← Chapters

မှော်စက်ဝိုင်း ပါရမီရှင် ပေါ်ထွက်လာခြင်း

Vol. 18 Ch. 267

မှော်စက်ဝိုင်း ပါရမီရှင် ပေါ်ထွက်လာခြင်း

Vol. 18 Ch. 267

မှော်ကျောက်ပြား၏ မှော်ဆန်သော အစွမ်းနှင့်အတူ ချန်လွေ့သည် ချိပ်ပိတ်ထားသော ရှေးမှော်မျှော်စင်သို့ ချောချောမွေ့မွေ့ ရောက်ရှိသွားသည်။

ခုနက လီယိုသည် အထူးအခွင့်အရေးကို အသုံးချပြီး တစ်ယောက်တည်း ဝင်ခဲ့သည်။ ယခုတစ်ခေါက်၌ မှော်မျှော်စင်ထဲ ဝင်ရောက်သည်မှာ ချန်လွေ့တစ်ယောက်တည်း မဟုတ်ပေ။တိုက်ဆိုင်စွာပင် ဆရာသခင် ရှိုဆာလည်း အထဲတွင် ရှိနေပြီး သူ မသိသော ဆရာသခင်အချို့လည်း ရှိနေသည်။

ဆရာသခင် ရှိုဆာက ချန်လွေ့ကို တွေ့သည့်အခါ ပြုံးရင်း ပြောလိုက်သည်။

“ ဆရာသခင် အာသာ ပါလား။အစောကြီး မှော်မျှော်စင်ထဲကို လာလေ့လာတာပဲ။ရမ္မနစ်ဂီ မဟုတ်လား။သူက မင်းကို သူ့ရဲ့အချိန်တွေ ပေးလိုက်တာ ထင်တယ်။သူ့ရဲ့မြေးမလေးက မင်းနဲ့သိတဲ့ပုံပဲ။ရမ္မနစ်ဂီက မင်းနဲ့ တစ်ဆင့်ချင်း အပြန်အလှန် နားလည်မှု ရယူပြီးတော့ မင်းကို လက်ထပ်ပွဲကနေတစ်ဆင့် အက်စ်မိုဒက်စ် မိသားစုရဲ့ ချည်နှောင်ဖို့ ကြိုးစားနေတာ များလား။ကံဆိုးချင်တော့ ကျုပ်မှာ သားတစ်ယောက်ပဲရှိတယ်။မင်း စိတ်မဝင်စားဘူး မလား။ ”

အမှန်တကယ်၌ ဆရာသခင် ရှိုဆာ၏အထင် မှန်ကန်သည်။ရမ္မနစ်ဂီတွင် ထိုကဲ့သို့ ရေရှည်အကြံအစည်ရှိသော်လည်း သူမထုတ်ဖော်သေးပေ။

ချန်လွေ့သည် အစပိုင်း၌ ပြုံးနေသေးသော်လည်း နောက်ဆုံးစကားကို ကြားလိုက်ရသည့်အခါ ကြက်သီးတဖြန်းဖြန်း ထသွားတော့သည်။ လခွမ်း။ငါက အခြောက်နဲ့ တူလို့လား။

“ ပေါက်ကရတွေ လုပ်မနေနဲ့။ ”

ဘေးဘက်မှ ရင့်ကျက်ပုံရသော မဟာနတ်ဆိုး သဆရာသခင်မတစ်ယောက်က သည်းမခံနိုင်တော့ဘဲ ပြောလိုက်သည်။

“ ဒါက ဆရာသခင် အာသာ ဖြစ်မယ်။အရင်တစ်ခေါက် ဗိုလ်လုပွဲမှာ ရှင့်ကို ကျွန်မ တွေ့ခဲ့ပြီးတော့ ရှင့်ရဲ့အစွမ်းအစတွေကို မြင်ခဲ့ရတယ်။တကယ့်ကို လေးစားအားကျစရာပဲ။ ဒီအဘိုးကြီးကို လျစ်လျူရှုထားလိုက်။သူက ပေါက်ကရတွေပဲ ပြောနေတတ်တာ။ ”

အမှန်တကယ်ပေ ရှိုဆာသည် ချန်လွေ့ကို တွေ့ရသည့်အခါ အနည်းငယ် ရှက်နေသည်။သူက ချန်လွေ့သည် ဆရာသခင်တစ်ယောက် ဖြစ်နေကြောင်းကို မသိဘဲ တပည့်အဖြစ် လက်ခံချင်ခဲ့သည်။ထိုအချိန်၌ ဆရာသခင်ရှိုဆာက ပြုံးလိုက်သည်။

“ ဆရာသခင်မ ဖီမီ။ဆရာသခင် အာသာက ဖွံ့ဖွံ့ဖြိုးဖြိုးနဲ့ ရင့်ကျက်တဲ့ မိန်းမတွေကို သဘောကျတယ်လို့ ကြားတယ်။ခင်ဗျားရဲ့ ခန္ဓာကိုယ်က အချိုးအစားညီတယ်။ခင်ဗျား ဆန္ဒရှိမယ်ဆိုရင် ဖြစ်နိုင်ချေ တော်တော်လေး မြင့်မှာ။ခင်ဗျား ပိုပြီးနီးစပ်အောင် လုပ်သင့်တယ်။ ”

“ သူတောင်းစားကြီး။မယုံမရှိနဲ့။ရှင် ဆက်ပြီးတော့ မဟုတ်တာတွေ ပြောဦးမယ်ဆိုရင် ရှင့်ရဲ့ ဝိုင်ပုလင်းအကွဲကို ရှင့်ဖင်ထဲ ထိုးထည့်ပစ်မယ်။ ”

