← Chapters

ပျောက်ဆုံးခြင်း

Vol. 18 Ch. 268

ပျောက်ဆုံးခြင်း

Vol. 18 Ch. 268

မြို့တော်ထဲ၌ ဆရာသခင် အာသာ ပျောက်ဆုံးသွားကြောင်း သတင်းသည် အရိပ်နက်အင်ပါယာ တစ်ခုလုံးကို တုန်လှုပ်သွားစေခဲ့သည်။ဧကရီ ကတ်သရင်း ဒေါသထွက်သွားပြီး သေသေချာချာ စုံစမ်းဖော်ထုတ်ရန် အချိန်တစ်ခုအတွင်း “ဖြေရှင်း”ရန် သက်ဆိုင်ရာဌာနအား အမိန့်ပေးခဲ့သည်။

အမှန်တရားနှင့် အမှောင်အင်အားစုများမှ အမျိုးမျိုးသောအဖွဲ့များ၏ စုံစမ်းမှုကြောင့် တစ်စုံတစ်ခု တဖြည်းဖြည်း ပေါ်ထွက်လာခဲ့သည်။

ဆရာသခင် အာသာကို အပျော်အပါးလိုက်စားသော မဟာနတ်ဆိုးဟု လူအများသိကြသည်။ သူသည် မူလကတရင်းတနှီးရှိခဲ့သော ကဝေမအလှလေးနှင့် အဆက်ဖြတ်ကာ ကတ်စတာမိသားစုမှ မစ်-ဆယ်လင်းအနားသို့ ကပ်လာခဲ့သည်။မစ်-ဆယ်လင်း ထောက်ခံသော နှစ်သွယ်-အထူးပြု ယန္တရားဆရာသခင် ဟောဖို့ဒ်ကို ဆရာသခင် အာသာက ယန္တရားပြိုင်ပွဲဗိုလ်လုပွဲ၌ အနိုင်ယူနိုင်ခဲ့သော်လည်း ပြဿနာ အကြီးအကျယ် ဖြစ်သွားကာ မစ်-ဆယ်လင်းကို အာသာ အာရုံစိုက်လာခဲ့သည်။သူတို့၏ ရင်းနှီးမှုမှာ သိသိသာသာ တိုးတက်လာခဲ့သည်။

အစက ကတ်စတာမိသားစုအကြီးအကဲ ခရော့သည် သားအကြီးဆုံးဖြစ်သော ဒီရော်ကို ဆက်ခံသူ နေရာပေးရန် ဆုံးဖြတ်ခဲ့သည်။သို့သော်လည်း ဆရာသခင်အာသာနှင့် ဆယ်လင်းတို့၏ ပတ်သက်မှုက ခရော့၏စိတ်ကို ပြောင်းသွားစေသည်။ခရော့သည် ဆယ်လင်းအား ပိုသဘောကျသော လက္ခဏာများရှိလာပြီး ၎င်းသည် ဒီရော်ကို မကျေမနပ် ဖြစ်သွားစေခဲ့သည်။

ဆရာသခင်အာသာသည် ဗိုလ်လုပွဲမတိုင်ခင်၌ လုပ်ကြံခံခဲ့ရသည်။ဖားလာမိုနှင့် ဆယ်လင်းတို့မှာ အဓိကသံသယရှိသူများ ဖြစ်ကြသည်။ထိုအချိန်၌ ဆယ်လင်းတွင် အနိုင်ရရှိရန်သေချာနေသော နှစ်သွယ်-အထူးပြု ဆရာသခင် ဟောဖို့ဒ် ရှိခဲ့သည်။ ထို့ကြောင့် သူသည် ထိုကဲ့သို့စွန့်စားစရာ မလိုပေ။ဖားလာမိုတို့ စုံတွဲသာ မသင်္ကာစရာ အကောင်းဆုံး ဖြစ်သည်။

ထိုအရာများသည် အပေါ်ယံသာ ဖြစ်သည်။ကတ်စတာ မိသားစု၏ မောင်နှမ သုံးယောက်ကို သေသေချာချာ စုံစမ်းရမည်ဖြစ်သည်။သိပ်မကြာခင်၌ ဧကရီကတ်သရင်း လက်အောက်ရှိ စုံစမ်းရေးအရာရှိသည် ကတ်စတာမိသားစုထံသို့ လူတချို့ ခေါ်လာပြီး ဒီရော်၊ဖားလာတို့စုံတွဲနှင့် ဆယ်လင်းတို့ကို အကြီးအကဲ ခရော့ အရှေ့၌ပင် ခေါ်ဆောင်သွားခဲ့သည်။

