ ဝင်လာခဲ့တယ်။အစကတည်းက ကျွန်မမှာ စိုးရိမ်စရာ အများကြီးရှိတာနဲ့ ရှင့်ကိုသတ်ဖို့ ခက်တာကို ရှင်သိပါတယ်။ ”

ခရစ္စတီးနားက ချန်လွေ့ကို စိုက်ကြည့်လိုက်သည်။

“ ရှင့်ရဲ့ ဉာဏ်ပညာနဲ့ ပါရမီက တော်တော်လေး ထူးချွန်တယ်။ကျွန်မတောင် ရှင့်လောက် မတော်လို့ ရှက်မိပါတယ်။ရှင် ကျွန်မတို့ကို ကူညီနိုင်မယ်ဆိုရင် အရိပ်နက်အင်ပါယာက ပိုပြီးတော့ အစွမ်းထက်မှာ သေချာ.... ”

“ ဖြည်းဖြည်း ”

ချန်လွေ့၏ ခရစ္စတီးနား၏ စကားကို ဖြတ်ပြောလိုက်သည်။

“ အဆင့်မြင့်ရာထူးတွေကို အကြံပြုမှာ ဘာမှာတွေကို တော်တော့။ကိုယ်က အရိပ်နက်အင်ပါယာရဲ့ ယန္တရားအစည်းအရုံကို ဝင်ပြီးပြီ။အဲဒါကြောင့် ကိုယ်က အင်ပါယာကို အနည်းနဲ့အများ ကူညီပေးနေတာပါပဲ။ကိုယ် ခုနကပြောခဲ့တဲ့ အကြံအစည်ကို ဘယ်လိုထင်လဲ။အောင်မြင်မယ်ဆိုရင် ဒါက ခရော့ခ်နဲ့ ဘယ်ဇီဘတ် တော်ဝင်မိသားစုတို့ရဲ့ အင်အားကို ကြီးကြီးမားမား ထိခိုက်စေလိမ့်မယ်။ ”

ခရစ္စတီးနားက ချန်လွေ့ကို ခဏစိုက်ကြည့်ပြီး ပြောသည်။

“ ဒီအကြံအစည်ရဲ့ အန္တရာယ်ကို ရှင်သိမှာပါ။ရှင် တကယ်လို့ ကိုယ့်ကိုယ်ကိုယ် သတ်သေဖို့ ဆုံးဖြတ်လိုက်ရင် ကျွန်မကိုယ်တိုင် လုပ်ရတာ သက်သာသွားတာပေါ့။ ”

ချန်လွေ့က ခရစ္စတီးနား၏ စိုက်ကြည့်မှုကို ပြောင်ပြောင်တင်းတင်း လက်ခံလိုက်သည်။

“ ကိုယ်က အမြဲတမ်း သေရမှာကို ကြောက်တယ်။ပြီးတော့ ယုံကြည်ချက် မရှိဘူးဆိုရင် ကိုယ့်ကိုယ်ကိုယ် သေလမ်းပို့မှာ မဟုတ်ဘူး။နတ်ဆိုးအရှင်သခင်တစ်ယောက်က ကိုယ့်ကို လက်ညှိုးနဲ့တောင် ဖိချေနိုင်တယ်။အဲဒါကြောင့် ကျုပ်သူ့ကို မဆန့်ကျင်ရဲဘူး။ဒီတော့ ဧကရီအကြောင်းက... ”

“ ဧကရီနဲ့ပတ်သက်ပြီးတော့ ကျွန်မ အပြည့်အဝ ယုံကြည်တယ်။ဒီမှော်ပစ္စည်းက ရှင့်ရဲ့တည်နေရာကို ဖော်ပြပေးနိုင်တယ်။နောက်ဆုံးပေးစာ အနေနဲ့လည်း ဖောက်ခွဲပြီးတော့ အချက်ပြလို့ရတယ်။ ”

ထိုသို့ပြောပြီးနောက် ခရစ္စတီးနားသည် မှော်ပစ္စည်းတစ်ခု ပစ်ပေးကာ ပုံမှန်အတိုင်း ပြောလိုက်သည်။