ရင့်ကျက်ပြီး ဖွံ့ဖြိုးသော အမျိုးသမီး ရှက်သွားခဲ့သည်။သူက ကြမ်းကြုတ်သော စကားများသည် လူတိုင်းကို တုန်လှုပ်သွားစေခဲ့သည်။

ယန္တရား “မျိုးနွယ်” အများစုသည် မူမမှန်သူများ ဖြစ်ပုံရသည်။အန်ဒါဆန်နှင့် ရမ္မနစ်ဂီ တို့သည် အစည်းအရုံးရှိ ဆရာသခင်များထဲ၌ ရှားပါးပြီး ပုံမှန်ဖြစ်သော နတ်ဆိုးအချို့ ဖြစ်ကြပေသည်။

ချန်လွေ့သည် မခံစားရသည်မှာ ကြာပြီဖြစ်သော ခံစားချက်တစ်ခု ခံစားရလိုက်သည်။ အင်္ဂါဂြိုလ်က အန္တရာယ်များလွန်းတယ်။ကမ္ဘာဂြိုလ်ဆီ အမြန်ပြန်မှ။

ထိုရယ်စရာများမှာ သိပ်ကြာကြာ မခံခဲ့ပေ။အကြောင်းမှာ ရှေးမှော်စင်အတွင်း၌ အချိန်သည် အလွန်တန်ဖိုးရှိ၍ဖြစ်သည်။သူတို့အချင်းချင်း မိတ်ဆက်ပြီးနောက် တတိယအထပ် သို့မဟုတ် စတုတ္ထအထပ်‌ဆီ သွားလိုက်ကြပြီး မှတ်တမ်းတင် လေ့လာနေကြတော့သည်။

ယခင်က ချန်လွေ့၌ အချိန်အနည်းငယ်သာ ရရှိခဲ့သည့်အတွက် လှည့်လည်ရုံသာ ရခဲ့သည်။အချက်အလက် အများအပြားကို မှတ်တမ်းတင်နိုင်ခဲ့သော်လည်း မပြည့်စုံပေ။ထို့ပြင် ရှေးမှော်မျှော်စင်သည် အလွန်ပင် လျို့ဝှက်ဆန်းကြယ်လှသည်။ ယခုတစ်ခေါက် အချက်အလက်သည် ယခင်တစ်ခေါက်နှင့် မတူညီပေ။ချန်လွေ့သည် ရည်မှန်းချက် မကြီးသည့်အတွက် တတိယထပ်တွင် နေရစ်ပြီး [ အထူးစိစစ်မှု ]ကို အသက်သွင်းလိုက်သည်။ချန်လွေ့သည် စိစစ်မှုနှစ်ခု၏ ရလာဒ်များကို နှိုင်းယှဉ်ပြီး ခွဲခြမ်းစိတ်ဖြာကာ အတွင်းထဲမှ လျို့ဝှက်ဆန်းကြယ်မှုများကို နားလည်သဘောပေါက်ရန် ကြိုးစားနေ၏။

တတိယထပ်မှ အချက်အလက်များသည် အမှန်တကယ်ပင် ပထမထပ်၊ဒုတိယထပ်နှင့် အလှမ်းဝေးကွာလွန်းလှသည်။ထိုအချက်လက်များ၏ ပြောင်းလဲမှုများသည် ရှုပ်ထွေးပြီး လျို့ဝှက်ဆန်းကြယ်သည်။အချိန်တိုင်း ၎င်းကို ပေါင်းစပ်မှုအသစ်၊ အကြံဉာဏ်အသစ်များဖြင့် စီစဉ်၍ရသည်။

ထို့ကြောင့်ပင် ချန်လွေ့သည် ယခင်တစ်ခေါက်၌ စိတ်နစ်မြုပ်နေခြင်း ဖြစ်သည်။သို့သော်လည်း [ အထူးစိစစ်မှု ]၏ အကူအညီဖြင့်ပင် ပြီးပြည့်စုံသော အခင်းအကျင်းတစ်ခုကို စီစဉ်ရန် အလွန်ပင် ခက်ခဲလှသည်။

ဒါကြောင့် ဒီဆရာသခင်တွေ နှစ်ပေါင်းများစွာ လေ့လာတာတောင် ပြီးပြည့်စုံတဲ့ မှော်စက်ဝိုင်းတစ်ခုကို “ အဖြေရှာ ”ဖို့ ခက်ခဲနေတာကိုး။

[ အထူးစိစစ်မှု ] ပြဿနာဖြေရှင်းနည်း ဖော်ထုတ်ရန် လိုက်နာရမည့်စည်းကမ်းများကို ထပ်၍ ဖြည့်ထည့်နေပုံရသည်။ချန်လွေ့၏ စိတ်ထဲ၌ အစီအစဉ်အများအပြား ထပ်တိုးလာသည်။သို့သော် ပြီးပြည့်စုံရန် အကွာအဝေးမှာလည်း ပိုပို၍ တိုးပွားလာသည်။

ချန်လွေ့ မျက်မှောင်ကြုတ်ပြီး စဉ်းစားနေသည်။ရွှင်းကျစ်ထဲက ဆိုရိုးတစ်ခု ရှိတယ်။“ ပြောင်းလဲမှုတိုင်းက အတူတူပဲ။ဘယ်လိုပဲ ပြောင်းလဲပါစေ၊ အရည်အသွေး မပြောင်းလဲသွားဘူး။ဘယ်လိုပဲ ပြောင်းလဲပါစေ၊ မူလကအနှစ်သာရကနေ မသွေဖည်သွားဘူး။ ”