နှစ်ရက်ကြာပြီးနောက် ထိုလေးယောက်သည် ကတ်စတာမိသားစုထံ ပြန်ရောက်လာပြီး ဒီရော်နှင့် ဖားလာမိုတို့စုံတွဲ စိတ်ဓာတ်ကျနေကြသည်။ အမြဲပင် လွှမ်းမိုးလေ့ရှိသော ဒုတိယဗိုလ်ချုပ်၏ ညီမ မာရီယာနီပင် ထိုကဲ့သို့ ဖြစ်နေသည်။ဆယ်လင်း တစ်ယောက်တည်းမှာ တည်ငြိမ်ပြီး အေးအေးဆေးဆေး ဖြစ်နေသည်။

တစ်ချိန်တည်းမှာပင် စစ်ဆေးခြင်းရလာဒ်တစ်ခုက အကြီးအကဲ ခရော့ထံ ရောက်ရှိလာသည်။ထိုထဲတွင် ဆရာသခင် အာသာအပါ် ဒီရော်နှင့် ဖားလာမိုတို့၏ အသေးစိတ်အကြံအစည်များ ပါဝင်သည်။အချို့အကြံအစည်များမှာ ကြောက်မက်ဖွယ် ကောင်းပြီး မိမိကိုပင် ပစ်မှတ်ထားနေကြောင်း တွေ့လိုက်ရာ ခရော့ ပို၍ပင်သုန်မှုန် သွား၏။ခရော့ကို အံ့အားသင့်စေသောအရာတစ်ခုမှာ ဆယ်လင်း ဖြစ်သည်။မူလက ထိုကောင်မလေးသည် ထူးခြားသော နည်းဗျူဟာများနှင့် အမြင်များကို ယန္တရားပြိုင်ပွဲ၌ ပြသခဲ့သည်။သို့သော်လည်း ယခုအချိန်၌ သူ့တွင် ထူးထူးခြားခြား “ပြစ်ချက်” မရှိပေ။သူ၏နည်းလမ်းအချို့မှာ ပြင်းထန်သော်လည်း ၎င်းသည် ကတ်စတာ မိသားစုတစ်ခုလုံး ဖွံ့ဖြိုးတိုးတက်စေရန်အတွက်သာ ဖြစ်သည်။

ထိုစစ်ဆေးခြင်းရလာဒ်အား လူသိရှင်ကြား ထုတ်မပြခဲ့ပေ။သို့သော် ဆရာသခင် ပျောက်မကွယ်သွားခဲ့လျှင် မိသားစုအတွင်းရေး ပြဿနာများသာ ရှိလိမ့်မည်ကို ခရော့သိသည်။မည်သည့်မိသားစုအခက်အခဲများ၌ လျို့ဝှက်အကြံအစည်များနှင့် မောင်နှမအချင်းချင်း ထိခိုက်မှုများ မရှိမည်နည်း။သို့‌ရာတွင် ယခုကိစ္စသည် နတ်ဆိုးဘုံရှိ အထူးချွန်ဆုံး ယန္တားဆရာသခင်နှင့် သက်ဆိုင်နေသည့် အတွက် ကတ်စတာမိသားစု၏ အတွင်းရေးကိစ္စ မဟုတ်တော့ပေ။ဧကရီသည် ယခုကိစ္စအား သေသေချာချာ အာရုံထားနေသည်။အကယ်၍ ဆရာသခင်၏သတင်း မကြားရသေးလျှင် ဒီရော်နှင့် ဖားလာမိုတို့သည့် ယခုဖြစ်ရပ်အတွက် အပြစ်ဒဏ်ခံရမည့်သူများ ဖြစ်သွားနိုင်ပေသည်။