“ ဘာမှမရှိတော့ဘူးဆိုရင် ကျွန်မ စိတ်မပြောင်းခင် ရှင်အခု ထွက်သွားလို့ရပြီ။ ဒီတစ်ခေါက် ရှင်ကံကောင်းပြီးတော့ ကိုယ့်အသက်ကိုယ် ကယ်တင်လိုက်နိုင်တယ်။ မိန်းမတစ်ယောက်ရဲ့ အာဃာတကို အထင်မသေးနဲ့။ရှင်က ကျွန်မရဲ့ မဖြစ်မနေ သတ်ရမယ့်စာရင်းထဲမှာ ရှိနေတုန်းပဲ။ ”

“ မင်းက ကိုယ့်ကိုယ်ကို မိန်းမဆိုတာ သိသေးတယ်လား။ ”

ချန်လွေ့ စိတ်ထဲ၌ ပြောလိုက်သည်။သို့သော်လည်း သူ၏ပါးစပ်မှ ဆန့်ကျင်ဘက် ပြော၏။

“ ဒါဆိုရင် ကိုယ်မြန်မြန် ထွက်သွားရမယ်။သိပ်မကြာခင် ကိုယ့်ကိုယ်ကိုယ် သတ်သေဖို့အတွက် ဒီကို‌ပြန်လာမယ်လို့ မထင်ဘူး။ ”

“ ဒါနဲ့ အရင်တစ်ခါတုန်းက မင်းရဲ့ ရွှေသလင်းကျောက် လက်ထပ်ကို ဖျက်ဆီးခဲ့မိတယ်။ ဒါကို လျော်ကြေးအနေနဲ့ လက်ခံပေးပါ။ ”

ချန်လွေ့သည် ပြိုင်ပွဲ၌ ပြုလုပ်ခဲ့သော “ ကြယ်များကို တမ်းတခြင်း ” ဝတ်ရုံကို ထုတ်ကို စားပွဲပေါ် တင်လိုက်သည်။

သူ တစ်ဖက်လှည့်ပြီး တံခါးဆီသို့ လမ်းလျှောက်သွားစဉ် သူ၏နောက်ဘက်မှ ခရစ္စတီးနား၏အသံ ရုတ်တရက် ထွက်ပေါ်လာသည်။

“ တကယ်တော့ ရှင်ဘယ်လောက်ပဲ ကျွန်မအတွက် လုပ်ပေးလုပ်ပေး၊ ကျွန်မရဲ့ မဆုပ်မနစ် ကြိုးပမ်းမှုက ပြောင်းလဲသွားမှာ မဟုတ်တာကို ရှင်သဘောပေါက်သင့်တယ်။ ”

ချန်လွေ့ ခဏမတ်တပ်ရပ်နေပြီးနောက် နောက်လှည့်ကာ ပြန်ဖြေလိုက်သည်။

“ မင်းရဲ့ မဆုပ်မနစ် ကြိုးပမ်းမှုက လူတိုင်းရဲ့ မဆုပ်မနစ်ကြိုးပမ်းမှုကို ကာကွယ်ဖို့ အတွက်‌ဆိုရင် ကိုယ့်ရဲ့ မဆုပ်မနစ် ကြိုးပမ်းမှုက မင်းကို ကာကွယ်ဖို့တစ်ခုပဲ။ ”

နောက်ဆုံး၌ ခရစ္စတီးနား၏ မျက်လုံးများသည် ရေကဲ့သို့တည်ငြိမ်မှုကို မထိန်းထားနိုင်တော့ပေ။သူ နှာမှုတ်လိုက်ပြီး တံခါးရုတ်တရက် အလိုလိုပိတ်သွားကာ ကြီးမားသော တွန်းကန်အားတစ်ခုက ချန်လွေ့ကို တွန်းထုတ်လိုက်သည်။သို့သော် တံခါးမပိတ်ခင်၌ ရွှေရောင်အလင်းတစ်ခု ပျံသန်းသွား၏။

“ ဒီရွှေရုပ်သေးက မယှဉ်နိုင်တဲ့ ရန်သူတစ်ယောက်နဲ့ ရင်ဆိုင်ရတဲ့အခါ အချိန်ခဏ ဆွဲထားပေးနိုင်လိမ့်မယ်။ဒါက တစ်ခါပဲ တိုက်ခိုက်နိုင်မယ်။ ”