မှော်ပညာက ဘယ်လောက်ပဲ ရှုပ်ထွေးပါစေ မြေ၊ရေ၊မီး၊အလင်း၊အမှောင်ဆိုတဲ့ ဒြပ်စင်(၆)မျိုးကနေ သွေဖည်ဖို့ မဖြစ်နိုင်ဘူး။အ‌မှောင် မှော်ပညာကနေ ဆင်းသက်လာတဲ့ အောက်လမ်းပညာနဲ့ လေနဲ့ရေ မှော်ပညာကနေ ဆင်းသက်လာတဲ့ လေဟာနယ် မှော်ပညာ(ပျောက်ဆုံးသွားပြီး)တို့က အတူတူပဲ။အဲဒါကြောင့် မှော်စက်ဝိုင်းကလည်း အခြေခံ အတူတူပဲ။

ချန်လွေ့ လိုအပ်နေသည်မှာ ရုပ်ထွေးမှုနှင့် မရေမတွက်နိုင်သော အပြောင်းအလဲများကို တိုးပွားအောင်လုပ်ရန် မဟုတ်ဘဲ ရှုပ်ထွေးမှုကို ရိုးရှင်းမှုအဖြစ် လျှော့ချရန်နှင့် အခြေခံအကျဆုံး အရေးအပါဆုံး အစိတ်အပိုင်းကို ရှာဖွေရန် ဖြစ်သည်။

ထိုသို့တွေးမိပြီးနောက် ချန်လွေ့ မတ်တပ်ရပ်ပြီး အောက်ထပ်ဆင်းကာ ပထမထပ်ဆီ ပြန်သွားလိုက်သည်။

တစ်စုံတစ်ခုကို အာရုံစိုက်နေစဉ်၌ အချိန်သည် အလျင်အမြန် ကုန်ဆုံးသွား၏။မျက်စိ တစ်မှိတ်အတွင်းမှာပင် ၈နာရီ ကုန်ဆုံးသွားခဲ့သည်။

ချန်လွေ့သည် အချို့ကို နားလည်သဘောပေါက်သွားပြီးနောက် အတွေးများကို ရုပ်သိမ်းလိုက်သည်။ထို့နောက် ဒုတိယထပ်မှ ဆင်းလာသော ဆရာသခင် ရှိုဆာကို မြင်လိုက်ရသည်။

ပထမထပ်တွင် ထိုင်နေသော ချန်လွေ့ကို တွေ့သည့်အခါ ဆရာသခင်ရှိုဆာ အံ့အားသင့်သွားသည်။

“ မင်းဘာလို့ ဒီမှာပဲ ရှိနေသေးတာလဲ။မင်းရဲ့ စွမ်းရည်နဲ့ဆိုရင် တတိယထပ်လောက်‌မှာ ရှိနေသင့်တယ်။ဆရာသခင်တွေအတွက်တောင် မျှော်စင်ထဲ ဝင်နိုင်တဲ့အချိန်က အကန့်အသတ် ရှိတယ်။အဲဒါကြောင့် အချိန်မဖြုန်းမိစေနဲ့။ ”

“ သွားတော့မလို့ပါပဲ။ ”

ဆရာသခင် ရှိုဆာက စေတနာနှင့်ပြောသည်ကို ချန်လွေ့သိသည်။ထို့ကြောင့် ခေါင်းညိတ်ပြီး မတ်တပ်ရပ်ကာ ဝိုင်ပုလင်းတစ်လုံးကို ထုတ်လိုက်သည်။

“ ဒါနဲ့ ကျုပ်ကို ကူညီလမ်းညွှန်ပေးတဲ့ ဆရာသခင် ရှိုဆာကို ကျေးဇူးမတင်ရသေးဘူး။ ကျုပ်ကို အကြီးအကဲ လာမာက ဒီဝိုင်ပုလင်းပေးခဲ့တာ။အခုတော့ ဘုရားဆီကနေ စွန့်ထားတဲ့ပန်းနဲ့ လက်ဆောင်ပေး( တစ်ယောက်ယောက်ရဲ့ ပစ္စည်းကိုသုံးပြီးတော့ တခြားတစ်ယောက်ကို စည်းရုံးသိမ်းသွင်းတာကို ဆိုလိုတာပါ)ပြီးတော့ ကျုပ် ခင်ဗျားကို ပေးလိုက်ပြီ။ ”

ဆရာသခင်ရှိုဆာသည် ချန်လွေ့ပြောသော ဘုရားဆီမှ စွန့်ထားသောပန်းနှင့် လက်ဆောင်ပေးသည်ကို နားမလည်သော်လည်း လာမာဟူသော နာမည်ကို ကြားလိုက်သည့်အခါ မျက်လုံးများ အရောင်တောက်သွားခဲ့သည်။သူသည် အမြန်ရောက်လာကာ ဝိုင်ပုလင်းကိုယူပြီး အဖိုးတန်ရတနာတစ်ခုသဖွယ် လေဟာနယ်လက်စွပ်ထဲ၌ သိမ်းထားခဲ့သည်။

“ ဒါက နှစ်တစ်ထောင် အဆင့်မြင့်သစ်သီးဝိုင်ပဲ။ဝန်ကြီးချုပ်က မြို့တော်မှာ ဝိုင်အရက် စုဆောင်းမှုနဲ့ နာမည်ကျော်နေတာ။ငါမင်းဆီမှာ အကြွေးတင်ထားတာကို ဝမ်းသာမိတယ်။ ”