ဆရာသခင် ဘေးကင်းကင်းနှင့် ပြန်လာသည့်တိုင် ဧကရီက အမြင်မကြည်ဖြစ်သွားခဲ့သော သားနှစ်ယောက်သည် ကတ်စတာမိသားစု ဆက်ခံသူဖြစ်ရန် မသင့်တော်တော့ပေ။ ဆယ်လင်းသည် သမီးတစ်ယောက်ဖြစ်ပြီး အသက်ငယ်သေးသော်လည်း စဉ်းစားဉာဏ်နှင့် နည်းလမ်းများမှာ အံ့အားသင့်စရာကောင်းသည်။ဆရာသခင်နှင့်လည်း နီးကပ်သော ဆက်ဆံရေး ရှိပြီး စုံစမ်းမှု ရလာဒ်များအရ ဆယ်လင်းသည် ဒီရော်နှင့် ဖားလာမိုတို့ထက် ပိုကောင်းသော ဆက်ခံသူ တစ်ယောက် ဖြစ်သည်မှာ အမှန်ပင်ဖြစ်သည်။ထို့ကြောင့် ခရော့သည် စိတ်ထဲ၌ ဆုံးဖြတ်ချက် ချခဲ့သည်။

ယန္တရားအစည်းအရုံးအတွင်း၌ ဆရာသခင်အာသာက တစ်ရက်အတွင်း အမြင့်ဆင့် မှော်စက်ဝိုင်းနှစ်ခုကို အဓိပ္ပာယ်ဖော်သည့် စံချိန်အကြောင်း အဖြစ်အပျက် ပျံ့နှံ့သွားခဲ့သည်။ ထိုကဲ့သို့ မယုံနိုင်စရာ ပါရမီရှင်များကြောင့် လူများ အံ့ဩသွားကြပြီး ထိုပါရမီရှင် ပျောက်ဆုံးသွားခြင်းကို ပို၍ပင်ပူဆွေးဝမ်းနည်းသွားကြသည်။

မြို့တော်က “ အာသာ ” ကို တထိတ်တလန့်နှင့် ရှာဖွေနေစဉ် ဆရာသခင်သည် လှည်းတစ်စီးပေါ်၌ အေးအေးဆေးဆေး လှဲလျောင်းနေ၏။သူ၏ဘေးတွင် လှပသော ဆံပင်ပြာနှင့် ကောင်မလေး တစ်ယောက်ရှိနေပြီး ရံဖန်ရံခါ သူ့ကိုသစ်သီးများ ခွံ့ကျွေးသည်။ထိုမိန်းကလေးသည် ဆရာသခင်အား ပြုစုပေးရန် စိတ်နှစ်ထားပုံရသည်။

ဆံပင်အပြာနဲ့ မိန်းကလေးကို သိသောသူတစ်ယောက်က ထိုမြင်ကွင်းကို မြင်သွားခဲ့လျှင် သေချာပေါက် အံ့အားသင့်သွားပေမည်။ ဒီလောက်ကြမ်းတမ်းရက်စက်တဲ့ မိန်းကလေးက ဘယ်တုန်းက မိန်းမကောင်းတစ်ယောက် ဖြစ်သွားတာလဲ။

မြို့တော်သည် လုံးဝချိပ်ပိတ်ခံလိုက်ရပြီး ပိတ်စိတိုက် လိုက်ရှာဖွေနေသော်လည်း သူတို့၏လှည်းသည် မုန်တိုင်းမဖြစ်ခင်ကတည်းက မြို့တော်မှ ထွက်ခွာသွားပြီ ဖြစ်သည်။လမ်းတစ်လျှောက်ရှိ ရံဖန်ရံခါ စစ်ဆေးမှုများကိုပင် အလွယ်တကူ ကျော်ဖြတ်သွားနိုင်ခဲ့သည်။

[ ရုပ်ဖျက်ခြင်း ] ကို မသုံးသည့်တိုင် ဖာတီလုနှင့်အတူ ထိုကဲ့သို့ ရင်းနှီးပြီး လွယ်ကူသော ချန်လွေ့၏ ပုံစံနှင့်ဆိုလျှင် မည်သူကသူ့ကို “ ပြန်ပေးဆွဲခံရသော ” ဆရာခင်ဟု မှတ်မိလိမ့်မည်နည်း။