ထိုစကားပြီးနောက် ခြံဝင်းထဲမှ မည်သည့်အသံမျှ ထွက်မလာတော့ပေ။

ချန်လွေ့သည် ရွှေရောင်အလင်းကို လက်ထဲ၌ လက်ခံလိုက်သည်။ထို့နောက် ပြုံးပြီး ထွက်သွားလိုက်သည်။

ခြံဝင်းထဲ၌ ခရစ္စတီးနားသည် စားပွဲပေါ်မှ ဆေးရည်မည်းများကို ကြည့်ရင်း ပျောက်ကွယ်သွားပြီဟုထင်ထားသော ထူးဆန်းသည့်စိတ်ခံစားချက်များ သူ၏နှလုံးသားထဲ၌ တဖန်ပြန်ပေါ်ထွက်လာသည်။မတ်မတ်ရပ်နေသော အန္တိမပလ္လင် နောက်ကွယ်၌ အမှန်တကယ်ပင် ပင်ပန်းနေသော နှလုံးသားတစ်ခု ရှိနေ၏။ထိုလူ၏ တုံးအသော စိတ်ခံစားချက်များနှင့် မလျှော့သော ဇွဲလုံ့လတို့သည် ခိုလှုံရာအဖြစ် သတ်မှတ်ရန် ဝေးကွာလွန်းသော်လည်း လျစ်လျူရှု၍မရသော ငြိမ်းချမ်းခြင်း အငွေ့အသက်ကို ခရစ္စတီးနား ခံစားမိနေသည်။

ထိုအကြောင်းကြောင့်ပင် သူ၏နှလုံးသား ပြန်လည် နူးညံ့သွားခြင်း ဖြစ်ပေသည်။ သို့မဟုတ်ပါက ချန်လွေ့သည် ယခုတစ်ခေါက် မိမိအား တွေ့ခွင့်ရမည်မဟုတ်ပေ။

မည်သို့ပင်ဆိုစေကာမူ သတင်းအချက်အလက်များ၊ ခွဲခြမ်းစိတ်ဖြာမှုများနှင့် အထူးသဖြင့် စစ်တပ်စနစ်ကို ပြန်ဖွဲ့စည်းခြင်းတို့မှာ မမျှော်လင့်ထားသော အံ့ဩစရာများပင် ဖြစ်သည်။ ငါဒါကို စိတ်နူးညံ့တဲ့ ဆုလာဒ်တစ်ခုလို့ သဘောထားလိုက်မယ်။ဒါနဲ့ ဒါက ဆုလာဒ်ဆိုတာထက် ပိုနေသလိုပဲ။

ခရစ္စတီးနား၏ ကျောက်စိမ်းကဲ့သို့ လက်များသည် ပေါ့ပါးသော ဝတ်ရုံကို ပွတ်သပ်လိုက်သည်။ယန္တရားပညာပြိုင်ပွဲ၌ သူကိုယ်တိုင်ကြားခဲ့ရသော ထိုလူ၏ စကားများ သူ၏နားထဲ ပြန်လည်ကြားယောင်လာ၏။

“ ဒီဝတ်ရုံရဲ့ ဉာဏ်ကွန့်မြူးမှုက အမျိုးသမီး တစ်ယောက်ရဲ့ ကြယ်လိုမျိုး မျက်လုံးတွေကနေလာတာ... ”

ဇာမျက်နှာလွှားနောက်ကွယ်မှ ကြယ်ကဲ့သို့မျက်လုံးထဲ၌ အရောင်များ တဖြည်းဖြည်း နူးညံ့သွား၏။ခရစ္စတီးနားသည် ဝတ်ရုံသာ အသာအယာ ဝတ်ဆင်လိုက်သည်။

နူးညံ့သော ခံစားချက်တစ်ခု အမှန်တကယ်ပင် ရှိနေသည်။သူ၏ မဆုပ်မနစ် ကြိုးပမ်းမှု ကဲ့သို့ပင် ဖြစ်သည်။