ဆရာသခင်ရှိုဆာက ပျော်ရွှင်စွာဖြင့် ပြန်တော့မည် ပြင်လိုက်စဉ် ရုတ်တရက် နောက်လှည့်ပြီးပြောသည်။

“ မင်းကြိုပြီး ထွက်ချင်တယ်‌ဆိုရင် ငါ့လိုမျိုး အဓိကဝင်ပေါက်ကနေသာ ထွက်သွားလိုက်။ ဒါဆိုရင် မှော်ကျောက်ပြားက အချိန်လည်း အလိုအလျောက် ရပ်တန့်သွားပြီးတော့ နောက်လ မတိုင်ခင်အထိ စုထားလို့ရမယ်။အချိန်ပြည့်သွားရင်လည်း မှော်ကျောက်ပြား မင်းကို တယ်လီပို့ပြီး အပြင်ထုတ်လိုက်လိမ့်မယ်။ ”

ချန်လွေသည် ဆရာသခင် ရှိုဆာကို ကျေးဇူးတင်ပြီး ဒုတိယထပ်သို့ လမ်းလျှောက်သွားသည်။ထို့နောက် ဒုတိယထပ်တွင် နောက်ထပ် ၈နာရီ ၉နာရီကြာ ထိုင်နေလိုက်သည်။ဖီမီကဲ့သို့သော အချို့ဆရာသခင်များက တယ်လီပို့ခုန်ပြီး အချိန်အချို့ ချန်ထားကာ အောက်ဆုံးအလွှာအထိ လမ်းလျှောက်လာခဲ့ကြသည်။ထိုလူအုပ်အပြင် နောက်ထပ်ဆရာသခင် အချို့လည်း ရောက်ရှိလာကြသည်။ယန္တရားနယ်ပယ်၌ အထူးချွန်ဆုံး ပါရမီရှင်က ဒုတိယထပ်၌ ရပ်တန့်နေသည်ကို တွေ့ရသည့်အခါ သူတို့ အံ့ဩသွားကြသည်။ဆရာသခင်မ ဖီနီက စေတနာဖြင့် အကြံတစ်ခုပေးခဲ့သည်။ သို့သော်လည်း သူက များများစားစား မပြောဘဲ ထွက်ပေါက်သို့ လမ်းလျှောက်သွားခဲ့သည်။

ချန်လွေ့သည် ပထမထပ်‌တွင် [ အထူးစိစစ်မှု ]ကို နှစ်ကြိမ်အသုံးပြုခဲ့ပြီး အချိန်အများစုကို စဉ်းစားစီစဉ်ရင်း ကုန်ဆုံးစေခဲ့သည်။ထို့နောက် ဒုတိယထပ်တွင် တစ်ကြိမ် အသုံးပြုခဲ့သည်။ ယခုမှသာ သူသည် အဓိကသော့ချက် ပြဿနာများကို ဖြေရှင်းနိုင်သွားပြီး ပျော်ရွှင်စွာဖြင့် မတ်တပ်ရပ်လိုက်သည်။ထို့နောက် ဗိုက်ဆာလာပြီး တစ်ခုခုစားကာ တတိယထပ်သို့ ယုံကြည်ချက်များဖြင့် လမ်းလျှောက်သွားတော့သည်။

မှော်မျှော်စင်အပြင်ဘက်၌ နောက်တစ်နေ့ နံနက်ခင်း ရောက်ရှိနေလေပြီ။ဥက္ကဋ္ဌ အန်ဒါဆန်နှင့် ဆရာသခင်များသည် ငါးလွှာစားသောက်ဆိုင်၌ နံနက်စာ စားနေကြသည်။ဆရာသခင်လီယို လမ်းလျှောက်လာပြီး ပြောသည်။

“ သိပြီးပြီလား။ဆယ်နာရီ ကျော်နေပြီ။သုံးသွယ်-အထူးပြု ပါရမီရှင်က ဒုတိယထပ်မှာပဲ ရှိနေသေးတယ်။ဒါက ဆရာသခင်ရမ္မနစ်ဂီရဲ့စေတနာကို အလကားဖြစ်အောင်လုပ်နေတာပဲ။ ”

“ အနည်းဆုံးတော့ ဆရာသခင် ရမ္မနစ်ဂီမှာ အစည်းအရုံးနဲ့ အင်ပါယာအတွက် ရည်ရွယ်ချက်ကောင်း ရှိတယ်လေ။ ”

ဆရာသခင်ရှိုဆာက ဆရာသခင်လီယိုကို ထေ့ငေါ့‌ ကြည့်လိုက်သည်။

“ အမြဲတမ်း ဝင့်ကြားနေတဲ့သူတစ်ယောက်ထက် သာပါတယ်။ ”

လီယို၏မျက်လုံးများ ပြူးသွားသည်။

“ ရှိုဆာ။ခင်ဗျား ဘာပြောတာလဲ။ ”

“ ဒီက ဆရာသခင်တိုင်းက ကျုပ်ပြောတဲ့ အဓိပ္ပာယ်ကို သိတယ်။ ”

ဆရာသခင် ရှိုဆာက သရော်ပြုံးပြုံးလိုက်သည်။

“ ဆာဗစ် သေတာက သူ့ထိုက်သူ့ကံပဲ။သူက အာသာကို သက်သက်ကြီး ရန်စနေခဲ့တာ။ ကျုပ်သာဆိုရင် ဆာဗစ်ကို ပြိုင်ပွဲမှာ လက်ပဲဖြတ်မှာ မဟုတ်ဘူး။ငရဲခွေးတစ်ကောင် သေသွားတာက အစည်းအရုံးကို နဂါးတစ်ကောင် ဝင်လာစေခဲ့တယ်။အဲဒီနဂါးကလည်း တိုးတက်နိုင်မယ့်နေရာတွေ မရေမတွက်နိုင်အောင်ရှိတယ်။ခင်ဗျားက ဆရာသခင် အာသာကို သက်သက်ကြီး ဆန့်ကျင်နေတာဆိုတော့ ခင်ဗျားဘာပြောတာလဲလို့ ကျုပ်မေးသင့်တာ မဟုတ်ဘူးလား။ ”