ချန်လွေ့၏ ပျောက်ကွယ်သွားမှုသည် တမင်တကာ စီစဉ်ထားခြင်းဖြစ်ပြီး ဆယ်လင်း အရိုက်အရာဆက်ခံရခြင်းမှာ အမှတ်မထင် ဖြစ်သည်။ထို့ပြင် ကတ်သရင်းသည် ထိုပျောက်ဆုံးနေသော အဖြစ်အပျက်ကိုအသုံးချကာ ဘရော့ခ်၏ အခြားတပ်ဖွဲ့များကို ရှင်းလင်းပစ်နိုင်သည်။အရေးကြီးဆုံးအရာမှာ ရုပ်သေးတစ်ရုပ် ဖြစ်နေပြီဖြစ်သော ဖာတီလုနောက်သို့လိုက်ပြီး နေရာတစ်ခုသို့ သွားရန်ဖြစ်သည်။

ဖာတီလုကို နတ်ဘုရား-ဝါးမျိုမျက်နှာဖုံးဖြင့် ရုပ်သေး ပြုလုပ်ပြီးသည့်အခါ ကိစ္စများစွာကို ရှင်းပြခဲ့သည်။ကတ်စတာမိသားစုကို ထိန်းချုပ်ခြင်းမှာ ဖာတီလု၏ တာဝန်အစိတ်အပိုင်း အသေးလေး တစ်ခုသာ ဖြစ်သည်။ဟောဖို့ဒ်ကို ဖာတီလု ရှာတွေ့ခဲ့ခြင်းဖြစ်ပြီး ဖာတီလုက ဟောဖို့ဒ်ကိုအသုံးပြုကာ ဆယ်လင်းဆီ ချဉ်းကပ်ခဲ့သည်။အစက ဖာတီလုသည် ဟောဖို့ဒ်၏ အရည်အချင်းဖြင့်‌ဆိုလျှင် အလွယ်တကူ အနိုင်ရလောက်သည်ဟု ထင်ခဲ့သည်။သို့သော်လည်း ဟောဖို့ဒ်က နှစ်သွယ်- အထူးပြု ဆရာသခင်ဟူသော စွမ်းဆောင်ရည်ကို ထုတ်ပြခဲ့သည့်တိုင် ရှုံးနိမ့်သွားခဲ့သေးသည်။

ကတ်စတာ မိသားစုသည် ငါးသေးသေးလေး တစ်ကောင်သာ ဖြစ်သည်။သူ လက်လွှတ်ရလျှင်ပင် များများစားစား မထိခိုက်ပေ။သို့သော်လည်း သုံးသွယ်- အထူးပြု ယန္တရားဆရာသခင်မှာ သေချာပေါက် ငါးကြီးကြီး တစ်ကောင်ဖြစ်ပြီး လက်လွှတ်၍ မရနိုင်ပေ။အခြားအစွမ်းထက်သော အင်အားစုများထံ မရောက်ရှိသွားခင် ထိုငါးကြီးကို သူ အရင်ဦးစွာ “ဖမ်းဆီး”ရပေမည်။

လက်ရှိ၌ ဖာတီလုနှင့် ချန်လွေ့တို့သည် မြို့တော်၏ အရှေ့တောင်ပိုင်းရှိ သွေးရောင်နွယ် နယ်မြေသို့ သွားနေကြသည်။သွေးရောင်နွယ် နယ်မြေကို လက်ရှိအုပ်စိုးနေသူမှာ အက်ဒီရစ်ခ် ဖြစ်သည်။အက်ဒီရစ်ခ်နှင့် သူ၏ဖခင် ဖန်မိုးရီ တို့မှာ ဧကရီကတ်သရင်းအား ပြင်းပြင်းထန်ထန် ထောက်ခံသူများ ဖြစ်ကြသည်။သူတို့သားအဖသည် တော်ဝင်စစ်ပွဲ ၌လည်း အကျိုးပြုခဲ့သည်။ထို့ကြောင့် သူတို့သည် ရစ်ခ်ဟူသော မိသားစုနာမည်ရရှိသွားပြီး သွေးရောင်နွယ် နယ်မြေဖို့ အုပ်ချုပ်သူအဖြစ် ကြေညာခြင်း ခံလိုက်ရသည်။ဖန်မိုးရီသည် တော်ဝင်စစ်ပွဲ၌ ပြင်းပြင်းထန်ထန် ဒဏ်ရာရသွားခဲ့ပြီး မကုသနိုင်တော့သည့်အတွက် သားဖြစ်သူထံ အရိုက်အရာ ဆက်ခံစေလိုက်သည်။