ခြံဝင်းထဲမှ လမ်းလျှောက်ထွက်ပြီး မကြာခင်မှာပင် နန်းတွင်းသူသည် ချန်လွေ့ဘေး၌ တဖန်ပြန်ပေါ်လာသည်။သူသည် ချန်လွေ့အား နန်းတော်မှ ခေါ်သွားပြီး အစေ့တစ်စေ့ ပါသော အိတ်သေးသေး တစ်လုံး ပေးခဲ့သည်။၎င်းမှာ ဧကရီ ကတ်သရင်း ကတိပေးခဲ့သော အရိပ်မြူနှင်းပန်း အစေ့ပင် ဖြစ်လေသည်။သူသည် ထိုအစေ့အား ကြယ်စင်စုဥယျာဉ်ထဲ စိုက်ပျိုးလိုက်ရာ ဆယ်ရက်အတွင်း ရင့်မှည့်မည်ဖြစ်ကြောင်း အသိပေးချက် ထွက်ပေါ်လာသည်။ စကိုင်း၏ကျိန်စာကို ဖယ်ရှားရန်အတွက် ပြဿနာ မရှိလောက်တော့ပေ။

ချန်လွေ့သည် ခရစ္စတီးနား ပေးခဲ့သော ရွှေရုပ်သေးကို ဖျပ်ခနဲ ကြည့်လိုက်သည်။၎င်းသည် လက်ဝါးအရွယ် ရွှေလူရုပ် ဖြစ်သည်။၎င်းသည် အော်စကာဆု၌ ခေါ်ရမလို ဖြစ်နေသည်။ ထိုရွှေရုပ်သေးသည် အက်စ်မိုဒက်စ် တော်ဝင်မိသားစု၏ လျို့ဝှက်နည်းလမ်းဖြင့် ပြုလုပ်ထားသော အစွမ်းထက်ဆုံး [ စစ်ရုပ်သေး ] ဖြစ်ရပေမည်။ချန်လွေ့သည် အသံတိတ်ညစိမ့်မြေ၌ ဘရော့ခ်နှင့် ခရစ္စတီးနားတို့ တိုက်ခိုက်စဉ် ကြေးရုပ်သေးတို့၏ စွမ်းအားများကို မြင်တွေ့ခဲ့ပြီးပြီ ဖြစ်သည်။ရုပ်သေးများသည် နာကျင်မှုမရှိ အတွေးမရှိပေ။ မပင်ပန်းနိုင်သလို သေလည်း မသေနိုင်ပေ။ထို့ကြောင့် ၎င်းတို့ကို ဖြေရှင်းရန် အတော်လေး ခက်ခဲလှသည်။အခုတွင် ခရစ္စတီးနားသည် သူ့ကို အစွမ်းထက်ဆုံးသော ရွှေရုပ်သေးကို ပေးခဲ့သည်။ထို့ကြောင့် ချန်လွေ့သည် နတ်ဆိုးအရှင်သခင် တစ်ယောက်ကို ရင်ဆိုင်ရာ၌ပင် အခွင့်အရေး ရှိနေသေးသည်။သို့သော် ကံမကောင်းသည်မှာ ၎င်းကို တစ်ကြိမ်သာ အသုံးပြု၍ ရခြင်းပင် ဖြစ်သည်။

ရွှေရုပ်သေးသည် အနည်းငယ် ရင်းနှီးပုံရပြီး တစ်ခုခုကို ချန်လွေ့ ရုတ်တရက် တွေးမိလိုက်သည်။မိုးသစ်တောမည်း၌ ဒိုဒို အညံ့ခံခဲ့စဉ်က ဒိုဒိုသည် ၎င်းဝါးမျိုခဲ့သော နဂါးချန်ခဲ့သည့် ရတနာများကို ပေးအပ်ခဲ့သည်။ထိုထဲတွင် ရွှေရုပ်သေး အရွယ်ခန့် ရုပ်သေးတစ်ရုပ် ပါရှိသည်။၎င်းကို တွေးလိုက်သည်နှင့် ထိုရုပ်သေးသည် ချန်လွေ့ လက်ထဲ၌ ပေါ်ထွက်လာသည်။၎င်းသည် အမှန်တကယ်ပင် ရွှေရုပ်သေး အရွယ်အစား နီးပါး ဖြစ်သည်။မျက်နှာပြင် ကြမ်းတမ်းသော်လည်း ထိုရုပ်သေး၏ ကုန်ကြမ်းပစ္စည်းသည် ရွှေရုပ်သေးထက် ပိုအဆင့်မြင့်ကြောင်း ယန္တရားဆရာသခင်တစ်ယောက် အနေဖြင့် ချန်လွေ့ ပြောနိုင်လေသည်။