လီယိုကို ဆရာသခင်များက မနှစ်သက်ကြပေ။ရုတ်တရက် သူသည် မကျေမနပ် စိုက်ကြည့်နေသော မျက်လုံးများစွာကို ခံစားမိလိုက်ပြီး မသက်မသာ ခံစားသွားရသည်။လီယိုက သရော်ပြုံးပြုံးလိုက်သည်။

“ ကျုပ်က အမှန်တရားကို ပြောနေတာပါ။သူက သုံးသွယ်-အထူးပြု ယန္တရားဆရာသခင် တစ်ယောက် ဖြစ်ပေမဲ့ မှော်စက်ဝိုင်းမှာ တော်ချင်မှ တော်မှာလေ။ ”

ဆရာသခင် ရမ္မနစ်ဂီက ပြောသည်။

“ ဆရာသခင်တစ်ယောက်အနေနဲ့ ရှေးမှော်မျှော်စင်ကို အာသာ ဝင်ရောက်တာ ပထမဆုံးအကြိမ်ပဲ။နောက်ပိုင်း ဘာဖြစ်မလဲဆိုတာ ဘယ်သူမှ မခန့်မှန်းနိုင်ဘူး။ အနည်းဆုံးတော့ ကျုပ်သူ့အပေါ်မှာ ယုံကြည်ချက် ရှိတယ်။ ”

ရမ္မနစ်ဂီ၏ ဂုဏ်ဩဇာနှင့် အဆင့်အတန်းကြောင့် လီယိုသည် ချက်ချင်း ဘာမျှ မပြောနိုင်ခဲ့ပေ။ထို့ကြောင့် သူသည် စကားတစ်ခွန်းပြောပြီး ထွက်သွားလိုက်သည်။

“ ခင်ဗျား သူ့ကို မြင့်မြင့်ကိုင်ထားရင် သူက မြင့်မြင့် ပြုတ်ကျမှာပဲ။ ”

ဆရာသခင် အန်ဒါဆန် မျက်မှောင်ကြုတ်လိုက်သည်။ပါရမီရှင် ဆရာသခင် အသစ်ကို စိုးရိမ်သည့်အတွက် သူ၏လှုပ်ရှားမှုများကို ခဏခဏ သတင်းပို့စေသည်။

“ အာသာက ဒုတိယထပ်ကနေ တတိယထပ်ကို ရောက်သွားပြီ။ ”

“ သူက မှော်ကျောက်ပြားကို ထုတ်လိုက်တဲ့ပုံပဲ။ဒါပေမဲ့ သူ မှတ်တမ်း မတင်ရသေးဘူး။ ”

“ အာသာက တတိယထပ်က‌နေ စတုတ္ထထပ်‌ဆီ ရောက်သွားပြီ။ ”

“ သူက မှော်ကျောက်ပြားပေါ်မှာ မှတ်တမ်းတင်နေပြီ။ ”

ထိုသတင်းသည် ဆရာသခင် လီယို၏နားထဲသို့ ရောက်ရှိလာသည်။ချန်လွေ့သည် စတုတ္ထထပ်၌ မှော်ကျောက်ပြားကို အသုံးပြုနေကြောင်း ကြားသည့်အခါ ဆရာသခင် လီယိုက စိတ်အေးသွားပြီး ချန်လွေ့အား ရည်မှန်းချက်ကြီးပြီး မျက်စိနောက်စရာကောင်းသည်ဟု မှတ်ချက်ပြုလိုက်သည်။

တကယ်လို့ ချန်လွေ့က တတိယထပ်မှာ နေမယ်‌ဆိုရင် ငါပိုပြီး သတိထားရလိမ့်မယ်။ ဒါပေမဲ့ သူက စတုတ္ထထပ်‌ဆီကို သွားခဲ့တယ်။ဒီလူငယ်က သုံးသွယ်-အထူးပြု ယန္တရားဆရာသခင် ဖြစ်ပေမဲ့ အထူးပြုတစ်ခုစီရဲ့ ရှုထောင့်ကကြည့်ရင် ထိပ်သီးဆရာသခင်အဆင့် မရောက်သေးဘူး။ထိပ်သီးဆရာသခင်တစ်ယောက် အတွက်တောင် စတုတ္ထထပ်က မှော်စက်ဝိုင်းကို အပြည့်အစုံကို အဓိပ္ပာယ်ဖော်ဖို့မပြောနဲ့။မိတ္တူကူးဖို့တောင် ခက်ခဲတယ်။

ထိုနေရာကို တော်သည့်အတွက်ကြောင့်ပင် လီယိုသည် အစည်းအရုံး၌ ပိုမြင့်သောရာထူး ရနေခြင်း ဖြစ်သည်။ပုံမှန်အားဖြင့် သူသည် မဆင်မခြင် ပြုမူလေ့ရှိသော်လည်း ဥက္ကဋ္ဌ အန်ဒါဆန်က မျက်ကွယ်ပြုထားခဲ့သည်။