ဘရော့ခ်သည် ယောက္ခမဖြစ်သူ ဖလောရင့်စ်နှင့် ပတ်သက်မှုကို အသုံးချကာ စစ်တပ်ထဲ ဝင်ရောက်ခဲ့သည့်အခါ အက်ဒီနှင့် ပြဿနာ ဖြစ်ခဲ့သည်။ထို့နောက် ဘရော့ခ်က အင်ပါယာရှိ ဗိုလ်ချုပ်သုံးယောက်၏ ဦးဆောင်သူ ဖြစ်သွားသည့်အခါတွင် အက်ဒီသည် ဘရော့ခ်နှင့် ပဍိပက္ခ ဖြစ်နေဆဲပင် ဖြစ်သည်။သို့သော်လည်း သွေးရောင်နွယ် အင်ပါယာသည် အလွန်ကြီးမားသည့်အတွက် အက်ဒီ တစ်ပတ်ရိုက်နေခြင်းလည်း ဖြစ်နိုင်သည်။အမှန်တရားမှာမူ ရှာဖွေရန်အတွက် စောင့်ဆိုင်းနေဆဲပင် ဖြစ်လေသည်။

ဖာတီခုသည် သိသမျှ အကုန်ပြောပြခဲ့သော်လည်း ၎င်းတို့သည် အနည်းငယ်သာ ဖြစ်သည်။သူ၏အမေ ဆာဘရီနာသည် သွေးရောင်နွယ် နယ်မြေ၌ရှိနေကြောင်းကိုသာ သူသိပြီး အသေးစိတ် တည်နေရာကို မသိပေ။နတ်ဆိုးအရှင်သခင် ဖခင်ဖြစ်သူ အဇ်ဂါလော၏တည်နေရာကိုလည်း သူ မသိပေ။သို့သော်လည်း ဖာတီလုထံမှ သူ၏အမေဖြစ်သူတွင် လီဗျာသန် တော်ဝင်မိသားစုဝင်ဖြစ်သော ဦးလေး တစ်ယောက်ရှိနေကြောင်းကို သူသိသွားသည်။ထိုသူတွင် ခန့်မှန်း၍မရသော စွမ်းအားများ ရှိလေသည်။

နတ်ဘုရား-ဝါးမျိုမျက်နှာဖုံးကြောင့် ဖာတီလုသည် ချန်လွေ့အပေါ် လုံးဝသစ္စာရှိသော ရုပ်သေးတစ်ရုပ် ဖြစ်လာခဲ့သည်။ထိုကဲ့သို့ ပြုစုမှုမျိုးကိုမ‌ဆိုထားဘိ။သူ၏ အဝတ်များကို ချွတ်ပြီး အဓမ္မကျင်လျှင်ပင် သူလုံးဝ ခုခံလိမ့်မည် မဟုတ်ပေ။သို့သော် ဖာတီလုသည် ဆွဲဆောင်မှုရှိပြီး လှပသော်လည်း ချန်လွေ့သည် သူ့ကို ရွံရှာနေဆဲပင် ဖြစ်သည်။ထို့ပြင် ချန်လွေ့သည် [ BDSM ] ကို သဘောကျသူ မဟုတ်သည့်အတွက် စိတ်မဝင်စားပေ။သူ့ကို အမှန်တကယ် ဆွဲဆောင်နိုင်သည်မှာ မာယာရှင် ခီရာပင် ဖြစ်လေသည်။

ဂါ့စ် နိုးလာသည့်အခါ ချန်လွေ့ ဆွဲခေါ်သွားပြီး သီးသန့်စကားပြောခဲ့သည်။သုံးသွယ်-အထူးပြု ဆရာသခင်အကြောင်း သတင်းသည် နတ်ဆိုးဘုံ တစ်လျှောက် အမြန်ပျံ့နှံ့သွားလောက်ပြီ ဖြစ်သည်။ရှီရာက ၎င်းသည် မိမိနှင့် သက်ဆိုင်မည်ဟု သေချာခန့်မှန်းမိလိမ့်မည်ဖြစ်သည့်အတွက် ချန်လွေ့ မဖုံးကွယ်ထားခဲ့ပေ။ချန်လွေ့က မိမိသည် လျို့ဝှက်နည်းလမ်းတစ်ခု အသုံးပြုခဲ့ပြီး အပေါ်ယံတွင် အမြင့်ဆင့်နတ်ဆိုးဟု ထင်ရအောင် ပြုလုပ်ခဲ့ကြောင်းနှင့် အမှန်တကယ်၌မူ အနိမ့်ဆင့်နတ်ဆိုးသာ ဖြစ်ကြောင်း ရိုးရိုးရှင်းရှင်း ပြောပြခဲ့သည်။ အက်ဂ်ယောသည် မိမိအား လျို့ဝှက်ကာကွယ်ပေးမည် ဖြစ်ကြောင်းနှင့် တော်ဝင်မင်းသမီး စိတ်ပူစရာမလိုကြောင်းလည်း စသဖြင့်လည်း ပြောခဲ့သည်။