ထိုသို့တွေးပြီးနောက် ချန်လွေ့သည် အချိန်အကန့်အသတ် ရောက်သွားပြီဖြစ်သော [ သရုပ်ခွဲမျက်လုံး ] ကို အသက်သွင်းလိုက်ပြန်တော့သည်။မယ်ဂရီဇ်အခြေအနေသို့ ရောက်ရှိပြီးနောက် [ သရုပ်ခွဲမျက်လုံး ] တွင် အကဲဖြတ်လုပ်ဆောက်ချက် ရှိလာခဲ့သည်။ သို့သော် ထွက်ပေါ်လာသော အသိပေးချက်မှာ အောက်ပါအတိုင်း ဖြစ်နေ၏။

အမည်မသိ ပစ္စည်း( ချိပ်ပိတ်ခံထားရ )။

ဂုဏ်သတ္တိ - မဆုံးဖြတ်နိုင်။

ထိုအသိပေးချက်မှာ အလွန်ထူးဆန်းပြီး ၎င်းသည် “ ချိပ်ပိတ် ”နှင့် သက်ဆိုင်နေပုံရသည်။ သို့သော် ခရစ္စတီးနားသည် သူ့ကို ထပ်တွေ့မည် မဟုတ်သည်မှာ သေချာသည်။ နောက်တစ်ခါ တွေ့တဲ့အထိ စောင့်လိုက်တော့မယ်။ငါသူ့ကို အံ့ဩသွားအောင် လုပ်ရင် လုပ်နိုင်မှာ။

ယခုတစ်ခေါက် တွေ့ဆုံခြင်းသည် ချန်လွေ့ ထင်ထားသည်နှင့် အနည်းငယ် ကွဲပြားသည်။[ အစစ်အမှန်ရုပ်ဖျက်ခြင်း ] သည် ခရစ္စတီးနား အရှေ့၌ လုံးဝအသုံးမဝင်ပေ။ တစ်ချက်ကြည့်ရုံဖြင့် သူသိသွားခဲ့သည်။ချန်လွေ့က မိမိ၏ချို့ယွင်းချက်ကို မသိသေးပေ။ သို့သော် ထိုတွေ့ဆုံမှုပြီးနောက် ခရစ္စတီးနားအပေါ် ချန်လွေ့၏ နားလည်မှုများ ပို၍လေးနက်လာသည်။အထူးသဖြင့် သူ၏ မဆုပ်မနစ် ကြိုးပမ်းမှုကိုပင် ဖြစ်သည်။

အထူးသဖြင့် ဘရော့ခ်ကို အချိန်ဆွဲရန်အတွက် ချန်လွေ့သည် မိမိကိုယ်ကို စတေးပြီးနောက် ခရစ္စတီးသည် မိမိအပေါ် ခံစားချက်များရှိကြောင်း မြင်တွေ့နိုင်ခဲ့သည်။ နိဗ္ဗာန်သွေးနှင့် အနီရောင် ပုလွေတို တို့သည် အကောင်းဆုံး သက်သေများပင် ဖြစ်သည်။သို့သော်လည်း ထိုခံစားချက် မည်မျှပင် ပြင်းထန်စေကာမူ ခရစ္စတီနား၏ နှလုံးသားထဲရှိ အကြီးမားဆုံး မဆုပ်မနစ် ကြိုးပစ်မှုကို အစားမထိုးနိုင်ပေ။

နောက်ဆုံး၌ ချန်လွေ့သည် မည်သည့်အတွက်ကြောင့် ခရစ္စတီးနားက ဧကရီ အလောင်းအလျာဖြစ်မည်ကို အနည်းငယ် သဘောပေါက်သွားသည်။သူ့ကို အခြားလောက၌ ထားမည်ဆိုလျှင် ကိုယ့်ကိုယ်ကိုယ် ဟုတ်လှပြီထင်နေသော လူအချို့က “ မာသာမယ်ရီ၊ဒရာမာဘုရင်မ၊အရူးမ ” ဟု ဝေဖန်ကြပေလိမ့်မည်။သို့သော်လည်း ထိုလူများ ဤလောကသို့ ရောက်လာလျှင် သူတို့သည် ခရစ္စတီးနား၏မျက်လုံးထဲ၌ ပုရွက်ဆိတ်များသာ ဖြစ်သည်။ခရစ္စတီးနား သူတို့ကို အရေးစိုက်မည် မဟုတ်ပေ။