ကောင်းကင် မှောင်လာသောအချိန်၌ ယန္တရားအစည်းအရုံးမှ ဆရာသခင်များသည် ရှေးမှော်မျှော်စင်မှ ချန်လွေ့ ထွက်လာပြီဖြစ်ကြောင်း သတင်းများ ရရှိခဲ့သည်။“ အာသာ ” သည် ဥက္ကဋ္ဌ အခန်းသို့ တစ်ခါတည်းသွားခဲ့ပုံရပြီး ဆရာသခင်အများအပြားအား အတူတူလိုက်သွားရန် ဆွဲဆောင်နိုင်ခဲ့ပုံရသည်။စမ်းသပ်ခန်းရှိ တပည့်တစ်ယောက် ယူဆောင်လာသော “သတင်း”ကို ကြားပြီးနောက် လီယိုသည် ထိုအကြောင်းကို စဉ်းစားပြီး စမ်းသပ်ခန်းမှ ထွက်ခွာကာ အဆောက်အအုံထံ လမ်းလျှောက်သွားခဲ့သည်။

ဥက္ကဋ္ဌအခန်းထဲ၌ ဆရာသခင် သုံးလေးငါးယောက် ရှိနေပြီး မှော်ကျောက်ပြားတစ်ခုကို အလုအယက် ကြည့်နေကြသည်။ဆရာသခင်၏လက်ထဲ၌မူ အပြည့်အစုံ ရေးသားထားသော မှော်စာလိပ်နှစ်ခု ရှိနေ၏။

“ ဆရာသခင်လီယို မဟုတ်လား။ ”

လီယို၏ပြိုင်ဘက် ရှိုဆာက ပြောလိုက်သည်။

“ ခင်ဗျားရောက်လာတာ အတော်ပဲ။ဆရာသခင် အာသာ အဓိပ္ပာယ်ဖော်ထားတဲ့ မှော်စက်ဝိုင်းကို ရှုစားကြည့်လိုက်ဦး။ ”

“ အဓိပ္ပာယ်ဖော်တာ ဟုတ်လား။ ”

လီယိုသည် နားကြားလွဲလေသလားဟု ထင်မှတ်လိုက်သည်။ ဒါက မိတ္တူကူးတာပဲ မဟုတ်လား။မဟုတ်သေးဘူး။ဒါက မိတ္တူကူးတာဆိုရင်တောင် မဖြစ်နိုင်ဘူး။ ဘယ်လောက်ပဲ ကြာသေးလဲ။အာသာက ပထမထပ်နဲ့ ဒုတိယအထပ်မှာ ၁၆နာရီကနေ ၁၇နာရီအထိ အချိန်ကုန်သွားတာ မဟုတ်လား။အခု အချိန်ကို ကြည့်မယ်ဆိုရင် သူက တတိယထပ်နဲ့ စတုတ္ထထပ်မှာ ၁၀နာရီလောက်ပဲ နေရသေးတယ်။စုစုပေါင်း နှစ်ရက်တောင် မပြည့်သေးဘူး။အဓိပ္ပာယ်ဖော်ဖို့ မပြောနဲ့။သူက ဘယ်လိုလုပ်ပြီးတော့ ပြီးပြည့်စုံတဲ့ မှော်စက်ဝိုင်းတစ်ခုကို မိတ္တူကူးနိုင်မှာလဲ။

လီယိုသည် ဆရာသခင်များ မယုံကြည်နိုင်စွာ ကြည့်နေသော ကျောက်ပြားကို လုယူလိုက်သည်။သူသည် ဆရာသခင်များ၏ မကျေနပ်မှုကို အာရုံမစိုက်ဘဲ အမြန်ကြည့်လိုက်က်သည်။ ဒါက.....တကယ် ပြီးပြည့်စုံတဲ့ မှော်စက်ဝိုင်းတစ်ခုပဲ။ ပြီးတော့လည်း ဒါက တစ်ဝက်-ကြယ်လေးပွင့်တောင်။

မဟုတ်ဘူး။တစ်ခုထက်ပိုတယ်။တစ်ဝက်-ကြယ်လေးပွင့်နဲ့ ကြယ်လေးပွင့် ရှိနေတာပဲ။ လီယိုသည် မှော်စက်ဝိုင်းအား သေသေချာချာ စစ်ဆေးပြီး ချို့ယွင်းချက် ရှာကြည့်ခဲ့သည်။ သို့သော် သူ၏အမြင်နှင့် မှော်စက်ဝိုင်း၌ အောင်မြင်မှုများဖြင့်ပင် ၎င်းတို့နှစ်ခုစလုံးသည် လုံးဝပြီးပြည့်စုံသော မှော်စက်ဝိုင်းများဖြစ်သည်ဟု ဝန်ခံလိုက်ရတော့သည်။

“ ဒါက မဖြစ်နိုင်တာပဲ။ ”

ထိုသို့ လီယိုပြောပြီးနောက်တွင် ဆရာသခင် ရှိုဆာက ကျောက်ပြားကို ပြန်လုလိုက်သည်။

“ အဓိပ္ပာယ်ဖော်တာကို ကြည့်ချင်ရင် ဥက္ကဋ္ဌ ဆီကိုသွား။‌လေ့လာနေတဲ့‌သူတွေကို မနှောင့်ယှက်နဲ့။ ”

ပုံမှန်အားဖြင့် ပြီးပြည့်စုံသော မှော်စက်ဝိုင်းတစ်ခု ထွက်ရှိလာသည့်အခါ ဆရာသခင်များသည် ၎င်းကို ဦးစွာလေ့လာပြီး အမြင်နှင့်ဉာဏ်ကွန့်မြူးမှု ပိုမိုနက်ရှိုင်းစေရန်အတွက် အဓိပ္ပာယ်ဖော်ထားသော ရလာဒ်နှင့် နောက်မှနှိုင်းယှဉ်သည်။ ဥက္ကဋ္ဌမှလွဲ၍ အဓိပ္ပာယ်ဖော်ထားသော မှော်စက်ဝိုင်းများကို လေ့လာရန် အကျိုးပြုအမှတ် လိုအပ်သည်။