ထိုအဖြစ်အပျက်ပြီးနောက်တွင် ချန်လွေ့သည် နောက်ထပ်အကြံအစည်ကို ပြင်ဆင်ရန် အချိန်လိုအပ်သည့်အတွက် ပျောက်ကွယ်သွားရန် လိုအပ်နေသည်။အချိန်ရမည်ဆိုမှသာ သူသည် အမှောင်လသို့ ပြန်မည်ဖြစ်သည်။

ချန်လွေ့သည် ခီရာအား ချက်ချင်းပြန်ခေါ်သွားရန် ဂါ့စ်ကို ပြောခဲ့သည်။ ကတ်စတာမိသားစုအတွက် ကိစ္စများ အခြေခံများဖြင့် အဆင်ပြေသွားပြီ ဖြစ်သည့်အတွက် သိပ်မကြာခင်တွင် အကျိုးသက်ရောက်မှုကို မြင်ရမည် ဖြစ်သည်။ ချန်လွေ့သည် အမှောင်လ အနာဂတ်အတွက် အကြံဉာဏ်တချို့ကို အကြမ်းမျဉ်းရေးပြီး ရှီရာထံသို့ ပို့ပေးရန် ဂါ့စ်အား ပြောခဲ့သည်။အကြံအစည်၏ ခြေလှမ်းတိုင်း၌ ချန်လွေ့၏စွန့်စားရမှု ပိုပိုတိုးလာကြောင်း ဂါ့စ်သိသည်။သူသည် ထိုလူသားအား ပို၍ပင် လေးစားသွားတော့သည်။ရှီရာနှင့် ဆက်သွယ်ပြီးနောက် သူသည် ချန်လွေ့စီစဉ်မှုကို သဘောတူလိုက်သည်။

ရှီရာနှင့် ဂါ့စ်တို့သည် ခီရာအား အမြဲပင် သတိထားနေကြသည့်အတွက် ချန်လွေ့၏ အကြီးမားဆုံးသရုပ် လျို့ဝှက်ချက်ကို ထုတ်ပြောမည် မဟုတ်ပေ။သူတို့သည် “ အာသာ ” အား လျို့ဝှက်ရတနာ သုံးမျိုးဖြင့် ငှားခဲ့သော လှည့်လည်သွားလာနေသည့် ယန္တရားပညာရှင် တစ်ယောက်ဟူ၍သာ ဖော်ပြခဲ့သည်။ခီရာ၏ ဘဝအတွေ့အကြုံနှင့် အခြားအကြောင်းအရာများကို ဂါ့စ်အား ချန်လွေ့ မပြောပြခဲ့ပေ။ခီရာသည်လည်း ၎င်းတို့ကို ဂါ့စ်ထံ ပြောပြမည် မဟုတ်သည်မှာ သေချာသည်။ထို့ကြောင့် သူ၏သရုပ်မှန်ပေါ်သွားခြင်းကဲ့သို့သော အန္တရာယ်များ မရှိနိုင်ပေ။

မိမိအတွက် အန္တရာယ်တောထဲသွားပြီး အသက်စွန့်ရဲသည့် ထိုလူအတွက် ခီရာ၏ ကျေးဇူးတင်စိတ်သည် အဆုံးစွန်အထိ ရောက်ရှိသွားခဲ့သည်။ထို့ပြင် သူ၏ရင်ဘတ်ထဲရှိ နောက်ထပ်ခံစားချက်တစ်ခုက ပိုပို‌၍ ပြင်းထန်လာသည်။ခန္ဓာကိုယ် ပေးအပ်ခြင်းမှလွဲ၍ အခြားထိုက်တန်သောအရာ မရှိကြောင်းကို ခီရာသိသည်။သို့သော်လည်း သူ၏ ခန္ဓာအမျိုးအစားက ထိုကဲ့သို့ ကျေးဇူးဆပ်မှုမျိုးကို ပြုလုပ်ရန် မဖြစ်နိုင်ပေ။ အတိအကျပြောရလျှင် သူသည် “ အပြည့်အဝ ” မပြုလုပ်နိုင်ပေ။