ခရစ္စတီးနားသည် မလျှော့သော ဇွဲလုံ့လဖြင့် ရှေ့ဆက်ခဲ့သည်။သူ၏စိတ်ဆန္ဒသည် ပြင်းထန်လွန်းလှပြီး မည်သည့်အရာကမျှ အစားမထိုးနိုင် မလှုပ်ခတ်နိုင်။ခရစ္စတီးနားသည် ရှီရာထက် ပို၍သင့်တော်သော ထူးချွန်‌သည့် အုပ်ချုပ်သူတစ်ယောက်ဟု ပြော၍ရနိုင်ပေသည်။

ထိုအချိန်၌ ချန်လွေ့သည် သူတို့နှစ်ယောက်ကြားရှိ အကွာအဝေးကို သေသေချာချာ မြင်သွားပြီး ဝေးလွန်းသည်ဟု ခံစားမိလိုက်သည်။နောက်ပိုင်း ခရစ္စတီးနား ထီးနန်းဆက်ခံသောအချိန်တွင် ထိုဝေးကွာမှုသည် အတိုင်းအဆမရှိ ပိုတိုးသွားနိုင်ပေသည်။ သို့သော်လည်း ချန်လွေ့သည် ထိုအမျိုးသမီး၏ ဆွဲဆောင်မှုကို ပို၍ခံစားခဲ့ရသည်။ထိုထဲတွင် သူ၏ အသွင်အပြင်၊ခန္ဓာကိုယ်နှင့် အမူအရာသာမက ထိုကဲ့သို့ မဆုပ်မနစ်ကြိုးပမ်းမှုအပြင်..... သူ၏ အကျိုးအကြောင်းသင့်ပြီး ညှာတာမှုကင်းမဲ့လုနီးပါးဖြစ်သော နှလုံးသားကို ပေါ်လွင်စေသည့် ရံဖန်ရံခါ နူးညံ့မှု အရိပ်အယောင်လည်း ပါဝင်နေသည်။

အရိပ်နက်အင်ပါယာ နှင့် နတ်ဆိုးဘုံတစ်ခု၌ ထာဝရ ငြိမ်းချမ်းမည့် နေ့ရက်တစ်ရက် ရှိလာမည်ဆိုလျှင် ခရစ္စတီးနားသည် သူ၏နှလုံးသားထဲ၌ ဖိနှိပ်ထားသော ခံစားချက်များကို အမှန်တကယ် ထုတ်လွှတ်နိုင်လောက်ပေမည်။၎င်းသည်.... ကြယ်ကြွေတမန် အင်ပါယာအား ရှီရာအုပ်စိုးနိုင်ခြင်းထက် ပို၍ခက်ခဲပုံရသည်။

သို့သော် ထိုအရာများသည် ချန်လွေ့အတွက် အလွန်ဝေးကွာလွန်းလှသည်။ထို့ပြင် ၎င်းတို့သည် လက်တွေ့မကျပေ။ယခု သူအဓိက စိုးရိမ်နေသည်မှာ အကြံအစည်ကိုပင် ဖြစ်သည်။

ထိုအကြံအစဉ်သည် အလွန်အန္တရာယ်များသော်လည်း ခရစ္စတီးနား၊ခီရာ၊ဒေလီယာနှင့် မိမိ၏ဆန္ဒအတွက်ပင် စမ်းကြည့်ရန် ထိုက်တန်လှပေသည်။

အခြားသူတွေအတွက် အသက်ရှင်ရတာ ပင်ပန်းလွန်းတယ်။ဒါပေမဲ့ သူတို့အတွက်ချည်းပဲ အသက်ရှင်လို့မရဘူး။ဒါက ချန်လွေ့။သွေးမအေးတတ်တဲ့ ယောက်ျားတစ်ယောက်ပဲ။

All Chapters