လီယိုသည် ဆရာသခင် အန်ဒါဆန်၏ စားပွဲဆီသို့ ရောက်လာသောအခါ ချန်လွေ့ကို ဆရာသခင် အန်ဒါဆန်က ပြောသည်ကို ကြားလိုက်ရသည်။

“ ဒါက တကယ့် ပြီးပြည့်စုံတဲ့ အဓိပ္ပာယ်ဖော်မှုပဲ။အကြောင်းအရာကလည်း အသေးစိတ်တယ်။တစ်ဝက်-ကြယ်လေးပွင့် မှော်စက်ဝိုင်းကို မှတ်တမ်းတင်နိုင်ရန် အကျိုးပြုအမှတ် ၁၀၀၀ ရမယ်။ကြယ်လေးပွင့်ဆိုရင်တော့ အမှတ်၁၅၀၀ ရမယ်။ပြီးတော့ တစ်ဝက်-ကြယ်လေးပွင့်ကို အဓိပ္ပာယ်ဖော်နိုင်ရင် အမှတ်၅၀၀၀ ရမယ်။ကြယ်လေးပွင့်ကို အဓိပ္ပာယ်ဖော်နိုင်ရင်တော့ အကျိုးပြုအမှတ် ၆၀၀၀ ရမယ်။ဒီတော့ ဒီတစ်ခေါက် မင်းရဲ့ အကျိုးအမှတ်က ၁၃၅၀၀ တိုးသွားမယ်။အစည်းအရုံးကို စဝင်တဲ့အတွက်ရတဲ့ အမှတ်နဲ့ ပေါင်းမယ်ဆိုရင် မင်းရဲ့ စုစုပေါင်း အကျိုးပြုအမှတ်က ၁၃၆၀၀ ဖြစ်သွားမယ်။ အစည်းအရုံးထဲ ဝင်ဝင်ချင်းမှာပဲ ကြယ်နက် အကျိုးပြုအဆင့်ကို ရောက်သွားတာ မင်းက ပထမဆုံးပဲ။ ”

ဥက္ကဋ္ဌ အန်ဒါဆန်၏ အပြုသဘော အကဲဖြတ်မှုများက လီယိုအား အဓိပ္ပာယ် ဖော်ထားသည့် အချက်အလက်များပါရှိသော မှော်စာလိပ်နှစ်ခုကို ဝေဖန်ရန် သတ္တိမရှိ ဖြစ်သွားစေသည်။သူသည် တစ်စုံတစ်ခုကို အတည်ပြုလိုက်နိုင်သည်။‌ဤ“အာသာ”သည် ယန္တရားနယ်ပယ်အတွင်း နှစ်ပေါင်းတစ်သောင်းအတွင်း ကြုံတောင့်ကြုံခဲ ဖြစ်သော တကယ့်ပါရမီရှင်တစ်ယောက်ပင် ဖြစ်၏။သူသည် အထူးပြုများတွင်သာမက အခြားနယ်ပယ်များ၌လည်း သာလွန်ပေသည်။

စိတ်ပျက်စွာဖြင့် ဆရာသခင်လီယို ထွက်သွားသည်ကိုကြည့်ရင်း ဆရာသခင်အန်ဒါဆန်က တိတ်တဆိတ် ခေါင်းခါလိုက်သည်။သို့သော်လည်း ချန်လွေ့၏ စွမ်းဆောင်ရည်သည် အလွန်ပင် တောက်ပလွန်းလှ၏။ပဏမအဆင့်ပြိုင်ပွဲကို ထည့်မစဉ်းစားလျှင် ယခုအချိန်သည် ရှေးမှော်မျှော်စင်သို့ တရားဝင် သူပထမဆုံး ဝင်ရောက်သော အချိန် ဖြစ်သည်။နာရီ၃၀ အောက်မှာပင် သူသည် ပြီးပြည့်စုံသော အမြင့်ဆင့် မှော်စက်ဝိုင်းနှစ်ခုကို မှတ်တမ်းတင်ပြီး အဖြေရှာနိုင်ခဲ့သည်။ထိုစံချိန်ကို ကျော်ဖြတ်နိုင်သည့်သူ တစ်ယောက်မျှ မရှိလောက်ပေ။

ယခုအချိန်မှစ၍ မှော်စက်ဝိုင်း အကျိုးပြုမှုအပေါ် လီယို၏ လက်ဝါးကြီးအုပ်မှု မရှိတော့ပေ။အကယ်၍သူသာ အပြုအမူများ၊ ပြောစရာများကို မချုပ်ထိန်းလျှင် လူတိုင်း၏ပစ်မှတ်ဖြစ်လာမည်မှာ အသေအချာပင် ဖြစ်သည်။