ကဝေမမျိုးနွယ်သည် ဆန့်ကျင်ဘက်လိင်ကို ပြုစုပေးရာ၌ တော်ကြသည်။ ထိုစွမ်းရည်သည် သူတို့၏ သွေးမျိုးဆက် ဆက်ခံမှုထဲသို့ပင် ထိုးဖောက်ဝင်ရောက်နေသည်။ ခီရာသည် အပျိုစင်ဖြစ်ပြီး ခန္ဓာအမျိုးအစားကြောင့် တရင်းတနှီးနေ၍ မရသော်လည်း ယောက်ျားများ၏ စိတ်ဆန္ဒအား အထူးနည်းလမ်းဖြင့် ဖြည့်ဆည်းပေးနိုင်သည်။

ခီရာ၏ ဆန္ဒအလျောက် မဆုတ်မနစ်ကြိုးပမ်းမှုကို ရင်ဆိုင်ရသည့်အခါ နောက်‌ဆုံး၌ ယောက်ျားတစ်ယောက်ဖြစ်သော ချန်လွေ့သည် အရှက်မဲ့စွာဖြင့် လက်ခံရတော့သည်။ အမှန်တကယ်၌ ချန်လွေ့သည် ခီရာအား ပထမဆုံးတွေ့ခဲ့စဉ်က ခံစားချက် အနည်းငယ်ရှိခဲ့သည်။သို့သော်လည်း တဖြည်ဖြည်းနှင့် ပျောက်ကွယ်သွားခဲ့သည်။

အရိပ်နက်မြို့တော်သို့လာပြီးနောက် အခြေအနေ တချို့အောက်တွင် ချန်လွေ့၏ ခံစားချက်များ ထိန်းချုပ်ရ ခက်ခဲလာသည်။အထူးသဖြင့် ခီရာက သူ၏ဆိုးဝါးလှသော ဘဝအကြောင်းကို ဖွင့်ပြောသည့် အချိန်၌ ဖြစ်သည်။ချန်လွေ့၏ စိတ်ထဲ၌ ထိုအမျိုးသမီးအား ပြုံးရင်း မငိုရစေရန်အတွက် တစ်သက်လုံးကာကွယ်ချင်စိတ် ဖြစ်လာခဲ့သည်။

ကဝေမ၏ ခန္ဓာအမျိုးအစားကြောင့် သူတို့နှစ်ယောက်သည် တကယ့်ကိစ္စကို မလုပ်ခဲ့သော်လည်း ထိုအထူးပြုစုမှုသည် ချန်လွေ့ကို ဖော်ပြ၍မရသော အရသာတစ်ခု ပေးစွမ်းခဲ့ပြီး တစ်လကျော် ဖိနှိပ်ထားခဲ့သော စိတ်ဆန္ဒကို ပြင်းပြင်းထန်ထန် ပေါက်ကွဲထွက်သွားစေခဲ့သည်။

ထိုအဖြစ်အပျက်ပြီးနောက် ခီရာသည် ဟာရမ်အဖွဲ့ဝင်ထဲ တရားဝင် ရောက်ရှိလာခဲ့သည်။ ရန်သူထဲသို့ ထိုးဖောက်ဝင်ရောက်ရန် အကြံအစည် ပြီးစီးသွားသည့်အခါ ချန်လွေ့သည် မိမိ၏သရုပ်မှန်ကို ခီရာအား ဖွင့်ပြောမည် ဖြစ်သည်။ထိုအချိန်တွင် ဓားသမ၊ တော်ဝင်အမျိုးသမီး၊ မာယာရှင်ဟူသော အဖွဲ့ဝင်သုံးယောက် ရှိလာပေမည်။