ကြယ်နက် အကျိုးပြုအဆင့်သို့ ရောက်သွားပြီးသည့်အခါ ချန်လွေ့သည် ကုန်ကြမ်းပစ္စည်းများနှင့် အလျင်အမြန် မလဲလှယ်ခဲ့ပေ။လက်ရှိ၌ “ မိုးခြိမ်းသံ ” အတွက် လိုအပ်သော ကုန်ကြမ်းပစ္စည်းများကို စုဆောင်းပြီးသွားပြီ ဖြစ်သော်လည်း အရှိန်အဝါ အများအပြား လိုအပ်နေသေးသည်။ယန္တရားအစည်းအရုံးသည် အရင်းအမြစ် ကြွယ်ဝပြီး အမျိုးမျိုးသော ကုန်ကြမ်းပစ္စည်းများ ရှိသည်။ထို့ပြင် မှော်မျှော်စင်ထဲရှိ လျို့ဝှက်ဆန်းကြယ်မှုများကို မဖော်ထုတ်နိုင်သေးပေ။ထို့ပြင် ချန်လွေ့ တိုးတက်ရန်အတွက် စာအုပ်နှင့်မှတ်စု အမြောက်အမြား ကျန်ရစ်နေသေးသည်။

ယန္တရားဆရာသခင် ဖြစ်ရခြင်းမှာ ရည်ရွယ်ချက် တစ်ခုအတွက်ဖြစ်ပြီး ဖုံးကွယ်ရန် သို့မဟုတ် ရှင်သန်ရန်အတွက် အသုံးချ၍ရသည်။သို့သော်လည်း ချန်လွေ့ နောက်လိုက်နေသော အကြီးမားဆုံးအရာသည် အဂ္ဂိရတ်ပညာရှင် မဟုတ်သလို မဟာဆရာသခင်လည်း မဟုတ်ပေ။သို့သော်လည်း အနာဂတ်တွင် သိုလှောင်ခန်းထဲ၌ အဆောင်ပစ္စည်းများ ပိုရှိလာမည်မှာ သေချာသည်။ထိုအချိန်တွင် ကုန်ကြမ်းပစ္စည်းသည် အဓိကပြဿနာ ဖြစ်လာမည်ဖြစ်ပြီး ယန္တရားအစည်းအရုံသို့ ဝင်လိုက်ခြင်းကြောင့် ထိုပြဿနာ ပြေလည်သွားမည် ဖြစ်သည်။

အမှန်တကယ်၌ ချန်လွေ့ပေးခဲ့သော မှော်စက်ဝိုင်းနှစ်ခုမှာ အစိတ်အပိုင်း အသေးတစ်ခုသာ ဖြစ်သည်။ [ သရုပ်ခွဲမျက်လုံး ]၏ တွက်ချက်မှု အရဆိုလျှင် ထိုထက်ပိုများပေသည်။သို့သော်လည်း ချန်လွေ့ အများအပြား မထုတ်ဖော်ချင်ခဲ့ပေ။အကျိုးပြုအမှတ် ကြယ်နက်အဆင့် ရောက်သွားခြင်းမှာ ကောင်းမွန်နေပြီ ဖြစ်သည်။ဝမ်းနည်းစရာတစ်ခုမှာ ပဉ္စမထပ်သို့ မဝင်ရောက်နိုင်သေးခြင်းပင် ဖြစ်လေသည်။

သို့သော်လည်း ချန်လွေ့သည် ယန္တရားအစည်းအရုံး၏ ဆရာသခင်များ၏ မျက်လုံးထဲ၌ အဖိုးတန်ရတနာတစ်ခု ဖြစ်နေလေပြီ။ သူက တကယ့်ကို ရှားပါးပါရမီတစ်ယောက်ဖြစ်ဖို့ ထိုက်တန်တာပဲ။ သူက အထူးပြုသုံးခုလည်း ကျွမ်းကျင်သလို မှော်စက်ဝိုင်းမှာလည်း ထူးချွန်တယ်။

ချန်လွေ့သည် မည်သည့်ကုန်ကြမ်းပစ္စည်းနှင့်မျှ မလဲလှယ်ခဲ့ဘဲ ကြယ်နက် အထူးအခွင့်အရေးကို အသုံးချကာ ယခင် ထိပ်သီးဆရာသခင်များ ချန်ထားခဲ့သည့် မှတ်စုအချို့ကို ငှားယူခဲ့သည်။ထို့နောက် အားနည်းသည့်ပုံစံပြသပြီး ကတ်စတာမိသားစုထံ ပြန်ကာ အနားယူလိုကြောင်း ပြောခဲ့သည်။သူ၏ပြင်ဆင်မှုများ ပြီးဆုံးသွားပြီဟု သတ်မှတ်၍ရသည့်အတွက် အကြံအစည် စတင်ရန်အချိန် ရောက်ပြီဖြစ်သည်။

ဆရာသခင်အားလုံးသည် မှော်စက်ဝိုင်းများကို လေ့လာခဲ့ဖူးပြီး စိတ်အင်အား အများအပြား အသုံးပြုရကြောင်း သိသည်။ထို့ကြောင့် သူတို့ သံသယမဝင်ခဲ့ဘဲ ချန်လွေ့အား ကောင်းကောင်း အနားယူပြီး အားပြန်ပြည့်လာသည့်အခါ အစည်းအရုံးသို့ပြန်လာရန် ပြောခဲ့ကြသည်။

သို့သော်လည်း ယန္တရားအစည်းအရုံးမှ ဆရာသခင်များက အရိပ်နက်အင်ပါယာ တစ်ခုလုံးနှင့် နတ်‌ဆိုးဘုံတစ်ခုလုံးကိုပင် တုန်လှုပ်သွားစေနိုင်သော နေ့ရက်ကို မစောင့်နေနိုင်တော့ပေ။ဆရာသခင် “အာသာ”သည် အစည်းအရုံးမှ ထွက်သွားပြီးသည့်အခါ သူစိမ်းများ၏ တိုက်ခိုက်မှုကို ခံခဲ့ရပြီး ပျောက်ဆုံးသွားခဲ့သည်။

All Chapters