ဘဝအခြေအနေများသည် အမှန်တကယ်ပင် ခန့်မှန်း၍ မရနိုင်ပေ။ယခင်ဘဝ၌ ချန်လွေ့၏ အကြီးမားဆုံးဆန္ဒမှာ အချင်းချင်း ချစ်ရသော မိန်းမတစ်ယောက်ကိုရှာပြီး တစ်သက်လုံး အတူတူ နေသွားရန် ဖြစ်သည်။သို့သော်လည်း နောက်ဆုံး၌ သူသည် တစ်စုံတစ်ယောက်အတွက် အပိုဖြစ်သွားပြီး သူ၏အိပ်မက်လည်း ကွဲကြေပျက်စီးသွားခဲ့သည်။

မမျှော်လင့်ဘဲနှင့် ဤကဲ့သို့ထူးဆန်းသောလောက၌ ပြန်လည်မွေးဖွားလာပြီးသည့်အခါ သူသည် သူကြိုက်သော မိန်းမများနှင့် အမှန်တကယ်ပင် ပျော်ပျော်ရွှင်ရွှင်နေနိုင်သည်။ ထူးခြားကောင်းမွန်သော ရိုးရားနှင့် ဓလေးထုံးတမ်းများရှိသော နတ်ဆိုးဘုံသည် အိုတာခုများ၏ အိပ်မက်ကို ဖြည့်ဆည်းပေးသည့် နိဗ္ဗာန်ဘုံပင် ဖြစ်သည်။

ယခုတွင် ချန်လွေ့၏ ဟာရမ်အလံသည် လေနှင့်အတူ ထိန်းချုပ်၍မရဘဲ လွင့်တေပြီ ဖြစ်သည်။ အမ်....ဓားသမ နှင့် မာယာရှင်ကိုတော့ အဆင်ပြေအောင် လုပ်ပြီးပြီ။ဒါပေမဲ့ တော်ဝင်မင်းသမီးရဲ့ ခက်ခဲမှုက [ S ] အဆင့် ရောက်နေတယ်။ငါက လက်တစ်ဖက်မှာ တစ်ယောက်စီနဲ့ပဲ အဆုံးသတ်ရတော့မှာလား။ကျောပေါ်မှာ တစ်ယောက် သယ်လို့ မရဘူးလား။

“ ဇာတ်လိုက်မင်းသားရဲ့ အလောင်းကို ကိုးကွယ်မှသာ ဟာရမ် ယစ်ပလ္လင်က အစွမ်းသက်ရောက်မှု ရှိမယ် ”ဟူသောစကားကို ချန်လွေ့ သတိရမိသည်။သူသည် မကောင်းသော ဆန္ဒများကို ဖြည့်ဆည်းနိုင်သည့်တိုင် ဓားသမ၏ တရားမျှတမှု၊ တော်ဝင်အမျိုးသမီး၏ ဉာဏ်ပညာ၊ မာယာရှင်၏ လှည့်ဖြားမှုနှင့်ဆိုလျှင် သူတို့သည် ဝတ္ထုများထဲ၌ ဖော်ပြထားသည့်အတိုင်း ငြိမ်ချမ်းကြမည် မဟုတ်ပေ။ထိုထဲ၌ ရေခဲတုံးအမျိုးသမီး၏ ဝင့်ကြွားမှုလည်း ပါနိုင်ပေသည်။ချန်လွေ့၌ [ ထိခိုက်မှုစုပ်ယူခြင်း ] ၊ [ နက္ခတ်သဏ္ဍာန် ] နှင့် နဂါး၏ ထိပ်တန်းစွမ်းရည်များ ရှိသည့်တိုင် ထပ်ကာထပ်ကာ ဆွဲဖြဲခံရမည်ကို ရှောင်လွှဲနိုင်မည် မဟုတ်ပေ။

“ သခင်။ကျွန်မတို့ ပါစကယ်မြို့ကို ရောက်ပါပြီ။ ”

ဖာတီလု၏စကားက ဇာတ်လိုက်မင်းသားအား စိတ်ကူးယဉ်ထဲမှ နိုးထသွားစေခဲ့သည်။ သူ၏ သက်တောင့်သက်သာ နေ့ရက်များ ကုန်ဆုံးသွားခဲ့ပုံရပြီး နောက်ဆုံး၌ အမှန်တကယ် စိန်ခေါ်မှု ရောက်ရှိလာလေပြီ။

All Chapters